Tuesday, March 10, 2026

 

အခန်း (၅၈)

သန်းခေါင်ယံထက်ညဉ့်မနက်နိုင်တော့ပြီ

 

               ကျွန်ုပ်တို့၏မိဦးဖဦးအာဒံနှင့် ဧ၀တို့သည် မိမိတို့၏ အေးချမ်းသာယာသော ဧဒင် ဥယျာဉ်အိမ်တော်ကြီးကို ကျောခိုင်းထွက်ခွာလာခဲ့သည့် အချိန်မှစ၍ ဘုရားသခင် ၏ သားတော်သည် ကယ်တင်ပိုင်သူယေရှုခရစ်တော်အဖြစ် ပေါ်ထွန်းမူသည့် နေ့ရက် တိုင် ရာစုနှစ်ပေါင်းများစွာ လူသားတို့သည် အပြစ်တရား၏ စိုးမိုးခြင်းနှင့်  သေမင်းနိုင်ငံ ၏ တန်ခိုးမှကင်းလွတ်ဖို့ရန် ကယ်တင်ပိုင်သူကို စောင့်မျှော်လျက်ရှိနေခဲ့ကြပါသည်။ (ဟေရှာယ ၈း၂၂)။

               ဘုရားသခင်သည် စာတန်နတ်ဆိုးမင်းအား ဖြစ်ရပ်မှန်အကျိန်ကို ကြေညာ လိုက်သောအခါမှာ အာဒံနှင့်ဧ၀တို့အတွက် ပထမဦးဆုံးမျှော်လင့်ချက်ကို ရရှိခဲ့ပါသည်။ ]သင်နှင့် မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကို လည်းကောင်း၊ ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်။ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။} (ကမ္ဘာ ၃း၁၅)။ ထိုဘ၀ ကြင်ဖော်တို့သည် ထိုသတင်းကို ကြားသိလိုက်ရသည်နှင့်အမျှ သူတို့မှာ မျှော်လင့်ချက် ရောင်ခြည်သန်းလာ၍ ထိုပျက်စီးခြင်းမှ ကယ်တင်တော်မူမည့် ကတိတော်မြတ်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြပါသည်။ သူတို့ စိတ်ပျက်စရာအကြောင်းမရှိတော့ပါ။ သူ တို့၏ ပြစ်မှားမှုကြီးအတွက် ဘုရားသခင်၏သားတော်သည် မိမိ၏အသွေးကို သွန်းကာ ကိုယ်စားပြု (အစားထိုး) အသေခံသွားမည်မဟုတ်ပါလား။ ခရစ်တော်သခင်၏ ကယ် တင်ခြင်း ကျေးဇူးတော်ကို ယုံကြည်စိတ်ချထားပြီဖြစ်သောကြောင့် သူတို့သည် ဘုရား  သခင်၏ ချစ်သားသမီးများအဖြစ် ဒုတိယအကြိမ်ပြန်လည်ရယူနိုင်မည် ဖြစ်ပါသည်။

               စာတန်နတ်ဆိုးမင်းသည် လူသားကို ဘုရားသခင်၏ စကားနားမထောင် စေ ခြင်းဖြင့် ]ဤလော့၏ဘုရားသခင်} ဖြစ်လာခဲ့ပါသည်။ (၂ကော ၄း၄)။ သို့သော်လည်း ဘုရားသခင်၏ သားတော်သည် လူသားကိုကယ်တင်ဖို့ရန် မကသေးပါ။ ဆုံးရှုံးသွားသော အုပ်စိုးမှုတန်ခိုးအာဏာကို ပြန်လည်ရယူရန် ဖြစ်လေသည်။ ]အိုဧဒါလင့်စင်၊ ဇိအုန် သတို့သမီးနေရာကုန်း၊ သင်သည်အစိုးရလိမ့်မည်။ အရင်တည်သော အာဏာတည် ပြန် လိမ့်မည်။ နိုင်ငံတော်သည် ယေရုရှလင်သတို့သမီးလက်သို့ တစ်ဖက်ရောက်လိမ့်မည်။} (မိက္ခာ ၄း၈)။

               ဤမင်္ဂလာရှိသော ကယ်တင်ရွေးနုတ်မည်ဟူသည့် မျှော်လင့်ချက်သည် ဘယ် သောအခါမျှ မျက်ခြည်ပြတ်မသွားပါ။ (ဧဖက် ၁:၁၄)။ ရှေးမဆွကာလမှစ၍ ခေတ်အ ဆက်ဆက် ယုံကြည်သူသားသမီးတို့သည် ထိုသခင်ကို မျှော်လင့်ခဲ့ကြပါ၏။ အာဒံ၊ ရှေသ၊ ဧနောက်၊ မသုရှလ၊ နောဧ၊ ရှေမ၊ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့သည် မျှော်လင့်ခဲ့ကြပါ၏။ ထိုသူတို့အားဖြင့် ဘုရားသခင်သည် မိမိ၏အလိုတော်ကို ဖော်ပြခဲ့ လေပြီ။ ရွေးချယ်ခံဘုရားသခင်၏ သားသမီးတို့အားဖြင့် မေရှိယသခင်ပေါ်ထွန်း တော် မူမည်ဟူသော ကတိတော်မြတ်အတွက် ဘုရားသခင်သည် မိမိ၏ တစ်ပါးတည်းသော် သားတော်၏ ကိုယ်စားပြုအသေခံသက်စွန့်မေတ္တာအားဖြင့် ကယ်တင်ခြင်းအသိတရား ကို ဝေမျှခဲ့ပါသည်။ (ဆာလံ ၃၇း၂၉)။

               ထိုကတိတော်မြတ်ကို အာဗြဟံအား ဥရမြို့မှာ ခေါ်ထုတ်ချိန်မှ စတင်ခဲ့၏။ ၎င်းနောက် ပြန်လည်မြွက်ဆိုသည်မှာ-]သင့်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။} (ကမ္ဘာဦး ၁၂း၃)။ တရားတော် နေမင်းကြီး၏ ရောင်ခြည်တော်သည် အာဗြဟံ၏ နှလုံးသားအိမ်တွင်းမှာ ထွန်းတောက် လျက်ရှိသဖြင့် သံသယအမှောင်ထုသည် မရှိ၊ ပျောက်လွင့်ကုန်ပြီ။ ကယ်တင်ပိုင်သူ ယေရှုခရစ်တော် ကိုယ်တော်တိုင်က ကမ္ဘာ့လူသားများအလယ်မှာ သက်ရှင်လျှောက် လှမ်းသွားခဲ့ချိန်မှာ ဤကဲ့သို့သော ရှေးဘိုးဘေး၏မျှော်လင့်ချက်ကို သက်သေခံဖော်ပြ ခဲ့ပါ၏။ ]သင်တို့အဘအာဗြဟံသည် ငါကြွလာမည်အချိန်ကာလကို မြော်မြင်ခြင်းငှါ အ လွန်အလိုရှိ၏။ မြင်ရသောအခါ ဝမ်းမြောက်ခြင်းသို့ရောက်သည်ဟု မိန့်တော်မူ၏။} (ယောဟန် ၈း ၅၆)။

