အခန်း (၂၆)
ဟေရှာယ၏ သတင်းစကား
]သင်တို့၏ ဘုရားသခင်ကို
ကြည်ရှုကြ}
စာတန်သည် လူသားတို့အားဖန်ဆင်းသူ ဘုရားသခင်ကို
ဒုက္ခဆင်းရဲခြင်း ဝေဒနာနှင့် သေခြင်းတို့၏အရှင်သခင်ကြီးဖြစ်ကြောင်း
တွေ့မြင်စေလိုသည်မှာ လူသား တို့၏ သက်တမ်းတစ်လျှောက်ကြာညောင်းလှပေပြီ။ စာတန်၏
လှည့်ဖြားမှုကို ခံရသူတို့ အဖို့မှာကား ဘုရားသခင်ကို ]လူတို့သည် အပြစ်ပြုမိလျှင်
တရားစီရင်နှိပ်ကွပ်မည်} ဟု မြင်တတ်ကြသလို
အပြစ်သားကို မည်သည့်အခါမျှ လက်သင့်ခံရန် ဘုရားသခင်သည် ဆန္ဒမရှိ၊ ကူညီရန်ဝေးစွ။
မိမိ၏ ကယ်တင်ခြင်းအတွက် မိမိကိုယ်ကျင့်တရားကိုသာ အားကိုးခြင်းဖြင့် ရယူပါဟု
ဆိုချင်ကြပါသည်။ ဤတွင် ကောင်းကင်ဘုံ တရား ဥပဒေဖြစ်သော ချစ်ခြင်းမေတ္တာပညတ်သည်
အလွဲလွဲအမှားမှား ကိုယ်စားပြုနေသဖြင့် လူတို့၏ ပျော်ရွှင်ခြင်းသည် ရပ်တန့်နေရ၏။
ထိုထမ်းပိုးအောက်မှ လူတို့သည် လွတ် မြောက်သက်ရှင်ရန် လိုအပ်ပါပေသည်။
လှည့်ဖြားမှုကလိန်ကကျစ် ဝိဇ္ဇာကြီးကား ပညတ်တရားကို လူတို့မလိုက် လျှောက်နိုင်ဟု
ကြေညာခဲ့ပါသည်။
ထာ၀ရဘုရားသခင်၏ စစ်မှန်သော ဂုဏ်တော်အပေါင်းကို ဣသရေလလူတို့
မျက်ခြည်ပြတ်သွားရခြင်း၌ ဆင်ခြေပေး၍ မရပါ။ ထာ၀ရဘုရားသခင်သည် မိမိ၏
ဂုဏ်တော်ပေါင်းကို ထပ်ခါတလဲလဲ ဖော်ပြခဲ့ပါပြီ။ ]အို ထာ၀ရဘုရား၊ ကိုယ်တော်သည်
သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ သည်းခံတတ်သော သဘော၊ ကရုဏာနှင့်
သစ္စာကြွယ်၀သောသဘောနှင့် ပြည့်စုံသောဘုရားသခင် ဖြစ် တော်မူ၏။} (ဆာလံ ၈၆း၁၅)။ ထာ၀ရဘုရားသခင်သည် ဣသရေလလူမျိုးနွယ်စု
အပေါင်းကို အီဂျစ်ပြည်မျာ ထုတ်ဆောင်ခဲ့ပြီး ကတိတော်ထားရာပြည်တော်သို့သွား ရောက်ရာ
ခရီးလမ်းတစ်လျှောက်လုံးမှာ နူးညံ့သိမ်မွေ့စွာ ဆက်ဆံတော်မူခဲ့ပါသည်။ (ဆာ
၈၆း၁၅)။]အမှုရောက်လေရာရာ၌ သူတို့ကို ညှင်းဆဲတော်မမူ။ ရှေ့တော်မှ စေ လွှတ်သော ကောင်းကင်တမန်သည်
ကယ်တင်လျက် မေတ္တာကရုဏာတော်ရှိသည် အတိုင်း ရွေးချယ်တော်မူ၏။ ရှေးကာလပတ်လုံး
သူတို့ကို ချီဆောင်တော်မူ၏။} (ဟေရှာယ ၆၃း၉)။
မောရှေသည် ဣသရေလလူမျိုးတို့အား မိမိတို့၏ မမြင်တွေ့ နိုင်သော ရှင်ဘုရင်ကြီး၏
