Tuesday, March 10, 2026

 

အခန်း (၃၄)

ထာ၀ရဘုရားသခင်၏ စိတ်ဝေဒနာကို စံစားမိသော ယေရမိ

                             

               ယေမိသည် ယောရှိမင်းကြီးလက်ထက်မှစတင်၍ ခိုင်မြဲသောသာသနာတော် သန့်စင်ရေးသည် အတည်ဖြစ်နေရတော့အံ့ဟု မျှော်လင့်မိခဲ့ပါသည်။ သူသည်ပုရော ဖက်ဖြစ်ရန် ဖိတ်ခေါ်မှုကိုခံရသောအချိန်မှာ လူငယ်မျှသာဖြစ်သေး၏။ ငယ်စဉ်ကလေး ဘ၀မှာ ကတည်းက သန့်ရှင်းမြင့်မြတ်သောအမှုတော်ကိုဆောင်ရန် လေ့ကျင့်ပေးခြင်း ခံရသူပါတည်း။ ပုရောဟိတ်အမျိုးလည်းဖြစ်၏။ မွေးစကပင်လူအမျိုးမျိုးတို့အဖို့ ပုရော ဖက်အရာ၌ ဘုရားသခင်ခန့်ထားပြီးသူဖြစ်၏။ အချိန်စေ့၍ ထာ၀ရဘုရားသခင်သည် သူ့အားအမှုတော်မြတ်အတွက် ခေါ်တော်မူသောအခါ သူသည်စိတ်လှုပ်ရှားသဖြင့် ကြွေးကြော်သည်ကား ]အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏။} (ယေရမိ ၁း၅၊ ၆)။

               ယေရမိသည် လူငယ်ဘ၀မှာ သစ္စာရှိမှန်ကန်၍သတ္တိရှိသူဖြစ်ကြောင်း၊ သို့ဖြစ်၍ ပတ်ဝန်းကျင်သည် သူ့အားမည်မျှပင်ဆန့်ကျင်ပါစေ၊ အမှန်တရားဘက်မှာ အမြဲရပ် တည်မည်ဟူသောစိတ်ဓါတ်ကို ဘုရားသခင်မြင်တော်မူသဖြင့် သူ့ကိုတာဝန်အပ်နှင်း ခဲ့ပါသည်။ ငယ်စဉ်ကလေးဘ၀မှာလည်း သူငယ်လေးသည်ငယ်သော အမှုမှာသစ္စာ ရှိ၏။ သို့ဖြစ်၍ယခုမှာ ကပ်တိုင်တော်စစ်သူရဲအဖြစ် ခက်ခဲမှုဒဏ်ကို ခံရပ်နိုင်မည်ဖြစ် ပါသည်။ သို့ဖြစ်၍ ]ထာ၀ရဘုရားသခင်ကလည်း၊ Tကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏ ဟု မပြောနှင့်။ အကြင်သူရှိရာသို့ သင့်ကိုငါစေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ သူတို့ကို မကြောက်နှင့်။ သင့်ကိုကယ်နုတ်ခြင်းငှါ သင်နှင့်အတူငါရှိသည်။ သို့ဖြစ်၍ ငါမှာထားသမျှကို သူတို့အားဟောပြောလော့။ သူတို့ရှေ့မှာ သင့်ကိုငါအရှက်မခွဲရမည် အကြောင်း သူတို့ကိုမကြောက်နှင့်။ ကြည့်ရှုလော့။ ပြည်သူပြည်သားတည်းဟူသော တစ်နိုင်ငံလုံးတစ်ဖက်၌ ခိုင်ခံ့သောမြို့၊ သံတိုင်၊ ကြေးဝါထရံအရာ၌သင့်ကို ယနေ့ ငါခန့်ထား၏။ သူတို့သည် သင့်ကိုစစ်တိုက်၍ မနိုင်ရကြ။ သင့်ကိုကယ်နုတ်ခြင်းငှါ သင် နှင့်အတူငါရှိသည်ဟု ထာ၀ရဘုရားသခင် မိန့်တော်မူ၏။} (ငယ် ၇၊ ၈၊ ၁၇-၁၉)။

               ယေရမိသည် နှစ်ပေါင်းလေးဆယ်တိုင်တိုင်အမှန်တရားနှင့် သန့်ရှင်းဖြောင့် မတ်ခြင်း တရားအတွက်သက်သေအဖြစ် ရပ်တည်ခဲ့ပါ၏။ အနှိုင်းမဲ့၊ မယှဉ်နိုင်သော အယူဝါဒလွဲမှားဖောက်ပြန်ခြင်းအချိန်ကာလမျိုးမှာ သူသည်မှန်သောဖန်ဆင်းသူ ဘုရား သခင်ကို ဝတ်ပြုကိုးကွယ်မှု၏အသက်တာနှင့် အကျင့်ပုံနမူနာပင်ဖြစ်ခဲ့ပါသည်။ ယေ ဟောဝါဘုရားသခင်၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၏။ ဒါဝိဒ်မင်းဆက်ကျဆုံးရခြင်းနှင့် ရှောလမုန် တည်ဆောက်သော လှပထည်ဝါလွန်းသည့် ဗိမာန်တော်ကြီးပျက်စီးမည့် အကြောင်းစုံတို့ကိုကြုံဟောရ၏။ ထောင်သွင်းအကျဉ်းချခံရရုံမျှမက အပယ်ရတနာ တမျှ လူတို့၏မုန်းတီးပစ်ပယ်မှုကိုခံရ၏။ နောင်ဆုံးတွင် အတိတ်မကောင်းသော ပြည် တော်၏ ပျက်စီးဆုံးပါးမှုနှင့်အတူ သူသည်အထီးကျန်ဘ၀နှင့် ဝမ်းနည်းမှုအကျိန်ဆိုး ကျိုးကို ခံရသူပါတည်း။

