Tuesday, March 10, 2026

 

အခန်း (၅၂)

ဆုတောင်းလျက်လုပ်ဆောင်နေသူ နေဟမိ


ဤအခန်းကြီးသည် (နေဟမိ ၁; ၂ )ကို အခြေခံထားသည်။

 

               ဗာဗုလုန်နိုင်ငံသို့ သိမ်းသွားခြင်းကို ခံရသောဟေဗြဲလူတို့တွင် နေဟမိလည်း ပါ၏။ သူသည် ပါရှန်းနန်းတော်ဦးမှာ ရာထူးကြီးရထားသူ တစ်ဦးဖြစ်၍ ဘုရင့်ရှေ့တော် မှောက်မှာ လွတ်လပ်စွာ ခံစားရသူဖြစ်သတည်း။ သက်ဦးဆံပိုင်ရှင်ဘုရင်ကြီး၏ အကြံ ပေးမိတ်ဆွေတစ်ဦးလည်းဖြစ်ပါသည်။ သူ့ပတ်ဝန်းကျင်မှာ ပျော်ရွှင်စရာတောက်ပြောင် မှုများနှင့် ဝန်းရံနေပါသော်လည်း သူသည် မိမိကိုးကွယ်သော ထာ၀ရဘုရားသခင်နှင့် မိမိ၏လူမျိုးကို မမေ့ပါ။ ယေရုရှလင်မြို့တော်ဆီသို့ အမြဲစိတ်ညွတ်လျက်ရှိနေပါသည်။ ဤကဲ့သို့သော လူသားကြီးအားဖြင့် ထာ၀ရဘုရားသခင်သည် မိမိလူတို့အား ကောင်းချီး ပေးဖို့ ရည်ရွယ်ချက်ကို ဖော်ဆောင်သွားမည် မဟုတ်ပါလား။

               ယုဒပြည်မှ ပြန်လာသော စေတမန်သံတော်ဆင့်တို့အားဖြင့် ထိုဟေဗြဲ ဖခင် ကြီးအား နေရင်းပြည်သို့ ပြန်သွားသောလူတို့သည် ယေရုရှလင်မြို့တော်ကြီး ပြန် လည်တည်ဆောက်ပြုပြင်ရေးမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်းကို ပြောပြ သဖြင့် သိနားလည်ခဲ့ရပါသည်။ ပြန်လည်တည်ထောင်ရေးလုပ်ငန်းသည် ကြန့်ကြာနေ ၏။ ဗိမာန်တော်လုပ်ငန်းများမှာလည်း အနှောင့်အယှက်များစွာ ခံနေရသည်။ မြို့ရိုးတို့ မှာလည်း ပြုပြင်စရာများစွာ ကျန်ရှိနေသေးကြောင်း သိရပေသည်။ ဤကဲ့သို့သော သတင်းဆိုးကို ကြားခဲ့ရသဖြင့် နေဟမိသည် မစားမသောက်နိုင်ဖြစ်၏။ စိတ်နှလုံးပူ ဆွေးလှသောကြောင့် ကောင်းကင်ဗိုလ်ခြေဘုရားသခင်ကို အကူအညီတောင်းပါတော့ သည်။ ]ငါသည်ထိုင်၍ အင်တန်ကာလပတ်လုံး ငိုကြွေးမည်တမ်းလျက်၊ အစာရှောင် လျက်နေ၍ ကောင်းကင်ဘုံ၏ ဘုရားသခင်ရှေ့တော်၌ ဆုတောင်းမှုပြု၏။} သူသည် ဣသရေလအမျိုးသားတို့အား ကြည့်ရှုထိန်းသိမ်းသွားပါရန်နှင့် သူတို့အားပြန်လည်၍ ခွန်အားသစ်နှင့် ရဲဝံ့စေရန်သော်လည်းကောင်း၊ ပြိုပျက်ရာတို့ကို ပြန်လည်တည် ဆောက်ခြင်းအမှုတို့၌ ကူညီမစရန် သော်လည်းကောင်း ထာ၀ရဘုရားသခင်ထံတော်မှာ အသနားခံတောင်းလျှောက်ခဲ့ပါသည်။

