အခန်းကြီး
- ၃၃
ဘုရားသခင်၏လူမောရှေသည်
မသေမှီ ဣသ ရေလအမျိုးသားတို့ကို ကောင်းကြီးပေးသော မင်္ဂလာ စကား ဟူမူကား၊
2 ထာဝရဘုရားသည်
သိနာတောင်ပေါ်က ကြွ တော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။
ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍၊ သန့် ရှင်းသောသူ
အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ ၍၊ ဓမ္မမီးသည် ဣသရေလလူတို့အဘို့၊
လက်ျာလက်တော် မှ ထွက်လေ၏။
3 အကယ်စင်စစ်
ထိုလူမျိုးကို ချစ်တော်မူ၏။ မိမိ သန့်ရှင်းသူအပေါင်းတို့သည် အထံတော်ပါးတွင်
ရှိကြ၏။ သူတို့သည် ခြေတော်ရင်း၌ ပြပ်ဝပ်၍ စကားတော်တို့ကို နားခံကြလေ၏။
4 ယာကုပ်အမျိုး
ပရိသတ်အမွေခံရသော ဓမ္မ တရားကို မောရှေသည် ငါတို့အားထား၏။
5 ဣသရေလအမျိုးမင်းများနှင့်တကွ၊
အမျိုးအ နွယ်များတို့သည် စည်းဝေးသောအခါ၊ ထိုသူသည် ယေရှု ရုန်အမျိုး၌
ရှင်ဘုရင်ဖြစ်၏။
6 ရုဗင်အမျိုး
မသေ၊ အသက်ရှင်၍ သူ၏လူတို့ သည် များပါစေသော။
7 ယုဒအမျိုးကိုကား၊
အိုထာဝရဘုရား၊ ယုဒစကား သံကို နားထောင်၍ သူ့ကို အမျိုးသားချင်းတို့ရှိရာသို့
ဆောင်ခဲ့တော်မူပါ။ မိမိလက်တို့သည် မိမိအဘို့ တန်ပါ စေသော။ သူ့ကို ရန်သူတို့လက်မှ
ကယ်တင်တော်မူပါ။
8 လေဝိအမျိုးကိုကား၊
သင်၏သုမိမ်နှင့် ဥရိမ် သည် မဿာအရပ်၌ သင်စုံစမ်း၍၊ မေရိဘစမ်းရေ အနားမှာ
သင်ဆန့်ကျင်ဘက်ပြုသော သင်၏ သန့်ရှင်းသူ ၌ ရှိပါစေသော၊
9 ထိုသူသည်
ကိုယ်မိဘဖြစ်သော်လည်း ငါမတွေ့ မမြင်ဟု ဆိုတတ်၏။ ကိုယ်ညီအစ်ကို ကိုလည်း မမှတ် တတ်။
ကိုယ်သားသမီးကိုလည်း မသိတတ်။ အကြောင်းမူ ကား၊ စကားတော်ကို နားထောင်၍
ပဋိညာဉ်တရားတော် ကို စောင့်ရှောက်တတ်၏။
10 သူတို့သည်
စီရင်တော်မူချက်တို့ကို ယာကုပ်အ မျိုး၌၎င်း၊ တရားတော်ကို ဣသရေလ အမျိုး၌၎င်း သွန်
သင်ကြလိမ့်မည်။ မီးရှို့ရာနံ့သာပေါင်းကို ရှေ့တော်၌၎င်း၊ တကိုယ်လုံး
မီးရှို့ရာယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌၎င်း တင်ထားကြလိမ့်မည်။
11 အိုထားဝရဘုရား၊
သူ၏ဥစ္စာကို ကောင်းကြီးပေး ၍ သူလုပ်ဆောင်သောအမှုကို လက်ခံတော်မူပါ။ သူ့တ ဘက်၌ ထ၍
သူ့ကို မုန်းသောသူတို့သည် နောက်တဖန် မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ။
12 ဗင်္ယာမိန်
အမျိုးကိုကား၊ ထာဝရဘုရား ချစ် တော်မူသော သူသည် အထံတော်ပါးတွင် လုံခြုံစွာ နေရ
လိမ့်မည်။ သူ့ကို အစဉ်အမြဲ ဖုံးလွှမ်း၍ သူ၏ပခုံးကြားမှာ နေရာချတော်မူလိမ့်မည်။
13 ယောသပ်အမျိုးကိုကား၊
