အခန်း (၂၂)
ရှောင်ပြေးသော
ပုရောဖက်ယောန
ရှေးရှေးတုန်းက ထင်ရှားကျော်ကြားခဲ့သော
ကမ္ဘာ့မြို့တော်တွေထဲမှာ အစီး ရီးယားမြို့တော် နိနေဝေမြို့လည်းပါ၏။
တိုင်ဂရက်မြစ်ပေါ်မှာ တည်ဆောက်ထား သောကြောင့် မြေဩဇာကောင်း၍ ]သုံးရက်
ခရီးကျယ်ဝန်းသောမြို့ဖြစ်သတည်း။}
နိနေဝေမြို့သည် ဆိုးသွမ်းယုတ်မာသူ၊ ပြစ်မှုကျူးလွန်သော
မကောင်းမှု ပြုသူတို့၏ ဗဟိုချက်ဆုံမှတ်ပြုရာ နေရာတစ်ခုဖြစ်သည်။ ]လူအသက်ကို သတ်တတ်
သော မြို့၌ မကောင်းမှုဖြစ်စေသော လှည့်စားခြင်း၊ အနိုင်အထက်ပြုခြင်းနှင့် ပြည့်၀၏။} ပုရောဖက်နာဟုံက နိနေဝေမြို့ကို ရက်စက်ကြမ်းကြုတ်သော
ခြင်္သေ့ တစ်ကောင်နှင့် ပုံခိုင်းထားပါသည်။ ]သင်ပြုသော အဓမ္မအမှုကိုမခံဘဲ
လွတ်သောသူကား အဘယ် သူနည်း} ဟု
နာဟုံမေးရလောက်အောင် နိနေဝေမြို့သည် မကောင်းမှုအမှုမှာ အမျိုး ပေါင်းစုံလင်စွာဖြင့် တည်ဆောက်ထားလေပြီလော။(ယော
၃း၃)။
သို့တိုင်အောင်လည်း နိနေဝေမြို့၏ မကောင်းမှု အပြစ်များကား
လုံး၀ဆုံးခန်း တိုင်မရောက်ရှိ၍ မမှည့်သေးပါ။ ထိုမြို့မှာ များစွာသော
မြို့သားတို့သည် ပိုမို ၍ကောင်းမွန်သော အရာကို ရှာဖွေကာ အရောက်လှမ်းလိုသော
သဘောတော့ ရှိပါ သေးသည်။ အကယ်၍သာ အသက်ရှင်သော ထာ၀ရဘုရားသခင်ကို သိခွင့်ရကြပါမူ
သူတို့၏ မကောင်းမှုလုပ်ရပ်များစွာကို ဘေးဖယ်ထားတိုင်မည့် သူများရှိနိုင်ပါသည်။
သို့ဖြစ်၍ ဘုရားသခင်သည် မမှားနိုင်သောအပြုအမူ ဖြစ်ရပ်မှန်တရားဖြင့် သူတို့တတွေ
နောင်တရရှိရန် အလို့ငှါ ဦးတည်လျက် မေတ္တာပြသွားခဲ့ပါ၏။(နာ ၃း၁၊၁၉)။
ပုရောဖက်ယောနထံသို့ ထာ၀ရဘုရားသခင်၏ အမိန့်တော်ရောက်ရှိ၍ လာ
ပါပြီ။ ]သင်သည် နိနေဝေမြို့ကြီးသို့ သွားပြီးလျှင် ခြိမ်းခြောက်သောစကားနှင့် ကြွေး
ကြော်လော့။(ဆာ ၃၃း၁၃)။ ထိုမြို့ပြုသော မကောင်းမှုအပြစ်သည် ငါ့ရှေ့သို့တက်လာ ပြီ။} (ပုရော ဖက်သည် ထိုဖိတ်ခေါ်မှု၏ ဆန်းကြယ်နက်နဲမှုကို
မေးခွန်းထုတ်လိုစိတ် ရှိလာ၏။ ထိုကဲ့သို့လို မာနတရားထောင်လွှားနေသည့်
မြို့တော်ကြီးကို အဘယ်သို့သော သတင်း စကားမျိုးဖြင့် ကြွေးကြော်၍
ပြောင်းလဲစေနိုင်ပါမည်နည်း။ နည်းလမ်းမရှိနိုင်ဟု ယောန တွေးထင်မိ၏။ ယောနအစေခံနေသည့်
ဘုရားသခင်သည် တန်ခိုးကြီးသော ဘုရားသခင် ဖြစ်ကြောင်းကို သူမေ့ပျောက်ခဲ့လေပြီလား။
ဤသို့တုံ့နှေးဖင့်နွှဲနေစဉ် ကာလအတွင်း စာတန်နတ်ဆိုးမင်းသည် သူ့ကို
စိတ်ဓါတ်ပျက်ပြားအောင်လုပ်၏။
စာတန်ကိုအချိန် ပေး လိုက်သည်ကိုး။ ဤသို့လျှင် ]ယောနသည် ထာ၀ရဘုရား
သခင်ထံတော်မှ တာရှုမြို့သိ kYပြေးမည့်အကြံရှိသည်နှင့်
ထလျက် တာရှုမြို့သို့သွားမည့် သင်္ဘောကို တွေ့ကြုံ၍ သင်္ဘောခကိုပေးပြီးလျှင်
ထာ၀ရဘုရားသခင်ထံတော်မှ သင်္ဘောသားတို့နှင့် အတူ တာရှုမြို့သို့ လိုက်ခြင်းငှါ
သင်္ဘောကိုစီးလေ၏။}(ယောန ၁း၁၊၂)။
