အခန်း (၃၅)
ယုဒလူမျိုး၏
အံ့ဖွယ်စိတ်နှလုံးခိုင်မာမှု
ယုဒရှင်ဘုရင်ယောယကိမ်၏ ထီးနန်းသက်ပထမပိုင်းမှာ
မကြာမီကျရောက် လာတော့မည့် ပျက်စီးခြင်းငါးပါးသတိပေးချက်နှင့် ပြည့်နေခဲ့၏။
နိုင်ငံအပေါင်းက မမျှော် လင့်ဘဲနေစဉ်မှာ ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်သော
ဗာဗုလုန်အင်ပါယာကြီးသည် အရှေ့ ပိုင်းဒေသအရပ်များမှာသည် လျင်မြန်သောအရှိန်အဟုန်ဖြင့်
အာရှုရိပြည်၊ အီဂျစ်ပြည် နှင့် အခြားသောတိုင်းနိုင်ငံများကို ဝင်ရောက်ချင်းနင်း
တိုက်ခိုက်သိမ်းပိုက်ခဲ့လေသည်။
ဗာဗုလုန်ရှင်ဘုရင်သည် ထာ၀ရဘုရားသခင်၏အမျက်ဒေါသဆောင် တန်
ဆာပလာတစ်ခုဟု ဆိုရပါမည်။ နားကောက်၍စိတ်နှလုံးခိုင်မာသော ယုဒပြည်ကို စီရင် ရပါသည်။
နေဗုခဒ်နေဇာမင်းကြီး၏တပ်မတော်သည် ယေရုရှလင်မြို့တော်ကို ကြိမ်ဖန် များစွာ
ဝင်ရောက်တိုက်ခိုက်ကာ စီမံကွပ်ကဲအုပ်ချုပ်ရ၏။ ထောင်သောင်းနှင့် ချီ၍
ပြည်သားတို့သည် သုံ့ပန်းအဖြစ်အကြိမ်ကြိမ်ပါသွားရ၏။ ယောယကိမ်၊ ယေခေါနိနှင့်
ဇေဒကိစသော ယုဒရှင်ဘုရင်တို့သည် ဗာဗုလုန်ရှင်ဘုရင်၏ လက်အောက်ခံဖြစ် သောကြောင့်
အခွန်ကိုပေးဆောင်ရ၏။ အားလုံးကိုလည်း ဝန်မခံ၊ ပုန်ကန်ကြလေသည်။ သို့ဖြစ်သောကြောင့်
ထိုမျှ ပုန်ကန်မှုကို စွဲလမ်းသော ပြည်တော်ကို ပြင်းထန်လှသော ပြစ်ဒဏ်ကို ပေးကာ
ဆုံးမရာ၌ နောက်ဆုံးတွင် ယေရုရှလင်မြို့တော်ကြီးသည်လည်း မီးလောင်ပျက်စီးရ၏။
ရှောလမုန်မင်းကြီး တည်ဆောက်ခဲ့သော လှပဂုဏ်ယူစရာ ကျက် သရေဆောင်ဗိမာန်တော်ကြီးလည်း
ညက်ကြေခဲ့ရသည်။ ဤသို့ယုဒပြည် ကျဆုံးခြင်း အဖြစ်သည် ဘယ်သောအခါမျှယခင်က
အခြေအနေမျိုးကို ပြန်လည်၍နာလန်မထူ နိုင်လောက်အောင်ဖြစ်ခဲ့ရလေသည်။
ထိုခေတ်ပြောင်းကာလများအတွင်း ဘယ်ကဲ့သို့ယုဒလူမျိုးတို့သည်
တုံ့ပြန် ဝန်ခံကာ နေထိုင်သက်ရှင်ရမည်အကြောင်း ပုရောဖက်ယေရမိအားဖြင့် ကောင်းကင်ဘုံ
ကသတင်းစကားများကို အကြိမ်ကြိမ်ကြားနာရပါ၏။ အီဂျစ်ပြည်နှင့် မဟာမိတ်မဖွဲ့ တော့ဘဲ
သီးခြားနေခြင်းဖြင့် ဗာဗုလုန်နိုင်ငံနှင့်တိုက်လှန်မှုကို ရှောင်ရှားနိုင်ကြောင်း
ထာ၀ရဘုရားသခင်သည် ယုဒပြည်သားတို့အားမိန့်ဆိုထားခဲ့ပြီဖြစ်သည်။ ထိုသတင်း စကားကို
လူတို့ပို၍ နားလည်လွယ်အောင်ကိုလည်း ယေရမိသည် လက်တွေ့ကျကျ ပုံပမာများနှင့်
ပြောဆိုသွန်သင်ခဲ့၏။ သို့ပြုမှာသာလျှင် လူတို့သည်နားလည်သဖြင့် ဘုရားသခင်ပေးသော
တာဝန်ဝတ္တရားများကို သိမှတ်စွဲလမ်းနာခံနိုင်၍ ဗာဗုလုန်အစိုးရ မင်းနှင့်
မိတ်ဆွေဖွဲ့ဆက်ဆံရေးမှာ ရေရှည်တည်မြဲမည်မဟုတ်ပါလား။ အနာတရဖြစ် ပွားမှုများလည်း
လျှော့နည်းသွားပေမည်။
ထာ၀ရဘုရားသခင်၏ စကားတော်ကိုနားထောင်ခြင်း၏ အရေးကြီးပုံကို
သာဓ ကအနေဖြင့်ပြရန် ယေရမိသည်ရေခပ်အမျိုးသားတို့ကို ဗိမာန်တော်အတွင်း၌ စုဝေး စေ၍
သူတို့ရှေ့မှာစပျစ်ရည်ကိုထားကာ စပျစ်ရည်ကိုသောက်ပြပါဟု ဆိုပါသည်။ သို့သော်လည်း
သူမျှော်လင့်သည့်အတိုင်းပင် ရေခပ်အမျိုးသားတို့သည် လုံး၀ငြင်းဆို ခဲ့ကြလေသည်။
]သူတို့ကလည်း အကျွန်ုပ်တို့သည် စပျစ်ရည်ကိုမသောက်ပါ။ အ ကြောင်းမူကား၊
အကျွန်ုပ်တို့အမျိုး၏အဘရေခပ်၏ သားယောနဒပ်က၊ သင်တို့မှစ၍ သားစဉ်မြေးဆက်တို့သည်
စပျစ်ရည်ကိုမသောက်ရကြ။} ]ထိုအခါ
ထာ၀ရဘုရားသခင် ၏ နှုတ်ထွက်စကားတော်သည် ယေရမိသို့ရောက်လာ၍ ဣသရေလအမျိုး၏ ကောင်း
ကင်ဗိုလ်ခြေထာ၀ရဘုရားသခင် မိန့်တော်မူသည်ကားစပျစ်ရည်ကို မသောက်ရဟု
ရေခပ်သားယောနဒပ်သည် မိမိသားတို့၌ထားသောပညတ်စကားအတိုင်း သူတို့သည်
