အခန်းကြီး
- ၁၁
ထိုသိတင်းကို
ဟာဇော်မင်းကြီးယာဘိန်သည် ကြားသောအခါ၊ မာဒုန်မင်းကြီးယောဗပ်၊ ရှိမြုန်မင်းကြီး
အာခရှပ်မင်းကြီးတို့ထံသို့၎င်း၊
2 တောင်ရိုး
မြောက်ဘက်အရပ်၊ ဂင်္နေသရက်မြို့ တောင်ဘက်လွင်ပြင်အရပ်၊ ချိုင့်ထဲအရပ်၊ အနောက်မျက်
နှာ ဒေါရပြည်နယ်၌ရှိသော မင်းကြီးများထံသို့၎င်း၊
3 အရှေ့အနောက်၌နေသော
ခါနနိလူ၊ တောင် ပေါ်မှာနေသော အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗု သိလူ၊ မိဇပါပြည်၊
ဟေရမုန်တောင်ခြေရင်း၌နေသော ဟိဝိလူတို့ရှိရာသို့၎င်း စေလွှတ်၍၊
4 ထိုမင်းကြီးများတို့သည်
အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာသော ဗိုလ်ပါ အပေါင်း၊
မြင်းများ၊ ရထားများအပေါင်းတို့နှင့်တကွ ထွက် လာကြ၏။
5 ထိုမင်းကြီးအပေါင်းတို့သည်
စည်းဝေးလျက်၊ ဣသရေလအမျိုးကို တိုက်ခြင်းငှါ ချီလာ၍၊ မေရုံအိုင်နား မှာ တစုတည်း
တပ်ချလျက်နေကြ၏။
6 ထာဝရဘုရားကလည်း၊
သူတို့ကို မကြောက်နှင့်။ ငါသည် နက်ဖြန်နေ့ ယခုအချိန်၌ ဣသရေလအမျိုးရှေ့ မှာ၊
ထိုသူအပေါင်းတို့ကို အသေအပ်မည်။ မြင်းတို့၏ ခြေကြောကို ဖြတ်ရမည်။ ရထားတို့ကို
မီးရှို့ရမည်ဟု ယောရှုအား မိန့်တော်မူ၏။
7 ယောရှုသည်လည်း၊
မိမိစစ်သူရဲအပေါင်းတို့နှင့် တကွ မေရုံအိုင်နားသို့ အမှတ်တမဲ့ စစ်ချီ၍ တိုက်လေ၏။
8 ထာဝရဘုရားသည်
သူတို့ကို ဣသရေလ အမျိုး သားတို့လက်၌ အပ်တော်မူသဖြင့်၊ သူတို့ကို လုပ်ကြံ၍
ဇိဒုန်ရဗ္ဗာမြို့၊ မိသရဖေါသမိမ်မြို့ အရှေ့မျက်နှာ မိဇပါ ချိုင့်တိုင်အောင် လိုက်၍
တယောက်ကိုမျှ မကျန်ကြွင်းစေ ခြင်းငှါ လုပ်ကြံကြ၏။
9 ထာဝရဘုရား
မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် မြင်းတို့၏ ခြေကြောကို ဖြတ်၍ ရထားတို့ကို
မီးရှို့လေ၏။
10 ထိုအခါ
ယောရှုသည် ပြန်၍ ဟာဇော်မြို့ကို တိုက်ယူသဖြင့်၊ မင်းကြီးကို ထားနှင့်ကွပ်မျက်လေ၏။
ရှေးကာလ၌ ဟာဇော်မြို့သည် ထိုပြည်များတို့ကို အုပ်စိုးရ သတည်း။
11 ထိုမြို့သူမြို့သားအပေါင်းတို့ကို
ထားနှင့်ကွပ် မျက်သဖြင့် တယောက်ကိုမျှ အသက်ရှင်စေခြင်းငှါမထား။ ရှင်းရှင်းဖျက်ဆီး၍
မြို့ကိုလည်း မီးရှို့လေ၏။
12 ထာဝရဘုရား၏ကျွန်
မောရှေမှာထားသည် အတိုင်း၊ ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့်
မင်းကြီးအပေါင်းတို့ကို ယောရှုတိုက်ယူ၍ ထားနှင့်လုပ်ကြံ သဖြင့်
ရှင်းရှင်းဖျက်ဆီးလေ၏။
13 သို့ရာတွင်၊
ဟာဇော်မြို့မှတပါး၊ တောင်ပေါ်၌ တည်သောမြို့တို့ကို ဣသရေလလူတို့သည် မီးမရှို့ကြ။
ဟာဇော်မြို့ တမြို့ကိုသာ ယောရှုမီးရှို့သတည်း။
