အခန်း (၅၃)
]မဖြစ်နိုင်သောအရာ}ကိုပြီးပြည့်စုံစေသူနေဟမိ
ဤအခန်းကြီးသည်
(နေဟမိ ၂၊ ၃) နှင့် ၄ တို့ကို အခြေခံထားသည်။
နေဟမိ၏ လမ်းရီးစဉ်မှာ သူနှင့်အတူပါသွားသော
ဘုရင့်စစ်သူရဲတပ်မှ တပ် စိတ်တစ်ခုနှင့် အမိန့်တော်စာများကြောင့်
ပြည်နယ်အုပ်ချုပ်ရေးမÈ;တို့၏ ကြည်ညိုလေး
စားမှုကို ခံယူရရှိသကဲ့သို့ နှောင့်ယှက်ဖျက်ဆီးလိုသောရန်သူတို့သည်လည်း ပေရသိ
ရှင်ဘုရင်၏တန်ခိုးတော်ဆောင် တပ်စိတ်မÈ;ဦးစီးသော
စစ်သူရဲများကို တွေ့မြင်ရသော ကြောင့် မနှောင့်ယှက်ဝံ့ကြပြီ။
မည်သို့ပင်ဖြစ်စေ စစ်သူရဲတပ်၏ အစောင့်အရှောက်နှင့်
ယေရုရှလင်မြို့ တော် သို့ရောက်ရှိလာခြင်းသည် အရေးကြီးလုပ်ငန်းရှိ၍
ဖြစ်ကြောင်းလူတိုင်းက သိမြင်ပါ၏။ အထူးသဖြင့် ဂျူးလူမျိုးတို့ကို စော်ကား၍
အနာတရဖြစ်စေလိုသော ဆန္ဒရှိသူ တစ်ပါး အမျိုးသားလူများကွဲတို့က မနာလိုဖြစ်ကြ၏။
အထူးသဖြင့် ဤဗိမာန်တော်နှင့်မြို့တော် ယေရုရှလင်ကို ပြန်လည်ကြကုန်သော
လူမျိုးကွဲခေါင်းဆောင်ကြီးတို့မှာ သမ္ဘာလတ်၊ တောဘိနှင့် ဂေရှင်တို့ဖြစ်ကြပါသည်။
ထိုသူတို့သည် နေဟမိကို မနာလို၊ ပြစ်တင်ရှုတ်ချ နှောင့်ယှက်လိုသော
မျက်လုံးတို့ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ပျက်သုဉ်းရန် ကြိုး
ပမ်းအားထုတ်ကြလေသည်။
ဤကဲ့သို့ သူ့အား ဆန့်ကျင်တိုက်ခိုက်ဖို့ရန်အသင့်ရှိနေသော
ရန်သူများ ရှိ ကြောင်း သိနားလည်သော နေဟမိသည် မိမိ၏စီမံချက်များ ပုံစံမချမီ
မိမိလာရခြင်း၏ အကြောင်းရင်း လုပ်ဆောင်ချက်များကို အသိမပေးဘဲဝှက်ထား၏။
မိမိ၏လုပ်ဖော် ဆောင်ဖက်များကိုလည်း လျှို့ဝှက်မတိုက်ခိုက်နိုင်ဖြစ်ပေမည် မဟုတ်လော။
သူသည် လူကို ရွေးချယ်ပြီးသည်နောက် မိမိ၏ ရည်ရွယ်ချက်နှင့်
ပြီးစီးလိုသော စီမံချက်မည်ကဲ့သို့ ရှိကြောင်းကို ပြောပြပါသည်။ နေဟမိ
ယေရုရှလင်မြို့တော်သို့ ရောက်ရှိပြီးနောက်သုံးရက်ကြာလတ်သော် တစ်ခုသော
ညဉ့်သန့်ခေါင်မှာယုံကြည်ကို စိတ်ချရသူအပေါင်းအဖော်တချို့ကို ခေါ်၍ ယေရုရှလင်မြို့၏
