အခန်း (၅၆)
အပြစ်လွှတ်ခြင်းနှင့်
ကျန်းမာစေခြင်တို့၏ဝမ်းမြောက်မှု
ဤအခန်းကြီးသည်
နေဟမိ ၈၊ ၉ နှင့် ၁၀ ကို အခြေခံထားသည်။
တံပိုးခရာမှုတ်သော ပွဲတော်သို့ရောက်ရှိလာလေပြီ။
လူပရိသတ်များစွာတို့သည် ယေရုရှလင်မြို့ထဲမှာ စုဝေးနေကြ၏။ မြို့ရိုးနှင့်
ဂိတ်တံခါးတို့ကား ပြီးစီးပါပြီ။ သို့သော် လည်း မြို့တွင်းထဲမှာတော့
ပြုပြင်စရာများစွာ ရှိနေပါသေး၏။
လူတို့သည် မြို့တွင်းလမ်းတွေထဲမှာ အကျယ်ဆုံးနေရာတစ်ခုကို
ရွေးပြီးစင်မြင့် တစ်ခုကို တည်ဆောက်ကြသည်။ ပတ်ဝန်းကျင်မှာတော့ တစ်ချိန်က
ယုဒပြည်သားတွေ ၏ ထွန်းတောက်သော ဘုန်းတန်ခိုးတော်ကို သတိရစေသော ပြိုပျက်ရာများနှင့်
ပြည့် နေသေး၏။ ထိုနေရာမှာ သက်ကြီးအိုဧဖရသည် ရပ်လျက်နေပါသည်။ ထိုလူသားကြီး၏
တစ်ဖက်တစ်ချက်မှာ သူ၏ညီအစ်ကို လေဝိသားတွေရှိကြသည်။ ရွှေပွဲတော်လာ ဧည့်
ပရိသတ်တို့ကား ယုဒပြည်အနှံ့ရှိမြို့ရွာ အရပ်ရပ်၌နေသော ဣသရေလအမျိုးသား လူ
အပေါင်းတို့ဖြစ်ကြ၏။ ထိုသူတို့သည် ရေတံခါးလမ်းမှာ စုဝေးနေကြပြီ မဟုတ်လော။ ထိုအခါ
]ဧဇရသည် ထာ၀ရဘုရားသခင်ကို ကောင်းချီပေး၏။ လူအပေါင်းတို့က အာမင်၊ အာမင်ဟု
လက်အုပ်ချီလျက် ဝန်ခံ၍ ဦးချပျပ်ဝပ်လျက် ထာ၀ရဘုရားသခင်ကို ကိုး ကွယ်ကြ၏။}
သို့တိုင်အောင်လည်း ဤလိုအချိန်အခါမျိုးမှာ အပြစ်၏
သာဓကအထောက် အထားကို တွေ့နိုင်သေး၏။ ပြည်သားတို့သည် တစ်ပါးအမျိုးသား
အမျိုးသမီးတို့နှင့် အိမ်ထောင်ပြုဆက်နွယ်ကြပါသောကြောင့်
ဟေဗြဲဘာသာစကားပပျောက်လုဆဲဆဲ ဖြစ် နေသည်။ သို့ဖြစ်၍ လာသမျှသော လူထုပရိသတိတို့သည်
ထာ၀ရဘုရားသခင်ထား တော်မူသော မောရှေ၏ပညတ္တိကျမ်းကို နားလည်ရန် သတိပြုကာ
ရှင်းပြဖို့လိုအပ်လေ သည်။ ဤတွင် လေဝိသားယဇ်ပုရောဟိတ်တို့သည် လူများတို့အား
ပညတ္တိကျမ်းအနက် ကို ပြန်ပေးကြ၏။ ]ထိုသို့ ဘုရားသခင်၏ပညတ္တိကျမ်းစာကို
သေချာစွာဖတ်ရွတ်၍ အ နက်ကို ပြန်သဖြင့် လူများနားလည်စေခြင်းငှါပြုကြ၏။}