               ဤ ]မင်္ဂလာရှိသော မျှော်လင့်ခြင်းကိုလည်း ယာကုပ်သည် မိမိ၏ သားယုဒအား ကောင်းချီးပေးပြောကြားသွားရာ၌ ကြိုတင်၍ အရိပ်အမြွက်ကိုပြခဲ့ပါသည်။ ]ရှိလော (ယေရှုသခင်) မရောက်မီတိုင်အောင်၊ ရာဇလှံတံသည် ယုဒထံမှလည်းကောင်း၊ မင်းအာ ဏာသည် သူ၏အမျိုးအနွယ်ထံမှလည်းကောင်း မရွေ့ရ၊ ရှိလော၌လူမျိုးတို့သည် ဆည်း ကပ်ကြလိမ့်မည်။} (ကမ္ဘာဦး ၄၉း၁၀)။

               တစ်ဖန်၊ နောင်တချိန်မှာ ပေါ်ထွန်းတော်မူမည့် ကမ္ဘာ့ကယ်တင် ရွေးနုတ်ပိုင်သူ အကြောင်းနှင့် ပတ်သက်၍ ဗာလမ်က ဤသို့ကြိုတင်ဟောကြားခဲ့ပါသေးသည်။

               ]ကြယ်တစ်လုံးသည် ယာကုပ်အမျိုး၌ ပေါ်ထွန်း၍ ရာဇလှံတံသည် ဣသရေလ အမျိုး၌ ထင်ရှားလိမ့်မည်။} (တောလည်ရာ ၂၄း၁၇)။

               မောရှေအားဖြင့်လည်း ဘုရားသခင်သည် မိမိ၏သားတော်ကို ကယ်တင်ရွေး နုတ်ပိုင်ရှင်အဖြစ် ဣသရေလတို့အတွက် စေလွှတ်တော်မူမည်ဟူသော အကြံတော်ကို ဖော်ပြခဲ့ပါ၏။ ]သင်၏ ဘုရားသခင်ထာ၀ရဘုရားသည် သင်၏အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပုရောဖက်တစ်ပါးကို သင့်အဖို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပုရောဖက်၏ စကားကို နားထောင်ရမည်။} (တရားဟော ၁၈း၁၅၊ ၁၈)။ သန့်ရှင်းရာတဲတော်၏ ဆောင်ရွက် မှုများကကယ်တင်ရှင်ကို ဖော်ပြခြင်းတဲတော်အတွင်း ယဇ်ပူဇော်ခြင်း အ မှုများသည် ကယ်တင်ရှင် ပေါ်ထွန်းမည်အကြောင်းကို အစဉ်သတိပေးနေပါသည်။ ဣသရေလရာဇဝင်တစ်လျှောက်မှာ လူတို့သည် နေ့တိုင်းအစဉ် ခရစ်တော်သခင်၏ လေးမြတ်သော အမှန်တရားပြပုံတော်နှင့် ပုံအရိပ်တို့ကို ဆည်းပူနေရ၏။ ထိုသခင်သည် ကယ်တင်ရွေး နုတ်ရှင်၊ ယဇ်ပုရောဟိတ်နှင့် ရှင်ဘုရင်မင်းမြတ်ပင် မဟုတ်လေလော။ တစ်နှစ်လျှင် တစ်ကြိမ်ကျ ဣသရေလလူမျိုးတို့သည် ကမ္ဘာ့သမိုင်း၏ နောက်ဆုံးဖြစ်ရပ် မှန်ကိုလည်း ကြိုမြင်ရ၏။ ခရစ်တော်နှင့်စာတန်တို့၏ စပ်ကြားတိုက်လှန်ပွဲကြီးကို စိတ် အာရုံနှင့် ခံစားသိမြင်ရခြင်းပင် ဖြစ်ပေသည်။ ဤမြေကြီးပေါ်မှာရှိသော သန့်ရှင်းရာ တဲတော်သည် ]ပူဇော်တကာနှင့် ယဇ်များကိုပူဇော်သော ကာလတည်းဟူသော မျက် မှောက်ကာလ ပတ်လုံးပုံပမာဖြစ်၏။} သန့်ရှင်းရာဌာနနှစ်ခုစလုံးပင် (ဟဂျာ၊ ဟဂျုံ) ]ကောင်းကင်ဘုံ၌ရှိသော် အရာတို့၏ပုံများ} ပင်ဖြစ်၍ ခရစ်တော်သခင်သည် ယနေ့တွင် ]လူမဆောက်ဘဲ ထာ၀ရဘုရားသခင်ဆောက်တော်မူသော တဲတော်စစ်တည်းဟူသော သန့်ရှင်းရာဌာန၌ ဘုရားသခင်ဝတ်ကို ပြုသောသူဖြစ်တော်မူ၏။} (ဟေဗြဲ ၉း၉၊ ၂၃။ ၈း၂)။

               အာဒံနှင့်သားများတို့သည် ဝိနည်းအထုံးအဖွဲ့ဆိုင်ရာ ယဇ်ပူဇော်မှုများကို စတင် ဆောင်ရွက်သောအချိန်မှာ၊ တစ်နေ့သောအခါ ကယ်တင်ရွေးနုတ် ပေါ်ထွန်းတော်မူ မည်ဟူသော မျှော်လင့်ချက်သည် သူတို့၌ရှိ၏။ (ကမ္ဘာဦး ၃း၁၅)။ ထိုပုံသဏ္ဌာန်ကို ဘုရားသခင်က ဘိ သိက်ပေးပြုလုပ်စေ၏။ ဤဆက်သွယ်မှုသည် ကောင်းကင်ဘုံနှင့် မြေကြီးကမ္ဘာစပ်ကြား ဆက်သွယ်ရေးတစ်ခုဖြစ်ကြောင်း စာတန်မြင်တွေ့လေသည်။ ဤ ဆက်သွယ်ရေးလမ်းကြောင်းကို စာတန်သည် ရာစုနှစ်ပေါင်းများစွာကပင် ဖြတ်တောက် ရန် မပြတ်ကြိုပမ်းခဲ့ပေသည်။ ဘုရားသခင်ကိုလည်း တလွဲကိုယ်စားပြုမြင်စေလို၏။ ကယ်တင်ရှင်ကို ရည် ညွှန်းသော ဝတ်ပြုကိုးကွယ်မှုမှာ ကျင့်သုံးသောဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကို တလွဲအနက်ပြန်စေ၏။ လူသားတစ်နွယ်လုံး၏ မဟာရန်သူကြီး စာတန်သည် ဘုရားသခင်အား ဖျက်ဆီးခြင်းအမှု၌ မွေ့လျော်ကြောင်းကြိုးစား၍ ဖော် ဆောင်နေပါသည်။ အမှန်အားဖြင့် ယဇ်ပူဇော်ခြင်းအမှုသည် လူကိုဘုရားသခင်က မည်မျှ ချစ်မြတ်နိုးကြောင်းကိုသိစေလို၍ ပုံစံချပေးသောအရာဖြစ်ပါသည်။ သို့သော် လည်းစာတန်သည် ထိုအနက်အဓိပ္ပါယ်မှလွှဲဖယ်၍ ဘုရားသခင်သည် ရက်စက် ကြမ်းကြုတ်သော သွေးဆာဘုရားသခင်ဖြစ်ကြောင်း လူတွေကိုသိမှတ်စေပါ၏။ တစ်ချိန် တည်းမှာပင် လူကို ထပ်ခါထပ်ခါ အပြစ်ကျူးလွန်စေခြင်ဖြင့် ဘုရားသခင်နှင့် ဝေးကွာ စေကာ အပြစ်လှောင်အိမ်မှာ ခြေချင်းခတ်ခံရသူ၊ မျှော်လင့်ချက်မဲ့သူအဖြစ် စာတန် သည် ကျုံးသွင်းနေပါ၏။