ကျင့်၍ယနေ့တိုင်အောင် စပျစ်ရည်ကိုမသောက်ဘဲနေလျက်အဘ၏ ပညတ်စကားကို နားထောင်ကြ၏။
ငါသည်စောစောထ၍ သင်တို့ကို အထပ်ထပ်ပြောသော်လည်း သင် တို့သည် ငါ့စကားကိုနားမထောင်ကြ။} (ယေရမိ ၃၅း၆၊ ၁၂-၁၄)။ သို့ဖြစ်၍ပြင်းထန် သော
အပြစ်ပေးတရားစီရင်ခြင်းကို ယုဒလူတို့ခံရကြပေသည်။
ထာ၀ရဘုရားသခင်မြွက်ဆိုခဲ့လေပြီ။ ]ငါ၏ကျွန်
ပုရောဖက်အပေါင်းတို့ကို လည်း ငါသည်စောစောထ၍ သင်တို့ရှိရာသို့အထပ်ထပ်စေလွှတ်လျက်
သင်တို့ အသီးသီးလိုက်သော အဓမ္မလမ်းကိုရှောင်ကြလော့။ သင်တို့အကျင့်ကိုပြုပြင် ကြလော့။ အခြားတစ်ပါးသော
ဘုရားသခင်နောက်သို့မလိုက်၊ ဝတ်မပြုကြနှင့်။ ဤစကားကို နား ထောင်လျှင်
သင်တို့နှင့်သင်တို့၏ ဘိုးဘေးတို့အားငါပေးသော ပြည်၌ နေရကြ လိမ့်မည်ဟု
မှာလိုက်သော်လည်း သင်တို့သည် နားကို ပိတ်လျက် ငါ့စကားကို နားမထောင်ဘဲ နေကြပြီ။
ထိုကြောင့် ငါသည် ခြိမ်းခြောက်သမျှသော ဘေးဥပဒ်တို့ကို ယုဒပြည်သူ၊ ယေရုရှင်မြို့သား
အပေါင်းတို့အပေါ်သို့ ရောက်စေမည်။} (ငယ် ၁၅၊ ၁၇)။
လူတို့သည် အနူးအညွတ်တောင်းပန်နေသည်ကို ဂရုမစိုက်၊
ကျောခိုင်း၍ စိတ် နှလုံးကို ခိုင်မာစေသောအခါမှာ ထာ၀ရဘုရားသခင်သည် ထိုသူတို့အား
အခြားသော လွှမ်းမိုးမှု အင်အားစု၏ လက်တွင်းသို့ကျရောက်ရန် ခွင့်ပြုလိုက်ပါသည်။
အမှန်တရားကို ငြင်းပယ်ခြင်းသည် သူတို့၏ပျက်စီးဆုံးရှုံးမှုကိုဖြစ်စေသော
မှောက်မှားမှုကို လက်ခံခြင်း သာဖြစ်ပါ၏။ ယခုမှာ ထာ၀ရဘုရားသခင်၏စကားတော်ကို
နားမထောင်သော ထိုသူ တို့သည် ဘုရားသခင်အသုံးတော်ခံခါလဒဲ လူတို့၏လက်တွင်းမှာ သူတို့
ရက်စက်သမျှကို ခံရလေပြီမဟုတ်လော။ သူတို့ခံနေရသောဖြစ်ရပ်မှန် ဆင်းရဲခြင်းဝေဒနာ
အလုံးစုံတို့ သည် မိမိတို့ထံသို့ထွန်းလင်းခဲ့သော တရားအလင်းပမာဏကို
မထီမဲ့မြင်ပြုငြင်းပယ် ခဲ့ခြင်း၏ တုံ့ပြန်မှုပင်ဖြစ်ချေသည်။
ဤကားထာ၀ရဘုရားသခင်က မနှစ်မြို့သော်လည်း
ရှောင်လွှဲ၍မရတော့သောပြစ်မှားမှုကြီးကို အကျိုးပေးဆပ်ခြင်း လုပ်ရပ်တစ်ခုပင်ဖြစ်ပါ
တော့သည် မဟုတ်ပါလား။
ရေခပ်အမျိုးသားတို့အဖို့မှာကား ထာ၀ရဘုရားသခင်သည်
မစဲသောကောင်း ချီးမင်္ဂလာမိုးရွာသွန်းဖြိုးရန် ကြေညာခဲ့ပါသည်။ ]သင်တို့သည်
သင်တို့အဘယောနဒပ် ၏ ပညတ်စကားကို နားထောင်၍ သူစီရင်ထုံးဖွဲ့သမျှအတိုင်း
ကျင့်စောင်သောကြောင့် ရေခပ်သားယောနဒပ်အမျိုး၌ ငါ့အမှုထမ်းတို့သည် အစဉ်ရှိ
ကြလိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေထာ၀ရဘုရားသခင်မိန့်တော်မူ၏။} (ငယ် ၁၈၊ ၁၉)။ ဤသင်ခန်းစာသည် ကျွန်ုပ် တို့အတွက်ပင်ဖြစ်ချေ၏။
အကယ်၍သာပညာရှိသော ဖခင်တစ်ဦး၏တောင်းဆိုချက် များကို
ဤလောကပျော်ပါးမှုစရိုက်ဆိုးများမှာ လုံခြုံမှုရှိနိုင်အံ့သောငှါ ကျပ်တည်းစွာ
နားထောင်ခြင်းကို သားသမီးအစဉ်အဆက်တို့သည် ပြုနိုင်စွမ်းပါသော် အကယ်စင်စစ်
ထာ၀ရဘုရားသခင်၏ အာဏာတန်ခိုးအလုံးစုံကို ပိုမို၍ပင် ရိုသေလေးမြတ်စွာ သဘော
ထားသင့်ကြသည်မဟုတ်လော။ သို့သော်လည်း ယုဒပြည်သူပြည်သားတို့သည် ထိုသို့ မဟုတ်ကြရကား၊
ထာ၀ရဘုရားသခင်သည် မိမိ၏ကျွန်ပုရောဖက်အားဖြင့် နားမထောင် ခြင်း၏
ဘေးဥပဒ်အန္တရာယ်ကိုကြိုဟောစေခဲ့ပါသည်။ သတိပေးခြင်းနှင့် အပြစ်ကို
ဖော်ပြပယ်ရှင်းခြင်းသည် သခင့်အလုပ်ပင်ဖြစ်ချေသည်တကား။ လူတို့သည်ထာ၀ရ ဘုရားသခင်၏
ကရုဏာတော်အားဖြင့်သာလျှင် ဘေးရန်ကင်းစွာ ချမ်းသာကြွယ်၀နိုင် ကြပေသည်။
ရွေးချယ်ရာအသုံးတော်ခံ တန်ဆာပလာများတို့၏ အားကြီးသောစေတနာ၊
