Tuesday, March 10, 2026

 

အခန်း (၂၃)

ဆုတ်ယုတ်ရုံမက ကျဆုံးပြီဖြစ်သောဣသရေလနိုင်ငံတော်ကြီး

 

               ဣသရေလနိုင်ငံတော်သည် အဆုံးသို့ရောက်လုသည်နှင့်အမျှ အကြမ်းဖက် နှိပ်ကွပ်မှုများ၊ သွေချောင်းစီးမှုများ၊ အထူးသဖြင့် အာဟပ်မင်း၏အိမ်ထောင်စုထီးနန်း အုပ်စိုးစဉ်ကာလမှာ ဖြစ်ခဲ့ပါသည်။ ရာစုနှစ် နှစ်ခုလောက်ကို ဣသရေလမျိုးနွယ် ဆယ်စုသည် လေကိုကြဲ၍ လေပွေကိုရိတ်သိမ်းခဲ့ရသည်။ တစ်နည်းဆိုရသော် မကောင်း မှုများအတွက် ဒုက္ခကြီးများနှင့် တွေ့ကြုံရလေသည်။ မင်းတစ်မင်းပြီးလျှင် တစ်မင်း လုပ်ကြံမှုများရှိကြသည်။ ]သူတို့သည် ငါ၏အခွင့်မရှိဘဲ ကိုယ်အလိုအလျောက် ရှင်ဘုရင်တို့ကို ချီးမြှောက်ကြပြီ။ ငါမသိရဘဲ မင်းတို့ကို ခန့်ထားကြပြီ။} (ဟောရှေ ၈း၄)။ ထာ၀ရဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကမ္ဘာ့လူမျိုးတကားတို့အလယ်မှာ ဥစ္စာ ပစ္စည်းအပ်နှံခံသူ ပစ္စည်းထိန်းကဲ့သို့ တာဝန်ယူနေရသူတို့သည် ] ထာ၀ရဘုရားသခင် ထံတော်၌ ခံသောသစ္စာကို ဖျက်ကြပြီ။ တစ်ဦးကိုတစ်ဦးလည်းဖျက်ဆီးကြပေ၏။ (ဟောရှေ ၅း၇)။

               ပုရောဖက်ဟောရှေနှင့် အာမုတ်တို့အားဖြင့် ထာ၀ရဘုရားသခင်သည် သတင်း စကားတစ်ခုပြီးလျှင် တစ်ခုပေးပို့၏။ နောင်တရရန် နှိုးဆော်၍ ဘေးကပ်အပေါင်းတို့နှင့် ခြိမ်းခြောက်ပါသည်။ ]သင်တို့သည် မကောင်းမှုအပြစ်မျိုးစေ့ကို ကြဲလို၍ လယ်ထွန် သောကြောင့် အပြစ်စပါးကို ရိတ်ရကြ၏။ မုသားအသီးအနှံကို စားရကြ၏။ အကြောင်းမူကား ကိုယ်ကြံစည်ပြုမူခြင်းကို လည်းကောင်း၊ ကိုယ်၌များစွာသော သူရဲတို့ကိုလည်းကောင်း ကိုးစားတတ်၏။} ]နံနက်အချိန်သည် လွန်တတ်သကဲ့သို့ ဣသရေလရှင်ဘုရင်သည်  ရှင်းရှင်းကွယ်ပျောက်ရလိမ့်မည်။} ( ဟောရှေ ၁ဝး ၁၃၊ ၁၅)။ ဣသရလေမျိုးနွယ်ဆယ်စုတို့သည် မိမိတို့ကျူးလွန်သော မကောင်းမှုအပြစ် များကြောင့် ထွက်ပေါ်လာသောဆိုးမွေတို့ကို ကွဲပြားခြားနားစွာ မမြင်တွေ့နိုင်အောင် ဝိုးတဝါးဖြစ်နေပါသောကြောင့် မှားပြီးရင်းမှားကာနောက်ဆုံးတွင် ]ဘုရားသခင်၏ စကားတော်ကို နားမထောင်သောကြောင့် စွန့်ပစ်တော်မူ၍ သူတို့သည် တစ်ပါးအမျိုး သားတို့တွင် အရပ်ရပ်သို့ လှည့်လည်ရကြမည်} ဟူသော အဖြစ်သို့ရောက်ကြရ ပေသည်။ (ဟောရှေ ၇း၉၊ ၈း၃)။)။ (ဟောရှေ ၅း၁၁၊ ၉၊၁၇)။

