Tuesday, March 10, 2026

 

အခန်း (၄၂)

ခုနစ်နှစ်တာကာမြက်စားရသောနေဗုခဒ်နေဇာမင်း

 

ဤအခန်းကြီးသည် (ဒံယေလ ၄) ကို အခြေခံထားသည်။

 

 

               နေဗုခဒ်နေဇာမင်းကြီးသည် ဧရာမရုပ်တုတော်ကြီးကို အိပ်မက်ထဲမှာ မြင်မက် ပြီးသည်နောက် မိမိ၏စိတ်အာရုံအလုံးစုံသည် ဗာဗုလုန်အင်ပါယာကြီး နောက်ဆုံးတစ် နေ့မှာ ကျဆုံးရမည်ပါကလားဟူ၍ စွဲလမ်းမိချေ၏။(ယေဇကျေလ ၂၆:၇)။ ဤဖြစ်စဉ် ကား ဓမ္မတာပေတည်း။ ဘုရားသခင်၏ လုပ်ဆောင်မှုကို အဘယ်လူသားမျှ မတားဆီး နိုင်ပါပြီ။

               ထိုမင်းကြီးသည် ဘုရားသခင်၏အကြံတော်ကို ဝန်ခံအသိအမှတ်ပြုလျက် ရှိ သည်အရာမှာ ဒုရလွင်ပြင်မှာ သက်သေထူခဲ့ပါပြီ။ ထာ၀ရဘုရားသခင်၏ နိုင်ငံတော် သည် ]ထာ၀ရနိုင်ငံဖြစ်၏} ဟု ဝန်ခံခဲ့လေပြီ။ (ဒံယေလ ၇း၂၇)။ သူသည် တရားမျှတ၍ အမှန်ကို ပြုဝံ့သူဖြစ်ရကား ထာ၀ရဘုရားသခင်သည်မိမိ၏ အကြံအစည်တော်ကို ဖြည့် စွက်ပေးမည့် တန်ဆာပလာတစ်ခုအဖြစ် ထိုမင်းကြီးကိုအသုံးချခဲ့ပါသည်။ ဤသို့ ဗာဗု လုန်အင်ပါယာနိုင်ငံတော်ကြီးမှာ တိုင်းနိုင်ငံတစ်ခုပြီးလျှင် တစ်ခုထည့်သွင်း ပေါင်းစပ် လိုက်သည်နှင့်အမျှ မိမိ၏စစ်ဂုဏ်သတင်းသည်လည်း ကျော်ကြားလာကာ ထိုခေတ် ကာလမှာ ကမ္ဘာ့အထွတ်အထိပ်သို့ရောက်ရှိသော မဟာအစိုးရကြီးဖြစ်ခဲ့ရပေသည်။

               ဤသို့အောင်မြင်မှုကြီးကို အလီလီရရှိနေသော ဂုဏ်မာန်မောက်ကာ ဝင့်ကြွား နေသည့် သက်ဦးဆံပိုင်ရှင်ဘုရင်ကြီးသည် အမှန်တကယ်ကြီးမြတ်ခြင်း ဖြစ်သည့် စိတ်နှလုံးနှိမ့်ချရာ လမ်းခရီးကိုရှောင်လွှဲကာ မှားသော လမ်းသို့လျှောက်လှမ်းစေမည့် စုံစမ်းသွေးဆောင်ခြင်းနောက်သို့ ယိမ်းယိုင်သွားသည်မှာ အံ့ဩစရာမဟုတ်ပါ။ မင်းကြီး သည် စစ်ပွဲတိုင်းမှာ အောင်မြင်သည်နှင့်အမျှ မိမိ၏မြို့တော်ဗာဗုလုန်ကို အလှဆင်၏။ ဤသို့လျှင် ဗာဗုလုန်မြို့သည် ]ရွှေမြို့တော်} အနေဖြင့်သော်လည်းကောင်း၊ ]အပြည် ပြည်တို့တွင် အံ့ဩရာဖြစ်လေပြီတကား} ဟု မှတ်တမ်းတင်ခြင်းခံရသည်မှာ ဖြစ်ရပ်မှန် ပင်ဖြစ်ချေ၏။ (ဟေရှာယ ၁၄း၄။ ယေရမိ ၅၁း၄၁)။ ထိုမင်းလက်ထက်ဒလစပ် အောင် မြင်မှုကြီးများကြောင့် ဗာဗုလုန်မြို့တော်သည် ကမ္ဘာအံ့ဩဖွယ်ရာတစ်ခုဖြစ်ခဲ့ရပါသည်။ မည်သို့ပင်ဖြစ်ခဲ့စေကာမူ မိမိ၏မာန်မာတရားမောက်မာမှုကြောင့် မိမိကိုယ်ကို ဘေး အန္တရာယ်ကြီးသောအခြေအနေမှာ ထားရှိကာ ဘုရားသခင် အသုံးပြုခြင်းခံမြေကြီး ပေါ် မှာ အုပ်စိုးပိုင်သူလူသားကြီးအဖြစ်  မှတ်တမ်းကောင်းကို ဖျက်ဆီးခဲ့လေသည်။

