အခန်း (၂၄)
]ပညာနည်းသောကြောင့် ပျက်စီးရသော} နိုင်ငံတစ်ခု
ဣသရေလတို့သည် ထာ၀ရဘုရားသခင်၌ မျက်နှာရ၍ တင့်တယ်သည်ဟု ဆိုရာ၌
မိမိတို့၏ နားထောင်ခြင်းအပေါ်အခြေပြုပါသည်။ သိနာတောင်မှာ ဣသရေလ တို့သည်
ထာ၀ရဘုရားသခင်နှင့် သဘောတူညီချက်တစ်ရပ် ပြုထားခဲ့ပါသည်။ ]ယခုတွင် သင်တို့သည်
ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့် ရှောက်လျှင်
အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာ တော်ဖြစ်ရကြလိမ်မည်} ဟု ထာ၀ရဘုရားသခင် မိန့်မြွက်တော်မူသောအခါ ဣသရေ လတို့က
]ထာ၀ရဘုရားသခင်မိန့်တော်မူသမျှ တို့ကို အကျွန်ုပ်တို့သည် ပြုပါမည်ဟု
တညီတညွတ်တည်းပြန်ပြောကြ၏။} (ထွက် ၁၉း၅၊ ၈)။
ကတိပြုသည်နှင့် တူပါသည်။ (ထွက် ၁၉း၅၊၈)။ဤသို့လျှင် ဘုရားသခင်သည် ဣသရေလတို့အား
မိမိ၏ လူအဖြစ် ရွေးချယ်၍ ဣသရေလတို့သည်လည်း ဘုရားသခင်ကို မိမိတို့၏ရှင်ဘုရင်အဖြစ်
ရွေး ချယ်ကြပါသည်။ထိုသူတို့သည် ခါနာန်ပြည်သို့ မဝင်မီ ကတိတော်ထား ရာပြည်တော်၏
နယ်နမိတ်အနားမှာ ထာ၀ရဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း ပဋိညာဉ်ကို ပြန်လည် ၍
ဆန်းသစ်စေခဲ့ပါသည်။ မောရှေအားဖြင့် သူတို့သည် အိမ်နီးချင်းနိုင်ငံများနှင့် မရော
နှောမဆက်ဆံဘဲ ထာ၀ရဘုရားသခင်ကိုသာ ဝတ်ပြုကိုးကွယ်ကြဖို့ရန် နှိုးဆော်မှုကို ခံ
ယူခဲ့ပါသည်။ (တရားဟော ၄)။
အထူးသဖြင့်
ထာ၀ရဘုရားသခင်၏ ပညတ်တော်ဆယ်ပါးကို မျက်ခြည် မပြတ် ဖို့ရန် ဖြစ်ပါသည်။
အိမ်နီးချင်းနိုင်ငံသားတို့၏ နတ်ဘုရား ဝတ်ပြုကိုးကွယ်ပူဇော်ပသပုံ
ထုံးစံဓလေ့တို့သည် လူမှုရေးဖောက်ပြန်မှုတို့ကို အားပေးနေသလို ဖြစ်ရကား ထို
အရာမျာကို ရှောင်ရှားရန် သတိပေးချက်များကို ရှင်းလင်းပီပြင်စွာ ပေးထားခဲ့ပါပြီ။
]သင်တို့၏ ထာ၀ရဘုရားသခင်သည် သင်တို့၌ ထားရှိတော်မူသော ပဋိညာဉ်တရားကို မေ့လျော့၍
သင်တို့၏ ထာ၀ရဘုရားသခင်မြစ်တားတော်မူသော အရာတို့၏သဏ္ဌာန် ရှိသော ရုပ်တုကို
မပြုလုပ်မည်အကြောင်း ကိုယ်ကိုကိုယ် သတိပြုကြလော့။} (တရားဟော ၄း၂၃)။
မောရှေသည် ကောင်းကင်နှင့် မြေကြီးကို သက်သေတည်လျက် ကြေညာ
