Tuesday, March 10, 2026

 

အခန်း (၄၀)

နေဗုခဒ်နေဇာမင်းကြီးမြင်မက်သောကမ္ဘာ့အင်ပါယာနိုင်ငံကြီး

 

ဤအခန်းကြီးသည် (ဒံယေလ ၂) ကို အခြေခံထားသည်။

               ဒံယေလနှင့် အပေါင်းပါများ ဧက္ကရာဇ်မင်းကြီးနေဗုခဒ်နေဇာ၏ ရာဇမှုတော် မြတ်မှာ ဝင်ရောက်ထမ်းဆောင်၍မှမကြာသေးပါ။ ထာ၀ရဘုရားသခင်၏ တန်ခိုးတော် ကိုဖော်ပြသော ဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့ပေသည်။ ရှင်ဘုရင်ကြီးသည် ]အိပ်မက်ကို မြင်တော်မူ၍ ထိတ်လန့်ခြင်းရှိသောကြောင့် စက်တော်မခေါ်နိုင်သည်ဖြစ်၍} စိတ်ညစ် နေ၏။ ထိုအိပ်မက်ကို ပြန်လည်သတိမရသည်က ပိုမို၍ဆိုးနေသည်။

               ဤသို့ စိတ်ရှုပ်ထွေးနေသောကြောင့် ]အိပ်မက်တော်ကို ပြန်ပြောစေခြင်းငှါ မာကုပညာရှိ၊ ဗေဒင်တတ်၊ သူပြုဆရာ၊ ခါခဒဲဆရာတို့ကို} ဆင့်ခေါ်စေ၏။ ၎င်းနောက် ]ရှင်ဘုရင်က၊ ငါသည်အိပ်မက်ကိုမြင်ပြီ။ ထိုအိပ်မက်ကိုမသိ၊ နားမလည်သည်ဖြစ်၍ စိတ်မအီမသာရှိသည်။} ငါကိုယ်တော်မြတ်၏ စိတ်သက်သာရာရှိအံ့သောငှါ ထိုအရာ တို့ကို ဖော်ပြပါလော့ဟု မိန့်တော်မူ၏။

               ]ခါလဒဲပညာရှိတို့ကလည်း အရှင်မင်းကြီး၊ အကျွန်ုပ်တို့အား အိပ်မက်တော်ကို မိန့်တော်မူပါ။ အကျွန်ုပ်တို့သည် အနက်ကိုဖော်ပြပါမည်} ဟု လျှောက်ကြ၏။ ထိုပရိ ယာယ်အဖြေမျိုးတို့သည် ရှင်ဘုရင်ကျေနပ်ခြင်းမရှိသည်ဖြစ်၍ ရှင်ဘုရင်သည် အိပ် မက်အနက်အဓိပ္ပါယ်ကိုသာမက အိပ်မက်သည် မည်ကဲ့သို့နည်းဟူ၍ ဖော်ပြရန် အမိန့် တော်ချလေတော့၏။ ]ငါအမိန့်တော်ရှိပြီ။ ထိုအိပ်မက်နှင့်အနက်ကို သင်တို့အဖော် မပြလျှင် သင်တို့ကိုအပိုင်းပိုင်းစဉ်းမည်။ အိပ်မက်နှင့် အနက်ကိုဖော်ပြလျှင် ဆုလာဘ် ချီးမြှင့်ကာ၊ ဂုဏ်အသရေများကို ငါပေးမည်။}