ကြီးမားသော တာဝန်ဝတ္တရားကို ထမ်းရွက်ရမည့်သူအဖြစ်
ဘုရားသခင်သည် ယောနကို ခန့်ထားပါ၏။ အကယ်၍သာ သူသည် မေးခွန်းမထုတ်ဘဲ နာခံမှု အပြည်
ရှိပါက သူသည် ကောင်းချီးမင်္ဂလာကို အလျှံပယ်ခံစားရမည်ဖြစ်၏။ ယောနသည်
စိတ်ပျက်ကာနေသာ်လည်း ဘုရားသခင်သည် သူ့အားပစ်မထားခဲ့ပေ။ အခက်အခဲ များနှင့်
ထူဆန်းသော စီမံကွပ်ကဲမှုများအားဖြင့် ဘုရားသခင်၏ ပုရောဖက်၏ ယုံကြည် စိတ်ချမှုသည်
ပြန်လည်ဆန်းသစ်လာပေသည်။
သူ၏ မိုက်မဲသော ရှောင်ပြေးမှုသည် မကြာပါ။ ဒုက္ခနှင့်ကြုံတေ့Gရပေသည်။ ]ထာ၀ရဘုရားသခင်သည်လည်း ပြင်းစွာသောလေကို
ပင်လယ်အပေါ်သို့ စေလွှတ် တော်မူသဖြင့် သင်္ဘောသည် ပျက်လုသော လက္ခဏာရှိ၏။ ထိုအခါ
သင်္ဘောသားတို့ သည် ကြောက်ရွံ့၍ အသီးသီးမိမိတို့၏ ဘုရားသခင်ကို အော်ဟစ်ကြ၏။
သင်္ဘော ပေါ့စေခြင်းငှါ ဝန်များကိုလည်း ပင်လယ်ထဲသို့ ပစ်ချကြ၏။ ယောနမူကား
သင်္ဘောဝမ်း ထဲသို့ ဆင်း၍ အိပ်ပျော်လျက်နေ၏။}(ငယ် ၃)။
ထိုအခြင်းအရာကို မြင်တွေ့သောသင်္ဘောသူကြီးသည် အတိုင်းမသိ
စိတ် ပျက်စွာဖြင့်လာ၍ ယောနအား ]အိုအိပ်ပျော်သောသူ၊ အဘယ်သို့နည်းထလော့။ သင်၏
ဘုရားသခင်ကို ဆုတောင်းလော့။ ငါတို့အသက်လွတ်စေခြင်းငှါ ထိုဘုရားသခင်သည် ငါတို့ကို
အောက်မေ့ကောင်းအောက်မေ့လိမ့်မည်ဟု ဆို၏။}
ယောနသည် သင်္ဘောပေါ်မှ ပစ်ချခံရခြင်း
သို့သော်လည်း ဘုရားသခင်ပေးတာဝန်မှ ရှောင်ပြေးနေသော
ထိုလူသား၏ ဆုတောင်းချက်များကို ဘုရားသခင်သည် အဖြေပေးနိုင်ပါမည်လော။ နောက်ဆုံးမှာ
တော့ သင်္ဘောသားတို့သည် ဤသို့ဆို၏။ ]လာကြ၊ အဘယ်သူ၏ အပြစ်ကြောင့် ဤအမှုရောက်သည်ကို
ငါတို့သိရမည်အကြောင်း စာရေးတံချကြ ကုန်အံ့ဟုတိုင်ပင်၍ စာရေးတံချလျှင် ယောန၌
စာရေးတံကျ၏။ တစ်ဖန်သူတို့က အဘယ်အပြစ်ကြောင့် ဤအမှုရောက်သည်ကို ပြောပါလော့။
သင်ဆောင်ရွက်သောအမှုကား အဘယ်အမှု နည်း။ သင်သည်အဘယ်အရပ်ကလာသနည်း။ အဘယ်ပြည်၊
အဘယ်အမျိုးသား ဖြစ်သနည်း} ဟုမေးမြန်ကြသော်-]ငါသည်
ဟေဗြဲအမျိုးသားဖြစ်၏။ ရေမြေကို ဖန်ဆင်း တော်မူသော ကောင်းကင်ဘုံ၏ ထာ၀ရဘုရားသခင်ကို
ကိုးကွယ်သောသူဖြစ်၏ ဟု ဆိုလျှင်-} ]ထိုသူတို့သည်
အလွန်ကြောက်ရွံ့၍ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မေးကြ၏။ ယောနသည်
ထာ၀ရဘုရားသခင်ထံတော်မှ မိမိ ပြေးကြောင်းကို ဖော်ပြသော ကြောင့် သူတို့သိကြ၏။}
]ထိုအခါ ပင်လယ်၌လှိုင်းတံပိုးသည် တိုး၍ထသောကြောင့် သူတို့က
ငါတို့၏ လှိုင်းတံပိုးငြိမ်စေခြင်းငှါ သင့်ကို အဘယ်သို့ပြုရပါမည်နည်း ဟုမေးကြသော်} ငါ့ကို ချီ၍ ပင်လယ်ထဲသို့ ချပစ်ကြလော့။ သို့ပြုလျှင်
လှိုင်းတံပိုးသည် သင်တို့၌ ငြိမ်းလိမ့်မည်။ ဤပြင်းစွာသော မိုးသက်မုန်တိုင်းသည်
ငါ့ကြောင့်သာ သင်တို့အပေါ်သို့ ရောက်သည်ကိုငါသိ၏} (ယောန ၁း၁၁၊ ၁၂)
ဟု ယောန ဆိုလေသည်။
