အခန်း (၅၅)
လောကနှင့်ဆက်ဆံသဖြင့်
ဘုရားသခင်၏အမှုတော်မြတ်ကြီးကြန့်ကြာနေရခြင်း
ဤအခန်းကြီးသည်
(နေဟမိ ၆ )ကို အခြေခံထားသည်။
သမ္ဘာလတ်နှင့် သူ၏မတရားပူပေါင်းကြံစည်မည့်သူ၊
မဟာမိတ်များသည် ယုဒ လူတို့ စိတ်ဓါတ်ကျဆင်းရုံမျှမက ထိခိုက်နာကျင်မှုရှိအောင်
လုပ်ဆောင်ကြ၏။ ထိုမှား ယွင်းမှုကား တိုး၍သာလာပေသည်။ ယေရုရှလင်မြို့ရိုးကြီးနှင့်
ဂိတ်တံခါးတို့ ပြန်လည် တည်ဆောက်ပြီးသည်နောက် ဤရန်သူတို့သည် မြို့တွင်းသို့ဝင်ရန်
ခဲယဉ်းလာပေလိမ့် မည်ကို သူတို့သိကြ၏။ သို့ဖြစ်၍ ထိုတည်ဆောက်ရေးလုပ်ငန်းကို
ရပ်တန့်မှ ရပ်ဆိုင်းရန် ကြိုးစားနေသည် မဟုတ်ပါလား။ နောက်ဆုံးတွင် နေဟမိကို
ထိုတည်ဆောက်ရေး လုပ် ငန်းမှ ပပျောက်သွားအောင်နှင့် သူ့အားလုပ်ကြံမည် (သို့မဟုတ်)
အကျဉ်းချထားမည် ဟူသော ပရိယာယ်အကြံတစ်ခုကို ရေးဆွဲကြလေသည်။
ဤသို့လျှင် ရန်သူတို့သည် သူ့ကို ဟန်ဆောင်ပေါင်းသင်၍ ]လာပါ၊
ဩနော ချိုင့်တွင် ခေဖိရိမ်ရွာမှာ တေ့Gကြကုန်အံ့} ဟုမကောင်းသော
အကြံရှိ၍ နေဟမိအား ဖိတ်ခေါ်ကြပါသည်။ ဤသည်ကို သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်
ရန်သူတို့၏ အ ကြံကို သိနှင့်ထားသောကြောင့် ထိုဖိုတ်ခေါ်မှုကို ငြင်းပယ်လိုက်၏။
]ငါကလည်း၊ ငါ သည်ကြီးသောအမှုကို ဆောင်ရွက်ရသောကြောင့် မဆင်းမလာနိုင်။ ထိုအမှုကို
မဆောင် ရွက်ဘဲ သင်တို့ရှိရာသို့ဆင်းသွား၍ အဘယ်ကြောင့် အမှုပြတ်ရမည်နည်းဟု
တမန်တို့ကို စေလွှတ်၍ ပြန်ပြော၏။} ထိုသို့လေးကြိမ်တိုင်အောင်မှာလိုက်သော်လည်း
နေဟမိသည် ယခင်ကဲ့သို့ ပြန်ပြောခဲ့ပါသည်။
ဤနည်းဖြင့်မအောင်မြင်ကြောင်းကို ရန်သူတို့သည် သိမြင်လတ်သော်
ပိုမို၍ ရဲတင်းသော စစ်ပရိယာယ်ကို ဆင်၏။ သမ္ဘာလတ်သည် တံဆိပ်မခတ်ထားသောစာ၊
လူတိုင်းဖတ်နိုင်သောစာကို နေဟမိထံသို့ ပို့လေသည်။ ]စာချက်ဟူမူကား၊ သင်နှင့် ယုဒ
လူတို့သည် ပုန်ကန်မည်အကြံရှိသည်ဟု လူအမျိုးမျိုးပြောဆိုကြ၏။ ဂေရှင်လည်း သက်
