အခန်းကြီး
- ၁၃
သင်တို့တွင်
ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ၍၊
2 သင်တို့မသိသော
အခြားတပါးသောဘုရားကို ဆည်းကပ်၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက်၊ နိမိတ် လက္ခဏာ၊
အံ့ဘွယ်သောအမှုကို ပေး၍၊ ထိုနိမိတ် လက္ခဏာ၊ အံ့ဘွယ်သောအမှုသည် ပြည့်စုံသော်လည်း၊
3 ထိုပရောဖက်ပြုသောသူ၊
အိပ်မက်ကို မြင်သော သူတို့၏ စကားကို နားမထောင်ရ။ အကြောင်းမူကား၊ သင်တို့သည်
သင်တို့၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ချစ်သည်မချစ်သည်ကို၊
သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် စုံစမ်းတော်မူ၏။
4 သင်တို့၏
ဘုရားသခင် ထာဝရဘုရားနောက် တော်သို့ လိုက်ရကြမည်။ ကြောက်ရွံ့သောစိတ်နှင့်
ပညတ်တော်တို့ကို စောင့်ရကြမည်။ စကားတော်ကို နားထောင်လျက် ဝတ်ပြု၍၊ ကိုယ်တော်၌
ဆည်းကပ်မှီဝဲရ ကြမည်။
5 ကျွန်ခံနေရာအဲဂုတ္တပြည်မှ
သင်တို့ကို ကယ်နှုတ် ဆောင်ယူခဲ့တော်မူသော သင်တို့၏ဘုရားသခင် ထာဝရ
ဘုရားထံတော်မှလွဲစေခြင်းငှာ၎င်း၊ သင်တို့၏ဘုရား သခင် ထာဝရဘုရားသည်၊
သင်တို့လိုက်စရာဘို့ မှာထား တော်မူသောလမ်းမှ ထွက်စေခြင်းငှာ၎င်း ဟောပြော
သောကြောင့်၊ ထိုပရောဖက်ပြုသူနှင့် အိပ်မက်မြင်သူ တို့သည် အသေသတ်ခြင်းကို ခံရကြမည်။
ထိုသို့ ဒုစရိုက် အပြစ်ကို သင်တို့အထဲက ပယ်ရှင်းရကြမည်။
6 သင်၏ညီအစ်ကိုရင်း၊
သင်၏သားသမီး၊ သင်၏ ရင်ခွင်၌နေသောမယား၊ ကိုယ်ကဲ့သို့ မှတ်တတ်သော
အဆွေခင်ပွန်းတစုံတယောက်က၊ သွားကြစို့။ သင်လည်း မသိ၊ ဘိုးဘေးတို့လည်းမသိသော
အခြားတပါးသော ဘုရား၊
7 သင့်ပတ်လည်အနီးအဝေး၌
နေသောသူ၊ မြေကြီးစွန်းတဘက်မှသည် တဘက်တိုင်အောင်၊ ကိုးကွယ် သောဘုရားကို
ဝတ်ပြုကြစို့ဟု တိတ်ဆိတ်စွာ သွေး ဆောင်လျှင်၊
8 သင်သည်
ဝန်မခံရ။ သူ၏စကားကို နားမထောင် ရ။ သူ့ကို မြင်သောအခါ မသနားရ။ နှမြောသဖြင့် ဖွက်၍
မထားရဘဲ၊ သူ့ကို အမှန်သတ်ရမည်။
9 သူသည်
အသေသတ်ခြင်းကို ခံစိမ့်သောငှာ၊ သင်သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။
10 ကျွန်ခံနေရာ
အဲဂုတ္တုပြည်မှ သင်တို့ကို နှုတ် ဆောင်တော်မူသော သင်၏ဘုရားသခင် ထာဝရဘုရား ထံတော်မှ
လွဲစေခြင်းငှာ ကြံစည်သောကြောင့်၊ ထိုသူကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။
11 ထိုသိတင်းကို
ဣသရေလအမျိုးသားအပေါင်းတို့ သည် ကြား၍၊ ထိုသို့သော အဓမ္မအမှုကို သင်တို့တွင်
နောက်တဖန်မပြုဝံ့ဘဲ နေကြလိမ့်မည်။
12 အဓမ္မလူတို့သည်
သင်တို့အထဲကထွက်၍၊ သင်တို့မသိသော၊
13 အခြားတပါးသော
ဘုရားထံသို့ သွား၍ ဝတ်ပြု ကြစို့ဟု ပြောဆိုလျက်၊ သူတို့မြို့သူ မြို့သားတို့ကို
သွေး ဆောင်ကြောင်းကို၊ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်နေစရာဘို့ ပေးတော်မူသော
မြို့တစုံတမြို့၌ သင်သည် သိတင်းကြားလျှင်၊ ထိုအမှုကို စေ့စေ့မေးမြန်း စစ်ကြောရမည်။
14 သိတင်းကြားသည်အတိုင်း
ထင်ရှားစွာ ဧကန် မှန်၍၊ ထိုသို့သော စက်ဆုပ်ဘွယ်အမှုကို သင်တို့တွင်
အမှန်ပြုမိလျှင်၊
15 ထိုမြို့သူမြို့သားတို့ကို
ထားနှင့်လုပ်ကြံရမည်။ မြို့မှစ၍ မြို့၌ရှိသော လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို
ထားနှင့် ရှင်းရှင်းဖျက်ဆီးရမည်။
16 လုယူရာဥစ္စာရှိသမျှကို
မြို့လမ်းမအလယ်၌ စုပုံ၍၊ ထိုမြို့နှင့်တကွ လုယူရာဥစ္စာရှိသမျှကို သင်၏ ဘုရားသခင်
ထာဝရဘုရားအဘို့ မီးရှို့ရမည်။ ထိုမြို့သည် အစဉ်အမြဲ အမှိုက်ပုံဖြစ်ရမည်။ နောက်တဖန်
မတည် မဆောက်ရ။
17 ထာဝရဘုရားသည်
အမျက်တော်အရှိန်ကို ငြိမ်းစေ၍၊ သင်၏ဘိုးဘေးတို့အား ဂတိတော်ရှိသည် အတိုင်း၊ သင့်ကို