               ဣသရေလမင်းတချို့တို့သည် ဆုံးရှုံးသွားသော ခေတ်ကာလဂုဏ်အသရေတို့ အတွက် တစ်ဖန်ပြန်ရလိမ့်ဦးမည်ဟု ထင်မှတ်ကြပါသည်။ သို့သော်လည်း မှားပြီး ရင်းမှားနေကြသေးသည်။ ]အာရှုရိလူတို့နှင့် မိတ်သဟာယဖွဲ့}( ဟောရှေ ၅း၁၃၊ ၇း၁၁)၊ (ဟောရှေ ၁၂း၁) ခြင်းဖြင့် နိုင်ငံခြားမှ အကူအညီရရှိက နိုင်ငံရေးအာဏာ တန် ခိုးပြန်လည် ဦးမော့လာလိမ့်မည်ဟု မျှော်လင့်ကာ မိမိတို့ကိုယ်ကို ကြွားလုံးထုတ်၊ ဆက် လုပ်နေကြသည်။

               ထာ၀ရဘုရားသခင်သည် ဣသရေမျိုးနွယ်ဆယ်စုတို့အား ဘုရားသခင်၏ စကားတော်ကို နားမထောင်ခြင်း၏ ဆိုးမွေများအကြောင်းနှင့်ပတ်သက်၍ မကြာ ခဏဆိုသလို သတိပေးဆုံးမပြောကြားသည်။ သို့သော်လည်း ထိုသူတို့သည် ဆုံးမ ခြင်းကို မနာခံပါ။ မရမနေတောင်းပန်မှုကိုလည်း ဂရုမစိုက်ပါ။ ဖောက်ပြန်လွှဲမှား  ကျဆင်းသည် ထက်နှိမ့်ကျနစ်ပွမ်းနေချေ၏။ ထိုကြောင့်ဘုရားသခင်သည် ဤ သို့မြွက်ကြားခဲ့ရသည်။ ]ငါ၏လူတို့သည် ငါ့ထံမှ လွှဲမြဲလွှဲကြ၏။ အမြင့်ဆုံးသော ဘုရား သခင်ထံသို့ခေါ်သော်လည်း ထိုဘုရားသခင်ကို အဘယ်သူမျှ မချီးမြှောက်လို။} (ဟောရှေ ၄း၁၆၊ ၁၁း၇)။

               ဣသရေလလူမျိုးကို အာရှုရိလူတို့ သုံ့ပန်းအဖြစ်ချီဆောင်ခြင်းကို မပြုမီ နောက်ဆုံးပိုင်ရာစုနှစ်တစ်ဝက်လောက်အတွင်းမှာ ပြစ်မှားခဲ့သော အပြစ်များသည် နောဧ လက်ထက်ကာလမှားယွင်းမှုများနှင့်တူ၏။ သူတို့သည်ဗာလဘုရားနှင့် အာရှရ ဘုရားမတို့ကို ကိုးကွယ်ဝတ်ပြုကြသည်တွင် ဆက်သွယ်ဆက်နွှယ်လျက်ရှိသော ကျင့် ထုံးရှိသမျှတို့နှင့် အလွန်စေ့စပ်သေချာစွာ ပြုကျင့်သည် ဖြစ်ရကား၊ သွေးဆောင် ဖြားယောင်းမှုဆီသို့ လွယ်လွယ်နှင့် ကျဆုံးမျောပါသွားရလေသည်။ ထိုသူတို့သည် အစမှာမှားယွင်နေသဖြင့် အပြစ်ကို သာပြုလုပ်ဖို့ ယဉ်ပါးနေပြီဖြစ်သောကြောင့် လူ့ စိတ်နှလုံးထဲမှာ ပေါ်ပေါက်လာသော ဆိုးဝါးသည့်ကိုယ်ကာယ တပ်မက်မှုတဏှာ ဘက်ဆီသို့ မိမိတို့ကိုယ်ကို ဦးတည်ကာ တိမ်းညွတ်နေလေတော့သည်။((ဟောရှေ ၆း၅၊၇)။

               ပုရောဖက်တို့သည်လည်း ထင်ရှားပွင့်လင်းစွာ နှိပ်ကွပ်ညှဉ်းဆဲမှုများ၊ ထင်ရှား စွာသော မတရားမှုများ၊ စည်းစိမ်ကြီးငယ်ခံစား၍ မလိုအပ်သည်များ၌ ပကာသန်ဆန် ကော ကြေးငွေဥစ္စာဖြန့်တီးမှုများ၊ အရှက်ရဖွယ်သောက်စား ရမ်းကား မÈ;ယစ်မှုများနှင့် ကာမဂုဏ်ခံစားမှုအရာမှာ လွန်ကျူးမှုများတို့ကိုဆန့်ကျင်ကာ အသံလွှင့်၍ ဟောပြော ပြုပြင်ခဲ့ကြပါသည်။ သို့သော်လည်း ထိုသူတို့၏ပြန်လှန်ပြောဆိုချက်တို့သည် အချည်း နှီးဖြစ်ခဲ့ရ၏။ ထိုသူတို့သည် ] မြို့တံခါး၀တွင် ဆုံးမတတ်သောသူကို မုန်း၍ ဖြောင့် မတ်စွာ ပြောတတ်သောသူကိုရွံရှာကြပြီတကား။} (အာမုတ် ၅း၁၀၊၁၂)။ နောက်ဆုံးမှာ တော့ ပြည်တော်နေလူသားအားလုံးနီးပါးသည် သဘာ၀တရားကို ကိုးကွယ်ဝတ်ပြုကာ ဇာတိ သဘောသဘာ၀နှင့် အညီနှစ်မြို့ဖွယ်သော အကျင့်တို့ကိုကျင့်ဆောင်ဖို့ရာ မိမိတို့ ကိုယ်ကို မိမိတို့ပေးအပ်လိုက်ကြပါတော့သည်။ ထိုအခါ ၎င်းတို့သည် မိမိတို့၏ဖန်ဆင်း ရှင်သခင်ကြီးကို မေ့ပျောက်ကျောခိုင်းကာ ဣသရေလသည် ]သူတို့ကိုယ်ကို အလွန် ညစ်ညူးစေကြပြီ} တကား။ (ဟောရှေ ၉း၉)။