လူပရိသတ်အပေါင်းတို့သည် တိတ်ဆိတ်ရိုသေစွာဖြင့်
အမြင့်ဆုံးသော ဘုရား သခင်၏ ဩဝါဒစကားများကို နားစွင့်ကြလေသည်။ ထိုအခါ
မိမိတို့၏အပြစ်ပယောဂ များ မကင်းကြောင်းမြင်တွေ့လာကြသဖြင့် ငိုကြွေးကြလေရာ
]ပြည်အုပ်မင်းနေဟမိ၊ ကျမ်းတတ်ဆရာယဇ်ပုရောဟိတ် ဧဇရ၊ လူများတို့အား သွန်သင်သော
လေဝိသားတို့က ဤသည်နေ့ရက်သည် သင်တို့၏ဘုရားသခင် ထာရဘုရားအဖို့
သန့်ရှင်းသောနေ့ဖြစ်၏။ ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။ ဆင်းရဲသောသူတို့အား
ဝေမျှကာ စားသောက်စေ ကြလော့။ ဤသည်နေ့ရက်သည် ငါတို့ဘုရားသခင်အဖို့ သန့်ရှင်း၏။
ဝမ်းမနည်းကြနှင့်။ ထာ၀ရဘုရားသခင်ပေးတော်မူသော အခွင့်နှင့်အားယူ၍
ဝမ်းမြောက်ကြလော့ဟု လူအ ပေါင်းတို့အားဆိုကြ၏။}
မှန်ပါသည်။
ထိုနေ့ရက်သည် ထာ၀ရဘုရားသခင်စီရင် တော်မူ သော ကြီးမားလှသည့် ကရုဏာတော်ကို
ခံစားရသဖြင့် ဝမ်းမြောက်ရွှင်လန်းဖို့ ဖြစ်သည် မဟုတ်ပါလား။
ထိုနေ့ရက်မှာ ဘာသာရေးသွန်သင်ချက်များကို
လက်တွေ့ကျင့်သုံးကြသည်။ ပညတ္တိကျမ်းစာကို နံနက်အချိန်မှာစ၍
မွန်းတည့်အချိန်တိုင်အောင် ဖတ်ရွတ်ကြ၏။ စေ့စေ့နားထောင်၍ နားလည်ကြပါသည်။
ကျန်အချိန်များမျာ ထာ၀ရဘုရားသခင် ပေး သနားတော်မူသော ကျေးဇူးတော်အစာအဟာရများကို
မှီဝဲကြ၏။ ဆင်းရဲသားတို့ကို လည်း
မျှဝေပေးကြလေသည်။
ပြည်သားတို့သည် သတ္တမလဆယ်ရက်နေ့မှာ တစ်နှစ်လျှင်
တစ်ကြိမ်ဖြစ်သော အပြစ်ဖြေရာယဇ်ပူဇော်ပွဲကြီးကို ကျင်းပကြ၏။ ထိုလတစ်ဆယ့်ငါးရက်မှသည်
နှစ်ဆယ့် နှစ်ရက် (၁၅-၂၂) အထိကိုတော့ ပြည်သားအပေါင်းတို့နှင့် ယုဒမင်းများတို့သည်
သစ် ခက်တဲဆောက်လုပ်ကာ နေသောပွဲတော်ကို ဆက်လက်ကျင်းပကြသည်။ ]ဣသရေလ
အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ၌ နေရကြမည်ဟု မောရှေအား ထာ၀ရဘုရား
သခင်ထားတော်မူသော ပညတ္တိကျမ်းစာ၌ ရေးထားကြောင်းကို တေ့Gကြ} သောကြောင့်
ပေတည်း။ ]ထိုစကားကို ကြားကြသောအခါ ကျမ်းစာ၌ ပါသည်အတိုင်း သစ်ခက်တဲ တို့ကို
