အခန်း (၄၃)
ဗေလရှာဇာ
မင်းကြီး၏ပွဲတော် (သို့မဟုတ်) ဗာဗုလုန်ု၏ နောက်ဆုံးည
ဤအခန်းကြီးသည်
(ဒံယေလ ၅) ကို အခြေခံထားသည်။
ဒံယေလနှင့်အဖော်များ သုံ့ပန်းအဖြစ်ဆောင်ယူခြင်းကို
ခံရသောနိုင်ငံ ဗာဗု လုန်မှာ ကြီးစွာသောပြောင်းလဲခြင်းသည် ဖြစ်ခဲ့၏။ နိုင်ငံတော်ကို
ထူထောင်ခဲ့သော နေဗုခဒ်နေဇာမင်းကြီး အနိစ္စရောက်ခဲ့ပြီးသည်နောက် ဆက်ခံသော
မင်းဆက်များမှာ ပညာမဲ့၍ ပျော်ပါးမှုမှာအထုံဝါသနာပါကြ၏။ (ယေဇကျေလ ၂၈:၇)။ ဤသို့လျှင်
နိုင်ငံ တော်မှာ တဖြည်းဖြည်းနှင့် ဖြေရှင်း၍မရနိုင်သော သေချာပေါက်
အရှုပ်တော်ပုံပြဿနာ စုကြီးများသည် ပေါ်ထွန်းလာရပေသည်။( ယေရမိ ၅၁:၄၁)။
နေဗုခဒ်နေဇာမင်းကြီး၏မြေးတော် ဗေလရှာဇာမင်းကြီး
လက်ထက်မှာလည်း အာဏာစက်မှာ ဘုန်းကြီးဆဲဖြစ်သဖြင့် ကောင်းကင်ဗိုလ်ခြေ
ထာ၀ရဘုရားသခင်ကို စိတ်နှလုံးထဲမှာ ဆန့်ကျင်၍ မာန်မာနတရား၌ ယစ်မူးလျက်နေပါသည်။
ထိုမင်းကြီးသည် မိမိ၏ အဘိုးတော်သူပြည့်ရှင်မင်းကြီး မြက်စားခဲ့ရပုံများကိုသိ၏။
အဘိုး၏ စိတ်နှလုံး ပြောင်းလဲခြင်းနှင့် အံ့ဖွယ်ရူးသွပ်သောအနာရောဂါမှ
ကင်းငြိမ်းပျောက်ကွယ် သွားရပုံ များတို့နှင့် လည်းယဉ်ပါးခဲ့လေသည်။ သို့သော်လည်း
သူသည်အပျော်အပါးနှင့် မိမိဘုန်း တန်ခိုး ]ငါအစွဲတော်} ကို မှေးမှိန်ဖျောက်ဖျက်စေရန်ခွင့်မပြု။ သင်ခန်းစာယူအပ်သော
အရာများကို မေ့ပျောက်ကာနေ၏။ အမှန်တရားနှင့် အပြည်အဝရင်းနှီးယဉ်းပါးရန် အ
ခွင့်အခါသာခဲ့ပါသော်လည်း ဂရုမစိုက်လျစ်လျူခဲ့လေပါပြီ။
ဤလိုပုံနှင့် နိုင်ငံတော်မှာလည်း
ရှေ့နောက်ပြောင်းပြန်လှန်ရတော့မည့် ဖရို့ ဖရဲဖြစ်ရပ်မှန်နှင့် နီးကပ်လာချေပြီ။
ဗာဗုလုန်မြို့တော်ကြီးကို ရှင်ဘုရင်စိုင်းရပ်စ်က ဝန်းရံထားလေ၏။ ထိုမင်းကာ
မေဒိပေရသိလူမျိုးတို့၏ စစ်သေနာပတိချုပ်ပေတည်း။ ရွှေမြို့တော်ဗာဗုလုန်သည် လှပ၍ခိုင်ခံ့မြဲမြံသော
အနှိုင်းမဲ့ဗိသုကာလက်ရာဖြစ်၏။ ကြီး မားခိုင်ခံ့သော
မြို့ရိုးအုတ်တံတိုင်းကြီးများနှင့်တကွ ကြေးဝါဂိတ်တံခါးကြီးတို့မှာ လုံခြုံ မှုကို
အပြည့်အဝပေးနိုင်သလို ယူဖရိတ်မြစ်စီးဆင်းမှုကို မြို့တွင်းအလယ်ဗဟိုမှာ ခွင့် ပြုကာ
အစာရေစာနှင့်တကွ မြို့တော်၏စည်းစိမ်ချမ်းသာအဖြာဖြာကို ကာကွယ်ရန် စီမံထားလေသည်။
အပျော်အပါးကိလေသာအရသာကို မြတ်နိုးခုံမင်သော သက်ဦးဆံ ပိုင်ရှင်ဘုရင်ကြီးကာ
မိဖုရားမောင်မမိဿံများနှင့်တကွ မြို့တော်တွင်းမှာ သောက်စား မူးယစ်ကာ
ပျော်ပါးရွှင်လန်းမြူးထူးနေကြပါ၏။ ဤကဲ့သို့လျှင် အချိန်ကိုကုန်လွန်စေ သည်။ ရန်သူတို့ကိုလည်း
အထင်အမြင်သေးကာနေ၏။ မထီလေးစား မခန့်မညားပြု သည် သဘောပင် ဖြစ်လေသည်။
ရှင်ဘုရင်ကြီးသည် မာန်မာနထောင်လွှားသဖြင့် ရန်သူကို
ဘာမထီသဘော ထားကာ ဂရုမစိုက်၊ အေးတိအေးစက်နေသည်မှာ ဤသို့တည်း။ ]ဗေလရှာဇာမင်းကြီး သည်
မÈ;မတ်တစ်ထောင်ကို ခေါ်ပြီးလျှင်ကြီးစွာသော
ပွဲကိုလုပ်၍ မÈ;မတ်တစ်ထောင် နှင့်တကွ
စပျစ်ရည်ကိုသောက်တော်မူ၏။} ထိုသောက်စားပွဲပြီးမှာ
လှပနုပျိုသောအလှ မယ်သမီးချောတို့သည် မိမိတို့၏ကိုယ်ကာယအလှစုံလင်စွာနှင့်
