အခန်းကြီး
- ၃၂
ရုဗင်အမျိုးသားနှင့်
ဂဒ်အမျိုးသားတို့သည် အလွန်များပြားသော တိရစ္ဆာန်တို့နှင့် ကြွယ်ဝသည်ဖြစ်၍၊
ယာဇာပြည်၊ ဂိလဒ်ပြည်တို့၌ တိရစ္ဆာန် ကျက်စားစရာကို ကောင်းသည်ကို မြင်ကြလျှင်၊-
2 မောရှေနှင့်
ယဇ်ပုရောဟိတ် ဧလာဇာ အစရှိ သော ပရိသတ်တို့တွင် မင်းများတို့ထံသို့ လာ၍၊
3 အတရုတ်၊
ဒိဘုန်၊ ယာဇာ၊ နိမရ၊ ဟေရှဘုန်၊ ဧလာလေ၊ ရှေဘံ၊ နေဗော၊ ဗောန တည်းဟူသော၊
4 ဣသရေလပရိသတ်ရှေ့မှာ
ထာဝရဘုရား လုပ်ကြံတော်မူသော ဤပြည်သည် တိရစ္ဆာန်နှင့် တော်လျော်ပါ၏။ ကိုယ်တော်
ကျွန်တို့၌လည်း တိရစ္ဆာန် များပြားပါ၏။
5 သို့ဖြစ်၍
ကျွန်တော်တို့သည် ရှေ့တော်၌ မျက်နှာရလျှင်၊ ဤပြည်ကို ကိုယ်တော် ကျွန်တို့အား
အပိုင်ပေးတော်မူပါ။ ကျွန်တော်တို့ကို ယော်ဒန်မြစ်တဘက်သို့
ပို့ဆောင်တော်မမူပါနှင့်ဟု လျှောက်ကြ၏။
6 မောရှေကလည်း၊
သင်တို့သည် ဤအရပ်၌ နေရစ်၍၊ သင်တို့ ညီအစ်ကိုများတို့သည် စစ်တိုက်သွား ရမည်လော။
7 ထာဝရဘုရား
ပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မကူးမသွားမည် အကြောင်း၊
သူတို့စိတ်ကို အဘယ်ကြောင့် ဖျက်ကြ သနည်း။
8 ပြည်တော်ကို
ကြည့်ရှုစေခြင်းငှါ၊ သင်တို့ အဘ တို့ကို ကာဒေရှဗာနာအရပ်က ငါစေလွှတ်သောအခါ
ထိုသို့ပြုကြ၏။
9 ဧရှကောလချောင်းသို့
သွား၍ ပြည်တော်ကို ကြည့်မြင်ပြီးမှ၊ ထာဝရဘုရားပေးတော်မူသော ပြည်သို့
ဣသရေလအမျိုးသားတို့သည် မသွားမည်အကြောင်း သူတို့စိတ်ကို ဖျက်ကြ၏။
10 ထိုအခါ
ထာဝရဘုရားသည် အမျက်တော်ထွက် လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့ အား
ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး
ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး
မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ။ ထိုသူ နှစ်ယောက်သာ
ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ၏။
11 ထိုအခါ
ထာဝရဘုရားသည် အမျက်တော်ထွက် လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့ အား
ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး
ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး
မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ။ ထိုသူ နှစ်ယောက်သာ
ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ၏။
12 ထိုအခါ
ထာဝရဘုရားသည် အမျက်တော်ထွက် လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့ အား
ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး
ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး
မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ။ ထိုသူ နှစ်ယောက်သာ
ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ၏။
13 ထိုသို့
ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှု ကို ပြုသောလူအပေါင်းတို့သည်