               သို့တိုင်အောင်လည်း ယေရမိသည် စိတ်ပျက်စရာအမှောင်ကမ္ဘာ၏ သန်းခေါင် ယံကိုကျော်လွန်၍ ဘုန်းဝင့်နေသော အနာဂတ်ရှေ့ဖြစ်ရပ်မှန်များကို မြင်တွေ့ခွင့်ရလေ့ ရှိပါသည်။ ဇိအုန်မြို့မှာ ဘုရားသခင်၏သားစစ်သမီးမှန်များသည် စိုက်ပျိုးခံရဦးမည် မဟုတ်ပါလား။ ]သူတို့စိတ်ဝိညာဉ်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့ဖြစ်၍ နောက် တစ်ဖန် ညိုးငယ်ခြင်းမရှိရ။} (ယေရမိ ၃၁း၁၂)။ ထိုသို့နှင့်အညီ ယေရမိသည် ပုရော ဖက်ပြု၏ ပြောဆိုရေးသားထားသည်ကား၊ ]လက်တော်ကိုဆန့်၍ ငါ့နှုတ်ကို တို့တော် မူလျက် သင်၏နှုတ်၌ ငါ့စကားကိုငါသွင်းထားပြီ။ ကြည့်ရှုလော့။ သင်သည် နုတ်ပယ်ဖြိုချ ဖျက်ဆီးမှောက်လှဲရသော အခွင့်၊ တည်ဆောက် စိုက်ပျိုးရသောအခွင့်နှင့် သင့်ကို လူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများအပေါ်မှာ ယနေ့ငါခန့်ထားပြီဟု မိန့်တော်မူ၏။} (ယေရမိ ၁း၉၊ ၁၀)။

 

                                            

 

                              မှန်ကန်သော ပုရောဖက်သည် တည်ဆောက်မှုကို အမြဲပြုခြင်း

               ]တည်ဆောက်စိုက်ပျိုးရသော အခွင့်} ဟူသော စကားလုံးများအတွက် ဘုရား သခင်ကို ကျေးဇူးတင်ရပါမည်။ ထာ၀ရဘုရားသခင်၏ အကြံအစည်တော်ကား ပြည် လည်တည်ဆောက်ခြင်းနှင့် ကျန်းမာပကတိဖြစ်စေရန် ပေတည်း။ မနှေးအမြန်လာ နေပြီဖြစ်သော တရားစီရင်ခြင်းဆိုင်ရာ ပုရောဖက်ဟောသော စကားချက်များသည် မကြောက်မရွံ့ကြွေးကြော်လျက် ရှိသော်လည်း ထိုသတင်းစကားနှင့်အတူ အပြစ်မ ကောင်းမှုပြုခြင်းမှ ပြန်လှည့်လာသော မည်သူကိုမဆို အပြစ်လွှတ်မည်ဟူသောအာမခံ ချက်သည် ထက်ကြပ်မကွာလိုက်ပါလာ၏။

               ယုဒလူတို့သည် အသေးစိတ်အပြစ်မှ နောင်တရခြင်းဖြင့် ဝိညာဉ်ရေးဆိုင်ရာ အခြေခံအုတ်မြစ်မှာ ကျယ်ပြန့်နက်ရှိုင်းဖို့လိုအပ်ကြောင်း ယေရမိက တိုက်တွန်းနှိုး ဆော်ထားပါသည်။ ယခင်ကဆိုလျှင် ထိုသူတို့သည် အမှိုက်သရိုက် ကဲ့သို့အလားဖြစ်၏။ ]ထိုသူတို့ကို ပယ်သောငွေဟူ၍ခေါ်ရမည်။ အကြောင်းမူကား ထာ၀ရဘုရားသခင်သည် ထိုသူတို့ကို ပယ်တော်မူ၏။} (ယေရမိ ၆း၃၀)။ ယခုမှာတော့ ထိုသူတို့သည် မှောက် မှားခြင်း အမှိုက်သရိုက်များကိုစွန့်ပစ်လျက် ထာ၀ရကာလအတွက် ရွှေစင်၊ ငွေစင်၊ ကျောက်ကောင်းကျောက်မြတ် တည်းဟူသော ဘုရားသခင်ကို ယုံကြည်နားထောင် ခြင်းနှင့် ကောင်းသေသာအကျင့်များတို့ဖြင့် ထာ၀ရကာလအတွက် တည်ဆောက်မှုကို ပြုကြပါရန် နှိုးဆော်မှုကိုခံရလေသည်။ ထိုကျင့်စဉ်တရားများကိုသာ ထာ၀ရဘုရား သခင f လက်ခံတော်မူသည် မဟုတ်လော။

               ထာ၀ရဘုရားသခင် မိန့်မြွက်တော်မူသည်ကား ]အိုဖောက်ပြန်သော ဣသရေ ၊ ပြန်လာပါ။ သင်၌ငါသည် အစဉ်အမျက်ထွက်တတ်သည်မဟုတ်။ သင်၌ငါသည် မျက်မုန်းကြိုးခြင်းကိုမပြု၊ ကရုဏာစိတ်သဘောရှိ၏ဟု ထာ၀ရဘုရားသခင်မိန့်တော် မူ၏။ အိုဖောက်ပြန်သောသူငယ်တို့၊ ပြန်လာကြလော့။ ငါသည်သင့်ကိုလက်ထပ် ထိမ်း မြားပြီ။} (ယေရမိ ၃း၁၂-၁၄)။

 

                                            

 

               ဆက်လက်၍ ထာ၀ရဘုရားသခင်သည် အပြစ်နွံတွင်းမှာ ပျော်ပါးနေသော မိမိ၏လူတို့ကို သူ့ထံသို့ပြန်လာပါရန်ဖိတ်ခေါ်သည်တွင် ]သူတို့ကလည်း အကျွန်ုပ် တို့သည် ကိုယ်တော်ထံသို့လာကြပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ထာ၀ရဘုရား သခင်ဖြစ်တော်မူ၏}  အကျွန်ုပ်တို့သည်ရှက်ကြောက်လျက်အိပ်ရကြ၏။ အသရေပျက် ခြင်း၌ နစ်မွန်းကြ၏။ အကြောင်းမူကားအကျွန်ုပ်တို့သည် ငယ်သောအရွယ်မှစ၍ ယခု တိုင်အောင် ဘိုးဘေးနှင့်တကွ အကျွန်ုပ်တို့၏ထာ၀ရဘုရားသခင်၏စကားကို နား မထောင်။ အကျွန်ုပ်တို့၏ထာ၀ရဘုရားသခင်ကို ပြစ်မှားပြီဟု ဆိုကြ၏။} (ငယ် ၂၂၊ ၂၅)။