ရှိသမျှသော ရွှေပွဲလာ မင်း ဧည့်သည်တော်ယောက်ျားအပေါင်းတို့အား ကချေသည်တစ်ခါ၊
ဇိမ်မယ်တစ်လှည့် ဧည့်ခံကြရလေသည်။ ယောက်ျားအပေါင်းတို့သည်လည်း ထိုညို့ဓါတ်ရှင်
မိန့်မပျိုးတို့၏ စွဲမက်စရာကိုယ်အလှမှာ စိတ်အာရုံစွဲလမ်းတန်းမှန်းကပ်ငြိကာ
နေတော့၏။ ဉာဏ်ကြီး ရှင်ပညာတတ်ယောက်ျားကြီးများလည်း ထိုပွဲမှာရှိကြသည်။ မင်းအရာရှိမÈ;ကြီးမတ်ရာ သေနာပတိတို့သည်လည်း သေသောက်ကြူး၍
ပျော်ပါးမြူးထူးကာ ရူးသွပ်၍နေတော့ သည်။
ထိုသေရည်များကြောင့် ဆင်ခြင်တုံတရားပျော်က်လွင့်ရ၏။
လူ့အသိတရား ကွယ်၍ တိရစ္ဆာန်တမျှ အာရုံငါးပါးအရသာကိုခံစားကာ သာယာနေ၏။
ရှင်ဘုရင်ကိုယ် တော်တိုင်လည်း ထိုဗာဗုလုန်ပြည် မိုးမင်းကျော်နတ်ပွဲမှာ
ပေါက်လွှတ်သောက်စား ပျော် ပါးမြူးထူးခြင်းအမှုမှာ ဦးဆောင်လျက်နေသည်မဟုတ်ပါလား။
ဤသို့နှင့် အရှိန်တက် လာကာ စပျစ်ရည်ထည့်သောက်ဖို့ရန် ]ယေရုရှလင်မြို့ဗိမာန်တော်ထဲက
(ဘိုးတော်)
နေဗုခဒ်နေဇာသိမ်းယူဆောင်ခဲ့သော
ရွှေဖလား၊ ငွေဖလားတို့နှင့် ကိုယ်တော်တိုင် မှစ၍ မင်းသား၊ မိဖုရား၊
မောင်းမမိဿံတို့သည်သောက်ရမည် အကြောင်း၊ ထိုဖလားတို့ကို ယူခဲ့ရမည်ဟု
အမိန့်တော်ရှိပါသည်။ သန့်ရှင်းသော ဆက်ကပ်အပ်နှံပြီး ဗိမာန်တော် သုံးပစ္စည်းများကို
ရှင်ဘုရင်သည် သူနှင့်လုံး၀ မဆိုင်ပါဘဲလျက် ကိုင်စွဲသုံးဆောင်ခြင်း အမှုကို
ဝန်မလေးနိုင်တော့ပြီ။ သူကိုင်တွယ်သုံးဆောင်ဖို့ရန် မထိုက်တန်ဟူသော အသိ တရားသည်
မရှိတော့ပြီ။ ထိုသို့ ]ယေရုရှလင်မြို့၌ရှိသော ဘုရားသခင်၏ ဗိမာန်တော် တိုက်ထဲက
သိမ်းဆည်းဆောင်ယူခဲ့သော ရွှေဖလားတို့ကိုယူ၍ မင်းကြီး၊ မင်းသား၊ မိဖုရား၊
မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် သောက်ကြ၏။ စပျစ်ရည်ကို သောက်၍ ရွှေဘုရား၊
ငွေဘုရား၊ ကြေးဝါဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရား တို့ကို ချီးမွမ်းကြ၏။}
ရှင်ဘုရင်နှင့်
ရွှေဧည့်လာပရိသတ်တို့အတွက်
ကံဆိုးမိုးမှောင်အတိတ်နိမိတ်
ထိုသို့အောက်ခြေလွှတ်ကာ ပျော်ပါးမြူးထူးနေကြသည်ကို
ကောင်းကင်ဗိုလ် ခြေ ဘုရားသခင်သည် စောင့်ကြည့်ကာနေသည်ကို သူတို့သတိမပြုခဲ့ကြပါချေ။ ဘုရား တရားအတွက် လÈဒါန်းထားသည့်ပစ္စည်းများစွာကို လူဝတ်ကြောင်
ကိစ္စရပ်များအတွက် သိမ်းယူအသုံးပြုခြင်းသည် ရိုသေလေးမြတ်ဖွယ်ရာများကို မရိုမသေ၊
အခန့်မညားပြု ခြင်းပင်ဖြစ်သည် မဟုတ်လော။ ဤသို့ဘာသာတရားနှင့် ဆိုင်ရာများကို
အဂါရ၀ပြု ခြင်းအမှု ထက်ဆိုးဝါးသောပြစ်မှုသည် မရှိတော့ပြီဟုမှတ်ယူရပေမည်။
ထိုပျော်ရွှင် မြူးထူးမှုကြီးအထွတ်အထိပ်သို့ ရောက်နေချိန်မှာ အသွေးမဲ့သော
လက်တစ်ဖက်သည် နန်းတွင်းနံရံတစ်ခုပေါ်မှာ မီးစာလုံးကို
ရေးချလိုက်လေ၏။ထိုစာလုံးများ၏အနက်ကို ပြောရသော်၊ ကျောချမ်းစရာကောင်းလှသည့်
နိမိတ်ဆိုးပင်ဖြစ်တော့သည်။ မဖိတ်ခေါ် သော မြင့်မြတ်ဧည့်သည်တော်ကြီးသည် ယခုမှာ
ကိုယ်တိုင်ကျတည်ရှိဖော်ပြနေလေ ပြီကော။
ဆူညံကြမ်းတမ်းဟော့ရမ်းမှုများနှင့်ယှဉ်သော ရွှင်လန်းမြူးထူး
ပျော်ပါးမှုကြီး ရုတ်ခြည်းရပ်ဆိုင်းသွား၏။ လူယောက်ျား၊ လူမိန်းမတို့သည် တချို့လည်း