               သို့တိုင်အောင်လည်း ပညာရှိတို့သည် ဤကဲ့သို့ အဖြေပေးနေဆဲပေတည်း။ ]အရှင်မင်းကြီး၊ မြင်မက်တော်မူချက်ကို အမိန့်ရှိတော်မူပါ။ အကျွန်ုပ်တို့သည် အနက်ကို ဖော်ပြပါမည်။}ယခုတွင် နေဗုခဒ်နေဇာမင်းကြီးသည် ယုံကြည်စိတ်ချရပါသော ပညာရှိ တို့၏ ပရိယာယ်အဖြေတို့ကြောင့် အမျက်တော်ထွက်ကာ ဤသို့ ကြေညာလိုက် သည်။ ]အိပ်မက်ကို ငါ့အားမဖော်မပြလျှင် သင်တို့သည် အကြံတစ်ခုတည်းသာရှိသည် ဖြစ်၍ ကာလပြောင်းလဲသည်တိုင်အောင် ငါရှေ့၌ လျှောက်စရာဖို့ ကောက်ကျစ်လိမ်လည် သောစကားကို ပြင်ဆင်နှင့်ကြပြီ။ အိပ်မက်ကိုပြန်ပြောကြ။ ထိုသို့ပြောလျှင် အိပ်မက် အနက်ကို ဖော်ပြနိုင်သည်ကို ငါသိမည်။}

               ရှင်ဘုရင်၏ ထိုတောင်းခံချက်သည် ကျိုးကြောင်းမညီညွတ်ကြောင်း ဗေဒင် တတ်များကကြိုးစား၍ ရှင်ဘုရင်အားဖော်ပြပြောဆိုရန် ကြိုးစားခဲ့ကြပေသည်။ ဤတွင် ]ခါလဒဲဆရာတို့ကလည်း အရှင်မင်းကြီး၏ အမှုအရာကို ဖြေနိုင်မည့်သူ၊ မြေကြီးပေါ်မှာ တစ်ယောက်မျှမရှိပါ။ အဘယ်မည်သော ရှင်ဘုရင်သည် ဘုန်းတန်ခိုးကြီးသော်လည်း မာကုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာတို့ကို ဤသို့မေးမြန်းလေ့မရှိပါ။ လူပကတိနှင့် မဆက်ဆံသော ဘုရားသခင်မှတစ်ပါး အဘယ်သူမျှ အရှင်မင်းကြီးရှေ့တော်၌ မထုတ် မဖော်နိုင်ပါဟု တစ်ဖန်ပြန်ကြားလျှောက်ထားကြ၏။}

               ထိုအခါ ရှင်ဘုရင်သည် ကြားရသောစကားကြောင့် ပြင်းစွာ အမျက်တော်ထွက် ၍ ဗာဗုလုန်မြို့၌ ရှိသမျှသောပညာရှိတို့ကို ပယ်ရှင်းစေဟု အမိန့်တော်ရှိလေသည်။

 

ဒံယေလ၌အခွင့်အရေးရောက်ရှိလာခြင်း

               ရှင်ဘုရင်၏ ထိုအမိန့်တော်အရ ဒံယေလနှင့် သူ၏ မိတ်ဆွေများတို့သည်လည်း သေရကြပါမည်။ ]ထိုအမိန့်တော်ဆင့်၍ ဒံယေလနှင့်သူ၏အပေါင်းအဖော်တို့ကို သတ် ခြင်းငှါရှာကြသော် ဒံယေလက ရှင်ဘုရင်၏အမိန့်တော်သည် အဘယ်ကြောင့် ဤမျှ လောက်လျင်မြန်သနည်းဟု ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်ခြင်းငှါ ထွက်သွားသော }ကိုယ်ရံတော်မÈ;အာရုတ်ကို သတိပညာနှင့် မေးမြန်း၍အာရုတ်သည် ထိုအကြောင်းကို ကြားပြောလျှင် ဒံယေလသည် နန်းတော်သို့ဝင်၍ အိပ်မက်တော်ကို ဖြေရသောနေ့ရက်