               ယောရှိမင်းဦးဆောင်သောသာသနာတော် သန့်စင်ရေးလုပ်ငန်းသည် ယုဒ ပြည်မက ဣသရေလပြည်အစွန်းအဖျားတိုင်အောင် နတ်ဘုရား၊ ဘုံဗိမာန်များနှင့် နတ် ကွန်းများမရှိ၊ သန့်ရှင်းလေပြီဖြစ်သော်လည်း လူများစွာတို့၏ အတွင်းစိတ်သဏ္ဌာန် မှာကား မပြောင်းလဲကြသေးပေ။ အမှန်တရားမျိုးစေ့များသည် နေရာအနှံ့ပေါက်ရောက် ကြပြီဖြစ်သော်လည်း ရိတ်သိမ်းစရာစပါးတို့မှာ ဆူးပင်များဖြင့်မိုးလျက်နေ၏။ ဖောက် ပြန်လမ်းလွဲမှု၏ ခဲရာခဲဆစ်တစ်ခုပေတည်း။

               ယေရမိသည် ပြည်သားတို့အားတရားဟောရာကျမ်းမှ ကျင့်ဝတ်များအတိုင်း လိုက်နာကြရန် မကြာခဏနှိုးဆော်ခဲ့ပါသည်။ ထိုကျင့်ဝတ်ကိုလိုက်နာပါက တိုင်းပြည် နှင့် အဝန်းအမြင့်ဆုံးသောဝိညာဉ်ရေးဆိုင်ရာ ကောင်းချီးမင်္ဂလာကိုခံစားရမည် ဖြစ် ကြောင်းကိုလည်းပြောပြပါသည်။ သို့ဖြစ်၍ပုရောဖက်သည် ဤသို့မြွက်ဆိုခဲ့လေသည်။ ]ထာ၀ရဘုရားသခင် မိန့်တော်မူသည်ကား၊ ရှေးလမ်းဟောင်းတို့ကို ရှာဖွေလျက် ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်း ဟု မေးမြန်း၍ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင် စိတ်နှလုံးသက်သာကြလိမ့်မည်။} (ယေရမိ ၆း၁၆)။

               ထိုသို့ကောင်းချီးမင်္ဂလာလမ်းညွှန်ကို ဖော်ကျူးခဲ့ရာတွင် ပြည်တော်သည် သန့် ရှင်းသော ဥပုသ်တော်နေ့ကိုစောင့်ရှောက်ဖို့လိုအပ်ကြောင်း အခြေခံလည်းကျကြောင်း ဖော်ပြပြန်၏။ ]ထာ၀ရဘုရားသခင် မိန့်တော်မူသည်ကား ၇။         ဖောက်ပြန်မှုများအတွက် ယေရမိ၏ သတိပေးစကားကို ကြားရပြီးနောက် ရှင်ဘုရင်ယောယကိမ်ဒေါသအမျက် ထွက်ကာစာလိပ်အား မီးရှို့ဖျက်ဆီးခဲ့သည်။သင်တို့သည် ဥပုသ်နေ့၌ ဤမြို့တံခါးဖြင့် ဝန်ကိုမသွင်းမဆောင်၊ အဘယ်အလုပ်ကိုမျှမလုပ်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည်တိုင် အောင် ငါ့စကားကိုစေ့စေ့နားထောင်လျှင် ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာထိုင်ရ သော ရထားစီး၊ မြင်းစီးရှင်ဘုရင်မင်းသားမှစ၍ သူတို့မÈ;မတ်၊ ယုဒပြည်သူ၊ ယေရုရှလင် မြို့သားတို့သည် ဤမြို့တံခါးများကို ဝင်လျက်ရှိကြလိမ့်မည်။ ဤမြို့သည်လည်း အစဉ် အမြဲတည်လိမ့်မည်။} (ယေရမိ ၁၇း၂၄၊ ၂၅)။ သို့ဖြစ်၍ ပြည်တော်နှင့်မြို့တော်အတွင်းရှိ နန်းတော်နှင့် ဆိုင်ရာများစွာတို့လုံး၀ပျက်စီးခြင်း ဘေးမှကာကွယ်ရန်မှာ ဘိုးဘေးတို့၏ ထာ၀ရဘုရားသခင်၏ ဥပုသ်တော်နေ့မြတ်ကို သန့်ရှင်းစွာစောင့်ရှောက်ထိန်းသိမ်းဖို့ပင် မဟုတ်ပါလော။ ဤသို့လျှင်ယောရှိမင်းကြီးသည် ပြည်တော်နေယုဒလူမျိုးတို့အတွက် အပြင်းအထန် အလုပ်လုပ်ဆောင်ပေးခဲ့လေသည်။

