အခန်း (၂၉)
ဗာဗုလုန်နိုင်ငံမှ
ဧည့်သည်တော်များအားနည်းချက်များကို မြင်တွေ့သွားခြင်း
ဟေဇကိမင်းကြီးဘက်စုံကျန်းမာချမ်းသာမှုအတွက် အထွတ်အထိပ်သို့
ရောက် နေချိန်မှာ လူ့ပညာအတတ်တန်ခိုးဩဇာနှင့် ကုသ၍မရနိုင်သောအနာသည် ရုတ်တ
ရက်ရှင်ဘုရင်ကို တိုက်ခိုက်လွှမ်းမိုးသွား၏။ ရောဂါကျွမ်းသွားလေပြီ။ ဟေရှာယပုရော
ဖက်ကြီး၏ ပေသတင်းက သူ၏ နောက်ဆုံးမျှော်လင့်ချက်ပင် ဖြစ်တော့သည်။ ]ထာ၀ရ ဘုရားသခင်
မိန့်တော်မူသည်ကာ ကိုယ်အိမ်အမှုကို စီရင်လော့။ သင်သည် အ သက်မရှင်၊ သေရမည်ဟု
အမိန့်တော်ကိုပြန်လေ၏။} (ဟေရှာယ ၃၈း၁)။
ဟေဇကိမင်းကြီး၏ ပျော်ရွှင်စရာကောင်းလှသော အသက်တာမှာ လုံး၀ အ
မှောင်ကျသွားရလေပြီ။ သို့တိုင်အောင်လည်းမင်းကြီးသည် ဆုတောင်းခြင်းအမှုကို
မလျှော့ပါချေ။(ဆာ ၄၆း၁)။သို့ဖြစ်၍ဟေဇကိမင်းသည် ထရံသို့မျက်နှာလှည့်၍၊ အိုထာ၀ရဘုရား
သခင်၊ အကျွန်ုပ်သည် ရှေ့တော်၌သစ္စာစောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့်ကျင့်၍
နှစ်သက်တော်မူသည် အတိုင်းပြုကြောင်းကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တောင်း
ပန်ပါ၏ဟု အလွန်ငိုကြွေးလျက် ထာ၀ရဘုရားသခင်ကို ဆုတောင်း လေ၏။}(၄ရာ ၂ဝး ၂၊ ၃)။
သေရတော့မည်ဖြစ်သောရှင်ဘုရင်သည် ထာ၀ရဘုရားသခင်ကို
သစ္စာရှိစွာ ဝတ်ပြုကိုးကွယ်ခဲ့သူဖြစ်၏။ တိုင်းသူပြည်သား လူအများတို့ကိုလည်း
မိမိတို့၏ ဖန်ဆင်း ရှင် မဟာတန်ခိုးကြီးသူအစိုးရမင်းကြီးကို
ယုံကြည်စိတ်ချမှုအပြည့်ထားရှိစေရန် ဦး တည်ပေး၏။ သို့ဖြစ်၍ ဒါဝိဒ်မင်းကြီးကဲ့သို့
သူသည်လည်း ထာ၀ရဘုရားသခင်ထံ တောင်းပန်စကားပြောကြားနိုင်ခဲ့သည် မဟုတ်ပါလား။
]အကျွန်ုပ်ပြုသော ပတ္ထနာသည် အထံတော်သို့ဝင်ပါစေသော်။
အော်ဟစ်သံကို နားထောင်တော်မူပါ။ အကျွန်ုပ်၏ ဝိညာဉ်သည် ဒုက္ခနှင့် ပြည့်၍
အသက်သည်လည်း မရဏာနိုင်ငံ အနီးသို့ ရောက်ပါပြီ။}
(ဆာလံ ၈၈း၂၊ ၃)။
]အကျွန်ုပ်ကိုအားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။