သေခံ၏။ထိုစကားနှင့်အညီ သင်သည်ယုဒရှင်ဘုရင်ဖြစ်လိုသောငှါ မြို့ရိုးကိုတည်၏။ ယုဒ
ပြည်၌ ရှင်ဘုရင်ရှိသည်ဟု သင့်ကိုရည်ဆောင်၍ ယေရုရှလင်မြို့၌ ဟောပြောရ သော
ပုရောဖက်တို့ကို သင်ခန်းထားပြီ။ ထိုစကားအတိုင်း ရှင်ဘုရင်အားကြား လျှောက် ရမည်။
သို့ဖြစ်၍ လာပါ၊ တိုင်ပင်ကြကုန်အံ့ဟု စာ၌ပါသတည်း။}
ဤစာချက်ပါမှတ်တမ်းသတင်းများကား လုံး၀မှားနေသည်ကို နေဟမိသိ၏။
အ ကြောင်းမူကား၊ သူသည် ရှင်ဘုရင်အားစိတ်နှင့်မျှ မပြစ်မှားဘဲရှိနေပြီကိုး။
၎င်းအပြင် ထို စာကိုတံဆိပ်မခတ်၊ ချိတ်မပိတ်ထားသောကြောင့် လူတကာကို ဖတ်စေလို၍ ဖတ်
သူတိုင်းသတိပြုလန့်ဖျပ်ရုံမျှမက နေဟမိကို ပြစ်တင်ကြုံဝါးစေလိုသော မရိုးသားသည့်
သဘော ရှိနေကြောင်းကို သူသိမြင်သောကြောင့် ဤသို့ပြန်ဖြေလိုက်၏။ ]ငါကလည်း၊
သင်ပြောသော စကားတစ်ခွန်းမျှမမှန်၊ ကိုယ်စိတ်ထဲမှာ အချဉ်းနှီးထင်တတ်သည် ချည်းဟု
စေလွှတ်၍ပြန်ပြော၏။} ဤနှောင့်ယှက်မှုကြီးကား
မြို့တော်ကို ပြန်လည်တည် ဆောက်သူ လုပ်သားကြီးငယ်များတို့၏ အင်အားကိုကျဆင်းစေ၍
ထင်းစည်းဖြေသော် တစ်ခုချင်းချိုးပစ်မည် ဟူသောအကြံကို နေစမိသိပါသည်။
ယခုတွင် စာတန်နတ်ဆိုးမင်းသည် ထာ၀ရဘုရားသခင်၏ အစေခံအတွက်
ပိုမို၍ ကောက်ကျစ်စဉ်းလဲကာ ဘေးဥပဒ်ပေးသော ထောင်ချောက်တစ်ခုကို ထောင်
ထားနေဆဲဖြစ်ပါသည်။ သမ္ဘာလတ်သည် နေဟမိ၏ မိတ်ဆွေများပါဟု ခေါ်သောသူ တို့ကို
ငှါးရမ်းကာ ထာ၀ရဘုရားသခင်ထံတော်မှာ သတင်းစကားများ ဤသို့ရှိပါ၏ဟု ကောက်ကျစ်သောအကြံကို
ပေးစေ၏။ ထိုသူယုတ်မာတို့ကို ဦးဆောင်သောသူကား ရှေမောယဖြစ်ပါသည်။ သူသည်နေဟမိ၏
ကြည်ညိုလေးစားမှုကို ရရှိသူတစ်ယောက် ဖြစ်ခဲ့ပါ၏။ ဗိမာန်တော်အတွင်းခန်း တစ်ခုထဲမှာ
မိမိကိုယ်ကိုပိတ်လှောင်၍ ရှိစေသည် မှာ အသက်ဘေးရန်ကို ကြောက်၍ဖြစ်သည်ဟုဆိုပါသည်။
ဗိမာန်တော်သည်ကား နံရံ များမက ဂိတ်တံခါးများနှင့် ကာကွယ်ထား၏။ နေဟမိ၏