ခဲ့သည်ကား ထိုကတိတော်ထားရာပြည်၌ ကြာမြင့်စွာနေပြီးမှ တစ်ဖန်ဖောက်ပြန်သဖြင့်
သဏ္ဌာန်တစ်စုံတစ်ခုရှိသော ရုပ်တုကိုလုပ်၍ သင်တို့၏ ထာ၀ရဘုရားသခင် အမျက် တော်ကို
နှိုးဆော်ခြင်းငှါ ရှေ့တော်၌ မကောင်းမှုအပြစ်ကို ပြုလျှင် တိုင်းတစ်ပါးသို့
သုံ့ပန်းအဖြစ်ပါသွား၍ နေရာအနှံ့ပြန့်ကျဲသွားမည် ဖြစ်ကြောင်းကို ကြိုတင်၍ သတိ
ပေးထားပါသည်။ ]သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍ ဝင်စားသောပြည်၌ မကြာမြင့်မီ
ဆက်ဆက်ပျောက်ပျက်ရကြလိမ့်မည်။ ထိုပြည်၌ တာရှည်စွာ အသက်မရှင်ရ။ ရှင်းရှင်း
ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်။ ထာ၀ရဘုရားသခင်သည်လည်း သင်တို့ကို
တစ်ပါးအမျိုးသားတို့တွင့် အရပ်ရပ်ကွဲပြားစေ၍ နှင်ထုတ်တော်မူသော သာသနာပ လူတို့တွင်
သင်တို့သည် နည်းနည်းကျန်ကြွင်းရကြလိမ့်မည်။}
(ငယ် ၂၆၊၂၇)။
ဤပုရောဖက်စကားသည် တရားသူကြီးခေတ်ရောက်သောအခါ ပြည့်စုံခဲ့၏။
ဗာဗုလုန်နိုင်ငံတော်သို့ ဂျူးလူမျိုးတို့ပါသွားရပုံနှင့် ဣသရေလတို့ ရှုရိပြည်သို့
ပါသွား ရပုံတို့၌ ထိုပုရောဖက်စကားသည် ပိုမို၍ ပြည်စုံသွားခဲ့ပါသည်။ စာတန်နတ်
ဆိုးမင်းသည် ဤရွေးချယ်ပြီးသော လက်ရွေးစင်နိုင်ငံသားတို့အား သူတို့သည် ထာ၀စဉ်
စောင့်ထိန်းပါမည်ဟု ကတိပေးထားခဲ့ပြီးဖြစ်သော ]ပညတ်တရားတော်နှင့် စီရင်ထုံးဖွဲ့
ချက် ပညတ်တရား} တို့လမ်းမှ လွဲမှား၍
မေ့ပျောက်သွားသည်အထိ ထပ်ခါတလဲလဲ ဒလစပ်ကြိုးပမ်းခဲ့ပေသည်။ (တရားဟော ၆း၁)။ အကယ်၍သာ
ထိုဣသရေလ လူမျိုး တို့အားစာတန်သည် သူတို့၏ ထာ၀ရဘုရားသခင်ကို မေ့လျော့စေသဖြင့်
အခြား သောနတ်ဘုရားတို့၌ ဆည်းကပ်၍ ကိုးကွယ်ကြပါလျှင် သူတို့သည် ပျက်စီးခြင်းသို့
အမှန်ရောက်လိမ့်မည်ကို သိနှင့် ထားပါသည်။ (တရားဟော ၈း၁၉)။မြေကြီးပေါ်ရှိ
ဘုရားသခင့်အသင်းတော်၏ ရန်သူကြီးစာတန်သည် ထာ၀ရဘုရားသခင်ကဲ့သို့လို ]ချစ်သနားခြင်းမေတ္တာကရုဏာနှင့်
ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာ
စောင့်ဖြင်းအရာမှာ ကြွယ်၀ခြင်း၊ အထောင်အသောင်းသောလူတို့အပေါ်မှာ သနားခြင်း