               သို့သော်လည်း ပြည်သားအများစုသည် နောင်တရရန် စိတ်မရှိကြ။ ကောင်း သောရှင်ဘုရင်ယောရှိမင်း အနိစ္စရောက်ပြီးသည်နောက် တိုင်းပြည်ကိုအုပ်စိုးသောမင်း တို့သည် ပညတ္တိကျမ်းစာက ဖော်ပြထားသည်အတိုင်း မကျင့်စောင့်။ ဂရုလည်းမစိုက် ကြပါ။ သို့ဖြစ်၍ ပြည်သားတို့ မင်္ဂလာလမ်းစပျောက်ခဲ့ရလေသည်။ ယောရှိမင်းနောက်မှာ သားတော်ယောခတ်သည် အသက်နှစ်ဆယ့်သုံးနှစ်ရှိသော်နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ ထိုမင်းကို အီဂျစ်ရှင်ဘုရင်နေခေါသည် အီဂျစ်ပြည်သို့ခေါ်ဆောင် သွားသည်နောက် ယောခတ်၏နောင်တော်ယောယကိမ်ကို နန်းတင်လိုက်လေသည်။ ယောကကိမ်သည် မိမိထာ၀ရဘုရားသခင်ရှေ့တော်မှာ အပြစ်ကိုပြုသောကြောင့် ထို မင်းအုပ်စိုးသောယုဒပြည်ကို ယေရမိသည်ချစ်မြတ်နိုး၍ ပျက်စီးခြင်းနှင့် သုံ့ပန်းဘ၀မှ ကယ်နုတ်လိုပါသော်လည်း မျှော်လင့်ချက်မရှိဖြစ်ခဲ့ရသည်။ သို့တိုင်အောင်လည်း ဘုရား သခင်အစေတို့မည်သည်အမှန်တရားကို လိုက်လျှောက်သက်ရှင်ရာ၌ လုံ့လရှိစွာဖြင့် လမ်းမှားသို့ရောက်နေသောအပြစ်သားတို့အား မေတ္တာစေတနာထားကာ အတန်တန် တရားပေးကြရမည်မဟုတ်ပါလား။ ကောင်းမွန်ရာသို့ လူသားတစ်နွယ်လုံးကို တည် ဆောက်စိုက်ပျိုးသက်ရှင်စေကာ ဖန်ဆင်းသူထာ၀ရဘုရားသခင်ထံတော်သို့ ပို့ဆောင် ခြင်းသည် သခင်အစေခံတို့၏ သဘောထားပီပီလုပ်ဆောင်ရမည်ဖြစ်ပါသည်တကား။

               ထာ၀ရဘုရားသခင်သည် ယေရမိအား ဗိမာန်တော်ပရဝဏ်အတွင်းရှိ တံခါး တိုင်နားမှာရပ်စေလျက် ဗိမာန်တော်မှာဝင်ထွက်သွားလာသူမှန်သမျှတို့အား တရားပေး သွန်သင်ရလေ၏။ တိတ်ဆိတ်ရေငုံ၍မနေရပါတကား။ ထိုတာဝန်ကို ယေရမိပီပြင်စွာ ထမ်းရွက်ခဲ့သည်။ သူသည်အသံမြှင့်၍ ပြည်သားတို့အား သတိပေးနိုးဆော်ချက်ကို အသံမစဲကြွေးကြော်သည်ကား ]ထာ၀ရဘုရားသခင်ကို ကိုးကွယ်ခြင်းငှါ ဤတံခါးတို့ အတွင်းသို့ ဝင်သောယုဒအမျိုးသားအပေါင်းတို့၊ ထာ၀ရဘုရားသခင်၏ နှုတ်ထွက် စကားတော်ကို နားထောင်ကြလော။ သင်တို့၏ဘာသာဓလေ့နှင့် သင်တို့အကျင့်များ တို့ကို ပြုပြင်ကြလော့။ သို့ပြုလျှင်သင်တို့ကို ဤအရပ်၌ငါနေစေမည်။ ဤသည် ကားထာ၀ရဘုရားသခင်၏ ဗိမာန်တော်၊ ထာ၀ရဘုရားသခင်၏ ဗိမာန်တော်၊ ထာ၀ရ ဘုရားသခင်၏ ဗိမာန်တော်ဖြစ်သတည်းဟု မုသားစကားကို ပြောသောသူတို့၌ မမှီဝဲကြ နှင့်။} (ယေရမိ ၇း၂-၄)။

 

ထာ၀ရဘုရားသခင်၏ အံ့ဩဖွယ်ရာချစ်ခြင်းကရုဏာတော်

               ထာ၀ရဘုရားသခင်သည် မည်သူကိုမဆိုအပြစ်ဒဏ်ပေးဆုံးမရသည်မျိုးကို မလိုလားပါ။ မကောင်းမှုအပြစ်မှာနစ်မွန်းနေသည့် မိမိ၏သားသမီးတို့ကို ဖြစ်နိုင်သမျှ သော နည်းလမ်းစုံလင်စွာနှင့် အသက်လမ်းကို ပြန်လည်လျှောက်လှမ်းရန် တိမ်းညွတ် လျက်ရှာဖွေနေပါသည်။ (ယေရမိ ၉း၂၄ ကို ဖတ်ပါလေ)။ ဣသရေလလူမျိုးသည် နတ်ဘုရားဝတ်ပြုကိုးကွယ်မှုမှာ ကမ်းကုန်နေ၍ မိမိ၏သတိပေးချက်တို့ကိုဂရုမစိုက်၊ လျစ်လျူးရှုနေခဲ့ပါသော်လည်း ယခုတွင်မူ ထာ၀ရဘုရားသခင်သည် အပြစ်ဒဏ်ပေး ဆုံးမရန် အချိန်ဆွဲနေပါသည်တကား။ နောင်တရလိုရငြား အချိန်ပေးအခွင့်အရေးရ ယူရန်ဖြစ်ပေသည်။ ဤလိုမကောင်းမှုအပြစ်ကြီးကို ပယ်ရှားရန်မှာ စိတ်နှလုံးအတွင်း သဏ္ဌာန် ပြုပြင်ပြောင်းလဲပါမှရမည်ဖြစ်ကြောင်းကိုဘုရားသခင်က ပီပြင်စွာရှင်းပြနေ ခြင်းဖြစ်ပါသည်။ ဗိမာန်တော်အတွင်း ဝတ်ကြီးဝတ်ငယ်အသွယ်သွယ်ကို ကျင်းပကာ ယဇ်ပူဇော်ခြင်း အမှုပြုခြင်းပင်ဖြစ်သော်လည်း အချည်းနှီးဖြစ်ကြောင်း၊ ဝိနည်းအထုံး အဖွဲ့ပညတ်များသည် အပြစ်ကိုမပပျောက်စေနိုင်ကြောင်း၊ လူ့အတွင်းစိတ်နှလုံးကို ပြုပြင်ပြောင်းလဲ၍ အသက်လမ်းသို့ညွှန်းရာကျင့်ထုံးအတိုင်း မေတ္တာစိတ်ဖြင့်လုပ် ဆောင်ပါမှသာလျှင် မကောင်းမှုအပြစ်၏ ရလဒ်အကျိုးဆက်များမှ လွတ်မြောက်နိုင် ကြောင်း ရှင်းပြထားပါပြီ။