ကြည့်ရှုစောင့်ရှောက်မှုအားဖြင့် လူသည်ဘေးကင်းရန်ကွာ ကြွယ်၀နိုင်ပေသည်။ သို့
သော်လည်း ထိုသခင်၏အကြံပေးချက်ကို နားမထောင်သောသူတို့ကိုကား ထာ၀ရ ဘုရားသခင်သည်
မထိန်းသိမ်းနိုင်သည်မှာ လူသားတို့၏ ရွေးချယ်မှုသာဖြစ်ပါသည်။
သစ္စာရှိလူငယ်များ
နှိုးဆော်အားပေးမှုကို ခံရခြင်း
ယေရမိသည်
ထာ၀ရဘုရားသခင်၏ အမှုတော်မြတ်တွင် စိတ်နှလုံးသန့် ရှင်းဖြူစင်ခြင်း၏ အရေးကြီးပုံကို
ဘယ်သောအခါမျှ မျက်ခြည်ပြတ်မခံခဲ့ပါချေ။ သူသည် တိုင်းနိုင်ငံများ အနှံ့အပြားမှာ
ယုဒလူမျိုးတို့သည် ပြန့်ကျဲနေထိုင်ကြရမည်ကို ဝမ်းနည်း
စရာကြိုမြင်ခဲ့ပြီဖြစ်သော်လည်း ယုံကြည်ခြင်းအားဖြင့် သူသည်ပြန်လည် တည်ထောင်
ပြုပြင်ရေးကာလကိုမှန်းမျှော်ကာ စိတ်အာရုံထဲမှာ မြင်တွေ့ပီတိဖြာခဲ့ရပါသည်။ ]ထာ၀ရ
ဘုရားသခင်မိန့်တော်မူသည်ကား၊ သန့်ရှင်းသောအညွန့်ကို ဒါဝိဒ်အဖို့ ငါပေါက်စေ
သည်အတိုင်း ဉာဏ်ကောင်းသောရှင်ဘုရင်တစ်ဦးသည်စိုးစံ၍ မြေကြီးပေါ်မှာတရား သဖြင့်
ဖြောင့်မတ်စွာစီရင်ရာကာလသည်ရောက်လိမ့်မည်။ ထိုမင်းလက်ထက်၌ ယုဒ ပြည်သည်
ကယ်တင်ခြင်းသို့ရောက်၍ ဣသရေလပြည်လည်းငြိမ်ဝပ်စွာနေရလိမ့်မည်။ ထိုမင်းသည်
]ယေဟောဝါဇေဒကနု} ဟူသော
ဘွဲ့နာမရှိလိမ့်သတည်း။} (ယေရမိ ၂၃း၃၊ ၆)။
မှောက်မှားဖောက်ပြန်မှု
အမှောင်ကမ္ဘာလောကကြီးအလယ်မှာ သန့်ရှင်းသော အသက်တာနှင့် နေထိုင်ဖို့ရန်
ရွေးချယ်ဆုံးဖြတ်သောသူတို့သည် သခင့်အတွက် သက် သေခံရကြပါမည်။ ထိုနေ့ရက်များလာနေပြီ။
]သို့ဖြစ်၍ ထာ၀ရဘုရားသခင်မိန့်တော် မူသည်ကား၊ ဣသရေအမျိုးသားတို့ကို
အီဂျစ်ပြည်မှနုတ်ဆောင်သော ထာ၀ရဘုရား သခင်အသက်ရှင်တော်မူသည် ဟူ၍ အကျိန်ဆိုဘဲ
ဣသရေလအမျိုးသားအစဉ်အ ဆက်တို့ကို မြောက်ပြည်မှစ၍ နှင်ထုတ်ဖူးသောပြည်ရှိသမျှတို့မှ
ပို့ဆောင်သောထာ၀ရ ဘုရားသခင် အသက်ရှင်တော်မူသည်ဟူ၍ ကျိန်ဆိုရသော ကာလနောက်တစ်ဖန်
ရောက်လိမ့်မည်။ သူတို့သည်နေရင်းပြည်၌ တစ်ဖန်နေရကြလိမ့်မည်။} (ငယ် ၇၊ ၈)။ ထိုပုရောဖက်ပြုဟောထားချက်ကို ယေရမိပြုနေစဉ်မှာ
ဗာဗုလုန်တပ်မဟာကြီးသည် ဇိအုန်မြို့ရိုးကို ဝန်းရံဖြိုချဖို့ရန်
ကြိုးစားနေသည့်အချိန်ဖြစ်ပါသည်။
ဤကတိတော်မြတ်သည် ထာ၀ရဘုရားသခင်ကို သစ္စာရှိစွာ ဆက်လက်
ကိုးကွယ်နေကြသူတို့၏နားအကြားအာရုံတွင် လွန်စွာမှပင်ချိုသာလှပေ၏။ ထာ၀ရ ဘုရားသခင်၏
အကြံပြုချက်တို့ကိုစောင့်ထိန်းပါမည်ဆိုသော အိမ်ထောင်မိသားစုတွင် ကလေးငယ်များသော်မှ
နိုးနိုးကြားကြားဖြစ်လာကြပါသည်။ သူငယ်ဘ၀တွေ့ကြုံရသည် များမှာလည်း တစ်သက်တာအတွက်
မေ့မရနိုင်အောင်ရှိနေကြပါသည်။ သို့ဖြစ်၍ သန့် ရှင်းသော
အမှန်တရားပြကျမ်းစာတော်မြတ်၏ သွန်သင်ချက်အတိုင်း သက်ရှင်နေထိုင် ကြသောသူတို့တွင်
ဒံယေလနှင့်သူ၏ အဖော်များတို့၌ ကမ္ဘာလူမျိုးအသီးသီးတို့ရှေ့ မှောက်မှာစစ်မှန်သော
ဖန်ဆင်းသူထာ၀ရဘုရားသခင်ကို ချီးမြှောက်နိုင်သည့်အခွင့်
အရေးများရရှိခဲ့ပါသည်မဟုတ်လော။ အိမ်မှာမိဘများထံမှရရှိသော သွန်သင်ချက်များ
တို့ကြောင့် ဟေဗြဲကလေးငယ်တို့၏ယုံကြည်ခြင်းသည် နေရာဒေသ၊ အခြေအနေမရွေး
ခွန်အားတိုးပွားရ၏။ ဗာဗုလုန်ဧက္ကရာဇ်မင်းကြီးနေဗုခဒ်နေဇာက ပထမဦးဆုံးအကြိမ် ယေရုရှလင်မြို့ကို
အောင်နိုင်သောအချိန်မှာ ဒံယေလနှင့်အပေါင်းပါတို့ကို သုံ့ပန်းများ
အဖြစ်ခေါ်ဆောင်သွားခဲ့သဖြင့် ထိုဟေဗြဲလူငယ်တို့၏ ယုံကြည်ခြင်းမှာ အမြင့်ဆုံးသော
စမ်းသပ်မှုကို ခံခဲ့ရသည်မဟုတ်လော။ သို့သော်လည်း ထာ၀ရဘုရားသခင်ကိုခိုလှုံ