ကိုယ်ပေါ်မှာ အဝတ်မဲ့နှင့်ကြောက်လန့်နေကြသည်။ နံရံပေါ်မှာ
ဖြည်းဖြည်းချင်းရေးသာနေသော လျှို့ ဝှက်ဆန်းကျယ် စာကြောင်းကြီးကိုငေးကြည့်နေကြ၏။
ထိုအချိန်တွင်းမှာပင် မိမိတို့၏ အသက်တာမှာ ဆိုးသွမ်း
ညစ်ညမ်းမကောင်းမှုလုပ်ရပ်များစွာတို့ကို မြင်ကွင်းကျယ် ရုပ်ရှင်ကဲ့သို့
မြင်တွေကြရကုန်သည်။ ကိုယ်စီကိုယ် ဆင်ခြင်ပေးမငြင်းသာအောင် ကိုယ့်ဖြစ်ရပ်မှန်တွေကို
ကိုယ်ပြန်မြင်ကြရသဖြင့် တန်ခိုးကြီးဘုရားသခင်သည် သူတို့ အားသိမြင်စစ်ဆေးပြစ်တင်ကာ
တရားစီရင်နေလပြီဟူသော အသိမျိုးဝင်လာကြပုံရ ပါ၏။ မှန်ပေသည်။ သူတို့ရှုတ်ချကဲ့ရဲ့သော
ထာ၀ရဘုရားသခင်၏ တန်ခိုးတော်ကို သူ တို့သိမြင်ရလေပြီ။ မကြာသေးမိ အချိန်ပိုင်းက
အောက်ခြေလွှတ်ကာ မြူးထူးခဲ့ကြ သူတွေ၊ ဘုရားသခင်ကို ဇ၀နဉာဏ်ဖြင့်
ပြစ်ခွင့်မလွှတ်နိုင်အောင် ကဲ့ရဲ့ရှုတ်ချခဲ့ကြ သူတွေ ယခုမှာတော့
ကြောက်ရွံ့တုန်လှုပ်ခြင်းကြီးစွာနှင့် မျက်နှာတို့သည်လည်း ဖြူဖပ်ဖြူရော်
ဖြစ်နေရလေပြီ။
ထိုသူတို့အထဲမှာ ဗေလရှာဇာမင်းကြီးသည် အဆိုးဆုံးဖြစ်၏။
အသိတရား ပြန် လည်ဝင်ရောက်လာသည်နှင့် ကြောက်ဒူးတုန်အောင်ဖြစ်နေသည်။ ကျမ်းမှတ်တမ်း
အရ ]လူ၏ လက်ဖျားသည်ပေါ်လာ၍ မီးခုံအထက်၊ နန်းတော်အုတ်ထရံ အင်္ဂတေ၌ အက္ခရာ တင်၍
ရေးထား၏။ ထိုသို့ရေးသောလက်ဖျားကို ရှင်ဘုရင်မြင်တော်မူလျှင် မျက်နှာ တော်ညှိုးငယ်၍
စိတ်ပူပန်ခြင်းသို့ရောက်သဖြင့် ခါးဆစ်ပြုတ်မတတ်ဖြစ်၍ ဒူးချင်းထိ ခိုက်သည်ရှိသော်} ဟု ဖော်ပြထားလေသည်။ ယခုမှာ သူသည်ဆင်ခြင်ပေး၍ မရတော့ မှန်း
သိမြင်လေပြီ။
ထိုထူးဆန်းနက်နဲလှသော စာလုံးများကို ရှင်ဘုရင်သည်
ဖတ်ရန်ကြိုးစားသော် လည်း အချည်းနှီးဖြစ်၏။ သို့ဖြစ်၍ မိမိ၏စုဝေးနေကြသော
ပရိသတ်ဆီသို့ မျက်နှာ ပြုလျက် ]ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာတို့ကို ခေါ်ချေဟု
ဟစ်ကြော်ပြီး လျှင် ထိုစာကိုဖတ်၍ အနက်ကိုဖော်ပြနိုင်သောသူသည် အဝတ်နီကိုဝတ်ဆင်၍ လည်
ပင်း၌ ရွှေစလွယ်ဆွဲလျက် နိုင်ငံတော်တွင် တတိယမင်းဖြစ်စေ} ဟု ဗာဗုလုန်ပညာ ရှိ တို့အား အမိန့်တော်ရှိလေသည်။
သို့သော်လည်း ကောင်းကင်ဘုံနှင့်ဆိုင်သော အထက် အရပ်မှပညာကို ငွေနှင့်ဝယ်၍
မရနိုင်ပါပြီ။ ]ပညာရှိဆရာတော်အပေါင်းတို့သည် လာ ရောက်ကြသော်လည်း ထိုစာကိုမဖတ်နိုင်ကြ။
အနက်အဓိပ္ပါယ်ကို ရှင်ဘုရင်အား မ ဟောမပြောနိုင်} သည်မျာ
အရင်တစ်ခေတ်က နေဗုခဒ်နေဇာမင်းကြီး မြင်မက်ခဲ့သော အိပ်မက်၏
အနက်အဓိပ္ပါယ်ကဲ့သို့တည်း။
ထိုအခါ ရှင်ဘုရင်၏ မယ်တော်မိဖုရားကြီးသည် ဒံယေလကို သတိရ၏။
သို့ဖြစ်၍ ]ပွဲတော်သို့ဝင်၍ အရှင်မင်းကြီး၊ အသက်တော် အစဉ်အမြဲရှင်ပါစေ၊ စိတ်
တော်ပူပန်ခြင်းမရှိပါနှင့်။ မျက်နှာညှိုးငယ်တော်မမူပါနှင့်။ သန့်ရှင်းသော
ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသောသူတစ်ယောက်သည် နိုင်ငံတော်တွင်ရှိပါသည်။
ဘိုးတော် လက်ထက်တော်၌ ထိုသူတွင် ဘုရားသခင့်ပညာနှင့်တူသော ပညာဉာဏ်သတ္တိ ထင်ရှား
လျက်ရှိပါ၏။ ထိုသူကို ဘိုးတော်နေဗုခဒ်နေဇာမင်းကြီးသည် မာကုပညာရှိ၊ ဗေဒင်တတ်၊