အချိန်ကိုပေးတော်မူမည်အကြောင်း ရှင်ဘုရင်ကိုအသနားခံတော်မူပြီးမှ ထိုသက်ဦး ဆံပိုင် ရှင်ဘုရင်သည်ဒံယေလကို ခွင့်ပြုခဲ့လေသည်။ ထိုနောက်ဒံယေလသည် မိမိ အိမ်သို့ ပြန်သွား၍ ထိုအကြောင်းကို မိမိအပေါင်းအဖော် ဟာနနိ၊ မိရှေလ၊ အာဇရိ တို့အားကြားပြော အသိပေးခဲ့ပါသည်။ ထိုသူတို့သည်လည်း အတူတကွစုဝေးလျက် အသိပညာ ဇစ်မြစ်ထာ၀ရဘုရားသခင်ထံအထက်မှာ ဉာဏ်ပညာကို တောင်းခံခဲ့ကြ လေသည်။ ထိုအခြေအနေမျိုးမှာ သစ္စာရှိသော အစေခံများအဖြစ် ဘုရားသခင်ရွေး ချယ်ထားရှိခြင်းကား သူတို့၏ကြီးမားသော ယုံကြည်ခြင်းကြောင့်ပင်ဖြစ်သည် မဟုတ် လော။ ထိုသူတို့သည် ဆင်းရဲဒုက္ခရှုပ်ထွေးမှု ပြဿနာကြီးငယ်ပေါ်ပေါက်လာတိုင်း အတူတကွစုဝေးလျက် ဘုရားသခင်အထံတော်မှ စောင့်ရှောက်မှုကို တောင်းခံခဲ့လေ့ရှိ ကြပါသည်။ ယခုမှာလည်း ကမ္ဘာမြေကြီး၏တရားသူကြီးထံ ကယ်နုတ်တော်မူမည်အ ကြောင်း မိမိတို့ကိုယ်ကို မိမိတို့အပ်နှင်းလျက် အနူးအညွတ်တောင်းပန်နေကြပေသည်။ ဘုရားသခင်သည်လည်း မိမိအားဂုဏ်ပြုချီးမွမ်းသူတို့အား ပြန်လည်ဂုဏ်ပြုချီးမြှောက် လေသည်။ ညဉ့်အခါ၌ ထိုနက်နဲသော ရှင်ဘုရင်၏အိပ်မက်နှင့် အနက်အဓိပ္ပါယ်ကို ဘုရားသခင်သည် ဒံယေလအား မြင်ကွင်းကျယ် ရုပ်ရှင်ဇာတ်လမ်းပမာ ဖော်ပြတော် မူခဲ့ပေသည်။

               ထိုအခါ ဒံယေလသည် ကောင်းကင်ဘုံဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း လျက် ဘုရားသခင်၏နာမတော်သည် ထာ၀ရမင်္ဂလာရှိပါစေသတည်း။ နက်နဲခက်ခဲ သောအရာတို့ကို ထင်ရှားစွာပြတော်မူ၏။ အကျွန်ုပ်ဘိုးဘေးတို့၏ ဘုရားသခင်၊ အ ကျွန်ုပ်အားပညာအစွမ်းသတ္တိကို ပေးသနား၍ အကျွန်ုပ်တို့ ဆုတောင်းသည်အတိုင်း ရှင်ဘုရင်အိပ်မက်ကို ဖွင့်ပြတော်မူသော ကျေးဇူးတော်ကို ချီးမွမ်းထောမနာပြုပါ၏ဟု ဒံယေလမြွက်ဆိုပြီးမှ ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းစေခြင်းငှါ ရှင်ဘုရင်ခန့်ထားတော် မူသော အာရုတ်ထံသို့သွား၍ ဗာဗုလုန်ပညာရှိတို့ကို မလုပ်ကြံပါနှင့်။ အကျွန်ုပ်ကို အထံ တော်သို့ခေါ်သွင်းပါ။ အကျွန်ုပ်သည် အိပ်မက်တော်နှင့်အနက်ကို ဖော်ပြ၍လျှောက် ပါမည်ဟုဆို၏။ ဤတွင် ကိုယ်ရံတော်မÈ;အာရုတ်သည် ဒံယေလကို အလျင်တဆော ရှင်ဘုရင်အထံတော်သို့ ခေါ်သွင်းပြီးလျှင် ]အိပ်မက်တော်နှင့်အနက်ကို အရှင်မင်းကြီး အား ဖော်ပြနိုင်သောသူတစ်ယောက်ကို ယုဒအမျိုးလက်ရလူတို့တွင် အကျွန်ုပ်တွေ့ ပါပြီဟု လျှောက်လေ၏။}