အသက်ဘေးရန်ကိုလည်း ဂရုစိုက်ကာကွယ်သည့်သဘောထားရှိသူအနေဖြင့် ရှေမာယသည် နေဟမိအား
ဤသို့ အကြံပေးပါသည်။ ]ဘုရားသခင်၏ အိမ်တော်အတွင်းခန်းထဲမှာ ငါတို့သည် စုဝေး၍
ဗိမာန်တော်တံခါးတို့ကို ပိတ်ထားကြကုန်အံ့။ ကိုယ်တော်ကို သတ်အံ့သောငှါ လာကြ
လိမ့်မည်။ ယနေ့ည၌ပင်လာကြလိမ့်မည်ဟု ဆို၏။}
အကယ်၍သာ နေဟမိသည် ဤစဉ်းလဲသော သစ္စာဖောက်အကြံပြုချက်ကို နား
ထောင်လိုက်နာမိခဲ့ပါက သူသည် ထာ၀ရဘုရားသခင်ကို မယုံကြည်သည်သာမက သူရဲ ဘောကြောင်၍
သတ္တိမရှိသူအဖြစ်ပေါ်လွင်နေပါမည် မဟုတ်ပါလော။ ခေါင်းဆောင် ဖြစ်သူနေဟမိက
ခေါင်းရှာင်၍ ပုန်းအောင်းနေသည်ဟု သတင်းပြန့်နေပါက ယုဒလူအ သီးသီးတို့သည်လည်း
မိမိတို့၏လုံခြုံမှုအတွက် ပုန်းအောင်း၍ နေပါသော် မြို့တော်ကြီး သည် ရန်သူတို့၏
လက်တွင်းသို့ ကျရောက်ရပေလိမ့်မည်။ ဤကဲ့သို့ သောပညာမဲ့သည့် လုပ်ရပ်တစ်ခုကြောင့်
နေဟမိသည်မှားယွင်းမိပါက သူခဲရခဲဆစ်လုပ်ဆောင်၍ ရရှိ ခဲ့သော
တိုးတက်မှုအပေါင်းတို့သည် သဲထဲရေသွန်ဖြစ်သွားလေမည် မဟုတ်လော။ နေ
ဟမိသည်ထိုသို့မလုပ်ပါ။ ခေါင်းဆောင်ပီပီ အမှန်တရားဘက်မှာ မားမားမတ်မတ်ရပ်
တည်ခဲ့ပေသည်။
လုပ်ကြံမှု
အစီအစဉ်ကြီးကို ဘုရားသခင်၏
အစေခံသည်တွေ့မြင်ခြင်း
နေဟမိသည် မိမိအားအကြံပေးသော သူ၏ပုံရိပ်မှန်ကို ထွင်းဖောက်၍
သိမြင် နိုင်ခဲ့ပါသည်။ ]ထိုသူကို ဘုရားသခင်စေလွှတ်တော်မမူ။ တောဘိနှင့်
သမ္ဘာလတ်ငှါး သောကြောင့် ထိုသို့ ငါ့တစ်ဖက်၌ ဟောပြောသည်ကို ငါရိပ်မိ၏။ သူတို့သည်
ငါကို ကဲ့ရဲ့စရာအကြောင်းရှိစေလျက် ငါကြောက်၍ ထိုသို့ပြုသဖြင့် ပြစ်မှားစေခြင်းငှါ
ထိုသူကို ငှါးကြ၏။}
ရှေမာယ၏ ပေးသောအကြံမှာ တစ်ဦးထက်မကသော နေဟမိ၏ မိတ်ဆွေ များဟု
အမည်ခံသော သူတို့မှလာ၏။ ထိုသူတို့ကား နေဟမိ၏ရန်သူများနှင့် လျှို့ဝှက်စွာ
မဟာမိတ်ပြုထားကြသူများ ပေတည်း။ သို့သော်လည်း နေဟမိသည် လုံး၀မကြောက်ပါ။ ဤသို့လျှင်
တုံ့ပြန်သတင်းပို့လိုက်လေ၏။ ]ငါကလည်း၊ ငါကဲ့သို့သောသူသည် ပြေး ရမည်လော။