လုပ်ခြင်းငှါ ယေရုရှလင်မြို့မှစ၍ ခပ်သိမ်းသောမြို့ရွာတို့၌ ကြော်ငြာကြ၏။ လူများ
တို့သည် ထွက်သွား၍ သစ်ခက်တို့ကိုဆောင်ခဲ့ပြီးလျှင် အိမ်မိုးပေါ်မှာလည်းကောင်း၊
မိမိဝင်းထဲ၊ ဗိမာန်တော်တန်တိုင်းထဲမှာလည်းကောင်း၊ ရတံခါးလမ်းနှင့် ဧဖရိမ်တံခါးလမ်း
မှာလည်းကောင်း သစ်ခက်တဲများကို လုပ်ကြ၏။ အလွန်ဝမ်းမြောက်လျက်နေကြ၏။ ပထမနေ့မှစ၍
နောက်ဆုံးသောနေ့တိုင်အောင် နေ့ရက်အစဉ်အတိုင်း ဘုရားသခင်၏ ပညတ္တိကျမ်းစာကို
ဖတ်ရွတ်ကြ၏။}
ထိုပွဲကို ခုနစ်ရက်ပက်လုံး ခံကြသည်ဖြစ်ရာ
နေ့တိုင်းအစဉ်ဘုရားသခင်၏ ပညတ္တိကျမ်းစာကို ဖတ်ရွတ်ကြားနာရသဖြင့်
နားလည်သဘောပေါက်လာသည် နှင့်အမျှ အတိတ်ကာလမျိုးဆက်ဟောင်းတို့၏
အပြစ်နွံတွင်းနစ်မွမ်းခဲ့ပုံများကို ပြန်လည်မြင်တွေ့ သိရှိလာကြသည်။ ထာ၀ရဘုရားသခင်၏
စကားတော်မြတ်တို့ကို နားထောင်ခြင်းမရှိခဲ့ သောကြောင့် အာဗြဟံ၏သားသမီးတို့သည်
စောင့်ထိန်းသူမရှိဘဲ တိုင်းတစ်ပါးပြည် နိုင်ငံ တွေမှာ
ပြန့်ကျဲလွင့်ပျံ့နေရကြောင်း၊ သို့ဖြစ်ပါသော်ကြောင့် နောင်တွင် ထာ၀ရဘုရား သခင်၏
အမိန့်တော်မြတ်အတိုင်းလိုက်နာစောင့်ရှောက်ရန် မိမိတို့ ကိုယ်ကိုကတိပေး ဆုံးဖြတ်ကြပါသည်။
ဤသို့သော ပြန်လည်သစ္စာကတိပြုခြင်း အခမ်းအနားကြီးမတိုင်မီ သူတို့သည်
မိမိတို့ကိုယ်ကို တစ်ပါးအမျိုးသားတို့နှင့် မရောနှောဘဲ သီးခြားနေထိုင်ခဲ့ပေ သည်။
ဤသို့ပြုခြင်းဖြင့် မိမိတို့သည် ဘုရားသခင်၏
ကတိတော်မြတ်ရှိသည် အတိုင်း ဆုတောင်းချက်များပြည့်စုံချေပြီဟု ယုံကြည်စိတ်ချထားရန်
ခေါင်းဆောင်များက တိုက် တွန်းနှိုးဆော်ခဲ့၏။ သူတို့သည် နောင်တရရုံမျှသာမကဘဲ
သူတို့အား ဘုရားသခင်သည် အပြစ်မှလုံး၀ဖြေလွှတ်လိုက်ပြီ ဖြစ်ကြောင်းကိုလည်း
ယုံကြည်စေပါသည်။ ဤတွင်မိမိ တို့၏ ယုံကြည်ခြင်းကို ပြသသည့်အနေဖြင့် ဘုရားသခင်၏
ကောင်းမြတ်ခြင်း အဖုံဖုံ တို့ကို ချီးမွမ်းထောမနာပြုကြ၏။ ဆရာကြီးများကလည်း