 

ဒံယေလ၏လန်းဆန်းစေသော ရိုးသားမှု

               ဧက္ကရာဇ်မင်းကြီးနေဗုခဒ်နေဇာက ]ငါမြင်မက်သော အိပ်မက်ကိုပြန်ပြော၍ အ နက်ကိုဖော်ပြနိုင်သလော} ဟု (ဗာဗုလုန်ဘုရား) ဗေလတရှာဇာ အမည်ရှိသော ဒံ ယေလကိုမေးတော်မူလျှင်၊ ဒံယေလစစ်သုံ့ပန်းက မိမိဂုဏ်ကို မဖော်၊ ဉာစ်ပညာအ ပေါင်းတို့၏ဇစ်မြစ် ထာ၀ရဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမြွက်ဆိုခဲ့လေ သည်။ ဆက်လက်၍ ဒံယေလတုံ့ပြန် မြွက်ဆိုခဲ့သည်ကား ]နက်နဲသော အရာတို့ကို ဖွင့်ပြ၍ နှောင်ကာလ၌ ဖြစ်လတ္တံသောအရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအား ကြား ပြောတော်မူသော ဘုရားသခင်သည် ကောင်းကင်ဘုံမှာရှိတော်မူ၏။ ဤနက်နဲသောအ ရာကိုကား အခြားသတ္တဝါအပေါင်းတို့ထက် အကျွန်ုပ်သာ၍ ပညာရှိသောကြောင့် အ ကျွန်ုပ်အား ဘုရားသခင်ဖွင့်ပြတော်မူသည် မဟုတ်ပါ။ ကိုယ်တော်သည် စိတ်နှလုံး တော်၏ အထင်ကိုနားလည်မည်အကြောင်း ထိုအနက်ကို အကျွန်ုပ်ပြန်ကြား လျှောက် ထားစိမ့်သောငှါသာ ဘုရားသခင်ဖွင့်ပြတော်မူ၏။}

               ]အရှင်မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော်မူသောဘုရားသခင် ဖော်ပြ သည့် မြင်ကွင်းကျယ်ရုပ်ရှင် (ရူပါရုံ) ဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု၍ ရုပ်တုကြီးကို မြင်တော်မူ၏။ ထူးမြတ်သော အရောင်အဝါနှင့် ပြည့်စုံ၍ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက်ဖွယ်သော ပုံသဏ္ဌာန်ကိုဆောင်လျက် ကိုယ်တော်ရှေ့၌တည်ရှိ၏။ သူ၏ ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ဘတ်နှင့်လက်နှစ်ဖက်သည် ငွေဖြစ်၏။ ဝမ်းနှင့်ပေါင် နှစ်ဖက်သည် ကြေးဝါဖြစ်၏။ ခြေသလုံးနှစ်ဖက်သည် သံဖြစ်၏။ ခြေဖဝါးနှင့် ဖမိုးသည် သံတစ်ပိုင်းသရွတ်တစ်ပိုင်းဖြစ်၏။

 

 

               ]ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ် လက်နှင့် မထုမလုပ်ဘဲ အလိုလိုဖြစ် သော ကျောက်တစ်လုံးသည် သံနှင့်သရွတ်ဖြစ်သော ရုပ်တု၏ခြေကို ထိခိုက်၍ ချိုး ဖဲ့သည်ရှိသော် သံ၊ သရွက်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ကြေမွလျက် နွေကာလ၌ ကောက်နယ်တလင်အမုန့်ကဲ့သို့ ဖြစ်သဖြင့် လေတိုက်လွင့်၍ သူတို့နေရာမရှိ ပျောက် လေ၏။ ရုပ်တူကိုထိခိုက်သောကျောက်မူကား တိုးပွားသဖြင့် တောင်ကြီးဖြစ်၍ မြေကြီး တစ်ပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။}