               သို့ဖြစ်၍ ယေရမိသည် ထာ၀ရဘုရားသခင်အား ဆက်လက်စေခိုင်းသည် အတိုင်း ]ယုဒမြို့များနှင့်ယေရုရှင်လင်မြို့လမ်းများတို့၌} လှည့်လည်ကာ ]သင်တို့သည် ဤပဋိညာဉ်စကားကိုနားထောင်၍ ကျင့်ကြလော့} ဟု ကြွေးကြော်ခဲ့ပါသည်။ အဘယ် ကြောင့်နည်း။ ]ဤလူမျိုးတည်းဟူသော ယေရုရှလင်မြို့သားတို့သည် ထာ၀ရဖောက် ပြန်ခြင်းအားဖြင့် အဘယ်ကြောင့် ဖောက်ပြန်ကြသနည်း} ဟု ထာ၀ရဘုရားသခင် ကိုယ်တော်တိုင် မေးရသည့်အထိဖြစ်သောကြောင့်တည်း။ ထိုလူမျိုးသည်း ]ဆုံးမခြင်း ကိုလည်း ငြင်းပယ်ခဲ့ကြပြီ။} (ယေရမိ ၅း၃)။ ]မိုးကောင်းကင်၌ ကျင်လည်သောတော ငန်းသော်လည်း မိမိအချိန်ကိုသိတတ်၏။ ဥချိုး၊ တီတီတွတ်၊ ဇရက်သော်လည်း မိမိပြန်လာချိန်ကို မှတ်တတ်၏။ ငါ၏လူမှုကား ထာ၀ရဘုရားသခင် စီရင်တော်မူခြင်းကို နားမလည်တတ်။} ] ထိုသို့သောအပြစ်တို့ကို ငါမစစ်ကြောဘဲနေရမည်လော။ ထို သို့သောအမျိုးကို ဒဏ်ပေး၍ ငါ့စိတ်ချင်ရဲမပြေဘဲနေရမည်လောဟု ထာ၀ရဘုရား သခင် မိန့်တော်မူ၏။} (ယေရမိ ၈း၇။ ၉း၉)။

               ယောရှိမင်းကြီးလက်ထက်ကဆိုလျှင် ပြည်သူပြည်သားတို့မှာ မျှော်လင့်ချက် တော့ ရှိပေသေး၏။ သို့သော်လည်း သူသည်တိုက်ပွဲတွင်ကျဆုံးခဲ့ရပြီ မဟုတ်လော။ ကြားဝင်ငြိမ်းချမ်းရေးပြုပေမည့် အချိန်မြတ်ကားလွန်၍သားနေပြီလော။ ထာ၀ရဘုရား သခင်သည် ဤသို့လျှင် မိန့်တော်မူပြီမဟုတ်ပါလား။ ]မောရှေနှင့်ရှမွေလသည် ငါ့ရှေ့မှာ ဆုတောင်းသော်လည်း ဤလူမျိုးကို ငါမသနား။ ငါ့ထံမှ ထွက်စေခြင်းငှါ နှင်ထုတ်လော့။} (ယေရမိ ၁၅း၁)။

 

                                            

 

               မှန်ပါသည်။ ထာ၀ရဘုရားသခင်၏ ဖိတ်ခေါ်ချက်ကိုဂရုမစိုက်၊ ငြင်းပယ်ခြင်း သည် လွန်ခဲ့သည့်ရာစုနှစ်တစ်စုကျော်ကျော်က ဖြစ်ပျက်ခဲ့သောမြောက်ပိုင်း ဣသရေ လနိုင်ငံကဲ့သို့ တရားစီရင်ခံရခြင်းအမှုမှာ စုံးစုံးနစ်မြုပ်သွားနိုင်ပါသည်။ ယခုပေးထား သော သတင်းစကားကိုကြည့်ပါ။ ]ထာ၀ရဘုရားသခင် မိန့်တော်မူသည်ကား၊ သင် တို့သည် ငါ့စကားကိုနားမထောင်၊ သင်တို့၌ငါထားသော ပညတ်တရားလမ်းသို့မလိုက်၊ ငါသည်စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော ငါ၏ကျွန်ပုရောဖက် တို့၏ စကားကိုနားမထောင်ဘဲနေသကဲ့သို့ ယခုလည်းနားမထောင်ဘဲနေလျှင် ဤ အိမ်ကို ရှိလောရွာကဲ့သို့ငါဖြစ်စေမည်။ ဤမြို့ကိုလည်းမြေပေါ်မှာ လူအမျိုးမျိုး ကျိန် ဆဲသော မြို့ဖြစ်စေမည်။} (ယေရမိ ၂၆း၄-၆)။

