အခန်း (၂၇)
နိုင်ငံတော်ကို ပျက်စီးစေသည့် အာခတ်မင်း
အာခတ်မင်းနန်းတက်သည်ဆိုလျှင်ပဲ ပုရောဖက်ဟေရှာယအဖို့ ယုဒရာဇဝင် တွင်ပိုမို၍ ကြောက်စရာကောင်းသော အခြေအနေမျိုးနှင့် ရင်ဆိုင်ခဲ့ရလေ၏။ ပြည်သား များစွာတို့သည် ယခုတွင် တိုင်းတစ်ပါးက ကိုးကွယ်သော လောကနတ်ဘုရား ရုပ် တုများကို ကိုးကွယ်လာကြသည်။ မင်းညီ မင်းသားတို့သည်လည်းသစ္စာဖောက်ကြ၍ အားမကိုးရပါ။ ပုရောဖက်အတုအယောင် တို့သည်လည်း ပြည်သားတို့ကိုလမ်းမှားသို့ ပို့ဆောင်ပေး နေကြသည်။ ကြေးငွေနှင့် ငှါးရမ်းထားသော ဆွဲခန့်ပုရောဟိတ်များလည်း ရှိကြလေသည်။ ဤသို့ဖောက်ပြန်လမ်းလွဲ နေကြသည်တိုင်အောင် တိုင်းပြည်ခေါင်း ဆောင်တို့သည် ထာ၀ရဘုရားသခင်၏ပုံစံအမှန် ဝတ်ပြုကိုးကွယ်မှုကိုပြုသော ထာ၀ရ ဘုရားသခင်၏ အပေါင်းအသင်းဝင်လူတို့ဖြစ်ကြသည်ဟု မိမိတို့ကိုယ်ကို ခေါ်ဆိုကြွေး ကြော် နေကြပါသည်။
ဤဖြစ်ထွေကို ပုရောဖက်မိက္ခာက ဤသို့လျှင် ထာ၀ရဘုရားသခင်အား စော်ကားဝါကြွားသော အပြစ်သားတို့၏ ဆိုစကားရုပ်လုံးကို ငှါးရမ်းဖော်ပြထားခဲ့ပါသည်။ ]ထာ၀ရဘုရားသခင်သည် ငါတို့တွင် ရှိတော်မူသည်မဟုတ်လော။ ဘေးဥပဒ် မရောက် နိုင်။} သို့တိုင်အောင်လည်း ထိုသူတို့သည် ]လူအသက်ကို သတ်ခြင်းအမှုဖြင့် ဇိအုန် မြို့ကိုလည်းကောင်း၊ အဓမ္မအမှုဖြင့် ယေရုရှလင်မြို့ကိုလည်းကောင်း ပြုစုခဲ့ကြပါသည်။ (မိက္ခာ ၃း၁၀၊ ၁၁)။ ဟေရှာယကလည်း ဤဖြစ်ရပ်မှန်နှင့်ပတ်သက်၍ ပြင်းထန်သော ဆုံးမပြစ်တင်မှုကို လေသံပြင်းပြင်းနှင့် ကြွေးကြော်ခဲ့လေသည်။ ]ထာ၀ရဘုရားသခင် မိန့်တော်မူသည်ကား သင်တို့ပူဇော်သောယဇ်အများကို ငါသည်အဘယ်သို့ဆိုသနည်း။ သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါလာကြသောအခါ ငါ့တံတိုင်းတော်ကို ကျော်နင်း သော သင်တို့၌ ထိုသို့သောဝတ်ကို အဘယ်သူတောင်းသနည်း။} (ဟေရှာယ ၁း၁၁၊ ၁၂)။
ထိုကဲ့သို့သော အခြေအနေမျိုးကို ကျမ်းစာတော်မြတ်က ]မတရားသောသူ ပူဇော်သောယဇ်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ ထိုမျှမကမတရားသော စိတ်နှင့်ပူ ဇော်လျှင်သာ၍ဖြစ်၏} (သု ၂၁း၂၇) ဟု ဆိုထားပါသည်။ ဤသို့ဖြစ်ရခြင်းမှာ ထာ၀ရ ဘုရားသခင်သည် လူတို့ပြစ်မှားသောအပြစ်ကို မလွှတ်ချင်၍ မဟုတ်ပါ။ လူတို့သည် ထာ၀ရဘုရားသခင်၏ ပြော၍ မကုန်နိုင်သော ကျေးဇူတော်စီမံချက် များစွာတို့ကို ငြင်းပယ်သောကြောင့် ဖြစ်ပါသည်။ ထိုသို့ဖြစ်သဖြင့်လည်း ဘုရားသခင်သည် ထို သူတို့အားအပြစ်နွံတွင်းမှ မကယ်နုတ်နိုင်ပါချေ။ ]သင်တို့အပြစ်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှါ သင်တို့အပြစ်သည် မျက်နှာတော် ကို လွှဲစေပြီ။} (ဟေရှာ ၅၉း၁၊ ၂)။
ဟေရှာယသည် ပြည်သူပြည်သားတို့အား မိမိတို့၏လက်ရှိအခြေအနေ အ မှန်ကို ပြည်လည်သုံးသပ်ကြည့်ရန် ဖိတ်ခေါ်ခဲ့လေရာ ဤသို့ဖြစ်နေရခြင်းမှာလည်း ပြည်တွင်းရှိကုန်းမြင့် နေရာများတို့မှာ ထားရှိကိုးကွယ်ကြသော နတ်ကွန်းတို့၏ မှား ယွင်းသော လူမှုဖောက်ပြန်ရေးဝတ်ကြီးဝတ်ငယ် အသွယ်သွယ်တို့၏ ရလဒ်ကြောင့် ဖြစ်ကြောင်းဖော်ပြခဲ့ပါသည်။ ]ကောင်းကင်ဗိုလ်ခြေ ထာ၀ရဘုရားသခင်သည် မုန့် အထောက်အပင့်နှင့် ရေအထောက်အပင့် ရှိသမျှမှစ၍ ခပ်သိမ်းသောအထောက် အပင့်တို့ကို ယေရုရှလင်မြို့နှင့်ယုဒပြည်မှ ပယ်ရှားတော်မူ၏။ တန်ခိုးကြီးသောသူ၊ စစ် တိုက်သောသူ၊ တရားသူကြီး၊ ပုရောဖက်၊ ဗေဒင်တတ်၊ အသက်ကြီးသူ၊ သွေး သောက်ကြီး၊ အရာရှိ၊ တိုင်ပင်မÈ;မတ်၊ လက်သတ္တိရှိသောသူ၊ နှုတ်သတ္တိရှိသောသူတို့ကို ပယ်ရှားတော်မူ၏။ ထိုပြည်တွင် သူငယ်တို့ကို မင်းအရာ၌ ငါခန့်ထား၍ နို့စို့သူငယ် တို့သည် အုပ်စိုးကြလိမ့်မည်။} ]ယေရုရှလင်မြို့ပြိုလဲလျက် ယုဒပြည် ဆုံးရှုံးလျက်ရှိ၏။ အကြောင်းမူကား သူတို့စကားနှင့် သူတို့အကျင့်တို့သည် ထာ၀ရဘုရားသခင်၏ အလို တော်နှင့် မညီ၊ ဘုန်းကြီးသော မျက်စိတော်တို့ကို ဆန့်ကျင်ဘက်ပြုကြ၏။} (ဟေရှာယ ၃း၁-၄၊ ၈)။
]ငါ၏ လူများတို့၊ သင်တို့အားလမ်းပြသောသူတို့သည် လမ်းလွဲစေကြ၏} (ငယ် ၁၂)ဟု လည်းပုရောဖက်ဟေရှာယက ပြောခဲ့ပါသည်။ အာခတ်မင်းနှင့် ပတ်သက်၍ ရေးထားသည်ကား ]ဣသရေလရှင်ဘုရင်တို့လိုက်သောလမ်းသို့လိုက်၍ ထာ၀ရဘုရား သခင်သည် ဣသရေလအမျိုးသားရှေးမှ နှင်ထုတ်တော်မူသော တစ်ပါးအမျိုးသားတို့၏ ရွံရှာဖွယ် ထုံးစံအတိုင်း မိမိသားကို မီးဖြင့်ပူဇော်၏။} (၆ရာ ၂၈း၂၊ ၃၊ ၂)။(၄ရ ၁၆း၃)။
ဘေးကြီးရောက်ရွေးချယ်ခံလူမျိုး