 

 

               သားရေစက္ကူပေါ်မှာ ရေးထားသည့် ဓမ္မဟောင်းကျမ်းစာများထဲမှာရှိသော ခရစ် တော်အကြောင်းကို စာတန်သည်သိ၏။ ထိုသခင်သည် ဒုက္ခဆင်းရဲခြင်း မျိုးစုံကို ခံရ သောယဇ်နှင့် အောင်နိုင်သူ ရှင်ဘုရင်မင်းမြတ်အဖြစ်ရပ်တည်ခဲ့ပါ၏။ ]ထိုသူသည် အ သေသတ်ခြင်းငှါဆောင်သွားသော သိုးသငယ်ကဲ့သို့} ဖြစ်သည်ကိုလည်းကောင်း၊ ]သူ သည် လူမဟုတ်သကဲ့သို့ မျက်နှာပျက်ခြင်း၊ လူသားမဟုတ်သကဲ့သို့ အဆင်းအသရေ ပျက်ခြင်းရှိသည်ကိုလည်းကောင်း၊ ကတိတော်ရှိရာ ကယ်တင်ရှင်သည်} မထီမဲ့မြင်ပြု ခြင်းကိုခံ၍ လူတို့တွင် အယုတ်ဆုံသောသူဖြစ်၏။ ငြိုငြင်သောသူ၊ နာကျင်ခြင်းဝေဒနာ နှင့် ကျွမ်းဝင်သောသူ၊ သူတစ်ပါးမျက်နှာ လွှဲခြင်းကိုခံရသူ၊ ဒဏ်ခတ်တော်မူခြင်ကို လည်းကောင်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကိုခံရသောသူ} ဖြစ်ကြောင်းကို လည်းကောင်း စာတန်သိပါသည်။ ထိုပုရောဖက်စကားတို့ကြောင့် စာတန်သည် တုန် လှုပ်သွားရ၏။ သို့တိုင်အောင်လည်း လူတို့သည် ခရစ်တော်၏။ ကြွဆင်းလာခြင်းကို ငြင်းပယ်ရန်၊ သခင့်လမ်းခရီးကို မပြင်ဆင်ပေးရန်နှင့် အနှောင့်အယှက်ပေးရန် လူတို့ အားဝိညာဉ်အမြင်၊ ပညာအလင်းမဲ့သွားစေရန် စာတန်သည် ဆုံးဖြတ်လုပ်ဆောင်ခဲ့ပေ သည်။

               ကမ္ဘာကြီးကို ရေမလွှမ်းမိုးမီကာလမှာ စာတန်နတ်ဆိုးမင်းသည် ကမ္ဘာနှင့် တစ်ဝန်း ဘုရားသခင်ကိုပုန်ကန်ထကြွသော လူသားတို့အား လွှမ်းမိုးအောင်မြင်နိုင် ခဲ့ပေ၏။ ရေလွှမ်းမိုးပြီးသည်နောက်မှာလည်း သူသည် ပရိယာယ်ကြယ်၀စွာဖြင့် လူကို မသိမသာ တဖြည်းဖြည်းအယုံသွင်းကာ ရဲဝံ့သောပုန်ကန်မှုကိုပြုရန် တစ်ဖန် ကြိုးစား ပြန်ပါသည်။ သူသည် အောင်မြင်လုနီးအခြေအနေမျိုးမှာရှိခဲ့၏။ သို့သော်လည်း သစ္စာ ရှိသော အာဗြဟံအားဖြင့် ဘုရားသခင်က ခန့်အပ်လိုက်သော စေတမန်များပေါ်ထွန်း လာကာ ယဇ်ပူဇော်ခြင်းဆိုင်ရာ ဝိနည်းအထုံးအဖွဲ့တို့၏ အနက်အဓိပ္ပါယ်ကို ပြန်လည် ဖော်ဆောင်ခဲ့ပါသည်။ ထိုဝိနည်းအထုံးအဖွဲ့များကား နောင်တစ်ချိန်မှာ ပေါ်ထွန်းလာ  မည့်ကတိတော် ထားရာအရှင်သခင်သာဖြစ်ကြောင်း ယုံကြည်စွဲလမ်းကြပါသည်။

 

               ထာ၀ရဘုရားသခင်၏ အကြံတော်ကိုဖော်ဆောင်ရာ၌ ဆန့်ကျင်ဘက် အသွင် သည်အမြဲရှိပါ၏။ အာဗြဟံ၏ ဆွေစဉ်မျိုးဆက်များထဲမှာ ဤသန့်ရှင်းသော ဖိတ်ခေါ်မှုကို မေ့ပျောက်သွားရန် စာတန်ရန်သူကြီးသည် ဖြစ်နိုင်သမျှနည်းလမ်းစုံလင်စွာနှင့် အနှောင့် အယှက်ပေးခဲ့ပါ၏။ သို့ဖြစ်၍လည်း ခရစ်တော်သခင် ပထမအကြိမ်မပေါ်ထွန်းမီ ရာစု နှစ်များစွာကပင် ကမ္ဘာမြေကြီးကို စာတန်ကမှောင်မိုက်အတိ လွှမ်းမိုးစေခဲ့၏။ (ဟေရှာ ၅၃း၇၊ ၅၂း၁၄)။ လူတို့သည်လည်း အလင်းကိုမရကြ။ ထောင်ပေါင်းများစွားသော လူတို့သည် သေမင်း၏ အရိပ်လွှမ်းမိုးရာ ချို့င့်ဝှမ်းမှာ သေဖို့သာထိုင်စောင့်နေရသည့် အဖြစ်မျိုးမှာ ရှိနေခဲ့ပါသည်တကား။

 

                              မေရှိယသခင်၏ အမှန်အကန်ဂုဏ်တော်ကို ဖော်ပြခြင်း

               ဒါဝိဒ်မင်းကြီးသည် သခင်ခရစ်တော်၏ ပေါ်ထွန်းတော်မူခြင်းကို ကြိုးစား၍ မြင် ကွင်းကျယ် ရုပ်ရှင်ကဲ့သို့မြင်တွေ့ရသဖြင့် ဤကဲ့သို့လျှင် မြွက်ဆိုခဲ့ပါသည်။ ]မိုးမအုံ့၊ နေထွက်သော နံနက်အလင်းကဲ့သို့လည်းကောင်း၊ မိုးရွာပြီးမှ နေပေါ်ထွန်းသဖြင့် မြေ၌ ပေါက်သော မြက်နုကဲ့သို့လည်းကောင်း၊ ဖြစ်လိမ့်မည်။}(၂ရာ ၂၃ ၂၃း၄)။ ဟောရှေက လည်း ဤသို့ တစ်ဖုံသက်သေခံခဲ့ပါ၏။ ](ထာ၀ရဘုရားသခင်၏) ထွက်တော်မူချိန်သည် နံနက်ကဲ့သို့ဖြစ်လိမ့်မည်။ (ဟောရှေ ၆း၃)။ မြေကြီးပေါ်မှာ နံနက်အာရုဏ်ဦးသည် ဖြည်း ညင်းသိမ်မွေ့စွာ ပေါ်ထွကလာသဖြင့် အမှောင်ထုသည်ကွယ်ပျောက်၍ မြေကြီးကိုအ လင်းဖြင့် သက်ဝင်နိုးကြားစေသည် မဟုတ်လော။ ပုရောဖက်ဟေရှာယက ဤသို့လျှင် ကြွေးကြော်ခဲ့ပါ၏။