               ဤသတင်းစကားသည် ရှင်းလင်းပြတ်သားလှပါ၏။ ဗိမာန်တော်အတွင်း ဝင် ထွက်သွားလာသူမှန်သမျှ မကြားချင်အဆုံးဖြစ်သည် ။ ရှိလောမြို့နှင့်ပတ်သက်၍ ပြော ရသော်ဧလိသည် ထိုစဉ်က ဣသရေလလူတို့တွင် ယဇ်ပုရောဟိတ်မင်းဖြစ်၏။ သူ၏ သားတို့သည်ဗိမာန်တော်တွင် အမှုထမ်းများဖြစ်ကြသော်လည်း ဗိမာန်တော်လာတရား နာပရိသတ်တို့အပေါ်ခေါင်းပုံဖြတ် စော်ကားမော်ကားပြု၏။ ဤဆိုးသွမ်းမှုတို့ကို ဖခင် ဧလိသည် ကျပ်တည်းစွာမမြစ်တား၊ အရေးမယူ၊ လျစ်လျူရှုခဲ့သည်။ ဒါကို ဘုရားသခင် မကြိုက်နှစ်သက်ပါချေ။ သို့ဖြစ်၍ ဖိလိတ္တိလူတို့လက်ထဲသို့ ဘုရားသခင်၏ပဋိညာဉ် သေတ္တာတော်သည်ပါသွားရ၏။ ပြည်တော်သည်လည်း ရန်သူတိုင်းတစ်ပါးတို့၏ အနိုင် ကျင့်မှုကိုခံရလေသည်။ ဧလိ၏မတရားစော်ကားမှု အပြစ်မကောင်းမှုကိုဂရုမစိုက်၊ အမှားပြင်ရန် လျစ်လျူရှုခြင်းအမှုသည် ဣသရေလပြည်အားကြောက်စရာကောင်း သော ရလဒ်ကိုဖြစ်စေပါသည်တကား။ ထို့ကြောင့်ဧလိလည်းဆုံး၊ သားတို့လည်းဆုံးရုံ မျှမက ပဋိညာဉ်သေတ္တာတော်လည်း ရန်သူလက်ထဲသို့ကျရောက်ရ၏။ ဣသရေလ လူသုံးသောင်းတို့သည်လည်း ဓါးဖြင့်သေကြရလေ၏။ ဤဖြစ်ရပ်မှန်ကား အပြစ်ရှိနေ သည်ကို မဆုံးမဘဲမဟန့်တား၊ အမှားကိုမပြင်ဆင်သောကြောင့် ကြီးမားဖွံ့ဖြိုးတိုးပွား လာရကား နောက်ဆုံးပျက်စီးခြင်းနှင့်သာနိဂုံးချုပ်ရလေသည်။ ဣသရေလလူမျိုးတို့ သည fအပြစ်မကောင်းမှုကိုကျူးလွန်နေပါသော်လည်း မိမိတို့မှာပဋိညာဉ်သေတ္တာတော် ရှိနေပြီဖြစ်၍ လုံး၀အရှုံးမရှိ၊ ဖိလိတ္တိတို့ကို ဧကန်မုချအောင်နိုင်မည်ဟု အလွဲထင်မှတ် ခဲ့ကြပေသည်တကား။ အလားတူစွာပင်ယေရမိလက်ထက်က ယုဒလူတို့သည် ဗိမာန် တော်အတွင်း ဝတ်ကြီးဝတ်ငယ်အသွယ်သွယ်နှင့် ဝိညာဉ်အထုံးအဖွဲ့ပညတ်တို့ကို လိုက် လျှောက်ခြင်းဖြင့် မိမိတို့မွေ့လျော်နေသော အပြစ်မကောင်းမှု လုပ်ရပ်များအတွက် အပြစ်ပေးခံရမည်မဟုတ်ဟု ယုံကြည်စွဲလန်းနေကြပါသည်။

               သို့ဖြစ်၍အသင်းတော်မှာ ရာထူးကြီးကြီးအဆင့်မှာရှိသော တာဝန်ဝတ္တရားရှိ သိက္ခာတော်ရဆရာကြီးငယ်တို့သည် ဤအမှုကိုထောက်၍ သင်ခန်းစာယူအပ်ပေသည် မဟုတ်လော။ အမှန်တရားကို ညိုးငယ်ထိခိုက်စော်ကားစေသော မှောက်မှားမှုမှန် သမျှကို သစ္စာရှိရှိမေတ္တာသိပေးကိုင်တွယ်ရန်ဖြစ်ပါသည်။ လျစ်လျူမရှုရပါ။ ခေါင်းမ ရှောင်ရပါ။ အသင်းတော်အတွင်း သာသနာ့ဝန်ထမ်းအိမ်ရာများအတွင်း အပြစ်မ ကောင်းမှုလုပ်ရပ်များကိုတွေ့ရှိသဖြင့် သာသနာသန့်စင်ရေးကိုရှေးရှု၍ သန့်ရှင်းစေရန် ကြိုးစားလုပ်ဆောင်နေသူ ဘုရားသခင်အစေခံတို့ကို အဘယ်သူမျှမဟန့်တားစေနှင့်။ အကြောင်းမူကား ယေရမိပုရောဖက်လက်ထက်က ယေရုရှလင်မြို့တော်ကြီးပျက်စီးရ ခြင်းသည် မေတ္တာနှင့်ကရုဏာသစ္စာထားကာပေးသော သတိပေးချကိ်က တာဝန်ရှိ လူသားကြီးများတို့သည် ဂရုမစိုက်ခဲ့သောကြောင့်ဖြစ်ရသည်မဟုတ်လော။

               ယေရမိ၏သတင်းစကားကို ဆန့်ကျင်လျက် မကြိုက်နှစ်သက်သူများစွာရှိပါ၏။ ထိုကြောင့် ]ဤအိမ်တော်သည် ရှိလောရွာကဲ့သို့ဖြစ်လိမ့်မည်။ ဤမြို့သည်မရှိ၊ ဆိတ်ညံ ရာ အရပ်ဖြစ်လိမ့်မည်ဟု သင်သည်ထာ၀ရဘုရားသခင်၏ နာမတော်ကိုအမှီပြု၍ အဘယ်ကြောင့် ဟောသနည်းဟုပြောဆိုလျက် လူများအပေါင်းတို့သည် ဗိမာန်တော် တွင် ယေရမိတစ်ဖက်၌စုဝေးကြ၏။} (ငယ် ၉)။ ယဇ်ပုရောဟိတ်များ၊ ပုရောဖက်အ ယောင်ဆောင်များနှင့် လူများစွာတို့သည် သခင့်အစေခံယေရမိအားသတ်ရန် အထိ ခြိမ်းခြောက်ကြ လေပြီကော။

 

                                            

 

