Tuesday, March 10, 2026

 

အခန်း (၃၀)

အာရှုရိတပ်မဟာကို ထာ၀ရဘုရားသခင်တရားစီရင်ခန်း

 

               အာရှုရိဗိုလ်ခြေအလုံးအရင်ကြီးသည် ယုဒပြည်ကို ဝင်ရောက်ချဉ်းနင်း တိုက် ခိုက်ရာ၌ အရှိန်အဟုန်ပြင်းထန်လှသဖြင့် ယေရုရှလင်မြို့တော်သည်လည်း မခံမရပ် နိုင်ဘဲ ကျဆုံးတော့မည့်ပုံပေါ်နေပါသည်။ ဤတွင်ဟေဇကိမင်းကြီးက မိမိ၏ တပ်မဟာ အင်အားစုကြီးများကို ငါတို့အားနှိပ်စက်မည့်ရန်သူတို့ကို စွမ်းအားအကုန် ခုခံတားဆီး ကြ။ ထာ၀ရဘုရားသခင်ကိုလည်း ဤဆင်းရဲခြင်းမှ ကယ်နုတ်ရန်အားကိုးကြဟု တပ် လှပ်သံပြုနေပါသည်။ ] ခွန်အားယူ၍ ရဲရင့်ခြင်းရှိကြလော့။ အာရှုရိရှင်ဘုရင်နှင့် သူ၌ ပါသော အလုံးအရင်းအပေါင်းတို့ကြောင့် မကြောက်ကြနှင့် စိတ်မပျက်ကြနှင့်။ သင်တို့ ဘက်၌နေသောသူတို့သည် သူဘက်၌နေသော သူတို့ထက်သာ၍များကြ၏။ သူ့ဘက်၌ လူလက်ရုံးရှိ၏။ ငါတို့ဘက်၌ ထောက်မ၍ စစ်ကူတော်မူသော ငါတို့၏ထာ၀ရဘုရား သခင်ရှိတော်မူသည်။} (၆ရာ ၃၂း၇၊ ၈)။

               ကြွားဝါမောက်မာနေကြသော အာရှုရိတပ်မဟာကား အမှန်အားဖြင့် ဘုရား သခင်၏လူမျိုးသည် စကားတော်ကို နားမထောင်ခဲ့သောအခါ ဆုံးမသည့်အနေဖြင့် တစ်ခါတလေသူတို့ကို လှည့်သုံးနေခြင်းသာဖြစ်ပါသည်။ သူတို့သည် ဘုရားသခင်၏ လူမျိုးကို အမြဲအနိုင်ရမည်ဟု မဆိုရပါချေ။ (ဟေရှာယ ၁ဝး၅၊ ၂၄-၂၇ ကို ဖတ်ရှုပါ)။ ပုရောဖက်ဟောကြားသော သတင်းစကားအရ ]အာခတ်မင်းကြီး အနိစ္စရောက်သော နှစ်တွင်} ဟေရှာယက ဤသို့ကြွေးကြော်ခဲ့သည်။ ]ထာ၀ရဘုရားသခင်သည် ကျိန်ဆို၍ မိန့်တော်မူသည်ကား ငါ၏မြေပေါ်မှာ အာရှုရိမင်းကို ငါနှိပ်စက်မည်။ ငါ၏တောင်ရိုးပေါ် မှာ ခြေဖြင့်ကျော်နင်းမည်ဟု ငါကြံစည်သည်အတိုင်း ဖြစ်၍ ငါစီရင်ချက်လည်း တည် ရလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေထာ၀ရဘုရားသခင်၏ အကြံတော်ကို အဘယ်သူ ဖျက်လိမ့်မည်နည်း။ ဆန့်တော်မူသော လက်တော်ကို အဘယ်သူလှန်လိမ့်နည်း။} (ဟေရှာယ ၁၄း၂၈၊ ၂၄-၂၇)။

               ဟေဇကိနန်းတက်စ ပထမနှစ်များကဆိုလျှင် ယုဒပြည်သည် အာရှုရိပြည်ကို အခွန်အတုတ်ပေးဆောင်ရလေသည်။ အာဟပ်မင်းနှင့် ပြုထားခဲ့သည့် ကတိနှင့်ညီ ညွတ်အောင်ဆောင်ရွက်ခြင်းဖြစ်၏။ ထိုစဉ်အတွင်း ဟေဇကိမင်းသည် နိုင်ငံတော်ကို ဖြစ်နိုင်သမျှသော နည်းလမ်းများဖြင့် အင်အားဖြည့်ဆည်းခဲ့ပါသည်။ ယေရုရှလင်မြို့ တော်အတွင်းမှာ ရေအလျှံပယ်ရရှိစီမံ၏။ များစွာသော လှံလက်နက်၊ ဒိုင်းလွှားတို့ကို လည်းလုပ်၏။ လူများတို့တွင် တပ်မÈ;တို့ကိုခန့်ထား၏။ (၆ရာ ၃၂း၃ ၊၅၊  ၆)။ မြို့တော်ကို တိုက်ခိုက်လာလျှင် ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားသည်မဟုတ်ပါလား။

               ဟေဇကိမင်းကြီးနန်းတက်ချိန်မှ အာရှုရိလူတို့သည် မြောက်ပိုင်း ဣသရေလ နိုင်ငံတော်မှ ခွန်အားကြီးကောင်းမွန်သော ပြည်သူပြည်သားတချို့ကို သုံ့ပန်းအဖြစ် မိမိတို့ပြည်သို့ သယ်ဆောင်နေကြလေပြီ။ ဤအချိန်တွင် ယုဒပြည်သည် ခံတပ်မြို့များ ကို အပတ်တကုတ်အားဖြည့်ထားကြ၏။ ဣသရေလတို့၏ မြို့တော်ရှမာရိကျဆုံးသော အခါမှာ ဣသရေလမျိုးနွယ်ဆယ်စုတို့သည်လည်း အာရှုရိပြည်နယ် အရပ်ရပ်မှ ပြန့်ကျဲ လျက်နေကြရ၏။ ယေရုရှလင်မြို့တော်မှာ ရှမာရိမြို့တော်နှင့် (၅၅) ငါးဆယ့်ငါးမိုင်သာ ကွာဝေးပါသည်။ ဗိမာန်တော်အတွင်းရှိ ဘဏ္ဍာများသည် ရန်သူတို့၏မက်လုံးဖြစ်နေ သဖြင့် အချိန်အခါ မရွေးရန်သူတို့ ဝင်စီးနိုင်သည် မဟုတ်ပါလား။(