 

ပုရောဖက်ဟောရှေ၏ ကောင်းမြတ်တင့်တယ်သော တောင်းပန်ချက်များ

ပညတ်တရားကို ကျူးလှန်သောသူတို့ ပြန်လည်နောင်တရဖို့ရန် အခွင့်အရေး များစွာကို ပေးထားခဲ့ပါသည်။ ထိုသူတို့၏ အမှောင်မိုက်ဆုံး မှောက်မှားဖောက် ပြန်မှုပြုနေချိန်မှာပင် ထာ၀ရဘုရားသခင်၏ ပေးသနားတော်မူသော သတင်းစကား ထဲတွင် အပြစ်ဖြေလွှတ်ခြင်းနှင့် မျှော်လင့်ချက်သည် ပါဝင်နေ၏။ ]အိုဣသရေလ၊ သင့်ကိုကယ်တင်နိုင်သောအရှင် ငါ့ကို သင်သည် ဆန့်ကျင်ဘက်ပြုသောကြောင့် အကျိုးနည်းရှိ၏။ သင်၏ရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ သင့်နေရာမြို့ရှိသမျှ တို့၌ ကယ်တင်ပါစေသော်။} (ဟောရှေ ၁၃း၉၊ ၁၀။ )]လာကြ၊ ထာ၀ရဘုရားသခင် ထံတော်သို့ ပြန်ကြကုန်အံ့။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိဖြစ် စေတော်မူမည်။ ဒဏ်ခတ်သော်လည်း အနာကို စည်းတော်မူမည်။ ပညာကိုလည်း ရကြလိမ့်မည်။ ထာ၀ရဘုရားသခင်ကို သိခြင်းငှါလိုက်ရှာကြလိမ့်မည်။ ထွက်တော်မူ ချိန်သည် နံနက်ကဲ့သို့ဖြစ်လိမ့်မည်။ ရွာသောမိုးနှင့် မြေအပေါ်သို့ ရွာသောနောက် မိုးကဲ့သို့ သက်ရောက်တော်မူလိမ့်မည်။} (ဟောရှေ ၆း၁-၃)။

ဆက်လက်၍ ထာ၀ရဘုရားသခင်ကြေညာမြွက်ဆိုသည်ကား၊ ]ငါသည် အမျက် ပြေသောကြောင့် သူတို့ဖောက်ပြန်ခြင်းကိုပြုပြင်မည်။ ကိုယ်အလိုအလျောက် စုံမက် မည်။ ငါသည်နှင်းကဲ့သို့ ဣသရေလအပေါ်မှာနေမည်။ သူသည်နှင့်ပွင့်ကဲ့သို့ ပွင့်လိမ့် မည်။  ထိုအပင်၏ အရိပ်အောက်၌ နေသောသူတို့သည် အသစ်ပြုပြင်ခြင်းရှိ၍ စပါးကို ပြုစုကြလိမ့်မည်။ ထာ၀ရဘုရားသခင်၏ လမ်းတော်တို့သည် ဖြောင့်ကြ၏။ ဖြောင့်မတ် သောသူတို့သည် လိုက်ကြလိမ့်မည်။ အဓမ္မလူတို့မူကား ထိုလမ်းတို့၌ ထိမိ၍လဲကြ လိမ့်မည်။} (ဟောရှော ၁၄း၄-၉)။