ယခုလူများတို့အား ကိုယ်တော်၏ အစွမ်းသတ္တိကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သော
သူအပေါင်းတို့အား တန်းခိုးတော်ကိုလည်းကောင်း၊ အကျွန်ုပ်မပြမီတွင် အကျွန်ုပ်ကို
စွန့်ပစ်တော်မမူပါနှင့်။} (ဆာလံ ၇၁း၅၊ ၆၊ ၉၊
၁၂၊ ၁၈ )။
]ဟေရှာယသည်
နန်းတော်အလယ်တံတိုင်းသို့မရောက်မီ ထာ၀ရဘုရားသခင်၏ နှုတ် ကပတ်တော်ရောက်၍
(ယေရမိမြည်တမ်း ၃း၂၂)။ သင်သည် ငါ့လူတို့၏ ဗိုလ်ချုပ် ဟေဇကိမင်းထံသို့
တစ်ဖန်သွားပြီးလျှင် သင့်အဘဒါဝိဒ်၏ ထာ၀ရဘုရားသခင် မိန့် တော်မူသည်ကား သင်၏ပတ္ထနာ
စကားကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်းငါမြင်ပြီ။ သင်၏အနာကို ငါပျောက်စေသဖြင့်
သင်သည် သုံးရက်လွန်လျှင် ဗိမာန်တော်သို့ တက်ရလိမ့်မည်။ သင့်အသက်၌
တစ်ဆယ့်ငါးနှစ်ကို ငါဆက်၍ပေးမည်။ သင်နှင့် ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ
ငါကယ်လွှတ်မည်။ ငါ့မျက်နှာကိုလည်းကောင်း၊ ငါ ကျွန်ဒါဝိဒ်၏မျက်နှာကိုလည်းကောင်း
ထောက်၍ ဤမြို့ကို ကာကွယ်စောင့်မမည် အရာကို ပြောလော့ဟု မိန် Yတော်မူ၏။} (၄ရာ ၂ဝး ၄-၆)။
ဤသို့အမိန့်တော်ကို ပြန်ပြီး သည်နောက် ဟေရှာယသည် မင်းကြီး၏ သမားတော်တို့အား
သင်္ဘောသဖန်းသီး အ လုံးအထွေးကို ယူခဲ့လော့ဟုဆိုသည်အတိုင်း ယူခဲ့၍ အနာကိုအုံပြီးမှ
မင်းကြီးသက်သာ လေ၏။ ဟေဇကိမင်းကြီးက ပုရောဖက် ဟေရှာယပြောသော သတင်းစကားသည်
ကောင်းကင်ဘုံမျှဖြစ်ကြောင်း ဟုတ်သည်၊ မဟုတ်သည်ကို လက္ခဏာသက်သေပြရန်
တောင်းခံနေပါသေး၏။ ]ဟေဇကိမင်းကလည်း ထာ၀ရဘုရားသခင်သည် ငါ့အနာကို ပျောက်စေ၍
သုံးရက်လွန်လျှင် ငါသည် ဗိမာန်တော်သို့ တက်လိမ့်မည် ဆိုသော် အ ဘယ်လက္ခဏာ သက်သေရှိသနည်းဟုမေးလျှင်
ဟေရှာယက ထာ၀ရဘုရားသခင် အ မိန့်တော်ရှိသည်အတိုင်း ပြုတော်မူမည်ဟု ထာ၀ရဘုရားသခင်သည်
သင့်အားပေး တော်မူသော လက္ခဏာသက်သေဟူမူကား အရိပ်သည် ဆယ်ချက်တိုးရမည်လော။
ဆယ်ချက်ဆုတ်ရမည်လောဟု မေးသော် ဟေဇကိက အရိပ်သည် ဆယ်ချက်တိုးလွယ် ၏။