 

 

               နေဟမိဆုတောင်းသည်နှင့်အမျှ သူ၏ ယုံကြည်ခြင်းမှာလည်း တိုးပွား၍ လာ၏။ အကယ်၍ ဘုရားသခင်၏ ယုံကြည်သူသားသမီးတို့၌ အပစ်ပယ်ခံဘ၀နှင့် ဆက်လက် ကာအားနည်းသဖြင့် ဖိနှိပ်မှုကို ခံနေရပါသော် အဘယ်မှာလျှင် ထာ၀ရဘုရားသခင်ကို ဂုဏ်ပြုနိုင်ပါမည်နည်းဟု သူသည်မေးခွန်းထုတ်လာ၏။ သို့ဖြစ်၍ ခါနာန်ပြည်သို့မဝင်မီ မောရှေအားဖြင့် ဣသရေလူမျိုးတို့အားပေးသော ဘုရားသခင်၏ ကတိတော်ကို သူတို့ အားပေးပါရန် နေဟမိသည် မရမကတောင်းခံခဲ့ပါသည်။ (တရားဟောရာကျမ်း ၄း၂၉-၃၁ ကိုကြည့်ပါ။) ယခုတွင် ဘုရားသခင်၏ အပေါင်းအသင်းဝင်လူတို့သည် စိတ်နှလုံး နှိမ့်ချစွာဖြင့် နောင်တရလျက် ကိုယ်တော်ရှင်ထံတိုးဝင်ချဉ်းကပ်လာပါပြီ။ ကိုယ်တော် ရှင်၏ ကတိတော်မြတ်သည်လည်း သူတို့ကိုမလွန်သွားပါချေ။

               ဤတွင် နေဟမိသည် တစ်ဆင့်တိုး၍ လုပ်ဆောင်ရန် အဖြေရှာ၏။ အကယ် ၍သာ သူသည် ရှင်ဘုရင်အားတိုက်တွန်းတောင်းပန်သဖြင့် ရှင်ဘုရင်သည် သဘော တူ၍ လိုအပ်ပစ္စည်းများနှင့် ပံ့ပိုးကူညီပါက သူကိုယ်တိုသည် ယေရုရှလင်မြို့ရိုးကို ပြန်လည်ပြုပြင်သော လုပ်ငန်တာဝန်နှင့် ဣသရေလူမျိုးတို့၏အင်အားစုကို မြို့ပြန် လည်ဖြည့်ဆည်းပေးရာ၌ တာဝန်ယူမည်ဟု စိတ်ထဲမှာ ဆုံးဖြတ်လိုက်ပါသည်။ ထိုစီ မံချက်ကို ဖော်ဆောင်နိုင်ရေးအတွက် ဘုရင်မင်းမြတ်၏စိတ်နှလုံးကို ပြောင်းလဲပေးပါ မည် အကြောင်းကိုလည်း ဘုရားသခင်ထံသူ ဆုတောင်းခဲ့သည်မှာ- ]အိုဘုရား သခင်၊ ကိုယ်တော်ကျွန်ကို ယနေ့ကောင်းချီးပေးတော်မူပါ။ ဤလူရှေ့မှာ မျက်နှာရပါမည်အ ကြောင်း ကယ်မသနားတော်မူပါဟုဆုတောင်းလေ၏။ ထိုအခါ ငါသည် ရှင်ဘုရင်၏ ဖလားတော်ကိုင်ဖြစ်သတည်း။}

 