               ]ဤကား အရှင်မင်းကြီးမြင်မက်သော အိပ်မက်ပေတည်း} ဟု ဒံယေလက ယုံကြည်စိတ်ချစွာ မြွက်ဆိုကြေညာလိုက်လေသည်။ ရှင်ဘုရင်သည်လည်း သူ့အား စိတ်ဒုက္ခပေးသော အိပ်မက်သည် ထိုသို့သောအိပ်မက်ဟူသည်ကို အတတ်သိသည်နှင့် ပို၍အာရုံပြုကာ နားစွင့်လေသည်။ ဤသို့လျှင် အိပ်မက်၏အနက်ကို ဆက်လက်နား ထောင်ရန်အသင့်ရှိနေလေ၏။ ရှင်ဘုရင်သည် ဖြစ်နိုင်လျှင် ကောင်းကင်ဘုံကပေးသော တာဝန်ဝတ္တရား အသိစိတ်ကို မွေးမြူရန်ဖြစ်သည် မဟုတ်လော။ ထိုရှင်ဘုရင်သည် ကမ္ဘာ့သမိုင်းမှာ ဖြစ်ပျက်မည့် ရှေ့ရေးကာလ ဖြစ်ရပ်မှန်တို့ကို ကမ္ဘာ့ဆုံးခန်း အချိန် ကာလထိတိုင် ဘုရားသခင်ဖော်ပြ၍ သိနားလည်ရလေပြီ မဟုတ်ပါလား။

               ]အရှင်မင်းကြီး၊ ကိုယ်တောသည် ဘုရင်တို့၏ဘုရင်ဖြစ်တော်မူ၏။ ကောင်း ကင်ဘုံဘုရားသခင်သည် နိုင်ငံတော်နှင့်တကွ တန်ခိုးအာနုဘော်အစွမ်းသတ္တိ ဘုန်းအ သရေကို ကိုယ်တော်အားပေးတော်မူပြီ။ ကိုယ်တော်သည် ရုပ်တု၏ ရွှေဦးခေါင်းဖြစ် တော်မူ၏။}

               ]ကိုယ်တော်၏နောက်၌ ကိုယ်တော်၏ နိုင်ငံလောက်မမြတ်သော နိုင်ငံတစ်ခု သည် တည်ထောင်လိမ့်မည်။ ထိုနောက် မြေကြီးတစ်ပြင်လုံးကိုအုပ်စိုးသော ကြေးဝါနိုင် ငံတည်းဟူသော တတိယနိုင်ငံတည်ထောင်လိမ့်မည်။}

               ]စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံဖြစ်လိမ့်မည်။ သံသည် အခြား သော အရှာရှိသမျှတို့ကို ချိုးဖဲ့နိုင်သကဲ့သို့ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်းကို ပြု လိမ့်မည်။}( တ ၁၇း၂၄၊ ၂၇)။

 

 

               ]ရုပ်တု၏ ခြေနှင့်ခြေချောင်းတို့သည် သရွတ်တစ်ပိုင်း၊ သံတစ်ပိုင်းရှိသည် ကို မြင်တော်မူသည်အတိုင်း အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်။ သို့သော်လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်ဖြစ်၍ သံသည်ခိုင်မာခြင်း သတ္တိရှိလိမ့်မည်။ (ယေဇကျေလ ၂၀:၃၇)။ ခြေချောင်းတို့သည် သံတစ်ပိုင်း၊ သရွတ် တစ်ပိုင်းဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံသည် ခိုင်မာခြင်းနှင့်လည်းကောင်း၊ ကျိုးပဲ့ခြင်းနှင့် လည်းကောင်း ဆက်ဆံလိမ့်မည်။ ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော် မူသည်နှင့် လျော်ညီစွာ နိုင်ငံသားတို့သည် အခြားသောလူမျိုးသားတို့နှင့် ပေါင်းဖော် ကြလိမ့်မည်။ သို့သော်လည်း သရွတ်နှင့် သံမရောနှောနိုင်သကဲ့သို့ သူတို့သည် အချင်း ချင်းပေါင်းဖော်၍ မသင့်နိုင် ကြ။}

