Tuesday, March 10, 2026

 

အခန်း (၅၄)

တစ်ကိုယ်ကောင်းစိတ်ကို ရဲတင်းစွာဆုံးမပြစ်တင်သူ နေဟမိ

ဤအခန်းကြီးသည် (နေဟမိ ၅ )ကို အခြေခံထားသည်။

 

               နေဟမိသည် ဝမ်းနည်းစရာကောင်းသော သူဆင်းရဲလူတန်းစားတို့၏ အဖြစ်ကို အာရုံပြုမိသည်တွင် သူတို့တစ်တွေမှာ စားစရာဂျုံ၊ ဆန်မလုံလောက်၊ ရှားပါးနေ၏။ အစာ ကို ရရှိဖို့ရန်အတွက်ကိုလည်း ဈေးနှုန်း အဆမတန်တင်ထားသော စားသောက်ကုန် များကို လက်ငင်းနှင်ဝယ်စေ၏။ အကြွေးမရောင်းပါ။ တစ်ဖန် ပေရသိလူတို့ပြဌာန်းထား သည့် မတန်တဆ အခွန်အတုတ်ကို ပေးဆပ်ရန် ငွေကြေးကို အတိုးနှင့် အတင်းအကျပ် ချေးယူစေ၏။ ထိုထက်ပို၍ဆိုးဝါးစေသည်ကား သူချမ်းသာ ဂျူးလူမျိုးတို့သည် သူဆင်းရဲ သားတို့ထံမှာ အမြတ်ထုတ်ကုပ်သွေးစုပ်နေကြ၏။ ]ဘူးလေးရာ ဖရုံဆင့်၊} ]လဲရသူခိုး ထောင်း} ဆိုသကဲ့သို့တည်း။

               ထာ၀ရဘုရားသခင်၏ မိန့်မှာတော်မူချက်များအရ သုံးနှစ်ရောက်တိုင်း မိမိတို့၏ ရပိုင်သည့် အကျိုးအမြတ်ထဲမှ ဆယ်ပုံတစ်ပုံကို ဆင်းရဲသားတို့အား မျှဝေရန်နှင့် မြေ အသီးအနှံနှင့် ပတ်သက်၍ ခုနစ်နှစ်ရောက်တိုင်း လိုအပ်သူဆင်းရဲသားတို့အတွက် လုပ် စားရန် လယ်မြေကို အခမဲ့ငှားရမ်းရပါမည်။ ဤညွှန်ကြားချက်အတိုင်း သစ္စာရှိစွာ လိုက် နာကျင့်သုံးခြင်းသည် ဆင်းရဲသားလူတန်းစားကို ထောက်ပံ့-သက်သာရာရစေသလို၊ အရာခပ်သိမ်းအားလုံးကို ဘုရားသခင်ပိုင်တော်မူကြောင်း ဖော်ပြသိမြင်စေပါသည်။ သို့ မှသာလျှင် တစ်ကိုယ်ကောင်းစိတ်ထားရှိခြင်ကို အမြစ်ပါမကျန်ရှင်လင်းစွန့်ပစ်နိုင်မည် မဟုတ်လော။ ကျမ်းစာလာသည်ကို မှတ်သားပါ။ ]သင်၏ အမျိုးသားချင်း၌ အတိုးယူ၍၊ ငွေ၊ စားစရာ၊ အသုံးအဆောင်ကို မချေားငှါးရ။} (တရားဟော ၂၃း ၁၉)။ ]သင်နေရာ ပြည်၌ ဆင်းရဲသားမပြတ်ရ။ ထိုကြောင့် သင့်ပြည်၌ ဆင်းရဲငတ်မွတ်သော ညီအစ်ကို ချင်းတို့အား သင်၏လက်ကို ကျယ်ကျယ်ဖွင့်ရမည်အကြောင်း ငါမှာထား၏။} (တရား ဟော ၁၅း၁၁)။

 

               ဂျူးလူမျိုးကြွယ်၀ချမ်းသာသူတို့သည် ဤမိန့်မှာချက်များနှင့် တိုက်ရိုက်ကြီးပင် ဆန့်ကျင်ကာနေ၏။ သူဆင်းရဲတို့က ရှင်ဘုရင်ကို လူခွန်ပေးရန် ငွေကို ချေးငှားရယူနေ ရသည့် အချိန်မျိုးမှာ သူဌေးတို့သည် အတိုးကိုမြှင့်တင်လိုက်သည်။ ငွေမလုံလောက် သော် အပေါင်ခံသည်။ အပေါင်ခံထားရာများကို ပြန်မရွေးနိုင်လျှင် ဆုံးသွားတော့၏။ ဤသို့လျှင် သူဆင်းရဲလူတန်းစားတို့ ဆိုင်းရဲတွင်းနက်ရ၏။ များစွာသော သူဆင်းရဲသား သမီးတို့မှာ ကျွန်ဘ၀သို့ ရောင်ချခြင်းကို အတင်းအကျပ်ပြုခံရသည်။ အဘယ်မှာလျှင် ဆင်းရဲသားတို့၏ ဘ၀ပြန်လည်ဦးမော့ကာ လန်းဆန်းနိုင်ပါတော့မည်နည်း။ လိုအပ်မှု များ အဆုံးမရှိတော့ပြီ။

               သို့ဖြစ်၍ သူဆင်းရဲတို့သည် နေဟမိကို ရင်ဖွင့်ပြောကြားကြလေ၏။ ]ငါတို့သား သမီးများကိုရောင်း၍ ကျွန်ခံစေရမည်လေလော။ ကျွန်ခံပြီးသော သားသမီးတို့ကိုလည်း ရွေးခြင်းငှါမတတ်နိုင်၊ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့သည် သူတစ်ပါးလက်သို့ ရောက် လေပြီတကားဟု ဆိုကြ၏။}

               ထိုအခါ နေဟမိ၏စိတ်နှလုံးသည် ဆို့တက်လာ၏။ ထိုနောက် ဒေါသထွက်လာ ပါသည်။ ထိုသို့အပြစ်တင်မြည်တမ်းသောစကားကို ငါသည်ကြားသောအခါ အလွန်ညှိုး ငယ်သောစိတ်ရှိ၍ ကိုယ်အလို အလျောက်ဆင်ခြင်ပြီးမှာ တရားဖြင့် ရပ်တည်ပေးဖို့ လို အပ်လေပြီဟုမြင်ကာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။

               အမှန်အားဖြင့် ကြေးငွေရှိသူထိုယုဒလူများသည် ကြီးနိုင်ငယ်ညှဉ်း လုပ်ကြသူ များ ဖြစ်၏။ သူတို့သည် မြို့တော်ကို ပြန်လည်ပြုပြင်တည်ထောင်ရာ၌ ပါဝင်သင့်ကြ သည်မဟုတ်လော။ ငွေကြေးအားဖြင့် ထောက်ပံ့ဖို့လိုပေသည်။ သို့ဖြစ်၍ နေဟမိသည် ]မÈ;မတ်နှင့် မင်းအရာရှိတို့ကိုခေါ်၍၊ သင်တို့သည် အမျိုးသားချင်းတို့၌ အတိုးစားတတ် ကြသည်တကားဟု ဆုံးမသဖြင့်} ထာ၀ရဘုရားသခင်၏ တောင်းဆိုချက်များကို သူတို့ အား ကြားသိစေသည်သာမက ကျင့်သုံးရန် ကတိသစ္စာပြုစေခဲ့ပါသည်။ ဤတွင် နေဟ မိသည် အာဟပ်မင်းစိုးစံခဲ့စဉ်က ဖြစ်ရပ်မှန်များကို ပြန်လည်ပြောဆိုခဲ့၏။ ယဇ်နတ်ပူ ဇော်ပသခြင်း ကိုးကွယ်မှုကြောင့် ယုဒပြည်သည် ပိုမို၍နတ်ဘုရားကိုးကွယ်မှုမှာ အား ကြီးသော ဣသရေလလူမျိုးတို့၏ လက်တွင်းသို့ကျရောက်ခဲ့ရသည် မဟုတ်လော။ ထို စဉ်အခါက ယုဒအမျိုးသမီးများနှင့် ကလေးငယ်များတို့ကို တစ်ပါးအမျိုးသားတို့ဆီသို့ ကျေးကျွန်အဖြစ် ကိုယ်ကို အပ်နှံခဲ့ရပြီမဟုတ်လော။ လူသားအချင်းချင်းအရောင်းစာ ခံဘ၀သည် ဆိုးဝါးလှ၏။ ယုဒပြည်၏အပြစ်များကြောင့် ထာ၀ရဘုရားသခင်သည် ကိုယ် တော်တိုင်ကြားဝင် မကန့်ကွတ်ဘဲ ပုရောဖက်ဩဒက်အားဖြင့် ရှမာရိမြို့သို့ ပြန်လာသော အောင်ပွဲခံတပ်ကို ဆီးကြိုလျက် ဆုံးမပြစ်တင်ခဲ့၏။ ]ယခုတွင်လည်း ယုဒပြည်သူ၊ ယေရု ရှလင်မြို့သား ယောက်ျား၊ မိန်းမတို့ကို အစေခံကျွန်လုပ်၍ နှိပ်စက်မည့်အကြံရှိ ကြ ပါသည်တကား။ သို့ပြုလျှင် သင်တို့၏ ထာ၀ရဘုရားသခင်ကို ပြစ်မှားရာသို့ ရောက်မည် မဟုတ်လော။} (၆ရာ ၂၈း၁၀)။

