Tuesday, March 10, 2026

 

အခန်း (၅၀)

ရှင်ဘုရင်အားကိုးရသောမိတ်ဆွေကြီးကျမ်းတတ်ဆရာဧဇရ

 

               ဗာဗုလုန်မှာ နှစ်ပေါင်းခုနစ်ဆယ်သုံ့ပန်းဘ၀နှင့် နေထိုင်ခဲ့ပြီးသည် နောက်ပိုင်း နေရင်း ယုဒပြည်သို့ ပြန်သွားခွင့်ရကြသော ပထမအသုတ် ယုဒလူများအချိန်မှာ ဧက္ကရာဇ်မင်းကြီး အာတဇေရစ်၊ လုန်ဂီမားနတ်စ် (ဗမအထေနမထနျ Lသညါငာညေကျ) သည် မေဒိ-ပေရသိနိုင်ငံတော်၏ ထီးနန်းကို ဆက်ခံ၏။ ထိုအချိန်သည် ဧဇရနှင့် နေဟမိတို့အတူတကွ အမှုတော်မြတ်မှာ ပါဝင်လှုပ်ရှားသက်ရှင်နေကြလေသည်။ ဘီစီ (၄၅၇) တွင် မင်းကြီးသည် ယေရုရှလင်မြို့ကို ပြန်တည်ထောင်ပြုပြင်ရန်အတွက် တတိ ယအကြိမ် အမိန့်တော်ကိုထုတ်ပြန့်ခဲ့ပါ၏။ သူ့အချိန် နန်းစံနှစ်များမှာ မင်းကြီးသည် ဘုရားသခင်၏ လူတို့အားမျက်နှာသာပေး၏။ သူ၏ယုံကြည်အားထားရသော မိတ်ဆွေ ကြီး ဧဇရနှင့် နေဟမိတို့ကိုလည်း ဘုရားသခင်ခန့်အပ်ထားသော ခေါင်းဆောင်များအ ဖြစ် အသိအမှတ်ပြုခဲ့ပါသည်။

               ဧဇရသည် ဗာဗုလုန်မှာ ကျန်ရစ်သော ယုဒလူမျိုးတို့နှင့်အတူ နေထိုင်သော ကြောင့် ရှင်ဘုရင်အာတဇေရစ်၏ သတိပြုမျက်နှာသာပေးခြင်းကို ခံခဲ့ရပေသည်။ သို့ဖြစ် ၍လည်း မင်းကြီးသည် ဧဇရနှင့် လွတ်လပ်စွာ ထာ၀ရဘုရားသခင်၏တန်ခိုးတော် အ ကြောင်းကို ပြောဆိုမေးမြန်းခွင့် ရရှိခဲ့ရုံမျှမက ယေရုရှလင်မြို့မှာ ယုဒလူမျိုးကို ပြန်လည် ချီဆော်ထားရှိမည် ဟူသော ဘုရားသခင်၏အကြံတော်ကိုလည်း သိနားလည်ခွင့် ရရှိ ခဲ့လေသည်။

               ဧဇရသည် ယဇ်ပုရောဟိန်သင်တန်းကို တက်ခဲ့ပြီးသူ ဖြစ်သလို၊ မေဒိ-ပေရသိ ပညာရှိတို့၏ အဆိုအမိန့်ရေးသားချက်များနှင့် ယဉ်ပါးနေသူလည်းဖြစ်ပါသည်။ သို့သော် လည်း သူသည်မိမိ၏ ဝိညာဉ်ရေးအခြေအနေနှင့် မရောင့်ရဲနိုင်ပါ။ ထာ၀ရဘုရားသခင် နှင့် လုံးညီညွတ်ရေးရရှိရန် တောင့်တမျှော်လင့်လျက်နေပါသည်။ သူသည်]ထာ၀ရ ဘုရားသခင်၏တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှါလည်းကောင်း၊ စီရင်ထုံးဖွဲ့ တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင်ခြင်းငှါလည်းကောင်း သဘောကျသော သူဖြစ်၏။} (ဧဇရ ၇း၁၀)။ ဤသို့ ဆန္ဒကြီးသူဖြစ်၍လည်း သူသည် အဘယ်ကြောင့် ယေရုရှလင်မြို့တော်ကို ရန်သူတို့ဖျက်ဆီးရန် ဘုရားသခင်ကခွင့်ပြုခဲ့ပါသနည်း။ မိမိ၏ လူတို့ကို တိုင်းတစ်ပါးသို့ သုံ့ပန်းအဖြစ် ချီဆောင်ခြင်းကိုခွင့်ပြုခဲ့ပါသနည်း ဟူသည့်အ ကြောင်းရင်းတို့ကို သမ္မာကျမ်းစောင်များတွင် ရှာဖွေသဖြင့် သိနားလည်ခဲ့ရပါ၏။