ကိုးစားတတ်သောအလေ့ကို ကလေးငယ်ဘ၀မှာကတည်းက ရရှိထားပြီဖြစ်သော ကြောင့်
ထိုလမ်းပြပို့ဆောင်မှုကြီးအားဖြင့် အဆင်မပြေသည်ဟူ၍မရှိပါချေ။ ဘုရား
သခင်အလိုတော်နှင့်အညီ မိမိတို့ ကိုယ်ကိုပညာပေး၍ ပတ်ဝန်းကျင်နှင့်ညှိယူကာ
နေထိုင်သက်ရှင်တတ် သူများဖြစ်လာကြပါသည်။
ယုဒပြည်ကို အပြစ်စီရင်ရန်အချိန်သည် ကျရောက်တော့အံ့ဟု
ဘုရားသခင်၏ အမိန့်တော်ကိုပြန်ရသောယေရမိသည် ထာ၀ရဘုရားသခင်၏ တရားမျှတဖြောင့်မတ်
မှုကို မားမားမတ်မတ်သက်သေထူခဲ့ပါ၏။ မိမိ၏ဩဇာလွှမ်းမိုးမှု ဇုန်ကျယ်ပြန့်ရန် အ
တွက်ကိုလည်း နိုင်ငံတော်အတွင်းရှိနေရာ ဒေသများစွာသို့ မကြာခဏအလည် အပတ်
ပြလေ့ရှိပါသည်။ ရောက်လေရာရာ အရပ်တိုင်းမှာယေရမိသည် သနားခြင်း ကရု ဏာရှိသူ
ဖြစ်တော်မူသောဘုရားသခင်နှင့် ထာ၀ရရှိတော်မူသော ဆက်ဆံရေး ကတိ ခံဝန်ချက်ကို
ဆက်လက်ထိန်းသိမ်းရန် အရေးကြီးလှကြောင်း၊ ထိုသခင်သိနာ တောင်မှာ ပညတ်တော်ဆယ်ပါးကို
ပေးသူသခင်ကြီးဖြစ်ကြောင်း မပြတ်သက်သေခံ မြွက်ဆိုသ ဖြင့်လည်း
ထိုသတင်းသည်နိုင်ငံတော်အတွင်း နေရာအနှံ့သို့ရောက်ရှိခဲ့လေသည်။
အမှားကို
ဆက်လက်လုပ်နေသော ဘုရင်ယောယကိမ်
တိုင်းပြည်နှင့် လူမျိုးတို့အပေါ်သို့ ကျရောက်အံ့ဆဲဆဲ
ရင်လေးဖွယ်ရာပျက်စီး ခြင်း သတင်းဆိုးကြီးသည် မÈ;ကြီးမတ်ရာ၊
ပြည်သူပြည်သားတို့အား စေ့စေ့သိမှတ် ဆင်ခြင်စေသော အချိန်မျိုးမှာ ရှင်ဘုရင်သည်မိမိ၏
ပြန်လည်ပြုပြင်ပြောင်းလဲရန် အ ရေးကြီးလိုအပ်နေသော
သာသနာတော်သန့်စင်ရေးကိုလုပ်ရမည့်အစား၊ မိမိ၏ ဇာတိ အလိုဆန္ဒအတိုင်း
ပျော်ပါးသက်ရှင်ရန် အချိန်ကိုသုံးဖြုန်းခဲ့လေသည်။ ရှင်ဘုရင်သည် ]ကြီးသောအိမ်၊
ကျယ်သောအထက်ခန်း} တို့ကိုဆောက်၍
ပြတင်းပေါက်ကိုဖောက်ကာ ]အာရဇ်သစ်သားနှင့်မိုးပြီးမှ
ဟင်္သာပြဒါးနှင့်ခြယ်လှယ်သည်မှာ ငွေကြေးအကုန်အကျ များလွန်းလေ၏။ ထိုစရိတ်ကို
သူသည်မှားယွင်းသောနည်း၊ နှိပ်စက်ကလူပြုခြင်းအား ဖြင့် ငွေကိုရယူကာ
လုပ်အားခကိုလည်းမရှင်းဘဲ မကောင်းမှုဆိုးကျိုးကို ဖိတ်ခေါ်သူ ဖြစ်ခဲ့ပါသည်။
ထိုသို့မတရားသောရှင်ဘုရင်ကို ဘုရားသခင်သည် အပြစ်အတွက်
တရားစီ ရင်ရန်လိုအပ်နေပြီဖြစ်၍ ပုရောဖက်သည် ဝိညာဉ်တော်တိုက်တွန်းခြင်းဖြင့် ကြေညာ
ချက်ကိုထုတ်ပြန်ရလေသည်။ ]မတရားသောအမှုအားဖြင့် မိမိအိမ်ကိုလည်းကောင်း၊ အဓမ္မပြု၍
အထက်ခန်းတို့ကိုလည်းကောင်းဆောက်သောသူ၊ အိမ်နီးချင်းကိုအခမပေး
ဘဲစေစား၍အလုပ်လုပ်သည်အတွက် ဆုမချသောသူသည် မကောင်းမှုဆိုးကျိုးရှိ၏။} ]ထိုကြောင့် ထာ၀ရဘုရားသခင်သည် ယုဒရှင်ဘုရင်ယောရှိမင်းကြီး၏
သားယောယ ကိမ်ကို ရည်မှတ်၍မိန့်တော်မူသည်ကား သူ၏အတွက် သခင်၏ဘုန်းဟူ၍ မမြည် တမ်းရကြ။
ယေရုရှလင်မြို့ပြင်သို့ဆွဲသွား၍ ပစ်ထားသဖြင့် မြည်းကိုသဂြုØဟ်သကဲ့သို့ ထိုမင်းကို သဂြုØဟ်ရလိမ့်မည်။} (ငယ် ၁၃၊ ၁၈၊ ၁၉)။
ထိုထုတ်ပြန်ချက်သည်
နှစ်ပေါင်းအနည်းငယ်အတွင်း ရှင်ဘုရင်၌ပြည့်စုံခဲ့ပါသည်။ သို့ ရာတွင်ဘုရားသခင်သည်
မိမိ၏အကြံတော်မည်သို့ရှိခဲ့သည်ကို ပြည်တော်အား ကရု ဏာကြီးစွာဖြင့်
နှစ်ဆယ့်သုံးနှစ်ပတ်လုံး ပုရောဖက်ယေရမိအားဖြင့် သိနားလည်စေ ခဲ့ပါပြီ။
ပြည်တော်ကိုဘုရားသခင်သည်ကယ်တင်လို၏။ သို့သော် ထိုဖိတ်ခေါ်ကမ်းလှမ်း မှုကို
ပြည်သားတို့သည်လက်မခံ၊ ငြင်းပယ်ခဲ့ပါသည်။ (ယေရမိ ၂၅း၁-၃ ကို ဖတ်ပါ)။ ယခုမှာတော့
]ထိုကြောင့် ကောင်းကင်ဗိုလ်ခြေထာ၀ရဘုရားသခင် မိန့်တော်မူသည် ကား သင်တို့သည်
ငါ့စကားကိုနားမထောင်သောကြောင့် ငါ၏ကျွန်ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသော
မြောက်ပြည်သားအမျိုးမျိုးအပေါင်းတို့ကို ငါမှာလိုက်၍ ဆောင်ခဲ့ပြီးလျှင်
ရှင်းရှင်းဖျက်ဆီး၍ ဤပြည်သားတို့ကို အံ့ဩဖွယ်ရာကဲ့ရဲ့သံကို ကြားရ
အစဉ်အမြဲလူဆိတ်ညံရာ ဖြစ်စေမည်။ ဤလူမျိုးတို့သည် အနှစ်ခုနစ်ဆယ်ပတ်လုံး
ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ရကြလိမ့်မည်} (ငယ် ၈-၁၁) ဟူသော
အဖြေသာ ရှိပါတော့၏တကား။
ဤပြည်တော်၏အဖြစ်ကို
ထာ၀ရဘုရားသခင်သည် မိမိ၏ဒေါသဖလားအမျက် တော် စပျစ်ရည်စစ်စစ်ကိုသောက်ရခြင်းနှင့်
တူကြောင်းကိုပုံပြထားပါသည်။ ]ယေရုရှ လင်မြို့သူ၊ ယုဒပြည်သား၊ ယုဒရှင်ဘုရင်များ၊ မÈ;မတ်များတို့သည် (ငယ် ၁၈) ဦးစွာသောက်ရပြီး
အီဂျစ်ပြည်နှင့်အခြားသော တိုင်းနိုင်ငံများတို့သည်လည်း ထိုစပျစ်
ရည်စစ်စစ်ကိုသောက်ရကြမည်ဖြစ်ကြောင်း ဘုရားသခင်ကမိန့်မြွက်ခဲ့ပါ၏။} (ယေရမိ ၂၅ ကိုကြည့်ပါ)။
ကျရောက်လတ္တံသော တရားစီရင်မှုကြီးကို ပုရောဖက်သည် ဤသို့သာဓက
ပြသွားခဲ့ပါသည်။ ပုရောဖက်သည် ]အသက်ကြီးသောလူ၊ အသက်ကြီးသောယဇ်ပုရော
ဟိတ်အချို့တို့နှင့်တကွာ ဟိန္နုံသား၏ချိုင့်သို့သွား၍ အိုးထိန်းသမားပိုင်မြေရေအိုး} ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင်မြေပေါ်သို့
ပစ်ချကွဲလွင့်စေလျက် အမိန့်တော်ရှိသည် မှာ၊ ]ကောင်းကင်ဗိုလ်ခြေထာ၀ရဘုရားသခင်က
နောင်တစ်ဖန်မပြင်နိုင်အောင် ရေအိုး ကိုခွဲသကဲ့သို့ ဤလူများနေသော ဤမြို့ကိုငါခွဲမည်} (ငယ် ၁၁) ဟု ထာ၀ရဘုရားသခင် ၏ကိုယ်စားကြေညာလိုက်ပါသည်။
ထိုအမှုပြီးသည်နောက် မြို့တော်တွင်းသို့ ပြန်လာ၍ ဗိမာန်တော်ပရဝဏ်မှာကြွေးကြော်သည်မှာ
]ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်း ကင်ဗိုလ်ခြေထာ၀ရဘုရားသခင်မိန့်တော်မူသည်ကား
ဤမြို့သားတို့သည် ငါ့စကားကို နားမထောင်ခြင်းငှါ မိမိတို့လည်ပင်းကို
ခိုင်မာစေသောကြောင့် ငါ ခြိမ်းသမျှသော ဘေးဒဏ်တို့ကို ဤမြို့ရွာရှိသမျှတို့အပေါ်မှာ
သက်ရောက်စေမည် ဟူသော အမိန့် တော်ကို လူအပေါင်းတို့အားဆင့်ဆိုလေ၏။} (ငယ် ၁၅)။
ပုရောဖက်၏ဆိုစကားကို တိုင်းပြည်အာဏာပိုင်တို့က
စိတ်ဆိုးကြသည်။ ထို့ ကြောင့် ယေရမိကိုး၍ထိတ်တုံးခတ်ထားကြ၏။ မည်သို့ပင်ဖြစ်စေ
ယေရမိသည် ကြွေး ထောင်သွင်းအကျဉ်းချထာကြော်ရာ၌ နည်းနည်းမျှမလျှော့ပါ။
အကြောင်းမူကားအမှန် တရားသည် မိမိ၌စိုးမိုးနေသဖြင့် ရင်ဖွင့်ခဲ့သည်မှာ၊ ]ထိုကြောင့်
ငါသည် (နှုတ်ထွက် စကား) ဘုရားသခင်အမိန့်တော်ကို မကြားမပြော၊ နာမတော်ကိုအမှီပြု၍
မဟောဘဲ နေမည်ဟုသဘောထားသော်လည်း ငါ့အရိုး၌ချုပ်ထား၍ လောင်သောမီးကဲ့သို့ နှုတ်
ထွက်စကားတော်သည် ငါ့နှလုံး၌ဖြစ်သောကြောင့် အလွန်ငြီးငွေ့သဖြင့် အောင့်၍မနေ နိုင်} (ယေရမိ ၂ဝး ၉) ဟူ၍ ဖြစ်ပေသည်။
ဤအချိန်မျာပင်လျှင် ဘုရားသခင်၏အမိန့်တော်အရ ယေရမိသည် သတင်း
စကားကို မှတ်တမ်းတင်ရပါသည်။ အမိန့်တော်မှာ၊ ]သင်သည်စာလိပ်ကို ယူပြီးလျှင်
ယောရှိမင်းလက်ထက်၌ သင့်အားငါပြောသောနေ့မှစ၍ ယနေ့တိုင်အောင် ဣသရေ ပြည်၊
ယုဒပြည်အစရှိသော ခပ်သိမ်းသောတိုင်းပြည်တို့ကို ငါခြိမ်းသမျှသောစကား
အတိုင်းရေးထားလော့။ ယုဒအမျိုး၌ ပြုမည်ဟုငါကြံစည်သမျှသော ဥပဒ်တို့ကိုသူတို့
သည်ကြားသောအခါ သူတို့မကောင်းမှုအပြစ်ကို ငါလွှတ်မည်အကြောင်း အသီးသီး လိုက်ဖူးသော
အဓမ္မလမ်းတို့ကို ရှောင်ကောင်းရှောင်ကြလိမ့်မည်။} (ယေရမိ ၃၆း၂၊ ၃)။
ဤအမိန့်တော်ကို နာခံသည့်အနေဖြင့် ယေရမိသည် မိမိ၏သစ္စာရှိ