ထိုသို့အလိုမရှိ။ ဆယ်ချက်ဆုတ် ပါစေဟု ပြန်ပြော၏။}
နေနာရီကို တစ်ဆယ်ဒီဂရီပြန်ဆုတ်ရန်မှာ ထာ၀ရဘုရားသခင်၏
ကြားဖြတ် ပါဝင် ပတ်သက်လုပ်ဆောင်နေပါမှ ဖြစ်နိုင်ပေတော့မည် မဟုတ်ပါလား။ သို့ဖြစ်၍
တောင်းခံသည်အတိုင်း ဖြစ်စေရန် ]ပုရောဖက်ဟေရှာယသည်လည်း ထာ၀ရဘုရား
သခင်အားဆုတောင်းသောအခါ အာခတ်၏နေတိုင်းနာရီပေါ်မှာ ဆယ်ချက်ရွေ့ပြီးသော အရိပ်ကို
ဆယ်ချက်ပြန်စေတော်မူ၏။} (ငယ် ၈-၁၁)
အမိန့်တော်ရှိသည်အတိုင်း ဟေဇကိမင်းကြီးသည်
ပြန်လည်ကျန်းမာလာသော ကြောင့် မိမိ၏ကျန်ရှိသော အသက်တာတစ်လျှောက်လုံးကို
ဘုရင့်တကာ့ဘုရင်ကို သာလျှင် သစ္စာရှိရှိဆန္ဒပါလျက် ဝတ်ပြုကိုးကွယ်ပါမည်ဟု
သစ္စာကတိပြုခဲ့ပါတော့သည်။
]ငါသည် ငြိမ်သက်စွာနေစဉ်အခါ
မရဏာနိုင်ငံတံခါးသို့ဝင်ရပါသည်တကား။ ငါ၌ကြွင်းသောနှစ်များကို ငါရှုံးပြီဟု
ငါဆိုသတည်း။
]သို့သော်လည်း ထာ၀ရဘုရားသခင်သည် အကျွန်ုပ်၏ ဝိညာဉ်ကိုသနား၍
ဖျက်ဆီးရာတွင်းထဲက နုတ်ယူတော်မူပြီ။ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို နောက်တော်သို့
ပစ်လိုက်တော်မူပြီ။ ထိုကြောင့်ငါတို့သည် တစ်သက်လုံးထာ၀ရဘုရားသခင်၏ ဗိမာန်
တော်၌စောင်းတီး၍ သီချင်းဆိုကြလိမ့်သတည်း။}
(ဟေရှာယ ၃၈း၁၀၊
၁၇၊ ၂၀)။
ဤသို့ ဟေဇကိမင်းကြီးသည် ထာ၀ရဘုရားသခင်အထံတော်၌ ကရုဏာ
ကျေးဇူးတော်ကိုခံစားနေရချိန်မှာ ယူကရေးတီးနှင့် တိုင်းဂရက်မြစ်ဝှမ်းဒေသတွင် ကမ္ဘာ့
အင်ပါယာနိုင်ငံကြီးကိုအုပ်စိုးသော ရှေ့ခတ်က ဗာဗုလုန်လူမျိုးတို့သည်ရှိကြ၏။ ထို
သူတို့မှာ နက္ခတ်ဗေဒင်ပညာရှင်များရှိကြပါသည်။ ထိုသူတို့သည် နေနာရီမှအရိပ်သည်
တစ်ဆယ်ဒီဂရီ နောက်ပြန်ဆုတ်သွားသည်ကို သတိပြုမိခဲ့ကြ၏။ ဤကားထူးဆန်းသော နိမိတ်လက္ခဏာ
တစ်ခုပေတည်း။ ကောင်းကင်ဘုံရှိ ထာ၀ရဘုရားသခင်သည် ယုဒပြည် ရှင်ဘုရင်အားဘ၀သစ်တစ်ခုကို
ပြန်ပေးပြီဟူသော အထိမ်းအမှတ် အာမခံချက်ပင် ဖြစ်ချေမည်။ ဟေဇကိမင်းကြီးအား ချီးမွမ်းထောမနာ
စကားပြောကြားဖို့ရန်နှင့် ဖြစ်နိုင် လျှင် ထိုကဲ့သို့သော အံ့ဩဖွယ်နိမိတ်လက္ခဏာကို
