အခန်းကြီး
- ၁
တောကြီးလွင်ပြင်၊
ယော်ဒန်မြစ်နား၊ သုဖမြို့ တဘက်၊ ပါရန်မြို့၊ တောဖလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်
မြို့၊ ဒိဇဟတ်မြို့တို့အလယ်၌ မောရှေသည် ဣသရေလ အမျိုးသားတို့အား
ဟောပြောသောစကားများကို ပြန်ရ လေသည်မှာ၊
2 ကာဒေရှဗာနာ
အရပ်သည်၊ စိရတောင်လမ်း ဖြင့် ဟောရပ်အရပ်နှင့် ဆယ်တရက်ခရီး ကွာသတည်း။
3 မောရှေသည်
ဟေရှဘုန်မြို့၌နေသော အာမော ရိရှင်ဘုရင် ရှိဟုန်ကို၎င်း၊
4 ဧဒြိပြည်၊
အာရှတရုတ်မြို့ ၌နေသော ဗာရှန်ဘုရင် ဩဃကို၎င်း လုပ်ကြံပြီးမှ၊ သက္ကရာဇ်
လေးဆယ်ပြည့်၊ ဧကာသမလ၊
5 ပဌမနေ့ရက်၌
မောဘပြည်၊ ယော်ဒန် မြစ်နားမှာ ထာဝရဘုရား မှာထားသော် မူနှင့်သမျှ အတိုင်း၊
ဣသရေလအမျိုးသား တို့အား ဆင့်ဆို၍ ဟောပြောသော တရားစကားဟူမူ ကား၊
6 ငါတို့ဘုရားသခင်
ထာဝရဘုရားသည်၊ ဟောရပ် အရပ်၌ ငါတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည်
ကာလအချိန်စေ့အောင် ဤတောင်၌ နေကြပြီ။
7 လှည့်လည်၍
ခရီးသွားကြလော့။ အာမောရိ တောင်သို့၎င်း၊ ထိုတောင်နှင့် နီးသောအရပ်၊ လွင်ပြင်၊
တောင်ရိုး၊ ချိုင့်၊ တောင်မျက်နှာ၊ ပင်လယ်နားသို့၎င်း၊ ခါနာန်ပြည်၊ လေဗနုန်တောင်၊
ဥဖရတ်မြစ်ကြီး တိုင်အောင်၎င်း သွားကြလော့။
8 ထိုပြည်ကို
သင်တို့ရှေ့မှာ ငါထားပြီ။ ထာဝရ ဘုရားသည် သင်တို့အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှ စ၍၊
သူတို့အမျိုးအနွယ်အား ပေးမည်ဟု ကျိန်တော်မူ သောပြည်ကို ဝင်၍ သိမ်းယူကြလော့ဟု
မိန့်တော်မူ၏။
9 ထိုအခါ
သင်တို့အား ငါပြောသည်ကား၊ သင်တို့ အမှုကို ငါတယောက်တည်း မထမ်းနိုင်။
10 သင်တို့၏
ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို များပြားစေတော်မူ၍၊ သင်တို့သည် အရေ
အတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့ ယနေ့ ဖြစ်ကြ၏။
11 သင်တို့အဘများ၏
ဘုရားသခင် ထာဝရဘုရား သည် သင်တို့ကို အဆအထောင်အားဖြင့် များပြားစေ တော်မူပါစေသော။
ဂတိတော်ရှိသည်အတိုင်း ကောင်း ကြီးပေးတော်မူပါစေသော။
12 သင်တို့ပင်ပန်းခြင်း၊
အမှုဆောင်ရွက်ခြင်း၊ ရန် တွေ့ခြင်းဝန်ကို ငါတယောက်တည်း အဘယ်သို့ ထမ်းနိုင်
မည်နည်း။
13 ဥာဏ်ပညာနှင့်ပြည့်စုံ၍
အသရေရှိသောသူတို့ ကို သင်တို့အမျိုးများထဲက ရွေးပေးကြလော့။ သူတို့ကို မင်းအရာ၌
ငါခန့်ထားမည်ဟု ပြောဆိုလျှင်၊
14 သင်တို့က
ကိုယ်တော်ပြောသည်အတိုင်း ပြုကောင်း ပါသည်ဟု ပြန်ဆိုကြ၏။
15 ထိုကြောင့်
သင်တို့အမျိုးများ၌ အသရေရှိသော လူကြီး၊ ပညာရှိတို့ကို ငါရွေးချယ်ပြီးလျှင်၊
သင်တို့တွင် မင်းလုပ်ရသောသူတည်း ဟူသော လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊
တဆယ်အုပ်၊ အကြပ်အဆော် အရာ၌ ခန့်ထား၏။