ယုဒနိုင်ငံတော်ကြီးမှာ တရားအလင်းမရှိ၊ မှောင်မိုက်ဖုံးလွှမ်းနေသည်။ မ ကောင်းဆိုးဝါး အင်အားစုတို့သည်လည်း တိုးပွားလာ၏။ ဤအခြေအနေကို ပုရော ဖက်မိက္ခာသည် မပြောဘဲမနေနိုင်တော့ပြီ။ ]ကောင်းသော ပြည်သားအပေါင်းတို့သည် ကွယ်ပျောက်ကြပြီ။ ဖြောင့်မတ်သောသူ တစ်ယောက်မျှမရှိ။} ]အကောင်းဆုံးသော သူသည် ဆူးပင်ကဲ့သို့ဖြစ်၏။ အဖြောင့်ဆုံးသောသူသည် ဆူးခြံထက်ခက်လှ၏} (မိက္ခာ ၇း၂၊ ၄) ဟု ဆိုသောအခါ အဘယ်မှာ လျှင် ရွှင်လန်းနိုင်အံ့နည်း။
ခေတ်အခါတိုင်းမှာ ထာ၀ရဘုရားသခင်၏ အနှိုင်းမဲ့မေတ္တာတော်သည် ပုန်ကန်ခြားနားသူတို့အား မိမိထံတော်ပါးသို့ ပြန်လာပါရန် စောင့်မျှော်လျက်နေပါသည်။ အာခတ်မင်း၏ထီးနန်းသက်တစ်လျှောက်လုံးမှာ လည်း အလားတူဖြစ်၏။ အပြစ်နွံ တွင်းမွေ့လျော်နေကြသော ဣသရေလလူတို့ ဆီသို့ ဖိတ်ခေါ်မှုတစ်ခုပြီးလျှင်တစ်ခု ပြုခဲ့ကြသည်။ ဤသို့ပုရောဖက်များက လူထုပရိသတ်ရှေ့မှောက်မှာ ရပ်၍ စိတ်အား ကြီးစွာဖြင့် နောင်တတရားရရှိရန် ဘုရားသခင်ဖန်ဆင်းရှင်ထံပြန်လာ၍ ပြုပြင်ပြောင်း လဲမှု လုပ်ကာ နိုးကြားတက်ကြွရေးအတွက် နှိုးဆော်စကားပြောကြားမှုသည်လည်း အလကားတော့ဖြစ်မသွားပါ။ အသီးဆောင်၍ အကျိုးရှိခဲ့ပါ၏။
ယခုမှာလည်း ပုရောဖက်မိက္ခာအားဖြင့် အံ့ဩဖွယ်ကောင်းသော ပန်ကြားမှုကို ပြုနေပါပြီ။ ]အိုငါ၏ လူမျိုး၊ သင့်ကို အဘယ်သို့ငါပြုဖူးသနည်း။ အဘယ်သို့ညှဉ်းဆဲ ဖူးသနည်း။ ငါ့တစ်ဖက်၌ သက်သေခံလော။ သင့်ကို အီဂျစ်ပြည်မှ ငါဆောင်ခဲ့ပြီ။ ကျွန်ခံနေရာ အရပ်မှ ရွေးနုတ်ပြီ။} (မိက္ခာ ၆း၃၊ ၄)။
ကရုဏာတံခါးမပိတ်မီ သည်းခံစိတ်ရှည်သော သဘောနှင့် ထာ၀ရဘုရား သခင်၏ ဝိညာဉ်တော်သည် (ယေရမိမြည်တမ်း ၃း၂၂)။လူအပေါင်းတို့အား မိမိ၏ သက်စမ်းရေလက်ဆောင်ကို လက်ခံသောက်သုံးရန် အမြဲအစဉ်နှိုးဆော် တိုက်တွန်း လျက် ရှိနေပါသည်။ ]ဆိုးသော သူသည် အသေခံခြင်းအမှုကို ငါ (ထာ၀ရဘုရားသခင်) နှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွှဲ၍ အသက်ရှင်ခြင်း အမှုကိုသာငါနှစ်သက်၏။ သင်တို့လိုက်သော လမ်းဆိုးမှလွှဲကြလော့။ အဘယ်ကြောင့် အသေခံလိုကြသနည်း။} (ယေဇကျေလ ၃၃း၁၁)။ စာတန်နတ်ဆိုးကြီးသည် လူကို အ ပြစ်ကျူးလွန်ရန် ရှေ့ဆောင်ပေး၍ ထိုသူအား ပြစ်ကြွေးပြန်ဆပ်စေရာ၌ အကူအညီ မဲ့ချန်ထားတတ် ပါသည်။ ထိုအခါ ထိုသူသည် အကူအညီမဲ့၍ မျှော်လင့်ချက်မရှိ၊ မိမိ အပြစ်ကို ဝန်ချတောင်းပန်ရန် ရှက်ကြောက်နေပါသော်လည်း ထာ၀ရဘုရားသခင်သည် ထို သူအား ]ငါ၏အစွမ်းသတ္တိကို ကိုးစား၍ ငါနှင့်မိသဟာယဖွဲ့ကြစေ။ ငါနှင့် မိတ်သဟာ ယဖွဲ့ ကြစေသော်} (ဟေရှာယ ၂၇း၅) ဟု ဖိတ်ခေါ်လျက်နေပါသည်။ သခင်ခရစ်တော်၌ ဆိုလျှင် အရာရာမှာ စီမံပေးထားပြီဖြစ်၏။ စိတ်အားတက်ဖွယ်ရာ ကတိတော်နှိုးဆော် ချက် များလည်းအမြဲရှိပါပေသည်။
ယုဒပြည်နှင့် ဣသရေပြည်တို့မှ လူများစွာတို့သည်လည်း ဤသို့လျှင် မေးမြန်း တတ်ကြပေသည်။ ]ငါသည် ထာ၀ရဘုရားသခင်ရှေ့တော်သို့ အဘယ်ပူဇော်သကာ ပါလျက် ချဉ်းကပ်၍ အမြင့်ဆုံးသော ဘုရားသခင်ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ ထာ၀ရဘုရားသခင်သည် သိုးထီးတစ်ကောင်ဆီမြစ်တစ်သောင်းကို အားရနှစ်သက် တော်မူမည်လော။} ထိုမေးခွန်းအတွက် အဖြေမှာ ရှင်းပါသည်။ ]အချင်းလူ၊ ကောင်း သောလမ်းကို ပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော် သကာကို ထာ၀ရဘုရားသခင်တောင်းတော်မူသနည်း။} (မိက္ခာ ၆း၆-၈)။
ခေတ်အဆက်ဆက်မှ ဤအကြံကောင်းများကို သမားရိုးကျပုံစံခွက်အတိုင်း ဓလေ့ထုံးစံတမျှ ဝတ်ပြုကိုးကွယ်မှုတွင် အနယ်ထိုင်၍ သနားခြင်းကရုဏာကို ဖော်က sL;ပြသရန် ပျက်ကွက်နေပါသောသူတို့ထံသို့ ထပ်ခါတလဲလဲ ရွက်ဆို၍ နေခဲ့ပါပြီ။ ခရစ်တော်ကိုယ်တော်တိုင်မှာလည်း ရှေးထုံးကို မပယ်လိုသော ရှေ့နေလေးထံမှ ချဉ်းကပ်တိုးဝင်သော လေသံမျိုးဖြင့် မေးလာသော မေးခွန်းကို ဖြေကြားခဲ့ရပါသည်။ ]ဘုရားသခင်၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည် သာ၍ကြီးသနည်း။} ]ယေရှုက၊ သင်၏ ဘုရားသခင်ထာ၀ရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့ဟူသော ပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်း ဖြစ်၏။ ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယပညတ်သည် ပထမနှင့်သဘောတူ၏။} (မဿဲ ၂၂း၃၆-၃၉)။