               ထာ၀ရဘုရားသခင်သည် ထိုရှင်ဘုရင်ကို သနားခြင်း ကရုဏာစိတ်ရှိသော ကြောင့် မိမိ၏အပြစ်မာနကို ချိုးနှိမ်ရန်သတိပေးသည့်အနေ့ဖြင့် ညဉ့်အိပ်မက်တစ်ခုကို မြင်မက်စေခဲ့ပါသေးသည်။ ထိုမြင်ကွင်းကျယ်ရုပ်ရှင်ထဲမှာ နေဗုခဒ်နေဇာမင်းကြီးသည် ဧရာမသစ်ပင်ကြီးကိုမြင်၏။ ထိုသစ်ပင်ထိပ်ဖျားသည် ကောင်းကင်သို့တိုင်မြင့်မား၍ အ ခက်တို့ကား ကမ္ဘာဆုံးတိုင် ဖြန့်ကြဲလျက်ရှိ၏။ တိရစ္ဆာန်အသီးသီးတို့သည် အရိပ် အောက်မှာ ရွင်မြူးလျက်နေ၍ ကျေးငှက်သာရကာအပေါင်းတို့သည်လည်း အသီးသီး အသိုက်ကို ဆောက်လုပ်ကြလေသည်။ ]သတ္တဝါအပေါင်းတို့စား၍ ၀လောက်သော အ သီးနှင့် ပြည့်စုံ၏} ဟု ဆိုသတည်း။

               ရှင်ဘုရင်သည် ထိုသစ်ပင်ကြီးကိုငေးမောကြည့်ရှုနေစဉ် ]သစ်ပင်စောင့် တည်း ဟူသော သန့်ရှင်းသူတစ်ယောက်သည် ကောင်းကင်မှဆင်းလာ၍ သစ်ပင်ကိုလှဲလော့၊ အခက်တို့ကိုခုတ်လော့၊ အသီးအရွက်တို့ကို လှုပ်ခြွေလော့။ သို့သော်လည်း မြေ၌စွဲသော အမြစ်နှင့်တကွ သစ်ငုတ်ကိုခြွင်းထား၍ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နု သောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံးမိုးစွတ်ခြင်းကိုခံ၍ တိရစ္ဆာန်တို့နှင့်အတူ ဆက်ဆံလျက် မြက်ပင်ကိုစားစေလော့။ လူစိတ်သဘောပျောက်၍ တိရစ္ဆာန် စိတ်သ ဘောနှင့် ပြည့်စုံစေလော့။ အကြောင်းမူကား အမြင့်ဆုံးသောဘုရားသခင်သည် လောက နိုင်ငံကို အုပ်စိုးတော်မူသည်ကိုလည်းကောင်း၊ ပေးလိုသောသူတို့အား ပေးတော်မူသည် ကိုလည်းကောင်း၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီး သန့်ရှင်းသူတို့သည် အမိန့် တော်ကိုပေးကြပြီဟု ဟစ်ကြော်လေ၏။}

 