ပျက်စီးနေပုံကို ထွက် ကြည့်ကြသည်။ မြည်းကိုစီးကာ မြို့တော်တစ်ဖက်မှသည် တစ်ဖက်သို့
တိုင်သွား၍ မြို့ ရိုးများ၊ ဂိတ်တံခါးများ ပြိုလဲနေပုံကို လေ့လာကြည့်ရှုခဲ့ပါ၏။
မြင်ကွင်းကြောင့် သူသည် စိတ်မကောင်းကြီးစွာ ဖြစ်ရသည်။ တစ်ချိန်က ဣသရေလလူမျိုးသည်
တောက်ပြောင်၍ ကောင်းစားခဲ့ရသလောက် ယခုတော့ မွဲပြောကျနေရပါပြီကော။ အဖြစ်မှာ
ဆိုးလှပေစွ။
ထိုညဉ့်လှည့်လည်သွားလာကြည့်ရှုခဲ့ပုံများကို နေဟမိသည်
မည်သူ့ကိုမျှ မ ပြော၊ နှုတ်လုံတိတ်ဆိတ်နေခဲ့သည်။ ]အဘယ်အရပ်သို့သွားသည်၊
အဘယ်သို့ပြု သည်ကို မင်တို့သည် မသိကြ။ ယုဒလူ၊ ယဇ်ပုရောဟိတ်၊ မÈ;မတ်၊ မင်းအရာရှိ၊ လုပ် ဆောင်သောသူ တစ်စုံတစ်ယောက်အားမျှ
ငါသည်ကိုယ်အမှုကို မပြောသေး။} ကျန်ရှိ
ညဉ့်မှောင်ပိုင်းကို နေဟမိသည် ဆုတောင်းခြင်းဖြင့် အချိန်ကုန်စေတော့သည်။ နံနက်
မိုးလင်းလာသည်ရှိသော် သူသည် စိတ်အားငယ်နေသော ပြည်သားအချင်းချင်းတို့ကို
အားတက်လာအောင်နှိုးဆော်အားပေးရမည် မဟုတ်ပါလော။
နေဟမိသည် ရှင်ဘုရင်အမိန့်နှင့် ပြိုပျက်နေသော
ယေရုရှလင်မြို့တော်ကို ပြန်တည်ရမည်ဖြစ်သဖြင့် ဒေသခံလုပ်သားများကို အာဏာသုံး၍
ခိုင်းစေနိုင်ပါသော် လည်း သူသည် လူထုပရိသတ်တို့ထံမှာ အကြင်သူတရားကိုသာရယူဖို့ရန်
စိတ်သန် နေပါသည်။ အလုပ်ကို ပြီးစီးအောင် လုပ်ဆောင်ရာ၌ နှလုံးတွေပေါင်းစည်းလုပ်ဆောင်မှ
အောင်မြင်မည် မဟုတ်ပါလား။ ဒါကိုသူသိ၏။ သို့ဖြစ်၍ ကွဲပြားခြားနားနေသော လုပ်
အားတွေကို နေဟမိသည် ပေါင်းစည်းစုပြုံစေရာ၌ အတွင်းအပြင်ရန်သူတို့၏ အဖျက် ပယောဂ၊
ငြင်းခုံမှုများကို တင်ပြပြောဆိုရပါသည်။
သူ၏ ဟောပြောပွဲကို ကြားနာနေကြသူများသည် ယမန်နေ့ညဉ့်
သန့်ခေါင်းယံ အချိန်က မြို့ပျက်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်ကို မသိကြပါ။
သို့ဖြစ်၍လည်း မြို့၏ အခြေအနေနှင့် ပတ်သက်၍ နေဟမိသည်လိုရင်းတိုရှင်း၊
ထိထိမိမိတင်ပြပြော ဆိုနိုင်ခဲ့သောကြောင့် မြို့သားတို့သည် သူ့ကို