ဂုဏ်တော်အပေါင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြသွန်သင်ခဲ့ပြီ မ ဟုတ်လော။
ဣသရေလလူမျိုးတို့၏ ပုန်ကန်ခြားနားမှု အထွတ်အထိပ်သို့
ရောက်ရှိချိန် မှာလည်း ထာ၀ရဘုရားသခင်သည် မောရှေ၏ နောင်လာနောက်သားမျိုးဆက်များကို
]သူတို့ထက်သင့်ကို သာ၍စည်ပင်သောအမျိုး၊ သာ၍တန်ခိုးကြီးသော အမျိုးဖြစ် စေမည်} (တောလည်ရာ ၁၄း၁၂) ဟု တင်ကူးပြောဆိုခဲ့ပါသည်။ သို့သော်လည်း
ထို ပုရောဖက်ကြီးသည် ရွေးချယ်ခံမျိုးနွယ်စုတို့၏ ကိုယ်စား ထာ၀ရဘုရားသခင်၏
ကတိတော်မြတ်တွေကို ကြွေးကြော်၍ တောင်းပန်ခဲ့ပါ၏။ အကြီးမားဆုံးသော တောင်း
ပန်ချက်ကားအပြစ်နွံ တွင်းကျဆုံးနှစ်မွမ်းနေသော လူသားတစ်နွယ်လုံးကို ချစ်မြတ်
နိုးသော ထာ၀ရဘုရားသခင်၏ မေတ္တာတော်ကို မောရှေသည် နှိုးဆော်ခဲ့ပါသည်။ (ငယ် ၁၇-၁၉)။
ထိုအခါ ထာ၀ရဘုရားသခင်က ကရုဏာသက်စွာဖြင့် ]သင်၏ တောင်းပန်သည်
အတိုင်းငါလွှတ်၏} ဟု
တုံ့ပြန်မြွက်ဆိုလိုက်ပါသည်။ ၎င်းနောက် ထာ၀ရဘုရား
ဣသရေလတို့၏ နောက်ဆုံးအောင်မြင်မှုကြီးနှင့် ပတ်သက်သော မိမိ၏ အကြံတော်ကို
မောရှေသိရှိရန် မျှဝေခဲ့ပါသည်။ ]ငါအသက်ရှင်သည်ဖြစ်၍ ထာ၀ရဘုရားသခင်၏ ဘုန်းတော်သည်
မြေတစ်ပြင်လုံး၌နှံ့ပြားလိမ့်မည်။} (ငယ် ၂၀၊ ၂၁)။
မှန်ပါသည်။ ထာ၀ရဘုရားသခင်၏ ဘုန်းတန်ခိုးတော်၊ ဂုဏ်တော်အပေါင်းနှင့်
ထာ၀ရနူးညံ့သိမ်မွေ့ သော ချစ်ခြင်းမေတ္တာတော်ကို လူသားအပေါင်းတို့အား
ဖော်ကျူးရပေမည်။ ဤ ကတိတော်သည်လည်း အကျန်နှင့်အတည်ပြုခဲ့လေသည်။ သို့ဖြစ်၍ ထာ၀ရဘုရား
သခင်အသက်ရှင်၍ အုပ်စိုးတော်မူသည်အတိုင်း ထိုသခင်၏ ဘုန်းတန်ခိုးတော်ကို
ကျွန်ုပ်တို့သည် ]ခပ်သိမ်းသော လူမျိုးတို့၌ ဖော်ပြကြရမည်} မဟုတ်ပါလား။
(ဆာလံ ၉၆း၃)။
ကမ္ဘာအနှံ့ဧဝံဂေလိဟောပြောရန်
ယနေ့တွင် ဤပုရောဖက်ဟောထားခဲ့သောစကားသည် အလျင်အမြန် ပြည်စုံ
ခြင်းသို့ ရောက်နေလေပြီ။ ကမ္ဘာလူမျိုးအသီးသီးဆီသို့များ မကြာမီအတွင်း ဧဝံဂေလိ
သတင်းစကားပျံ့နှံ့သွားပေတော့မည်။ လူမျိုး၊ ဘာသာစကား အသီးသီးပြောကုန်သော
လူအပေါင်းတို့သည် ]ယေရှုခရစ်အားဖြင့် သားအရာကို ရရှိကြလေပြီ။} ]အကြောင်း မူကား ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍
ကျေးဇူတော်၏အလွန်ကြွယ်၀ခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည် အကြောင်းဖြစ်သတည်း။} (ဧဖက် ၁း၆။၂း၇)။
ဗိမာန်တော်အတွင်း တံတိုင်ပရဝဏ်မှာ ဟေရှာယမြင်တွေ့ခဲ့ရသော
ဘုရား သခင်ပေးမြင်ကွင်းအရ၊ ထာ၀ရဘုရားသခင်၏ ဂုဏ်တော်သည် မြင့်မြတ်သန့်ရှင်း
သလိုနှိမ့်ချကာ ကြင်နာသနားခြင်းစိတ်နှင့်လည်း ပြည့်၀ကြောင်းကို သိရပါသည်။
]အကြောင်းမူကားသန့်ရှင်းဟု နာမရှိတော်မူထသော ထာ၀ရဘုရားသခင်မိန်တော်မူ သည်ကား ငါသည်
မြင်မြတ်သန့်ရှင်းသော အရပ်၌နေ၏။ စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲသော သူတို့၏
စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှါ ကြေကွဲနှိမ့်ချသော စိတ်သဘော ရှိသောသူတို့၌လည်း
ငါနေ၏။} (ဟေရှာယ ၅၇း၁၅)။
ထိုပုရောဖက်သည် ထာ၀ရဘုရားသခင်ကို မြင်တွေ့ရသဖြင့်
မိမိ၏မထိုက် တန်သော အဖြစ်ကို သိမြင်လာသည်နှင့်အမျှ ထာ၀ရဘုရားသခင်သည် ငါ၏အပြစ်
ကိုလုံးလုံးဖြေလွှတ်လိုက်ပြီ။ ( ဟေရှာယ ၆း၇)။ငါသည် ယခုမှာ လုံး၀လွတ်လပ်သွားပြီ
ဟူသော နှိမ်ချသည့်စိတ်နှလုံးကို အခြေခံ၍ ဘုရားသခင်၌ ပြောင်းလဲသော သူ
တစ်ယောက်ဖြစ်လာခဲ့ရပါသည်။ အနှိုင်းမဲ့မေတ္တာရှင် ကိုကြည့်မြင်ခြင်းဖြင့် အသက်
တာသည် လုံး၀ပြောင်း လဲသွားနိုင်ကြောင်းကို ထိုပုရောဖက်သည် တစ်ပါးသူအား
ပွင့်ပွင့်လင်းလင်းသက်သေခံ ပြောကြားနိုင်ခဲ့ပေပြီ။ ထိုမှလွန်၍သူသည် ဣသရေလ
လူမျိုးတို့ အပြစ်ဝန်ထုပ်နှင့် ပြစ်ကြွေးဆပ်ရမည့်အဖြစ်ဆိုးမှ လွတ်မြောက်သွားမည့်
အချိန်ကို မှန်းမျှော်ကာတောင့် တမိခဲ့ပါသည်။ ]သူတို့ကို အဘယ်သို့ဒဏ်ပေးရဦး
မည်နည်း။} ]ထာ၀ရဘုရားသခင်
မိန့်တော်မူသည်ကား လာကြ၊ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည်
နီသောအဆင်းရှိသော်လည်း မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်။ ကတ္တီပါနီနှင့်
အမျှနီသော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။}
(ဟေရှာယ ၁း၅၊ ၁၈၊
၁၆၊၁၇)။
ထာ၀ရဘုရားသခင်၏ ဂုဏ်တော်သည် သူတို့ထင်မှန်နားလည် ခဲ့သလိုမ