ဤကဲ့သို့ ရှင်းလင်းလှစွာသော မိန့်မြွက်စကားများကို ကျွန်ုပ်တို့သည် ထာ၀ရ ဘုရားသခင်၏ အသံတော်ဟုသဘောထားကာ လက်ခံရပေမည်။ သို့ဖြစ်၍ ကရုဏာ လုပ်ရပ်များကို ကျွန်ုပ်တို့သည် မျက်ခြည်မပြတ်ရပါ။ ဝန်လေး၍ ပင်ပန်းနွမ်းနယ်နေ သော အဖိနှိမ်ခံ အပယ်ရတနာများကို ကျွန်ုပ်တို့သည် ခရစ်ယာန်သိမ်မွေ့ခြင်းနှင့် စိတ်သဘောကောင်းကောင်းထားကာ ဆက်ဆံရာ၏။ ထိုသူတို့ကဲ့သို့သော ထာ၀ရဘုရား သခင်နှင့် အကျွမ်းမဝင်သေးသူတို့အားလည်း မျှော်လင့်ချက်ပေးသာ အားပေးနှိုးဆော် သတ္တိရှိစေသော စကားများကိုပြောကြားရာ၏။ တစ်ပါးသူတို့၏ အသက်တာကို ဝမ်း မြောက်ရွှင်လန်းကျန်းမာစေသော သူတို့အတွက် ထာ၀ရဘုရားသခင် အထံတော်မှ ကတိတော်မင်္ဂလာမြတ်တို့သည် ကြွယ်၀ပါ၏။ ]မွတ်သိပ်သောသူနှင့် ဆင်းရဲခံရသော သူကို သနားသောစိတ်နှင့် ချမ်းသာပေးလျှင် မရှင်းလင်းသော အရာမှာ သင်၏ အလင်းသည် ပေါ်ထွန်း၍ သင်၏မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်။ ထာ၀ရဘုရားသခင်သည် သင့်ကိုအစဉ်ပဲ့ပြင်တော်မူမည်။ အစာခေါင်းပါးသည်ကာလ၌ ၀စွာကျွေး၍ သင်၏အရိုးတို့ကို ခိုင်ခံစေတော်မူမည်။ သင်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့လည်းကောင်း၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့ လည်းကောင်းဖြစ် လိမ့်မည်။} (ဟေရှာယ ၅၈း၁၀၊ ၁၁)။
ဤသို့လျှင် ထာ၀ရဘုရားသခင်သည် စကားတော်ကို နားထောင်သောသူ တို့အား ကျေးဇူးပြုရန် မျှော်လင့်တော်မူသလောက်၊ အာခတ်မင်းလက်ထက် နတ် ဘုရားဝတ်ပြုကိုးကွယ်မှုကို ရင်ဆိုင်နေရသော ပုရောဖက်များတို့၏ နောက်ဆုံးမျှော် လင့်ရာကား ]ထိုကြောင့် ထာ၀ရဘုရားသခင်သည် ယုဒပြည်ယေရုရှလင်မြို့ကို အမျက်တော်ထွက်၍ သင်တို့မြင့်သည်အတိုင်း ဆင်းရဲခံရခြင်း၊ မိန်းမောတွေဝေခြင်း၊ ကဲ့ရဲ့သံကိုကြားခြင်းအမှု၌ အပ်တော်မူပြီ။} (၆ရာ ၂၉း၈)။ ထို့ကြောင့် နိုင်ငံတော်သည် လျင်မြန်သော အဟုန်ဖြင့်ကျဆင်းရသည်။ ဝင်ရောက်စီးနင်း တိုက်ခိုက်ချေမှုန်းသော ရန်သူတပ်မဟာများ ကြောင့်လည်း ရောက်အံ့ဆဲဆဲဖြစ်သော ဘေးကို ကြိုဆို နေရချေ၏။ ]ထိုအခါ ရှုရိရှင်ဘုရင်ရေဇိန်နှင့် ဣသရေလရှင်ဘုရင် ရေမလိသားပေ ကာသည် ယေရုရှလင်မြို့သို့စစ်ချီ၍ အာခတ်မင်းကို ဝိုင်းထားလေ၏။} (၄ရာ ၁၆း၅)။