]ထို့ကြောင့်သူတို့သည် ယောနကို ချီ၍ ပင်လယ်ထဲသို့ချပစ်ကြ၏။
ထိုအခါ ပင်လယ်လှိုင်းတံပိုးသည် ငြိမ်းလေ၏။}
]ယောနကို မျိုစေခြင်းငှါ ငါးကြီးကို
ထာ၀ရဘုရားသခင်ခန့်ထားတော်မူသည် နှင့်အညီ ယောနသည် ငါး၏ ဝမ်းထဲမှာ
သုံးရက်ပတ်လုံးနေရ၏။} ]ငါး၏ဝမ်းထဲမှာ
နေစဉ်တွင် ယောနသည် မိမိထာ၀ရဘုရားသခင်ကို
ဆုတောင်းသောစကားဟူမူကား-ငါသည်ဒုက္ခဆင်းရဲကိုခံရသောကြောင့် ထာ၀ရဘုရားသခင်ကို
ဟစ်ခေါ်၍ ငါ့စကားကို ကြားတော်မူ၏။-ကိုယ်တော်သည် အကျွန်ုပ်ကိုနက်နဲသော အရပ်၊
သမုဒ္ဒရာအလယ် ချက်ထဲသိူ့ချပစ်တော်မူသဖြင့် ပင်လယ်ရသည်ဝိုင်း၍
လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမိုးကြပါ၏။ထိုသို့မျက်မှောက်တော်မှာ
နှင်ထုတ်ခြင်းကိုခံသော်လည်း သန့်ရှင်း သော ဗိမာန်တော် ကိုမျက်မှောက်ပြုမြဲပြုပါမည်ဟု
အောက်မေ့လျက်နေ၏။ အကျွန်ုပ် သည် စိတ်ပျက်သောအခါ ထာ၀ရဘုရားသခင်ကိုအောက်မေ့၍
အကျွန်ုပ်၏ ဆု တောင်းသံသည်
သန့်ရှင်းသောဗိမာန်တော်၌ ကိုယ်တော်ထံသို့ ဝင်ပါ၏- - - အကျွန်ုပ် မူကား
သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကိုပြုပါမည်။ ထာ၀ရဘုရားသခင်၏ ကျေးဇူတောကြောင့်
ချမ်းသာရပါသည်။
နောက်ဆုံးမှာတော့ ယောနသည် ]ထာ၀ရဘုရားသခင်၏
ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏} ဟူသော အချက်ကို
ကိုယ်တွေ့သိမှတ် ခဲ့ပါပြီ။ (ဆာလံ ၃း၈)။အပြစ်မှ နောင်တရ၍ ထာ၀ရဘုရားသခင်၏
ကယ်တင်ခြင်းကျေးဇူးတော်ကို အသိအမှတ် ပြုသော တစ်နေ့မှာ
ဆင်းရဲခြင်းမှကယ်နုတ်ခြင်းသည် အထက်မှလာ၏။ ယောနသည် သမုဒ္ဒရာရေနက်၏
ဆင်းရဲခြင်းများစွာမှ ကုန်းပေါ်သို့ အန်ထုတ်ခြင်းကို ခံစားရလေပြီ။
ဒုတိယအကြိမ်ဘုရားသခင်၏ အစေခံကြီးသည် နိနေဝေမြို့ကို သတိပေး
ဟောပြောဖို့ အလုပ်ရလာပြန်ပြီ။ သင်ထ၍ နိနေဝေမြို့ကြီးသို့သွားလော့။ ငါမှာထား
သည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ၏။}
ဤတစ်ကြိမ်မှာတော့
ယောနသည် သံသယမရှိ၊ မေးခွန်းမထုတ်တော့ပါ။ ]ထာ၀ရဘုရားသခင်၏ အမိန့်တော်အတိုင်း
ယောနသည်ထ၍ နိနေဝေမြို့သို့သွားလေ၏။}
ယောနသည် မြို့ထဲသို့ဝင်၍ ချက်ချင်းပင် တစ်နေ့ခရီးသွားလျက်
အရက် လေးဆယ်လွန်သော် နိနေဝေမြို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော်
လေ၏။ ဤသတင်းသည် တစ်လမ်းဝင်တစ်လမ်းထွက်ရောက်ရှိသည်ဖြစ်၍ ဘုရား မဲ့နေသော
မြို့တော်သူမြို့တော်သားတစ်ရပ်လုံးသည် ကြားသိရ၍ ဆင်ခြင်ကြ၏။ ထာ၀ရဘုရားသခင်၏
ဝိညာဉ်တော်သည်လည်း အိမ်ထောင်မိသားစုတိုင်း၏ နှလုံးသား ကို တို့ထိသောကြောင့်
မြို့သားတို့သည် နောင်တရကာ စိတ်နှလုံးနှိမ့်ချလာကြပါသည်။
လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင်ရာအချိန်ကိုကြေလာ၍ လျှော်တေအဝတ် ကို ဝတ်ကြ၏။
]နိနေဝေမင်းကြီးသည် ထိုသတင်းကိုကြားသောအခါ နန်းတော်မှ ဆင်း၍