ဟုတ်ပါ။ ဝိညာဉ်ရေးရာနှင့် ပတ်သက်သောရောဂါဆိုးများကို ကုသပျောက်ကင်းစေ နိုင်သော
သမားတော်ကြီးတစ်ပါးအဖြစ် သူတို့မြင်တွေ့လာကြလေပြီ။ ကိုယ်တော်နှင့် ဝေးဝေနေ၍
ဖောက်ပြန်လမ်းလွဲသူများ ပင်လျှင် ထိုသခင်ထံပြန်လာကာ အနာမှ
ထမြောက်နိုင်ခွင့်ရပါလိမ့်မည်။ သို့ဖြစ်၍ သခင်က ဤသို့မိန့်မြွက်ခဲ့ပါသည်။ ]သူ၏
အကျင့်ဓလေ့တို့ကို ငါမြင်ပြီ။ သူ့ကို အနာပျောက်စေ၍ လမ်းပြဦးမည်။} (ဟေရှာယ ၅၇း၁၈၊၁၉)။
ထိုပုရောဖက်သည် ထာ၀ရဘုရားသခင်ကို ဖန်ဆင်းသူအဖြစ်
ချီးမြှင့်ခဲ့ပါသည်။ ယုဒပြည်ရှိမြို့ကြီးများသို့ ပေးပို့သောသတင်းစကားများ မှာလည်း
]သင်တို့၏ ဘုရား သခင်ကို ကြည့်ရှုကြ} (ဟေရှာယ ၄ဝး၉) ဟူ၍
ဖြစ်၏။ ]သို့ဖြစ်၍ ငါ့ကို အဘယ်သို့ပုံပြ ရအံ့နည်း။ ငါသည်အဘယ်သူနှင့်တူရအံ့နည်းဟု
သန့်ရှင်းသောဘုရားသခင် မေး တော်မူ၏။ အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို
အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့်
ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍
တန်ခိုးနှင့် ပြည့်စုံတော်မူသော ကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။} (ဟေရှာယ ၄ဝး ၂၅၊၂၆)။
မထိုက်တန်သောအပြစ်သားများကို
ဘုရားသခင်
လက်ခံတော်မူမည်ဖြစ်ခြင်း
ထာ၀ရဘုရားသခင်ကို
ကြောက်ရွံ့၍ အထံတော်သို့ပြန်လာသောသူတို့အား ထာ၀ရဘုရားသခင်သည် အပြစ်ပေးစီရင်မည်
မဟုတ်ပါ။]ထာ၀ရဘုရားသခင်သည် အစဉ်အမြဲ တည်တော်မူသော
ဘုရားသခင်ဖြစ်ကြောင်းကိုလည်းကောင်း၊ မြေကြီးစွန်း တိုင်အောင်
ဖန်ဆင်းတော်မူသောသခင်ဖြစ်ကြောင်းကို လည်းကောင်း၊ မောတော်မူခြင်း၊
ပင်ပန်းတော်မူခြင်း မရှိ။ စစ်၍ မကုန်နိုင်သောဉာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို
လည်းကောင်း သင်သည်မသိမကြားဖူးသလော။ ထိုဘုရားသခင်သည် မောသော သူတို့အား
ခွန်အားကိုပေးတော်မူ၏။ နွယ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့် ပြည့် စုံသော
အခွင့်ကိုပေးတော်မူ၏။ လူပျိုတို့သည်မော၍ ပင်ပန်းခြင်းသို့ရောက် ကြ လိမ့်မည်။
လုလင်တို့သည်လည်းထိမိ၍ လဲကြလိမ့်မည်။ ထာ၀ရဘုရားသခင်ကို မျှော်