14 ထိုမြို့များ၌
လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ ကို ဣသရေလလူတို့သည် ကိုယ်အဘို့ သိမ်းယူကြ၏။
လူတို့ကို မဖျက်ဆီးမှီတိုင်အောင် ရှိသမျှတို့ကို ထားနှင့် လုပ်ကြံကြ၏။ တယောက်ကိုမျှ
အရှင်မကျန်ကြွင်းစေကြ။
15 ထာဝရဘုရားသည်
မိမိကျွန်မောရှေကို မှာထား တော်မူသည်အတိုင်း၊ မောရှေသည် ယောရှုကို ဆင့်ဆို၏။
ယောရှုလည်း ထိုသို့ ပြုလေ၏။ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူသမျှသောအမှု
တစုံတခုကို လှပ်၍မထား။
16 ထိုသို့
စိရလမ်းတွင်ရှိသော ဟာလက်တောင်မှ စ၍ ဟေရမုန်တောင်ခြေရင်း၊
17 လေဗနုန်ချိုင့်၌ရှိသော
ဗာလဂဒ်မြို့တိုင်အောင်၊ တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ဂေါရှင်ပြည်၊
ချိုင့်များ၊ လွင်ပြင်များ၊ ဣသရေလတောင်၊ ဣသရေလ ချိုင့်နှင့်တကွ ထိုပြည်အလုံးစုံကို
ယောရှုသည် သိမ်းယူ၍၊ မင်းကြီးအပေါင်းတို့ကို အောင်သဖြင့် လုပ်ကြံကွပ်မျက် လေ၏။
18 ထိုမင်းကြီးအပေါင်းတို့ကို
ကာလကြာမြင့်စွာ စစ် တိုက်ရ၏။
19 ဟိဝိလူ၊
ဂိဗောင်မြို့သားမှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သော
မြို့တမြို့မျှမရှိ။ အခြားသော မြို့ရှိသမျှတို့ကို တိုက်၍ အနိုင်သိမ်းယူရကြ ၏။
20 အကြောင်းမူကား၊
ထာဝရဘုရားသည် မောရှေ ကို မှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးတို့ကို ကျေးဇူး မပြု
အကုန်အစင် သုတ်သင်ပယ်ရှင်းစေမည် အကြောင်း၊ သူတို့သည် ဣသရေလအမျိုးသားတို့ကို ဆီး၍
တိုက်ဝံ့ သည်တိုင်အောင် သူတို့စိတ်နှလုံး ခိုင်မာစေခြင်းငှါ ထာဝရ
ဘုရားအလိုရှိတော်မူသတည်း။
21 ထိုကာလအခါ
ယောရှုသည် ချီသွား၍၊ အာနက လူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာ
နပ်မြို့၊ ယုဒတောင်၊ ဣသရေလတောင် ရှိသမျှတို့မှ ပယ် ရှား၍၊ သူတို့မြို့များနှင့်တကွ
ရှင်းရှင်းဖျက်ဆီးလေ၏။
22 ဂါဇမြို့၊
ဂါသမြို့၊ အာဇုတ်မြို့မှတပါး၊ ဣသ ရေလတိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနကလူတ ယောက်မျှမရှိ။
23 ထာဝရဘုရားသည်
မောရှေကို မိန့်တော်မူသမျှ အတိုင်း၊ ယောရှုသည် ထိုပြည်တရှောက်လုံးကို သိမ်းယူ၍
ဣသရေလအမျိုးအနွယ် အသီးသီးတို့အား အမွေပေး သဖြင့်၊ တပြည်လုံးစစ်ငြိမ်းလေ၏။
အနက်ဖွင့်ချက်။
၁၁:၁ ဟာဇော။ ခေတ်သစ်တယ်လ်ဟာဇော။ ဂလိလဲပင်လယ်မှ မြောက်ဘက် မိုင် ၁၀ (ကီလိုမီတာ ၁၆) ခန့်အကွာ ဟူလဲလွင်ပြင်ရှိ ပါလက်စတိုင်းမြောက်ပိုင်း၏ ကြီးမားသော ခံတပ်မြို့တော် (အခန်းကြီး ၁၀)။
11:1 Hazor. Modern Tell Hazor.