အိပ်မက်အနက်ကို ပြန်ဆိုရန်ကြိုးပမ်းခြင်း

               ရှင်ဘုရင်ကြီးသည် ထိုညဉ့်အိပ်မက်ကြောင့် စိတ်လေးနေ၏။ အိပ်မက်ကို လည်း မိမိ၏နန်းတွင်းသားမာကုပညာရှိတို့အား ပြောကြားခဲ့လေသည်။ အိပ်မက်ကား ရှင်လင်းသလောက်မည်သူမျှအနက်ကို မပြန်ပေးနိုင်ခဲ့ချေ။ စိတ်ရှုပ်ထွေးနေသော ရှင် ဘုရင်သည် ဒံယေလကိုဆင့်ခေါ်စေ၏။ သူတစ်ဦးတည်းသာလျှင် ပြိုင်ဘက်ကင်းသော သိက္ခာသမ္မာဓိရှိသူ ဝန်ကြီးတစ်ပါးဖြစ်သည်မဟုတ်ပါလား။

               နေဗုခဒ်နေဇာမင်းကြီးသည် ဒံယေလအားအိပ်မက်ကို ဖွင့်ပြောလိုက်ပြီးသည် နောက် ]ငါမြင်မက်သော အိပ်မက်အနက်ကိုဖော်ပြလော။ ငါ့နိုင်ငံတွင် ပညာရှိအပေါင်း တို့သည် အနက်ကို ငါ့အားမဖော်မပြနိုင်သော်လည်း သင်သည်သန့်ရှင်သော ဘုရား သခင်၏ဝိညာဉ်နှင့် ပြည့်စုံ၍ဖော်ပြနိုင်သည်} ဟုငါသည်သဘောကျလျက် ရှိ၏။

               ဒံယေလအနေဖြင့် အိပ်မက်ရှင်းသလိုအနက်ကိုလည်း ရှင်းလင်းစွာသိမြင်ပါ ၏။ သို့သော် သူမိန်းမောတွေဝေသွားသည်။ ထိုအခြင်းအရာကို တွေ့မြင်သော ရှင်ဘုရင် သည် မိမိ၏ ကျွန်ဒံယေလအားသနားသောကြောင့် ကရုဏာစကားကို ဤသို့မြွက် ဆိုလိုက်ပါသည်။ ]အချင်းဗေလတရှာဇာ၊ အိပ်မက်အနက်အဓိပ္ပါယ်ကြောင့် ပူပန်သော စိတ်မရှိပါနှင့်။}

               ဘုရားသခင်၏ ပုရောဖက်ကြီးသည် နေဗုခဒ်နေဇာမင်းကြီးအား ဘုရားသခင် ဖော်ပြသည့်အတိုင်း ဖွင့်ချကာ ဆုံးမရပေတော့မည်။ မင်းကြီးသည် မာန်မာနထောင် လွှား၍ မိမိကိုယ်ကိုအထင်ကြီးလွန်းပြီမဟုတ်ပါလား။ တရားစီရင်ခြင်းသည် ဆိုက် ရောက်လို့လာချေပြီ။ ပြောရမှာခက်ပေမယ့် အမှန်တရားကို ထိမ်ဝှက်ချန်လှပ်၍မရ နိုင်ပါပြီ။ ဖြစ်လေသမျှရင်ဆိုင်ရပေမည်။

               ]အရှင်စောမြင်မက်သော ထိုသစ်ပင်ကြီးသည် အရှင်မင်းကြီး ကိုယ်တော်ပင် ဖြစ်ပါ၏။ ကိုယ်တော်သည်လည်းကြီးပွား၍ ခွန်အားနှင့်ပြည့်စုံတော်မူ၏။ အာဏာစက် တော်လည်း မြေကြီးစွန်းတိုင်အောင်ရောက်တော်မူ၏။ သစ်ပင်စောင့်၊ သန့်ရှင်းသူတစ် ယောက်သည် ကောင်းကင်မှဆင်းလာ၍ သစ်ပင်ကို ခုတ်လှဲဖျက်ဆီးလော့။ သို့သော် လည်း မြေ၌စွဲသောအမြစ်နှင့်တကွ သစ်ငုတ်ကိုခြွင်းထား၍ ကြေးဝါးကြိုးနှင့် ချဉ်နှောင် သကဲ့သို့  နုသောမြက်ပင်ထဲ၌ရှိစေလော ဟူသောအနက်ဟူမူကား ကိုယ်တော်ကို လူစု ထဲကနှင်ထုတ်၍ မြေတိရစ္ဆန်တို့နှင့် အတူနေရာချကြလိမ့်မည်။ အမြင့်ဆုံးသော ဘုရား သခင်သည် လောကနိုင်ငံကိုအုပ်စိုး၍ ပေးလိုသော သူတို့အားပေးတော်မူသည်ကို ကိုယ်တော်မသိမမှတ်မီကာလ၊ ခုနစ်နှစ်ပတ်လုံးနွားကဲ့သို့ မြက်ကိုစား၍ မိုးစွတ်ခြင်းကို ခံလျက်နေရမည်။ သစ်မြစ်၊ သစ်ငုတ်ကို ခြွင်းထားစေခြင်းငှါ စီရင်ကြသည်အရာမှာ ကောင်းကင်ဘုံသည် အုပ်စိုးကြောင်းကို ကိုယ်တော်သိပြီးသောနောက် နိုင်ငံတော်သည် လက်တော်မှ မရွေ့ဘဲတည်လိမ့်မည်။}