 

                              ဧဇရသည် ဆရာကောင်းတစ်လက်ဖြစ်ရန် လေ့ကျက်မှုရှိခြင်း

               ဧဇရသည် အာဗြဟံအား ပြုထားသည်ကတိတော်မြတ်တို့ကို လည်းကောင်း၊ သိ နာတောင်နှင့် ဣသရေလလူတို့ လှည့်လည်ရာသိမ်တောတစ်လျှောက် ပေးအပ်ထား သော ညွှန်ကြားသွန်သင်ချက်တို့ကိုလည်းကောင်း လေ့ကျက်ခဲ့ပါသည်။ သူ၏ စိတ်နှလုံး သည် အစဉ်နိုးကြားလျက် ရှိသလို၊ အမှန်တကယ် စိတ်နှလုံးပြောင်းလဲသော အသက် တာကိုယ်တွေ့ ဗဟုသုတရှိသူ တစ်ဦးလည်းဖြစ်ပါ၏။ သူသည် မိမိစိတ်အာရုံနှင့် အလို ဆန္ဒကို ဘုရားသခင်၏ ထိန်းချုပ်မှုလက်သို့အပ်နှံလိုက်သောအခါ မိမိ၏အသက်တာမှာ အမှန်တကယ် သန့်ရှင်းခြင်း၏ အခြေခံ မူစည်းမျဉ်းတို့အတိုင်း သက်ဝင်လာရကား နောင်သောအခါ သူနှင့်ပေါင်းထက်သောသူ အားလုံးအပေါ်သို့ ပုံစံသွင်းပေးသော ဩဇာ လွှမ်းမိုးမှုကြီးဖြစ်လာပါတော့သည်။

               ထာ၀ရဘုရားသခင်သည် ဧဇရကို ရွေးချယ်ခဲ့ရာ၌ ယဇ်ပုရောဟိတ်၏ ဂုဏ် သိက္ခာကို ပြန်တင်ပေးရန် ဖြစ်ပါသည်။ အကြောင်းမူကား၊ ထိုဂုဏ်သိက္ခာသည် နှစ်ပေါင်း (၇၀) ပြည်နှင်ဒဏ်ခံရာ သုံ့ပန်းဘ၀မှာ ညှိုးမှိန်ပျောက်ကွယ်သွားခဲ့၍ဖြစ်၏။ သူသည် အ ထူးသဖြင့် ကျွမ်းကျင်လိမ္မာသော ပညာတော်သင် တစ်ဦးဖြစ်သည်မို့ ]မောရှေ၏ပညတ္တိ ကျမ်းစာကို လေ့ကျက်သော ဆရာ} တစ်ပါး (ငယ် ၆) ဖြစ်လာပါသည်။ ဤအရည်အ ချင်းများက သူ့အားနေပြည်တော်မှာ ထွန်းပေါက်သူတစ်ဦး ဖြစ်စေခဲ့ပါသည်။

 

 

ဧဇရသည် ဘုရားသခင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်လာခြင်း

               ဧဇရ၏သက်ကြီးပိုင်းနေ့ရက်တွေမှာ မေဒိ- ပေရသိနန်းတော်ပရဝဏ်မှာပဲ ဖြစ် ဖြစ်၊ ယေရုရှလင်မြို့တော်မှာပဲဖြစ်ဖြစ် သူလေ့ကျက်ခဲ့သမျှ အမှန်တရားတို့ကို ပတ်ဝန်း ကျင်ရှိလူတို့အား ဝေမျှတရားပေးလေ့ရှိပါသည်။ နေ့စဉ်အသက်တာမှာ ကျမ်းစာအမှန် တရား၏ အင်အားတန်ခိုးကို သူတို့အားဖြည့်ဆည်းပေးရန် သူ့ကို ဘုရားသခင်ကို တာ ဝန်ပေး အပ်နှံခဲ့ပြီမဟုတ်ပါလား။