               ဤစကားကိုကြားသော် စစ်သူရဲတို့သည် သိမ်းယူခဲ့သောလူများနှင့် လုယူခဲ့ သောဥစ္စာများကို မင်းတို့ရှေ့၊ ပရိသတို့ရှေ့မျာချထားကြ၏။ ထိုအခါ ဧဖရိမ်အမျိုးသား အကြီအကဲတို့က ထလျက်၊ ]သိမ်းယူခဲ့သော သူတို့ကို ခေါ်၍ အဝတ်မရှိသောသူတို့ကို လက်ရဥစ္စာဖြင့် ဝတ်ဆင်စေကြ၏။ ခြေနင်းတို့ကို စီးစေကြ၏။ စားသောက်စရာဖို့ ပေး ကြ၏။ ဆီနှင့်လိမ်းစေကြ၏။ အားမရှိသော သူအပေါင်းတို့ကို မြည်းပေါ်မှာတင်၍ သူတို့ ပေါက်ဖော်ရှိရာ ယေရိခေါမြို့တည်း ဟူသော စွန်ပလွံပင်မြို့သို့ပို့ပြီးမှ ညီအစ်ကိုများရှိရာ ရှမာရိမြို့သို့ ပြန်သွားကြ၏။} (ငယ် ၁၅)။

               နေဟမိနှင့် တတ်နိုင်သူတချို့တို့သည် တစ်ပါးအမျိုးသားတို့လက်၌ ကျွန်ခံ နေရသော ညီအစ်ကိုယုဒလူတို့ကို ရွေးနုတ်ခဲ့ကြပြီးသည်နောက် ]သင်တို့သည် ညီအစ် ကို တို့ကို တစ်ဖန်ရောင်းဦးမည်လော။ သူတို့သည် အမျိုးသာချင်းတို့တွင် အရောင်း ခံ ရမည်လော ဟုဆိုလျှင် သူတို့သည် ပြန်ပြောစရာမရှိ၊ တိတ်ဆိတ်စွာနေကြ၏။} သူ ကိုယ်တိုင်ကလည်း၊ ပေရသိရှင်ဘုရင်ထံတော်မှာ အာဏာတန်ခိုးနှင့်လာရောက်သူဖြစ် သောကြောင့် သူ့ကိုယ်ကျိုးအတွက်ဆိုလျှင် ငွေနှင့်ဆန်စပါးများစွာကို တောင်းခံပိုင်ခွင့် ရှိပါလျက်နှင့် မပြုဘဲ ဆင်းရဲသားတို့အား ပေါ့ပါးစေလိုကြောင်း၊ သို့ဖြစ်၍တစ်ပါးအမျိုး သားရန်သူတို့၏ ကဲ့ရဲ့မှုကိုပယ်ရှား၍ မိမိတို့၏ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် ကျင့်ကြံအားထုတ်ကာ နေသင့်ကြောင်း၊ အတိုးစားခြင်းအမှုကိုလည်း ပယ်ဖျက်ဖို့လို ကြောင်း၊ မတရားသဖြင့် အကြမ်းဖက်ကာ သိမ်းယူခဲ့သော လယ်မြေတို့ကိုလည်း သူ ဆင်းရဲတို့အား ပြန်ပေးအပ်သင့်ကြောင်း နေဟမိကနှိုးဆော်စကားဟောကြားခဲ့ပါသည်။

               ထိုအခါ ယုဒလူမျိုးအကြီးအကဲမင်းတို့က ]ပြန်ပေးပါမည်။ ဘာမျှမတောင်း မ ယူပါ။ ကိုယ်တော်မိန့်တော်မူသည် အတိုင်းပြုပါမည်ဟု ဝန်ခံကြ၏။ စည်းဝေးသော သူ အပေါင်းတို့သည် အာမင်ဟုဝန်ခံ၍ ထာ၀ရဘုရားသခင်ကို ချီးမွမ်းကြ၏။ လူများတို့ သည်လည်း ကတိထားသည် အတိုင်းပြုကြ၏။}