               သို့ဖြစ်၍ အရှင်မင်းကြီး၊ အကျွန်ုပ်၏စကားကို နာယူတော်မူပါဟု မာန်မာန ထောင်လွှားလျက်ရှိသော သက်ဦးဆံပိုင်ဘုရင်ကြီးကို နောင်တရရှိဖို့ရန် ဒံယေလ နှိုးဆော်နေပါသည်။ သို့မှသာလျှင် ကျရောက်လာမည့်ကပ်ဆိုးကြီးသည် လွှဲဖယ်သွား နိုင်လျှင် လွှဲဖယ်သွားမည်မဟုတ်ပါလား။ ]တရားသောအမှုကိုပြုခြင်း၊ ဆင်းရဲသော သူ တို့ကို သနားခြင်းအားဖြင့် မကောင်းမှုအပြစ်တို့ကို ပယ်ဖျက်တော်မူပါ။ ထိုသို့ပြုလျှင် ချမ်းသာရကောင်းရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။}

 

နေဗုခဒ်နေဇာ၏ တစ်ခဏတာနောင်တ

               ပုရောဖက်ဒံယေလ၏ အကြံပေးစကားကို နေဗုခဒ်နေဇာမင်းကြီးသည် ပထမ ပိုင်းမှာတော့ ဂရုတစိုက်စွဲလမ်းခဲ့လေသည်။ သို့သော်လည်း ထိုမင်းကြီး၌ ရည်ရွယ်ချကf ကြီးမားလွန်းသဖြင့် အတ္တတစ်ကိုယ်ကောင်းစိတ်သည် မိမိ၏နှလုံးသားအိမ်ထဲမှာ ရှိနေ ဆဲ။ ကရုဏာ မေတ္တာတရားမျှတစွာဖြင့် တိုင်းပြည်ကိုအုပ်စိုးခဲ့သည်တွင် ယခုတော့နှိပ် စက်ကလူပြုလာချပြီ။ ဘုရားသခင်ပေးသနားတော်မူသော စွမ်းရည်များကို ရှင်ဘုရင် သည် မိမိ၏ ဂုဏ်ရောင်ခြည်တောက်ပြောင်ရေးအတွက် အသုံးပြုခဲ့ပေသည်။ သူ့အား

အသက်နှင့် အာဏာတန်ခိုးကို ပေးသနားတော်မူသော ဘုရားသခင်ကိုသူသည် မိမိ ထက်နိမ့်ကျလာချေပြီ။ မိမိကိုယ်ကို ဘုရားသခင်ထက်ချီးမြှောက်လာသော စိတ်သည် ရင့်၍လာ၏။

               ဘုရားသခင်၏ တရားစီရင်ချက်သည် လပေါင်းများစွာ ဆိုင်းလင့်၍နေသည်။ ဤအချိန်မျိုးမှာ နောင်တတရားရရှိရန်ဖြစ်ပေသည်။ သို့သော်လည်း ရှင်ဘုရင်သည် မိမိ၏ မာနတရားစွဲကပ်မှု၌ သာယာနေဆဲဖြစ်သည်မို့ ထိုအိပ်မက်၏အနက်ကို မေ့ ပျောက်ကာ ယခင်ကကြောက်ရွံ့ခဲ့သည်များအတွက် မိမိကိုယ်ကို သရော်ပြောင်ချော် ချော်လုပ်ခဲ့မိပေသည်။