 

               ]အကြောင်းမူကား ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနား တော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာ၀ရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ် ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။} ဟေရှာယ ၉း၆။

 

 

               သစ္စာရှိမြဲမြံသော ယုံကြည်သူယုဒပြည်သားတွေထဲမှာ မိမိတို့၏ယုံကြည်ခြင်း ကို အောက်ပါကျမ်းပိုဒ်များနှင့် ခွန်အားယူကြပါသည်။ ထာ၀ရဘုရားသခင်သည် ကောင်းမြတ်သော ဆရာတစ်ဦးကိုဘိသိက်ပေး၍ ]ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို ကြားပြောစေခြင်းငှါလည်းကောင်း၊} ]နှလုံးကြေကွဲသောသူတို့၏ အနာကို စည်းစေခြင်းငှါ လည်းကောင်း၊} ]ဖမ်းသွားချုပ်ထားလျက်ရှိသော သူတို့အားလွှတ်ခြင်း အကြောင်းနှင့်၊} ]ထာ၀ရဘုရားသခင်၏ မင်္ဂလာနှစ်} ကိုကြားပြောစေခြင်းငှါ၊ ငါ (ယေရှု) ကိုစေလွှတ်တော်မူပြီ။} (ဟေရှာယ ၆၁း၁၊ ၂)။ သို့တိုင်အောင်လည်း ထိုသူတို့သည် နှိမ့် ချသောနှလုံးသားနှင့် ဝမ်းနည်းမှုကိုပြလျက်၊ ထိုလူသားကြီးကို ညွှန်းသောပုရောဖက် ဟောကြားချက်စကားများကို ရွတ်ဖက်ကြပေသေးသည်။

]မထီမဲ့မြင်ပြုခြင်းကိုခံ၍ လူတို့တွင် အယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏။ သူတစ်ပါးမျက်နှာလွှဲခြင်းကို ခံရ သော သူကဲ့သို့ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ၍ ငါတို့သည်မရိုသေကြ။

သို့သော်လည်း ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင် ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်းကိုလည်းကောင်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော် မူခြင်းကိုလည်းကောင်း ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ။ ထိုသူသည် ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏။ ငါ တို့၏ငြိမ်သက်ခြင်း ချမ်းသာကို ဖြစ်စေသောဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။

ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲလျက် ကိုယ်လမ်းသို့ အသီးအသီးလိုက် သွားကြသည်ဖြစ်၍ ထာ၀ရဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့ အပေါ်၌ တင်တော်မူ၏။} ဟေရှာယ ၅၃း၃-၆။

 

 

               အပြစ်ရှိလူသားတစ်နွယ်လုံးအတွက် ကိုယ်စားပြုအသေခံရန် အစားထိုး၍ နဂို မူလအပြစ်မဲ့ ထာ၀ရအသက်ကိုရအံ့သောငှါ သခင်ခရစ်တော်သည် ဘုရားသခင်၏ တရားမျှတသော စီရင်မှုကိုခံရ၏။ ထိုကယ်တင်ရွေးနုတ်ရှင်သည် ဆာလံဆရာတစ်ဦး အားဖြင့် မိမိကိုယ်ကို ပုရောဖက်ပြု ဟောကြားခဲ့သည်ကား၊ (ဇာခရိ ၁၃း၇)။

]ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည် စိတ်ပျက်၍ အလွန်ပူဆွေးခြင်းရှိပါ၏။ သနားသော သူကိုကြည့်၍မမြင်။ သက်သာစေသော သူကိုရှာ၍မတွေ့ရပါ။  အကျွန်ုပ် စားစရာဖို့ ဆေးခါးကိုကျွေးကြပါ၏။ ရေငတ်သောအခါ ပုံးရည်ကိုတိုက်ကြ၏။} ဆာလံ ၆၉း၂၀၊၂၁။

ဤကဲ့သို့တစ်ဖန် ပုရောဖက်ပြုခဲ့ပါသေးသည်။ ]ကိုယ်အရိုးရှိသမျှတို့ကို အ ကျွန်ုပ်ရေတွက်နိုင်ပါ၏။ သူတို့သည် အကျွန်ုပ်ကိုကြည့်မြင်၍ အားရလျက်နေကြ၏။  အ ကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံ ချကြပါ၏။} ဆာလံ ၂၂း၁၆-၁၈။

ဤပုရောဖက်ပြုဟောကြားချက်တို့ကား၊ ခါးသီးသောဝေဒနာ ရက်စက်လှစွာ သော သေခြင်းပင်ဖြစ်၏။ ကျွန်ုပ်တို့အတွက်ဝေဒနာ အပေါင်းကိုခံယူသွားခဲ့သော ကတိ တော်နှင့် ယှဉ်သည့် ကောင်းမြတ်သော ဆရာကြီး၏အဖြစ်သည် ဝမ်းနည်းဖွယ် ဖြစ်ပါ သော်လည်း ကတိတော်အရာမှာ ကြွယ်၀လှပေသည်။ အကြောင်းမူကား ]ထာ၀ရဘုရား သခင်သည် သူ့ကိုနှိပ်စက်ခြင်းငှါ အလိုတော်ရှိ၍ နာစေတော်မူ၏။ သူသည် အပြစ်ဖြေ သော  ယဇ်ကိုပူဇော်ပြီးမှ အမျိုးအနွယ်တော်ကို မြင်ရလိမ့်မည်။ အသက်တော်လည်း ရှည်လိမ့်မည်။ ထာ၀ရဘုရားသခင်၏ အကြံတော်သည်လည်း သူ၏လက်၌ ပြည့်စုံခြင်း သို့ရောက်လိမ့်မည်။} (ဟေရှာယ ၅၃း၁၀)။

သခင်ခရစ်တော်သည်အပြစ်သားတို့အား ချစ်မြတ်နိုးသည် ဖြစ်ပါသောကြောင့် ကယ် တင်ရွေးနုတ်ခြင်း၏ အဖိုးအခကိုပေးခဲ့ပါ၏။ ဤကဲ့သို့ရန်သူ၏ တန်ခိုးဩဇာမှ ကယ်နုတ် မည့်သူသည် ဤကမ္ဘာမြေကြီးပေါ်မှာမရှိနိုင်ပါ။ ထိုသခင်၏ အသက်တာတစ်လျှောက် ကိုယ့်အခွင့်အရေး ရထိုက်ကြောင်း တင်းတင်းမာမာပြောဆိုပြုလုပ်ခြင်းဟူသည်မရှိခဲ့ပါ ပြီ။ဤလောက၏ ဂါရ၀ပြုရိုသေလေးစားရှိခိုးကန်တော့ခြင်းသည် ရာထူးရာခံ၊ ကြွယ်၀ ချမ်းသားခြင်း၊ ပညာရည်စွမ်းမြင့်မားမှုတို့ကြောင့် ဖြစ်တန်ကောင်းပါသော်လည်း ထိုအ ရာတို့မှာ ဘုရားသခင်၏သားတော်အတွက် သူစိမ်းဆန်လှပါသည်။ ကျေးဇူးတရား သိ တတ်ခြင်းအတွက် လူတို့ဖန်တီးပြုလုပ်သော လက်ဆောင်ပဏ္ဏာ ကြွယ်၀ချမ်းသာမှုတို့ အာဖြင့် မေရှိယသခင်ကို မဆွဲဆောင်နိုင်ချေ။ ကိုယ်တော်သည် မိမိ၏အတွင်းစိတ် သဘောကို စွန့်လွှတ်လိုက်လေပြီ။ ဤနည်းဖြင့် တစ်ဖုံစာပန်းချီခြယ်သထားပါသည်။ (ဟေရှာယ ၅၉း၁၆)။