ခါလဒဲဆရာ၊ အနာဂတ္တိဆရာတို့အပေါ်တွင် ဆရာအုပ်အရာ၌ ခန့်ထားတော်မူ၏။ ထို ဒံယေလကို
ခေါ်တော်မူလျှင်အနက်ကို ဟောပြောပါလိမ့်မည်ဟု လျှောက်သော်၊ ဒံယေ လကို
အထံတော်သို့ခေါ်သွင်းလေ၏။} ရှင်ဘုရင်ဗေလရှာဇာသည်
ကြိုးစား၍ စိတ်တည် ငြိမ်အောင် ဣန္ဒြေဆောင်လျက် ပုရောဖက်ဒံယေလအားပြောသည်မှာ၊
]သင်သည် အ နက်များကိုဖော်ပြ၍ ပုစ္ဆာအမေးတို့ကို ဖြေနိုင်သည်ဟု
ငါကြားပြီးသည်အတိုင်း ထိုစာကို ဖတ်၍ အနက်ကိုငါ့အားဖော်ပြနိုင်လျှင်
အဝတ်နီကိုဝတ်ဆင်၍ လည်ပင်း၌ ရွှေစလွယ် ဆွဲလျက် နိုင်ငံတော်တွင်
တတိယမင်းဖြစ်ရလိမ့်မည့်ဟု မိန့်တော်မူ၏။}
ဒံယေလသည် ရှင်ဘုရင်ပေးသောကတိများကြောင့်
ဘဝင်မထိစိတ်မလှုပ်ရှား ပါ။ အမြင့်ဆုံးသော ဘုရားသခင်၏အစေခံတစ်ယောက်မှာ ရှိအပ်သော
ဂုဏ်သိက္ခာ မျိုးနှင့် ရှင်ဘုရင်ရှေ့မှာရပ်လျက် ပြန်လျှောက်သည်မှာ-
]ပေးလိုသောအရာများကို အ ခြားသူအားပေးသနားတော်မူပါ။ သို့သော်လည်း ရှေ့တော်၌ထိုစာကိုဖတ်၍
အနက်ကို ဖော်ပြပါမည်။}
ရှင်ဘုရင်၏
အပြစ်ကို ဘုရားသခင် ရှေ့တော်မှောက်မှာ
ဒံယေလဖော်ထုတ်ခြင်း
ဒံယေလပုရောဖက်ကြီးသည် ရှင်ဘုရင်၏
ဘိုးတော်နေဗုခဒ်နေဇာမင်းကြီး၏ ကျူးလွန်ခဲ့သောအပြစ်နှင့် ကျဆုံးခဲ့ရပုံ၊
မာန်မာနထောင်လွှားမှုကြောင့် ဘုရားသခင်က တရားစီရင်ခဲ့ပုံနှင့် ဣသရေလဘုရားသခင်၏
ကရုဏာကျေးဇူးတော်နှင့် တန်ခိုးကြီးပုံ တို့ကို ဗေလရှာဇာမင်းအား ရှေးဦးစွာအသိပေးပြောကြားခဲ့ပါသည်။
၎င်းနောက်ရဲရင့် စွာဖြင့် ဗေလရှာဇာမင်းကြီးကို အထူးတလည်ဆုံးမပြစ်တင်သော
စကားမျိုးဖြင့် ၎င်း၏ ကြီးကျယ်သော အပြစ်မှားယွင်းမှုများကိုဖော်ပြခဲ့လေသည်။
အချိန်ကောင်းခဲ့စဉ်က သင် ခန်းစာယူ သတိမူနိုင်ပါလျက်နှင့်
ဂရုမစိုက်လျစ်လျူရှုခဲ့ပုံကား ယခုတော့ အချိန်နှောင်း ခဲ့ရလေပြီ။ ပြင်၍မရပြီ။ မိမိ၏
ပုန်ကန်ခြားနားမှုအတွက် အဖိုးအခကို သာရိတ်သိမ်း ရပေတော့မည်။}
]အရှင်သားတော်ဗေလရှာဇာ၊ ကိုယ်တော်သည် ထိုအမှုအလုံးစုံတို့ကို
သိသော် လည်း စိတ်နှလုံးကိုမနှိမ့်ချဘဲ ကောင်းကင်ဘုံ၏အရှင်ကို ဆန့်ကျင်ဘက်ပြု၍
ဗိမာန် တော်၏ ဖလားတို့ကိုရှေ့တော်သို့ယူခဲ့စေ၍
ကိုယ်တော်တိုင်မှစသော မÈ;တော်၊ မတ် တော်၊
မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် စပျစ်ရည်ကို သောက်ကြပြီးတ ကား။
မျက်စိမမြင်၊ နားမကြား၊ အဘယ်အရာကိုမျှမသိသော ငွေဘုရား၊ ရွှေဘုရား၊ ကြေးဝါဘုရား၊
သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ချီးမွမ်း၍ကိုယ်တော်၏ အသက်သခင်တည်းဟူသော
ကိုယ်တော်၏အမှုအလုံးစုံတို့ကို စီရင်ပိုင်တော်မူသော ဘုရားသခင်ကို
မချီးမွမ်းဘဲနေပါပြီတကား။ ထိုကြောင့် လက်ဖျားကို စေလွှတ်၍ ထိုစာကို ရေးတော်မူ၏။}
နံရံပေါ်မှစာကို
အနက်ဖော်ခြင်း
ထိုသို့မြွက်ဆိုပြီးမှ ဒံယေလသည် နန်းတော်အုတ်ထရံ
အင်္ဂတေ၌အက္ခရာ တင် ၍ ရေးထားသောစာကိုဖတ်လေ၏။ စာချက်ဟူမူကား၊ ]မေနေမေနေ၊ တေကလ၊ ဖေ
ရက်} ဟူ၍ဖြစ်သတည်း။
လက်ဖျားကိုမူမတွေ့ရတော့ပါ။ သို့သော်လည်း ထိုစာလုံး များကား ကြောက်စရာ့အသွင်
ထူးခြားမှုကိုဆောင်လျက် တောက်ပနေဆဲဖြစ်ပါသည်။ ပရိသတ်အပေါင်းတို့သည်လည်း