               ဒါကိုသိသော ယုဒရှင်ဘုရင်သည် ရန်သူတို့ကို တားဆီးရန် ဆုံးဖြတ် ထားပြီဖြစ် ၏။ လူ့စွမ်းအားဖြင့် ဖြစ်နိုင်သမျှအရာများကို ပြီးပြည့်စုံစေခဲ့ ပြီးသည်နောက် မိမိ၏ တပ်မတော်ကို ရဲစွမ်းသတ္တိအမြဲ ရှိနေရန် အားပေးတိုက်တွန်းသည်။ မလှုပ်ရှားသော ယုံကြည်ခြင်းဖြင့် ရှင်ဘုရင်သည် မိမိ၏ တပ်အင်အားစုများကို ကြေညာသည်မှာ ]သူ့ဘက်၌ လူလက်ရုံးရှိ၏။                               ငါတို့ဘက်၌ထောက်မ၍စစ်ကူတော်မူသော ငါတို့၏ထာ၀ရဘုရားသခင် ရှိ တော်မူသည်။}(ဟေရှာယ ၁၂း၆၊ ၂ ) ၊(၆ရာ ၃၂း၈)။

 

ယုံကြည်ခြင်းသည် ယုံကြည်မှုကို ကြီးမားစေခြင်း

               ယုံကြည်ခြင်းကို အလေ့အကျင့်လုပ်ပေးသောအခါ ယုံကြည်မှုသည် အတိုင်း ထက် အလွန်လျင်မြန်စွာ ကြီးထွားလာ၏။ ရှင်ဘုရင်သည် ပုရောဖက်ဟောထားခဲ့ သောစကားကို ယုံကြည်စိတ်ချထားသဖြင့်လည်း မိမိတို့သည် အာရှုရိတပ်မဟာကို မည်သည့်နည်းနှင့် မဆိုအောင်မြင်လိမ့်မည်ကို သံသယမရှိယုံကြည်၏။ ]လူများတို Yသည်လည်း ယုဒရှင်ဘုရင်ဟေဇကိ၏ စကားကို ကိုးစားကြ၏။} (၆ရာ ၃၂း၈)။ အာရှုရိ စစ်သည်တော်တို့သည် အင်အားကြီးနိုင်ငံအများကို အောင်မြင်သိမ်းပိုက်နေသည်မှာ လတ်လတ်ဆတ်ဆတ်သာ ရှိနေသေး၏။ ရှမာရိမြို့တော်ကြီးလည်း ကျဆုံးရချေပြီ။ အဘယ်မှာလျှင် ယုဒပြည်ကို ကြောက်ရအံ့နည်းဟူ၍ သဘောထားကာ ]ရှမာရိမြို့နှင့် သူ၏ရုပ်တုတို့ကို ငါပြုသကဲ့သို့ ယေရုရှလင်မြို့နှင့် သူ၏ရုပ်တုတို့ကို ငါပြုမည်မဟုတ် လောဟု ဆိုတတ်၏။} (ဟေရှာယ ၁ဝး၁၀၊ ၁၁)။ ဤသည်ကို ယုဒပြည်သည် စိုးစဉ်းမျှ မကြောက်ပါ။ အကြောင်းမူကား ထိုသူတို့သည် ယေဟောဝါ ဘုရားသခင်ကိုကိုးစား ကြသော ကြောင့်တည်း။

               နောက်ဆုံးမှာတော့ မျှော်လင့်ခဲ့ကြသလို ခဲရာခဲဆစ်အချိန်သည် ကျရောက် လာလေပြီ။ အာရှုရိတပ်မဟာကြီးသည် ယုဒပြည်သို့စစ်ချီလာ၏။ ရန်သူတို့သည် အောင် မြင်မည်ဟူသော ယုံကြည်စိတ်ချထားမှုနှင့် တပ်မတော်ကြီးကို အင်အားစုခွဲ ဖြန့်ကာ စစ်ဗျူဟာထိုး၏။ တပ်ရင်းတချို့ကို တောင်ပိုင်းရှိ အီဂျစ်ပြည်တပ်မဟာကြီးအား ရင် ဆိုင်စေ၏။ တချို့ကိုကား ယေရုရှလင်မြို့တော်ကို ဝိုင်းရံကာ မြို့ကျသည်အထိ စစ် ထိုးရန်ဖြစ်သတည်း။

               ယခုတွင် ယုဒပြည်၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ထာ၀ရဘုရားသခင် သာဖြစ်၏။ အီဂျစ်ပြည်မှ စစ်ကူလာနိုင်မည့်အကြောင်းလည်း မရှိတော့။ ဖြတ်တောက် လိုက်ချေပြီ။ အခြားအိမ်နီးချင်းနိုင်ငံများသည်လည်းဤအမှုတွင် မပါဝင်ဝံ့ကြတော့ပြီ။ ယုဒသည် ဘုရားသခင်နှင့်သာ ဤပြဿနာကို ရှင်းလိုက်ရပေတော့မည် မဟုတ်ပါလား။

               အာရှုရိစစ်ဗိုလ်ရဲမက်တို့ကာ မြို့တော်ကြီးအညံ့ခံ လက်နက်ချရန် အမိန့်ပေး နေပါပြီ။ ထိုသူတို့သည် မြို့တော်ကြီးကို ပေးအပ်ရန် ရိုးရိုးမပြော။ ဟေဗြဲလူတို့၏ ထာ၀ရဘုရားသခင်ကိုပင် ကျိန်းလိုက်သေး၏။ ဤသို့ ထာ၀ရဘုရားသခင်အား စော် ကားသောအပြစ်ကို သူတို့သည် မကြောက်ရွံ့ကြ။ ဤသို့ဖြစ်လာရခြင်းမှာလည်း ဣသ ရေလမျိုးနွယ်စုတို့နှင့် ယုဒပြည်သည် ထာ၀ရဘုရားသခင်ကို ကျောခိုင်းလျက်လမ်းလွဲ ဖောက်ပြန်သောကြောင့် ဖြစ်ရသည်မဟုတ်ပါလား။ သူတို့၏ ဘုရားမဲ့မှုကြောင့် နာမ တော်သည် ရှုတ်ချခံရ၏။ အိမ်နီးချင်းနိုင်ငံသားတို့ မကြောက်ရွံ့ကြတော့ပြီ။ (ဟေရှာယ ၅၂း၅ ကိုဖတ်ပါ။