ကျေးဇူးတရားကို စောင့်ထိန်းခြင်း၊ ပြစ်များသော အပြစ်တို့ကို ဖြေလွှတ်ခြင်း} စိတ် မရှိပါချေ။
(ထွက် ၃၄း၆၊ ၇)။ ထာ၀ရဘုရားသခင်မူကား ဣသရေလတို့၏ သမိုင်း တစ်လျှောက်
အမှောင်မိုက်ဆုံးအချိန်နာရီများမှာပင် ထိုနိုင်ငံသားတို့၏ သာယာ၀ပြော၍
ကျန်းမာပျော်ရွှင်ရေးအတွက် အနှိုင်းမဲ့ ကျေးဇူးကရုဏာတော်ကွန်ရက်ကို ကွန့်မြူး
ဖြန့်ကြဲခဲ့လိုက်ပါသေးသည် မဟုတ်ပါလား။ ]ငါသည် သွားတတ်သောအတတ်ကို ဧဖရိမ် (ဣသရေလသား)
အားလက်ဆွဲ၍ သွန်သင်၏။ သို့သော်လည်း ငါစောင့်မခြင်းကျေးဇူး ကို သူသည် မသိဘဲနေ၏} (ဟောရှေ ၈း၁၂၊ ၁၁း၃) ဟု ထာ၀ရဘုရားသခင်သည် ပုရောဖက်
ဟောရှေအားဖြင့် မိန့်တော်မူခဲ့ပါသည်။
ထာ၀ရဘုရားသခင်သည် မိမိ၏ ပုရောဖက်များအားဖြင့် မိမ်၏
လူတို့ကို သိမ်မွေ့စွာဆက်ဆံ၊ ကိုင်တွယ်၊ သွန်သင်နေပါသည်။ အကယ်၍သာ ဣသရေလ လူမျိုးသည်
ပုရောဖက်များပေးသောသတင်းစကားကို ဂရုတစိုက်သတိပြုမည်ဆိုပါက သူတို့သည် အနှိမ်ခံဘ၀မှာ
ရှိနေရလိမ့်မည်မဟုတ်ပါ။ သူတို့သည် ဘုရားသခင်၏ ပညတ်တရားနောက်သို့မလိုက်၊
စိတ်နှလုံးခိုင်မာလှသောကြောင့် ထာ၀ရဘုရား သခင်သည် ထိုသူတို့အားသုံ့ပန်းအဖြစ်သို့
အပ်လိုက်ရခြင်းဖြစ်ပါသည်။ ထာ၀ရဘုရား သခင်၏သတင်းစကားကို ကြည့်ပါ။ ]ငါ့လူတို့သည်
ပညာနည်းသောကြောင့် ဆုံးရှုံးကြ၏။ သင်၏ ဘုရားသခင်တရားကို သင်မေ့လျော့သောကြောင့် သင်၏သားသမီးတို့ကို
ငါမေ့လျော့မည်။} (ဟောရှေ ၄း၆)။
ခေတ်အဆက်ဆက်မှာ သုံးသပ်ကြည့်သော် ထာ၀ရဘုရားသခင်၏ ပညတ်
တရားတော်ကို လွန်ကျူးသော သူတိုင်းရလဒ်တစ်မျိုးတည်းကိုသာ ခံယူရရှိစမြဲဖြစ်
ကြောင်းကို တွေ့မြင်ရပါသည်။ နောဧလက်ထက်ကလူတို့သည် အပြစ်ကျူးလွန် ကြသည်မှာ
ကမ်းကုန်ပြီဖြစ်သောကြောင့် ထာ၀ရဘုရားသခင်သည်လည်း ထိုကူးစက် ပျံ့နှံ့မှုကိုသည်းမခံနိုင်တော့
ရကား ]ထာ၀ရဘုရားသခင်ကလည်း ငါဖန်ဆင်းသောလူကို မြေကြီးမျက်နှာမှ
ငါသုတ်သင်ပယ်ရှင်းမည်ဟု မိန့်တော်မူခဲ့သည် မဟုတ်ပါလား။ (ကမ္ဘာ ၆း၇)။
အာဗြံဟံအချိန်မှာလည်း သောဒုံမြို့နေလူတို့သည် ထာ၀ရဘုရားသခင်နှင့်
ပညတ်တရားတော်မြတ်ကို ပွင့်ပွင့်လင်းလင်းရှုတ်ချခဲ့ကြ၏။ အဘယ်သို့နည်းဟူမူကား
မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍ ပကတိနှင့်ဆန့်ကျင်ဘက် ထုံးစံကို လိုက်ကြ၏။
ထို့အတူ ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်းပကတိထုံးစံကိုစွန့်၍
အချင်းချင်းကိလေသာစိတ်ပူလောင်သဖြင့် ရှက်ကြောက်ဖွယ်သောအမှုကို ယောက်ျား ချင်းပြုလျက်
မိမိတို့မှားယွင်းခြင်းနှင့် အလျောက် မိမိတို့သည် အပြစ်ဒဏ် (ဗှီုS) ကို ခံရကြမည်ကိုလည်း မကြောက်။ သူတို့သည် အလုံးစုံသော
အဓမ္မကျင့်ခြင်း၊ မတရား သောမေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊
မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊
သူတစ်ပါးကို မြင်ပြင်း ကတ်ခြင်းတို့နှင့် ပြည်စုံသောသူ၊ ချောစားသောသူ၊ ဆဲရေးသောသူ၊
ဘုရားသခင်ကို မုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊ ဝါကြွားသောသူ၊ မတတ်
ကောင်းသောအတတ်ကို စီရင်သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ သတိ မရှိသောသူ၊ သစ္စာပျက်သောသူ၊
မိဘသားမယားစသည်တို့ကိ မချစ်သောသူ၊ ရန်ငြိုး ထားသောသူ၊ သနားခြင်းကရုဏာ
စိတ်မရှိသောသူ ဖြစ်ကြသည်သာမက ထိုသို့ ကျင့်သောသူတို့၌ အားရဝမ်းမြောက်ကြပါသည်။
ထိုအမှုအရာကို ထာ၀ရဘုရား သခင်သည် စိတ်ရှည်သည်းခံ၍ မထူးတော့သည် အဆုံး၌
ကောင်းကင်ဘုံမှ ထာ၀ရဘုရားသခင်၏ ကလဲ့စားချေ အမျက်တော်ထာ၀ရမီးသည် ကျရောက်၍ အားလုံး
ကို ပြာပုံဖြစ်သည်အထိ ဖျက်ဆီးပစ်လိုက်လေသည်။
ဣသရေလမျိုးနွယ်ဆယ်စုတို့သည်လည်း တစ်ပါးနိုင်ငံသို့
သုံ့ပန်းအဖြစ်ခေါ် ဆောင်သွားခြင်းမခံရမီ အလားတူဆိုးသွမ်းပုံကို ကြည့်ပါဦး။
]ထာ၀ရဘုရားသခင်သည် ပြည်သူပြည်သားတို့နှင့် တရားတွေ့မှုရှိတော်မူ၏။ အကြောင်းမူကား
သူတို့သည် သစ္စာမရှိ၊ ကရုဏာမရှိ၊ ဘုရားသခင်ကို မသိကြ။ ကျိန်ဆဲခြင်း၊ မုသားစကားကို
ပြောခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ သူ့မယားကို
ပြစ်မှားခြင်းတို့၌ အဆီး အတားမရှိ။ လူအသက်ကို သတ်သောအပြစ်အထပ်ထပ်ရှိကြ၏။} (ဟောရှေ ၄း၁၊၂)။
]တိုင်းတစ်ပါးမှာ အရပ်ရပ်လှည့်လည်ရသော} ဣသရေလ