               (သမ္မာ) ကျမ်းစာကို လေ့ကျက်ဆည်းပူးရန် လူတို့အားပြန်လည် နှိုးဆော်ကာ စိတ်ဝင်စားအောင် လုပ်ပေးခြင်းအမှုသည် လွယ်ကူသောအလုပ်မဟုတ်ပါ။ အနစ်နာခံ ရ၏။ ရာသက်ပန်ပြုရသောအလုပ်ပေတည်း။ ကျမ်းစာရေးထားချက်များကို ပွားများလာ အောင် ကူးရေးကာပိုးမစား၊ ခြမတက်စေရန် ထိန်းသိမ်းရပေသည်။ ရနိုင်သမျှ ကျမ်း စောင်ငယ်များကိုလည်း ကူးရေးကာဝေငှရ၏။ ဤကဲ့သို့သောနည်းဖြင့် လက်ခံဖတ်ရှုခွင့် ရသော လူများစွာတို့သည် ခန့်မှန်း၍မရနိုင်သော တန်ဖိုးရှိအသိပညာကို ရရှိခံစားရ ပေသည်။

               ဧဇရသည် ယုံကြည်ခြင်းအရာမှာ အားကြီးသောကြောင့် မိမိသည် ယေရုရှ လင်မြို့သို့ ပြန်သွားကာ သန့်ရှင်းမြို့တော်ကြီးကို ပြန်လည်ကူညီ တည်ဆောက်ပြုပြင် လိုပါကြောင်း ရှင်ဘုရင်အာတဇေရစ်ကို သံတော်ဦးတင် လျှောက်ခဲ့ပေသည်။ သူ၏ တင်ပြချက်မှာ ထာ၀ရဘုရားသခင်ကို လုံး၀ဥဿုံအားကိုး နေပုံရသောကြောင့် ဘုရင် မြတ်သည် သူ့အားလွန်စွာမှပင် သဘောကျသွားပါ၏။ သို့ဖြစ်၍ဧဇရကို ယုံကြည်စိတ် ချလွန်သဖြင့် သူ၏တောင်လျှောက်ချက်များကို ခွင့်ပြုလိုက်လေသည်။ ထိုမျှနှင့်မက သေးပါ။ ဗိမာန်တော်အတွက်လိုအပ်မည်ဖြစ်သော ဘဏ္ဍာတော်များစွာကို ပေးလိုက်ပါ သည်။ မိမိ၏စိတ်ထဲမှာ ဖြစ်ပေါ်လာလေသမျှကို အတားအဆီးမရှိ၊ လိုအပ်သလို ဖြည့် ဆည်းဖော်ဆောင်သွားနိုင်ရန် ရှင်ဘုရင်သည် သူ့အား ထောက်ပံ့ခဲ့ပေသည်။

 

              

တတိယအကြိမ်မြောက်အမိန့်တော်မြတ်သည်

စီမံချက်ကို ပြီးပြည့်စုံစေခြင်း

               မေဒိ-ပေရသိ ဧက္ကရာဇ်မင်းကြီး ဗမအထေနမထနျ (အာတဇေရစ်) ၏ ယေရုရှ လင်မြို့ကို ပြန်လည်တည်ဆောက်ပြုပြင်မွမ်းမံရန် အမိန့်တော်ချမှတ်ချိန်သည် နှစ် ပေါင်း (၇၀) ခုနစ်ဆယ်သုံ့ပန်းဘ၀မှ လွတ်ကျွတ်တော့မည့် နှစ်ဆုံးပိုင်းမှာဖြစ်ပြီး ၎င်း အမိန့်တော်နှင့် ပတ်သက်၍ တတိယအကြိမ်မြောက်ဖြစ်ပါသည်။ ဘုရားသခင်၏ လူတို့ အပြီးပိုင်လွတ်လပ်ပြီ ဟူသော ဖော်ကျူးမှုပြ မှတ်ကျောက်တင်နိုင်သော အပြစ်တွင် လည်းရှိပါသည်။ ဘုရင်မြတ်ကြီးသည်လည်း လွတ်လွတ်လပ်လပ်ပင် ခွင့်ပြုပေးလÈလျက် ရှိပါ၏။ ]ယေရုရှလင်မြို့မှာတည်ရှိတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်အား၊ ရှင်ဘုရင်နှင့် အတွင်းဝန်တို့သည် ကြည်ညိုသော စိတ်နှင့်ပူဇော်သော ရွှေငွေနှင့် တကွ၊ သင်၏ ဘုရားသခင် အိမ်တော်အဖို့လိုသေးသောအရာ၊ ဝယ်သင့်သမျှတို့ကို ဘဏ္ဍာ တော်ထဲက ထုတ်၍ဝယ်လော့} ဟု ရှင်ဘုရင်ပြောပါသည်။ (ငယ်၁၁၊ ၁၂၊  ၁၅၊ ၂၀)။