မိတ်ဆွေ ကျမ်းတတ်ဆရာတော်ဗာရုတ်ကိုခေါ်ပြီးလျှင် ထာ၀ရဘုရားသခင် မိန့်တော်မူသမျှသော
စကားတို့ကို ပြန်ပြောသည်အတိုင်း ဗာရုတ်သည် စာလိပ်၌ရေးထားလေသည်။ (ငယ် ၄)။ ထိုစာတွင်
ဆက်လက်၍မှောက်မှားဖောက်ပြန်နေပါက သေချာပေါက်ဆိုးပြစ်ပို ခံရမည်ဖြစ်ကြောင်း
သတိပေးချက်နှင့် အပြစ်မကောင်းမှုလုပ်ရပ်အပေါင်းတို့မှာ ကျော ခိုင်းထွက်ခွါလာ၍
သခင့်အလိုတော်၌ ဝန်ခံသက်ရှင်သွားပါရန် အနူးအညွတ်တောင်း ပန်ချက်တို့ ပါဝင်ပါသည်။
ထိုအချိန်မှာယေရမိသည် ထောင်ချအကျဉ်းခံရစဉ်ကာလဖြစ်၍
နေဆဲတည်း။ ထိုစာကို အမျိုးသားအစာရှောင်ရာနေ့၌ ဗိမာန်တော်ထဲမှာ
လူထုပရိသတ်များစွာရှိနေ စဉ်အခါ ဖတ်ကြားဖို့ရန် ဗာရုတ်အားစေခိုင်းခြင်းဖြစ်ပါသည်။
ထပ်မံ၍ ပုရောဖက်က၊ ]သူတို့သည် အသီးသီးလိုက်ဖူးသော အဓမ္မလမ်းကိုရှောင်လျက်
ထာ၀ရဘုရားသခင် အား ပျက်ဝပ်၍ ဆုတောင်းကောင်းဆုတောင်းကြလိမ့်မည်။ ဤလူမျိုး၌
ထာ၀ရဘုရား သခင် ခြိမ်းတော်မူသောအမျက်ဒေါသသည် အလွန်ပြင်းထန်ကြ၏ဟု ဗာရုတ်အားမှာ
ထားလေ၏။} (ငယ် ၉၊ ၇)။
ထိုစာလိပ်ကို လူအပေါင်းတို့ရှေ့မှောက်မှာ ဖတ်ကြားခဲ့လေသည်။
၎င်းနောက် မင်းညီမင်းသားမÈ;မတ်များရှေ့မှောက်မှာ
ဖတ်ကြားဖို့ရန်ထိုကျမ်းပြုဆရာကို ပန်ကြား ခဲ့ပါ၏။ ထိုသူတို့သည်
အလွန်မှပင်စိတ်ဝင်စားကြလျက် ရှင်ဘုရင်အားအကြောင်းကြား ပေးပါမည်ဟု
ကတိပြုခဲ့ပါသော်လည်း ဗာရုတ်ကိုပုန်းရှောင်၍ နေဖို့ရန်အကြံပြုခဲ့ပါ သည်။
အကြောင်းမူကား ရှင်ဘုရင်သည် ထိုစာလိပ်ကိုရေးသားပြုစုသူနှင့် ထိုသတင်း စကားကို
ကြွေးကြော်သူအားဖျက်ဆီးလိုလျှင် ခက်ရချည့်ရဲ့ဟု စိုးရိမ်မိသောကြောင့် ဖြစ်၏။
ထိုသတင်းကို ကြားလတ်သောယောယကိမ်မင်းသည် ချက်ချင်းပင် ထိုစာ
စောင်ကို အပြင်းဖတ်ရန် ဆင့်ဆိုလိုက်သည်။ ထိုဆုံးမပဲ့ပြင်သော စကားများနှင့် သတိ
ပေးချက်တို့ကို နန်းတွင်းသားယေဟုဒီသည်ဖတ်ရ၏။ အချိန်ကာလ ကားဆောင်းတွင်း ဖြစ်၍
အေးလှသည်။ မင်းညီမင်းသား၊ မÈ;မတ်များနှင့်
ရှင်ဘုရင်တို့သည် မီးဖိုအနားမှာ မီးလှုံကာစုဝေးနေကြ၏။ ]ယေဟုဒိသည်
သုံးလေးခန့်လောက်ဖတ်မိလျှင် ရှင်ဘုရင် သည် စာရေး၏ဓါးနှင့်လှီး၍
မီးမယ်ဖျူးပေါ်မှာရှိသောမီးထဲသို့ စာလိပ်ကိုချပစ်လျှင် အကုန်အစင်ကျွမ်းလောင်လေ၏။} (ငယ် ၂၃)။ ရှင်ဘုရင်သည် မိမိနှင့် တကွပြည်သူ တစ်ရပ်လုံး
အပေါ်ဘေးဥပဒ်ရောက်တော့မည်ကို ကြားသိရသော်လည်း နည်းနည်း ကလေးမျှ မတုန်လှုပ်။}ရှင်ဘုရင်၏ ကျွန်တစ်ယောက်မျှမကြောက်၊ မိမိအဝတ်ကို
လည်းမဆုတ်ကြ။} ရှင်ဘုရင်သည်ထိုစာလိပ်ကို
မီးမရှို့စေခြင်းငှါ တာဝန်ရှိမÈ;မတ်တချို့ တို့က
တောင်းပန်ကြသော်လည်း ရှင်ဘုရင်သည် သူတို့၏စကားကို နားမထောင်။ ထိုမျှမကယေရမိနှင့်
ဗာရုတ်တို့ကို ဖမ်းဆီးပေးခြင်းငှါ ရှင်ဘုရင်သည် အာဏာသားတို့ကို စေလွှတ်လေ၏။
သို့ရာတွင် ထာ၀ရဘုရားသခင်သည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထား တော်မူပါသည်။ (ငယ်
၂၄-၂၆)။
ထာ၀ရဘုရားသခင်သည် ဧကန်အမှန် ၎င်းတို့၏ကောင်းကျိုးချမ်းသာ
အတွက် ရှေးရှု၍ ယုဒလူတို့ကို ကျေးဇူးပြုရန် ရှာကြံနေပါသည်။ အမှောင်ထုမှာ
မမြင်မကန်းနှင့် သူတို့တတွေယောင်ရမ်းကာလှုပ်ရှားရုန်းကန်နေရပုံကို
ရှုမြင်၍သနားမိ၏။ အမှောင်ထု လွှမ်းမိုးနေသောနေရာမှာ နားလည်နိုင်မှုတရားကို
ကိုယ်တော်သခင်သည် တောက်ပ ထိန်လင်းစွာ ထွန်းညှိစေလိုပါသည်။
တစ်ကိုယ်ကောင်းအတ္တသဘောနှင့် ရောင့်ရဲတင်း တိမ်၍ အရာရာကိုကျေနပ်မှုမရှိကြကုန်သော