16 တရားသူကြီးတို့အားလည်း၊
သင်တို့ ညီအစ်ကို ၏ အမှုတို့ကို နားထောင်၍ အမျိုးသားချင်း တရားတွေ့ သည်ဖြစ်စေ၊
တပါးအမျိုးသားနှင့် တွေ့သည်ဖြစ်စေ၊ တရားသဖြင့် စီရင်ကြလော့။
17 တရားအမှုကို
စီရင်သောအခါ အဘယ်သူ၏ မျက်နှာကို မထောက်ရ။ လူငယ်စကားကို လူကြီးစကားကဲ့ သို့
မှတ်ရမည်။ အဘယ်လူကိုမျှ မကြောက်ရ။ အကြောင်း မူကား၊ တရားအမှုကို
ဘုရားသခင်ပိုင်တော်မူသော ကြောင့်တည်း။ ကိုယ်တိုင်မစီရင်တတ်သော အမှုကို ငါ့ထံမှာ
အယူခံရမည်။ ငါလည်း နားထောင်မည်ဟု မှာခဲ့၏။
18 သင်တို့ပြုရသမျှသော
အမှုတို့ကိုလည်း ထိုအခါ ငါမှာထားခဲ့၏။
19 ငါတို့သည်
ဟောရပ်အရပ်မှ ထွက်သောနောက်၊ အာမောရိတောင်သို့ သွားသော လမ်းနားမှာ ကြောက်
မက်ဘွယ်ဖြစ်၍ သင်တို့တွေ့မြင်သော တောကြီးအလယ် ၌၊ ငါတို့ဘုရားသခင် ထာဝရဘုရား
မှာထားတော်မူ သည်အတိုင်း ရှောက်သွား၍၊ ကာဒေရှဗာနာအရပ်သို့ ရောက်ကြ၏။
20 ထိုအခါ
ငါကလည်း၊ ငါတို့ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသော အာမောရိတောင်သို့ သင်တို့ သည်
ရောက်ကြပြီ။
21 သင်တို့ဘုရားသခင်
ထာဝရဘုရားသည် ပြည် တော်ကို သင်တို့ရှေ့မှာ ထားတော်မူပြီ။ သင်တို့အဘ များ၏
ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည် အတိုင်း၊ တက်သွား၍ သိမ်းယူကြလော့။ မကြောက်ကြ
နှင့်။ စိတ်လည်း မပျက်ကြနှင့်ဟု ပြောဆို၏။
22 ထိုအခါ
သင်တို့ရှိသမျှသည် ငါ့ထံသို့ ချဉ်းကပ် ၍၊ အကျွန်ုပ်တို့ရှေ့၌ လူတို့ကို
စေလွှတ်ပါမည်။ သူတို့သည် ထိုပြည်ကို စူးစမ်းပြီးမှ၊ အကျွန်ုပ်တို့သည်
အဘယ်လမ်းသို့သွားလျှင် အဘယ်မြို့သို့ ရောက်ရ မည်ကို ကြားပြောကြပါ လိမ့်မည်ဟု၊
23 လျှောက်ဆိုသောစကားကို
ငါနှစ်သက်၍၊ သင်တို့တွင် တမျိုးတယောက်စီ၊ လူပေါင်း တကျိပ် နှစ်ယောက်တို့ကို
ရွေးထား၏။
24 ထိုသူတို့သည်
တောင်ပေါ်သို့ လှည့်သွား၍၊ ဧရှကောလချိုင့်သို့ ရောက်သဖြင့် စူးစမ်းကြ၏။
25 ထိုပြည်၌ရသော
သစ်သီးကို ထမ်း၍ ဆောင်ခဲ့ လျက်၊ ငါတို့ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်သည်
ကောင်းသော ပြည်ဖြစ်၏ဟု ကြားပြော ကြသော်လည်း၊
26 သင်တို့သည်
မသွားဘဲ၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ကို ဆန်လျက်၊
27 ထာဝရဘုရားသည်
ငါတို့ကိုမုန်း၍ ဖျက်ဆီးချင် သောကြောင့်၊ အာမောရိလူတို့ လက်၌ အပ်လိုသောငှါ၊
အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည်တကား။
28 ငါတို့သည်
အဘယ်သို့ သွားရမည်နည်း။ ညီအစ်ကိုတို့က၊ ထိုပြည်သားတို့သည် ငါတို့ထက်သာ၍ ကြီး၏။
အရပ်လည်း သာ၍မြင့်၏။ မြို့လည်း မိုဃ်း ကောင်းကင်သို့ထိသော မြို့ရိုးလည်းရှိ၏။
ထိုပြည်၌ လည်း၊ အာနကအမျိုးသားတို့ကို မြင်ရ၏ဟု ငါတို့စိတ်ကို ဖျက်ကြပြီဟု
