ကာကွယ်ဆေးထိုးနှံခြင်း
တရားဝင်ထုတ်ပြန်ချက်များ
ဧပြီလ ၁၅ ရက်၊ ၂၀၁၅ ခုနှစ်
ခုနှစ်ရက်တာ အဒ်ဗင်တစ် (Seventh-day Adventist) အသင်းတော်သည် ကျန်းမာရေးနှင့် သုခချမ်းသာကို အလေးအနက်ထားရှိပါသည်။ အဒ်ဗင်တစ်တို့၏ ကျန်းမာရေးဆိုင်ရာအလေးပေးမှုသည် သမ္မာကျမ်းစာ၊ အသင်းတော်တည်ထောင်သူတစ်ဦးဖြစ်သော အယ်လင် ဂျီ ဝှိုက် (Ellen
G White) ၏ လမ်းညွှန်မှုများနှင့် ကျွမ်းကျင်သူများက ပြန်လည်စိစစ်ထားသော သိပ္ပံနည်းကျ ကျန်းမာရေးဆိုင်ရာ စာပေများကို အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် တာဝန်သိသော ကာကွယ်ဆေးထိုးနှံခြင်း/ကာကွယ်ဆေးတိုက်ကျွေးခြင်းကို အားပေးပါသည်၊၊ အသင်းဝင်များအနေဖြင့် အကာအကွယ်ပေးသည့်နှင့် ကြိုတင်ကာကွယ်သည့် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များတွင် တာဝန်သိစွာ ပါဝင်ဆောင်ရွက်ခြင်းကို တားမြစ်သည့် ဘာသာရေးဆိုင်ရာ သို့မဟုတ် ယုံကြည်ချက်ဆိုင်ရာ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်တို့သည် "စုပေါင်းကိုယ်ခံစွမ်းအား" (herd immunity) ဟုခေါ်ဆိုသည့် လူထုကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုကို တန်ဖိုးထားပါသည်။
ကျွန်ုပ်တို့သည် အသင်းဝင်တစ်ဦးချင်းစီ၏ ကိုယ်ပိုင်သဘောထားကို ကိုယ်စားပြုသူများမဟုတ်သလို၊ တစ်ဦးချင်းစီ၏ ရွေးချယ်မှုများကိုလည်း အသိအမှတ်ပြုပါသည်။ ထိုရွေးချယ်မှုများကို လူတစ်ဦးချင်းစီကသာ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ကာကွယ်ဆေးထိုးနှံမှုကို ငြင်းပယ်ခြင်းသည် ခုနှစ်ရက်တာ အဒ်ဗင်တစ်အသင်းတော်၏ သွန်သင်ချက် သို့မဟုတ် ဝါဒတစ်ခု မဟုတ်သကဲ့သို့ မဟုတ်သင့်ပါ။
ဤထုတ်ပြန်ချက်ကို အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဆေးလ်ဗားစပရိန် (Silver
Spring, Maryland) ၌ ကျင်းပသည့် ခုနှစ်ရက်တာ အဒ်ဗင်တစ်အသင်းတော်များ၏ အထွေထွေညီလာခံ အုပ်ချုပ်ရေးကော်မတီက ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။
No comments:
Post a Comment