ကယ်မသနားတော်မူသဖြင့် များပြားစေ တော်မူမည်အကြောင်း၊ ကျိန်အပ်သောဥစ္စာ တစုံတခုကို
မျှ မသိမ်းမယူဘဲ၊ အလုံးစုံတို့ကို စွန့်ပစ်ရမည်။
18 ယနေ့
ငါမှာထားသည်အတိုင်း သင်၏ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်၍
ပညတ်တော်အလုံးစုံတို့ကို ကျင့်သဖြင့်၊ သင်၏ဘုရား သခင် ထာဝရဘုရား
နှစ်သက်တော်မူဘွယ်ပြုသော အခါ၊ ရှေးဂတိတော်အတိုင်း ပြုတော်မူမည်။
အနက်ဖွင့်ချက်။
၁၃:၂ နိမိတ်လက္ခဏာ သို့မဟုတ် အံ့ဖွယ်သက်သေသည် ဖြစ်ပေါ်လာသည်။ တစ်ဦးတည်းသော စစ်မှန်သောဘုရားထံမှ သစ္စာစောင့်သိမှုကို လှည့်ဖျားရန် အကြောင်းပြချက်အဖြစ် အံ့ဖွယ်နိမိတ်များကိုပင် လက်ခံမရနိုင်ပါ (ဗျာ ၁၃:၁၂–၁၄ နှင့် နှိုင်းယှဉ်ပါ)။
13:2 the sign or the wonder comes to pass. Not
even miracles should be accepted as justification for turning from exclusive
allegiance to the one true God (compare Rev. 13:12–14).
၁၃:၅ သင်တို့အလယ်မှ မကောင်းမှုကို ဖယ်ရှားပါ။ ပထမပညတ်ကို ဖောက်ဖျက်ရန် အခြားသူများကို လှုံ့ဆော်ခြင်း (၅:၇၊ ထွက် ၂၀:၃) အပါအဝင် အချို့သော မကောင်းမှုများသည် ယုံကြည်ခြင်းအသိုင်းအဝိုင်းအတွက် အလွန်အန္တရာယ်များသောကြောင့် ပုန်ကန်သူများကို သေဒဏ်ပေးခြင်းဖြင့် ၎င်းတို့ကို အမြစ်ဖြတ်ရန်သာ ဘေးကင်းသောနည်းလမ်းဖြစ်သည်။ ယုံကြည်ခြင်းအသိုင်းအဝိုင်းသည် ဘုရားသခင်က တိုက်ရိုက်အုပ်ချုပ်သော နိုင်ငံတစ်ခုမဟုတ်ဘဲ ခရစ်ယာန်အသင်းတော်ဖြစ်လာသောအခါ၊ မကောင်းသူများကို ဖယ်ရှားခြင်းသည် သေဒဏ်ဖြင့်မဟုတ်ဘဲ အသင်းအဖွဲ့မှ ထုတ်ပယ်ခြင်းဖြင့် ပြီးမြောက်သည် (၁ ကော ၅)
(ဘုရားသခင်က သတ်ဖြတ်သည့်အခါမှလွဲ၍၊ တ ၅)။
13:5 put away the evil from your midst. Some
evils, including influencing others to break the First Commandment (5:7; Ex.
20:3), were so dangerous to the community of faith that the only safe course
was to root them out by putting the rebellious individuals to death. Now that
the community of faith is a Christian church rather than a nation directly
governed by God, removal of evildoers is accomplished by exclusion from
fellowship (1 Cor. 5), rather than by death (except when God slays; Acts 5).
၁၃:၉ သင်၏လက်သည် ပထမဦးစွာ ဖြစ်ရမည်။ မိသားစုဝင်များအပေါ် ချစ်ခင်မှုသည် ဘုရားသခင်ထံသို့ ပြည့်စုံသောသစ္စာစောင့်သိမှုကို အနှောင့်အယှက်ဖြစ်စေမည်မဟုတ် (လု ၁၄:၂၆ နှင့် နှိုင်းယှဉ်ပါ)။
13:9 your hand shall be first. Affection
for family members must not get in the way of total loyalty to God (compare
Luke 14:26).
၁၃:၁၅ နေထိုင်သူများကို ရိုက်ပုတ်ပါ။ မမှန်ကန်သောဝတ်ပြုခြင်းသို့ လှည့်ပြန်သွားသော ဣသရေလမြို့တစ်မြို့လုံးကို ကာနန်မြို့ကဲ့သို့ ဆက်ဆံရမည်။ လုံးဝဖျက်ဆီးရန် အပ်နှံရမည်။ ဘုရားသခင်အပေါ် သစ္စာမဲ့မှုသည် လူအများပါဝင်သောကြောင့် ပြစ်ဒဏ်မှ လွတ်မြောက်မည်မဟုတ် (သူကြီး ၂၀:၂၉–၄၈ နှင့် နှိုင်းယှဉ်ပါ)။
13:15 strike the inhabitants. A
whole Israelite city that turned to false worship was to be treated like a
Canaanite city: devoted to total destruction. So disloyalty to God was not to
go unpunished just because it involved a lot of people (compare Judg.
20:29–48).
No comments:
Post a Comment