အံ့အားသင့်နေကြပါသည်တကား။
နေဟမိပံ့ပိုးမှုကို
ရနိုင်ခဲ့ပုံ
နေဟမိသည် လူထုဟောပြောပွဲ၌ သူတို့သည် တစ်ပါးအမျိုးသားတို့
အလယ်မှာ ရှက်ဖွယ် အသရေပျက်ခြင်းကို ခံနေရကြောင်း၊ မိမိတို့၏ ဘာသာတရားရေးမှာလည်း
လျော့ရဲနိုင်လွန်းသည်မက ပြက်ရယ်ပြုရှုတ်ချ သလိုဖြစ်၍ နေကြောင်း၊ ထာ၀ရဘုရား
သခင်ကိုသော်မှ ကဲ့ရဲ့ပြစ်တင်စော်ကားနေကြောင်းပြောပြပါသည်။ ဆက်လက်၍ သူ သည်
ဗာဗုလုန်ုနိုင်ငံမှာ ဤအရပ်သို့ လာရခြင်းအကြောင်းရင်းမှာ ကောင်းကင်ဘုံ၏ အ
လိုတော်အတိုင်းဖြစ်ကြောင်း၊ မိမိလူမျိုးအတွက် ကိုယ်စားပြုဆုတောင်းခဲ့သော ကြောင့်
လည်း ရှင်ဘုရင်ကိုယ်တော်တိုင်က စိတ်တော်တွေ့၍ လိုအပ်သောအကူအညီ အ
ထောက်အပံ့ကိုပေရုံမျှမက အာဏာတန်ခိုးသူ၏ ဆုတောင်းချက်အတိုင်း ထာ၀ရဘုရား သခင်သည်
နားညောင်းအဖြေပေးနေပါသောကြောင့် ဤအစီအစဉ်သည် ဘုရားသခင် ၏ အစီအစဉ်သာဖြစ်ကြောင်း
ပြောပြလိုက်ပါသည်။ ၎င်းနောက်နေဟမိသည် လူထု ပရိသတ်တို့အား တိုက်ရိုက်ပင်
မေးမြန်းလေသည်မှာ- ငါတို့သည် ထ၍ ယခုမှာ မြို့ရိုးကို ပြုပြင်တည်ဆောက်ရန်
အခွင့်အရေးကို ယူကြပါမည်လော။ ထိုစကားကို ကြားသော အခါ လူထုကြီးသည်
ရဲဝံ့မှုအင်အားသစ်နှင့် တစ်သံတည်းဟစ်ကြွေး ညာသံပေးလေ သည်ကား၊ ]ငါတို့သည်
ထ၍တည်ကြကုန်အံ့} ဟုဆိုလျက်
ထိုကောင်းမှုကို ပြီးစေခြင်းငှါ တစ်ယောက်ကို တစ်ယောက်နှိုးဆော်ကြ၏။
နေဟမိ၏ စိတ်အားကြီးမှုနှင့်
ပိုင်နိုင်စွာဆုံးဖြတ်မှုတို့သည် ကူးစက်ပြန့်ပွား လွယ်သောကြောင့် လူတစ်ယောက်စီက
နေဟမိဘက်သို့လှည့်ကာ သူတို့တစ်တွေအား လုံးပါဝင်ကူညီကြမည်ဖြစ်ကြောင်း
စိတ်ရောကိုယ်ပါ ကူညီကြပါမည်ဟု ခံဝန်ကတိ သစ္စာ ပြုကြလေ၏။
ဤစည်းရုံးမှုကို ဣသရေလတို့၏ ရန်သူတို့သည် ကြားလတ်သော်
ပြက်ရယ် ပြုရယ်မောကြ၏။ ]သင်တို့သည် အဘယ်သို့ပြုကြမည်နည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြ
မည်လောဟု ကဲ့ရဲ့လျက်ဆိုကြ၏။} သို့သော်လည်း
