စာဖတ်သူသို့
မိဘတို့သည်
မိမိတို့၏သားသမီးများကို “ငါသည် ငါ့သားသမီးများအား ထာဝရဘုရားကို ချစ်တတ်ရန်၊
ကိုယ်တော်၏အလိုတော်ကို ဆောင်တတ်ရန်နှင့် ကိုယ်တော်၏ဂုဏ်တော်ကို ချီးမွမ်းတတ်ရန်
သင်ကြားပေးခဲ့ပါပြီ” ဟု ဆိုလျက် ဘုရားသခင်၏မြို့တော်တံခါးဝသို့ ခေါ်ဆောင်သွားရသော
အခွင့်ထူးရှိကြသည်။ ထိုသို့သောသူတို့အတွက် တံခါးကို ဖွင့်ပေးလိမ့်မည်ဖြစ်ပြီး၊
မိဘနှင့်သားသမီးတို့သည် အတွင်းသို့ ဝင်ရကြလိမ့်မည်။ သို့သော်
အားလုံးဝင်နိုင်ကြမည်မဟုတ်။ အချို့တို့သည် ဘုရားသခင်၏အလိုတော်ကို
နာခံခြင်းအားဖြင့် စရိုက်လက္ခဏာများ ပြောင်းလဲခြင်းမရှိသော မိမိတို့၏သားသမီးများနှင့်အတူ
အပြင်ဘက်၌ ကျန်ရစ်ခဲ့ကြလိမ့်မည်။ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး “သင်တို့သည်
အိမ်တွင်းတာဝန်များကို လျစ်လျူရှုခဲ့ကြသည်။ ကောင်းကင်နိုင်ငံ၌ နေထိုင်ရန်
ဝိညာဉ်ကို ပြင်ဆင်ပေးရမည့် အလုပ်ကို သင်တို့ ပျက်ကွက်ခဲ့ကြသည်။ သင်တို့
မဝင်နိုင်ကြ” ဟု စကားတော်ကို ဆိုလိမ့်မည်။ သားသမီးများသည် ဘုရားသခင်၏အလိုတော်ကို
ဆောင်ရွက်ရန် မသင်ယူခဲ့ကြသောကြောင့်လည်းကောင်း၊ မိဘများသည် မိမိတို့အပေါ်
တည်ရှိနေသော တာဝန်များကို လျစ်လျူရှုခဲ့ကြသောကြောင့်လည်းကောင်း တံခါးများသည်
ပိတ်ထားခြင်းခံရလိမ့်မည်။ [စာမူအမှတ် ၃၁၊ ၁၉၀၉ ခုနှစ်။]
ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်
ကိုယ်တော်၏ဝိညာဉ်တော် သက်သေခံချက်တို့မှ အလင်းရောင်သည် ထွန်းလင်းပေးလျက်ရှိရာ
မည်သူမျှ မိမိတို့၏တာဝန်နှင့်ပတ်သက်၍ မှားယွင်းရန်မလိုပေ။ ဘုရားသခင်သည် မိဘတို့အား
သားသမီးများကို ကိုယ်တော်ကို သိရှိစေရန်နှင့် ကိုယ်တော်၏တောင်းဆိုချက်များကို ရိုသေလေးစားတတ်စေရန်
ပြုစုပျိုးထောင်ပေးဖို့ တောင်းဆိုတော်မူ၏။ မိဘတို့သည်
မိမိတို့၏သားငယ်သမီးငယ်များကို ထာဝရဘုရား၏မိသားစုဝင် အငယ်များအနေဖြင့်
ကောင်းကင်တရားရုံးတော်၌ တောက်ပနိုင်စေရန်အတွက် လှပသောစရိုက်လက္ခဏာများနှင့်
နှစ်လိုဖွယ်ကောင်းသော စိတ်သဘောထားများရှိစေရန် လေ့ကျင့်ပေးရမည်ဖြစ်သည်။
မိမိတို့၏တာဝန်ကို လျစ်လျူရှုခြင်းနှင့် သားသမီးများ၏ မှားယွင်းသောပြုမူမှုများကို
အလိုလိုက်ခြင်းအားဖြင့် မိဘများသည် ဘုရားသခင်၏မြို့တော်တံခါးကို သူတို့အတွက်
ပိတ်လိုက်ကြသည်။ ဤအချက်အလက်များကို မိဘများအား အလေးအနက်ထား၍ ပြောပြရမည်။ သူတို့သည်
နိုးကြားလာကြပြီး ကြာရှည်စွာလျစ်လျူရှုထားခဲ့သော မိမိတို့၏အလုပ်ကို
ပြန်လည်စတင်ဆောင်ရွက်ကြရမည်။ [အသင်းတော်အတွက် သက်သေခံချက်များ ၅:၃၂၅၊ ၃၂၆။] အယ်လန်
ဂျီ. ဝှိုက်။
No comments:
Post a Comment