](ထိုသခင်သည်) အော်ဟစ်ခြင်း ၊ ကြွေးကြော်ခြင်းကို မပြုမူ၍ လမ်းခရီး၌ သူ၏ အသံကို အဘယ်သူမျှမကြားစေရ၊ နင်းနယ်လျက်ရှိသော ကျူပင်ကိုမချိုး။ အတောက် သေးသော မီးစားကိုမသတ်။ တရားသည် မြဲမြံခြင်းသို့ရောက်မည်အကြောင်း စီရင်လိမ့် မည်။} ဟေရှာယ ၄၂း၂၊၃။

 

အပြစ်တရားမှ ကယ်နုတ်ခြင်းသည်အရေးကြီးအလုပ်ဖြစ်ခြင်း

               ထိုကယ်တင်ပိုင်ရှင်ယေရှုသခင်သည် လူထဲကလူတစ်ယောက်ဖြစ် သော်လည်း မိမိ၏ကျင့်ကြံသက်ရှင်လှုပ်ရှားပုံမှာ တစ်ပါးသူများနှင့်မတူ။ တစ်မူထူးခြားပါပေသည်။ ထိုသခင်၏အသက်တာမှာ ဆူဆူညံညံနှင့် ကြွေးကြော်ချီးမွမ်းသံကိုလည်းမလိုလားပါ။ ထိုခေတ်ထိုအခါက ဆရာသမားကောင်းများနှင့် လွန်စွာကွာခြင်းလှပါ၏။ မေရှိယသခင် သည် ဘုရားသခင်၌ ပုန်းကွယ်ကာနေ၍ ဘုရားသခင်သည်လည်း မိမိသားတော်၏ အ ကျင့်ဂုဏ်အင်္ဂါတော်အားဖြင့် ဘုန်းတော်ထင်ရှားပေါ်လွင်စေမည် အကြောင်းဖြစ်သည် မဟုတ်လော။ သို့ဖြစ်၍ လူသည်ဘုရားသခင်၏ အကူအညီမပါဘဲနှင့် အကျင့်အရာမှာ မမြင့်မားနိုင်။ ကျဆင်း၍သာနေမည်ကား အမှန်ပင်ဖြစ်ချေသည်။ အသက်ရှင်နေနိုင် ရန်တန်ခိုးသည် ဤကမ္ဘာကိုဖန်ဆင်းသူ ဘုရားသခင်က ဝေမျှပေးကမ်းမှသာ ဖြစ်သည် မဟုတ်ပါလား။

               ဘုရားသခင်၏ သားတော်သည် ]တရားတော်ကိုချီးမြှောက်၍ ဂုဏ်အသရေနှင့် ပြည့်စုံစေရန်} ဖြစ်ပေသည်။ (ငယ် ၂၁)။ ထိုသခင်သည် လူကလူတို့အပေါ်တင်သော တရားလွန်တောင်းဆိုချက်၏ ဝန်လေး၍ပင်ပန်းခြင်းကို ဖယ်ရှားပေးရန်ဖြစ်သည်။ သို့ မဟုတ်ချေက လူများစွာတို့သည် ထာ၀ရဘုရားသခင်ကို ကိုးကွယ်၍ အစေခံခြင်းအမှု၌ အားလျော့ကာ စိတ်ဓါတ်ကျဆင်းနေပါပြီ။ ]ထာ၀ရဘုရားသခင်၏ ဝိညာဉ်တော်တည်း ဟူသောဉာဏ်ပညာကို ပေးသောဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သောသတ္တိကို ပေးသော ဝိညာဉ်၊ ထာ၀ရဘုရားသခင်ကိုသိ၍ ကြောက်ရွံ့သောသဘောကို ပေးသောဝိညာဉ် တော်သည် ထိုသူအပေါ်မှာ တည်ရှိတော်မူလိမ့်မည်။ ထိုသူသည် ထာ၀ရဘုရားသခင် ကိုကြောက်ရွံ့ခြင်း၌မွေ့လျော်သည်ဖြစ်၍  ဆင်းရဲသားတို့၏အမှုကို တရားတော်အတိုင်း စီရင်၍ နှိမ့်ချသော မြေကြီးသားတို့ဘက်၌နေလျက် ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်။} (ဟေရှာယ ၁၁း၂=၄)။

               ]ထိုကာလ၌ ဒါဝိဒ်မင်းမျိုးနှင့် ယေရုရှလင်သားတို့၏ အပြစ်အညစ်အကြေးကို ဆေးကြောစရာဖို့ စမ်းရေတွင်းသည် ပွင့်လျက်ရှိလိမ်မည်။} (ဇာခရိ ၁၃း၁)။ လူသား တို့သည်လည်း မင်္ဂလာဖိတ်ခေါ်သံကို ကြားရကြပေလိမ့်မည်။

               ]နူးညွတ်သောနားနှင့် ငါ့ထံသို့လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့၏ ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ငါသည်လည်း သင်တို့နှင့် ထာ၀ရပဋိ ညာဉ်ပြု၍ ဒါဝိဒ်၌ မြဲမြံသောကျေးဇူးတော်ကို သင်တို့အားပေးမည်။ ဟေရှာယ ၅၅း၃။

               စကားအားဖြင့်သော်လည်းကောင်း၊ အလုပ်အားဖြင့်သော်လည်းကောင်း မေရှိ ယသခင်သည် ခမည်းတော်ဘုရားသခင်၏ ဘုန်းတော်ကိုထင်ရှားစေခဲ့ပါ၏။ လူသား တစ်နွယ်လုံးအားလုံးဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို သိမြင်ခံစားရစေရန် လုပ် ဆောင်ရပါမည်။

               ]မိမိသိုးစုကို သိုးထိန်းကဲ့သို့ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကို ချီ၍ပိုက် ပွေ့တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ဖြည်းညင်းစွာ ပို့ဆောင်တော် မူမည်။}( ဟေရှာယ ၄ဝး ၁၁)။

               ]စိတ်သဘောဖေါက်ပြန်သော သူတို့သည် ပညာသတိကိုရကြ၍ ဆန့်ကျင် ဘက်ပြုသောသူတို့သည်လည်း ဆုံးမဩဝါဒစကားကို နာယူကြလိမ့်မည်။} (ဟေရှာယ ၂၉း၂၄)။