လူထုပရိသတ်ကြီးအား ]သင် တို့၏ ဘုရားသခင်ထာ၀ရဘုရားသည် အစဉ်အမြဲ မင်္ဂလာရှိတော်မူ
စေသတည်းဟု ကောင်းချီပေးကြလော့} ဟုပြောပါသည်။
ထိုအခါ တရားဟောရာ သစ်သားပလ္လင်အနားမှာ စုဝေးနေကြသောသီချင်း
အဆိုသည် တို့တံမှ သာယာသော သီချင်းသံများပေါ်ထွက်လာလေသည်။ ၎င်းတို့သည် မိမိတို့၏
လက်များကို ကောင်းကင်သို့ မြှောက်ပင့်ကာ ဤသို့ ကျူးအေးကြ၏။
]ကိုယ်တော်သာလျှင် ထာ၀ရဘုရားသခင်ဖြစ်တော်မူ၏။ အမြင့်ဆုံးသော
ကောင်းကင်နှင့် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့ကိုလည်းကောင်း၊ မြေကြီးနှင့် မြေကြီး
ပေါ်မှာ ရှိရှိသမျှတို့ကိုလည်းကောင်း၊ ပင်လယ်နှင့် ပင်လယ်၌ပါသမျှတို့ကို လည်း
ကောင်း ဖန်ဆင်းတော်မူ၏။ အလုံးစုံတို့ကိုစောင့်မတော်မူ၏။ ကောင်းကင်ဗိုလ်ခြေတို့ သည်
ကိုယ်တော်ကို ကိုးကွယ်ကြပါ၏။}
သီချင်းသံပြီးဆုံးသွားသည်နှင့် ခေါင်းဆောင်တို့သည် ဣသရေလ
ရာဇဝင်ကို ပြန်ပြောင်းဆိုခဲ့လေရာ ဘုရားသခင်၏ ကောင်းမြတ်ခြင်း ကရုဏာတော်သည်
ကြီးမားလှသလောက် မိမိတို့၏ ကျေးဇူးကန်းမှုသည် ကြီးမားလှကြောင်းပြောပြသည်။ ယခုတွင်
ဘုရားသခင်၏ တရားမျှတခြင်းကို သူတို့အသိအမှတ်ပြုလာသောကြောင့် လည်း ပညတ်တရားအတိုင်း
လိုက်လျောက်ပါတော့မည်ဟု ကတိသစ္စာဆိုကြပေ၏။ ဤသို့လျှင် အသီးသီး
ပြုအပ်သောဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကို မှတ်တမ်းတင် ခန့်အပ်ထားသည်နှင့် အမျှလေဝိသား၊
ယဇ်ပုရောဟိတ်တို့နှင့် မင်းစည်းစိမ်ရှိသူတို့ သည် လက်မှတ်ရေးထိုးကြပေသည်။
သွေးဆောင်ဖြားယောင်းမှုကို မကြည့်မြင်လိုသော စိတ်ကိုလည်း သူတို့မွေးမြူလာကြပါ၏။
လူအပေါင်းတို့သည် ဤသို့သစ္စာကတိကို ပြု ကြ၏။ ]ထိုအကြောင်းအရာများကို ငါတို့သည်
ဆင်ခြင်းပြီးမှ သစ္စာပြု၍စာချုပ်ကိုလည်း ရေးထားလျက် ငါတို့အကြီးအကဲ၊ ယဇ်ပုရောဟိတ်၊
လေဝိသားတို့သည် တံဆိပ်ခတ် ကြ၏။}ထိုကျိန်ဆိုကတိသစ္စာပြုချက်တွင်