               ဤတွင် အာရှုရိရှင်ဘုရင်သနာခရိပ်၏ တပ်မÈ;များထဲမှ တစ်ယောက်ဖြစ်သော ရာဗရှာခက ]ဟေဇကိကို မိန့်တော်မူသည်ကားသင်သည် ခိုလှုံသဖြင့် ခိုလှုံရာကား အဘယ်သို့နည်း။ စစ်တိုက်လောက်အောင် ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံသည်ဟု အချည်းနှီးသော စကားကို သင်ဆိုပါသည်တကား။ ငါ့ကိုပုန်ကန်ခြင်းငှါ အဘယ်သူကို ကိုးစားသနည်း။} (၄ရာ ၁၈း၁၉၊၂၀)။

               ထိုတပ်မÈ;တို့သည် မြို့ပြင်မှာရှိကြ၏။ သို့သော်လည်း မြို့ရိုးပေါ်မှာ နားထောင် ကြည့်ရှုနေသောမြို့သူမြို့သားတို့သည် ရှိကြ၏။ အာရှုရိရင်ဘုရင်၏ ကိုယ်စားလှယ် များက မိမိတို့၏အမိန့်စာ ချွန်တော်ကမ်းလှမ်းချက်များကို ဤကဲ့သို့လျှင် အော်ကြီး ဟစ်ကျယ်မပြောဆိုရန်နှင့် ဟေဗြဲစကားကို မသုံးပါရန် ယုဒအကြီးအကဲတို့က တောင်း ပန်စာပေး၍ အကြောင်းကြားလိုက်ပါသည်။ ဤသည်ကို ရာဗရှာခက အကြံပြုတောင်း ပန်ချက်ကို လုံး၀ဂရုမစိုက်၊ ရိုင်းပျစွာနှင့် အသံကိုပို၍ မြှင့်တင်ကာ ဂျူးဘာသာစကားဖြင့် ဤသို့ကြွေးကြော်လိုက်ပါသေးသည်။

               ]မဟာအရှင်မင်းကြီးအာရှုရိရှင်ဘုရင်၏ အမိန့်တော်ကို နားထောင်ကြလော့။ ရှင်ဘုရင်မိန့်တော်မူသည်ကာ ဟေဇကိသည် သင်တို့ကိုမလှည့်စားစေနှင့်။ သူသည် သင်တို့ကိုကယ်ယူခြင်းငှါ မတတ်နိုင်။ ဟေဇကိက ထာ၀ရဘုရားသခင်သည် ငါတို့ကို ဧကန်အမှန်ကယ်ယူတော်မူမည်။ ဤမြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက်ရဟု ဆိုသဖြင့် ထာ၀ရဘုရားသခင်ကို မကိုးစားစေနှင့်။ ဟေဇကိက ထာ၀ရဘုရားသခင် သည် ငါတို့ကို ကယ်ယူတော်မူမည်ဟု မဖြေားယောင်းစေနှင့်။ အပြည်ပြည်သော ဘုရား သခင်တ်ို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ်ကြပြီလော။ ရှမာ ရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။ ထိုအပြည်ပြည်သော  ဘုရားသခင်တို့တွင် အဘယ်မည်သော ဘုရားသခင်သည် မိမိပြည်ကို ငါ့လက်မှကယ်လွှတ်ဖူးသနည်း။ ထာ၀ရဘုရားသခင်သည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ ကယ်လွှတ်နိုင် မည်နည်းဟု ဆိုလေ၏။} (ဟေရှာယ ၃၆း၁၃၊ ၂၀)။

 

ယုဒမင်းတို့သည် ကြေကွဲသော စိတ်နှလုံးဖြင့် ဆုတောင်းကြခြင်း

               ထိုအခါ၊ နန်းတော်အုပ်၊ စာရေးတော်ကြီးနှင့် အတွင်းဝန်မှစသော ယုဒမင်း ကိုယ်စားလှယ်တော်တို့သည် မိမိတို့အဝတ်ကို ဆုတ်လျက် ဟေဇကို မင်းထံသို့ပြန် လာ၍ ရာဗရှာခစကားကို ကြားလျှောက်ကြလေသည်။ (ငယ် ၂၁၊ ၂၂)။ ]ထိုစကားကို ဟေဇကိမင်းကြီးသည်ကြား လျှင် မိမိအဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကိုခြုံလျက် ဗိမာန်တော်သို့သွားလေ၏။} (၄ရာ ၁၉း၁)။ မင်းလုလင်တို့ကိုလည်း ပုရောဖက်ဟေရှာ ယထံသို့ စေလွှတ်၍ တစ်ပါးသူတို့၏ စော်ကားသော စကားတို့ကို အသိပေးတိုင် ကြားလျက် အကူအညီတောင်းခံလိုက်ပါသည်။ ]ယနေ့သည် ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကို ခံရသော နေ့ဖြစ်၏။ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့စေ ခြင်းငှါ အာရှုရိရှင်ဘုရင်စေလွှတ်သော မိမိကျွန်ရာဗရှာခစကားကို သင်၏ဘုရားသခင် ထာ၀ရဘုရား ကြားတော်မူပါစေသော်။ သင်၏ဘုရားသခင် ထာ၀ရဘုရားသည် ကိုယ် တော်တိုင်ကြားသောစကားကို ချေတော်မူပါစေသော်၊ သင်သည်လည်း ကျန်ကြွင်း သော လူတို့အဖို့ဆုတောင်းပါ။} (ငယ် ၃၊ ၄)။

 

                                            

 