မပျက်စီးမှီတိုင်အောင်၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက် ထွက်၍
အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့်လည်စေ တော်မူ၏။
14 ယခုမူကား၊
ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကို သာ၍ ပြင်းစွာအမျက်တော်ထွက်စေ မည်အကြောင်း၊
သာ၍ဆိုးသောသူတည်းဟူသော သင်တို့ သည် သင်တို့အဘများကိုယ်စား ပေါ်ထကြပြီတကား။
15 သင်တို့သည်
နောက်တော်သို့မလိုက်ဘဲ လွှဲသွား ကြလျှင်၊ တဖန် ဣသရေလအမျိုးသားတို့ကို တော၌
စွန့်ပစ်တော်မူသဖြင့်၊ သင်တို့သည် ဤလူမျိုးအပေါင်းကို ဖျက်ဆီးကြလိမ့်မည်ဟု
ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသားတို့ အား ပြန်ပြော၏။
16 ထိုသူတို့သည်၊
အနီးအပါးသို့ချဉ်းကပ်၍၊ ကျွန်တော်တို့သည် ကျွန်တော်တို့ တိရစ္ဆာန်များအဘို့ ဤအရပ်၌
သိုးခြံတို့ကို၎င်း၊ ကျွန်တော်တို့ သူငယ်များ အဘို့ မြို့တို့ကို၎င်း တည်ပါမည်။
17 သို့ရာတွင်
ဣသရေလအမျိုးသားတို့ကို သူတို့ နေရာအရပ်သို့ မပို့မဆောင်မှီတိုင်အောင်၊ ကျွန်တော်
တို့သည် လက်နက်ကိုင်လျက် သူတို့ရှေ့မှာ သွားပါမည်။ ဤပြည်၌ ကျန်ကြွင်းသေးသော
လူတို့ကြောင့် ကျွန်တော် တို့သူငယ်များသည် ခိုင်ခံ့သောမြို့၌ နေရပါမည်။
18 ဣသရေလအမျိုးသားအပေါင်းတို့သည်
အမွေခံ ရသောမြေကို မဝင်စားမှီတိုင်အောင် ကျွန်တော်တို့သည် ကိုယ်အိမ်သို့
မပြန်မလာပါ။
19 ကျွန်တော်တို့သည်
ယော်ဒန်မြစ်တဘက်၌ သူတို့ နှင့်အတူ အမွေကို မတောင်းမခံပါ။ ကျွန်တော်တို့အမွေ
ခံရာမြေသည် ယော်ဒန် မြစ်အရှေ့ဘက်၌ ကျပါသည်ဟု လျှောက် ပြန်ကြ၏။
20 မောရှေကလည်း၊
သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ လက်နက်ကိုင်လျက် စစ်တိုက်သွား လျှင်၎င်း၊
21 ထာဝရဘုရားသည်
ရန်သူတို့ကို ရှေ့တော်မှ နှင်ထုတ်၍ ထိုပြည်ကို အောင်တော်မမူမှီတိုင်အောင်၊
22 သင်တို့ရှိသမျှသည်
လက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ ယော်ဒန်မြစ်တဘက်သို့ ကူးသွားလျှင် ၎င်း၊
ထိုနောက်မှ ထာဝရဘုရားရှေ့၊ ဣသရေလအမျိုး သားရှေ့၌ အပြစ်ကင်းလွတ်လျက်၊ ဤပြည်သို့
ပြန်လာ၍ ထာဝရဘုရားအခွင့်နှင့် အမွေခံရကြမည်။
23 ထိုသို့မပြုလျှင်မူကား၊
သင်တို့သည် ထာဝရ ဘုရားကို ပြစ်မှားခြင်းရှိသည်အတိုင်း၊ ထိုအပြစ်သည် သင်တို့ကို
လိုက်၍ မှီလိမ့်မည်။
24 သူငယ်များအဘို့
မြို့တို့ကို၎င်း၊ သိုးများအဘို့ သိုးခြံတို့ကို၎င်း၊ တည်လုပ်ကြလော့။ ယခုပြောသမျှ
အတိုင်း ပြုကြလော့ဟုဆိုလျှင်၊
25 ဂဒ်အမျိုးသားနှင့်
ရုဗင်အမျိုးတို့က၊ ကိုယ်တော် ကျွန်တို့သည် သခင်မိန့်တော်မူသည်အတိုင်း ပြုပါ မည်။
26 ကျွန်တော်တို့
မယားသားသူငယ်များနှင့် သိုးနွား အလုံးစုံတို့သည် ဤအရပ်၊ ဂိလဒ်မြို့တို့၌
နေရစ်ရပါမည်။
27 ကိုယ်တော်
ကျွန်အပေါင်းတို့မူကား၊ သခင် မိန့်တော်မူသည်အတိုင်း၊ လက်နက်ကိုင်လျက် ထာဝရ