]ဘုရားသခင်၏ ကျွန်မောရှေအားဖြင့် ထား တော်မူသော ဘုရားသခင်၏တရားတော်အတိုင်း
ကျင့်ပါမည်ဟူ၍လည်းကောင်း၊ ငါတို့ အရှင် ထာ၀ရဘုရားသခင်၏ ပညတ်တော်များ၊
စီရင်ထုံးဖွဲ့တော်မူချက်ရှိသမျှတို့ကို စောင့်ရှောက်ပါမည်ဟူ၍လည်းကောင်း၊
ကိုယ့်သမီးတို့ကို ပြည်သားတို့အား မပေးစား၊ ပြည်သားသမီးတို့ကို ကိုယ့်သားတို့အဖို့
မသိမ်းမယူဘဲနေပါမည်} ဟူ၍ပါရှိလေသည်။
ပြည်သားတို့သည် ဥပုသ်နေ့၌ဥစ္စာ၊ စားစရာကိုရောင်းဝယ်ခြင်း၊
လယ်လုပ်ခြင်း အမှုကိုမပြု ကြွေးကိုလည်း အနိုင်မတောင်းဘဲနေပါမည်ဟု သစ္စာဆိုလက်
ဘုရားသခင် ထံပြန်လာကြရန် ဆုံးဖြတ်ကြ၏။ အထူးသဖြင့် ဥပုသ်တော်နေ့မြတ်မှာ
တစ်ပါးအမျိုး သားကုန်သည်များတို့နှင့် အရောင်းအဝယ်မပြုကြပါရန်
ပိတ်ပင်လိုက်ခြင်းဖြင့် ဖောက် ပြန်မှုများကို အဆုံးသတ်နိုင်မည်ဟု နေဟမိက
မျှော်လင့်ထားပါသည်။
အများပြည်သူဝတ်ပြုကိုးကွယ်မှုအစီအစဉ်
အမြဲရှင်သန်လန်းဆန်းရေး အ တွက် လိုအပ်ချက်များကို ထောက်ပံ့နိုင်ရန်
စီမံချက်များကိုလည်း ထားရှိကြပါ၏။ ဆယ် ဖို့တစ်ဖို့အပြင်၊
သန့်ရှင်းရာဌာနတော်လုပ်ငန်းအတွက် နှစ်စဉ်အလÈတော်ငွေများကို
ပေး ဆောင်ရန်ကိုလည်း လူတို့သည် သစ္စာကတိပြုကြပါသည်။ နေဟမိ၏ မှတ်တမ်းအရ ]ငါတို့၏
ဘုရားသခင်၏ အိမ်တော်အမှုအလုံးစုံကို ဆောင်ရွက်စရာဖို့ လူတိုင်းတစ်နှစ် လျှင်
ငွေတစ်ကျပ်သုံးစုတစ်စုပေးရမည်အကြောင်း ကိုယ့်အဖို့ စီရင်ထုံးဖွဲ့ကြ၏။}
ဣသရေလလူတို့သည် ယခုမှာဖောက်ပြန်ခဲ့ရာမှ ကြီးစွာသောဝမ်းနည်း
ခြင်း ဖြင့် ဘုရားသခင်ထံတော်ပါးသို့ပြန်လာပါပြီ။ ကိုယ်တော်ဘုရားသခင်၏ ကတိတော်များ
ကို ယုံကြည်ကြောင်း ဖော်ပြဖို့လိုပေသည်။ သူတို့နောင်တရကြောင်းကို ဘုရားသခင် သည်သိ၍
လက်ခံတော်မူ၏။ ထို့ကြောင့် အပြစ်မှဖြေလွှတ်ခွင့်ရရှိပြီဟူသော အာမခံ ချက်ဖြင့်
ဣသရေလတို့သည် အတိုင်းထက်အလွန်ဝမ်းသာကြ၏။ ဘုရားသခင်ရှေ့ တော်မှောက်မှာလည်း