ထိုအမျိုးနေသော ပြည် သည် အထက်မိုဃ်းကောင်းကင် ဘဏ္ဍာအားဖြင့်၎င်း၊ အောက်အရပ်၌
ပုန်းကွယ်၍ နက်နဲသော အရာအားဖြင့်၎င်း၊
14 နေဖြစ်စေသော
ဘဏ္ဍာ၊ လဖြစ်စေသော ဘဏ္ဍာ အားဖြင့်၎င်း၊
15 အသက်ကြီးသောတောင်ထိပ်၊
မြဲမြံသောတောင် ထဲက ထွက်သော ဘဏ္ဍာအားဖြင့်၎င်း၊
16 မြေကြီးဘဏ္ဍာ
စုံလင်ရာအားဖြင့်၎င်း၊ ထာဝရ ဘုရားပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော။ ချုံ၌နေ
တော်မူသောသူ၏ ကျေးဇူးတော်သည် ယောသပ်ခေါင်း ပေါ်၊ မိမိအစ်ကိုတို့တွင်
အကြီးအကဲဖြစ်သောသူ၏ ခေါင်း ထိပ်ပေါ်မှာ သက်ရောက်ပါစေသော။
17 သူ၏ဘုန်းသည်
နွားလားဥဿဘဘုန်းကဲ့သို့၎င်း၊ သူ၏ ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့၎င်း ဖြစ်ကြ၏။
ထိုဦးချို တို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တပြိုင် နက်
ထိုးခတ်လိမ့်မည်။ ဧဖရိမ်အမျိုးသား အသောင်း သောင်း၊ မနာရှေအမျိုးသား
အထောင်ထောင်ပေတည်း။
18 ဇာဗုလုန်အမျိုးကိုကား၊
အိုဇာဗုလုန်အမျိုး၊ ထွက် သွားရာအမှု၌ ဝမ်းမြောက်လော့။ အိုဣသခါအမျိုး၊ မိမိ
တဲ၌နေလျက် ဝမ်းမြောက်လော့။
19 ထိုအမျိုးတို့သည်
လူများတို့ကို တောင်တော်သို့ ခေါ်၍၊ တောင်တော်၌ တရားသဖြင့် ယဇ်ပူဇော်ကြလိမ့် မည်။
ပင်လယ်စည်းစိမ်၊ သဲ၌ဝှက်ထားလျက်ရှိသော ဘဏ္ဍာကို နို့စို့ကြလိမ့်မည်။
20 ဂဒ်အမျိုးကိုကား၊
ဂဒ်အမျိုးကို ကျယ်ဝန်းစေ သောသူသည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမျိုး သည်
ခြင်္သေ့ကဲ့သို့နေ၍၊ လက်ရုံးနှင့်ဦးထိပ်ကို ဆုတ်ဖဲ့ တတ်၏။
21 ရှေ့ဦးစွာသောအဘို့ကို
မိမိအဘို့ရွေးယူ၍၊ တရားမင်းခွဲဝေရာ ထိုအရပ်၌ လုံခြုံရ၏။ လူများတို့၏
အကဲအမှူးပြုလျက် လိုက်လာ၍၊ ထာဝရဘုရား၏ တရား မှု၊ ဣသရေလအမျိုး၌
စီရင်တော်မူချက်တို့ကို ပြုလေ၏။
22 ဒန်အမျိုးကိုကား၊
ဒန်အမျိုးသည် ခြင်္သေ့သငယ် ဖြစ်၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည်။
23 နဿလိအမျိုးကိုကား၊
အိုနဿလိအမျိုး၊ ကျေး ဇူးတော်နှင့်ကြွယ်ဝ၍၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာနှင့်
ပြည့်စုံလျက်၊ အနောက်ပိုင်း၊ တောင်ပိုင်းကို ဝင်စားလော့။
24 အာရှာအမျိုးကိုကား၊
အာရှာအမျိုးသည် သား သမီးကိုရ၍ မင်္ဂလာရှိပါစေသော။ ညီအစ်ကိုချင်း၏ စိတ်
နှင့်တွေ့ခြင်း၊ မိမိခြေကို ဆီ၌နှစ်ခြင်း ရှိပါစေသော။
25 သင်၏တံခါးကန့်လန့်ကျင်တို့သည်
သံနှင့်ကြေး ဝါဖြင့် ပြီးကြလိမ့်မည်။ သင်၏နေ့ရက်ကာလဖြစ်သည် အတိုင်း
သင့်အစွမ်းသတ္တိဖြစ်လိမ့်မည်။
26 သင့်ကို
ပြုစုစေခြင်းငှါ ဘုန်းအာနုဘော်နှင့် ပြည့်စုံ လျက်၊ မိုဃ်းကောင်းကင်ကို