ဘုရားရှေ့တော်၌ စစ်တိုက်ခြင်းငှါ ကူးသွားပါမည်ဟု လျှောက်ထားကြ၏။
28 ထိုအမှုကြောင့်၊
မောရှေသည် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှု အစရှိသော ဣသရေလ အမျိုးသား
အဆွေအမျိုး သူကြီးများတို့ကို ခေါ်၍၊
29 ဂဒ်အမျိုးသားနှင့်
ရုဗင်အမျိုးသားတို့သည် စစ်တိုက်ခြင်းငှါ အသီးအသီးလက်နက်ကိုင်လျက် ထာဝရ
ဘုရားရှေ့တော်၌ သင်တို့နှင့်အတူ ယော်ဒန်မြစ်တဘက် သို့ ကူးသွား၍၊ သင်တို့သည်
ထိုပြည်ကို အောင်ပြီးလျှင်၊ ထိုအမျိုးသားတို့အား ဂိလဒ်ပြည်ကို အပိုင်ပေးရကြမည်။
30 သို့မဟုတ်
သူတို့သည်လက်နက်ကိုင်လျက် သင်တို့နှင့်အတူ မကူးမသွားလျှင်၊ ခါနာန်ပြည်၌ သင်တို့
တွင် ကိုယ်ပိုင်ရာမြေကို ခံယူရကြမည်ဟု မှာထားလေ၏။
31 ဂဒ်အမျိုးသားနှင့်
ရုဗင်အမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် ကိုယ်တော် ကျွန်တို့အား မိန့်တော်မူ
သည်အတိုင်း၊ ကျွန်တော်တို့သည် ပြုကြပါမည်။
32 ယော်ဒန်မြစ်အရှေ့ဘက်၌
အမွေခံရပါမည် အကြောင်း၊ ကျွန်တော်တို့သည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌
ခါနာန်ပြည်သို့ ကူးသွားပါ မည်ဟု ပြန်လျှောက်ကြ၏။
33 ထိုအခါ
မောရှေသည် အာမောရိရှင်ဘုရင် ရှိဟုန်၏ နိုင်ငံဆိုင်သမျှ၊ ဗာရှန်ရှင်ဘုရင် ဩဃ၏
နိုင်ငံဆိုင်သမျှသောနယ်မြေ မြို့ရွာတို့ကို ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသား၊
ယောသပ်၏သား မနာရှေမှ ဆင်းသက် သော မနာရှေအမျိုးသား တဝက်၌ အပ်ပေးလေ၏။
34 ဂဒ်အမျိုးသားတို့သည်
ဒိဗုန်၊ အတရုတ်၊ အာရော်၊
35 အာတရုတ်၊
ရှောဖန်၊ ယာဇာ၊ ယုမ္ဘေဟ၊
36 ဗက်နိမရာ၊
ဗေသာရန်မြို့များကို၎င်း၊ သိုးခြံများ ကို၎င်း တည်လုပ်ကြ၏။
37 ရုဗင်အမျိုးသားတို့သည်
ဟေရှဘုန်၊ ဧလာလေ၊ ကိရယသိမ်၊
38 နေဗော၊
ဗာလမောန၊ ရှိဗမမြို့များကို အသစ် သောအမည်ဖြင့် သမုတ်၍ တည်ကြ၏။
39 မနာရှေမှ
ဆင်းသက်သော မာခိရအမျိုးသား တို့သည်၊ ဂိလဒ်မြို့သို့ သွား၍သိမ်းယူပြီးလျှင်၊ အရင်
မြို့သား အာမောရိလူတို့ကို နှင်ထုတ်ကြ၏။
40 မောရှေသည်
ဂိလဒ်မြို့ကို မနာရှေ၏သား မာခိရအမျိုးသားတို့အား ပေး၍ သူတို့သည် နေကြ၏။
41 မနာရှေအမျိုးသား
ယာဣရသည်လည်း သွား၍ ဂိလဒ်ရွာများကို သိမ်းယူပြီးမှ၊ ဟာဝုတ်ယာဣရ အမည် ဖြင့်
သမုတ်လေ၏။
42 နောဗာသည်လည်း
သွား၍ ကေနတ်မြို့ရွာတို့ကို သိမ်းယူပြီးမှ၊ မိမိအမည်ဖြင့် နောဗာမြို့ဟု သမုတ် လေ၏။
အနက်ဖွင့်ချက်။