               ဤသို့လျှင် ထာ၀ရဘုရားသခင်သည် အပြစ်မှကယ်တင်မည့် သူတစ်ဦးပေါ် ထွန်းလာမည့် အကြောင်းနှင့် ပတ်သက်၍ ကမ္ဘာလောကကြီးအား အသိပေးပြောကြား ခဲ့ပါသည်။ နှုတ်တော်ထွက်စကား ပုရောဖက်ဟောကြားချက် တစ်ရပ်လည်းရှိပါ၏။ ]လူ မျိုးအပေါင်းတို့နှစ်သက်ဖွက်သောအရာ}သည် ရောက်၍ ဤအိမ်ကို ဘုန်းနှင့်ငါပြည့်စုံ စေမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားသခင်မိန့်တော်မူ၏။} (ဟဂ္ဂဲ ၂း၇)။ ထိုသခင်၏မွေးဖွားရာအရပ်နှင့် ပေါ်ထွန်းတော်မူမည့် အချိန်ကာလကိုပင် ထူးခြားစွား ဖေါ်ပြထားပါ၏။ ဒါဝိဒ်၏သားတော်သည် ဒါဝိဒ်မြို့မှာ မွေးဖွားရမည်ဖြစ်ပါသည်။ ဤ သည်နှင့်ပတ်သက်၍ ပုရောဖက်ပြုဟောကြားချက်အရ၊ ]အိုဗက်လင်းဧဖရတ်မြို့၊ အစိုး ရသောယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် ငါ့အဖို့ သင်၏အထဲမှာပေါ်ထွန်းလတ္တံ့။ ထိုသခင်သည် ရှေး ကပ်ကာလမှစ၍ ပေါ်ထွန်းသောသခင်ဖြစ်၏။} (မိက္ခာ ၅း၂)။

               ]အိုယုဒပြည်ဗက်လင်မြို့  ငါ၏ လူစုဣသရေလအမျိုးကို အုပ်စိုးရသောသခင် သည် သင်၏အထဲမှာပေါ်ထွန်းလတ္တံ့ဟု ကျမ်းလာရှိပါ၏။ ထိုကြောင့် ယုဒပြည်ဗက်လင် မြို့၌ ခရစ်တော်ကို ဖွားမြင်ရပါမည်။} မဿဲ ၂း၆။

 

               သခင်ယေရှုခရစ်တော်၏ ပထမအကြိမ်ပေါ်ထွန်းတော်မူခြင်းကို ဒံယေလပု ရောဖက်သည်လည်း သိခွင့်ရရှိခဲ့ပါသည်။ ]လွန်ကျူးခြင်းအမှုကိုဆီးတား၍ အပြစ်ကို တံ ဆိပ်ခတ်စေခြင်းငှါလည်းကောင်း၊ အပြစ်ကိုဖြေရှင်း၍ ထာ၀ရကောင်းမှုကို သွင်းစေခြင်း ငှါလည်းကောင်း၊ ဖော်ပြချက်မြင်ခြင်းနှင့် ဖော်ပြချက်စကားတော်တို့ကို တံဆိပ်ခတ်၍ အလွန်သန့်ရှင်းသော အရပ်ဌာနကို လိမ်းစေခြင်းငှါလည်းကောင်း သီတင်းခုနစ်ဆယ်ကို သင်အမျိုးသားချင်းအဖို့နှင့် သင်၏ သန့်ရှင်းသော မြို့အဖို့ ဆုံးဖြတ်ခြင်းရှိ၏။}(ဒံယေလ ၉း၂၄)။

 

                              သခင်ခရစ်တော်၏ ပထမအကြိမ်ပေါ်ထွန်းတော်မူချိန်

               ပုရောဖက်ဟောကြားချက်အရ နေ့ရက်တစ်ရက်သည် တစ်နှစ်နှင့် ပုံဆောင် ထားပါ၏။ (တောလည်ရာ ၁၄း၃၄) နှင့် (ယေဇကျေလ ၄း၆) တို့ကို ကြည့်ပါ။ သီတင်း ခုနုစ်ဆယ် (သို့) ရက်ပေါင်းလေးရာ့ကိုးဆယ်သည် နှစ်ပေါင်းလေးရာ့ကိုးဆယ် (၄၉၀) ကိုပုံဆောင်ထား၏။ ဤအချိန်ကာလ၏ အစပြုရာအမှတ်ကို ကျမ်းစာတော်မြတ်ကပေး ထားပါပြီ။ ]ထိုကြောင့် ယေရုရှလင်မြို့ကို တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှါ အမိန့် တော် ရှိသည့်နေ့မှစ၍ သခင်ခရစ်တော်၏ လက်ထက်တိုင်အောင် ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်ဟု သိမှတ်နားလည်လော့။} (ဒံယေလ ၉း၂၅)။ ၆၉ သီတင်း (သို့မဟုတ်) ၄၈၃ နှစ်ဖြစ်ပါသည်။ ယေရုရှလင်မြို့တော်ကို ပြန်လည်ထူ ထောင်တည်ဆောက်ရန် အာတဇေရမင်းကြီး (Lသညါငာညေကျ) လုန်ဂီမားနတ်စ် အမိန့်တော်ချမှတ်သည့် ခုနှစ်သည် ဘီစီ (၄၅၇) နွေနှင့် ဆောင်းစပ်ကြားရာသီဥတုမှာ ဖြစ်ပါသည်။ (ဧဇရ ၆း၁၄။ ၇း၁၊ ၉ ကိုကြည့်ပါ)။ ထိုအချိန်ကာလမှစတင်၍ နှစ်ပေါင်း (၄၈၃) ကိုပေါင်းထည့်သော် အေဒီ (၂၇) ၏ နွေနှင့်ဆောင်းစပ်ကြား ရာသီဥတုသို့ ရောက်သွားပါသည်။ ပုရောဖက်ဟောကြား ချက်အတိုင်း ရှုမြင်ပါသော် ဤအချိန်သည် ဘိသိက်ခံသူ မေရှိယအရှင်သခင်ပေါထွန်းသည့်ကာလသို့ တိုင်ရောက်သွားတော့၏။ အေဒီ (၂၇) ခုနှစ်မှာ သခင်ယေရှုသည် ရေနှစ်ခြင်းကို ခံယူခဲ့၍ သန့်ရှင်းသောဝိညာဉ် တော်၏ ဘိသိက်ပေးခြင်းကို ခံရလေပြီ။ (တမန်တော် ၄း၂၇။ ယောဟန် ၁း၃၃ ကို ကြည့်ရှုပါ)။ ၎င်းနောက်ပိုင်းမကြာသောအချိန်မှာ ]အချိန်ပြည့်စုံပြီ} (မာကု ၁း၁၅) ဟူ သော သတင်းစကားကို ကြွေးကြော်ခဲ့ကြပါသည်။