               ဆက်လက်၍ ရှင်ဘုရင်သည် ဧဇရအားမိန့်တော်မူခဲ့သည်မှာ ]သင်၏ဘုရား သခင့်တရားကို သင့်လေ့ကျက်သည်အတိုင်း၊ ယုဒပြည်ယေရုရှလင်မြို့၌ တရားမှုများကို မေးမြန်းစစ်ဆေးစေခြင်းငှါ သင့်အားရှင်ဘုရင်သည် စေလွှတော်တော်မူပြီ။} ကောင်း ကင်ဘုံ၏ ထာ၀ရဘုရားသခင် မှာထားတော်မူသမျှအတိုင်း ထိုဘုရားသခင်၏ အိမ်တော် အဖို့ ကြိုးစား၍ လုပ်ဆောင်စေ၊} (ငယ် ၁၄၊ ၂၃)။

               မင်းကြီးသည် ယဇ်ပုရောဟိတ်တို့ ရရှိခဲ့သောရှေးရှေးက အခွင့်အရေး များကိုလည်း ပြန်လည်တည်ဆောက် ပြုပြင်မွမ်းမံရေးလုပ်ငန်းအတွက် စီမံကွပ်ကဲပေး ခဲ့ပါသေးသည်။ ]ထိုမှတစ်ပါး ယဇ်ပုရောဟိတ်၊ လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားသခင်ကျွန်၊ ဘုရားသခင်၏ အိမ်တော်အမှုစောင့် တစ်စုံတစ်ယောက်၌မျှ ငွေ တော်ကို မခွဲစေနှင့်။ အခွန်တော်အကောက်တော် ကို မခံမယူစေနှင့်ဟု ငါမှာလိုက်၏။} ဘုရင်သည် ထိုမျှမကသေးဘဲ လူတို့ကို အစိုးရသည့် အရာရှိများအတွက်ကိုလည်း စီမံကွပ်ကဲပေးပါ၏။ ]သင်ဧဇရသည်လည်း သင်၏ဘုရားသခင့်တရားတော်ကို နား လည်သော၊ မြစ်အနောက်ဘက်သားအပေါင်းတို့တွင် တရားမှုကို စီရင်စေခြင်းငှါလည်း ကောင်း၊ မသိသောသူတို့ကို သွန်သင်စေခြင်းငှါလည်းကောင်း၊ မင်းများ၊ တရားသူကြီး များကို သင်၏ ဘုရားသခင်ဉာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့်ထားလော့။} (ငယ် ၂၄၊ ၂၆)။

               ဤကဲ့သို့လျှင် ဧဇရသည် ဣသရေလလူမျိုးအပေါင်းတို့နှင့် မေဒိ-ပေရသိ လက်အောက်ခံနယ်ပယ်အဝန်းနေ ယဇ်ပုရောဟိတ်များနှင့် လေဝိလူတို့သည် မိမိတို့၏ နေရင်းပြည်သို့ ပြန်သွားရာတွင် လုံလောက်မျှတသော စီမံချက်ကို ပြုပေးပါရန် ရှင် ဘုရင်အားသွေးဆောင် နိုင်ခဲ့လေသည်။ ဤနေရာတွင် ယဇ်ပုရောဟိတ်၊ လေဝိသား တို့တွင် ယေရုရှလင်မြို့သို့ ကိုယ်အလိုအလျောက်သွားချင်သော သူများစွာမရှိ၊ နှောင့် နှေးလျက် ရှိနေကြပါသည်။ (ငယ် ၉၊ ၁၃)။

               ဤအမိန့်တော်ကြောင့် ဧဇရနှင့်အတူ ဘုရားသခင်၏သားသမီးလူတစ်စု တို့အ တွက် ဘုရားသခင်၏အကြံတော်ကို လေ့လာသိရှိထားကြသူများ၌ ကြီးစွာသောဝမ်း မြောက်ခြင်းရှိကြပါသည်။ ]ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တင့်တယ်စေမည်အကြံကို ရှင်ဘုရင်စိတ်နှလုံးထဲသို့ သွင်းပေးတော်မူထသော ရှင်ဘုရင်ရှေ့၊ အတွင်းဝန်များ၊ ဗိုလ် မင်းများရှေ့မှာ ငါ့အားအခွင်းပေးတော်မူသော ဘိုးဘေးတို့၏ ထာ၀ရဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း} ဟု ဧဇရကြွေးကြော်ခဲ့လေသည်။ (ငယ် ၂၇၊ ၂၈)။