သင်တို့သည် တဲများ၌ ဆန့်ကျင်ဘက်ပြု ကြ၏။
29 ထိုအခါ
ငါက၊ မထိတ်လန့်ကြနှင့်၊ သူတို့ကို မကြောက်ကြနှင့်။
30 သင်တို့ရှေ့မှာကြွတော်မူသော
သင်တို့၏ ဘုရား သခင် ထာဝရဘုရားသည် သင်တို့မျက်မှောက်၊ အဲဂုတ္တုပြည်၌၎င်း၊
31 သင်တို့လိုက်လာသော
လမ်းတလျှောက်လုံး၊ ဤအရပ်တိုင်အောင် အဘသည် သားကို ချီပိုက်သကဲ့သို့၊ သင်တို့၏
ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို ချီပိုက်တော်မူသော ကျေးဇူးတော်ကို
ခံရာတော၌၎င်း၊ သင်တို့အဘို့ ပြုတော်မူသကဲ့သို့၊ သင်တို့ဘက်၌ စစ်ကူ တော်မူမည်ဟု
ဆိုသော်လည်း၊
32 သင်တို့တဲစားခန်းချရာအရပ်ကို
ရှာ၍ သင်တို့ သွားလတံ့သောလမ်းကို ပြခြင်းငှါ၊ ညဉ့်ခါ မီး၌၎င်း၊ နေ့အခါ
မိုဃ်းတိမ်၌၎င်း၊
33 သင်တို့ရှေ့မှာ
ကြွတော်မူသော သင်တို့ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို ထိုအမှု၌ သင်တို့
မယုံကြပါတကား။
34 သင်တို့စကားသံကို
ထာဝရဘုရားကြား၍ မျက်တော်ထွက်လျက်၊
35 သူတို့ဘိုးဘေးတို့အား
ငါပေးမည်ဟု ငါကျိန်ဆို သော ပြည်ကောင်းကို၊ ယေဖုန္နာ၏သား ကာလက်မှ တပါး၊
ဤဆိုးသောလူမျိုး တစုံတယောက်မျှ ဆက်ဆက် မမြင်ရ။
36 ထိုသူသည်
ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သော ကြောင့် မြင်ရ၏။ သူနင်းသောပြည်ကို သူမှစ၍
သူ၏သားမြေးတို့အား ငါပေးမည်ဟု ကျိန်ဆို တော်မူ၏။
37 သင်တို့အတွက်
ထာဝရဘုရားသည် ငါ့ကိုလည်း အမျက်တော်ထွက်၍၊ သင်သည် ထိုပြည်သို့ မဝင်စားရ။
38 သင့်လက်ထောက်
နုန်၏သား ယောရှုသည် ဝင်စားရမည်။ သူသည် ဣသရေလအမျိုးသား အမွေခံ စေမည့်သူ
ဖြစ်သောကြောင့်၊ သူ့ကို အားပေးလော့။
39 ရန်သူလုယူရာဖြစ်မည်ဟု
သင်တို့ဆိုသော သူငယ်များ၊ ထိုအခါ ကောင်းမကောင်းကို ပိုင်းခြား မသိနိုင်သေးသော
သားသမီးများတို့သည် ထိုပြည်ကို ဝင်စား၍၊ ငါပေးသည်အတိုင်း သိမ်းယူကြလိမ့်မည်။
40 သင်တို့မူကား၊
လှည့်၍ဧဒုံပင်လယ်လမ်းဖြင့် တောသို့ခရီးသွားကြဦးလော့ဟု မိန့်တော်မူ၏။
41 သင်တို့ကလည်း၊
အကျွန်ုပ်တို့သည် ထာဝရ ဘုရားကို ပြစ်မှားမိပါပြီ။ အကျွန်ုပ်တို့ ဘုရားသခင်
ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ ယခုသွား၍ စစ်တိုက်ပါမည်ဟု ငါ့အား
လျှောက်ဆိုလျက်၊ လူအပေါင်း တို့သည် လက်နက်စွဲကိုင်လျက်၊ တောင်ပေါ်သို့ တက်ခြင်း
ငှါ အသင့်နေကြ၏။
42 ထာဝရဘုရားကလည်း၊
တက်၍ မတိုက်ကြနှင့်။ သင်တို့ဘက်၌ ငါမရှိ။ တိုက်လျှင် ရန်သူရှေ့မှာ ရှုံးရကြ
လိမ့်မည်ဟု သင်တို့အား ဆင့်ဆိုရမည်အကြောင်း၊ ငါ့အား မိန့်တော်မူသည်အတိုင်း၊
43 ငါဆင့်ဆိုသော်လည်း
သင်တို့သည် နား မထောင်၊ ထာဝရဘုရား၏ အမိန့်တော်ကို ငြင်းဆန်၍ ခိုင်ခံ့သောစိတ်နှင့်
တောင်ပေါ်သို့ တက်ကြ၏။