သက်ကြီးအိုအရွယ်ဖြစ်နေသာ ပုရောဖက်ဒံယေလ၏ အနက်ဖွင့်မည်ပုံကို အသက်မရÈမိအောင်နားစွင့်၍ နေကြလေသည်။ ]မေနေ၏ အနက် အဓိပ္ပါယ်ကား၊
ကိုယ်တော်၏နိုင်ငံတော်ကို ဘုရားသခင်ရေတွက်၍ ဆုံးစေတော်မူ၏။ တေကလ၏
အနက်အဓိပ္ပါယ်ကား၊ ကိုယ်တော်ကိုချိန်ခွင်နှင့်ချိန်၍ လျော့ကြောင်းကို
တွေ့မြင်တော်မူ၏။ ဖေရက်၏ အနက်အဓိပ္ပါယ်ကား၊ နိုင်ငံတော်ကိုခွဲဝေ၍ မေဒိလူ၊ ပေ
ရသိလူတို့အား အပ်ပေးတော်မူ၏ဟု ဆိုလိုသတည်းဟု ဒံယေလသည် အထံတော်၌
ပြန်ကြားလျှောက်ထား၏။}
ဘုရားသခင်၏
စောင့်ထိန်းထားသောလက်တော်ကို
ရုတ်သိမ်းလိုက်ခြင်း
ထိုနေ့ညမှာ ဗေလရှာဇာမင်းကြီးနှင့် သူ၏မÈ;မတ်တစ်ထောင်တို့သည် ခါလဒဲ နိုင်ငံတော်ကြီးကို
ညစ်ညမ်းမှုအတိရှိသော ပကတိအပြစ်များစွာတို့နှင့် ပြည်၀စေခဲ့လေ ပြီ။ ထာ၀ရဘုရားသခင်၏
ရွှေလက်တော်သည် ထိုမျှလောက်အပြစ်များလှစွာသော
မကောင်းမှုဇုန်နယ်ကိုအဘယ်မှာလျှင်ဆက်လက်ကာစောင့်ရှောင်နိုင်ပါတော့မည်နည်း။
ကောင်းကင်ဘုံမှ တရားစီရင်ခြင်းကို ထိုပြည်သည်ခံရလေပြီ။ ]ငါတို့သည် ဗာဗုလုန်
မြို့၏အနာကို ပျောက်စေခြင်းငှါပြုသော်လည်း အနာမပျောက်နိုင်} (ယေရမိ ၅၁း၉) တော့ပြီ။ ဤသို့စီရင်ရန် လိုအပ်၍သာ
ထာ၀ရဘုရားသခင် ပြုတော်မူခြင်းဖြစ်သတည်း။ ထိုညမှာပင် ဗေလရှာမင်းကြီး၏
နိုင်ငံတော်သည် တိုင်းတစ်ပါးသူတို့ လက်ထဲတယ် ရောက်ရပေတော့မည်တကား။
ပုရောဖက်နှင့် နှုတ်မြွက်စကားပြီးဆုံးသည်နှင့် ရှင်ဘုရင်သည်
မိမိ၏သစ္စာ ကတိပြုထားသည်အတိုင်း ဒံယေလအားချီးမြှင်ရန် အမိန်ပေးလိုက်ပါသည်။
ဤဖြစ်ရပ်မှန်မတိုင်မီ ရှေးနှစ်ပေါင်းတစ်ရာကျော်ကပင်
ထာ၀ရဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် ဤသို့ပုရောဖက်ပြုကာ ဟောကြားခဲ့ပါပြီ။
]ငါပျော်မွေ့ရာ ညကို ဘေးနှင့်ပြည့်စုံစေတော်မူ၏။} (ဟေရှာယ ၂၁း၄)။
ယခုမူကား ပွဲခံရာခန်းမကြီး ထဲရှိနေစဉ်မှာပင် ရှင်ဘုရင်သည် ဤသို့လျှင် သတင်းဆိုးကို
ကြားသိခဲ့ရလေသည်။ ]ရန်သူတို့သည် မြို့တော်ကို တစ်ဖက်တစ်ချက်တိုက်ဝင်ကြပြီ။} (ယေရမိ ၅၁း၃၁)။ ရှင်ဘုရင်နှင့် သူကောင်းမျိုးမÈ;မတ်တစ်ထောင်တို့သည် ဗိမာန်တော်မှ ဆက်ကပ်ပြီးခွက် ဖလား
အသုံးအဆောင်များတို့ကို အရက်ခွက်လုပ်ကာ မတော်မလျော်ပြုလုပ်၍ မိမိတို့၏ ရွှေဘုရား၊
ငွေဘုရားတို့ကို ချီးမွမ်းထောမနာပြုနေကြသည်ကာလ၊ မေဒိ၊ ပေရသိလူတို့ သည်
ဘူဖရိတ်မြစ်ကို တူးမြောင်းဖောက်၍ မြစ်ရေကိုလွှဲကြသဖြင့် ဗာဗုလုန်မြို့တွင်းသို့
မြစ်ရေမစီးဆင်းတော့သည်ဖြစ်ရကား စစ်သူရဲတို့သည် ထိုမြစ်ကြောင်း တစ်လျှောက်
မြို့တွင်းသို့ချင်းနင်းဝင်ရောက်၍ အစောင့်တပ်သားမဲ့နေသော ရွှေမြို့တော်၏နှလုံးသား
တည်ရာနန်းတော်ဝင်းသို့ ဝင်ရောက်တိုက်ခိုက်လေတော့သည်။ ယခုတွင် စိုင်းရပ်စ်မင်း
ကြီး၏ စစ်တပ်မဟာကြီးသည် နန်းတော်မြို့ရိုးတစ်လျှောက် ]အမွေးကြမ်းသောကျိုင်း ကောင်}ကဲ့သို့ မြင်းစီးသူရဲတို့သည်ဝန်းရံကာ နေကြလေပြီ။
ထိုစစ်သူရဲတို့၏ အောင်ပွဲ ခံသော ဟစ်ကြွေးသံများကို ရှင်ဘုရင်ဗေလရှာဇာမင်းကြီးနှင့်
အပေါင်းပါတို့သည် ကြား သိခဲ့ရပေသည်။ အကြောင်းသော်ကား စစ်ချီသံသည် ပုရောဖက်ဒံယေလ၏