]ထာ၀ရဘုရားသခင်သည် ဣသရေလအမျိုးအားမိန့်တော်မူသည်ကား၊ ငါ့ကို ရှာကြလော့ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည်။} အသက်ချမ်းသာစေခြင်းငှါ အပြစ်ကိုရှောင်၍ ကောင်းမှုကိုရှာကြလော့။ ထိုသို့ပြုလျှင် သင်တို့ဆိုတတ်သည်အတိုင်း၊ ကောင်းကင်ဗိုလ်ခြေ ထာ၀ရဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။ အပြစ်ကိုမုန်း၍ ကောင်းမှုကိုချစ်ကြလော့။ မြို့တံခါး၀တွင် တရားကိုတည်စေကြလော့။ ကောင်းကင်ဗိုလ်ခြေထာ၀ရဘုရားသခင်သည် ကျန်ကြွင်းသော ယောသပ်အမျိုးကို သနားကောင်းသနားတော်မူလိမ့်မည်။} (အာမုတ် ၅း၄၊ ၅၊၁၄၊၁၅)။

ထာ၀ရဘုရားသခင်၏ စေတမန်များ၏ ဆိုစကားတို့သည် နောင်တမရ လိုသောသူ၏ မကောင်းဆိုးပါးအလို ရမ္မက်များနှင့် လုံး၀ကိုခြားနား၍ ဆန့်ကျင် နေပါသည်။ သို့ဖြစ်၍ နတ်ဘုရားပူဇော်သော ဗေသလမြို့နေ ယဇ်ပုရောဟိတ်တို့က် ဣသရေလအစိုးရမင်းကို သံတမန်စေလွှတ်ပြီးအာမဇိသည် ဣသရေလရှင်ဘုရင် ယေရောဗောင်ထံသို့ စေလွှတ်၍ အာမုတ်သည် ဣသရေလအမိုးအလယ်တွင် ကိုယ်တော်တစ်ဖက်၌ မကောင်းသောအကြံကို ကြံစည်ပါပြီ။ သူ၏စကားအလုံးစုံတို့ကို ပြည်တော်သည်မခံနိုင်ပါ။} (အာမုတ် ၇း၁၀)။

ပြည်တော်အနှံ့ပြန့်ကျဲလျက်နေသောအပြစ် မကောင်းမှုတို့ကို ကုသပျောက် ကင်းစေရန်မဖြစ်နိုင်တော့ချေ။ သို့ဖြစ်၍ ဣသရေလအပေါ် ကြောက်ဆရာ့အမိန့် တော်သည် သက်ရောက်ရ၏။ ]ဧဖရိမ်သည် ရုပ်တုတို့၌ စွဲကပ်လျက်ရှိ၏။ သူ့ကို တတ်တိုင်းရှိစေလော့။} ]စစ်ကြောရသော အချိန်ရောက်လေပြီ။ အပြစ်ပေးရသော အချိန်ရောက်လေပြီ။ ဣသရေလအမျိုးသိရလိမ့်မည်။ (ဟောရှေ ၄း၁၇။ ၉း၇)။ ဣသရေလမျိုးနွယ်ဆယ်စုတို့သည် ယခုမှာဖောက်ပြန်သင်းခွဲခြင်း၏အသီးကို ရိတ် သိမ်းရ ပေတော့မည်။ ထိုအပြစ်ကား ဗေသလနှင့်ဒန်မြို့တို့မှာ တည်ထားကိုးကွယ်သော နတ်ကွန်းများ၊ ထူးခြားသော ယဇ်ပလ္လင်များပင်ဖြစ်ချေသည်မဟုတ်လော။ ထိုအမှု ဆိုးတို့အတွက် ဘုရားသခင်၏သတင်းစကားမှာ၊ ]ဘေးဥပဒ်သည် ငါတို့ကို မမီနိုင်၊ မဆီးတားနိုင် ဟုဆိုလျက် အပြစ်များသောငါ၏ လူအပေါင်းတို့သည် ဓါးဖြင့်သေရ ကြလိမ့်မည်။} (အာမုတ် ၉း၁၀)။

]ဆောင်းကာလ၌ စံသော နန်းတော်နှင့် နွေကာလ၌စံသော နန်းတော်တို့ကို ငါထိခိုက်၍ ဆင်စွယ်ဖြင့်ပြီးသော အိမ်တို့ကိုဖျက်ဆီးမည်။ ဘုံဗိမာန်တို့သည်လည်း ဆုံးကြလိမ့်မည်ဟု ထာ၀ရဘုရားသခင်မိန့်တော်မူ၏။} ]သင်၏သားသမီးတို့သည် ဓါးဖြင့် သေကြလိမ့်မည်။- -ဣသရေလအမျိုးသည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်။} ]သို့ဖြစ်၍ အိုဣသရေလအမျိုး၊ အထက်ကပြုသကဲ့သို့ သင်တို့၌ ငါပြုဦးမည်။ ထိုသို့ပြုမည်ဖြစ်သောကြောင့် အိုဣသရေလအမျိုး၊ သင်၏ဘုရားသခင်နှင့် တွေ့ခြင်းငှါ ကိုယ်ကိုပြင်ဆင်လော့။} (အာမုတ် ၉း၈၊၁၀၊ ၃း၁၅) ။} (အာမုတ် ၉း၅၊ ၇း၁၇၊)။} (အာမုတ် ၄း၁၂)။