မင်းမြောက်တန်ဆာကိုချွတ်ပြီးမှ လျှော်တေအဝတ်ကို ဝတ်၍ ပြာ၌ထိုင်တော်မူ၏။
၎င်းနောက်လူအသီးသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း၊ မိမိတို့ပြုသော
အဓမ္မအမှုကိုရှောင်ကြစေ။ ငါတို့သည် ပျက်စီးခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဘုရား
သခင်သည်ပြောင်းလဲ၍ နောင်တရသဖြင့် ပြင်းစွာသော အမျက်တော်ငြိမ်းစေတော် မူမည်၊
မမူမည်ကို အဘယ်သူပြောနိုင်သနည်းဟု မင်းကြီးအာဏာ၊ မÈ;မတ်အာဏာနှင့်
နိနေဝေတစ်မြို့လုံးတွင် သတင်းကြားပြော၍ ကြော်ငြာစေတော်မူ၏။}(ငယ် ၅၊၉)။
ရှင်ဘုရင်နှင့် မÈ;မတ်သူကောင်းမျိုး၊
အထက်တန်းလွှာနှင့် အောက်တန်းလွှာ လူ့ငမွဲများတိုင်အောင် ] မြို့သားတို့သည်
ယောနဟောပြောသောစကားကြောင့် နောင် တရကြ၏။} (မဿဲ ၁၂း၄၁)။
သို့ဖြစ်၍ဘုရားသခင်သည် ထိုသူတို့ကို ကရုဏာ သက်လေတော့သည်။ ] မြို့သားတို့သည်
မိမိတို့လိုက်သော အဓမ္မလမ်းကို လွှဲရှောင်၍ ကျင့်သောအကျင့်များကို
ဘုရားသခင်သည်မြင်လျှင် အရင်ခြိမ်းသော ဘေးဒဏ်ကို မပေးလဲနေတော်မူ၏။}(ယောန ၃း၁၀)။
သူတို့၏ပျက်စီးခြင်းကား လွဲသွားရလေပြီ။ ဣသရေလဘုရားသခင်သည်
တိုင်း တစ်ပါးလောကသားတို့၌ ဂုဏ်ပြုချီးမြှင်ခြင်းကိုခံရသည်။ ဘုရားသခင်၏ပညတ် တရား
သည်လည်း ရိုသေလေးစားခြင်းကိုခံရ၏။ ပျော်ရွင်စရာ နှစ်ကာလများပေတည်း။
နိနေဝေမြို့ကြီးသည် ထာ၀ရဘုရားသခင်ကို လုံးလုံးလျားလျားမေ့ပျောက်၍ မိမိ၏
စွမ်းအင်တို့၌သာကြွားဝါကာ မာနတက်နေသော အချိန်နောက်ပိုင်း၌သာလျှင် အိမ်နီး
ချင်းအင်အားကြီးနိုင်ငံ၏ အနိုင်ကျင့်စော်ကားခြင်းကိုခံရလေသည်။ နိနေဝေကြီးသည်
ကြောက်ရွံ့ခြင်းကင်းသော ခြင်္သေ့ကြီးဘ၀မှာ သားကောင်ဘ၀သို့ပြောင်းလဲခဲ့ရသည်မှာ
ဘုရားသခင်ကျေးဇူးရှင်ကို မေ့သောကြောင့်သာဖြစ်သည် မဟုတ်လော။
ထာ၀ရဘုရားသခင်သည် မြို့တော်နိနေဝေကို မီးလောင်မဖျက်ဆီးတော့
ဟူ သော ဘုရားသခင်အကြံတော်ကို သိရလျှင်သိရချင်း သူသည် ပထမဦးဆုံးပျော်ရွှင်
ဝမ်းမြောက်သူဖြစ်သင့်ပါ၏။ သို့သော်လည်းသူသည် မှောက်မှားသောပုရောဖက် တစ်ပါး ကဲ့သို့
မိမိစိတ်အာရုံကို ခွင့်ပြုလို့နေပါသည်တကား။ ဘုရားသခင်က နောင်တရသော
နိနေဝေမြို့ကြီးကို သနားပါသည်ဟုဆိုသော် ယောနသည် စိတ်မပျော်တော့။ ဘုရား သခင်ကို
အမျက်ထွက် စိတ်ဆိုးခဲ့ပါသည်။ ]အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တောင်း ပန်ပါသည်။
အကျွန်ုပ်သည် ကိုယ်ပြည်၌ရှိစဉ် ဤသို့ပြောပါပြီ မဟုတ်လော။ ကိုယ် တော်သည်
သနားစုံမက်တတ်သော ဘုရားသခင်ဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေး ဇူပြုချင်သောသဘော၊
အပြစ်ဒဏ်ပေးမည့် အမှုကို နောင်တရတတ်သောသဘောရှိ တော်မှုကြောင်းကို အကျွန်ုပ်သိပါ၏။}(ယောန ၄း၁၊၂)။