ဘုရားသခင်ပေးသည့်အခွင့်အရေးကို

နေဟမိစောင့်ဆိုင်းနေခြင်း

               နေဟမိသည် ရှင်ဘုရင်အား မိမိ၏ တောင်းခံချက်ကို တင်ပြဖို့ရန် လေးလမျှ စောင့်ဆိုင်းခဲ့ရလေသည်။ သူ၏စိတ်နှလုံးမှာ ကြေကွဲဝမ်းနည်းနေပါသော်လည်း ဘုရင့် ရှေ့တော်မှောက်မှာ သူသည် ကြိုးစား၍ရွှင်လန်းပုံကို ဆောင်နေ၏။ ထိုကဲ့သို့သော စည်း စိမ်ခံစားရာခန်းမကြီးထဲမှာ အရာခပ်သိမ်းတို့သည် စိတ်နှလုံးပေါ့ပါး၍ ပျော်ရွှင်လန်း ဆန်းရန်သာ ဖြစ်သည်မဟုတ်လော။ သို့ပါသော်လည်း၊ တာဝန်ကို ထမ်းရွက်ပြီးတိုင်း အ နားယူနေချိန်များမှာ နေဟမိသည် လူမမြင်သောနေရာ၌ မျက်ရည်နှင့် အဖော်ပြုကာ ဆုတောင်းခြင်းများစွာကို ပြုနေသူပါတည်း။ ဤသည်ကို ဘုရားသခင်နှင့် ကောင်းကင် တမန်တို့သည် တေ့Gမြင်ကြပါ၏။

               အိပ်၍ မပျော်သော ညဉ့်များစွာရှိသည်။ အလုပ်များလွန်သောနေ့ များစွာရှိ သည်။ ထိုအရာများက နေဟမိ၏မျက်နှာကို သက်သေအဖြစ်ဖော်ပြနေ၏။ ရှင်ဘုရင် သည် မိမိ၏လုံခြုံမှုအတွက် အရာရာကိုအကဲ့ခတ်တတ်သော ကြောင့် ထိုဟန်ဆောင်မှု ပုံရိပ်ကို မြင်ရသောအခါမနေသာတော့ပြီ။ သူ၏ဖလားတော်ကိုင်ကို ကရုဏာသက်စွာ အကြောင်းရင်းကို မေးမြန်းလေတော့သည်။

               ]အထက်က တစ်ခါမျှရှေ့တော်၌ ညှိုးငယ်သော မျက်နှာကို မပြဖူးသည်ဖြစ်၍ ရှင်ဘုရင်က ကျန်းမာလျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်သနည်း။ ဝမ်းနည်း ဟန်ရှိပါသည်တကား ဟု မိန့်တော်မူလျှင်} ရှင်ဘုရင်စိတ်ကိုမသိ၊ မိမိ၏ ပြန်လည်တည် ဆောက်ရေးစီမံချက်မှာလည်း ဘယ်ကဲ့သို့ဖြစ်မည်မသေချာ၊ ဒွိဟဖြစ်နေသောစိတ်ဖြင့် ]ငါသည် အလွန်ကြောက်၍ ရှင်ဘုရင် အသက်တော်အစဉ်အမြဲရှင်ပါစေ။ ကျွန်တော် ဘိုးဘေး သင်္ချိုင်းရှိရာမြို့သည် ပျက်စီးလျက်၊ မြို့တံခါးလည်း မီးလောင်၍ကုန်ပြီး ဖြစ်သောကြောင့် ကျွန်တော်သည်မျက်နှာမညှိုးငယ်ဘဲ အဘယ်သို့နိနိုင်ပါမည်နည်း} ဟု ပြန်လျှောက်လေ၏။

               ထိုအခါ သက်ဦးဆံပိုင်ဘုရင်ကြီးသည် ကရုဏာသက်လာကာ ]ရှင်ဘုရင်က၊ အဘယ်သို့တောင်းလျှောက်ချင်သနည်းဟု မေးတော်မူ၏။}

               ထာ၀ရဘုရားသခင်၏ လူနေဟမိသည် အာတဇေရစ်မင်းကြီးထက် ကြီးမြတ် သော ဘုရားသခင်၏ညွှန်ကြားမှုကို မခံယူရသေဘဲ အဘယ်တုံ့ပြန်မှုကို မျှမပြုဝံ့သူပါ တည်း။ သူ၏မှတ်တမ်းကို လေ့လာကြည့်ပါ။ ]ငါကလည်း၊ အရှင်မင်းကြီးအလိုရှိ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင် ကျွန်တော်ဘိုးဘေးသင်္ချိုင်းရှိရာမြို့ကို ကျွန် တော်ပြုစုမည်အကြောင်း၊ ယုဒပြည်သို့ စေလွှတ်တော်မူပါဟု ကောင်းကင်ဘုံ၏ ထာ၀ရ ဘုရားသခင်အား ဆုတောင်းပြီးမှ လျှောက်လေ၏။} ထိုသို့ နေဟမိပြုသောကြောင့် ကောင်းကင်ဘုံမှ ဘုရင်တကာ့ဘုရင် ဘုရားသခင်သည် သူ့ဘက်မှာနေသဖြင့် မင်းကြီး ၏ စိတ်တော်ကို နူးညံစေပြီမဟုတ်လော။