                             

                              တရားစီရင်မှုသည် ခေတ္တခဏမျှ ဆိုင်းလင့်နေခြင်း

               ဤတရားစီရင်မည်ဟူသော ပုရောဖက်၏ ဟောကိန်းသည် ခေတ္တခဏမျှ ဆိုင်းလင့်နေရသည်။ ဒုတိယမြောက်ယေရောဗောင်မင်း၏ ကြာရှည်သော ထီးနန်းသက် အတွင်း၊ ဣသရေလစစ်သည်တော်တို့သည် အောင်မြင်ခြင်းအလံကို ထူနိုင်ခဲ့သည်။ သို့တိုင်အောင်လည်း ဤကဲ့သို့ ကြွယ်၀ချမ်းသာကာ စည်းစိမ်တိုးလာချိန်မျိုးမှာပင် သူတို့၏ နှလုံးသားထဲမှာ နောင်တရလိုစိတ်မရှိခဲ့ပါသောကြောင့် နောက်ဆုံးမှာ ဤကဲ့သို့ အမိန့်တော်ချလိုက်ရပါသည်။ ]ယေရောဗောင်သည် ဓါးဖြင့် သေရလိမ့်မည်။ ဣသရေ လအမျိုးသားတို့သည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်။} (အာမုတ် ၇း၁၁)။

               ဤကဲ့သို့သော ရဲတင်းလှသောစကားကို ပုရောဖက်အာမုတ်သည် ပြုဝံ့ သောကြောင့် ရှင်ဘုရင်နှင့်ပြည်သားတို့သည် မခံနိုင်ကြ။ ဗေသလမြို့ရှိနတ်ဘုရား ကိုးကွယ်ပသသူ ယဇ်ပုရောဟိတ်တို့၏ ခေါင်းဆောင်အာမဇိသည် ရှင်ဘုရင်နှင့် ပြည်တော်ကိုထိပါးလာသော ရှင်းလင်းထိုစကားကို မခံမရပ်နိုင်သည် အဆုံး၌ အာမဇိ သည် ပုရောဖက်အာမုတ်ကို ပြောလိုက်သည်ကား၊ ]အိုပုရောဖက်၊ ယုဒပြည်သို့ ပြေးသွားလော့။ ထိုပြည်မှာ ပုရောဖက်ပြု၍ အသက်မွေးလော့။ နောက်တစ်ဖန် ဗေသလမြို့တစ်ဖက်၌ ပုရောဖက်မပြုနှင့်။ ရှင်ဘုရင်၏ သန့်ရှင်းရာဌာနတော်ဖြစ်၏။ နန်းတော်တည်ရာမြို့လည်းဖြစ်၏ ဟုဆိုလျှင်} (ငယ် ၁၂၊ ၁၃)။

               အာမုတ်က ခိုင်မာစွာ ပြန်လည်တုံ့ပြန်ပြောဆိုသည်မှာ- ]ဣသရေလအမျိုး သည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ်မည်ဟု အာမဇိအား ဆင့်ဆိုလေသည်။} (ငယ် ၁၇)။

               ဖောက်ပြန်လမ်းလွဲသော ဣသရေလမျိုးနွယ်စုတို့အား ပြောဆိုခဲ့သော ဤ စကားသည် အမှန်တကယ်ပြည်စုံခဲ့ပါသော်လည်းပြည်တော်မှာ တဖြည်းဖြည်း ချင်းသာ ဖျက်ဆီးခြင်းကိုခံခဲ့ရပါသည်။ ထာ၀ရဘုရားသခင်သည် တရားစီရင်မှုအရာမှာ ကရုဏာတရားတော့အမြဲရှိရန် သတိရလျက်နေပါသည်။ ]အာရှုရိရှင်ဘုရင်ဗုလသည် ဣသရလပြည်ကိုတိုက်ခိုက်ရန်  ၅။သူတို့၏ဖောက်ပြန်ခြင်းရလဒ်ကြောင့် ဘုရားသခင်၏ သားသမီးများ တစ်ပါးကျွန်ပြုသိမ်းသွားခြင်းခံရမည်ကို မဖြစ်ပျက်မီ နှစ်ပေါင်းများစွာက တည်းက  မောရှေ   အနာဂတ်ဟောခဲ့ပါသည်။ လာသောအခါ( ၄ရာ ၁၅း၁၉၊၂၀)။ ဣသ ရေလရှင်ဘုရင်၊ မေနဟင်သည် မိမိအာဏာတည်စေမည်အကြောင်း ပုလမင်းမစ စေ ခြင်းငှါ ငွေခွက်တစ်သောင်းဆက်သခြင်းဖြင့် အာရှုရိပိုင်နိုင်ငံတော်၏ နယ်မြေကို အုပ် ချုပ်ခွင့်ရသော ငွေပေါင်ကျွန်တစ်ဦးအဖြစ် ထီးနန်းဆက်ခံရန် ခွင့်ပြုခြင်းကို ခံရပေသည်။ ထိုကြောင့် အာရှုရိရှင်ဘုရင်သည်မနေ၊ မိမိပြည်ကိုပြန်သွား၏။ သို့သော်လည်း ထို ဣသရေလမျိုးနွယ်ဆယ်စုကိုတော့ အနိုင်ယူချိုးနှိမ်ခဲ့လေပြီ မဟုတ်လော။