ဖော်ပြ ချက်ဖြင့် သိရှိရသော ထိတ်လန့်စိုးရွံ့သံကြီးများရှိသမျှကိုပင်
လွှမ်းမိုးခဲ့သောကြောင့် ပေ တည်း။
]ထိုည၌ပင် ခါလဒဲရှင်ဘုရင်ဗေလရှဇာမင်းကြီးသည် အသက်ဆုံး၍ မေဒိအ
မျိုးဒါရိမင်း (ဆက်)သည် အသက်ခြောက်ဆယ်နှစ်နှစ်တွင် နိုင်ငံတော်ကို သိမ်းယူတော်
မူ၏။}
၉။ ဗိမာန်တော်ကြီးအား
တစ်ဖန်ပြန်လည်တည်ဆောက်ရင်း ဘုန်းရောင်တစ်ဖန် ထွန်းပြောင်ဦးမည်ကို ဘုရားသခင်၏
လူတို့သည် မျှော်လင့်ခဲ့ကြသည်။
ဗာဗုလုန်မြို့ကျဆုံးပုံနှင့်ပတ်သက်၍ ဟေဗြဲပုရောဖက်များက
ရှင်းလင်းစွာ ဟောကြားခဲ့ပြီးမဟုတ်လား။
]ဗာဗုလုန်မြို့သည် ချက်ချင်းပြိုလဲ၍ ပျက်စီးပြီ။}
]အကျိုးအပြစ်ကို ပေးတတ်သော ထာ၀ရဘုရားသခင်သည် ဆက်ဆက်ပေး
တော်မူပြီ။ ဗာဗုလုန်မင်းသား၊ တိုင်ပင်မÈ;မတ်၊ စစ်ကဲ၊
မင်းအရာရှိ၊ ခွန်အားကြီးသော သူတို့ကို ငါယစ်မူးစေသဖြင့် သူတို့သည်
နောက်တစ်ဖန်မနိုးဘဲ အစဉ်မပြတ်အိပ်ပျော် ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ
ထာ၀ရဘုရားသခင်ဟူ၍ ဘွဲ့နာမရှိသော ရှင် ဘုရင်မိန့်တော်မူ၏။} (ယေရမိ ၅၁း၄၁၊ ၅၀း၂၃၊ ၄၆)။ (ယေရမိ ၅၁း၈၊ ၅၆၊ ၅၇၊ ၅၀၊ ၂၄၊ ၂၅၊
၃၃၊ ၃၄)။
ပုရောဖက်ဟောသော
စကားပြည့်စုံလာခြင်း
ဤသို့လျှင် ]တိုင်းနိုင်ငံတို့၏အထွတ်၊ ခါလဒဲအမျိုးသားတို့၏
ဘုန်းအသေရေ ဖြစ်သော ဗာဗုလုန်မြို့}သည်
ဘုရားသခင်ဖျက်ဆီးတော်မူသော သောဒုံနှင့် ဂေါမောရ မြို့ကဲ့သို့
ထာ၀ရကျိန်ခြင်းကိုခံရသော နေရာတစ်ခုအလား ဖြစ်ခဲ့ရပေသည်။ ]ထိုမြို့၌
ကာလအစဉ်လူမျိုးအဆက်ဆက် အဘယ်သူမျှမနေရ။ ထိုမြို့၌ အာရပ်လူသည် တဲကိုမျှ မဆောက်ရ။
သို့ထိန်းတို့သည် သိုးခြံကိုမျှမလုပ်ရကြ။ တောသားရဲတို့သည် ထိုမြို့၌
အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့်ရှိကြလိမ့်မည်။
ကုလားအုတ်ငှက်တို့လည်း နေရာကျ၍ မျောက်တို့လည်း ကခုန်ကြလိမ့်မည်။ တောခွေး တို့သည်လည်း
ဘု့ဗိမာန်များ၌လည်းကောင်း၊ မြေခွေးတို့သည်လည်း ကျက်သရေတိုက် များ၌လည်းကောင်း အူကြ၊
မြည်ကြလိမ့်မည်။} (ဟေရှာယ ၁၃း၁၉-၂၂)။
]အိုဗာဗုလုန်သတို့သမီးကညာ၊ ဆင်း၍ မြေမှုန့်၌ထိုင်လော့။
အိုခါလဒဲသတို့ သမီး၊ ရာဇပလ္လင်မရှိဘဲ မြေပေါ်မှာထိုင်လော့။ သင်ကလည်း
ငါသည်အရှင်မ၏အရာ၌ အစဉ်အမြဲနေမည်} ဟုထင်သောကြောင့်
ဤအမှုအရာတို့ကိုမဆင်ခြင်။ သင်၌နောက် ဆုံးဖြစ်လတ္တံသောအမှုကိုမအောက်မေ့။ ထိုကြောင့်
ကာမဂုဏ်၌ပျော်မွေ့၍ သောက ကင်းလွတ်လျက်နေသောသူ ]ငါရှိ၏။ ငါမှတစ်ပါးအဘယ်သူမျှမရှိ၊
ငါသည်မုဆိုးမကဲ့သို့ ထိုင်၍မနေရ။ သားဆုံးခြင်းကို ငါမခံရဟုအောက်မေ့သောသူ၊
နားထောင်လော့၊ သင် သည် ပြုစားသောအတတ်နှင့် နတ်ဝိဇ္ဇာအတတ်များတို့ကို
အလွန်ပြုစုသော်လည်း တစ် နေ့တစ်ခဏချင်းတွင် သားဆုံးခြင်းနှင့်လင်ဆုံးခြင်း
တည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၌ရောက်လိမ့်မည်။ သင်၏အပေါ်၌
အကုန်အစင်သင့်ရောက်လိမ့်မည်။ သင်၏ အပေါ်၌ အကုန်အစင်သင့်ရောက်လိမ့်မည်။ သင်သည်
ကိုယ်ပြုသောအဓမ္မအမှုကို ကိုးစားပြီး၊ ငါ့ကို အဘယ်သူမျှ မမြင်ဟုဆိုပြီ။} (ဟေရှာယ ၄၇း၁၊ ၇-၁၀)။