ပြပေးနိုင်စွမ်းရှိသော ဘုရားသခင်၏ အကြောင်းကို ပိုမို၍သိနားလည်အောင်
သင်ယူဆည်းပူးခဲ့ကြဖို့ရန် ဗာဗုလုန်ရှင်ဘုရင် ကြီး ဖိရောဒတ်ဗာလာဒန်က
သံတမန်စေလွှတ်ခဲ့လေသည်။
ဤကဲ့သို့ နိုင်ငံခြားသံတမန်ဧည့်သည်တော်များ
အလည်အပတ်ရောက်ရှိလာ ချိန်မှာ ဟေဇကိမင်းကြီးသည် အခွင့်အရေးယူ၍
ကောင်းကင်ဘုံဘုရားသခင်အား ချီးမြှောက်ရန်ဖြစ်ပါသည်။ ထိုဘုရားသခင်သည်သာ
အရာအားလုံးကို ဖန်ဆင်းသော သခင်၊ ကိုယ်တော်တစ်ပါးတည်းသာလျှင်
အသက်ကိုပေးပိုင်သူအမှန်အကန်ဖြစ် ကြောင်းသက်သေခံနိုင်ပါသည်။ အကယ်၍သာ ထိုအမှန်တရား
ရှာဖွေနေကြသူများကို အသက်ရှင်သော ထာ၀ရဘုရားသခင်ထံတော်ပါးသို့
ပို့ဆောင်ပေးခဲ့ကြပါမူ အံ့ဖွယ် ကောင်းသော အသက်တာပြောင်းလဲမှုများမည်မျှ
ပေါ်ထွန်းလာပါမည်နည်း ဆိုသည်ကို ခံစားသိမြင်နိုင်ပါလိမ့်မည် မဟုတ်လော။
ဟေဇကိမင်းကြီး၏
ကြေကွဲဖွယ်ဒုက္ခရောက်စေသော မာန်မာန
သို့သော်လည်းဟေဇကိမင်းကြီး၏ နှလုံးသားအိမ်ထဲမှာ
မာန်မာနနှင့် အချည်းနှီး သက်သက်တရားတို့က နေရာယူနေသည်။ မိမိကိုယ်ကို
ချီးမြှောက်လိုစိတ်နှင့် ရှင်ဘုရင် သည် ထိုသံတမန်များကို ]ရွှေတိုက်မှ စသော ရွှေ၊
ငွေ၊ နံ့သာမျိုး၊ အဖိုးထိုက်သော နံ့သာဆီ၊ လက်နက်တိုက်နှင့် ဘဏ္ဍာတော်အလုံးစုံတို့ကို
ပြလေ၏။(ဟေရှာယ ၃၉း၂)။ နန်းတော်မှစ၍ နိုင်ငံတော်အရပ်ရပ်၌ မပြသောအရာ
တစ်စုံတစ်ခုမျှမရှိ။} ဟေရှာ ယ
မင်းကြီးသည် ဘုရားသခင် ရှေ့တော်မှောက်မှာ ဤကဲ့သို့ အချည်းနှီးသက်သက် အလုပ်ကို
ပြုခဲ့လေပြီ။ ထိုသူတို့သည် တိုင်းနိုင်ငံတို့တွင် တန်ခိုးဩဇာကြီးသောသူ၊ ဘုရားသခင်ကို
မချစ်မြတ်နိုးသောသူများဖြစ်၍ တိုင်းပြည်တွင်းရှိ လတ်တလော ကြွယ်၀ချမ်းသာမှုကို
ပြသခြင်း၌ မင်းကြီးသည် ပညာမဲ့ဖြစ်ရချေ၏။
ထိုဧည့်သည်တော်သံတမန်များ၏ လည်ပတ်မှုသည် ဟေဇကိမင်း၏ကျေးဇူး
တရားသိတတ်ခြင်းနှင့် ဘုရားတရားကြည်ညိုမှု ရှိ၊ မရှိကို စမ်းသပ်ခြင်းသာဖြစ်ပေသည်။
]သို့ရာတွင် နိုင်ငံတော်၌ ဖြစ်သောအံ့ဖွယ်သောအမှုကို မေးမြန်းစေခြင်းငှါ ဗာဗုလုန်