ငါနှင့်တူသောသူသည် အသက်ချမ်းသာခြင်းငှါ ဗိမာန်တော်ထဲသို့ ဝင်ရ မည်လော။ ငါမဝင်ဟု
ပြန်ပြော၏။}
ရန်သူတို့၏ တိုက်ခိုက်မှုသည်
ပရိယာယ်မျိုးပေါင်းစုံလင်စွာနှင့် လာသော်လည်း နေဟမိနှင့် အပေါင်းပါများ
ယေရုရှလင်မြို့သို့ ရောက်လာသည်မှာ နှစ်လမျှမကြာသေး ပါ။ မြို့ရိုးပေါ်မှာ
လူသားလာနိုင်လေပြီ။ သူတို့၏ရန်သူများမှာ အံ့ဩနေကြ၏။ သူတို့ သည် ခါတိုင်းကဲ့သို့
]တံခါးမရှိ၊ ဓါးမရှိ} မဝင်နိုင်တော့။
ရှုံးနိမ့်ရလေပြီ။ မှတ်တမ်းစာကို ဖတ်ကြည့်ပါ။ ]ထိုသတင်းကို ရန်သူတို့သည်ကြား၍
ပတ်လည်ဝန်းကျင်၌နေသော တစ် ပါးအမျိုးသားအပေါင်းတို့သည် မြို့ရိုးကိုမြင်သောအခါ
ရှက်ကြောက်ခြင်းသို့ ရောက်ကြ ၏။ အကြောင်းမူကား၊ ထိုအမှုသည်
ငါတို့၏ဘုရားသခင်အခွင့်နှင့် ပြီးကြောင်းကို ရိပ် မိကြ၏။}
ဤကဲ့သို့ ထာ၀ရဘုရားသခင်၏ ထိန်းချုပ်နေသည့် လက်တော်သည် မိမိ၏
သားသမီးတို့အား လွှမ်းမိုးကာကွယ်နေသည် ဖြစ်ငြားသော်လည်း ဣသရေလတို့၏
အတွင်းရန်သူလူမျိုးချင်းတို့သည် ဆက်လက်ပုန်ကန်ကာ သစ္စာဖောက်နေကြဆဲ ဖြစ် သေး၏။
]ထိုကာလတွင် ယုဒမÈ;မတ်တို့သည် များစွာသော
မေတ္တာစာကို တောဘိထံသို့ ပေးလိုက်၍ တောဘိပြန်ပေးသော စာအများကိုလည်းရကြ၏။ တောဘိသည်
ရှေကန်၏ သားမက်ဖြစ်သောကြောင့် ယုဒလူအများတို့သည် တောဘိထံ၌ သစ္စာကိုခံကြပြီ။} ယုဒ လူမျိုးမိသားစုကြီးသည် ထာ၀ရဘုရားသခင်၏
ရန်သူများနှင့်အပြန်အလှန် အိမ်ထောင် ပြုထိမ်းမြားကြခြင်းကား စာတန်၏
ညွှတ်ကွင်းပရိယာယ်ထောင်ချောက် တစ်ခုဖြစ်လာ ပါသည်။ ထိုလွတ်လပ်မှုကြီးကာ
အတောမသတ်နိုင်။ တောမီးလောင်သကဲ့သို့ ကူးစက် သွား၏။ မပြတ်သော
ဒုက္ခဆင်းရဲမှုများကိုဖြစ်စေသည့် ဇစ်မြစ်တစ်ပါးလည်း ဖြစ်လာပေ သည်။
ယုဒလူသူကောင်းတို့တွင် ယဇ်နတ်ဘုရားပူဇော်ကိုးကွယ်ပသ
သူအမျိုးသမီး ချောတို့နှင့် ထိမ်းမြားအိမ်ထောင်ပြုကြသူများရှိကြလေရာ ထိုသူတို့သည်