နေဟမိက ]ကောင်းကင်ဘုံ၏ ထာ၀ရဘုရားသခင်သည် ငါတို့ကို အခွင့်ပေးတော်မူမည်။ ထိုကြောင့်
ဘုရားသခင်၏ ကျွန်ဖြစ်သော ငါတို့သည် ထ၍တည်မည်}
ဟုအဖြေပေးလိုက်ပါသည်။
နေဟမိ၏
ပုံစံနမူနာက အနိုင်ယူသွားခြင်း
နေဟမိ၏ စိတ်ဓါတ်ကို ပထမဦးဆုံးမြင်တွေ့ဖမ်းမိသူတို့မှာ
ဗိမာန်တော်မှာ အ လုပ်လုပ်ကြသော ယဇ်ပုရောဟိတ်များ ဖြစ်ကြပါသည်။ ထိုသူတို့သည်
ဩဇာရှိလူကြီး မင်းများဖြစ်ကြ၏။ လုပ်ငန်းကိုလျင်မြန်စေနိုင်သူများဖြစ်သလို
နှေးကွေးစေနိုင်၏။ လုပ် ငန်းပြီးစီးအောင်မြင်ဖို့ရန်မှာ သူတို့တစ်တွေ၏
ပေါင်းစည်းလုပ်ဆောင်မှုအပေါ်များစွာ အ ခြေပြုနေပါသည်။ အများစုသည် သဘောရိုးနှင့်
မိမိတို့၏တာဝန်ဝတ္တရာများကို ထမ်း ရွက်လိုကြသည် ဖြစ်ရကား ဤသစ္စာရှိလူသားကြီးတို့၏
နာမည်များကို ဘုရားသခင်၏ မှတ်တမ်းစာအုပ်ထဲမှာ ဂုဏ်ပြုမှတ်တမ်းတင်ထားပြီးဖြစ်၏။
သို့သော်လည်း ]တေကော မင်းတို့သည် မိမိတို့အရှင်၏ အမှုတော်ကို ဝိုင်းညီ၍မပြုကြ။} ဘာသာတရားထမ်းရွက် လုပ်ဆောင်မှုတိုင်းမှာ လူတချို့သည်
အဝေးခပ်လှမ်းလှမ်းမှနေ၍ မကူညီတတ်ကြသလို နိုးနိုးကြားကြားနှင့်
သခင်မျက်နှာကိုသာထောက်၍ သာသနာတော်ပြန့်ပွားရေးအတွက် သခင့်အားကိုးနှင့်
လုပ်ဆောင်ကြသူများလည်း ရှိပါသည်။ ထိုသူတို့ကို အတုယူရာ၏။ အထက်ကောင်းကင်ဘုံရှိစာရင်း
မှတ်တမ်းစာအုပ်ကြီးထဲမှာ ထာ၀ရဘုရားသခင်အဖို့ သစ္စာရှိစွာ ချစ်ခြင်းမေတ္တာနှင့်
လုပ်ဆောင်မှုမှန်သမျှတိုင်းကို ထာ၀ရသတိရနေကြရန် မှတ်တမ်းတင်
မော်ကွန်းထိန်းရေးသားထားရှိဘိသကဲ့သို့ သခင့်အတွက် အစေခံဖို့ရန်
ဖိတ်ခေါ်မှုအခွင့်အရေးတိုင်းကို ငြင်းပယ် ဂရုမစိုက်သော သူတို့၏နာမည်များကိုလည်း
ရေးမှတ်ထားပေသည်။
ယေဘုယျအားဖြင့် ခြုံငုံ၍ ဆိုရပါလျှင် လူတို့သည်
တိုင်းပြည်မျိုးချစ်စိတ် နှင့် ဇွဲမာန်ရှိကာ လှုပ်လှုပ်ရှားရှား၊
ဖျက်ဖျက်လတ်လတ်ရှိကြပါ၏။ အရည်အချင်းရှိသူတို့က ပြည်ထောင်စုဘွားတို့အား