               ]ထိုအကြောင်းကြောင့် ဟေဇကိမင်းကြီးနှင့် အာမုတ်သားပုရောဖက်ဟေရှာယ သည် ဆုတောင်း၍ ကောင်းကင်ဘုံသို့ဟစ်ခေါ်သဖြင့်} (၆ရာ ၃၂း၂၀)။ ထာ၀ရ ဘုရားသခင်သည် မိမိကျွန်တို့၏စကားကို နားညောင်းအဖြေပေးတော်မူခဲ့ပါသည်။ သို့ ဖြစ်၍ ပုရောဖက်ဟေရှာယသည် မိမိခံရသော ဘုရားသခင်ပေး သတင်းစကားကို ဟေဇကိမင်းထံသို့ပို့လိုက်ပါသည်။ ]ထာ၀ရဘုရားသခင်မိန့်တော်မူသည်ကာ အာရှုရိရှင် ဘုရင် ကျွန်တို့သည် ငါ့ကိုကဲ့ရဲ့၍ သင်ကြားရသော စကားကြောင့် မကြောက်နှင့်။ ထိုမင်း၌ အခြားသော စိတ်သဘောကို ငါသွင်းပေးမည်။ သူသည်သတင်းကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ထိုပြည်၌ ဓါးဖြင့် ငါဆုံးမစေမည် ဟူသော စကားတော်ကို သင်တို့၏ သခင်အားပြန်ကြားကြလော့ဟု ပြောဆို၏။} (၄ရာ ၁၉း၆၊ ၇)။

 

ရန်သူတို့၏ မခံချင်အောင်ရန်စခြင်းများ

                              အာရှုရိရှင်ဘုရင်၏ ကိုယ်စားလှယ်တော်တပ်မÈ; အရာရှိများတို့ကား မိမိတို့၏ ရှင်ဘုရင်နှင့် တိုက်ရိုက်ဆက်သွယ်နေကြပါ၏။ ရှင်ဘုရင်သည်ကား အီဂျစ် ပြည်ဘက်မှလာနေသော ရန်စကို ရင်ဆိုင်ရန် စိုင်းပြင်းနေသော အချိန်ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ အာရှုရိလူတို့သည် စစ်မာန်သွေးနားထင်ရောက်နေသည်မို့ အခြား ဘာကိုမျှဂရုမစိုက်တော့ပါ။ အရာရာကို ဗိုလ်ကျစော်ကားစိုးမိုးလိုစိတ် တစ်ခုတည်းသာ ရှိနေပါတော့သည်။ ဤသို့လျှင် ရှင်ဘုရင်သနာခရိပ်သည် ယုဒရှင်ဘုရင်အား ဝါကြွား စော်ကားသောစာကို ရေးပေးလိုက်၏။ ]ထိုမှတစ်ပါး အခြားသောတိုင်းနိုင်ငံဘုရားသခင် တို့သည် မိမိတို့လူများကို ငါ့လက်မှမကယ်မလွှတ်နိုင်သည်နည်းတူ ဟေဇကိကိုးကွယ် သောဘုရားသခင်သည် သူ၏လူများကို ငါ့လက်မှမကယ်မလွှတ်ရဟု ဣသရေလအမျိုး ၏ ထာ၀ရဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်သောစာကို ရေး၍ပေးလိုက်သေး၏။} (၆ရာ ၃၂း၁၇)။

               ထိုမျှနှင့်မကျေနပ်သေးဘဲ ဤသို့ထပ်၍ ကွန့်လိုက်ပါသေးသည်။ ]သင်တို့သည် ယုဒမင်းကြီးဟေဇကိကို ပြောရသောစကားဟူမူကားသင်ကိုးစားသော ဘုရားသခင်က ယေရုရှလင်မြို့သည် အာရှရိဘုရင်လက်သို့ မရောက်ရဟူ၍ သင့်ကိုမလှည့်စားစေနှင့်။} (၄ရာ ၁၉း၁၀၊ ၁၃)။

               ဤသို့မခံချင်အောင် ရန်စလိုသည့် သဘောနှင့် ရေးသောစာကို ယုဒရှင်ဘုရင် သည် ဗိမာန်တော်သို့ယူသွား၍ ]ထာ၀ရဘုရားသခင်ရှေ့တော်၌ ဖြန့်ထားလေ၏။} ပြိးလျှင် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၍ မြေကြီးပေါ်မှာ ရှိသမျှသော အတိုင်းတိုင်းအပြည်ပြည်တို့၏ ထာ၀ရဘုရားသခင်ထံ ယုံကြည်ခြင်းကြီးစွာနှင့် ဆု တောင်းသည်။ ဟေဗြဲလူမျိုးတို့၏ ဘုရားသခင်သည် အသက်ရှင်၍ စိုးစံနေကြောင်း ကိုလည်း ထိုရန်သူတို့ သိမှတ်စွဲလမ်းကြစေရန် တန်ခိုးပြတော်မူပါမည့် အကြောင်း ဆုတောင်း၏။(ငယ် ၁၄)။ ယခုတွင် ဟေဟောဝါဘုရားသခင်သည် ဂုဏ်ပြုချီးမွမ်းခံဖို့ရန် အခွင့်အရေး အကောင်းဆုံးအချိန်ပင် ဖြစ်လေသည်။ ထိုဘုရားသခင်တစ်ဆူတည်း သာလျှင် ကယ်တင်လွတ်မြောက်စေနိုင်သည် မဟုတ်ပါလား။

               ဟေဇကိမင်းကြီး၏ ရင်ဖွင့်ပုံကို ကြည့်ပါ။ ]အိုထာ၀ရဘုရားသခင် သနာခရိပ် မင်းသည် အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့၍ ပြောစေသောစကားအလုံး စုံကို မှတ်တော်မူပါ။ အိုထာ၀ရဘုရားသခင်၊ အကယ်စင်စစ် အာရှုရိရှင်ဘုရင်တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့ကို ဖျက်ဆီး၍ သူတို့၏ဘုရားသခင်များကို မီးထဲသို့ ချပစ်ကြပါပြီ။ ထိုဘုရားသခင်တို့သည် ဘုရားသခင်မဟုတ်။ အို အကျွန်ုပ်တို့ ထာ၀ရ ဘုရားသခင် ကိုယ်တော်ထာ၀ရဘုရားသခင်တစ်ပါးသာ ဘုရားသခင်ဖြစ်တော်မူသည် ကို မြေကြီးပေါ်မှာ ရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခုကယ်ယူတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါသည်။} (ငယ် ၁၅-၁၉)။