တောဘိတည်း ဟူသော လူမျိုးမစစ်ရန်သူကြီးနှင့် သစ္စာဖောက်မေတ္တာစာတို့
အပြန်အလှန်ပေးပို့ ဆက် သွယ်ကြ၏။ တောဘိအားလည်း အမြော်အမြင်ကြီး၍ စွမ်းဆောင်နိုင်သူ
တစ်ပါးဟုမှတ် ယူကာ သူနှင့်မဟာမိတ်ဖွဲ့က ယုဒလူမျိုးတို့အတွက် အကျိုးကြီးရချည့်ရဲဟု
စွဲလမ်းကြ လေသည်။ တစ်ချိန်တည်းမှာပင် နေဟမိ၏ အကြံအစည်တို့ကိုလည်း သူ့အားတင် ပြ ကာ
ငြင်းပယ်ကြ၏။ မထောက်ခံပါ။ ဤသို့လျှင်နေဟမိ၏ ပြောကြားစကားနှင့် လုပ် ဆောင်မှုများတို့သည်
မမှန်မကန်ကြောင်း သတင်းလွှင့်၍ လုပ်ငန်းကို ကြန့်ကြာစေကြ လေသည်။
ရန်သူတို့အခွင့်အရေးယူကြလေပြီ။
စာတန်နတ်ဆိုးမင်း၏ ထိခိုက်ပြောဆို၊ ပုတ်ခတ်မှုတို့သည်
ထာ၀ရဘုရားသခင် ၏ အမှုတော်ကိုတိုးတက်စေရန် အားကြိုးမာန်တက် လုပ်ဆောင်နေသူတို့အား
အမြဲ တစေဆန့်ကျင်လျက်ရှိပါ၏။ အကြံမထမြောက်အောင် တားဆီးမှုပြုလေ့ရှိသလို မိမိ၏
တိုက်ခိုက်ချက်များကို ဆန့်သစ်သော အင်အားစုများနှင့် မနားမနေကြိုးစား၍ ဖြည့်
ဆည်းနေသည်မှာ ယခုအချိန်တိုင်အောင်ဖြစ်ပေသည်။ သို့သော်လည်း အထူးသဖြင့်
ထာ၀ရဘုရားသခင်၏ အမှုတော်မြတ်မှာ ]မိတ်ဆွေတွေပါ}
ဟု
ခေါ်ဝေါ်သမုတ်သော သူ တို့အားဖြင့် လျှို့ဝှက်လုပ်ဆောင်သော စာတန်၏လုပ်ရပ်တို့ကား
အကြောက်ရဆုံးဖြစ် ၏။ ပွင့်ပွင့်လင်းလင်းဆန့်ကျင်မှုသည် ပြင်းထန်၍
ရက်စက်ပုံရကောင်းပါသော်လည်း စာတန်၏ အစေခံနှလုံးသားနှင့် ဘုရားသခင်၏
အမှုတော်မြတ်ကို လျှို့ဝှက်စွာဖြင့် အငြိုး
ထားသည့် နာမည်ခံဘုရားသခင်အလုပ်ကို လုပ်သော ထိုသူတို့၏
ရိုက်ချက်စုံလင်စွာဖြင့် နှိုင်းယှဉ်ပါသော် ဘေးရန်ပေးနည်း လှပါသေးသည် မဟုတ်လော။
မှောင်မိုက်တန်ခိုး အလုံးစုံတို့နှင့်ပြည့်၀သော
နတ်ဆိုးမင်း၏ ပရိယာယ်ထောင် ချောက်တိုင်းသည် ဘုရားသခင့်အစေခံများကို
စာတန်ကိုယ်စားလှယ်များနှင့် မတရား ပူးပေါင်းကြံစည်ဖို့ မဟာမိတ်ဖွဲ့ရန်
သွေးဆောင်အကြံပြုလာသောအခါ ထိုသူတို့သည် နေဟမိကဲ့သို့ တုံ့ပြန်ပြောဆိုရာ၏။ ]ငါသည်