၃၂:၄ သခင်ဘုရားသည် အောင်နိုင်ခဲ့သော နယ်မြေ။ ဣသရေလလူမျိုးသည် ယော်ဒန်မြစ်အရှေ့ဘက်ရှိ ရှိဟုန်နှင့် ဩဃတို့၏ နယ်မြေများကို သိမ်းပိုက်ခဲ့သည် (အခန်း ၂၁)။ သို့သော် ၎င်းတို့သည် ယော်ဒန်မြစ်ကိုဖြတ်ကာ အနောက်ဘက်ရှိ ကတိထားရာ ကာနာန်ပြည်ကို သိမ်းပိုက်ရန် စီစဉ်ခဲ့သည်။ သို့သော်လည်း၊ ရုဗင်နှင့် ဂဒ်အမျိုးအနွယ်အချို့ (အခန်းငယ် ၁–၂) သည် အရှေ့ဘက်ရှိ မြက်ခင်းပြင်များကို ၎င်းတို့၏ အမွေအဖြစ် ထားရှိရန် စံပြဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ရုဗင်အမျိုးအနွယ်နယ်မြေတွင် ရှေးဟောင်းသုတေသနပညာရှင်များက တူးဖော်မှုများ ပြုလုပ်ခဲ့ပြီး၊ တရားသူကြီးများခေတ်မှ အခိုင်အမာဆုံး မြို့တစ်မြို့နှင့် ဒေသတစ်ခုလုံးတွင် အကောင်းဆုံး ထိန်းသိမ်းထားသော အခန်းလေးခန်း၊ နှစ်ထပ်အိမ်တစ်လုံးကို ဖော်ထုတ်ခဲ့သည်။
32:4 the country which the Lord defeated. The
Israelites had taken the territories of Sihon and Og, east of the Jordan River
(chap. 21). However, they were planning to cross the Jordan to conquer the
promised land of Canaan, which was west of the river. Nevertheless, some
tribes, Reuben and Gad (vv. 1–2), found the eastern range lands to be ideal for
them and wanted to keep these as their inheritance. Archaeologists have
excavated for years in the Reubenite area and have unearthed the most
well-fortified city from the time of the judges and the best preserved
four-room, two-story house in the whole region.
၃၂:၇ သင်တို့သည် အဘယ်ကြောင့် … စိတ်ဓာတ်ကျစေသနည်း။ မောရှေသည် ဂဒ်နှင့် ရုဗင်အမျိုးအနွယ်များသည် ကာနာန်ပြည်အတွက် တိုက်ပွဲများကို ရှောင်ရှားရန် ကြိုးစားနေပြီး၊ ကဒေ့ရှိ ကင်းထောက်ဆယ်ဦးကဲ့သို့ (အခန်း ၁၃–၁၄) ယုံကြည်ခြင်းမရှိသော သတ္တိမရှိမှုဖြင့် ဣသရေလလူများကို စိတ်ဓာတ်ကျစေမည်ဟု ထင်မှတ်ခဲ့သည်။
32:7 why will you discourage …? Moses
thought the Gadites and Reubenites were trying to avoid the battles for Canaan
and would discourage the other Israelites with faithless cowardice, as the ten
scouts had done at Kadesh (chaps. 13–14).
၃၂:၁၇ ဣသရေလသားတို့ရှေ့မှ သွားရန် အသင့်ရှိသည်။ ဂဒ်နှင့် ရုဗင်အမျိုးအနွယ်များသည် ကာနာန်ပြည်သိမ်းပိုက်မှု ပြီးဆုံးသည်အထိ ဣသရေလစစ်တပ်၏ ရှေ့တန်းမှ တိုက်ခိုက်မည်ဟု ကတိပြုခြင်းဖြင့် မောရှေ၏ ကန့်ကွက်မှုကို ဖြေရှင်းခဲ့သည်။ ဤအခြေအနေအရ၊ မောရှေသည် ယော်ဒန်မြစ်အရှေ့ဘက်ရှိ နယ်မြေများကို ၎င်းတို့အား ခွဲဝေပေးခဲ့ပြီး၊ မနာရှေအမျိုးအနွယ်၏ တစ်ဝက်ကိုလည်း ပေးအပ်ခဲ့သည် (အခန်းငယ် ၃၃)။
32:17 ready to go before the children
of Israel. The Gadites and Reubenites answered Moses’ objection by
promising to fight at the front lines of the Israelite army until the conquest
of Canaan was complete. On this condition, Moses assigned the Transjordanian
areas to them and also to half of the tribe of Manasseh (v. 33).
No comments:
Post a Comment