               ]ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများ လက်ထက်၌  ကောင်းကင်ဘုံဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြား သောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက် ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။ အိပ်မက်တော်ရွေးလျော့ခြင်းမရှိ။ အနက်သည်လည်း မှန်ပါ၏} ဟု ဒံယေလသည် အထံတော်၌ လျှောက်တင်ထားလေသည်။ (ဟေရှာယ ၄၃:၂၁)။

 

ရှင်ဘုရင်ကြီးစိတ်နှလုံးနှိမ့်ချလားခြင်း

               ရှင်ဘုရင်ကြီးစိတ်ပြောင်းလဲသွားပြီး။ စိတ်နှလုံးနှိမ့်ချစွာဖြင့် နေဗုခဒ်နေဇာမင်း ကြီးသည်ပျပ်ဝပ်၍ ဒံယေလကိုးကွယ်သော ထာ၀ရဘုရားသခင်ကို ရှိခိုးကိုးကွယ်ပြီးလျှင် ]ကိုယ်တော်သည် ဤနက်နဲသော အရာကိုဖွင့်ပြနိုင်သည်ဖြစ်၍ အကယ်စင်စစ် ကိုယ် တော်၏ဘုရားသခင်သည် ဘုရားသခင်တို့၏ဘုရားသခင်၊ ဘုရင်တို့၏ဘုရင်၊ နက်နဲ သောအရာကို ဖွင့်ပြတော်မူသောသခင်ဖြစ်တော်မူ၏} ဟု မိန့်တော်မူ၏။

               ဘုရင်မင်းမြတ်ကြီးသည် ပညာရှိအပေါင်းတို့သတ်စေဟူသော အမိန့်တော်ကို ပြန်လည်ရုတ်သိမ်းလိုက်လေသည်။ ထိုပညာရှိတို့၏ အသက်ချမ်းသာ ရခြင်းသည်ကား လျှို့ဝှက်ချက်များကို ဖွင့်ချဖော်ပြသောသခင်နှင့် ဆက်သွယ်အသက်ရှင်သည့် ဒံယေလ ကြောင့်ဖြစ်သည် မဟုတ်လော။(ထွက် ၄း၆၊ ၃၂း၄၇)။ ထိုအခါ ရှင်ဘုရင်သည် ဒံယေ လ ကိုချီးမြှောက်လျက် များစွာသောဆုလာဘ်တို့ကိုပေး၍ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီး အရာ၌လည်းကောင်း၊ ဗာဗုလုန်ပညာရှိတို့ကို အုပ်စိုးသောဝန်အရာ၌လည်း ကောင်း ခန့်ထားတော်မူ၏။ ]ဒံယေလသည်လည်း သံတော်ဦးတင်သောကြောင့် မင်းကြီးသည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ခန့်ထားတော် မူ၏။ ဒံယေလမူကား နန်း တော်ဦး၌ နေရလေသည်။}

               ကမ္ဘာ့သမိုင်းတွင် တိုင်းနိုင်ငံတို့၏ ကြီးပွားမှု၊ အင်ပါယာကြီးတို့၏ ကျယ်ပြန့် တိုးမြှင့်ခြင်နှင့် ကျဆုံးခြင်းတို့သည် လူသားတို့၏အားအင်တန်ခိုး အပေါ်အခြေ တည် ပုံသဘောပေါ်လွင် ထင်ရှားနေပါသော်လည်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားအရ အကာအကွယ်ပြုပြည်ဖုံးကား လိပ်ကြီးသည် ဘေးဖယ်ခံရကာ အရာခပ်သိမ်းတို့ကို သနားခြင်းကရုဏာစိတ်ရှိတော်မူသောဘုရားသခင်သည်  တိတ်ဆိတ်ငြိမ်သက် သည်း ခံစိတ်ရှည်စွာဖြင့် မိမိ၏အလိုတော်အတိုင်း အကောင်အထည်ဖော်ဆောင် လုပ်ကိုင် သွားကြောင်း ကျွန်ုပ်တို့တွေ့မြင်ရပေသည်။