ကြီးသောအမှုကို ဆောင်ရွက်ရသော ကြောင့် မဆင်းမလာနိုင်။} ထိုအမှုကို မဆောင်ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား၍ အ
ဘယ်ကြောင့်အမှုပြတ်ရမည်နည်း။} ဘုရားသခင်၏
အစေခံတို့မည်သည် ဆောင်ရွက် နေဆဲ အမှုတော်မြတ်မှ ဝေးကွာပြတ်စဲသွားဖို့ရန်
ခြိမ်းခြောက်မှုများနှင့် ဆစ်ဖုံ၊ မှားယွင်း စွာဖြင့်
ပြောင်လှောင်ရှုတ်ချမှုကတစ်မျိုး၊ တိုက်ခိုက်ခြင်းကို ခံရပါသော်လည်း မစွန့်
လွှတ်ရပါ။ အနှောင့်အယှက်များကို ဘုရားသခင်တန်ခိုးဖြင့် ငြင်းပယ်သင့်ပါ၏။ ရန်သူ
တို့ကား မပြတ်မစဲ၊ သဲသဲမဲမဲ တိုက်ခိုက်သွေးဆောင်မည်မှန်၏။ သို့ပါသော်လည်း၊ ဘုရား
သခင့်တပည့်တော်စု အစေခံတို့သည် ရန်သူတို့ကြောင့် ]နေ့ညမပြတ်ကင်းစောင့်ထား
ကြရပါမည်။} (နေဟမိ ၄း၉)။
ကမ္ဘာ့သမိုင်းကား နှောင်းပိုင်းဆီသို့ ချဉ်းကပ်၍လာချေပြီ။
စာတန်သည် မိမိ၏ ကိုယ်စားလှယ်လူသားများကို ] မြို့တော်ပြန်လည် တည်ဆောက် ပြုပြင်ကြ} သူတို့အား ဆဲရေးတိုင်းထွာ၍တစ်မျိုး၊
ပြောင်လှောင်သရော်ခြင်းနှင့် တစ်ဖုံ တိုက်ခိုက်စေပါလိမ့် မည်။ တည်ဆောက်သူတို့သည်
ရန်သူတို့၏ အကြံအစည်များကို ရှုံးနိမ့်စေဖို့ရန် ကြိုး စားအားထုတ်ကြရပါမည်။
ဤသို့ဆိုရာ၌ ထိုသူတို့သည် မိမိတို့လုပ်ဆောင်နေသော သခင့်အစေခံခြင်း အလုပ်မှမရပ်တန့်စေရပါ။
ရင်းနှီးမိတ်ဆွေများမက သနားစရာ ကောင်းလှပါဘိ ဟူသော ရှေ့ရေးအလားအလာကောင်းများ၏
ဖိတ်ခေါ်ချက် များမှ စသော မည်သည့်ဆွဲဆောင်ဖြားယောင်းမှုမျိုးမဆို
သင့်အားခရစ်တော်ယေရှု၏ အစေခံ ခြင်း အဖြစ်မှာ မဝေးကွာစေရပါ။ မိမိ၏ သမာသတိမရှိသော
လုပ်ရပ်များကြောင့် သခင့် အစေခံလုပ်ဖော်ဆောင်ဖက်များ၏ အင်အားကို
လျော့နည်းကြုံလှီစေသော သူတို့သည် မိမိ၏ အကျင့်ကို လွယ်လွယ်နှင့် မဖျက်ပယ်နိုင်သော
အစွန်းအထင်းတစ်ခုအဖြစ် ပေါ်ထွန်းလာစေ၏။ မိမိ၏ ရှေ့ရေးသခင်အတွက် အသုံးဝင်မှုဆိုင်ရာ