ယေရမိရဲစွမ်းသတ္တိက သူ့အသက်ကို ကယ်တင်လိုက်ခြင်း

               ယေရမိ၏စကားတို့သည်အောင်၍ ထိုသတင်းမှန်ကန်ကြောင်း သိနားလည်လို ကြသဖြင့် မင်းညီမင်းသားတို့သည် မိမိတို့ကိုယ်တိုင်လေ့လာလိုကြရကား နန်းတော်မှ ဗိမာန်တော်သို့ရောက်လာကြလေသည်။ ထိုအခါ ]ယဇ်ပုရောဟိတ်နှင့် ပုရောဖက်တို့က၊ ဤသူသည် အသေခံထိုက်ပေ၏။ သင်တို့သည် ကိုယ်နားနှင့်ကြားသည်အတိုင်း ဤမြို့ကိုဆန့်ကျင်ဘက်ပြု၍ ဟောပြောပါပြီတကားဟု မÈ;မတ်အစရှိသောလူများအ ပေါင်းတို့အားပြောဆိုကြ၏။} (ငယ် ၁၁)။ သို့သော်လည်းယေရမိသည် သတ္တိရှိရှိပြန် လည်ကြွေးကြော်သည်ကား၊ ]သင်တို့ကြားသမျှအတိုင်း ဤအိမ်တော်နှင် ဤမြို့တော် ကို ဆန့်ကျင်ဘက်ပြု၍ဟောပြောစေခြင်းငှါ ထာ၀ရဘုရားသခင်သည် ငါ့ကိုစေလွှတ် တော်မူပြီ။ ယခုမှာ၊ သင်တို့၏ ထာ၀ရဘုရားသခင်၏စကားတော်ကိုနားထောင် ကြလော့။ သို့ပြုလျှင် ထာ၀ရဘုရားသခင်သည် သင်တို့၌ဘေးဥပဒ်ရောက်စေမည်ဟု ခြိမ်းတော် မူသော်လည်း တဖန်နောင်တရတော်မူလိမ့်မည်။ ငါမူကား သင်တို့လက်၌ရှိပါ၏။ သင်တို့ စိတ်၌ ဖြောင့်မတ်လျောက်ပတ်သည်ဟုထင်သည်အတိုင်း ငါ့ကိုပြုကြလော့။ သို့ရာတွင် ငါ့ကိုသတ်လျှင် အပြစ်မရှိသောအသွေးကို သင်တို့သည်ကိုယ်အပေါ်သို့လည်းကောင်း၊ ဤမြို့နှင့် မြို့သားတို့အပေါ်သို့လည်းကောင်း စင်စစ်ရောက်စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ်ကြလော့။ ဤစကားလုံးစုံတို့ကို သင်တို့အားကြားပြောမည်အကြောင်း ထာ၀ရ ဘုရားသခင်သည် ငါ့ကိုစင်စစ်စေလွှတ်တော်မူပြီဟု မÈ;မတ်အစရှိသောလူများအပေါင်း တို့အား ပြောဆိုလေ၏။} (ငယ် ၁၂-၁၅)။

               အကယ်၍သာ ယေရမိ၏ဖြစ်ရပ်မှန်ထိုဩဇာ၌ အာဏာရှိမင်းဦးမင်းသား၊ မÈ;ကြီး မတ်ရာများတို့၏ ကြားဝင်ဆွေးနွေးခြင်းမရှိခဲ့ပါသော် ယေရမိ၏အသက်မှာ ပျောက်သွား နိုင်၏။ သို့သော်လည်းယေရမိသည် ထိုအရေးကြီး သတိပေးချက်ကိုလေးလေးနက်နက် နှင့် တည်ငြိမ်စွာပြောတတ်သောသတ္တိကြောင့် ကြားရသူများမှာလေးစားလာ၍ မÈ;မတ် တို့ရှေ့မှာ မျက်နှာရရှိခဲ့ခြင်းဖြစ်ပါသည်။ ထိုမှလွန်၍ အုပ်ချုပ်သူမင်းကြီးတို့သည် ယဇ် ပုရောဟိတ်များ၊ ပုရောဖက်အယောင်ဆောင်များတို့နှင့် ကျိုးကြောင်းဆက်သွယ်ကာ ဆွေးနွေးဆုံးဖြတ်ကြပါသည်။ ဤသို့လျှင်ထာ၀ရဘုရားသခင်သည် မိမိ၏အစေခံကျွန် အတွက် ကာကွယ်ပေးကြသူများကို ရွေးချယ်ထားရှိသည်မှာ ယေရမိခေတ်၌ ရှိသလို ယခုအချိန်မှာလည်း ရှိပါသည်။

               ယေရမိ၏ဖြစ်ရပ်မှန်လုပ်ကြံခံရမှုကြီးကို မလိုလားသော ယုဒအသက်ကြီးသူ အများတို့မှာလည်း ယဇ်ပုရောဟိတ်တို့၏ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြပါသည်။ ဤ သက်ကြီးသိက္ခာရှိကြီးများတို့၏ တောင်းပန်မှုကြောင့် ပုရောဖက်၏အသက်မှာ ချမ်း သာရခဲ့ရသည်မဟုတ်ပါလား။ အမှန်အားဖြင့် ဗိမာန်တော်တွင်းရှိယဇ်ပုရောဟိတ်များ နှင့် ပုရောဖက်အယောင်အဆောင်များတို့သည် ယေရမိအား မတရားသွေးဆောင်ဖြား ယောင်းပြောဆိုသော စကားပြစ်ချက်ကိုအကြောင်းပြ၍ သေဒဏ်ပေးရန်မြင်လိုကြ သူများပင်ဖြစ်ကြပါသည်။

               ယေရမိသည် မိမိပြုသောသာသနာအမှုတော်မြတ်၏ အဆုံးပိုင်းမှာ ]စစ်သော သူအရာ၌ ရဲတိုက်ကဲ့သို့} (ယေရမိ ၆း၂၇) မားမားမတ်မတ်ရပ်တည်ခဲ့လေပြီ။ လူသား တို့၏ဒေါသသည် သူ့ကိုအနိုင်မယူနိုင်ပါပြီ။ ထိုအမှုနှင့်ပတ်သက်၍ ဘုရားသခင် ကိုယ်တော်တိုင်က မိမိ၏အစေခံအား ကြိုတင်မြွက်ဆိုထားခဲ့ပြီမဟုတ်လော။ ]ငါသည် လည်း သင့်ကိုလူမျိုးတစ်ဖက်၌ ခိုင်ခံ့သောကြေးဝါမြို့ရိုးဖြစ်စေမည်။ သူတို့သည်သင့်ကို တိုက်၍ မနိုင်ရကြ။} (ယေရမိ ၁၅း၂၀)။

 