လင့်သောသူတို့မူကားအားပြည့်ကြလိမ့်မည်။ ရွှေလင်းယုန်ကဲ့သို့ မိမိတို့အတောင်ကို
အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသော အခါ မမောရကြ} (ငယ် ၂၈-၃၂) ဟု ပုရောဖက်က ကြွေးကြော်ခဲ့ပါသည်။
အနှိုင်းမဲ့ မေတ္တာရှင်ဘုရားသခင်သည် စာတန်၏
ပရိယာယ်ထောင်ချောက် များမှ မိမိတို့ကိုယ်ကို မလွတ်မြောက်၊ ရုန်းမထွက်နိုင်သော
သူတို့ကို သနားသော မျက်လုံးအစုံဖြင့် ကြည့်ရှုနေပါသည်။ ထိုသူတို့အား
ကိုယ်တော်ဘုရားသခင်က ]မစိုး ရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။
သင်၏ဘုရားသခင်ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင်ကိုစောင့်မမည်။
ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။} ]မစိုးရိမ်နှင့်
ငါမစမည်} ဟု ခွန်အားပေး
နှိုးဆော်ကာ အာမခံချက်ပေးထားခဲ့လေပြီ မဟုတ်လော။ (ဟေရှာယ ၄၁း၁၀၊ ၁၃၊၁၄)။ သို့ဖြစ်၍
အသင်၌ရှိသည် အခြေအနေ အတိုင်း သခင့်ထံသို့ ပြန်လာပါ။
လူများစွာတို့သည် ထာ၀ရဘုရားသခင်၏ ဂုဏ်တော်များစွာတို့နှင့်
လုံးလုံး လျားလျား အကျွမ်းမဝင်ဖြစ်နေသေးသည်အတွက် ထိုသူတို့သည် ဘုရားသခင်၏
ဘုန်းတော်ကို ဖူးမြင်ရန်လိုအပ်နေ၏။ သို့ဖြစ်၍ မိမိ၏ကရုဏာတော်နှင့် ပြည့်၀သော
စီမံချက်များကို ရှင်းလင်းပီပြင်စွာ သိရှိနိုင်အံ့သောငှါ ဘုရားသခင်သည် မိမိ၏
ပုရောဖက်တို့ကို သတင်းစကားနှင့်တကွ အလီလီ စေလွှတ်ခဲ့ပါပြီ။ ]သင်တို့အသီးသီး
လိုက်သော လမ်းဆိုးနှင့်အကျင့်ဆိုးများကို ပယ်ရှား၍} (ယေရမိ ၂၅း၅)
သက်ရှင် နေထိုင်ကြပါလော့။ ]သင့်ကို ရှင်းရှင်းမပယ်မဖျက်ခြင်းငှါ ငါသည်
ကိုယ်နာမအတွက် ကိုယ်အမျက်ကို ချုပ်တည်မည်။ ကိုယ်ဂုဏ်အသရေအတွက် သင်၏အမှု၌ ငါသည်း
ခံမည်} ဟု ထာ၀ရဘုရားသခင်
အမိန့်တော်ရှိခဲ့ပါသည်။ (ဟေရှာယ ၄၈း၉၊၁၁)။
ထာ၀ရဘုရားသခင်သည် သင့်ကို
လက်ခံတော်မူမည်ဖြစ်ခြင်း
ထာ၀ရဘုရားသခင်သည် လူအပေါင်းတို့ကို နောင်တရရန်
မိမိ၏ပုရောဖက် များအားဖြင့် ဖိတ်ခေါ်လျက်နေ၏။ ထိုကြောင့် ပုရောဖက်ဟေရှာယသည် ဤသို့
တောင်းပန်ခဲ့ပါသည်။ ]တွေ့နိုင်သည် ကာလတွင် ထာ၀ရဘုရားသခင်ကို ရှာကြလော့။
နီးတော်မူသည်ကာလတွင် ဆုတောင်းပတ္ထနာပြုကြလော့။ ဆိုးသောသူသည် မိမိလမ်း
ကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံအစဉ်တို့ကိုလည်း စွန့်ပစ်၍ ထာ၀ရ ဘုရားသခင်
ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့
ဘုရားသခင်ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့်အပြစ်ကို လွှတ်
တော်မူလိမ့်မည်။} (ဟေရှာယ ၅၅း၆၊ ၇)။
သင်သည် ထာ၀ရဘုရားသခင်အထံတော်မှ ပြေးရှောင်၍ နေပါသလော။
သင်သည် မကောင်းမှုအစားအသောက်နှင့် ပွဲတော်တည်၍ သင်၏နှုတ်ခမ်းကို ပြာနှင့်
လူးနေပြီလော။ ယခုတွင်သင်၏ အကြံအစည်သည်ပျက်၍ မျှော်လင့်ချက်မရှိ။ လုံး၀
ကင်းမဲ့နေချိန်မှာ ပျက်စီးခြင်းနှင့်အတူ အထီးကျန်ဘ၀မျိုးရှိ နေလေပြီကော။ ထို
အချိန်မျိုးမှာ ကြည်လင်၍ပီသရှင်းလင်းသောအသံတော်ကို သင်ကြားရသောအခါ တုံ့ပြန်ပါ။
သင်၏ကောင်းကင်ဘုံအဖခမည်းတော်သည် သင့်ကို ဖိတ်ခေါ်နေပါသည်။ ]ထ၍သွားကြလော့။ ဤအရပ်သည်
ညစ်ညူးသောကြောင့် ကြီးစွာသော ပျက်စီးခြင်းနှင့် ပျက်စီးရလိမ့်မည်။} (မိက္ခာ ၂း၁၀)။ ]ငါ့ထံသို့ ပြန်လာလော့။ သင့်ကို
ငါရွေးနုတ်ပြီ။} ]နူးညွတ်သောနားနှင့်
ငါထံသို့လာကြလော့။နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့၏ ဝိညာဉ်သည်
အသက်ရှင်ရလိမ့်မည်။} (ဟေရှာယ ၄၄း၂၂။
၅၅း၃)။
သင်သည် မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်။ ကောင်းမှသခင်ထံ
ပြန် လာမည်ဟုဆို၍ သခင်ခရစ်တော်နှင့် ဝေးစွာနေလေဦးမည်ဟူသော ရန်သူစာတန်၏
အကြံပေးချက်ကို နားမထောင်ပါနှင့်။ ကယ်တင်ပိုင်သူ ယေရှုခရစ်တော်၏ကတိတော် မြတ်ကို
ပြန်လည်ရွတ်ဆိုပါ။ ]ငါထံသို့လာသောသူကို ငါသည် အလျှင်းမပယ်။} (ယောဟန် ၆း၃၇)။ သခင်ယေရှု၏ သက်စွန့်မေတ္တာသွေးသည်
ငါ၏အပြစ်များ အားလုံးကို ဆေးကြောသန့်စင်ပေးခဲ့ပြီဟု သင်ရန်သူစာတန်ကြီးကို
ပြောလိုက်ပါ။ ပြီးလျှင် ဒါဝိဒ်မင်းဆုတောင်းခဲ့သလို သင်ဆုတောင်းပါ။ ]အကျွန်ုပ်ကို
မိုးပွင့်ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော်မူပါ} (ဆာလံ ၅၁း၇)။
ယုဒပြည်လုံးကို နှိုးဆော်တရားဟောကြားခဲ့သော ပုရောဖက်ဟေရှာယ၏
လုပ် အားသည် အလဟဿတော့ဖြစ်မသွားပါ။ တချို့လည်း လူတစ်ပိုင်း၊ တိရစ္ဆာန်တစ်ပိုင်း