ဣသရေလမျိုးနွယ်ဆယ်စုတို့သည် မိမိတို့၏
မှောက်မှားမှုများအတွက် ကြေကွဲ ဝမ်းနည်းပူဆွေးခြင်းမရှိသောကြောင့် ယခင်က
မိမိတို့ပိုင်ဆိုင်ခဲ့သော ပြည်တော် နေတန်ခိုးဩဇာကို
အပြည်အစုံပြန်လည်တည်ဆောက်ပေးမည်ဟူသော ကတိတောက် မရရှိခဲ့ပါချေ။
ချိန်းချက်ထားသည့်အချိန်တိုင်အောင် ထိုသူတို့သည် တစ်ပါးအမျိုးသား တို့တွင်
အရပ်ရပ်သို့လှည့်လည်ရကြပါမည်။ သို့သော်လည်း ပုရောဖက်ဟောရှေ အားဖြင့် ကမ္ဘာသမိုင်း၏
နောက်ဆုံးပိုင်းမှာ ထာ၀ရဘုရားသခင်၏ အပေါင်းအသင်း ဝင်လူတို့သည်
အခွင့်အရေးတစ်ခုကိုရရှိလိမ့်မည်ဟု ပုရောဖက်စကားထားရှိခဲ့ပါသည်။ ပုရောဖက်စကားရှိထားသည်မှာ
ဣသရေလမျိုးနွယ်ဆယ်စုတို့သည် ]နေ့ရက်များစွာ ရှင်ဘုရင်မရှိ၊ မင်းသားမရှိ၊
ယဇ်ပူဇော်ခြင်းမရှိ၊ ရုပ်တုမရှိ၊ သင်တိုင်းမရှိ၊ တေရ ရုပ်တုမရှိဘဲ နေရကြလိမ့်မည်။
ထိုနောက်မှ ဣသရလအမျိုးသားတို့သည် ပြန်လာ၍ သူတ်ို့သည် ထာ၀ရဘုရားသခင်းကိုလည်းကောင်း၊
သူတို့ရှင်ဘုရင်ဒါဝိဒ်ကို လည်း ကောင်းရှာ၍ နောင်ကာလ၌ ကျေးဇူးတော်ကို ခံအံ့သောငှါ
ထာ၀ရဘုရား သခင် ထံတော်သို့ တုန်လှုပ်လျက် ပြေးကြလိမ့်မည်။} (ဟောရှေ ၃း၄၊ ၅)။
ပုံဆောင်ပြောဆိုသော ဘာသာစကားအားဖြင့် ဟောရှေသည် ပြန်လည်
တည်ဆောက်ပေးမည်ဟူသော ထာ၀ရဘုရားသခင်၏ စီမံချက် ကောင်းချီးမင်္ဂလာ များကို
ကတိတော်ထားရာပြည်တော်မှာ ဘုရားသခင်ပေါ်သစ္စာ စောင့်သိရိုသေသော
သူတိုင်းအားပေးထားခဲ့ပါပြီ။ ထိုသူများကိုရည်ညွှန်း၍ ထာ၀ရဘုရား သခင်မြွက်ဆို
တော်မူသည်မှာ]တောတစ်ဖက်၌စပျစ်ဥယျာဉ်တို့ကိုလည်းကောင်း၊ အာခေါ်ချိုင့်၌မျှော်
လင့်ရာတံခါးကိုလည်းကောင်းငါပေးမည်။ သူသည် အသက်ငယ်စဉ်ကာလ အီဂျစ်ပြည် မှ
ထွက်လာသောအခါ သီချင်းဆိုသကဲ့သို့ တောတစ်ဖက်သို့ ရောက်သောအခါ သီချင်းဆိုရလိမ့်မည်။
ထာ၀ရဘုရားသခင် မိန့်တော်မူသည်ကား ထိုကာလ၌ သင်သည် ငါ့ကို သခင်ဟူ၍ မခေါ်ရ။
ခင်ပွန်းဟူ၍ခေါ်ရမည်။} (ဟောရှ ၂း၁၅၊ ၁၆)။
ကမ္ဘာ့သမိုင်း၏ နောက်ဆုံးနေ့ရက်များတွင် သက်ရှင်ကြကုန်သော
ထာ၀ရ ဘုရားသခင်၏ ပညတ်တော်ကို စောင့်ရှောက်သည့် ဘုရားသခင်၏ သစ္စာခံ လူ တို့သည်လည်း