အဖွဲ့ငယ်များ စုစည်းပေလျက် ဦးဆောင်သူတစ်ဦးချင်းစီ သည် မြို့ရိုးတစ်စုံတစ်ခုသော အပိုင်းကို
တာဝန်ယူဆောက်စေပါမည်။ တချို့မှာကာ မြို့တော်ပြန်လည် တည်ဆောက်ရေးမှာ ခိုင်ခံ့စေရန်
]မိမိတို့နေရာ အိမ် တစ်ဖက်တစ် ချက်၌ အသီးသီးပြင်ကြ၏။} ဤအမှုကို နေဟမိသည် ဦးစီးကြပ်မတ်ကာ မမောမပန်းနိုင်
လုပ်ဆောင်သည်။ ဘယ်နေရာမှာ နှောင့်နှေးနေ၍ ဘယ်လိုအရေးပေါ်ဖြည့်ဆည်း ကူညီ ရမည်ကို
သတိပြု၏။ ဤသို့လျှင် သုံးမိုင်အရှည်ရှိသော မြို့ရိုးကို ပြန်လည်ပြုပြင်ရန်
စီမံချက်ချထားလေသည်။ သူသည် ကြောက်ရွံ့တတ်သူတို့ကို ရဲဝံ့စေ၍ ပျင်းရိသူတို့ကို
နိုးကြားစေ၏။ လုံ့လဝီရိယရှိရန် ဆော်ဩပေးလေသည်။ တစ်ဖက်မှနေ၍လည်း သူတို့ကို
ဆန့်ကျင်တိုက်ခိုက်ရန် ချောင်းမြောင်းနေသော ရန်သူတို့၏ အဖျက်သဘောဆောင် ကုန်း
ချောစကားမှစ၍ လုပ်ဆောင်မှုတို့ကို အဝေးမှ စနည်းနာစောင့်ကြပ်နေပါသည်။
နေဟမိသည် မိမိကိုခွန်အားပေးသော ဘုရားသခင်ကို မမေ့ပါ။
အရာခပ်သိမ်း အားလုံကို ကြည့်မြင်၍ သိရှိနေသောအထက်မှ တရားသူကြီးမင်းကို စိတ်နှလုံး
အ ကြွင်းမဲ့နှင့် မပြတ်ဆည်းကပ်နေပါ၏။ ]ကောင်းကင်ဘုံဘုရားသခင်သည် ငါတို့ကို
အောင်မြင်စေပါလိမ့်မည်} ဟူသော
အားပေးစကားတို့က မြို့ရိုးတည်ဆောက်နေသာ လုပ်သားအားလုံး၏ နှလုံးသားကို
ရွှင်မြူးစေပါပြီတကား။
သို့ရာတွင် သမ္ဘာလ၊ တောဘိနှင့် ဂေရှင်တို့သည်
လုပ်သားများအတွင်း ကွဲ ပြားခြားနားမှုရှိရန် ကြိုးစား၍
မရိုးမသားကုန်းချောစကားနှင့် တစ်မျိုး၊ ခြောက်လှန်း ၍ဟစ်ဖုံ ပရိယာယ်စုံလင်စွာနှင့်
ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေကြ၏။ အား နှင့်မာန်နှင့် လုံ့လဝီရိယဖက်ကာ မြို့တော်
ပြန်လည်တည်ထောင်ရေးအလုပ်မှာ ဝိုင်းဝန်း ကူညီနေကြသူတို့ကို ထိုသူတို့သည်
သရောပြောင်လှောင်ကြ၏။ ကျဆုံးကြမှာ ပါ ဟူ၍ ဟောကိန်းထုတ်ပြောဆိုကြပေ၏။ ]အားမရှိသော
ထိုယုဒလူတို့သည် အဘယ်သို့ပြုကြ မည်နည်း။ ကိုယ်ကိုခိုင်ခံ့စေမည်လော။} ကျွမ်းလောင်သော ကျောက်တို့ကို အမှိုက်ပုံ များထဲက ထုတ်၍