The great fortified capital of northern Palestine (v. 10), in the Huleh plain
about 10 miles (16 km) north of the Sea of Galilee.
၁၁:၂ ခင်နရုတ်။ “စောင်းတူ” ဟု အဓိပ္ပာယ်ရှိသည်။ စောင်းတူပုံသဏ္ဌာန်ရှိသော ဂလိလဲပင်လယ်၏ အမည်ဖြစ်သည်။
11:2 Chinneroth. Means
“harp”; name for the harp-shaped Sea of Galilee.
၁၁:၇ မရုမ်ရေပြင်။ ခေတ်သစ်ဟူလဲရေကန် သို့မဟုတ် ဟာဇောမှ တောင်ဘက်ရှိ ဝါဒီမဲရုမ်ဖြစ်နိုင်သည်။ ဂိလဂါလမှ မရုမ်သို့ ခရီးသည် မိုင် ၇၀ (ကီလိုမီတာ ၁၁၃) ခန့်ဖြစ်သည်။
11:7 waters of Merom. Either
the modern Lake Huleh or the Wadi Meiron south of Hazor. The march from Gilgal
to Merom is about 70 miles (113 km).
၁၁:၁၁ သူသည် ဟာဇောမြို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဤသည်မှာ ဣသရေလလူမျိုးများမှ မီးရှို့ဖျက်ဆီးခဲ့သော ခါနာန်မြို့သုံးမြို့အနက်တစ်မြို့ဖြစ်သည် (ကျန်နှစ်မြို့မှာ အိုင်နှင့် ယေရိခေါဖြစ်သည်။ ၆:၂၄၊ ၈:၂၈၊ ၁၁:၁၃ ကိုနှိုင်းယှဉ်ကြည့်ပါ)။ ရှေးဟောင်းသုတေသီများသည် ယောရှု၏စစ်ဆင်ရေးကာလဖြစ်သော ဘီစီ ဆယ့်ငါးရာစုနှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သော လုံးဝဖျက်ဆီးခံရမှုကို ညွှန်ပြသည့် ကြီးမားသောပြာလွှာအလွှာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ နောက်ပိုင်းတွင် ဘီစီ ဆယ့်သုံးရာစုတွင် ဖြစ်ပွားခဲ့သော မြို့၏ဖျက်ဆီးခံရမှုသည် ဒေဗောရါနှင့် ဘာရက်လက်ထက်တွင် ဣသရေလလူမျိုးများမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်နိုင်သည် (သူကြီး ၄-၅)။
11:11 he burned Hazor with fire. This
is one of only three conquered Canaanite cities that Israel burned (the others
were Ai and Jericho; see 6:24; 8:28; compare to 11:13). Archaeologists have
discovered a massive ash layer indicating total destruction, dated to the late
15th century B.C., the very time of Joshua’s campaign. A later destruction of
the city, dated to the 13th century B.C., probably was carried out by the
Israelites under Deborah and Barak (Judg. 4–5).
၁၁:၁၃ တောင်ပို့များ။ ဟေဗြဲဘာသာတွင် “တယ်လ်” (အာရဗီဘာသာတွင် တယ်လ်) ဟုခေါ်သည်။ ဤအသုံးအနှုန်းကို ရှေးဟောင်းသမ္မာကျမ်းဆိုင်ရာ နေရာများရှိ အကြိမ်ကြိမ်ဖျက်ဆီးခံရသော အလွှာများဖြင့် ဖြစ်ပေါ်လာသော လူလုပ်တောင်ပို့များကို ဖော်ပြရန် ရှေးဟောင်းသုတေသီများက ယနေ့တိုင်သုံးစွဲသည်။
11:13 mounds. The
Hebrew is tel (Arabic tell); this term is
still used by archaeologists to describe artificial hills formed by the
successive destruction layers of the many settlements on ancient biblical
sites.