               ထိုအိပ်မက်၏အနက်ကို ရရှိပြီးသည် နောက်တစ်နှစ်အကြာမှာ နေဗုခဒ်နေဇာ မင်းကြီးသည် မိမိ၏နန်းတော်ပေါ်မှာ ဆက်‌လျှောက်လျက် လှပသော မိမိတည်ထား ဆောက်လုပ်သည့်မြို့တော်ကို ကြည့်ကာ ]ဤမြို့ကား ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော် ကို ချီးမြှောက်ရာဖို့ ငါ့တန်းခိုးအာနုဘော်အာဖြင့် ငါတည်လုပ်သော ဗာဗုလုန်မြို့ကြီးမ ဟုတ်လောဟု မြွက်ဆို၏။}

               ထိုသို့ဝါကြွားသောစကားကို ရှင်ဘုရင်၏ နှုတ်မှမပြီးမြတ်သေးမီ ]ကောင်းကင်မှ သက်ရောက်သောအသံဟူမူကား၊ အိုနေဗုခဒ်နေဇာမင်းကြီး၊ နားထောင်လော့။ နိုင်ငံ တော်သည် သင့်လက်မှရွေ့သွားပြီ။ သင့်ကို လူစုထဲကနှင်ထုတ်၍ မြေတိရစ္ဆာန်တို့နှင့် အတူနေရာချကြလိမ့်မည်။ အမြင့်ဆုံးသောဘုရားသခင်သည် လောကနိုင်ငံကိုအုပ်စို၍ ပေးလိုသော သူတို့အားပေးတော်မူသည်ကို မင်းကြီးမသိမမှတ်မိကာလ၊ ခုနစ်နှစ်ပတ် လုံးနွားကဲ့သို့ မြက်ကိုစားလျက်နေရမည်} ဟု အသံဖြစ်လေ၏။

               ထိုခဏချင်းမှာပင် တစ်ချိန်ကပြိုင်ဘက်မရှိသော ဧက္ကရာဇ်မင်းကြီးသည် ရူး သွပ်သူတစ်ယောက်အလားဖြစ်သွားတော့သည်။ မိမိ၏ ရွှေရာဇလှံတံတော်ကို လည်း မဝှေ့ယမ်းနိုင်တော့။ ဖန်ဆင်းရှင်ဘုရားသခင်ပေးသနားတော်မူသော အာဏာစက်တန် ခိုးတို့သည်လည်း ကင်းမဲ့သွား၏။ သို့ဖြစ်၍လူစုထဲမှ မောင်းထုတ်ခြင်းကို ခံခဲ့ရလေသည်။ ဤတွင် နေဗုခဒ်နေဇာမင်းကြီးသည် ]နွားကဲ့သို့ မြက်ကိုစား၍ မိုးစွတ်ခြင်းကိုခံသဖြင့် ကိုယ်အမွေးသည် ရွှေလင်းတအတောင်ကဲ့သို့လည်းကောင်း၊ လက်သည်းခြေသည်း တို့သည် ငှက်ခြေသည်းကဲ့သို့ လည်းကောင်းဖြစ်၏။}

 

 

               နေဗခဒ်နေဇာသည် ခုနစ်နှစ်တိုင်တိုင်မိမိ၏ တိုင်းသူပြည်သားနှင့် ကမ္ဘာတစ် ဝန်းရှိ လူသားတို့ရှေ့မှာ အံ့အားသင့်ဖွယ်နှိမ့်ချမှုကို ခံခဲ့ရလေသည်။ ထိုနောက်မှာ သူ သည် ကျိုးကြောင်းဆက်သွယ်စဉ်းစားနိုင်သော အသိတရားပြန်ရရှိလာကာ ထာ၀ရ ဘုရားသခင်၏ ဆုံးမခြင်းကိုအသိအမှတ်ပြုခဲ့ပေသည်။ မိမိ၏ ဖြစ်ရပ်မှန်ပြန်လည် တည် ဆောက်ခြင်းအဖြစ်မှာ ဘုရားသခင်၏ကြီးမားသော ကရုဏာကျေးဇူးတော်ကို လူထုပရိ သတ်များရှေ့မှာလည်း ထင်ရှားစွာကြွေးကြော်ကာ အသိအမှတ်ပြုခဲ့ပါသည်။ ]ငါနေဗု ခဒ်နေဇာသည် ကောင်းကင်သို့မျှော်ကြည့်၍ သတိရပြန်လျှင် အမြင့်ဆုံးသောဘုရား သခင်ကို ကောင်းချီးပေး၍ ထာ၀ရအသက်ရှင်တော်မူသော ဘုရားသခင်ကို ချီးမွမ်း ထောမနာပြု၏။}