 

အာတဇေရစ်မင်းမြတ်၏ အမိန့်တော်မှာ

မြင်တွေ့ရသော ဘုရားသခင်၏ စီမံထားမှု

               ရှင်ဘုရင်အာတဇေရစ်၏ အမိန့်တော်အားဖြင့် ဘုရားသခင်၏ စီမံထားမှုကို မြင်တွေ့ရပါသည်။ အခြေအနေကောင်းမွန်လှချိန်ခုလိုအခါမျိုးကို ခွဲခြားမြင်တွေ့ကြသူ များသည် နေရင်းပြည်သို့ ပြန်သွားရန် ဝမ်းမြောက်ကြလေသည်။ ခရီးစဉ်အတွက် ဆုံ မှတ်နေရာကို ရွေးချယ်သတ်မှတ်ကြလေပြီ။ အချိန်စေ့သောအခါ ပြည်တော်ယေရုရှင် လင်သို့ ပြန်သွားရန် ခရီးစဉ်ရှည်ကြီးအတွက် လူတို့စုဝေးကြပါသည်။(ဧဇရ ၈:၁၅)။

 

 

               သို့သော်လည်း နေရင်းပြည်သို့ ပြန်သွားရန် လူအရေအတွက်မှာ စိတ်ဓါတ်ကျ ဖွယ်ရာ နည်းပါးလှပေ၏။ အိမ်နှင့်မြေနှင့် နေသားတကျရှိပြီဖြစ်သော လူများစွာတို့သည် ဗာဗုလုန်မှာ ကျန်ရစ်နေဖို့ ကျေနပ်ရောင့်ရဲကြပါ၏။ သူတို့၏ပုံနမူနာကြောင့် ယုံကြည် ခြင်းအားဖြင့် ခရီးဆက်လိုသူများပင်လျှင် တုံ့နှေးမှုကို ဖြစ်စေပါသည်။

               ဧဇရသည် စုဝေးနေသော လူပရိသတ်ကို ကြည့်ရှုလိုက်၏။ သူအံ့ဩသွားသည် မှာ ထိုလူစုလူဝေးထဲတွင် လေဝိသားများတစ်ယောက်မျှ မပါဝင်ကြ။ ဗိမာန်တော်၏ ဝတ် ကြီးဝတ်ငယ်အသွယ်သွယ်ကို မည်သူသည် ထမ်းရွက်ပါမည်နည်း။ ဤနေရာမျိုးမှာ လေ ဝိသားတို့ ပထမဦးဆုံးတုံ့ပြန်မှုကို ပြုသင့်ကြသည်မဟုတ်လော။ သုံ့ပန်းဘ၀အနှစ်ခုနှစ် ဆယ်အတွင်း ထိုသူတို့သည် ပြည်နှင်ဒဏ်ခံနေရသော ညီအစ်ကိုတို့အဖို့ ဘုရားသခင် ဝတ်နှင့် ဆိုင်သည်များကို လုံး၀လွတ်လွတ်လပ်လပ်ဆောင်ရွက်ခဲ့ရပါသည်။ တရားဇရပ် များဆောက်လုပ်ခဲ့၏။ ယဇ်ပုရောဟိတ်တို့သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအ မှုကို ဦးဆောင်၍လူပရိသတ်တို့ကို တရားပေးသွန်သင်ရလေသည်။ ဥပုသ်နေ့စောင့် ရှောက်ခြင်းအမှုကိုလည်း လွတ်လပ်စွာခွင့်ပြုထား၏။