 

ဣသရေလသိုးထိန်းကြီး၊ နားထောင်တော်မူပါ။

အကျွန်ုပ်တို့ကို ကယ်တင်ခြင်းငှါကြွတော်မူပါ။ အကျွန်ုပ်တို့ကိုပြောင်းလဲစေ၍ မျက်နှာ တော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက် ကြပါလိမ့်မည်။ (ဆာလံ ၈ဝး ၁-၃)။

                             

                             

ယုဒပြည်၏ တောင်းပန်ချက်များကို ထာ၀ရဘုရားသခင်

နားညောင်းတော်မူခြင်း

               ယုဒပြည်အတွက် ကိုယ်စားပြုတောင်းပန်ချက်များနှင့် မိမိတို့၏ဘုရားသခင် တန်ခိုးကြီးရှင်ဘုရင်၏ ဂုဏ်တော်အပေါင်းချီးမြှောက်ခြင်းခံရဖို့ရန် ဟေဇကိမင်းကြီး၏ တောင်းပန်ချက်တို့သည် ထာ၀ရဘုရားသခင်၏စိတ်တော်နှင့် ညီညွတ်မှုရှိပါသည်။ ဤကဲ့သို့သော ဆုတောင်းချက်ကို ရှောလမုန်မင်းကြီးပြုခဲ့ဖူးသည် မဟုတ်လော။ ]ထာ၀ရဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အခြားတစ်ပါးသောဘုရား သခင် မရှိကြောင်းကိုလည်းကောင်း၊ မြေကြီးသားအပေါင်းတို့သည် သိမည်အကြောင်း ငါတို့ထာ၀ရဘုရားသခင်သည် မိမိကျွန်နှင့် မိမိလူဣသရေလ အမျိုးသားတို့၏ အမှုကို စောင့်စရာအကြောင်းရှိသည်အတိုင်း အစဉ်စောင့်တော်မူစေခြင်းငှါ ထာ၀ရဘုရား သခင်ရှေ့တော်၌ ငါဆုတောင်းသောဤပတ္ထနာစကားသည် နေ့ညမပြတ် အနီးတော၌ ရှိပါစေသော်။} (၃ရာ ၈း၅၉၊၆၀)။ အထူးသဖြင့် တိုင်းပြည်သည် စစ်မက်အင်္ဂါနှင်ရင်ဆိုင် နေရသဖြင့် ရန်သူတို့၏ဖိနှိပ်ညှဉ်းဆဲမှုကို ခံနေရသောအချိန်မှာ ဣသရေလမင်းတို့ သည် ဤဆုတောင်းရာအိမ်တော်ထဲသို့ဝင်၍ ပြည်တော်သည် လွတ်မြောက်ငြိမ်း အေးရေးအတွက် ထာ၀ရဘုရားသခင်ထံတော်မှ မျက်နှာရဖို့ အသနားခံတောင်း လျှောက်ရပါမည်။ (ငယ် ၃၃၊ ၃၄ ကို ကြည့်ပါ။)

               ထိုကဲ့သို့ ထုံးစံရှိခဲ့သည်အတိုင်း ကျင့်သုံးသွားသည်ဖြစ်၍ ပုရောဖက်ဟေရှာယ သည် ဟေဇကိမင်းထံသို့ စေလွှတ်ကာ ဣသရေလအမျိုး၏ ထာ၀ရဘုရားသခင် မိန့်တော်မူသည်ကား သင်သည် အာရှုရိရှင်ဘုရင်သနာခရိပ် အကြောင်းကြောင့် ငါ့ရှေ့မှာပြုသော ပတ္ထနာစကားကိုငါကြားရပြီ။ ထိုမင်း၏အမှုမှာ ထာ၀ရဘုရားသခင် မိန့်တော်မူသော စကားဟူမူကား။

 

သနာခရိပ်နှင့် ပတ်သက်သော ဟေရှာယ၏ သတင်းစား

               ]သင်သည် အဘယ်သူကိုကဲ့ရဲ့ဆဲရေးသနည်း။ အဘယ်သူကိုအော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားသခင်ကိုပင် ပြု ပါသည်တကား။ သင်သည်တမန်များအားဖြင့် ထာ၀ရဘုရားသခင်ကို  ကဲ့ရဲ့ပါသည်တ ကား။} ]သင်၏ နေထိုင်ခြင်း၊ ထွက်ဝင်ခြင်း၊ ငါ၌အမျက်ဟုန်းခြင်းတို့ကိုငါသိ၏။ ငါ၌ သင်၏ အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကိုငါကြားရသောကြောင့် သင့်ကို နှာရှုတ်တတ်၍ ဇက်ခွံ့ပြီးမှ သင်လာသော လမ်းဖြင့်ပြန်စေမည်။} (၄ရာ ၁၉း၂၀-၂၃၊ ၂၇၊ ၂၈)။

               ယုဒပြည်သည် စစ်သွေးကြွနေသော ကန္တာရမြေခွေးလက်နက်သားတို့၏ ချင်း နင်းဝင်ရောက်ကျူးကျော်တိုက်ခိုက်မှုများကြောင့် ပြိုပျက်နေသောမြို့ရွာများစွာ ရှိနေ ပါပြီ။ သို့သော်လည်းထာ၀ရဘုရားသခင်သည် ထူးဆန်းအံ့ဩဖွယ် ကယ်တင်မှုကို ပြု မည်ဟူသော ကတိတော်ကို ပြည်သားတို့အတွက် ထားရှိခဲ့ပါသည်။ ထိုကတိတော် နှင့်အညီ ဟေဇကိမင်းထံ ရောက်ရှိလာသောသတင်းဟူမူကား ]အာရှုရိရှင်ဘုရင်သည် မြို့ထဲသို့မဝင်ရ။ မြို့တဲသို့မြားကိုမပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကိမပြရ။ မြို့ပြင်မှာ မြေရိုးကို မဖို့ရ။ လာသောလမ်းဖြင့် ပြန်သွားရမည်။ မြို့ထဲသို့ မဝင်ရ။ ငါသည် ကိုယ်မျက်နှာကို လည်းကောင်း၊ ငါ့ကျွန်ဒါဝိဒ်၏ မျက်နှာကိုလည်းကောင်းထောက်၍ ဤမြို့ကို ကယ်တင်ခြင်းငှါ စောင့်မမည်ဟု ထာ၀ရဘုရားသခင်မိန့်တော်မူ၏။} (ငယ် ၃၂-၃၄)။