 

ဧဝံဂေလိသတင်းစကားသည်ယနေ့စီပွားရေမမျှတမှုများကို ကုသနိုင်ခြင်း

               ဤမှတ်တမ်းသည် ကျွန်ုပ်တို့အတွက် အရေးကြီးသော သင်ခန်းစာကိုပေး၏။ ဤလိုခေတ်အခါမျိုးမှာ ကြွယ်၀ချမ်းသာမှု မည်သည် မရိုးသားမတရားအမှားပြုမှ ရရှိ လေ့ရှိပါသည် မဟုတ်လော။ သူတစ်ပါးငိုမှ ကိုယ့်မှာစည်းစိမ်တိုးရသော ခေတ်ကြီးပါ တကား။ လူမြောက်မြားစွာတို့သည် ဆင်းရဲတွင်းနက်နေရ၏။ အလုပ်ကိုဖိလုပ်ရသ လောက် ရသောအခမှာနည်းပါးလှ၏။ အသက်တာလိုအပ်ချက်များစွာကို မဖြည့်ဆည်း ပေးနိုင်ပါ။ သောကဖိစီးသည်သာမက ဝေဒနာရအောင်နှိပ်ကွပ်မှုကိုလည်း ခံရပေသေး သည်။ လွတ်မြောက်ရာအတွက် ဘယ်ကိုသွားအကူအညီတောင်း ရမည်မသိဖြစ်နေ တော့၏။ ဤကဲ့သို့လျှင် ဆင်းရဲတွင်းနက်နေသူများ ပေါကြွယ်၀သလောက်၊ သူချမ်း သာတို့မျာ မိမိတို့၏အကျိုးမဲ့Jဖြုန်းတီးမှုများအတွက် ကြွယ်၀ရင်းချမ်းသာနေလေသည်။ မိမိတို့၏ အလိုပျော်ပါးရေးအတွက် စုဆောင်းထားကြလေပြီတကား။

               ကြေးငွေတပ်မက်မှုနှင့် အပြင်ပန်းသဏ္ဌာန်ကို ဦးစားပေး၍ ဝါကြွားခြင်း ဆန်မှု တို့သည် ဤလောကနိုင်ငံကမ္ဘာကြီးမှာ သူခိုးတို့ကျက်စားရာ သားရဲတွင်းသာဖြစ် ပေ သည်။ ဤသည်နှင့်ပတ်သက်၍ ယာကုပ်ဩဝါဒစာစောင်မှာ ဤသို့ပြောထားပါ၏။ ]အ ချင်းသူဌေးသူကြွယ်တို့၊ ယခုလာကြ။ သင်တို့အပေါ်၌ ရောက်လတ္တံသော ဆင်းရဲ ဒုက္ခဝေဒနာကြောင့် ငိုကြွေးအော်ဟစ်ကြ။ နောက်ဆုံးသော နေ့ရက်ကာလအဖို့ ဘဏ္ဍာ ကို ဆည်းပူးကြပြီတကား။ နားထောင်ကြ၊ သင်တို့လယ်ကွက်၌ ရိတ်သောသူတို့ကို လှည့် စား၍ အခမပေးဘဲနေသောကြောင့် ထိုအခသည် ကြွေးကြော်လေ၏။ ရိတ်သော သူတို့၏ အော်ဟစ်သံသည်လည်း ကောင်းကင်ဗိုလ်ခြေထာ၀ရဘုရားသခင်၏ နားတော် ထဲသို့ ဝင်လေပြီ။} (ယာကုပ် ၅း၁၊ ၃-၅)။

               ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ပါသည်ဟု ပြောဆိုကြသူများထဲမှာပင် လျှင် ဣသရေလသူကောင်းမျိုးထဲမှာ ကျင့်သုံးသက်ရှင်ခဲ့ကြသလို ယခုလည်းပြုနေကြပါ၏။ ဤသို့ပြုနိုင်ရန် သူတို့မှာ လုပ်ပိုင်ခွင့်အာဏာရှိသောကြောင့်ပေတည်း။ ခရစ်ယာန်နာ မည်ခံသူတို့၏ အသက်တာမျာ လောဘကြီးခြင်းကို တွေ့မြင်ရသောအခါ သခင်ခရစ် တော်၏ ဘာသာတရားဖြစ်သော ခရစ်ယာန်သာသနာတော်မှာ အထင်အမြင်သေးပြီး မုန်းတီးရွံရှာခြင်းကို ခံရပါသည်။ ကြေးငွေဖြုန်းတီးမှုနှင့် အတင်းအကျပ်ပြုကာ ရယူ ပိုင်ဆိုင်ခြင်းသည် လူများစွာတို့၏ ယုံကြည်ခြင်းကို ညစ်ညမ်းလာစေသလို ၎င်းတို့၏ ဝိညာဉ်ရေးကိုလည်း ဖျက်ဆီးနေပါ၏။ အကယ်၍သာ ထိုအမှုအရာကို အသင်းတော် သည် တွေ့မြင်သိရှိပါလျက်နှင့် ဆုံးမပြစ်တင်ပဲ့ပြင်မှုကို မပြုပါသော် ထိုအသင်းတော် သည် အပြစ်ဆီသို့ မျက်နှာသာပေးနေပြီဟု မှတ်ယူရပါမည်။

               မတရားမှုမှန်သမျှသည် လူလူချင်းညှာတာထောက်ထားကာ ဆက်ဆံရပါမည် ဟူသော ရွှေပညတ်ကို လွန်ကျူးရာကျပေ၏။ သခင်ခရစ်တော်ကို ယုံကြည်သူ သားစစ် သမီးမှန်များအားဖြင့် ပြစ်မှားနေခြင်းဖြစ်ပါသည်။ မသိနားမလည်သူ၊ ရိုးအသူတို့နှင့် ကံဆိုးမိုးမှောင်ကျရောက်နေသူ တို့အပေါ် အခွင့်ကောင်းယူရန် ကြိုးစားအားထုတ်မှု တိုင်းသည် ခရစ်ယာန်မဆန်သည့် အကျင့်ဖြစ်ပါသောကြောင့် မှားယွင်းမှု တစ်ခုအနေ ဖြင့် ကောင်းကင်နိုင်ငံ၏ လယ်ဂျာစာရင်းစာအုပ်ထဲမှာ ရေးမှတ်မော်ကွန်းတင်ထားခြင် ကိုခံရပေမည်။ တစ်ပါးသူတို့အကျိုးပျက်ရန် လမ်းခင်း၍ မိမိကိုယ်ကျိုးအတွက် အကျိုး အမြတ်ကို ရယူခြင်းသည် ထာ၀ရဘုရားသခင်၏ ဝိညာဉ်တော်လွှမ်းမိုးမှုကို မိမိကိုယ် နှုတ်ကပယ်ရှားသည်နှင့် တူပါလိမ့်မည်။ ဝိညာဉ်တော်တိုက်တွန်းနှိုးဆောင်မှုကို ကြာ သော် မခံစားမိတော့ဘဲ မေ့လျော့ခြင်း ရှိလာပေလိမ့်မည်။

               ဘုရားသခင်၏ သားတော်သခင်ယေရှုသည် ကျွန်ုပ်တို့၏ ကယ်တင်ရွေးနုတ် ခြင်းအတွက် အသက်ကို ပေးခဲ့လေပြီ။ ကျွန်ုပ်တို့သည် ကြွယ်၀ချမ်းမြေ့ခြင်းရှိစေရန် အတွက် ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခကို ထိုသခင်သည် ခံယူခဲ့ပါ၏။ ထိုကျေးဇူးကို ကျွန်ုပ် တို့သည် အသက်ရှင်နေသမျှ မမေ့အပ်ပါချေ။ သို့ဖြစ်၍လည်း ဆင်းရဲသူဆင်းရဲသား တို့အား ရက်ရောစွာ ပေးကမ်းလÈဒါန်းကာ အကျိုးပြုအပ်ပါပေသည်။ ဤသို့လျှင် မိမိ သည် စစ်မှန်သော ခရစ်ယာန်တစ်ဦး ဖြစ်ကြောင်းပြသရာ၏။ ]ငါတို့သည် အဆင်သင့် သည်အတိုင်း ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက် ခပ် သိမ်းသောသတို့အား ကျေးဇူးပြုကြကုန်အံ့။} (ဂလာတိ ၆း၁၀)။ ]သင်တို့သည် ကိုယ်၌ သူတစ်ပါး ပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်း နှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အခြာပင်ဖြစ်သတည်း။}(မာကု ၁၄း၇)၊ (မဿဲ ၇း၁၂)။

 

 

 

No comments:

Post a Comment