သူတို့ကိုကူညီမစရန် ထိုသခင်သည် ရှာဖွေနေပါ၏။ ကောင်းကင်ဘုံနှင့်
အနီးကပ်ဆက်သွယ်မှုရှိရန် ရင်းနှီးစေခြင်းသည် ထာ၀ရဘုရားသခင်၏ အလိုတော်ပင်ဖြစ်ချေသည်
မဟုတ်ပါလော။
ထာ၀ရဘုရားသခင်သည်
ကျွန်ုပ်တို့အားမည်ကဲ့သို့
ကယ်တင်ရန်
ကြိုးပမ်းပုံ
ထာ၀ရဘုရားသခင်၏စီမံချက်တွင် လူတို့သည်
မိမိတို့၏အပြစ်များတွင် မွေ့ လျော်၍ ထိုအမှုတွင်ချီးမြှောက်ခံရန်
စေတမန်တို့ကိုမစေလွှတ်ပါ။ ထိုသို့ ပြုမည့်အစား ကိုယ်တော်သည် အပြစ်ကျူးလွန်သူ၏
အသိစိတ်ထဲမှာလေးလံသောဝန်ထုပ်များကို တင်ထားသဖြင့် နာကြည်းမှုဝေဒနာကိုခံစားရလျက်၊ ]ကျွန်ုပ်သည်
ကယ်တင်ခြင်း ရရှိ ရန်အတွက် ဘာလုပ်ရမည်နည်း}ဟု (တမန်တော်
၁၆း၃၀) မေးလေ့ရှိစေပါသည်။ သို့ သော်လည်း နှိမ့်ချစွာရွံ့ကို ကိုင်သောလက်သည်
နောင်တရသူတစ်ဦးကို မြှင်တင် ချီး မြှောက်ရန် လက်တော်လည်းဖြစ်ပါ၏။
အပြစ်ဒဏ်ပေးဆုံးမခြင်းအမှုကို ခွင့်ပြုပါ သော်လည်း ထိုသခင်သည်
]သင်၌အဘယ်သို့ပြုစေလိုသနည်း} (မာကု ၁ဝး ၅၁) ဟု
လည်း မေးလေ့ရှိပါသည်။
သို့သော်လည်း ဘုရင်ယောယကိမ်နှင့်မိမိ၏ နန်းတွင်းသားတို့သည်
မာနတရား မောက်မာမှု ကြီးမားလွန်းသောကြောင့် သတိပေးချက်ကိုလည်း နားမထောင်၊ နောင်တရ
လိုစိတ်လည်းမရှိပါချေ။ ထိုသူတို့အား ထူးခြားကြီးမားသောအခွင့်အရေးများကို ပေး
ထားသည်အရာမှာ သတိပြုဂရုစိုက်ခြင်းမရှိသည့်အပြင် သန့်ရှင်းမွန်မြတ်သော စာလိပ်
ကြီးကိုပင် မီးရှို့ဖျက်ဆီးခဲ့ရကား ထိုသူတို့အတွက် ကရုဏာတံခါးပိတ်သွားရလေပြီ။
ထိုသူတို့၏ နောက်ဆုံးသွားရာလမ်းကာ အမြင့်ဆုံးသောထာတရဘုရားသခင်ကို ဆန့် ကျင်သဖြင့်
အထူးသော ထာ၀ရဘုရားသခင်၏အမျက်တော်ကို ခံရပေတော့မည်။ ]ထိုကြောင့် ထာ၀ရဘုရားသခင်သည်
ယုဒရှင်ဘုရင်ယောယကိမ်ကို ရည်မှတ်၍ မိန့် တော်မူသည်ကား၊ သူ၏အမျိုးအနွယ်သည်
ဒါဝိဒ်၏ရာဇပလ္လင်ပေါ်မှာမထိုင်ရ။ သူ၏ အသေကောင်ကိုနေ့အချိန်၌ နေပူထဲသို့လည်းကောင်း၊
ညဉ့်အချိန်၌ နှင်းခဲထဲသို့ လည်းကောင်း ပစ်လိုက်ကြလိမ့်မည်။} (ယေရမိ ၃၆း၃၀၊၃၁)။
ယေရမိပုရောဖက်၏
ဒုတိယစာလိပ်
ယေရမိ၏သတင်းစကားကို မှတ်တမ်းတင်ထားသော စာလိပ်ကြီးကို
ရှင်ဘုရင် မီးရှို့လိုက်ခြင်းဖြင့် ကိစ္စရပ်မှာမပြီးပြတ်သွားပါ။
စကားလုံးရေးသားချက် များမှာပိုမို၍ လွယ်ကူစွာ ပျောက်ကွယ်သွားနိုင်မည်ဖြစ်သော်လည်း
ပုန်ကန်နေသူ ဣသရေလတို့ တစ်ဖက်မှာ ကြွေးကြော်နေသောအလျင်အမြန်လာမည့် ထာ၀ရဘုရားသခင်၏
ပြစ်ဒဏ် သည် ပေါ့မသွားပါချေ။ ထိုစာလိပ်မျိုးလို ထပ်မံ၍စာထုတ်ရန်
အမိန့်တော်ရှိပါသည်။ ]သင်သည် အခြားသောစာလိပ်ကိုယူ၍ ယုဒရှငါဘုရင်ယောယကိမ်
မီးရှို့သောယခင် စာလိပ်၌ ပါသမျှသောစကားရင် အတိုင်းရေးထားလော့။} (ငယ် ၂၈) ဟု ထာ၀ရဘုရား သခင်သည် မိမိ၏အစေခံကို မိန့်တော်မူ၏။
ထိုစကားလုံးတို့သည် ယေရမိ၏ စိတ်နှလုံး အတွင်းမှာ ]လောင်သောမီးကဲ့သို့} ရှိနေဆဲဖြစ်၏။ သို့ဖြစ်၍ လူတို့ စိတ်ဒေါသထွက် သဖြင့်
မီးရှို့ဖျက်ဆီးလိုက်သော စာစကားအရင်းအတိုင်း ထပ်မံ၍ ပြုစုခဲ့ပါသည်။
ဗာရုတ်သည် အခြားစာလိပ်ကိုယူ၍ ]ယုဒရှင်ဘုရင် ယောယကိမ်
မီးရှို့သော စာ၌ ပါသမျှသောစကားတို့ကို ယေရမိနှုတ်မြွက်ဆို၍ ဗာရုတ်သည်ရေးထား၏} (ငယ် ၃၂)။ ယောယကိမ်သည် ပုရောဖက်ကြီးအားချုပ်ချယ်ကန့်သတ်
လိုစိတ်ရှိသောကြောင့် ထိုဒုတိယစာစောင်မှာ အလားတူသော စကားအများကိုလည်း
ထပ်၍သွင်းခဲ့လေသည်။
ယေရမိကို ညှဉ်းပန်းနှိပ်စက်မှုပြုသော စိတ်သဘောမျိုးသည်
ယနေ့မှာလည်း ရှိနေပါ၏။ လူများစွာတို့သည် သတိပေးချက်များကိုဂရုမစိုက်ကြတော့ဘဲ