ပုရောဖက်ပြုသော စကားချက်သည် ကမ္ဘာအင်ပါယာကြီးများတို့၏
ပေါ်ထွန်း ပုံနှင့် တိုးတက်ကြီးပွားပုံတို့ကို ရေးသားဖော်ပြခဲ့လေရာ
ဗာဗုလုန်နိုင်ငံ၊ မေဒိ-ပေရသိ နိုင်ငံ၊ ဂရိနိုင်ငံနှင့် ရောမနိုင်ငံအသီးသီးတို့သည်
အမ္ဘာ့သမိုင်းတွင် မော်ကွန်းတင်ရှိခဲ့ ပေသည်။ အဆင့်ဆင့်အင်အားသေးငယ်
သွားရသည်ကားမှန်၏။ နိုင်ငံတစ်ခုစီမှာ လည်း စမ်းသပ်ခြင်းကိုခံရ၏။ ကျဆုံးသဖြင့်
ဘုန်းတန်ခိုးအာဏာစက်များလည်း တိမ်းပါး ပျောက်ကွယ်ခဲ့ရပေသည်။ လူမျိုးနှင့်
တိုင်းနိုင်ငံအသီးသီးတို့သည် ထာ၀ရဘုရားသခင် ၏ မူလအခြေခံမူစည်းမျဉ်းများကို
ငြင်းပယ်လာကြသောအခါ မိမိတို့၏ပျက်စီးခြင်းကို မိမိတို့သာလျှင်
ဖန်တီးလုပ်ဆောင်ကြလေသည်။ သို့တိုင်အောင်လည်း ကောင်းကင် ဗိုလ်ခြေထာ၀ရဘုရားသခင်သည်
ခေတ်အဆက်ဆက် မိမိ၏ အကြံတော်ရှိသည်အ တိုင်း အုပ်စိုးကွပ်ကဲသွားသည်ကို မမေ့အပ်ပါချေ။
လူ့အရေးကိစ္စများကို
အနိုင်ယူသောအာဏာစက်တစ်ခု
ပုရောဖက်ယေဇကျေလမြင်တေ့G၍
ငေးမောရလောက်အောင် ကောင်းသော မြင်ကွင်းကျယ် ရုပ်ရှင်အရ ဤပထတီမြေကြီးကို
အုပ်စိုးလျက်နေသော အဆက်ဆက်ရှိ ရှင်ဘုရင်မင်းကြီးတို့၏
အရေးကိစ္စအလုံးစုံကိုခြုံငုံ၍ ကြီးကြပ်အုပ်ချုပ်သော တန်ခိုးအာ
ဏာစက်သခင်သည်ရှိကြောင်း ပုံဆောင်ထားပါသည်။ ထိုရထားဘီးတို့သည် ဘီးတစ် လုအထဲ၌
ဘီးတစ်ခုတပ်သကဲ့သို့ဖြစ်၏။ ထိုဘီးတို့သည် သတ္တဝါလေးပါးတို့အားဖြင့် ရွေ့
လျားပျံတက်ကြလေသည်။ အကြောင်းမူကား သတ္တဝါတို့၏ဝိညာဉ်သည် ဘီးတို့၌ရှိ၏။ ]သူတို့၏
ခေါင်းများအထက် မိုးမျက်နှာကြက်အပေါ်၌လည်း နီလာကျောက်ကဲ့သို့ အ ဆင်းအရောင်ရှိသော
ရာဇပလ္လင်သဏ္ဌာန် အပေါ်၌လည်း လူပုံသဏ္ဌာန်ကဲ့သို့ပေါ် ၏။} (ယေဇကျေလ ၁း၄၊ ၂၆၊ ၁၀း၈)။
ထိုဘီးတို့သည် အမြင်အားဖြင့် ရှုပ်ထွေးနေပုံရ၏။
သို့သော်လည်း သွားသော အခါ ဘီးလေးမျက်နှာတို့သည် တညီတည်းဖြစ်၍မလည်ဘဲ သွားတတ်ကြ၏။
ဘီးဝန်း တို့သည်လည်း မြင့်၍ ကြောက်မက်ဖွယ်ဖြစ်ကြ၏။ ထိုလေးပါးတို့သည် မျက်စိနှင့်
ပြည့် ကြ၏။ ကောင်းကင်ဘုံက ထိုသတ္တဝါလေးပါးတို့သည် ထိုဘီးတို့ကို နှင်သတည်း။ ဤ
သို့လျှင် ရှုပ်ထွေးများမြောင်လှစွာသော လူသားတို့၏ဖြစ်ရပ်မှန်တို့သည် ကောင်းကင်
ဗိုလ်ခြေဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိလေသည်။ တိုင်းနိုင်ငံတို့မှာ ဆူပူ
အုံကြွကာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြပါသော်လည်း ခေရုဗိဒ်အပေါ်မှာ ထိုင်နေသော ဘုရားသခင်သည်
ဤလူ့သမိုင်းအရေးတော်ပုံ အရပ်ရပ်ကို လမ်းပြစောင့်ရှောက်လျက် ရှိနေဆဲဖြစ်ပါသည်။
လူသားတိုင်း၊ နိုင်ငံတိုင်းကို ဘုရားသခင်သည် မိမိ၏ အကြံအ
စည်တော်အတိုင်းလှုပ်ရှားရန် ပုံစံချထားပေးခဲ့လေပြီ။ သို့ဖြစ်၍ ယနေ့လူသားအပေါင်း
တို့သည် မိမိတို့၏ ကံကြမ္မာလမ်းဆုံးကို မိမိတို့ကသာလျှင် ရွေးချယ်ဆုံးဖြတ်ကြရပါ
သည်။ ဘုရားသခင်သည်လည်း မိမိ၏အကြံအစည်တော်အတိုင်း ပြီးပြည့်စုံရန် ခြုံငုံ၍
အုပ်စိုးနေပါသည်။
]ငါဖြစ်သည်အတိုင်းငါဖြစ်၏} ဟုဆိုသော
ဘုရားသခင်သည် ကမ္ဘာ့လူသားတို့ အား မိမိပြုမည့်အရာများကို ကြိုတင်၍