စီးတော်မူသော ယေရှုရုန် အမျိုး၏ ဘုရားသခင်နှင့် တူသောသူမရှိ။
27 ရှေ့ဦးစွာသောဘုရားသခင်သည်
သင့်ခိုလှုံရာ ဖြစ်၍၊ နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကို ထောက်မ တော်မူ၏။
ရန်သူတို့ကို သင့်ရှေ့မှ နှင်ထုတ်၍ သူတို့ကို ဖျက်ဆီးသောအခွင့် ပေးတော်မူမည်။
28 ဣသရေလအမျိုးသည်
ဘေးလွတ်၍ တမျိုး တည်း နေရလိမ့်မည်။ ယာကုပ်အနွယ်သည် စပါး၊ စပျစ်
ရည်နှင့်ပြည့်စုံသောပြည်၌ နေရာကျ၍၊ မိုဃ်းနှင်းရည် လည်း စက်စက်ကျလိမ့်မည်။
29 အိုဣသရေလအမျိုး၊
သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရား ကယ်တင်တော်မူသောအမျိုး၊ သင်နှင့်အ ဘယ်သူတူသနည်း။
ထိုဘုရားသည် သင့်ကို ကွယ်ကာ သော ဒိုင်းလွှား၊ သင့်ကို ချီးမြှောက်သော ထားလက်နက်
ဖြစ်တော်မူ၏။ သင်၏ ရန်သူတို့သည် သင့်ရှေ့မှာရှုံး၍၊ သင်သည် သူတို့၏
မြင့်မြတ်သောအရပ်တို့၌ နင်းရလိမ့် မည်ဟု မြွက်ဆို၏။
အနက်ဖွင့်ချက်။
၃၃:၁ ကောင်းကြီးပေးခြင်း။ ဤတွင် မောရှေသည် ဣသရေလအနွယ်များတစ်ခုစီကို ကောင်းကြီးပေးသည် (က ၄၉ နှင့်နှိုင်းယှဉ်ပါ)၊ ရှိမောင်အနွယ်မှလွဲ၍ ၎င်း၏ပိုင်နက်သည် ယုဒအနွယ်၏ပိုင်နက်အတွင်းတွင် ဖြစ်မည် (ယော ၁၉:၁–၉၊ က ၄၉:၇ နှင့်နှိုင်းယှဉ်ပါ)။ မောရှေသည် ၎င်းတို့၏ပိုင်နက်များ၏တည်နေရာအလိုက် ပထဝီအစီအစဉ်ဖြင့် အနွယ်များကို ကောင်းကြီးပေးခဲ့ပြီး၊ ရူဗင်အနွယ်မှ စတင်ခဲ့သည်၊ ၎င်းသည် ကောင်းကြီးပေးချိန်တွင် ဣသရေလလူများ စခန်းချထားသောနေရာဖြစ်သည်။
33:1 blessing. Here
Moses blesses each of the Israelite tribes (compare Gen. 49), except for
Simeon, whose territory was to be within that of Judah (Josh. 19:1–9; compare
Gen. 49:7). Moses blessed the tribes in a geographic order according to the
location of their territories, beginning with that of Reuben, where the
Israelites were camped when the blessing was given.
၃၃:၂ သန့်ရှင်းသူသောင်းပေါင်းများစွာနှင့်အတူ။ သို့မဟုတ် “သန့်ရှင်းသူများစွာထံမှ”၊ ကောင်းကင်ဘုံရှိ မရေမတွက်နိုင်သော သန့်ရှင်းသူများကို ရည်ညွှန်းပြီး၊ ၎င်းတို့ထံမှ သူလာခဲ့သည် (၃ ရာ ၂၂:၁၉၊ ဒံ ၇:၁၀ နှင့်နှိုင်းယှဉ် ပါ၊၊
33:2 with ten thousands of saints. Or,
“from myriads of holy ones,” referring to the innumerable holy beings in
heaven, from where He came (compare 1 Kin. 22:19; Dan. 7:10).