မင်းတို့သည် သံတမန်ကို စေလွှတ်သောအမှုမှာ ဟေဇကိမင်း၏သဘောကို အကုန် အစင်သိခြင်းငှါ
ဘုရားသခင်သည် စုံစမ်း၍အလွတ်ထားတော်မူ၏} ဟု ကျမ်းမှတ်တမ်း
က ဆိုပါသည်။ (၆ရာ ၃၂း၃၁)။ ဤတွင် ဟေဇကိမင်းကြီးသည် ထိုသံတမန်တို့အား ထာ၀ရဘုရားသခင်၏
ကောင်းမြတ်ခြင်းအဖြာဖြာနှင့် သနားကြင်နားတတ်သော စိတ် ရှိကြောင်းကို
ဖော်ကျူးခဲ့ပါသော် ထိုသူတို့၌ အမှောင်ခွင်း၍ တရားအလင်းဆောင် မည်မှာ
ဧကန်မျချဖြစ်ပေသည်။ သို့သော်လည်းမင်းကြီးသည် ဗိုလ်ခြေအပေါင်းတို့၏
ထာ၀ရဘုရားသခင်အပေါ်ထက်သို့ မိမိကိုယ်ကိုချီးမြှင့်ခဲ့ပါပြီ။ အကြောင်းမူကား
မင်းကြီး သည် ]မိမိခံရေသာ ကျေးဇူးတော်နှင့် အထိုက်အလျောက်မကျင့်၊ ထောင်လွှားသော
စိတ်ရှိ၏။} (ငယ် ၂၅)။
ထိုသဘောထား၏ ရလဒ်များကား စိတ်ဆင်းရဲဖွယ်ဖြစ်ချေ၏တကား။ ထို
ဗာဗုလုန်မင်းတို့၏ လျှို့ဝှက်ကြံစည်မှုကို ပုရောဖက်ဟေရှာယသည် သိမြင်သောကြောင့်
ထိုသူတို့သည် တစ်နေ့သောအချိန်မှာ မိမိတို့၏တိုင်းပြည်ကြီးကို ယေရုရှလင်မြို့ တော်၏
ဘဏ္ဍာများစွာနှင့် ကြွယ်၀ချမ်းသာစေမည်ဖြစ်ပသည်။ ]ထို့ကြောင့် သူ၌ လည်းကောင်း၊
ယုဒပြည်နှင့် ယေရုရှလင်မြို့၌လည်းကောင်း အမျက်တော်ထွက် လေ၏။} (ငယ် ၂၅)။ ဤတွင် ဟေဇကိမင်းကြီးသည် ကြီးမားလှစွာသော အပြစ်ကို
ကျူးလွန်ခဲ့ပါသည်။
]ထိုအခါ ပုရောဖက်ဟေရှာယသည် ဟေဇကိမင်းကြီးထံတော်သို့သွား၍ ထို
သူတို့သည် နန်းတော်၌ အဘယ်အရာကိုမြင်ကြပြီနည်းဟု မေးမြန်းလျှင် ဟေဇကိ မင်းက
နန်းတော်၌ ရှိသမျှကိုမြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသော အရာ တစ်စုံတစ်ခုမျှ
မရှိဟု ပြန်ပြော၏။ ထိုအခါ ဟေရှာယက ကောင်းကင်ဗ dkလ်ခြေ
ထာ၀ရဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်လော့။ နန်းတော်၌ ရှိသမျကို လည်းကောင်း၊
ယနေ့တိုင်အောင်ဘိုးဘေးတို့သည် ဆည်းပူးသမျှကို လည်းကောင်း၊ ဗာဗုလုန်မြို့သို့
ယူသွားရသောကာလသည် ရောက်လိမ့်မည်။ တစ်စုံတစ်ခုမျှမကျန် ကြွင်းရဟု