ပုရောဖက်ပြုဟောထားခဲ့လေပြီ။ ပြည့်စုံပြီးသည် များ ရှိခဲ့သလို
မပြည့်စုံသေးသည်များလည်း အချိန်စေ့သောအခါ ပြည့်စုံလာပါလိမ့်မည်။ အားလုံးက
နိုးနိုးကြားကြားရှိရပေမည်။ အကြောင်းမူကား အချိန်ကာလ၏ ပုဗ္ဗနိမိတ် သည်
အဆုံးသို့ရောက်လုပြီဖြစ်ကြောင်း၊ အချိန်ကာလသည် အမျှင်ပါးပါးလေသာ ကျန်
ရှိတော့ကြောင်း ကျွန်ုပ်တို့သတိချပ်သင့်ပေ၏။ ကယ်တင်ပိုင်သူ ယေရှုဘုရားသခင်၏
ကြိုတင်ဟောကိန်းဖြစ်ရပ်မှန်တချို့ကို ကြည့်ပါ။ မိမိသည် တစ်ဖန်ကြွဆင်းလာရန် နီး ကပ်ကြောင်းကို
သတိချပ်စေလိုခြင်းဖြစ်ပါသည်။ ]သင်တို့သည် စစ်တိုက်ခြင်းအ ကြောင်းကိုလည်းကောင်း၊
စစ်တိုက်အံ့သော သတင်းစကားကိုလည်းကောင်း ကြားရကြ လိမ့်မည်။ လူတစ်မျိုးနှင့်
တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံရန်ဘက်ပြုကြလိမ့်မည်။ အ ရပ်ရပ်တို့၌
အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်
ကြလိမ့်မည်။} (မဿဲ ၂၄း၆၊ ၇)။
ဤကမ္ဘာမြေကြီးသည် နောက်ဆုံးပိုင်း အရည်ကျိုပျက် စီးပျောက်ကွယ်သွားမည့်
အခြေအနေမျိုးမှာ ရှိနေပြီဖြစ်ကြောင်းကို ယနေ့နိုင်ငံခေါင်း ဆောင်၊ သမ္မတ၊
ရှင်ဘုရင်များက ဧကန်သိမြင်ထားကြလေပါပြီ။
ဤသည်နှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်တော်ထွက် ကျမ်းစကားများက
သက်သေထူလျက်ရှိနေကြပါပြီ။ လူတို့သည်လည်း ကြောက်ရွံ့ကာ အားငယ်၍နေကြ၏။
]ကြည့်ရှုလော့။ ထာ၀ရဘုရားသခင်သည် ပြည်တော်ကိုလွတ်လပ်စေ၍ ပယ်ရှင်းမှောက် ထားသဖြင့်
ပြည်သားတို့ကို ကွဲပြားစေတော်မူ၏} ]ပြည်သားတို့သည်
တရားတော်ကို လွန်ကျူးခြင်း၊အမိန့်တော်ကိုပြောင်းလဲခြင်း၊ ထာ၀ရသစ္စာတော်ကို
ဖျက်ခြင်းအ ကြောင်း ကြောင့် ပြည်တော်သည်ညစ်ညူးခြင်းရှိ၏။ ထိုကြောင့်
ကျိန်တော်မူသောအကျိန်သည် ပြည်တော်ကို လွှမ်းမိုးပြီ။ ပြည်သားတို့အပေါ်မှာ
အပြစ်ရောက်လေပြီ။ ထိုကြောင့် ပြည် သားတို့သည် ပူလောင်ကြသဖြင့် ကျန်ကြွင်းသော
သူတို့သည်နည်းကြ၏။} (ဟေရှာယ ၂၄း၁၊ ၅၊ ၆)။
]အလိုလေး၊ ထိုနေ့ရက်ကား ခိုင်းနှိုင်းစရာမရှိ၊
ကြီးသောနေ့ရက်ဖြစ်၏။ ယာ ကုပ်အမျိုး၌ အမှုရောက်သောနေ့ရက်ဖြစ်၏။ သို့ရာတွင်
သူတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။}
(ယေရမိ ၃ဝး၇)။
]ထာ၀ရဘုရားသခင်သည် ငါခိုလှုံရာဖြစ်တော်မူ၏ဟု သင်သည်ဆို၍
အမြင့်ဆုံး သော ဘုရားသခင်၌ နေရာကျသောကြောင့် သင်၌မကောင်းသောအနိဌရုပ်မကပ်မ ရောက်။
သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။} (ဆာလံ ၉၁း၉၊ ၁၀)။
ထာ၀ရဘုရားသခင်သည် မိမိ၏အသင်းတော်ကို မည်ကဲ့သို့သော
ဘေးကျပ်နံ ကျပ်အခြေအနေ ဆိုးဝါးမှုကြီးအတွင်းမှာပင်ရှိနေလင့်ကစား
ကြည့်ရှုစောင့်မတော်မူပါ လိမ့်မည်။ ဘေးဥပဒ်အပေါင်းတို့မှ ကယ်နုတ်မည်ဟူသော
ကတိတော်မြတ်ကိုလည်း ပေးထားခဲ့လေပြီ မဟုတ်လော။( ယေရမိ ၃၀း၁၈)။ ကိုယ်တော်ဘုရားသခင်၏
နိုင်ငံ တော်နှင့်ပတ်သက်သော မူစည်းကမ်းကျင့်ဝတ်အလုံးစုံတို့ကို နေအောက်မှာ ရှိသမျှ
သောလူသတ္တဝါ အပေါင်းတို့သည် ဂုဏ်ပြုချီးမွမ်းကြပေလိမ့်မည် တကား။
No comments:
Post a Comment