၁၁:၁၆-၁၂:၂၄ ဤကျမ်းပိုဒ်သည် ယောရှုနှင့် သူ၏စစ်တပ်မှ သိမ်းပိုက်ခဲ့သော နယ်မြေများ/မြို့များနှင့် ဘုရင်များကို အကျဉ်းချုံးဖော်ပြထားပြီး၊ ကျမ်း၏ပထမတစ်ဝက်ကို အပြီးသတ်ထားသည်။
11:16–12:24 This section of the book
summarizes the areas/cities and kings conquered by Joshua and his army, and it
brings the first half of the book to a close.
၁၁:၂၁ အာနကိမ်လူမျိုး။ တောလည်ရာကျမ်း ၁၃:၂၂-၂၃ ရှိ မှတ်ချက်ကို ကြည့်ပါ။
11:21 Anakim. See
note on Num. 13:22–23.
၁၁:၂၃ ယောရှုသည် တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ပြီး … နယ်မြေသည် စစ်ပွဲမှ အနားယူခဲ့သည်။ ဤနေရာတွင် “သိမ်းပိုက်ခဲ့သည်” ဟူသော ဟေဗြဲစကားလုံးသည် (၁၁:၁၆ တွင်လည်း) ယောရှုသည် အရေးကြီးသောရန်သူများကို အနိုင်ယူပြီး ဒေသကို ထိန်းချုပ်ခဲ့သည်ဟု ဆိုလိုသော်လည်း၊ မြို့တိုင်းကို သိမ်းပိုက်ပြီး နေရာယူထားခြင်းမဟုတ်ပေ။ ဤကျမ်းပိုဒ်တွင် (နှင့် ၁၄:၁၅) “အနားယူသည်” ဟူသော ဟေဗြဲစကားလုံးသည် “တိတ်ဆိတ်နေသည်” ဟု အဓိပ္ပာယ်ရသည်။ နယ်မြေသည် “တိတ်ဆိတ်နေသည်” ဖြစ်ရခြင်းမှာ အဆုံးအဖြတ်ပေးသော တိုက်ပွဲများ ပြီးဆုံးခဲ့ပြီး၊ ရန်သူ၏ခုခံမှု၏ အင်အားကြီးမားသော အစိတ်အပိုင်းကို ချိုးဖျက်ခဲ့သောကြောင့်ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့်၊ ၂၃:၁ တွင် “အနားယူသည်” ဟူသော စကားလုံးသည် “အခြေချနေထိုင်ပြီး အေးချမ်းစွာ ရှိနေသည်” ဟု အဓိပ္ပာယ်ရသည်။ ယောရှု၏ဘဝအဆုံးတွင်၊ ယောရှုသည် စစ်ပွဲကို ကြာရှည်ဆင်နွှဲပြီးနောက် (၁၁:၁၈)၊ ဣသရေလသည် စစ်ပွဲမှ တိတ်ဆိတ်မှုသာမက၊ “ထာဝရဘုရားသည် ၎တို့၏ရန်သူအားလုံးကို ၎တို့လက်သို့ အပ်ပေးခဲ့သည်” (၂၁:၄၄) သောကြောင့် အခြေချအေးချမ်းမှုကို ခံစားခဲ့ရသည်၊ သို့သော် နယ်မြေအချို့ကို အပြည့်အဝသိမ်းပိုက်ရသေးခြင်းမရှိသေးပေ (၂၃:၄-၅၊ သူကြီး ၁:၁-၂:၁၀)။
11:23 Joshua took the whole land … the land
rested from war. The Hebrew for “took” here (and v. 16)
implies that Joshua had defeated important enemies and taken control of the
region, even though not every city had been conquered and occupied. The Hebrew
for “rest” in this verse (and 14:15) means “to be quiet.” The land was “quiet”
because the decisive battles were over, and the back of the enemy resistance
had been broken. By contrast, the word for “rest” in 23:1 means “to settle
down, and remain in repose.” At the end of Joshua’s life, after Joshua had made
war a long time (11:18), Israel experienced not just quietness from war but
settled rest, because “the Lord delivered all their enemies into their hand”
(21:44), even though there was still more territory that had not yet been fully
possessed (23:4–5; Judg. 1:1–2:10).
No comments:
Post a Comment