44 ထိုအခါ
တောင်ပေါ်မှာရှိနှင့်သော အာမောရိ အမျိုးသားတို့သည် သင်တို့တဘက်၌ ထွက်လာလျက်၊
ပျားများအုံ၍ လိုက်သကဲ့သို့ သင်တို့ကိုလိုက်၍၊ စိရအရပ်၊ ဟောမာမြို့တိုင်အောင်
ဖျက်ဆီးကြ၏။
45 သင်တို့သည်လည်း
ပြန်လာ၍ ထာဝရဘုရား ရှေ့တော်၌ ငိုကြွေးကြ၏။ သို့သော်လည်း သင်တို့စကား ကို ထာဝရဘုရား
နားထောင် နားယူတော်မမူ။
46 ထိုကြောင့်
ကာဒေရှအရပ်၌ အရင်နေသကဲ့သို့ ကြာမြင့်စွာ နေပြန်ရကြ၏။
မှတ်ချက်
Notes
အနက်ဖွင့်ချက်။
၁:၁–၄:၄၃ စာအုပ်အတွက် နိဒါန်းအကျဉ်းပြီးနောက် (၁:၁–၅)၊ မောရှေ၏ ပထမမိန့်ခွန်းသည် အတိတ်ကို သုံးသပ်ပြီး ဘုရားသခင်၏လူများအား အနာဂတ်တွင် သူ့အပေါ် သစ္စာရှိရန် အားပေးသည်။
1:1–4:43 After a brief
introduction to the book (1:1–5), Moses’ first speech reviews the past and
encourages God’s people to be loyal to Him in the future.
၁:၄ ရှိဟုန်ကို သတ်ခဲ့သည်။ နံပါတ် ၂၁ ကို ကြည့်ပါ။ ဤဖြစ်ရပ်များသည် ဘုရားသခင်က ကာနာန်ပြည်ကို သိမ်းပိုက်ရန် အားပေးမည်ဟု ဣသရေလလူငယ်မျိုးဆက်အား အားပေးခဲ့သည်။
1:4 killed Sihon. See
Num. 21. These events encouraged the younger generation of Israelites that God
would empower them to take the land of Canaan.
၁:၁၀ ကောင်းကင်ကြယ်များ။ ဘုရားသခင်သည် အာဗြဟံအား ၎င်း၏သားစဉ်မြေးဆက်များ မရေတွက်နိုင်လောက်အောင်များပြားမည်ဟူသော ကတိကို ပြည့်စုံစေခဲ့ပြီ (က ၁၅:၅၊ ၂၂:၁၇)။
1:10 stars of heaven. God
had already fulfilled His promise to Abraham that his descendants would be
innumerable (Gen. 15:5; 22:17).
၁:၂၂ လူများကိoriginallyစုံစမ်းရန် စေလွှတ်ကြပါစို့။ နံပါတ် ၁၃ အရ၊ ထာဝရဘုရားက မောရှေအား စုံစမ်းသူများ စေလွှတ်ရန် အမိန့်ပေးခဲ့သည်။ လူများက အစီအစဉ်ကို အဆိုပြုခဲ့ပြီး၊ မောရှေက သဘောတူကာ ဘုရားသခင်ထံ တင်ပြခဲ့ရာ၊ ဘုရားသခင်က ဆက်လက်လုပ်ဆောင်ရန် ပြောခဲ့သည်။
1:22 Let us send men. According
to Num. 13, the Lord commanded Moses to send scouts. It appears that the people
proposed the plan, Moses agreed and took it to God, and God told him to go
ahead.
၁:၃၇ ထာဝရဘုရားသည် ကျွန်ုပ်အပေါ်လည်း အမျက်ထွက်တော်မူခဲ့သည်။ ဤဖြစ်ရပ်သည် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည် (နံပါတ် ၂၀)၊ သို့သော် မောရှေသည် ၎င်း၏ပြစ်ဒဏ်ကို လူများ၏ ပြစ်ဒဏ်နှင့် ဆက်စပ်ခဲ့သည်။
1:37 The Lord was also angry with me. This
happened later (Num. 20), but Moses associated his punishment with that of the
people.
No comments:
Post a Comment