               သို့သော်လည်း သုံ့ပန်းဘ၀မှလွတ်ကျွတ်၍ နေရင်းအရပ်သို့ ပြန်နိုင်ပြီဟု ခွင့်ပြု လိုက်သောအခါမှာကား အခြေအနေအရပ်ရပ်တို့သည် ပြောင်းလဲသွား၏။ ယေရုရှလင် မြို့မှာ ဗိမာန်တော်ကြီးကို ပြန်လည်တည်ဆောက်ပြုပြင်မွမ်းမံကြ၏။ ပြီးစီးသောအခါ အ နုမောဒနာတင်ကြပါသည်။ လူထုပရိသတ်ကို တရားပေးသွန်သင်ရန် ဆရာများအဖြစ် ယဇ်ပုရောဟိတ်များစွာ လိုအပ်နေပြီမဟုတ်လော။ ထို့အပြင် ဗာဗုလုန်မှာ ကျန်နေရစ် သာ ဂျူးလူမျိုးများအဖို့ ဘာသာရေးလွတ်လပ်ခွင့် မရှိဖြစ်လာရကား၊ အထူးသဖြင့် မေဒိ -ပေရသိနိုင်ငံမှာရှိသော ဂျူးလူမျိုးများ မိမိတို့၏ နေရင်းပြည် ယုဒသို့ပြန်သွားရန် သတိ ပေးခြင်းကို ရှင်းလင်းပြတ်သားစွာခံခဲ့ရလေသည်။ တိုင်းတစ်ပါး၏ ဩဇာလွှမ်းမိုးမှုများ အလယ်မှာ  ကြာရှည်စွာနေထိုင်ခြင်းသည် ဆိုးဝါးစွတကား။ ဤကဲ့သို့ လျင်မြန်လှစွာ သောပြောင်းလဲခြင်းအရှိန်အဟုန်ကို ဗာဗုလုန်မှာရှိသော ယဇ်ပုရောဟိတ်များတို့သည် ခွဲခြားသိမြင်ကာ အရေးယူအပ်ကြပြီ မဟုတ်လော။ ယေရုရှလင်မြို့သို့ပြန်သွားရန် အ ထူးဖိတ်ခေါ်ခြင်းအမိန့်တော်တစ်ခုဖြစ်ကြောင်း သိမှတ်ရပေမည်။

               ရှင်ဘုရင်နှင့် မင်းညီမင်းသားတို့သည် အပြန်ခရီးစဉ်အတွက် လိုအပ်ရာများစွာ တို့ကို အလျှံပယ်စီမံပေးကြ၏။ သို့သော်လည်း ယခုထက်တိုင် လေဝိသားတို့ကို မမြင် တွေ့ရသေးပါတကား။ သူတို့၏ပုံစံနမူနာကို တုယူလိုသူ ညီအစ်ကိုများတိုးပွားလာပါ သည်။ ဤကဲ့သို့ ထူးဆန်းလှသောအေးတိအေးစက် နိုင်လှမှုသည် ဝမ်းနည်းစရာသ ဘောထား ဖော်ပြမှုပင်ဖြစ်ချေ၏။ ဗာဗုလုန်မှာရှိသော ဣသရေလတို့၏ သဘောထား သည် ဘုရားသခင်၏ မိမိသားသမီးမျာ အပေါ်ထားရှိသောအကြံတော်ကို ညှိုးမှိန်စေခဲ့ လေပြီမကော။ (ဧဇရ ၇း၂၈၊ ၈း၁၆)။

               ဧဇရသည် မိမိ၏အပြန်ခရီးသည် လူတစ်စုနှင့် လာရောက်ပေါင်းစည်းကြပါရန် အရေးပေါ်ဖိတ်ခေါ်မှု တစ်ခုကိုထပ်မံ၍ နောက်တစ်ကြိမ်လေဝိသားတို့အား သတင်းပို့ စေခဲ့ပါသည်။ ထိုတောင်းပန်ချက်ကို ယုံကြည်အားကိုးရသော စေတမန်တို့သည် အမြန် ချောစာအားဖြင့် သတင်းပို့ပေးခဲ့ကြ၏။ ]ညီအစ်ကို ဘုရားကျွန်တို့သည် ငါတို့ဘုရား သခင် အိမ်တော်အမှုစောင့်များကိုပေးစေခြင်းငှါ သူတို့အားအဘယ်သို့ပြောဆို ရမည် ကို ငါမှာလိုက်၏။} (ဧဇရ ၈း၁၇)။ ထိုတောင်းပန်မှုကြောင့် ဗာဗုလုန်မှာနေဖို့ ကျန်ရစ် မည်ဟု ဆုံးဖြတ်ပြီးသူများစိတ်လည်၍ စုဝေးရာအရပ်သို့ ပြန်လာကြလေသည်။ အရေ အတွက်အားဖြင့် ယဇ်ပုရောဟိတ် (၄၀) ယောက်နှင့် တရားဟောဆရာ၊ စာချဆရာနှင့် ကူဖော်လောင်ဖက်များ (၂၂၀) ယောက်တို့ဖြစ်ကြသတည်း။