၃၃:၈ သုမိမ်နှင့် ဥရိမ်။ ယဇ်ပုဂ္ဂိုလ်မင်းကြီးဝတ်ဆင်သော ရင်ဖုံးတွင် ထည့်ထားသော သန့်ရှင်းသောအမွှေးများဖြစ်ပြီး ဣသရေလအတွက် ဘုရား၏လမ်းညွှန်မှုပေးရန် အသုံးပြုသည် (ထွက် ၂၈:၃၀—“ဥရိမ်နှင့်သုမိမ်”၊ သူကြီး ၁:၁ မှတ်ချက်ကို ကြည့်ပါ)။
33:8 Thummim … Urim. Sacred
lots carried in the breastplate worn by the high priest and used to provide
divine guidance for Israel (Ex. 28:30—“Urim … Thummim”; compare note on Judg.
1:1).
၃၃:၉ ၎င်းညီအစ်ကိုများကိုလည်း အသိမပေးခဲ့။ လေဝိသားများသည် ၎င်းတို့ၤရုပ်တုကိုးကွယ်သော ဆွေမျိုးများကို ကွပ်မျက်ခဲ့စဉ် ဘုရားသခင်အား သစ္စာရှိမှုကို ပြန်လည်သတိရစေသည် (ထွက် ၃၂:၂၅–၂၉)။
33:9 Nor did he acknowledge his
brothers. Recalling the Levites’ loyalty to God when they executed
their idolatrous relatives (Ex. 32:25–29).
၃၃:၁၀ ယာကုပ်ကို သင်ကြားပေးသည်။ ယဇ်ပုဂ္ဂိုလ်များသည် ဝတ်ပြုခေါင်းဆောင်များအဖြစ် ဆောင်ရွက်ရုံသာမက ဆရာများလည်းဖြစ်သည်။ ၎င်းတို့သည် ဘုရားညွှန်ကြားချက်များကို ဘဝရှုထောင့်များစွာနှင့်ပတ်သက်၍ ထိန်းသိမ်းရန်၊ လိုက်နာရန်၊ စီမံရန်နှင့် လက်ဆင့်ကမ်းရန် တာဝန်ရှိသည် (၂၄:၈ နှင့်နှိုင်းယှဉ်ပါ)။
33:10 teach Jacob. In
addition to serving as worship leaders, the priests were teachers. They were
responsible for preserving, following, administering, and passing on the Lord’s
instructions regarding many aspects of life (compare 24:8).
၃၃:၁၆ ချုံပုတ်ထဲတွင် နေထိုင်သူ။ မောရှေထံသို့ ဘုရားပထမဆုံးပေါ်ထွန်းမှုကို ရည်ညွှန်းသည် (ထွက် ၃)။
33:16 who dwelt in the bush. Referring
to God’s first appearance to Moses at the burning bush (Ex. 3).
၃၃:၂၅ သင်ဖိနပ်သည် သံနှင့်ကြေးဝါဖြစ်ရမည်။ သို့မဟုတ် “သင်တံခါးတိုင်များသည် သံနှင့်ကြေးဝါဖြစ်ပါစေ” (နေ ၃:၃၊ ၆—ယေရုဆလင်တံခါးတိုင်များကို နှိုင်းယှဉ်ပါ)၊ လုံခြုံရေးကို ရည်ညွှန်းသည်။
33:25 Your sandals shall be iron and
bronze. Or, “May your gate bolts be iron and bronze” (compare Neh.
3:3, 6—gate bolts of Jerusalem), referring to security.
၃၃:၂၆ သင်တို့ကို ကူညီရန် မိုးကောင်းကင်ကို စီးနင်းသည်။ ၂ရာ ၂၂:၁၁; ဆာလံ ၆၈:၄၊ ၃၃၊ ၁၀၄:၃၊ ဟေ ၁၉:၁ နှင့်နှိုင်းယှဉ်ပါ။ ဣသရေလမဟုတ်သော စာပေများတွင်လည်း အချို့သောနတ်ဘုရားများ (ဥပမာ ဗာလ) သည် လေထုထဲတွင် စီးနင်းသည်ဟု ဖော်ပြသည်။
33:26 rides the heavens to help you. Compare
2 Sam. 22:11; Ps. 68:4, 33; 104:3; Is. 19:1. Non-Israelite literature similarly
refers to some gods (such as Baal) riding through the air.
No comments:
Post a Comment