နောင်တစ်ကြိမ်ယောနသည် ကြီးစွာစိတ်ပျက်ပြန်သည်။ သူသည် တစ်ပါး
သူတို့ကို စိတ်မဝင်စားပါ။ မကျေနပ်ခြင်းများစွာနှင့် ဤသို့ကြွေးကြော်လိုက် လေသည်။
]သို့ဖြစ်၍အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ အသက်ကိုနုတ်ယူတော်မူပါ။ အကျွန်ုပ်
အသက်ရှင်ခြင်းထက် သေခြင်းသည် သာ၍ကောင်းပါသည်ဟု တောင်းလျှောက် လေ၏။}
]ထာ၀ရဘုရားသခင်ကလည်း၊ သင်သည် အမျက်ထွက်ကောင်းသလောဟု
မေးတော်မူ၏။ ထိုနောက် ယောနသည် မြို့၌ အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှါ
မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာ၌ တဲမိုးကိုလုပ်ပြီးလှင် အမိုးအရိပ်တွင်
ထိုင်၍နေ၏။ ထာ၀ရဘုရားသခင်သည်လည်း ကြက်ဆူပင်ကို ပြင်ဆင်ပြီးလျှင် ယောန၏စိတ်ကို
ပြေစေခြင်းငှါ သူ့ခေါင်းပေါ်မှာ လွှမ်း၍ မိုးစေတော်မူ၏။ ထိုပင်ကြောင့် ယောနသည်
အလွန် အားရဝမ်းမြောက်၏။}
ထိုအခါ ထာ၀ရဘုရားသခင်သည် ယောနအားသရုပ်ပြ၍ ဩဝါဒ သင်ခန်းစာကို
ပေးလေတော့၏။ ]နက်ဖြန်မိုးလင်းသောအခါ ဘုရားသခင် ခန့်ထားတော်မူသော ပိုးကောင်သည်
ကြက်ဆူပင်ကို ကိုက်၍ညိုးနွမ်းစေ၏။ နေထွက်သောအခါ ဘုရား သခင်သည် အလွန်ပူသော
အရှေ့လေကိုပြင်ဆင်တော်မူ၍ ယောန၏ခေါင်းကိုနေ ထိခိုက်သဖြင့် သူသည်မော၍
သေချင်သောစိတ်ရှိလျက် ငါအသက်သေခြင်းသည် ရှင်ခြင်းထက်သာ၍ ကောင်းသည်ဟု မြည်တမ်းလေ၏။}
တစ်ဖန် ထာ၀ရဘုရားသခင်သည် မိမိ၏ပုရောဖက်အား ဤသို့မိန့်တော်
မူပြန်၏။ ]သင်သည် ကြက်ဆူပင်အတွက် အမျက်ထွက်ကောင်းသလောဟု မေး တော်မူလျှင်၊ ယောနက၊
အကျွန်ုပ်သည် အသက်သေသည်တိုင်အောင် အမျက် ထွက်ကောင်းပါသည်ဟု လျှောက်ဆို၏}
]ထာ၀ရဘုရားသခင်ကလည်း၊ သင်သည် ပင်ပန်းစွာမလုပ်၊ ကြီးပွားစေ
ခြင်းငှါလည်း မပြုစု၊ တစ်ညချင်းတွင်ပေါက်၍ တစ်ညချင်းတွင် သေသောကြက် ဆူပင်ကို
နှမြောသည်တကား။ ငါသည်များစွာသော တိရစ္ဆာန်တို့ကို မဆို၊ ကိုယ်လက်ျာ လက်နှင့်
လက်ဝဲလက်ကိုမျှ ပိုင်းခြား၍ မသိသောသူတစ်သိန်းနှစ်သောင်းမက လူ များသော
နိနေဝေမြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လောဟု မိန့်တော်မူ၏။}
ယောနသည် ထိုမြို့တော်ကြီးကို သတိပေးရမည်ဟူသော ဘုရားသခင်
ပေးအမှုတော်မြတ်ကို ပြီးပြည့်စုံစေခဲ့ပါသည်။ သူဟောပြောသလို ဖြစ်မလာပါသော် လည်း
ထိုသတိပေးနှိုးဆော်စကားသည် ဘုရားသခင်ထံတော်မှ ဖြစ်ပေသည်။
တစ်ပါးသူနိုင်ငံခြားသားတို့၌လည်း ထာ၀ရဘုရားသခင်၏ ကရုဏာတော်သည် သက် ရောက်လျက်ရှိပါသည်။
]ဆင်းရဲခံရသောအခါ ထာ၀ရဘုရားသခင်ကို အော်ဟစ်၍ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။
မှောင်မိုက်နှင့် သေမင်းအရိပ်ထဲက ထုတ် ဆောင်၍ သူတို့ချည်နှောင်ခြင်းကို
ဖြေတော်မူ၏။} ]နှုတ်ကပတ်တော်ကို
လွှတ်သဖြင့် သူတို့အနာကိုငြိမ်းစေ၍ ဖျက်ဆီးခြင်းအရာများထဲက နုတ်ယူတော်မူ၏။} (ဆာလံ ၁၀၇း၁၃၊ ၁၄၊ ၁၄၊ ၂၀)။