               ဤသို့လျှင် နေ့စဉ်နှင့်အမျှ လောကအသက်တာလမ်းခရီးမှာ လုံးထွေးရုန်း ကန်လှုပ်ရှားနေကြသူများ အသက်တာနှင့် ရင်ဆိုင်လာရသောအခါ ဘုရားသခင်ထံ တော်မှ စောင့်ရှောက်မှုကို တောင်ခံနိုင်ပေသည်။ လောကခရီးသွားတို့သည်လည်း အ န္တရာယ်ကင်း၊ ဘေးရှင်းရန်အတွင် ကောင်းကင်ဘုံ၏ အကာအကွယ်ကို တောင်းခံ နိုင်ပါ၏။ အကူအညီလိုအပ်ဆုံး လျှပ်တစ်ပြက်အချိန်အခါမျိုးမှာ နှလုံးသားထဲမှ ငိုကြွေး သံကို ပြုလိုက်ပါ။ သခင့်ကို အကြွင်းမဲ့ယုံကြည်ကိုးစားကြသူများကို သခင်သည် ထူး တော်မူရန် အသင့်ရှိပါ၏။ ပြင်းထန်သော စုံစမ်းနှောင့်ယှက်ခြင်းကြောင့် ကျဆုံးနေသော အသက်ဝိညာဉ်သည် ကျဆုံးခြင်းမရှိနိုင်သော တန်ခိုးကို မေတ္တာရှင်သခင်ထံတော်မှ အ ကူအညီအထောက်အပံ့ကို တွေ့ရှိခံစားရပါလိမ့်မည်။ သို့ဖြစ်၍ ဘုရားသခင်နှင့် ကတိ သစ္စာပဋိညာဉ်ပြု၊ ထိန်းသိမ်းထားခြင်သည် အရေးကြီးလှစွာတကား။

 

ဘုရားသခင်သည် နေဟမိအားရဲဝံ့ခြင်းကိုပေး

 

 

 

]တောင်းလျှောက်သည်အတိုင်း ငါ၏ဘုရားသခင်တန်ခိုးကျေးဇူးတော်ကြောင့် ရှင်ဘုရင် သည် ပေးသနားတော်မူ၏။}

               ဤသို့လျှင် နေဟမိသည် မိမိစတင်သောအလုပ်ကို စွန့်စွန့်စားစား လုပ်ဆောင် ၍ အောင်မြင်မှုရရှိရန်အတွက် အစီအစဉ်များရေးဆွဲရပေတော့သည်။ မိမိ၏ တိုင်းသူ ပြည်သားများစွာတို့မှာ မိမိ၏ အောင်မြင်မှုအတွက် ဝမ်းမြောက်ရှိကြသလို၊ မနာလိုသော ရန်သူများသွေးထိုး တိုက်ခိုက်လာသဖြင့် ပြန်လည်ထူထောင်ရေးအလုပ်ကို ဆက်မလုပ် နိုင်တော့မည်ကို သူသည်စိုးရိမ်မိလေသည်။