               နှစ်ပေါင်းရာချီ၍ တိုင်းနိုင်ငံများစတင်လှုပ်ရှားကာ ကြီးပွားချမ်းသာခြင်း မရှိမီ ကပင် အနှိုင်းမဲ့တန်ခိုးရှိဘုရားသခင်သည် နိုင်ငံတကာတို့၏ တိုးပွားခြင်းနှင့် ကျဆုံးခြင်း တို့ကို မြင်တွေ့ထားနှင့်လေပြီဖြစ်၏။ ဘုရားသခင်သည် နေဗုခဒ်နေဇာမင်းမြတ်ကြီးအား ဗာဗုလုန်ပြီးလျှင် ဒုတိယနိုင်ငံတော်သည် ကြီးပွားလာမည်အကြောင်း ကြေညာထားခဲ့ ပြီလေပြီ။ စစ်မှန်သေ ဖန်ဆင်းသူဘုရားသခင်ကို ချီးမြှင်ရန်ပျက်ကွက်ခြင်းသည် မိမ် ဘုန်းတန်ခိုးကို မှေးမှိန်စေခြင်းသာဖြစ်သည်မဟုတ်ပါလား။ ဤသို့လျှင် တတိယနိုင်ငံ သည်လည်း ကွယ်ပျောက်ရ၏။ ၎င်းနောက် သံကဲ့သို့ခိုင်မာလှပေသည်ဆိုသော  စတုတ္ထ နိုင်ငံတော်ကြီးသည် ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ ထိပ်သီးနေရာမှာ အခန့်သားတည်ရှိလာ ပေမည်ဟု ပုရောဖက်ကြိုဟောထားချက်ရှိသည် အတိုင်းပြည့်စုံလာ ရပါသည်။

 

 

အဘယ်ကြောင့် လူမျိုးဘာသာအသီးသီးနှင့်

အင်ပါယာနိုင်ငံကြီးများ ကျဆုံးရခြင်း

အကယ်၍သာ ဗာဗုလုန်မင်းကြီးများတို့သည် ထာ၀ရဘုရားသခင်ကို အစဉ်အမြဲ ကြောက်ရွံ့ခိုလှုံ၍ အားကိုးခဲ့ကြပါမူ ထိုသူတို့သည် အမြဲထာ၀စဉ် အားအင်ပြည့်ဖြိုး စေဖိုရန် အထက်မှဉာဏ်ပညာနှင့် တန်းခိုးတို့ကိုရရှိပေလိမ့်မည်။ သို့သော် ထိုသူတို့ သည် အခက်အခဲနှင့်ကြုံတေ့Gရမှ ဘုရားသခင်ကို ခိုလှုံရာကျောက်ဖြစ်စေခဲ့သည် မ ဟုတ်ပါလား။ ထိုအချိန်အခါမျိုးမှာ သူတို့လက်ရွေးစဉ်မွေးမြူထားသော မာကုပညာ ရှိတို့ကို အားမကိုးတော့ပါ။ ဒံယေလတို့လို ဘုရားသခင်ကို အားကိုးကြသူတွေ၊ ဘုရား သခင်၏ ချီးမြှောက်ခြင်းကိုလည်း ခံကြရသူတွေကိုသာ အားကိုးအကူအညီ တောင်း ခံလေ့ရှိကြပါသည်။ ဗာဗုလုန် မင်းကြီးတို့သည် ဉာဏ်စွမ်းရည် အမြင့်ဆုံးမှာ ရှိနေသည်မို့ ထာ၀ရဘုရားသခင်နှင့် ဝေးဝေးနေလာကြသဖြင့် သူတို့တွေအတွက် သတိပေးဖော် ပြသော ပုရောဖက်ပြုချက်များကို နားမလည်နိုင်ဘဲရှိခဲ့ရပါသည်။