               ထိုနောက်မှာ ကောင်းကင်တမန်ပြောသည်ကား၊ ]တစ်သီတင်း (၇ နှစ်) တွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍} ဟုဆိုပါသည်။ သခင်ခရစ်တော်သည် အမှု တော်မြတ် သာသနာတော်မှာ ဝင်ရောက်လုပ်ဆောင်ပြီးသည်နှင့် ခုနစ်နှစ်တာကာလ အတွင် ဧဝံဂေလိသတင်းစကားသည် အထူးသဖြင့် ယုဒလူမျိုးတို့အထဲမှာ ဟောပြော သက်သေခံကြပါ၏။ သုံးနှစ်ခွဲကာလကို ယေရှုခရစ်တော်ကိုယ်တော်တိုင်က ဟောကြား ပြီး ကျန်သုံးနှစ်ခွဲကာလမှာ တမန်တော်များကို ဟောကြားခဲ့ပါသည်။ ]ထိုသီတင်း တစ် ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် အပ်နှံခြင်းကို ပပျောက်စေလိမ့်မည်။} (ဒံယေလ ၉း၂၇) ဟု ဆိုသောအခါ သခင်ယေရှု ကိုယ်တော်တိုင်က စစ်မှန်သော ယဇ်ကောင်အဖြစ် ကရာနိ ကုန်းပေါ်မှာ သက်တော်ကို စွန့်ခဲ့ရှာ၏။ ထိုအချိန်ကာလမှာ အေဒီ (၃၁) မိုးဦးရာသီမှာ ဖြစ်ပါသည်။ ဗိမာန်တော်အတွင်းရှိ အသန့်ရှင်းဆုံးဌာနကို ကာရံထားသောကန့်လန့်ကာ သည်လည်း အထက်စွန်းမှသည်အောင်စွန်းတိုင်အောင်စုတ်ကွဲလေ၏။ (မာကု ၁၅း၃၈)။ ထိုအခါမှစ၍ မြေကြီးပေါ်မှာ ပြုရသောယဇ်ပူဇော်ခြင်း ဆိုင်ရာဝိနည်းအထုံးအဖွဲ့တို့ သည် ချုပ်ငြိမ်းပြီဖြစ်ကြောင်း သိမှတ်ရပေသည်။

               တစ်သီတင်-ခုနစ်နှစ် (၇ နှစ်) သည် အေဒီ (၃၄) မှာဆုံး၏။ သတေဖန်ကို ယုဒလူတို့သည် ခဲနှင့်ပစ်ပေါက်ကာလုပ်ကြံ၏။ သူသေဆုံးသည်နှင့် ဧဝံဂေလိသတင်း စကားသည်လည်း ယုဒလူတို့ကိုချန်လှပ်ထားတော့၏။ အကြောင်းသော်ကား ယုဒလူတို့ သည် ဧဝံဂေလိတရားတော်ကိုလက်မခံကြ။ ထိုကြောင့် တပည့်တော်တို့သည် ]အရပ် ရပ်သို့ ကွဲပြားလှည့်လည်၍ နှုတ်ထွက်စကားတော်တည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။} (တမန်တော် ၈း၄)။ ထိုခဏချင်းမှာပင် ခရစ်ယာန်တို့အား လှည့်လည် ညှဉ်းဆဲနှိပ်ကွပ်သော ရှောလုသည် တစ်ပါးအမျိုးသားဆီသို့ ဧဝံဂေလိပို့ဆောင်ပေး သော တမန်တော်ပေါလုဖြစ်လာပေသည်။

               ကယ်တင်ရှင်နှင့် ပတ်သက်သော ပုရောဖက်ဟောကြားချက်များသည် ဟေဗြဲ လူတို့အား မပြတ်သော မျှော်လင့်တောင့်တမှုသဘောကို ဖြစ်စေ၏။ ယုံကြည်သူ များစွား တို့သည်လည်း မိမိတို့ကိုယ်ကို ]မြေကြီးပေါ်မှာ တစ်ကျွန်းသူ တစ်နိုင်ငံသား၊ ဧည့်သည် ဖြစ်သည်ကို ထင်ရှားစွာဝန်ခံကြပါသည်။} (ဟေဗြဲ ၁၁း၁၃)။ ရှေဘိုးဘေးများနှင့် ပုရော ဖက်တို့အားဖြင့် အဖန်ဖန်ရွတ်ဖတ်သော ဘုရားသခင်၏ကတိတော်မြတ်တို့သည် ထို သခင်ပေါ်ထွန်းလာတော်မူမည် ဟူသောမျှော်လင့်ခြင်းကို အစဉ်အမြဲသက်ရှင် စေသည် မဟုတ်ပါလား။

               သခင်ခရစ်တော်ပေါ်ထွန်းတော်မူမည့်အကြောင်းနှင့် ပတ်သက်၍ ပထမပိုင်းမှာ တိကျသောအချိန်ကို မပေးထားခဲ့ပါ။ ဒံယေလပုရောဖက်၏ ကြိုတင်ဟောကြားချက် များသည်ပင်လျှင် အားလုံကိုအမှန်အကန် နားမလည်နိုင်ခဲ့သေးပေ။

               ရာစုနှစ်တစ်ခုပြီးလျှင် တစ်ခုပြောင်းလဲ၍ လာလေပြီ။ နောက်ဆုံးတွင် ပုရော ဖက်တို့၏ အသံများလည်းကွယ်ပျောက်ခဲ့ပြီ။ ယုဒလူမျိုးတို့သည်လည်း ဘုရားသခင့် အထံတော်မှ ကြာလေဝေးလေဖြစ်လာသည်နှင့်အမျှ ယုံကြည်ခြင်းသည်လည်း ရှေ့ရေး အတွက် ဝိုးတဝါးဖြစ်လာ၏။ ယုံကြည်ခြင်းမှာ အားကြီးပါသည်ဟု ဆိုရပါသောသူတို့ပင် လျှင် ဤသို့စကားပုံတမျှ ကြွေးကြော်တတ်လာသည်။ ]နေ့ရက်ကာလရွေ့လျက်ရှိ၍၊ ခပ်သိမ်းသောဘုန်းတော် ထင်ရှားဖော်ပြခြင်းလည်းပျက်ကြပြီ။} (ယေဇကျေလ ၁၂း ၂၂)။ သို့သော်လည်း ကောင်းကင်ဘုံအဖွဲ့၏ ခရစ်တော်ပေါ်ထွန်းမည့် အချိန်နာရီကို ကား ဆုံးဖြတ်လျက်ရှိပြီဖြစ်၏။ ]အချိန်ကာလစေ့သောအခါ ငါတို့သည် သား၏အခွင့် အရာကို ခံရမည်အကြောင်း၊ ပညတ်တရားလက်၌ ရှိသောငါတို့ကို ရွေးနုတ်စေခြင်းငှါ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဖွားမြင်ရသောသားကို ဘုရားသခင် သည် စေလွှတ်တော်မူ၏။} (ဂလာတိ ၄း၄၊ ၅)။

 

 

               လူသားတို့အား သင်ခန်းစာပေးသိနားလည်စေဖို့ရန် လူတို့နားလည်နိုင်သော ဘာသာစကားနှင့် သာသွန်သင်ရပါမည်မဟုတ်ပါလား။ ပဋိညာဉ်နှင့်ဆိုင်သော သံတမန် တော်ကြီးစကားသံကို မိမိ၏ဗိမာန်တော်ထဲမှာ ကြားနာသင့်ပါသည်မဟုတ်လော။ အမှန် တရား၏ သခင်ကလောင်ရှင်သည် မိမိ၏အမှန်တရားကို လူတို့၏ဆိုစကားစီရင်ထုံးဖွဲ့ ချက်များဖြစ်သည့် ဖွဲ၊ ဆန်ကွဲများနှင့် ခြားနားစေရမည်မဟုတ်လော။ ကယ်တင်ခြင်း စီမံကိန်းကို ရှင်လင်းစွာ တင်ပြရပေမည်။