နတ်ဘုရားရုပ်တုကိုးကွယ်ခြင်းမှ ပြန်လှည့်လာကြပါသည်။ သူတို့၏ ဖန်ဆင်းသူဘုရား သခင်၏
ချစ်ခြင်းမေတ္တာ၊ သနားခြင်း ကရုဏာတော်နှင့် ဂုဏ်ကျေးဇူးတော်များကိုလည်း
မြင်တတ်လာကြပါပြီ။ မှောင်မိုက်ဖုံးလွှမ်းသော နေရက်အခါမျိုးမှာ ပုရောဖက်၏စကား သည်
အသီးဆောင်၍ ဘာသာရေးဘက်တွင် နိုးကြားပြောင်းလဲမှုရှိလာတတ်ပေသည်။ ထိုစဉ်အခါ အားလုံးက
ထာ၀ရဘုရားကို ချစ်မြတ်နိုးရမှန်းသိလာသည် အပြစ်လွှတ်ခြင်း အခွင့်ကို ခံရသဖြင့်လည်းသူတို့သည်
ထာ၀ရဘုရားသခင်၌သာဝါကြွားဝံ့ကြသည်။ ဝမ်းမြောက်စွာနှင့် ဤသို့တစ်ဖုံ
ကြွေးကြော်တတ်ကြပေသေးသည်။ ]အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ငါတို့၏
တရားသူကြီးဖြစ်တော်မူ၏။ ထာ၀ရဘုရားသခင်သည် ငါတို့၏ ရှင်ဘုရင်ဖြစ်၍ ငါတို့ကို
ကယ်တင်တော်မူလိမ့်မည်။ }(ဟေရှာယ ၃၃း၂၂)။
ပုရောဖက်ဟေရှာယ၏ ဦးဆောင်ဟောကြားသွားခဲ့သော သတင်းစကားအလုံး
စုံကို ယုံကြည်နားတောင်သဖြင့် မိမိတို့၏
မကောင်းမှုလမ်းခရီးမှရှောင်လွှဲကျောခိုင်းရန် ရွေးချယ်သောသူတို့၌ကားကြီးစွာသော
နှစ်သိမ့်ခြင်းနှင့်ခွန်အားသစ်ကို ပြန်လည်ရရှိ နိုင်ခဲ့ကြလေသည်။
]အို ဣသရေလအမျိုး၊ သင့်ကို ငါမမေ့လျော့။ သင်၏
မကောင်းမှုတို့ကို တိမ် တိုက်ကဲ့သို့လည်းကောင်း၊ သင်၏အပြစ်တို့ကို
တိမ်လွှာကဲ့သို့လည်းကောင်း ငါချေပြီ။ ငါ့ထံသို့ ပြန်လာတော့။ သင့်ကိုငါရွေးနုတ်ပြီ။} (ဟေရှာယ ၄၄း၂၁၊ ၂၂)။
]ထိုကာလ၌ သင်မြွက်ဆိုရမည်ကား အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည်
ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါမည်။ အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း
တစ်ဖန်အမျက်တော် ငြိမ်း၍ အကျွန်ုပ်နှစ်သိမ့်စေတော်မူ၏။ အိုဇိအုန်မြို့နေ အပေါင်း
တို့၊ ဝမ်းမြောက်သဖြင့် သီချင်းသံကို မြှင့်၍ ကြွေးကြော်သီဆိုကြလော့။
အကြောင်းမူကား ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားသခင်သည် သင်၏အလယ်၌ ဘုန်းကြီး
တော်မူ၏ ဟု မြွက်ဆိုရလိမ့်မည်။} (ဟေရှာယ ၁၂း၁-၆)။
No comments:
Post a Comment