 

ကယ်နုတ်ချိန်ရောက်လာပြီ

               ထိုညတွင်းချင်းပင် ကယ်နုတ်ခြင်းကို တွေ့ရပါ၏။ ]ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်သည် ထွက်၍ အာရှုရိတပ်တွင်လူ တစ်သိန်းရှစ်သောင်းငါးထောင် တို့ကို ဒဏ်ခတ်သဖြင့် ထိုသူအပေါင်းတို့သည် အသေကောင်ဖြစ်ကြ၏။} (ငယ် ၃၅)။ ]အာရှုရိရှင်ဘုရင်တပ်၌ ခွန်အားကြီးသော သူရဲများ၊ တပ်မÈ;၊ စစ်ကဲများ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။} (၆ရာ ၃၂း၂၁)။

               အာရှုရိတပ်မဟာကြီးအား ထာ၀ရဘုရားသခင် အပြစ်ပေးစီရင်ခြင်း သတင်းဆိုး ကြီးသည် အီဂျစ်ပြည်မှာ ယုဒပြည်ကို ပြန်လည်ပတ်ဝိုင်း၍တိုက်ခိုက်ရန်ကြံစည်နေသော အာရှရိရင်ဘုရင်သနာခရိပ်ဆီသို့ ရောက်လေသည်။ ထိုသတင်းကြောင့် ရှင်ဘုရင်သည် ကြောက်ဒူးတုန်၍ ]မျက်နှာပျက်လျက် မိမိပြည်သို့ ပြန်သွားလေတော့သည်။}(ငယ် ၂၁)။ နေပြည်တော်သို့ရောက်ရှိပြီးသော် ရှင်ဘုရင်သည် တိုင်းပြည်ကို ကြာကြာဆက် လက် မအုပ်စိုးရပါ။ ပုရောဖက်ဟောချက်ရှိသည်အတိုင်း တစ်နေ့တွင် မိမိနတ်ဘုရား ရုပ်၏ ဗိမာန်တော်မှာ ဝတ်ပြုကိုးကွယ်နေစဉ် မိမိ၏သားရင်းတို့သည် ဖခင်ကိုဓါးနှင့် လုပ်ကြံသတ်ဖြတ်ကြပါသည်။ သားတော်ဧသရဟဒ္ဒုန်သည်လည်း ခမည်းတော် အရာ၌ နန်းထိုင်၏။ (ဟေရှာယ ၃၇း၃၈)။

               ဟေဗြဲလူမျိုးတို့၏ ဘုရားသခင်သည် အနိုင်ရလိုက်ပါပြီ။ ပတ်ဝန်းကျင် နိုင်ငံများ မျက်မြင်ကိုယ်တွေ့ကြားသိရသောကြောင့် ယေဟောဝါဘုရားသခင်၏ နာမတော်သည် ချီးမြှောက်ခြင်းကို ခံရပါ၏ ယေရုရှလင်မြို့တော်သူမြို့တော်သားတို့မှာကာ အတိုင်းမသိ ဝမ်းမြောက်ကြ၏။ ထိုကြီးမားသော ကယ်နုတ်ခြင်းကြောင့် ပြည်သူပြည်သားအပေါင်း တို့သည် မျက်ရည်ကျလျက် မိမိတို့၏အပြစ်များကို ဖော်ပြဝန်ချတောင်းပန်ခြင်း အမှုကို မြို့ကြသည်။ ထာ၀ရဘုရားသခင်၏ တန်ခိုးတော်ကို ထိုသူတို့သည် လုံးလုံးခိုလှုံတတ် လာလေပြီ။ ထာ၀ရဘုရားသခင်သည်လည်း သူတို့ကိုပစ်မထားခဲ့ပါချေ။ ဗိမာန်တော် ပရဝဏ်ကား ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်နှင့် သီချင်းသံများဖြင့် ပြည့်နက်၍ နေပါ တော့သည်။

 

]ရဲရင့်သောသူတို့သည် လုယူခြင်းကိုခံရ၍ အိပ်ပျော်ကြပြီ။ အားကြီးသောသူတစ်စုံ တစ်ယောက်မျှ မိမိလက်ကိုမတွေ့ရ။ ယာကုပ်အမျိုး၏ဘုရားသခင်၊ ကိုယ်တော်ဆုံးမ တော်မူသောအားဖြင့် ရထားစီးသောသူနှင့် မြင့်စီးသောသူတို့သည် ကြီးစွာသောအိပ် ခြင်းဖြင့် အိပ်ပျော်ကြပါ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ကြောက်ရွံ့ဖွယ် ဖြစ်တော် မူ၏။ အမျက်ထွက်တော်မူသောအခါ ရှေ့တော်၌ အဘယ်သူရပ်နေနိုင်ပါမည်နည်း။ သစ္စာ၏ကတိပြုကြလော့။ သင်တို့၏ ထာ၀ရဘုရားသခင်အား သစ္စာဝတ်ကိုလည်း ဖြေ ကြလော့။ ကိုယ်တော်၏ ပတ်လည်၌နေသော သူအပေါင်းတို့သည် ကြောက်ရွံ့ရိုသေ ဖွယ်သော ဘုရားသခင်ထံတော်သို့ လက်ဆောင်ကိုဆောင်ခဲ့ကြစေ။ ထိုဘုရားသခင် သည် မင်းသားတို့၏စိတ်ကို နှိမ့်ချတော်မူ၏။ လောက်ရှင်ဘုရင်တို့၌ ကြောက်ရွံ့ဖွယ် ဖြစ်တော်မူ၏။ (ဆာလံ ၇၆း၅-၁၂)။