ထာ၀ရဘုရားသခင်မိန့်တော်မူ၏။ သင်နှင့်နွယ်၍ရသော သင်၏သားမြေး တို့ကိုလည်း ယူသွာ၍
သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌ လူပျိုတော် လုပ်ရကြလမ့်မည်ဟု
ဟေဇကိမင်းအားပြောဆိုလေ၏။} (ဟေရှာယ ၃၉း၃-၈)။
ထိုအမိန့်တော်ကို ကြားလတ်သော် ဟေဇကိမင်းသည် နောင်တရ၍ ]မိမိ
စိတ်ထောင်လွှားသော အပြစ်ကြောင့် ယေရုရှလင်မြို့သားတို့နှင့်တကွ ကိုယ်တိုင်
ကိုယ်ကိုနှိမ့်ချသောကြောင့် လက်ထက်တော်ကာလတွင် ထာ၀ရဘုရားသခင်၏ အမျက်
တော်မသက်ရောက်။} (၆ရာ ၃၂း၂၆)။ သို့သော်လည်း
မကောင်းဆိုးဝါးမျိုးစေ့ ကြဲထားပြီ ဖြစ်သောကြောင့် တစ်နေ့တွင် အပင်ပေါက်ကာ
အချိန်တန်သောအခါ ဆိုးကျိုး ရိတ်သိမ်းပွဲကို ပြုရကြမည်ကား မလွဲဧကန်ပေတည်း။
ထိုအချိန်အခါမှာ မင်းကြီး၏ ယုံကြည်ခြင်းကို စမ်းသပ်ခြင်းအရာသည် ပြင်းထန်လှ၏။ သူသည်
ယေဟောဝါဘုရား သခင်အထံတော်၌ လုံးလုံးလျားလျား ယုံကြည်အားကိုးအပ်နှံထားပါမှ
မိမိနှင့်တကွ မိမိ၏ ပြည်သူပြည်သားတစ်ရပ်လုံး၏ ပျက်စီးခြင်းဘေးဥပဒ်သည် လွတ်မြောက်ကာ
အောင်ပွဲဝင်နွှဲ နိုင်ကြမည်မဟုတ်ပါလား။
ကျွန်ုပ်တို့၏
ဆိုစကားမျာသည် တစ်ပါးသူအားကူညီမစနိုင်ခြင်း
ကျွန်ုပ်တို့သည် လွယ်လွယ်နှင့် အကောင်းဆုံးကို
လုပ်ကိုင်ဆောင်ရွက်လိုသော် ထာ၀ရဘုရားသခင်၏ချစ်သနားခြင်း၊
ကရုဏာတော်နှင့်အနှိုင်းမဲ့ ၆။ ဘုရားသခင် ကယ် တင်ဖို့ခြေလှမ်းလိုက်သည့်အခါ
ယေရုရှလင်မြို့သို့ သူမ၏သားသမီးများ အသက်ချမ်း သာခဲ့ပြီး အာရှုရိစစ်သူရဲ ၁၈၅၀၀၀
ပျက်စီးခဲ့ရသည်။ ကယ်တင်ပိုင်သူ၏ ချစ်ခြင်း မေတ္တာတော်ကို
ပြောကြားဖို့ရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ စိတ်အာရုံနှင့် နှလုံးသား အိမ်သည်
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်သာ ပြည့်လျှံနေပါက ထိုသို့သော
သက်သေခံစကားကိုပြောကြားရန် မှာမခံယဉ်းပါ။ မြင့်မြတ်သော နှိုးဆော်စကား၊ အမြင် ကြည်လင်သော
အမှန်တရားအသိ၊ သန့်ရှင်းလိုသော ဆန္ဒသဘောထားတို့သည် မြင့်