ပြန်လည်၍တည်ဆောက်နိုင်အံ့သောငှါ မျက်နှာရလေသည်။
နေဟမိ၏ ကြိုးစားအားထုတ်လုပ်ဆောင်မှုတို့သည်
အောင်မြင်ခြင်းသရဖူကို ဆောင်းရ၏။ လူတို့သည် ထာ၀ရဘုရားသခင်၏
နှုတ်ထွက်စကားတော်တို့ကို ကြားနာ နားထောင်နေသမျှမှာ သူတို့အပေါ်သို့ ဘုရားသခင်သည်
ပြော၍ မကုန်နိုင်သော ကောင်းချီးမင်္ဂလာတို့ကို ကတိတော်ထား ရှိသည်အတိုင်း အလျှံပယ်ဖြည့်ဆည်းပေး
တော်မူ၏။ ခွန်အားယူစရာပင် ဖြစ်ချေသည်တကား။
လူသည် အပြစ်များလှချည့်ရဲ။ မထိုက်တန်ပါဘူး
ဟူသောအသိစိတ်မျိုး ပေါ် ထွန်းလာသဖြင့် တိုးတက်မှုကိုမပြု၊ ဆုတ်ယုတ်သည်သာရှိ၏
ဟုဆိုလျှင် ဤမှတ်တမ်း အားဖြင့် ခွန်အားယူနိုင်ကြောင်း ယုံကြည်ခြင်း
သင်ခန်းစာများကို ဆည်းပူးနိုင်ပါသည်။ သမ္မာကျမ်းစာသည် ဣသရေလလူမျိုးတို့၏ ဖောက်ပြန်မှုကို
သစ္စာရှိရှိတင်ပြထား၏။ သို့သော်လည်း ထိုသူတို့၏ လေးနက်သော နောင်တရခြင်း၊
ဘုရားသခင်ကို ဝတ်ပြုရာ၌ အထူးကြည်ညိုခြင်းနှင့် အပ်နှံခြင်းစသည်တို့သည်
သခင့်ထံပြန်လှည့်လာ ကြောင်းကို လည်း ပုံဖော်ထားပါ၏။
အပြစ်ရှိသူအပြစ်သားတစ်ယောက်သည် သန့်ရှင်းသောဝိညာဉ်တော်
ထံတော် သို့ တိမ်းညွတ်လျက်နေပြီဟုဆိုသော်သူသည် မိမိကိုယ်ကို အပြစ်ကျူးလွန်သူ တစ်
ယောက်အဖြစ်မြင်တွေ့တတ်လာပါပြီ။ သို့ဖြစ်၍ သူသည် စိတ်ပျက်အားလျော့၊ ကျဆင်း
ရန်မလိုပါ။ အပြစ်ဖြေလွှတ်ခွင့်ရရှိကြောင်း သိရှိနားလည်စွဲလမ်း၍
လုံခြုံမှုရှိနိုင်ပါ၏။ လူ သည် မိမိအပြစ်မှနောင်တရသဖြင့် ဘုရားသခင်၏
မေတ္တာတော်ရင်ခွင်တွင်းမှာ နွေး ထွေးစွာ ခံစားသိမြင်ရပြီဟုဆိုလျှင်
ဘုရားသခင်၏ဘုန်းတော်ကို သူသည် ထင်ရှားစေ နိုင်လေပြီ။ ထိုသူ၏အနာများကိုလည်း
ဘုရားသခင်သည် ကုသ၍ ပျောက်ကင်းစေ၏။ ယခင်ကညစ်ညမ်းခဲ့သည်များ၊ ယခုမှာ သန့်စင်လျက်
ရှိသည်။ ကယ်တင်ခြင်းဝတ်ရုံ တော်နှင့် ထိုသူတို့ကို သခင်သည် နွေးထွေးစွာ
ခြုံပေးလျက်ရှိနေလေပြီတကား။
No comments:
Post a Comment