ပဋိညာဉ်ကို ပြန်လည်သစ်ဆန်းစေမည် ဖြစ်ပါသည်။ ]ငါသည် ကိုယ် အဖို့သင့်ကို
အစဉ်အမြဲသိမ့်ယူမည်။ ဖြောင့်မတ်ခြင်း တရားသဖြင့်စီရင်ခြင်း၊ ချစ်သနား
စုံမက်ခြင်းနှင့်အညီ ကိုယ်အဖို့သင့်ကို သိမ်းယူမည်။ သစ္စာစောင့်ခြင်းနှင့်
အညီသိမ့်ယူ၍ သင်သည် ထာ၀ရဘုရားသခင်ကို သိရလိမ့်မည်။} ]မသနားမစုံမက်
အပ်သောသတိုး သမီးကို ငါသနားစုံမက်မည်။ ငါ၏လူမဟုတ်သော သူကိုလည်း သင်သည် ငါ၏လူဖြစ်
သည်ဟုငါဆိုမည်။ သူကလည်း ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော် မူသည်ဟု
လျှောက်လိမ့်မည်ဟု မိန့်တော်မူ၏။} (ငယ် ၁၉၊ ၂၀၊ ၂၃)။
ထိုအခါ ]မြေကြီးပေါ်မှာနေသာ သူတည်းဟူသော အသီးသီးဘာသာစကားကို
ပြောသော လူအမျိုးအနွယ်ခပ်သိမ်း}တို့သည်
]ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်း ကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ} ဟူသောသတင်းစကားကို ဝမ်းမြောက်စွာ တုံ့ပြန်ကြပေလိမ့်မည်။
မြေကြီးနှင့်ဆိုင်သော လောကနတ်ဘုရား ရုပ်တုအပေါင်းမှ ထိုသူတို့သည် ကျောခိုင်းကာ
]ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို
ကိုးကွယ်}ကြပါလိမ်မည်။ မိမိတို့ကို
ယ်ကို အနှောင်အဖွဲ့ရှိသမျှတို့မှ လွတ်မြောက်ကင်းဝေးစေလျက် ကမ္ဘာလောကကြီး၏
ရှေ့မှောက်မှာ ထာ၀ရဘုရားသခင်၏ကရုဏာကျေးဇူးတော် အထိမ်းအမှတ်များအဖြစ်
ရပ်တည်နေကြပါလိမ့်မည်။ ထာ၀ရဘုရားသခင်၏ တောင်းဆိုချက်မျာကို လိုက်နာ
စောင့်ရှောက်ကျင့်သုံးသော ယုံကြည်နားထောင်သူများ (ဘုရားသခင်၏ပညတ်တို့ကို
လည်းကောင်း၊ ယေရှု၏ယုံကြည်ခြင်းကိုလည်းကောင်း၊ စောင့်ရှောက်သော သန့်ရှင်း သူများ)
အဖြစ်အသိအမှတ်ပြုခြင်းကို ခံရပေလိမ့်မည်။ (ဗျာ ၁၄း၆၊ ၇၊ ၁၂)။
အကယ်စင်စစ်]သိမ်းသွားခြင်းကို ခံရသော
ငါ၏လူဣသရေလအမျိုးသားတို့ကို တစ်ဖန်ငါဆောင်ခဲ့သဖြင့် သူတို့ကိုနေရင်းအရပ်၌
ငါစိုက်ထားမည်။ ငါပေးသောပြည်မှာ နောက်တစ်ဖန် အဘယ်သူမျှမနုတ်ရ} ဟု သင်၏ဘုရားသခင် ထာ၀ရဘုရားမိန့်တော် မူခဲ့ပြီ မဟုတ်ပါလား။
(အာမုတ် ၉း၁၄၊၁၅)။
No comments:
Post a Comment