မြတ်နှလုံးသာဘဏ္ဍာတိုက်ထဲမှ အခြေခံလျက် ချိုသာသော နှုတ်ခမ်းဖျားသို့ ရောက် သဖြင့်
ကြားရသူတိုင်းကို မင်္ဂလာဖြစ်စေမည်ဖြစ်၏။
သို့ဖြစ်၍ကျွန်ုပ်တို့နှင့်
နေ့တိုင်းအစဉ်ပေါင်းသင်းဆက်ဆံနေသော သူတို့သည် ကျွန်ုပ်တို့၏ အကူအညီ၊
ရှေ့ဆောင်လမ်းပြမူကို လိုအပ်နေပါသည်။ ထိုသူတို့အထံတွင် မနက်ဖြန် နေ့မှာ သူတို့ကို
မတေ့Gမြင်ရသည်လည်း ရှိနိုင်၏။
သို့ဖြစ်၍ ရှိသည်နေရာမှာ၊ ရှိသည်လူတွေနှင့် အသင့်အတင်လျောက်ပတ်စွာ
ပေါင်းသင်းဆက်ဆံရာ၏။ ကျွန်ုပ် တို့၏ ပေါ့ပျက်ပျက်လှုပ်ရှားမူများ၊ ဉာဏ်တိမ်၍
နမော်နမဲ့နိုင်သော ဘ၀တစ်ကွေ့ လျှောက်လှမ်းမှုများ၊
အားကြီးသောစုံစမ်းနှောင့်ယှက်ခြင်းသို့ ယိမ်းယိုင်လိုက်ပါသွားခြင်း သည်
ပါရမီနုငယ်သေးသူ အသက်ဝိညာဉ်အား မြောင်းထဲကို ညွှန်သောလမ်းသို့ အလျင်
အမြန်ရောက်ရှိစေနိုင်လေသည်။ အကယ်၍သာ ကျွန်ုပ်တို့သည် တစ်ပါးသူ၏ စိတ် အာရုံထဲသို့
မကောင်းမှုအပြစ်ကို ပြုစေသော အတွေးအမြင်များကို သွတ်သွင်း ပေးနေပါသော်
ကျွန်ုပ်တို့ ကိုယ်တိုင်က မခံရပ်နိုင်သော အပြစ်မကောင်းဆိုးဝါးဒီလှိုင်း၏
ရိုက်ခတ်မှု ကို ဖန်တီးပေးသလိုဖြစ်၏။ ကျွန်ုပ်တို့သည်လည်း ခံရပ်နိုင်မည်မဟုတ်ပါ။
တစ်ဖက်မှာလည်း ကျွန်ုပ်တို့သည်ကောင်းသော ပုံစံနမူနာကို
ပတ်ဝန်းကျင်ရှိ လူတို့အားဩဇာလွှမ်းမိုးနိုင်ချေက ထိုသူတို့အားကောင်းသောအမှုကို
ပြုကျင့်ရန် စွမ်းအားပေးသကဲ့သို့ ဖြစ်ပါသည်။ ထိုမှ တစ်ဖန်ထိုသူတို့သည်
ကောင်းသောစရိုက်ကို တစ်ပါးသူတို့အား ပြန်လည်ဝေငှ လက်ဆင့်ကမ်းဒါန ပြုနိုင်မည်
ဖြစ်ပါသည်။ ဤသို့လျှင် လူသားဟူသမျှတွင် ထောင်သောင်းချီလျက် ကျွန်ုပ်တို့၏
သတိမထားမိသော ဩဇာလွှမ်းမိုးမှုက ကူညီမစနေပါသည်။ မယုံကြည်သူများ၊
လောကရေးရာများတွင်သာ
ပျော်ပါးနေကြသူများတို့
ရှေ့မှောက်မှာ စစ်မှန်သော ခရစ်ယာန်တို့သည် ထာ၀ရဘုရား သခင်၏ ကျေးဇူတော်နှင့်
ပြည့်၀စုံလင်သောဂုဏ်တော် အပေါင်းတို့ကို ဤသို့လျှင် ဖော်ကျူးနိုင်ကြပါပေသည်။
No comments:
Post a Comment