               ယခုတော့ အားလုံးက အသင့်ရှိနေကြလေပြီ။ ခရီးစဉ်မျာ လပေါင်းများစွာ ကြာ ပေလိမ့်မည်။ သူတို့သည် မိမိတို့၏ဇနီးမယာများ၊ ကလေးသူငယ်များ၊ ပစ္စည်းဥစ္စာများ နှင့်တကွ ဗိမာန်တော်အတွက် ဘဏ္ဍာများကိုပါ သယ်ဆောင်ကြလေသည်။ ရန်သူများ ကတော့ လမ်းခရီးမှာ အခန့်သားစောင့်ဆိုင်းလျက်ရှိသည်။ ဧဇရနှင့် မိမိ၏ခရီးသွား ဖော်တို့ကိုစောင့်၍ တိုက်ခိုက်ဖို့ရန် ကြံစည်ထားကြသည် မဟုတ်လော။ ဤသည်ကို သိပါသော်လည်း ဧဇရသည် ရှင်ဘုရင်ထံအကာအကွယ်ပေးရန် စစ်သူရဲကို မတောင်း ဆိုခဲ့ပါပြီ။ ဧဇရ၏ရှင်းပြချက်ကို မှတ်သားပါ။ ]အကြောင်းမူကား၊ ကျွန်တော်တို့ဘုရား သခင်ကို ရှာသောသူအပေါင်တို့သည် တန်ခိုးကျေးဇူးတော်ကို ခံရကြလိမ့်မည်။ ကိုယ် တော်ကို စွန့်သောသူအပေါင်းတို့ကို တန်ခိုးတော်ဆီးတား၍ အမျက်တော် သက်ရောက် လိမ့်မည်ဟု ငါတို့သည် ရှင်ဘုရင်အားလျှောက်ထားသောကြောင့် လမ်းတွင်ရန်သူ လက် နှင့် လွတ်စေခြင်းငှါ လိုက်၍ပို့ရသော စစ်သူရဲ၊ မြင်းစီးတစ်သူရဲတပ်ကို ရှင်ဘုရင်၌ မ တောင်းဝံ့၊ ရှက်ကြ၏။} (ဧဇရ ၈း၂၂)။

               သို့ဖြစ်ပါသောကြောင့် ထိုသူတို့သည် ဘုရားသခင်၌သာလျှင် လုံးလုံးလျားလျား ယုံကြည်အားကိုးကြပါမည်ဟု စိတ်ဆုံးဖြတ်ထားကြလေပြီ။ စစ်သူရဲများကို မတောင်း ကြတော့ပါ။ သူတို့သည် ထာ၀ရဘုရားသခင်ကို အားကိုးခိုလှုံသည်အကြောင်းကို မိမိ တို့၏ တစ်ပါးအမျိုးသားမိတ်ဆွေတိုအား နည်းနည်းလေးမျှ သံသယဝင်အောင် မလုပ် ဆောင်ကြပေ။ ယုံကြည်ခြင်၌ ပြင်းထန်လှပေစွ။ ခွန်အားမည်သည် လူအားဖြင့်မဟုတ်။ ထာ၀ရဘုရားသခင်ရှေ့တော်၌ မျက်နှာရလျှင် လုံလောက်လှပေပြီ မဟုတ်လော။ ထာ၀ရဘုရားသခင်၏ ပညတ်တရားတော်၌ ကြိုးစား၍ နားထောင်ခြင်းသည်သာလျှင် သူတို့၏ ကွယ်ကာရာဖြစ်ကြောင်း စွဲလမ်းနေကြပေတော့သည် တကား။

               ဤအသိတရားသည် ဧဖရနှင့် သူ၏ခရီးသွာဖော်လူတစ်စုတို့၌ စွဲမြင်နေပြီဆို ကြောင်းကို ခရီးစဉ်မစတင်မီ ဆက်ကပ်ဆုတောင်းခြင်း အစီအစဉ်မှာ တွေ့မြင်ရပါ သည်။ ]ထိုအခါ ဥစ္စာမှစ၍ သူငယ်များနှင့်တကွ ငါတို့သွားစရာမှန်သောလမ်းကို ဘုရား သခင်၌ရှာ၍ ၊ ရှေ့တော်မှခြိုးခြံစွာ ကျင့်မြင့်ငှါအဟာ၀မြစ်နားတွင် အစာရှောင်ရာ အ ချိန်ကို ငါကြော်ငြာ၏။ ထိုအမှုကြောင့် ငါသည် အစာရှောင်၍ငါတို့ဘုရားသခင်ကို ဆု တောင်းလက်နေပြ၏။ ထိုအမှုကြောင့် ငါတို့သည် အစာရှောင်၍ ငါတို့ဘုရားသခင်ကို ဆုတောင်းလျက်နေကြ၏။ ဘုရားသခင်ကလည်း နားထောင်တော်မူ၏။} (ငယ် ၂၂-၂၃)