အပြစ်မ ကောင်းမှုများကို ကျော်ကြည့်၍ အချည်းနှီးသက်သက် ဖြစ်သောအရာတို့၌
မြှောက်ထိုး ပင့်ကော်ပြုလေ့ရှိတတ်သူ ဆရာတုဆရာယောင်များတို့ကိုသာ
ရွေချယ်မြတ်နိုးတတ် ကြပေသည်။ ဒုက္ခဆင်းရဲခြင်းရောက်ရာကာလမှာ ထိုသူတို့သည်
လုံခြုံရာ အစစ်အမှန် ကို ရှာ၍မတွေ့နိုင်ဘဲ ရှိနေပါလိုလိမ့်မည်။
ထာ၀ရဘုရားသခင်၏ရွေချယ်ပြီး အစေခံ တို့မူကား တစ်ပါးသူတို့၏ထင်မြင်မှုမှားခြင်း၊
ဂရုမစိုက်လျစ်လျူရှု အပစ်ပယ်ခံရခြင်း၊ အစော်ကားခံနေရသူတို့အား သွားရောက်တွေ့ဆုံကာ
သခင်ယေရှု၌ တိုက်တွန်းနှိုး ဆော်ရပေမည်။ ဘုရားသခင်ပေးတာဝန်ဝတ္တရားများကို
သစ္စာရှိရှိ ဆက်လက်ဆောင် ရွက်ရပေမည်။ ဤသို့လုပ်ဆောင်ရင်းနှင့်လည်း
ဘုရားသခင်၏နှုတ်တော်ထွက် စကား ကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို
ခံခဲ့ရကုန်သောပုရောဖက်များ၊ ကယ်တင်ပိုင်သူနှင့် သခင့်အစေခံ တမန်တော်များကို
ပြန်လည် သတိရကြပါစို့။
အမှန်အားဖြင့် ဘုရားသခင်၏အကြံတော်မှာ
ယုဒရှင်ဘုရင်ယောယကိမ်သည် ယေရမိ၏စကားအကြံပြုချက်ကိုနားထောင်သဖြင့်
ဗာဗုလုန်မင်းကြီးနေဗုခဒ်နေဇာရှေ့ တော်မှောက်မှာ မျက်နှာရရှိကာ၊
မိမိအတွက်ဝမ်းနည်းပူဆွေးမှုများစွာကို လျော့ပါးစေ နိုင်ပါလိမ့်မည်။
လူငယ်အရွယ်ရှိရှင်ဘုရင်မှာလည်း ဗာဗုလုန်ပြည့်ရှင်မင်းကြီး ရှေ့တော် မှောက်မှာ
မဟာမိတ်ဖွဲ့ပြီးကြောင်း အကျိန်နှင့်သစ္စာဆိုခဲ့ပါသည်။ အကယ်၍သာ ထို မင်းသည်
မိမိကတိသစ္စာပြုခဲ့သည်အတိုင်း လိုက်လျှောက်ကျင့်သုံးခဲ့ပါမူ တစ်ပါးအမျိုး သားတို့၏
လေးစားခြင်းကို ဧကန်အမှန်ခံရမည်ဖြစ်ပါသည်။ သို့သော် ယုဒရှင်ဘုရင် သည်
ထိုသို့မဟုတ်။ မိမိ၏ဂုဏ်သိက္ခာကိုမျှမထောက်၊ မိမိပေးထားသော ကတိသစ္စာကို ဆန္ဒပါလျက်
ကျူးလွန်ချိုးဖောက်ကာ ပုန်ကန်လေတော့သတည်း။ ဤလုပ်ရပ်သည် ကန္တာရလူကြမ်း၊စိတ်ကြမ်း၊
စစ်ရည်ကြွနေသာ ရန်သူ့တပ်မတော်ကို စိတ်နာစေ၏။ ဤသို့လျှင် ယုဒရှင်ဘုရင်သည်
မိမိ၏တန်ဖိုးကို မိမိသာလျှင် ဆုံးဖြတ်လျက်ကြေ ကွဲစရာနန်းသက်ကို
နှစ်အနည်းငယ်အတွင်းမှာပင် စွန့်လွှတ်ခဲ့ရလေသည်။ ကောင်းကင် ဘုံ၏ စွန့်ပစ်ခြင်းနှင့်
မိမိ၏ပြည်သူပြည်သားတို့၏ ငြိုငြင်မှုကိုခံရသည်သာမက ယုံ ကြည်လေးစား၍
တာဝန်ကိုအပ်နှင်းထားသော ဗာဗုလုန်မင်းတို့၏ ရွံရှာမုန်းတီးမှုကို လည်းခံရလေ၏။
ခမည်းတော်ယောယကိမ်ကို ဗာဗုလုန်ပြည်သားတို့ သုံ့ပန်းအဖြစ်
ခေါ်ဆောင် သွားပြီးသည်နောက် သားတော်ယေခေါနိသည် အသက်တစ်ဆယ့်ရှစ်နှစ်ရှိသော် နန်း
ထိုင်၍ ယေရုရှလင်မြို့၌ သုံးလနှင့်ဆယ်ရက်စိုးစံလေသည်။ ခါလဒဲလူတို့သည် မြို့
တော်ကိုအောင်နိုင်သဖြင့် နေဗုခဒ်နေဇာမင်းကြီးသည် ]ယေခေါနိနှင့် မယ်တော်အစ ရှိသော
မိဖုရားများ၊ အရာရှိများ၊ အားကြီးသော ပြည်သားများအပေါင်း၊ စစ်ရည်၀၍ ခွန်အားကြီးသော
သူခုနစ်ထောင်၊ အထူးထူးအပြားပြားသော ဆရာသမားတစ်ထောင် တို့နှင့်
ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို ယေရုရှလင်မြို့မှဗာဗုလုန် မြို့သို့
လက်ရသိမ်းသွားခဲ့လေသည်။} (၄ရာ ၂၄း၁၅၊ ၁၆၊
၁၃)။
ယုဒပြည်သည် ယခုတော့တန်ခိုးအာဏာစက်မရှိ၊ ခွန်အားလည်း
လုယူခြင်းကို ခံရသဖြင့် အားနည်းနေ၏။ သို့တစေလည်း ကိုယ့်မင်းကိုယ့်ချင်းနှင့်
နေထိုင်အုပ်ချုပ် သွားရန် အခွင့်ရခဲ့လေသည်။ ဤတွင် နေဗုခဒ်နေဇာမင်းသည်
ယောရှိမင်း၏သားငယ်၊ ယေခေါနိ၏ ဘထွေးတော်မဿနိကို ဇေဒကိအမည်ဖြင့်မှည့်၍
နန်းတင်ခဲ့ပါသည်။
No comments:
Post a Comment