 

မာန်မာနထောင်လွှားသော အာရှုရိအင်ပါယာကြီးမှာသင်ခန်းစာများ

               အာရှုရိအင်ပါယာကြီး၏ ဇာတိစုံကြွယ်၀မှုအထွတ်အထိပ်သို့ ရောက်ခဲ့ခြင်းကို ထာ၀ရဘုရားသခင်၏ ဥယျာဉ်တော်ရှိ မြင့်မြတ်သစ်ပင်ကြီးတစ်ပင်နှင့် တူကြောင်း ဝိညာဉ်တော်မှုတ်သွင်းသော စာစောင်များက ပုံခိုင်းထားပါ၏။ သစ်တစ်ပင်ကောင်းငှက် တစ်သောင်းနား၍ရသလို အရိပ်ခို၍ စည်းစိမ်ကြီးငယ်ခံစားနိုင်ခွင့်လည်းရှိ၏။ ကျမ်းစာ ချက်၏ တင်စားဖော်ပြပုံကို မှတ်သားပါ။ ]မိုးကောင်းကင်ငှက် အပေါင်းတို့သည် အကိုင်း အခက်တို့၌ အသိုက်လုပ်ကြ၏။ တောတိရစ္ဆာန် အပေါင်းတို့သည် အကိုင်းအခက် တို့အောက်သာ ဘွားကြ၏။ ထိုအပင်၏အရိပ်၌ ကြီးမားသော လူမျိုးအပေါင်းတို့သည် နေကြ၏။} ]ဧဒင်အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌ ရှိသမျှသောသစ်ပင်တို့သည် ထိုအပင်ကို ငြူစူသည်တိုင်အောင် အခက်အလက်များပြားသောအားဖြင့် သူ၏အဆင်း ကို ငါလှစေ၏။} (ယေဇကျေလ ၃၁း၆၊ ၉)။

               သို့သောလည်း အာရှုရိရှင်ဘုရင်တို့သည် လူသားအပေါင်းတို့အတွက် အကျိုး သက်ရောက်စေရန် မိမိတို့ရရှိထားသော ကောင်းချီးမင်္ဂလာများစွာကို အသုံးချရမည့် အစားထိုးသူတို့သည် လူသားအချင်းချင်းအပေါ် သနားညှာတာခြင်း မရှိ။ ထာ၀ရဘုရား သခင်ကိုလည်းဂရုမစိုက်။ တိုင်းပြည်အများကို နှောက်ယှက်ဖျက်ဆီးခြင်း၌သာ မွေ့ လျော်ကြ၏။ တိုင်းပြည်အပေါင်းတို့ကိုလည်း မိမိတို့၏ နိနေဝေမြို့တော်ရှိ ဘုရားသခင် များ၏ ဩဇာတန်ခိုးကြီးမားကြပုံများကို သာပြော၍ စည်းကမ်းချက်များကို ထုတ်ပြန်ကာ ဝတ်ပြုကိုးကွယ်စေကြ၏။ အမြင့်ဆုံးသော ထာ၀ရဘုရားသခင်ကိုစော်ကားဖြင်းဖြစ်သ တည်း။ ထာ၀ရဘုရားသခင်သည် ထိုမြို့တော်ကြီးကိုနှမြောသဖြင့် တစ်ချိန်တုန်းက ယောနကို သတိပေးသတင်းစကားနှင့်စေလွှတ်ကာ ကြွေးကြော်ခဲ့ရာမှာ တစ်ခဏအ တိုင်းအတာ၌ စိတ်နှလုံးနှိမ့်ချခဲ့ကြပါသော်လည်း နောင်များမကြာမီအတွင်း နတ်ဘုရား ရုပ်တုများကိုသာ ပြန်လည်ကိုးကွယ်ကာ ကမ္ဘာကိုသိမ်းပိုက်ဖို့ ကြိုးစားခဲ့ကြပါသည်။

နိနေဝေမြို့တော်ကြီးမှာ အပြစ်သားကောင် တွေပေါများနေကြောင်းကို ပုရော ဖက်နာဟုံက ဤသို့စာပန်းချီခြယ်ခဲ့ပါသည်။လူအသက်ကို သတ်တတ်သောမြို့၌ ဆိုး ကျိုးဖြစ်စေသော လှည့်စားခြင်း၊ အနိုင်အထက်ပြုခြင်းနှင့် ပြည့်၀၏။ ဖမ်းမိသောအရာ ကို မလွှတ်တတ်။မြင်းစီးသူရဲသည် မီးတောက်သောဓါး၊ လျှပ်စစ်ပြက်သောလှံကို ချီ လျက် တိုက်သောသူရဲအများနှင့် သေသောသူအဖုံဖုံရှိကြ၏။ အသေကောင်တို့ကို ရေ တွက်၍မကုန်နိုင်။ လူသေကောင်များကို ထိမိ၍လဲတတ်ကြ၏။ ကောင်းကင်ဗိုလ်ခြေ ထာ၀ရဘုရားသခင်မိန့်တော်မူသည်ကား သင်တစ်ဖက်၌ ငါနေ၏။ (နာဟုံ ၃း၁၊ ၃၊ ၅)။

 

               အနှိုင်းမဲ့တန်ခိုးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်သည် တိုင်း နိုင်ငံအသီးသီးနှင့် သင့်မြတ်လျော်ကန်စွာ ဆက်ဆံပါသည်။ ထိုဘုရားသခင်သည် ကရုဏာသနားခြင်း စိတ်တော်နှင့် တိုင်းပြည်အသီးသီးကို နောင်တရဖို့ရန်ဖိတ်ခေါ် ချက်နေ၏။ ထိုကာလအတွင်း လူအပေါင်းတို့၏စာရင်သည် ဖွင့်ထားလျက်နေပါသေး ၏။ သို့သော်လည်း ထာ၀ရဘုရားသခင် သတ်မှတ်ထားတော်မူသော ဘောင်ထက် ကျော်လွန်၍ ပြန်လမ်းမရှိတော့အောင် အပြစ်နွံမှာ မွေ့လျော်ပျော်ပိုက်နေသော သတ္တဝါတို့ကိုကား အမျက်တော်မီးတောက်သည် စတင်လျက်ရှိပေသည်။ ထိုအခါ ထိုသတ္တဝါတို့အတွက် စာရင်းသည် ပိတ်ထားလျက်ရှိနေလေပြီ။