သခင်ခရစ်တော်သည် ပုရောဖက်ယောန၏ တရားဟောချက်ကို
ရည်ညွှန်းပြော ဆိုခဲ့ရာ၌ နိနေဝေမြို့သားတို့ကို မိမိ၏ခေတ်ကာလက ဘုရားသခင်၏
နာမည်ခံယုံ ကြည်ပါသည်ဟူသော လူတို့နှင့် နှိုင်းယှဉ်ထားပေသည်။ ]တရားဆုံးဖြတ်တော်
မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။
အကြောင်းမူကား ထိုမြို့သားတို့သည် ယောနဟောပြောသောစကားကြောင့် နောင် တရကြ၏။
ဤအရပ်၌ကား ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။}
(မဿဲ ၁၂း၄၀၊ ၄၁)။
ကိစ္စများမြောင် လူတို့ဘောင် စီးပွားရေးလောကမှာ လူသားတို့သည် မိမိတို့
ကောင်းစားရေးအတွက်ကိုသာ ဦးစားပေးရှုစိမ့်ကြကုန်၏။ ဤကဲ့သို့ ရှုပ်ထွေးလှစွာသော
စီးပွားရေးဆုံမှတ်မှားမှာ ခရစ်တော်၏အသံတော်ကို ဤသို့လျှင် ကြားနာရစမြဲဖြစ် ပါသည်။
]မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။} (မာကု ၈း၃၆၊ ၃၇)။
ယောနခေတ်ကနေ့ရက်များနှင့် ကျွန်ုပ်တို့၏ကာလ
ယနေ့မြို့တော်တို့သည်လည်း နိနေဝေမြို့ကြီးကဲ့သို့
စစ်မှန်သောဘုရားသခင် ကို သိကျွမ်းခြင်းအခွင့်ရှိရန် လိုအပ်ပေသည်။
အဆင့်မြင့်ဂုဏ်အသရေရှိသူ လူ့ အသိုက်အဝန်းထဲသို့ ဝင်ရန်လည်း အာရုံပြုအပ်သည်။
ခရစ်တော်၏သံတမန်တို့ မည်သည် ထိုသူတို့ကိုသာ၍ မြင့်မြတ်သောဘ၀ သစ်ထူထောင်ရာကမ္ဘာဆီသို့
ပို့ ဆောင်ရန် ဖြစ်သည်မဟုတ်လော။ ကျမ်းစာရှိသည်အတိုင်း ပြောရပါသော်ထာ၀ရ
ဘုရားသခင်တည်ဆောက်သော မြို့တော်သာလျှင် တည်ရပါလိမ့်မည်။ ထာ၀ရဘုရား သခင်၏
အစေခံကျွန်များအားဖြင့် လူသားတို့သည် မသေနိုင်သောအဖြစ်၌ ရှိသော အမွေတော်ကို
ဝင်စားနိုင်မည်ဖြစ်ပါသည်။ သင့်အတွက်အစေခံရန် ဖိတ်ခေါ်ချက်ကို
တုံ့ပြန်ကြပါစို့လား။ယခုခေတ်ကာလမှာ မြို့တော်များစွာတို့တွင် ကမ္ဘာအနှံ့အပြစ်
ကြီးငယ်များစွာတို့သည် လျင်မြန်စွာပျံ့နှံ့နေကြသည်။ အကြောင်းမူကား ]လှေခွက်ချည်း
ကျန်အလံမလှဲ} ဟူသော
ဆုံးဖြတ်ချက်မျိုးနှင့် မကောင်းဆိုးပါးပြစ်မှုများတို့သည် မှန်မှန်
တိုးပွားလာသောကြောင့်ပေတည်း။ နေ့တိုင်းအစဉ်အဓိကရုဏ်းများ၊ လာဘ်ပေးလာဘ် ယူမှုများ၊
မှားယွင်းမှုများ၊ အကြမ်းဖက်မှုများ၊ ဥပဒေမဲ့တံခါးမရှိ၊ ဓါးမရှိလုပ်ရပ်များ၊
သနားစရာကောင်းသူများကို ဂရုစိုက်လျစ်လျူမှုများနှင့် လူ့အသက်ကို ပုရွက်ဆိတ်
လောက်သော်မှ တန်ဖိုးမထား၊ ရက်စက်စွာဖျက်ဆီးမှုများတို့သည် ပတ်ဝန်းကျင်မှာ
လောလောလတ်လတ် ဖြစ်ပေါ်လျက်ရှိနေကြပါသည်။ နေ့တိုင်းစိတ်ချောက်ချားဖွယ်
ဖောက်ပြန်မှုများ၊ လူသတ်မုဒိမ်းကျင့်မှုများ၊ မိမိကိုယ်ကို အဆုံးစီရင်ကြသူများ
တိုးပွားလျက်နေကြောင်း သမိုင်းကသက်သေခံနေပါ၏။ လူသားကြီးများတို့သည်လည်း
မိမိတို့၏တီထွင်မှု စွမ်းအားနှင့်အောင်မြင်မှုများအတွက် ဝါကြွားလျက်နေကြသည်။