               ကယ်တင်ရှင်သည် နောက်ဆုံးမှာ ပေါ်ထွန်းလာ၏။ ဘုရားသခင်၏အသရေကို စွန့်၍ အစခံကျွန်၏ သဏ္ဌာန်ကိုယူဆောင်လျက်၊ ]လူကဲ့သို့သောအဖြစ်}၌ဖွားမြင်ခြင်း ကို ခံတော်မူ၏။ (ဖိလိပ္ပိ ၂း၇)။ စာတန်နတ်ဆိုးမင်းသည် ထိုသူငယ်၏ဖနောင့်ကို ကြိတ် နိုင်ခဲ့ပါသည်။ သူ့ကို လက်ဝါးကပ်တိုင်ပေါ်မှာ ရိုက်တင်၍ သတ်နိုင်ခဲ့ပြီမဟုတ်လော။ ထိုခံစားရသခင်ခရစ်တော်၏ ဆင်းရဲခြင်းဝေဒနာသည်ပင်လျှင် မိမိကိုအပြစ်တင်သော ရန်သူစာတန်၏ခေါင်းကို ဖနောင့်နှင့်ကြိတ်နိုင်ခဲ့ပါသည်။ စာတန်အသက်မရှင်ရတော့ပါ။ သေဆုံးပျောက်ကွယ်သွားရပါလိမ့်မည်။ အပြစ်က ယူဆောင်လာသော ပူဆွေးဝမ်းနည်း မှုမှန်သမျှသည် ထိုအပြစ်မဲ့သခင့် အပေါ်သို့လောင်းချလိုက်၏။ သို့တိုင်အောင်လည်း ထိုသခင်သည် လူသားတစ်နွယ်လုံးကိုချုပ်နှောင်ထားသော သံကြိုးကြီးကို ရိုက်ဖျက် ခဲ့လေပြီ။ အသည်းနှလုံးထဲကို ကျွဲဝင်ခတ်သလို နာကြည်းမှုပြင်းပြဝေဒနာတိုင်းသည် လည်းကောင်း၊ ပြစ်တင်စော်ကားမှုတိုင်းသည်လည်းကောင်း လူသားတစ်နွယ်လုံးကို အပြစ်၏ စိုးမိုးမှုအောက်မှ ကယ်နုတ်လိုက်ချေပြီတကား။

               အကယ်၍စာတန်နတ်ဆိုးမင်းသည် သခင်ခရစ်တော်ကို ကိုယ်ထိလက်ရောက် (သို့) စိတ်အားဖြင့် တစ်သမတ်တည်းနှင့်သာ အနိုင်ယူလှည့်ဖြား တိုက်တွန်းနိုင်ချေက ထိုသခင်၏ စုံလင်သောဖြူစင်မှုသည် စွန်းထင်းသွားကာ ဤလောကကို အုပ်စိုးသော မှောင်မိုက်သခင်သည် လူသားမိသားစု တစ်နွယ်လုံးကိုအောင်ပွဲရ၊ ကြွေးကြော်မည်မှာ အမှန်တကယ်ပင် ဖြစ်ပါသည်။(ဟေဗြဲ ၂း၁၄)။ သို့သော်လည်း စာတန်သည် စိတ် ပျက်သွားရသလောက် ထိုသခင်ကိုမညစ်ညမ်းနိုင်စေခဲ့ပါ။ စာတန်သည် ပြင်းပြစွာသော ဝေဒနာဆင်းရဲခြင်းကို ဖန်တီးနိုင်ခဲ့ပါသော်လည်း ထိုသခင်ကိုရှုံနိမ့်ရ၏။ သူသည်သခင် ခရစ်တော်၏ သက်တော်စဉ်ကို ကြမ်းတမ်းခက်ထန်ကာ တိုက်လှန်စီရင်မှု အမျိုးမျိုးနှင့် အဒွန့်ကြာရှည်စွာ အနိုင်ကျင့်နှောင့်ယှက်နိုင်ခဲ့ပါသော်လည်း သူ၏တိုက်ခိုက် မှုတိုင်း သည် လူသားတစ် နွယ်လုံးကို အပိုင်စီးရယူဖို့ရန် ရှုံးနိမ့်ခဲ့ရချေ၏။( ကမ္ဘာဦး ၃း၁၅)။

               ဂေသရှေမန်ဥယျာဉ်တော်မှာ သော်လည်းကောင်း၊ လက်ဝါးကပ်တိုင်တော်ပေါ် မှာသော်လည်းကောင်း ကျွန်ုပ်တို့၏ ကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်သည် မှောင်မိုက် တန်ခိုးရှင်၏ မှောင်မိုက်တန်ခိုးလက်နက်စုံ၏ တိုက်ခိုက်မှုကို ရင်ဆိုင်အောင်မြင်ခဲ့ပါ၏။ သခင်ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်မှာ ဝေဒနာပြင်းပြစွာခံစားရသဖြင့် နှလုံး ကာ သက်တော်စွန့်ခဲ့ရသည့်အဖြစ်၌ အမှန်တကယ်ပင် စာတန်နတ်ဆိုးမင်း၏ ရိုက် ချက်ကို သခင့်သည် ဖနောင့်မှာ ကြေမွစွာခံခဲ့ရ၏။ ထိုရိုက်ချက်သည်ပင်လျှင် ရှေးမြွေ ဟောင်း၏ဦးခေါင်းကို ကြေမွအောင် သခင်သည်နင်းချေခဲ့လေပြီမဟုတ်လော။ ထို သခင်၏ အသေခံခြင်းဖြင့် သခင်သည် ]သေခြင်းတရားကိုအစိုးရသောသူ တည်းဟူ သော နတ်ဆိုးမင်း၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီး} ခဲ့ပါသည်။ (ဟေဗြဲ ၂း၁၅)။ ဤဖြစ်ရပ်မှန် သတင်းကောင်းသည် ထာ၀စဉ်ရှင်သန်နေမည့် ကယ်တင်ခြင်းစီမံကိန်းပင် ဖြစ်တော့ သည်။ ထိုသခင်၏သေခြင်း၊ တစ်ဖန်ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ထိုသခင်ကို ယုံ ကြည်ကြကုန်သော နောက်တော်လိုက်အပေါင်းတို့သည် သေမင်းနိုင်ငံ၏ ဂိတ်တံခါးကို အောင်နိုင်သူများ ဖြစ်ခွင့်ရလေပြီ။( ကျွန်ုပ်တို့၏ ကယ်တင်ရွေးနုတ်ရှင်ကြီးသည် အပြစ် နှင့် ပြည့်၀နေသူ၊ အကူအညီလိုအပ်ဆုံးသူ၊ အပြစ်နွံတွင်းမှာ ဖိနှိပ်ညှဉ်းဆဲခြင်းကို ခံနေ ရသူနှင့် ပစ်ပယ်ခံရသူရှိသမျှတို့အတွက် တရားလမ်းကိုဖွင့်ပေးလျက်ရှိနေပါပြီ။ သို့မှ သာလျှင် ထိုသူတို့သည် ခမည်းတော်ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်နိုင်ကာ ယခု ဘ၀၊ နောင်ဘ၀ ကောင်းစားရလိမ့်မည်။( ဟေရှာယ ၂၅း၁)။

 

 

No comments:

Post a Comment