ခရီးလမ်းကိုလည်း ကြီးမားသော ဆူးငြောင့်ခလုတ်နှင့် တားဆီးကာရံထားသလို ဖြစ်စေပါသည်။
]တရားကို ဖျက်သောသူသည် မတရားသောသူတို့ကို ချီးမွမ်းတတ်၏} ဟု ကျမ်းစာက ဆိုပါသည်။ (ဗျာ ၂၈း၄)။ လူတို့သည် လောကနှင့်
ပေါင်းစည်းပျော်ပါး၍ အမှန်တရားကို ဆန့်ကျင်ကြပါရန်
သွေးဆောင်ဖြားယောင်အကြံပြုခြင်းကို ခံရသော အခါ နေဟမိကဲ့သို့ မားမားမတ်မတ်
ပြုရပ်တည်နိုင်ပါစေ။ ထိုပရိယာယ်အကြံဉာဏ် ကောင်းကို တုတ်တုတ်မျှမလှုပ်သော
သခင့်ချစ်စိတ်နှင့် မပြတ်တွင်းလှန်ဆီးတားရာ၏။ ဘုရားသခင်၏ ကြည့်ရှုစောင့်ထိန်းခြင်း
တန်ခိုးတော်ကို ယုံကြည်စွဲလမ်းခြင်မှ သွေစည်း စေသော
အဘယ်ဩဇာလွှမ်းမိုးမှုမျိုးကိုမဆို ကျွန်ုပ်တို့သည် ]လှေခွက် ချည်းကျန်အ လဲမလှဲ} ဟူသော သခင့်အားကိုးစိတ်ဓါတ်မျိုးနှင့် မားမားမတ်မတ်
ရပ်တည်နေရပါမည်။
ထာ၀ရဘုရားသခင်အပေါ် စွဲမြဲစွာ ယုံကြည်စိတ်ချအားကိုးနေသော
နေဟမိ၏ စိတ်ဓါတ်သည် သူ၏ရန်သူများကို အကြံမထမြောက်ဘဲ၊ ရှုံးနိမ့်စေ၏။
မြင့်မြတ်နှလုံး သားနှင့် ရည်ရွယ်ချက်ထားရှိသူတို့၏ အသက်တာမှာ
မကောင်းဆိုးဝါးတို့သည် ခြေကုပ် မယူနိုင်ပါ။ ထာ၀ရဘုရားသခင်၏ စစ်မှန်သောအစေခံတို့သည်
အရှုံးမရှိဘဲ၊ ယုံကြည် စိတ်ချမှုမျိုးနှင့် ဆုံးဖြတ်လုပ်ဆောင်ကြပါသည်။
အကြောင်းသော်ကား၊ ကျေးဇူးတော် ပလ္လင်သည် ထိုသူတို့၏
မပြတ်အားကိုအားထားရသောအရာပင်ဖြစ်ချေ၏။ ထိုအမှု မျိုးမှာ ထာ၀ရဘုရားသခင်၏
သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့၏လုပ်ဆောင်မှု တိုင်းမှာ ကူညီမစနေသည်။ အကယ်၍သာ
ဘုရားသခင်၏လူတို့သည် ဘုရားသခင်၏ စီမံပေးမှုကို ရည်ညွှန်းသော သာဓက
လုပ်ဆောင်မှုသက်သေများကို စောင့်ကြပ်ကာ စေ့စေ့ကြည့်ရှုကြ၍ ထိုသဘာ၀လွန်
အင်အားစုများနှင့် ပေါင်းစည်းကာ လုပ်ဆောင်ရန် မိမိကိုယ်ကိုပြင်ဆင် ထားရှိကြပါသော်
ကြီးစွာသော အကျိုးရလဒ်ကို ထိုသူတို့သည် တေ့Gမြင်ကြရမည်မှာ
ဧကန်မုချပင် ဖြစ်ပါ၏တည်း။
No comments:
Post a Comment