               ဣသရေလရှင်ဘုရင် မေနဟင်သည် နောင်တရဖို့ဝေးစွ၊ ပြည်တော်ကို ပျက်စီး စေသည်အဖြစ်ကို ဆက်၍လုပ်၏။ ]ထိုမင်းသည် ထာ၀ရဘုရားသခင်ရှေ့တော်၌ အပြစ် မကောင်းမှုကို ပြု၍ ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ်သား ယော ရောဗောင်၏ မကောင်းမှုအပြစ်တို့ကို မစွန့်ဘဲနေ၏။} (ငယ် ၁၈)။ ]ဣသရေလရှင် ဘုရင်ပေကာ လက်ထက်၊ အာရှုရိရှင်ဘုရင်တိဂလတ်ပိလေသာ}သည် (ငယ် ၂၉) ဣသရေလပြည်ကိုဝင်စီး၍ ဂါလိလဲပြည်နယ်နှင့် ယော်ဒန်မြစ်အရှေ့ဘက်ခြမ်းမှာ နေ ထိုင်သော ပြည်သားတို့အား သုံ့ပန်းအဖြစ် ချီဆောင်သိမ်းသွားခဲ့ပါသည်။ ထိုသူတို့သည် တိုင်တစ်ပါးနိုင်ငံများမှာ နေရာအနှံ့ပြန့်သွားသည်။ ထိုအချိန်မှစ၍ မြောက်ပိုင်း ဣသရေ လနိုင်ငံတော်သည် ဘယ်သောအခါမျှ ပြန်လည်၍ နဂိုအတိုင်းမတည်တံ့တော့။ ဖရို ဖရဲဖြစ်ခဲ့ပါတော့သည်။ ပေကာနောက်ပိုင်းဟောရှေသည် နောက်ဆုံးဣသရေလ ရှင်ဘုရင်အဖြစ် ဘုရင်ကို လုပ်ကြံပြီးသော် နန်းတက်သည်။ မကြာပါ။ နိုင်ငံတော်မှာ စည်းလုံးခြင်းမရှိ ထာ၀ရပျောက်ကွယ်သွားခဲ့ရလေတော့၏တည်း။

               ဝမ်းနည်းပူဆွေးခြင်းနှင့် စိတ်ပျက်အားလျော့ချိန်မျိုးမှာ ဘုရားသခင်သည် ကရုဏာတရားရှိရန် သတိရအောက်မေ့နေဆဲဖြစ်သည်။ ဟောရှေ၏ နန်းစံတတိယ နှစ်တွင် ယုဒပြည်ကို ကောင်းမွန်သော ဟေဇကိမင်းကြီးကစိုးစံသည်။ ထိုမင်းလက်ထက် ယေရုရှလင်မြို့ဗိမာန်တော်အတွင်း ဝတ်ကြီးဝတ်ငယ်အသွယ်သွယ်ကို ပြန်လည်ပြုပြင် ကာ နိုးကြားစေ၏။ အရေးကြီးမွန်မြတ်သော အလုပ်တစ်ခုပေတည်း။ ထိုသို့ပသခါပွဲကို      

ခံယူရန် စီစဉ်သည်တွင် ထိုပွဲတော်သို့ ယုဒနှင့် ဗင်္ယာမိန်မျိုးနွယ်စုတို့ သာမက မြောက်ပိုင်းဣသရေမျိုးနွယ်ဆယ်စုတို့ကိုလည်း ဖိတ်ကြားခဲ့ပါသည်။