 

                                            

              

                              ယုံကြည်အားကိုးထိုက်သူများကိုသာ ရွေးချယ်ခြင်း

               ဘုရားသခင်၏ ကောင်းချီးမင်္ဂလာသည် ကျွန်ုပ်တို့အပေါ်မှာ သက်ရောက်သည် တွင် ပညာသတိနှင့် အမြော်အမြင် ထားရှိရန် မလိုတော့ဟု မမှတ်ယူအပ်ပါချေ။ ဧဇရနျင့်အတူ ပါသွားမည့်ဘဏ္ဍာတော်ကို လုံခြုံစွာ စောင့်ရှောက်ထားစေမှုနှင့် ပတ် သက်၍ သူကယဇ်ပုရောဟိတ်အကြီး တစ်ကျိပ်နှစ်ပါးကို ရွေးချယ်ထားပြီးလျှင် ရှင်ဘုရင် မှစ၍ အတွင်းဝန်၊ မÈ;တော်မတ်တော်၊ စည်းဝေးသော ဣသရေလအမျိုးသား အပေါင်း တို့သည် ငါတို့၏ ဘုရားသခင့်အိမ်တော်အဖို့ လÈသောပူဇော်သကာ၊ ရွှေ၊ ငွေ၊ တန်ဆာ- - -တို့ကို ငါချိန်၍အပ်လျက်၊} (ငယ် ၂၄၊ ၂၅) သစ္စာရှိကောင်းမွန်သော လုံ့လထုတ် သည့် ဘဏ္ဍာစိုးများဖြစ်ကြကြောင်း ခွန်အားပေးပြောဆိုကာ စောင့်ရှောက်စေခဲ့ရာ၌ ]ယေရုရှလင်မြို့၊ ထာ၀ရဘုရားသခင်၏အိမ်တော် အခန်းတို့တွင် ယဇ်ပုရောဟိတ် အ ကြီး၊ လေဝိသား၊ ဣသရေလအဆွေ အမျိုးသူကြီးတို့ရှေ့မှာ မချိန်မီတိုင်အောင် ကြည့် ရှုစောင့်ရှောက်ကြလော့ ဟုမှာထား၏။} (ငယ် ၂၉)။

               ဤလိုတာဝန်မျိုးကို ပေးအပ်ရာ၌ မိမိကိုယ်ကိုမိမိ ယုံကြည့်အားကိုးထိုက်သည် ဟု သက်သေပြနိုင်ခဲ့သူကိုသာ ရွေးချယ်တာဝန်ပေးရပါသည်။ ဘုရားသခင်၏အမှုတော် မြတ်မှာ စည်းကမ်းစနစ်နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ ကောင်းဖို့လိုအပ်ကြောင်း ဧဇရသည် သ တိထားမိပါသည်။

               ဆက်လက်၍ ဧဇရ၏မှတ်တမ်းအရ ဖော်ပြရပါလျှင် ]ပထမလ တစ်ဆယ့်နှစ် ရက်နေ့တွင် ငါတို့သည်အဟာ၀မြစ်မှထွက်၍ ယေရုရှလင်မြို့သို့ ခရီးသွားကြ၏။ လမ်း နား၌ ချောင်း၍ နေသာရန်သူလက်မှ ငါတို့၏ဘုရားသခင့် တန်ခိုးတော်ကြောင့် လွတ် လျက်၊} (ငယ် ၃၁) လမ်းခရီးမှာ လေးလမျှ ကြာညောင်းခဲ့၏။ သူတို့ကို ချောင်းမြောင်း လုယက်လိုသော ရန်သူတို့သည်လည်း အကြံမမြောက်ဘဲရှိကြ၏။ ဤသို့နှင့် ပေရသိရှင် ဘုရင် ဗမအထေနမထနျ (အာတဇေရစ်မင်းကြီး) နန်းစံခုနစ်နှစ်၊ ပဥ္စမတစ်ရက်နေ့တွင် ထိုသူတို့သည် ဘေးမသိရန်မခ၊ ခလုတ်မထိ ဆူးမငြိဘဲ လုံခြုံစွာဖြင့် ယေရုရှလင်မြို့သို့ ရောက်ရှိကြလေသည်။

 

 

No comments:

Post a Comment