အကယ်၍သာ အာခတ်မင်းနှင့် သူ၏ နန်းတွင်းသားဆွေတော် မျိုးတော်အမှု တော်ထမ်းတို့သည် အမြင့်ဆုံးသော ဘုရားသခင်၌ သစ္စာရှိခဲ့ကြပါမူ၊ သူတို့ကို ဆန့်ကျင် တိုက်ခိုက်လာသော ရန်သူတပ်မဟာကြီးများကိုပင် ကြောက်ရွံ့စရာ မလိုပါချေ။ သို့ သော်လည်း ထိုသူတို့သည် ထာ၀ရဘုရားသခင်ကို ကျောခိုင်းကြသဖြင့် နာမည် မသိကြောက်စရာကောင်းသည့် စီရင်မှုကြီးကိုခံကြရလေသောကြောင့် ]တော၌သစ်ပင် တို့သည် လေကြောင့်လှုပ်ရှားသကဲ့သို့ မင်းကြီး၏နှလုံးနှင့် ပြည်သားတို့၏ နှလုံးသည် တုန်လှုပ်လျက်ရှိကြ၏။} (ဟေရှာယ ၇း၂)။ ဤလို ဘေးကျပ်နံကျပ်အချိန်မျိုးမှာ ထာ၀ရဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဟေရှာယအားဖြင့် ကြောက်ရွံ့နေသော ရှင်ဘုရင်ထံသို့ ရောက်လာသည်ကား ]မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်။ ရှုရိပြည်၊ ဧဖရိမ်ပြည်၊ ရမလိသားတို့က ငါတို့သည် ယုဒပြည်သို့သွား၍ နှောင့်ယှက်ကြကုန်အံ့ဟု သင့်တစ်ဖက်၌ မကောင်းသောအကြံကို ကြံကြသော်လည်း ထာ၀ရဘုရားသခင်က ထိုအကြံမတည်ရ။ ထိုသို့မဖြစ်ရ} (ငယ် ၄-၇ ၊၉) ဟု အာမခံချက်ပေးလိုက်ပါသည်။
ဤသတင်းစကားကို ကောင်းကင်ဘုံမှ ဆုလက်ဆောင်အဖြစ် အာခတ်မင်း သည် ယုဒပြည်အတွက် ရယူခဲ့ပါသော်လည်း ထိုမင်းသည် လူမင်းကိုကိုအားကိုးရန် ရွေးချယ်လိုက်သောကြောင့် တိုင်းတစ်ပါးထံမှ စစ်ကူကို ရှာဖွေခဲ့ပါသည်။ သို့ဖြစ်၍ စိတ်ပျက်စွာဖြင့် အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာထံသို့ သံတမန်ကိုစေလွှတ်၍ ]ကျွန်ုပ်သည် ကိုယ်တော်သား၊ ကိုယ်တော်ကျွန်ဖြစ်ပါ၏။ လာပါ။ ကျွန်ုပ်ကို ရန်ဘက် ပြသော ရှုရိရှင်ဘုရင်နှင့် ဣသရေလရှင်ဘုရင် လက်မှကယ်ယူပါဟု တောင်းပန်၏။} (၄ရာ ၁၆း၇)။ ထိုတောင်းခံချက်ကို ရှင်ဘုရင်သည်မိမိ၏နန်းတော်ဘဏ္ဍာတိုက်နှင့် ဗိမာန်တော်၌ထားရှိသော ရွှေ၊ ငွေ မြောက်မြားစွာတို့နှင့် နှမ်းဖြူးထားပါသည်။
အာရှုရိရှင်ဘုရင်သည် ယုဒရှင်ဘုရင်အာခတ်မင်းကို လတ်တလော ကိစ္စရပ်မှာ ကူညီခဲ့၍ အာခတ်မင်းမှာ သက်သာရာ အနည်းငယ်ရသွားပါ၏။ သို့သော်လည်း နောက်ဆက်တွဲအနှောင်အဖွဲ့များ ထပ်မံသက်ရောက်လာသဖြင့် မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်ရချေ၏။ အာရှရိနိုင်ငံသည် မကြာမီမှာပင် ယုဒပြည်ကိုဝင်ရောက်ခြိမ်း ခြောက်ဝါးမျိုးလိုက်ပါတော့သည်။ ယခုမှာတော့ အာခတ်မင်းနှင့် မပျော်နိုင်တော့သော