               နောက်ဆုံးမှာတော့ ဤစိတ်သဘောထားကြောင့်ပင် ဘုရားသခင်ကို ဂရုမစိုက် တော့ဘဲ မိမိတို့၏ကြီးပွားချမ်းသာခြင်းသည် မိမိတို့၏လုပ်ဆောင်မှု အောင်မြင်ခြင်း သာဖြစ်ကြောင်း၊ လူသာလျှင်ပဓါနကျသဖြင့် ဂုဏ်ပြုချီးမွမ်းထိုက်သည်မှာ ထူးချွန် လူသားကြီးတို့ပင်ဖြစ်ပါကြောင်း မော်ကွန်းတင်ခဲ့ကြလေသည်။ သို့ဖြစ်၍ ကောင်း ကင်ဘုံမှာ အမျက်တော်မီးသည် ထာ၀ရဘုရားသခင်၏ ပညတ်တော်တို့ကို ခြေဖြင့် နင်းချေသော သူတို့အပေါ်သို့ ကျရောက်ရတော့၏။ မေဒိပေရသိလူတို့ကို ထာ၀ရ ဘုရားသခင် ပေါ်ထွန်းစေပါပြီ။ ဗာဗုလုန်နိုင်ငံသားအများစုသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေစိတ် မရှိကြတော့သည်နောက် အကျင့်ဖောက်ပြန် ပျက်စီးခြင်းနှင့် ဆိုးသွမ်းညစ်ညမ်းခြင်းတို့သည် အောင်ပွဲတလူလူလွင့်လျက် ရှိနေသည်။ နောက်ပိုင်း ဆက်ခံသည့် တိုင်းနိုင်ငံတို့သည်လည်း ပိုမို၍ အကျင့်ပျက်ပြားဆုတ်ယုတ်လာပုံမှာ ဒန့်ကျွဲပင်နှင့် ပုခက်လွှဲရသည့်နှယ် သိမ်ငယ်နုံချာလာသည်တိုင် ဖြစ်ပါသည်။

 

 

               အမှန်အားဖြင့် ဤကမ္ဘာမြေကြီးပေါ်ရှိ အစိုးရမင်းအုပ်ချုပ်သူတိုင်းမှာ ဩဇာ တန်ခိုးရှိသည်ဆိုရာ၌ ကောင်းကင်နိုင်ငံတော်မှ မျှဝေပေးသော ဘဏ္ဍာဖြစ်ကြောင်း လူသားတို့သတိချပ်သင့်ကြပေသည်။ ထိုကဲ့သို့သော သူတို့မှတ်သားမိဖို့ရန် စကားတစ် ရပ်မှာ ]သင်သည် ငါ့ကိုမသိသော်လည်း သင့်၏ခါးကို ငါစည်း၏} (ယေရှာယ ၄၅း၅) ဟူ၍ ဖြစ်ပါသည်။ (သု ၁၄း၃၄၊ ၁၆၊ ၁၂)။(သု ၂၀း၂၈)။(ဒံ ၂း၂၁)။

               သို့ဖြစ်၍ ထာ၀ရဘုရားသခင်၏ နှုတ်တော်ထွက်စကား၌သာလျှင် တိုင်နိုင်ငံ အသီးသီးနှင့် လူအသီးသီးတို့မှာ အင်အားနှင့် ပြည့်၀နေမည်ဖြစ်သလို အောင်မြင်နိုင် ခြင်းအခွင့်ကို ရရှိကြမည်ဖြစ်ပသည်။ သို့ဖြစ်၍လူသားတို့သည် မိမိတို့ လုပ်ဆောင်မှုအ ပေါ်ကြွားလုံးထုတ်ရန်မဟုတ်။ ထာ၀ရဘုရားသခင်၏ အကြံအစည်တော်ကို ဖြည့်စွက် ပြည့်စုံစေသော ယုံကြည်စိတ်ချမှု ထားရှိကာ သစ္စာစောင့်သိဖို့ဖြစ်ပါသည်။

 

 

 

No comments:

Post a Comment