               ]ထိုအခါ ငါ့စိတ်ပကတိဖြစ်ပြန်၍ ငါ့နိုင်ငံ၏အသရေဖို့ ယမန်နေ့ကဲ့သို့ တင့် တယ်ခြင်းအရောင်အဆင်းနှင့် ပြည့်စုံ၍တိုင်ပင်သော မÈ;တော်မတ်တော်တို့သည် ညီ လာခံဝင်ကြလျှင် ငါ၏အာဏာတည်မြဲတည်၏။ ငါ့ဘုန်းအာနုဘော်လည်း ယခင်ထက် တိုးပွား၏။}

               Wစ်ချိန်က မာန်မာနနှင့်ယစ်မူးခဲ့သော သက်ဦးဆံပိုင် ဧက္ကရာဇ်မင်းကြီးသည် ယခုတွင်စိတ်နှလုံးနှိမ့်ချသော ဘုရားသခင်၏ သားတစ်ပါးဖြစ်လာချေပြီ။ ပညာရှိ၍ သနားကြင်နာတတ်သော ရှင်ဘုရင်လည်းဖြစ်သည်။ အမြင့်ဆုံးသော ဘုရားသခင်၏ အာဏာတော်ကို ယခုတော့ အသိအမှတ်ပြုလာရုံမျှမက ယေဟောဝါ ဘုရားသခင်ကို ကြောက်ရွံ့တတ်ရန် ကြိုးစားလှုံ့ဆော်ပေး၍ မိမိ၏ တိုင်းသူပြည်သား တို့အားလည်းပျော် ရွှင်ချမ်းမြေ့စေပါသည်။ မင်းကြီးသည် အုပ်စိုးသူအပေါင်းတို့ သိမှတ်နားလည်ရန် လို အပ်သော သင်ခန်းစာဖြစ်သည့် ကြီးမြတ်စုံလင်ခြင်းသည် စစ်မှန်သောကောင်းမြတ် ခြင်းမှာ ရှိကြောင်းသိနားလည်လာပါသည်။ အသက်ရှင်သောဘုရားသခင်ကို အသိ အမှတ်ပြုသောကြောင့်လည်း ဤသို့မြွက်ဆိုခဲ့ပါသည်။ ]ယခုတွင် ငါနေဗုခဒ်နေဇာသည် ကောင်းကင်ဘုံ၏ဘုရားသခင်ကို ချီးမွမ်းထောမနာပြု၏။ စီရင်ဖန်ဆင်းတော်မူသမျှ သောအရာတို့သည် သစ္စာနှင့် ပြည့်စုံ၍ တရားနှင့် ညီလျော်ကြ၏။ မာနထောင်လွှားသော သူတို့ကို နှိမ့်ချခြင်းငှါ တတ်နိုင်တော်မူ၏။}

 

 

               ယခုတော့ ယုရားသခင်၏ အကြံတော်ပြည့်စုံလာလေပြီ။ ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် အာဏာတန်ခိုးနော်ကို နေဗုခဒ်နေဇာမင်းကြီးသည် အသိအ မှတ်ပြုခဲ့ရုံမျှမက အင်ပါယာအတွင်းရှိ လူထုပရိသတ်များရှေ့မှောက်မှာ ဂုဏ်တော်ကို ချီးမွမ်းခြင်းသည် သန့်ရှင်းသော ကမ္ဘာသမိုင်းမှတ်တမ်းမှာ ရေးမှတ်ထားလေသည်။ ဤ ကားမင်းကြီး၏ နောက်ဆုံး ဖြစ်ရပ်မှန်သမိုင်းပေတည်း။

 

 

No comments:

Post a Comment