               ရှင်ဘုရင်သည် နေဟမိအား ကြည်ကြည်ဖြူဖြူခွင့်ပြုလိုက်သည် မကသေးဘဲ ဆက်ဆက်၍ဘာများလိုအပ်နေဦးမည်နည်း ဟုမေးပါသေး၏။ ထိုကြောင့် နေဟမိသည် မိမိ၏ လုပ်ငန်းတာဝန်ကို ပိုင်နိုင်နိုင်လုပ်ဆောင်ဖို့ရန် ကိုယ်ရံတော်တပ်စိတ်တစ်စိတ်ကို တောင်းခံလိုက်ပါသည်။ သူဖြတ်ကျော်သွား ရမည့်နယ်စားကြီးများ၌ သူ့ကိုအနှောင့် ယှက်မပေးနိုင်ရန်အလို့ငှါ ဘုရင့်အမိန့်တော်စာများကိုလည်း ပြုစုသွားပါ၏။ ဘုရင့်သစ် တောစောင့်မင်းကြီးထံမှလည်း သစ်များရရှိအံ့သောအခါ အမိန့်စာကိုယူသွားသေး၏။ သူသည် မိမိနှင့်ပတ်သက်မည့်အရာဟူသမျှကို မင်းအာဏာနှင့်တညီတညွတ်တည်း ရှင်းရှင်းလင်းလင်းလုပ်ဆောင်နိုင်ရန် သတိထား ဆောင်ရွက်ခဲ့ပါသည်။ ဘုရားသခင်၏ ချစ်သားသမီးတို့သည် ယုံကြည်ခြင်းဖြင့် ဆုတောင်းရန် သက်သက်သာ မဟုတ်သေးဘဲ အလုပ်ကို ဆောင်ရွက်ရာ၌ လုံ့လဝီရိယရှိရှိနှင့် စီမံကိန်းချလုပ်ဆောင်ရန် နေဟမိထံမှ သင်ခန်းစာကို ရရှိပါသည်။

               နေဟမိသည် ထာ၀ရဘုရားသခင်အထံတော်မှာငိုကြွေး၍ ဆုတောင်းသည် နှင့် အမျှ မိမိထမ်းဆောင်ရမည့် တာဝန်ကို ပြီးစီးအောင်ဆောင်ရွက်ခဲ့ပါသည်။ မိမိ၏ အ သနားခံတောင်းလျှောက်ချက်နှင့်တကွ သန့်ရှင်စွာ အားထုတ်လုပ်ဆောင်ခြင်းတို့ကို ပူး ပေါင်းလိုက်ခြင်းဖြင့် အောင်မြင်မှုလမ်းစဉ်ကို လျှောက်လှမ်းသွားခဲ့ပါ၏။ အဓိပ္ပါယ်မှာ၊ မိမိ၌မရှိသော လိုအပ်ပစ္စည်းပံ့ပိုးမှုများကို ပေးကမ်းနိုင်သူတို့ထံမှာ လှုံ့ဆော် တောင်းခံ ရရှိခဲ့ပါသည်။ ဤတွင် ဘုရားသခင်သည် မိမိပိုင်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက် ရသော သူတို့၏စိတ်နှလုံးကို ပေးကမ်းချင်စိတ်ရှိလာအောင် ပြုပြင်လိုပါ၏။ အမှန်တရား အတွက်ဆိုလျှင် ဘုရားသခင်သည် လူသားတို့နှင့်အတူပူးပေါင်း၍ အမှုတော်ဆောင် ရွက်လျက်နေပါသည်။ သို့ဖြစ်၍ သခင့်အတွက် အစေခံသောသူတို့သည် ဤလိုအပ် ဆုကျေးဇူးများကို အကျိုးရှိရှိ သုံးစွဲနိုင်ရန်အလိုငှါ မောဟဖုံးလွှမ်း၍ အသိအမြင်ကင်း သော မှောင်မိုက်တန်ခိုးကြီးစိုးရာ နယ်မြေများဆီသို့ အမှန်တရားအလင်း သယ်ယူပို့ ဆောင်ပေးရပါမည်။ သခင်၏ နှုတ်တော်ထွက်စကားနှင့် မယဉ်ပါး၊ မသိဘဲ ရှိကောင်း ရှိမည်။ သို့သော်လည်း သူတို့ပေးကမ်းစွန့်ကြဲ လိုက်သော အလÈဆုလက်ဆောင်တို့ကို ဤမြင့်မြတ်နှလုံးသားနှင့် အစေခံလုပ်ဆောင်မှု အတွက် မငြင်းပယ်ရပါချေ။

 

 

 

No comments:

Post a Comment