               ]ရှင်ဘုရင်နှင့် မÈ;မတ်တို့ပေးလိုက်သောစာကို စာပို့လုလင်တို့သည် ယူ၍ အမိန့်တော်အတိုင်း ဣသရေလပြည်နှင့် ယုဒပြည်တစ်လျှောက်လုံးသို့ပြေးကြ၏။ စာ၌ပါသော စကားဟူမူကား၊ အိုဣသရေလအမျိုးသားတို့၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ ထာ၀ရဘုရားသခင်အထံတော်သို့ပြန်လာကြလော့။ အာရှုရိရှင်ဘုရင် တို့လက်မှလတ်၍ ကျန်ကြွင်းသေးသော သူတို့ရှိရာသို့ ပြန်လာတော်မူမည်။ သင်တို့ အဘများကဲ့သို့ ခိုင်မာသောသဘာမရှိကြနှင့်။ ထာ၀ရဘုရားသခင်၌ ကိုယ်ကိုအပ် နှံကြလော့။ အစဉ်သန့်ရှင်းတော်မူသော သန့်ရှင်းရာဌါနတော်သို့လာကြလော့။ ပြင်းစွာ သောအမျက်တော်သည် သင်တို့မှာ လွှဲသွားမည်အကြောင်း သင်တို့၏ ထာ၀ရဘုရား သခင်၏ အမှုတော်ကိုစောင့်ကြလော့။ သင်တို့သည် ထာ၀ရဘုရားသခင်ထံတော်သို့ ပြန်လာလျှင် သင်တို့၏ ညီအစ်ကိုသားသမီးတို့သည် သိမ်းသွားသောသူတို့မှာ ကရုဏာစိတ်နှင့် တွေ့ကြုံ၍ ဤပြည်သို့တစ်ဖန်ပြန်လာကြလိမ့်မည်။ သင်တို့၏ ထာ၀ရဘုရားသခင်သည် ကျေးဇူးပြုချင်သောသဘော၊ သနားတတ်သောသဘော ရှိသောကြောင့် သင်တို့သည် အထံတော်ကိုပြန်လာလျှင် မျက်နှတော်ကို သင်တို့မှ လွှဲတော်မမူဟု စာပါသတည်း။} (၆ရာ ၃ဝး၆-၉)။

               ယုဒရှင်ဘုရင်ဟေဇကိမင်းစေလွှတ်လိုက်သော စာပို့လုလင်တို့သည် တစ်မြို့ ဝင် တစ်မြို့ထွက်၍ ထိုသတင်းကောင်းကို သယ်ဆောင်သွားခဲ့ကြပါသည်။ သို့ သော်လည်း မြောက်ပိုင်းနိုင်ငံတော်အတွင်းနေ သိမ်းသွားခံရခြင်းမှ ကျန်ကြွင်းသော ဣသရေလမျိုးနွယ်ဆယ်စုတိုသည် ဘုရင်စေတမန်တို့ကို ဂရုမစိုက်၊ စိတ်ဝင်စားမှုကို လည်းမပြဘဲ ဘာသိဘာသာ နေခဲ့ကြလေသည်။ ထိုထက်ပို၍ ဆိုးပါးသည်က ]ပြည်သားတို့သည် ပြက်ရယ်ပြု၍ကဲ့ရဲ့ကြ၏။} ]သို့ရာတွင် အနည်းငယ်သော အာရှာ ခရိုင်သား၊ မနာရှေ ခရိုင်သား၊ ဇာဗုလုန် ခရိုင်သားတို့သည် ကိုယ်ကိုနှိမ့်ချ၍ ယေရုရှလင်မြို့သို့ လာကြ၏။  အဇုမပွဲကို ခံလိုသောငှါ များစွာသောလူတို့သည် ယေရုရှလင်မြို့၌စည်းဝေးကြ၍ အလွန်ကြီးသော ပရိသတ်ဖြစ်လေသည်။} (ငယ် ၁၀၊ ၁၁-၁၃)။

 

                                             အဆုံးသည်လျင်မြန်စွာလာခြင်း

               ထိုပွဲနေများမှလွန်၍ နှစ်နှစ်မျှကြာလတ်သော် ရှမာရိမြို့တော်သည် အာရှုရိ စစ်သည် ဗိုလ်ခြေအပေါင်းတို့၏ ဝန်းရံတပ်ချီခြင်းကိုခံခဲ့ရသည်။ မြို့သားများစွာတို့သည် အစုလိုက်အပြုံလိုက် အစာငတ်မွတ်၍သော်လည်းကောင်း၊ ရောဂါဘယထူပြော၍ သော်လည်းကောင်း၊ ဓါးဘေးကြောင့် သော်လည်းကောင်း သေကျေပျက်စီးခဲ့ရသည်။ မြို့တော်ကြီးနှင့် နိုင်ငံတော်ကြီးပြိုကွဲခဲ့ရလေပြီ။ ပြိုကွဲပြီဖြစ်သော ဣသရေလ မျိုးနွယ် ဆယ်စုတို့သည်လည်း အာရှုရိနိုင်ငံနယ်မြေ အသီးသီးတို့မှာ ပျံ့လွင့်၍ နေကြရသည်။