သို့ရာတွင် ဘုရားသခင်သည် ဤကမ္ဘာမြေကြီးကို အပြစ်များသောအကြမ်းဖက် မှုများတို့နှင့်
သာပြည့်၀နေပါသလားဟူ၍ မြင်ပါသည်။ လူတို့သည်ဘုရားသခင်၏ ပညတ်တော်တို့ကို လူ့အမိန့်အရ
နုတ်သိမ်းပယ်ဖျက်ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်လေပြီ။ သို့ဖြစ်၍
မကောင်းဆိုးဝါးလူယုတ်မာတို့သည် ကမ္ဘာတစ်ဝန်း မင်းမူလျက်ရှိကြောင်းကို သိမြင်ရသည်။
အသက်တာ၏ မြင့်မြတ်ဂုဏ်အသရေရှိမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊
ဘုရားတရားကြည်ညိုမှုတို့သည်လည်း ပျောက်ကွယ်သွားကာ သူတို့နေရာမှာ ပညတ်အပ်သော
မတရားအပျော်အပါးတပ်မက်မှု လုပ်ရပ်များကို အစားထိုးဝင်ရောက်လာသည်။
ထာ၀ရဘုရားသခင်သည် မိမိပညတ်တရားကို ကျူးလွန်နေကြ သူတို့အား
ကြာရှည်စွာသည်းခံကာနေ၍ သိမ်မွေ့သော သနားခြင်းကရုဏာတော်နှင့် ဆက်ဆံ၍ နေပါ၏။
သို့တိုင်အောင်လည်း ထာ၀ရဘုရားသခင်၏ စိတ်ရှည်သည်းခံခြင်းသည် အဆုံးသို့
ရောက်လုနီးသည် ဖြစ်ကြောင်းကိုတော့ နားမထောင်သူ လူယုတ်မာတို့ သိမှတ်အပ်ပေသည်။
တရားစီရင်ခြင်သည်လည်း လျင်မြန်စွာ ချဉ်းကပ်၍ လာနေသည်။
ထာ၀ရဘုရားသခင်၏ အုပ်စိုးမှုကို
လျှပ်တစ်ပြက်ပြောင်းလဲပစ်လိုက်သော ကျဆုံးကမ္ဘာရှိ လူသားတို့၏အဖြစ်ကို
ကျွန်ုပ်တို့သည် အံ့ဩသင့်ပါသလား။ မှောက် မှားမှုများနှင့် ယဉ်ပါးနေပြီဖြစ်သော
မကောင်းမှုအပြစ်သားတို့ကို ဘုရားသခင်သည် ဖျက်ဆီးပစ်မည်ဟူသည်ကိုလည်း
အံ့အားသင့်ဖို့လိုပါ၏လော။ ထိုအချိန်မှာ ကောင်း ကင်ဘုံ အစိုးရကို
တော်လှန်ပုန်ကန်သူလက်ဦးဆရာ စာတန်၏အောင်လံအောင်မှ ကျန်ရှိနေဖို့ရန်
ရွေးချယ်သောသူများထုနှင့် ဒေးရှိသည်။
ထာ၀ရဘုရားသခင်၏ သည်းခံစိတ်ရှည်ခြင်းသည်
ကြီးမားလွန်းလှသဖြင့် ကျွန်ုပ်တို့သည် အံ့အားသင့်ရပါ၏။
ထာ၀ရဘုရားသခင်တစ်ပါးတည်းပိုင် ဂုဏ်အင်္ဂါတော် များကား အရှိန်အဝါကြီးလှပေစွ။
ဘုရားသခင်သည် လူကိုကရုဏာထားရှိသော အချိန် အခါဟူသည်ရှိ၏။ သို့သော်လည်းဘုရားသခင်၏
သည်းခံမှု ကုန်ခန်းသွားသည်လည်း ရှိပါသည်။ လူကို ထာ၀ရဘုရားသခင်သည် စိတ်ရှည်သည်းခံ၏။
ထိုသူတို့ကို ကယ်တင်ရန် သတိပေးသတင်းစကားပြောကြား ဝေငှပေးပါသည်။ သို့ရာတွင် ပုန်
ကန်ခြားနားမှု၏ လက်နက်စုံမှန်သမျှကို ပစ်ပယ်လိုက်သည်။ အချိန်သည် ရောက် လာလိမ့်မည်။
မကောင်းသောပုံစံနမူနာကို အတုယူသူများအတွက် သနားစရာကောင်း လှပါပေသည်။
ထာ၀ရဘုရားသခင်၏ ဝိညာဉ်တော်သည် ရုတ်သိမ်းပါတော့မည်။ စိတ်ပျက်
ဖွယ်ရာ မြေငလျင်လှုပ်ခြင်း၊ မိုးသက်မုန်တိုင်ထန်ခြင်း၊ မီးလောင်ခြင်းများနှင့်
မြစ်ရ ၊ ပင်လယ်ရေ၊ ဒီရေထူးကဲခြင်းတို့သည်
တစ်ခုပြီးလျှင် တစ်ခုဆက်တိုက် ဖြစ်ပေါ် နေသည်။ ဤကပ်များဆိုက်ရခြင်းသည်
သဘာ၀ဖော်ကပြန်မှုကြီးဟု ထင်မှတ်စရာ အကြောင်းရှိ၏။ လူတို့၏ အုပ်ထိန်းမှုစွမ်းအားကို