တိုင်းသူပြည်သားလူအများတို့သည် ရက်စက်ကြမ်းကြုတ်သော အာရှုရိပြည်သားတို့၏ လက်ထဲဝယ်လုံး၀ ကျဆင်းရပါတော့သည်။ ကြောက်ရွံ့စရာများလည်း အတောမသတ် နိုင်တော့ပြီ။ ]ယုဒရှင်ဘုရင်အာခတ်ကြောင့် ထာ၀ရဘုရားသခင်သည် ယုဒပြည်ကို အလွန်နှိမ့်ချ၏။} (၆ရာ ၂၈း၁၉ ၊၂၂၊၂၃)။ ပြည်တော်သည်လည်း အဆက်မပြတ်ဒလစပ် အပြစ် ကို လွန်ကျူးသတည်း။ ဤကဲ့သို့ပြည်တော်ကို ထာ၀ရဘုရားသခင်က ဒဏ်ပေး ဆုံးမသည်တွင် နောင်တတရားမရသည့်အပြင် အာခတ်မင်းသည် ]ထာ၀ရဘုရား သခင်ကို သာ၍ပြစ်မှား၏။ ဒမသက်မြို့၏ ဘုရားတို့ကိုလည်း ဆည်းကပ်၏။} ]ရှုရိရှင် ဘုရင် ကိုးကွယ်သောဘုရားတို့သည် ကျေးဇူးပြုတတ်သောကြောင့် ငါ၌လည်း ကျေးဇူး ပြုစေခြင်းငှါ ထိုဘုရားတို့အားယဇ်ပူဇော်မည်} ဟုဆိုခဲ့ပါသည်။ (၆ရာ ၂၈း၁၉၊ ၂၂၊ ၂၃)။
ထိုသို့လွဲမှား ဖောက်ပြန်နေသော ရှင်ဘုရင်အာခတ်မင်းသည် မိမိ၏ ထီးနန်းသက် နှောင်းပိုင်းကာလသို့ နီးကပ်လာသောအခါ သူသည် ဗိမာန်တော်၏တံခါးတို့ကို လည်း ပိတ်ထားစေကြ၏။ လူပရိသတ်တို့အတွက် အပြစ်ဖြေရာယဇ်ကိုလည်း ပူဇော်ခြင်း မရှိကြတော့ပါ။ ထာ၀ရဘုရားသခင်၏ အိမ်တော်ကို ပစ်ပယ်ကြရုံမျှမက ဗိမာန် တော်တံခါးတို့ကိုလည်း ပိတ်ထားကြသောကြောင့် ပြည်သူလူထုတစ်ရပ်လုံးသည် ဘုရားမဲ့တရားမဲ့ဖြစ်လာကြကာ ယေရုရှလင်မြို့တော် တစ်လျှောက် လမ်းထောင့်များ ပေါ်မှာ တစ်ပါးအမျိုးသားတို့၏ နတ်ဘုရားရုပ်တုများစွာကို ရဲရင့်စွာတည်ထား ကိုး ကွယ်လာကြပါတော့သည်။
သို့သော်လည်း ယေဟောဝါ ဘုရားသခင်အပေါ်သစ္စာစောင့်သိရိုသေသော ဂျူးလူမျိုးတချို့လည်းကျန်ရှိပါသေးသည်။ ထိုသူတို့ကို ပုရောဖက်ဟေရှာယနှင့် မိက္ခာ တို့က အာခတ်မင်း၏ နောက်ဆုံးနှစ်များမှာ ပျက်စီးခြင်းကြားထဲမှ မျှော်လင့်ချက် တော့ထားကြပါသည်။ ပြည်တော်၏ သန့်ရှင်းရာတဲတော်တံခါး၀တို့သည် ပိတ်ဆီးကာ နေ၏။ သို့သော်လည်း သစ္စာရှိ ယုံကြည်သူတစ်စုတို့မှာကား ]ဘုရားသခင်သည် ငါတို့ ဘက်၌ ရှိတော်မူ၏၊} ]ကောင်းကင်ဗိုလ်ခြေ ထာ၀ရဘုရားသခင်ကို ရိုသေခြင်း၊ ကြောက် ရွံ့ထိတ်လန့်ခြင်းရှိကြလော့။ ထိုသို့ပြုလျှင် ထိုဘုရားသခင်သည် သင်တို့ခိုလှုံရာ ဖြစ် တော်မူလိမ့်မည်} (ဟေရှာယ ၈း၁၀၊ ၁၃၊ ၁၄) ဟု စိတ်ချလက်ချပြောဆိုနေကြလေပြီ တကား။
No comments:
Post a Comment