               ဤကဲ့သို့မြောက်ပိုင်းနိုင်ငံတော် ဣသရေလပြည်ကျဆုံးရခြင်းကား၊ ကောင်း ကင်ဘုံမှ တိုင်ရိုက်တရားစီရင်ခြင်းဖြစ်ပါသည်။ ပုရောဖက်ဟေရှာယအားဖြင့် ထာ၀ရ ဘုရားသခင်သည် အာရှုရိဗိုလ်ခြေတို့အား ]ငါ့အမျက်၏လှံတံ၊ သူကိုင်သော တောင်ဝှေး သည် ငါဒဏ်ပေးစရာဖို့ဖြစ်၏} (ဟေရှာယ ၁ဝး၅) ဟုဖော်ညွှန်းထားပြီ မဟုတ်လော။

               ဣသရေလလူမျိုးသည် နောင်တရရန်ငြင်းပယ်ခဲ့သောကြောင့် ]ထာ၀ရ ဘုရားသခင်သည်လည်း ဣသရေလအမျိုးရှိသမျှကို ရွံရှာ၍ မျက်မှောက်တော်မှ မနှင်ထုတ်မီတိုင်အောင် ဒဏ်ခတ်တော်မူ၏။ လုယက်သောသူတို့လက်၌ အပ်တော် မူ၏။} ]ထာ၀ရဘုရားသခင်သည် မိမိကျွန် ပုရောဖက်အပေါင်းတို့ဖြင့် မိန့်တော် မူသည် အတိုင်း ဣသရေလအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားတော်မမူမီတိုင် အောင်သူ တို့သည် ထိုမကောင်းမှု အပြစ်ကို မရှောင်ဘဲလိုက်ကြ၏။ ထိုကြောင့် နေရင်းပြည်မှ အာရှုရိပြည်သို့ သိမ်းသွားခြင်းကို ယနေ့တိုင်အောင်ခံရကြ၏။} ]အကြောင်းမူကား၊ သူ တို့သည် မိမိတို့ ထာ၀ရဘုရားသခင်၏စကားတော်ကို နားမထောင်ဖွဲ့တော်မူသော ပဋိ ညာဉ်ကိုလည်းကောင်း၊ ထာ၀ရဘုရားသခင်၏ကျွန် မောရှေမှာထားသမျှကို လည်း ကောင်း အမှုမထား၊ လွန်ကျူးကြ၏} (၄ရာ ၁၇း၇၊ ၁၁၊ ၁၄၊ ၁၆ ၊၂၀၊ ၂၃။ ၁၈း၁၂)။

               ဣသရေလမျိုးနွယ်ဆယ်စုတို့အပေါ်သို့ သက်ရောက်သော ကြောက်မက် ဖွယ်ရာ တရားစီရင်ခြင်းအမှု၌ ထာ၀ရဘုရားသခင်မှာ ပညတ်သတိရှိ၍ သနားခြင်း ကရုဏာတော်ပြရန် အကြံအစည်သည်ရှိ၏။ သူတို့၏ ဘိုးဘေးတို့အားဖြင့် သာသနာ တော်ပျံ့နှံ့စေခြင်းအမှုကို ဘုရားသခင်သည် မပြုနိုင်ခဲ့သောအခါ ထိုသူတို့ကိုနိုင်ငံ ခြားသားတို့ အထဲမှာ ပျံ့နှံ့စေခြင်းအားဖြင့် မိမိ၏ အကြံအစည်တော်ကို ပြီးပြည့် စုံစေခဲ့ပါသည်။ သုံ့ပန်းဘ၀အဖြစ်သို့ ဆိုက်ရောက်ခဲ့ရသောသူတို့အထဲတွင် စိတ် သဘောခိုင်မာ၍ နောင်တသံဝေဂတရားမရှိသော သူများအားလုံးမဟုတ်ကြပါ။ ]မိုးပြို အများ} ]မိုးခါးရေသောက်} ပြုခံရသူများလည်း ပါဝင်ကြ၏။ ထိုသူတို့သည်ကား ထာ၀ရဘုရားသခင်၌ သစ္စာရှိဆဲ။ ဘုရားသခင်ရှေ့တော်မှောက်မှာ မိမိတို့ ကိုယ်ကို နှိမ့်ချသမှုပြုဆဲဖြစ်၏။ ထိုသူတို့အားဖြင့် ထာ၀ရဘုရားသခင်သည် မိမိ၏သာသနာ တော်ကို အာရှုရိပြည်သားမြောက်မြားစွာတို့အား သိရှိနားလည် ခံစားမိရန်ဖြစ်ပါသည်။ (ဟောရှေ ၁း၁၀)။ ထာ၀ရဘုရားသခင်၏ ဂုဏ်တော်အပေါင်းနှင့် မိမိ၏ ပညတ်တရား ကို စောင့်ရှောက်ခြင်း၏ အကျိုးကျေးဇူးများကို မိတ်သဟာယပြုသိကျွမ်းရခြင်းသည် ပျော် ရွှင်ဝမ်းမြောက် ခြင်း မင်္ဂလာတစ်ပါးပင်ဖြစ်ချေ၏တကား။

              

 

No comments:

Post a Comment