               ]ထာ၀ရဘုရားသခင်သည် စိတ်ရှည်တော်မူ၏။ တန်ခိုးလည်း ကြီးတော်မူ၏။ သို့ရာတွင် အပြစ်တည်သောသူတို့ကို အပြစ်မှလွှတ်တော်မမူ။} ]အမျက်တော်ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။ အမျက်တော်အရှိန်ကို အဘယ်သူဆီးတားနိုင်သနည်း။} (နာဟုံ ၁း၃၊ ၆)။

               မာနကြီးသောနိနေဝေမြို့တော်ကြီးသည် နောက်ဆုံးတစ်နေ့တွင် ပျက်ဆီး ပျောက်ကွယ်သွားရ၏။ ]ခြင်္သေ့နေရာအရပ်၊ ခြင်္သေ့ပျိုစားရာအရပ်၊ ခြင်္သေ့၊ ခြင်္သေ့မ၊ ခြင်္သေ့ကလေးတို့သည် အဘယ်သူမျှ မကြောက်စေဘဲ ကျင်လည်ရာအရပ်သည် အ ဘယ်မှာရှိသနည်း။} (နာဟုံ ၂း၁၀၊ ၁၁)။ (ဇေဖနိ ၂:၁၅)။

               ဤနိနေဝေမြို့တော်ကြီးနှင့် ပတ်သက်၍ ပုရောဖက်ဇေဖနိကလည်း ကြိုဟော ထားချက်များရှိခဲ့လေသည်။ ] မြို့အလယ်၌သို့စုများနှင့် တစ်ပါးအမျိုးသားရဲအပေါင်း တို့သည် အိပ်ကြလိမ့်မည်။ ဝံပိုနှင့် ဖြူတို့သည် တံခါးထုတ်၌ နေရာကျ၍ ပြတင်းပေါက်၌ မြည်ကြလိမ့်မည်။ တံခါးခုံတို့သည် လူဆိတ်ညံလျက် အာရဇ်သစ်သား၌ အပြောက် ပယ်ရှင်းလျက်ရှိလိမ့်မည်။} (ဇေဖနိ ၂း၁၄)။

               အာရှုရိလူတို့၏ မာန်မာနနှင့်ကျဆုံးခြင်းတို့သည် ကမ္ဘာနောက်ဆုံး ကာလတွင် သက်ရှင်နေထိုင်ကြကုန်သော လူသားတို့အတွက် သင်ခန်းစာယူစရာ ပုံရိပ်တစ်ခု ဖြစ်ပေ၏တကား။ ]ထာ၀ရဘုရားသခင်သည် ကောင်းတော်မူ၏။ အမှုရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလှုံသောသူတို့ကို သိမှတ်တော်မူ၏။ ရန်သူနေရာကိုလွှမ်းမိုး သော မြစ်ရေနှင့် ဆုံးရှုံးစေတော်မူသဖြင့် ရန်သူတို့ကို မှောင်မိုက်လိုက်လိမ့်မည်။} (နာဟုံ ၁း၇၊ ၈)။ သို့ဖြစ်၍ ဤမျှကောင်းမြတ်လှသည့် အမြင့်ဆုံးသော ထာ၀ရဘုရား သခင်ထက် မိမိကိုယ်ကို ချီးမြှောက်ရန် မကြိုးစားလေနှင့်။(ဇေဖနိ ၁၀း၁၁)။

               ရှေးခေတ်အချိန်အခါများမှာရှိသော တိုင်းနိုင်ငံတို့သည် ထာ၀ရဘုရားသခင် ကို ဆန့်ကျင့်၍ မိမိတို့ကိုယ်ကို အမွမ်းတင်အလှခြယ်သဖြင် ကျဆုံးပျက်စီး ပျောက်ကွယ် သွားခဲ့ရသလို ယနေ့တိုင်းပြည်အသီးသီးတို့သည်လည်း ထာ၀ရဘုရားသခင်၏ အကြံ တော်နှင့် သွေဖည်ကာပြုအပ်သည့်ဝတ်ကိုမပြုဘဲ နေချေက ပျက်စီးပျောက်ကွယ်သွား နိုင်သည်ဟု ဆိုရပေမည်။ နောက်ဆုံးအကျိုးအပြစ်ကို ဆပ်ပေးတော်မူမည် တစ်နေ့မှာ သန့်ရှင်းဖြောင့်မတ်တော်မူသော နိုင်ငံတကာတို့၏ အထွက်တရားသူကြီးချုပ်သည် ]လူမျိုးတို့ကို ရှင်းရှင်းဖျက်ဆီး} (ဟေရှာယ ၃ဝး ၂၈) တော်မူလိမ့်မည်ဖြစ်၏။ ကယ်တင် ခြင်းရရှိသူတို့မူကား အောင်မြင်သော တေးသီချင်းများကို ကျူးအေးကြပါလိမ့်မည်။ ပုရောဖက်၏ စကားချက်အတိုင်းမြွက်ဆို ရပါလျှင် ]သင်တို့သည် ပွဲခဲ့သောနေ့ညတွင် ပြုသကဲ့သို့ သီချင်းဆိုရကြလိမ့်မည်။ ဣသရေလအမျိုး၏ ကျောက်၊ ထာ၀ရဘုရား သခင်၏ တောင်တော်သို့ ပလွေမှုတ်လျက်သွားသကဲ့သို့ ဝမ်းမြောက်ရကြရလိမ့်မည်။ ထာ၀ရဘုရားသခင်သည်လည်း ဘုန်းကြီးသော အသံတော်ကို လွှတ်တော်မူလိမ့်မည်။ သို့ဖြစ်၍ အာရှုရိလူသည် ထာ၀ရဘုရားသခင်၏ အသံတော်အားဖြင့် လှဲချခြင်း၊ လှံတံ တော်အားဖြင့် ဒဏ်ခတ်ခြင်းကိုခံရလိမ့်မည်။} (ငယ် ၂၉-၃၂)။

 

                                                           

No comments:

Post a Comment