ကျော်လွန်ကာနေလေပြီ။ သို့သော် လည်း ထိုအရာအားလုံးတို့သည်
ဘုရားသခင်ခွင့်ပြုမှဖြစ်သောကြောင့် ထိုပျက်စီးဆုံး ပါးခြင်းကာလမရောက်မီ
လူသားတို့သည် မိမိတို့၏ ဘေးဥပဒ်အန္တရာယ်ကိုဂရုတစိုက် သိမှတ်ခံစားစိတ် ရှိအပ်ပေသည်။
မြို့ကြီးပြကြီးတို့တွင် နေထိုင်ကြကုန်သော
ထာ၀ရဘုရားသခင်၏ အကျိုးတော်ဆောင်စေတမန်များတို့သည် မိမိတို့
ရင်ဆိုင်တွေ့မြင်နေရသော ဆိုးသွမ်းမှုနှင့် အကျင့်ကောင်းခေါင်းပါးခြင်း တို့ကြောင့်
စိတ်အားမငယ်၊ စိတ်ဓါတ်မကျဆင်းရပါချ။ ထိုမကောင်းမှုများကို တေ့Gမြင်ရင်းနှင့် ကယ်တင်ခြင်းသတင်းကောင်းကို ကြွေးကြော်ရပါမည်။
ထာ၀ရဘုရားသခင်သည် ရှင်ပေါလုကို ဆိုးသွမ်းသောကောရိန်သုမြို့သားတို့အလယ်မှာ
ရှိစေသည်တွင် သတင်း စကားတစ်ခုကိုပါးလိုက်ပါ၏။ ]သင်သည်မကြောက်နှင့်။ တိတ်ဆိတ်စွာ
မနေနှင့်။ ဟော ပြောလော့။ ငါသည်သင်နှင့်အတူရှိ၏။ ဤမြို့၌ငါ၏ လူအများရှိကြသည်ဟု မိန်
တော်မူ၏။} (တမန်တော် ၁၈း၉၊ ၁၀)။
မြို့ပြဒေတိုင်းမှာ မြွေကဲ့သို့လိမ်မာ၍ ချိုငှက် ကဲ့သို့အဆိပ်ကင်းသော
စနစ်မှန်ကန်စွာဖြင့် သွန်သင်ဩဝါဒပို့ချတတ်ပါက သခင် ယေရှု၏နောက်တော်သို့
လိုက်မည့်သူများစွာ ရှိပါသည်။ ကျွန်ုပ်တို့အနေနှင့် ကျမ်းစာ သွန်သင်ချက်ကို
မပြောင်းမလဲ တရားပေးရမည်ဖြစ်ပါသော်လည်း နည်းစနစ်ကိုမူ ပြောင်းလဲသင့်က
ပြောင်းလဲရပါမည်။
ယနေ့ကမ္ဘာလူသားမျိုးနွယ်တစ်ခုလုံအတွက် ထာ၀ရဘုရားသခင်၏ သတင်း
စကားမှာ၊ ]ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား
သင်တို့မထင်မမှတ်သော အချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။} (မဿဲ ၂၄း၄၄)။ မြို့ကြီးပြကြီးများတွေမှာမိုးခြိမ်းသံတမျှ
သတင်းကောင်းကြွေးကြော်နေရခြင်း၏ ဖြစ်ရပ် မှန်အခြေအနေမှာ ထာ၀ရဘုရားသခင်၏
တရားစီရင်ခြင်းနေ့ရက်သည် ရောက်နေပြီ။ ကမ္ဘာမြေကြီးနှင့်
ဆိုင်လေသမျှအရာခပ်သိမ်းအလုံးစုံတို့သည် အဆုံးသို့ ရောက်လု ပြီဖြစ်၏။ ဘုရားသခင်၏ တရားစီရင်ခြင်းသည်
တစ်ခုပြီးလျှင် တစ်ခုလျင်မြန်စွာ ထပ် လိုက်လာပါမည်။ မီးဘေးပြီးလျှင်
ရေလွှမ်းမိုးခြင်းနှင့် မြေငလျင်လှုပ်ခြင်း၊ စစ်တိုက် ခြင်းနှင့်
သွေးမြေခခြင်းတို့ဖြစ်ပါလိမ်မည်။ ဤအရာများတို့လည်း ပြည်စုံ၍နေပါပြီ။
ကရုဏာရှိသောကောင်းကင်တမန်သည် နောင်တသံဝေဂမရှိသောသူကို ကြာမြင့်စွာ
မကာကွယ်ထားနိုင်တော့ပေ။ မုန်တိုင်းထန်လာပါပြီ။ ကရုဏာဖိတ်ခေါ်ချက်ကို တုံ့ပြန်
သောသူတို့သည်သာလျှင် ဆင်းရဲမှုဒဏ်ကို ရပ်တည်နိုင်မည်ဖြစ်သလို ယောန၏
တရားဟောချက်နားထောင်ကာ နောင်တရသော နိနေဝေမြို့သူမြို့သားများကဲ့သို့
ထာ၀ရဘုရားသခင်တည်းဟူသော အုပ်စိုးရှင်၏ ပညတ်တရားများ၌ နားထောင်ကျင့်
သုံးသူတွေအားဖြင့်သာလျှင် သန့်ရှင်းစင်ကြယ်လာနိုင်မည် ဖြစ်ပါသည်တကား။
No comments:
Post a Comment