ယေရမိ၏ ငြိမ်းအေး၍ ရန်ကို ရှောင်တတ်သော သဘောထား

               ယေရမိသည် သဘာ၀ဖြင့် ရှက်ကြောက်တတ်သူဖြစ်၏။ မျိုးချစ်စိတ်ရှိသူပါ တည်း။ မိမိ၏ချစ်မြတ်နိုးရပါသော ပြည်တော်ကိုသူသည် စိတ်မချမ်းသာလျက်နှင့် ပုရောဖက်ပြုရသဖြင့် အနားယူချင်နေလှပါပြီ။ အပြစ်နွံတွင်းမှာ ပျော်ပါးနစ်မွန်းနေ၍ ပျက်စီးရတော့မည့်ပြည်တော်အတွက် သူ၏စိတ်နှလုံးသည် ဝေဒနာကိုပြင်းထန်စွာ ခံစားနေရသည်။ ထိုကြောင့်လည်း ဤသို့ညည်းညူမိလေသည်မဟုတ်လော။ ]ငါ၏ လူမျိုးသတို့သမီးနှင့်ဆိုင်သော အသေကောင်များအတွက်၊ ငါသည်နေ့ညမပြတ်ငို ကြွေး ရမည်အကြောင်း ငါ့ဦးခေါင်းသည်ရေသက်သက်၊ ငါ့မျက်စိတို့သည် မျက်ရည်ထွက် သော စမ်းဖြစ်ပါစေသော်။} (ယေရမိ ၉း၁၊ ၂)။

               သူစိတ်ဝိညာဉ်ကား အထိမခံကြွေပန်းကန်ပြားကဲ့သို့တည်း။ ဤမျှလောက် ကြွပ်ဆတ်သော အသည်းနှလုံးကို ရက်စက်လှစွာသောမြားတောင့် များစွာကပစ်ခွင်း လေသော် မည်သို့ခံရပ်နိုင်ပါတော့်အံ့နည်း။ သူ၏မြည်တမ်းစကားကိုကြည့်ပါ။ ]လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ၏။ ခပ်သိမ်းသောအရပ်တို့၌ ကြောက်မက်ဖွယ်သော အကြောင်းရှိ၏။ အကျွန်ုပ်သည်ကဲ့ရဲ့ခြင်းကို နေ့တိုင်းခံရပါ၏။ လူတိုင်းပြက်ရယ်ခြင်းကို ပြုတတ်ကြပါ၏။ ငါ၏အနားမှာနေသော ငါ၏မိတ်ဆွေအပေါင်းတို့က ငါတို့သည် သူ့ကို နိုင်၍ အငြိုးထားသောစိတ်ပြေစေခြင်းငှါ သူ့ကိုသွေးဆောင်ကောင်းသွေးဆောင်လိမ့် မည် ဟု ဆိုကြ၏။}( ယေရမိမြည်းတမ်း ၃း၁၄)၊ (ယေရမိ ၂ဝး ၇၊ ၁၀)။

               သို့သော်လည်း ထိုသစ္စာရှိသောပုရောဖက်သည် နေ့တိုင်းအစဉ်ခွန်အားကို ရရှိပါ၏။ သို့ဖြစ်၍သူသည် ယုံကြည်ခြင်းအားဖြင့် ကြွေးကြော်သည်ကား၊ ]သို့သော်လည်း ထာ၀ရဘုရားသခင်သည် အားကြီးသောသူရဲကဲ့သို့ ငါ့ဘက်၌ရှိတော်မူ၏။ ထို့ကြောင့် ငါ့ကိုညှဉ်းဆဲသောသူတို့သည်မနိုင်ဘဲ ထိမိ၍လဲကြလိမ့်မည်။ အကြံမမြောက်သော ကြောင့် အလွန်ရှက်ကြလိမ့်မည်။} ဆုတောင်းတတ်ပုံကိုလည်းကြည့်ပါ။ ]အိုထာ၀ရ ဘုရားသခင်၊ အကျွန်ုပ်ကိုဆုံးမတော်မူလျှင် အကျိုးနည်းစေခြင်းငှါ အမျက်ထွက်တော် မမူပါနှင့်။ တရားတော်အတိုင်းသာဆုံးမတော်မူပါ။} (ယေရမိ ၁ဝး၂၃၊၂၄)။

               ပုရောဖက်သည် ကြီးစွာသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသောအခါ ဝမ်းနည်း ပူဆွေးစရာ ညည်းညူပြောဆိုတတ်သည်မှာ၊ ]သို့ဖြစ်၍ ငါသည်ထာ၀ရဘုရား ရှေ့ တော်၌ အစွမ်းသတ္တိနှင့်မျှော်လင့်စရာ အကြောင်းပျက်လေပြီဟုဆိုရ၏။} (မြည်တမ်း စကား ၃း၁၈)။ သို့ပင်သို့ငြားလည်း ယေရမိသည်ထာ၀ရဘုရားသခင်၏ စီမံပေး ချက်များကို ယုံကြည်သည်နှင့်အညီ ကိုယ်စားပြုပြန်လည်းတမ်းတကာ ကြွေးကြော်နိုင် ခဲ့လေသည်တကား။ ]ထာ၀ရဘုရားသခင်သည် သနားတော်မူ၏။ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာ တော်အသစ်ကိုခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။ ငါ့ဝိညာဉ်၏ သဘောဟူမူ ကား၊ ထာ၀ရဘုရားသခင်သည် ငါ၏အဖို့ဖြစ်တော်မူ၏။ ထိုကြောင့် ကိုယ်တော်ကို မျှော်လင့်ပါ၏။ ကိုယ်တော်ကို မျှော်လင့်သောသူနှင့် ကိုယ်တော်ကိုရှာသောသူ၏ စိတ် ဝိညာဉ်အားထာ၀ရဘုရားသခင်သည် ကျေးဇူးပြုတော်မူ၏။ ကယ်တင်တော်မူမည်ဟု မျှော်လင့်လျက်၊ ငြိမ်ဝပ်စွာစောင့်၍ နေကောင်း၏။} (မြည်တမ်းစကား ၃း၁၈၊၂၂-၂၆)။

 

                                            

No comments:

Post a Comment