ပြုပြင်မည်လောဟု မိမိအမျိုးသာချင်း၊ ရှမာရိစစ်သူရဲရှေ့မှာ သမ္ဘာ လတ်သည်
ပြောင်လှောင်၍ ပြောကြားသလို ]တောဘိကလည်း၊ သူတို့တည်သော ကျောက်ရိုးကို
တောခွေးထိခိုက်လျှင် ပြုလဲလိမ့်မည်ဟု ပြန်ပြော၏။}
ဘုရားသခင်အစေခံလုပ်သားများတို့သည် ဤလိုအချိန်အခါမျိုးမှာ
သူတို့ရန် သူများ၏ ပရိယာယ်ဆင်သော တိုက်ခိုက်စကားတို့ကို စုစည်းအင်အားနှင့် မပြတ်
တွန်းလှန်ရန် ဖြစ်သည်မဟုတ်လော။ သို့မဟုတ်ချေက နေဟမိနှင့် လုပ်ဆောင်သူတို့၏
ပြန်လည်ပြုပြင်တည်ထောင်ရေး လုပ်ငန်းသည် သဲထဲရေသွန်အကျိုးမထင်ရှားဘဲ ရှိချေ
လေတော့မည်။ မရိုးမသား၊ သာလျှင်ကူကြသည့် (သာကူ) အခွင့်အရေးသမား ယုဒ
လူတချို့တို့သည်လည်း ထိုသစ္စာဖောက်လုပ်ရပ်များတွင် မထင်မရှားပါဝင် ကူညီတတ် ကြပေ
သေးသည်တကား။ ဤကဲ့သို့သော မဟုတ်မမှန်ကြံစကားတို့သည် ပါရှန်၊ ဧက္က
ရာဇ်မင်းကြီးအာတဇေရစ်ထံသို့ ရောက်ရှိ၏။ နေဟမိသည် မိမိကိုယ်ကို ဣသရေလ
ရှင်ဘုရင်အဖြစ် ခံယူရန်ကြိုးစားနေ၍ သူ့ကိုကူညီကြကုန်သော လူအပေါင်းတို့သည် လည်း
သက်ဦးဆံပိုင်ဘုရင်ဧက္ကရာဇ်မင်းကို သစ္စာဖောက်သော သူများပေတည်း ဟူ သော သတင်းကို
ပျံ့နှံ့စေခဲ့လေပြီ။
သို့သော်လည်း ]လူတို့သည် မြို့ရိုးကိုတည်ကြ၏။
တည်လုပ်သောသူတို့သည် စေတနာကြီးသောကြောင့် မြို့ပတ်လည်မြို့ရိုးအမြင့်
တစ်ဝက်တိုင်အောင် ပြီးလေ၏} ဟုနေဟမိမှတ်တမ်းပြုထားခဲ့ပါ၏။
လက်တစ်ဖက်မှာ
ပန်းရံကိုင်၍ ကျန်တစ်ဖက်မှာ
လှံကိုင်နေရသည့်အဖြစ်
ဣသရေလရန်သူတို့သည် အလွန်ဒေါသအမျက်ထွက်ကြ၏။ ဣသရေလတို့
ကိုလည်း မတိုက်ခိုက်ဝံ့ကြပါ။ အကြောင်းမူကား ထိုသူတို့သည်ရှင်ဘုရင်၏ စေခိုင်းချက်
အရ လုပ်ဆောင်နေသည်ဖြစ်၍ သူတို့ကိုထိပါးလာလျှင် သက်ဦးဆံပိုင်မင်းကိုလည်း
ထိခိုက်နေပြီမဟုတ်ပါလား။ သို့သော်လည်း သူတို့၏ လက်ရှိလုပ်ရပ် အခြေအနေတို့ သည်
နေဟမိကိုပင် ပြစ်မှား၍နေလေပြီ။ ]သူတို့သည် အလွန်ဒေါသစိတ်ရှိသဖြင့် ယေရု
ရှလင်မြို့ကို စစ်ချီ၍တိုက်မည်။ ထိုအမှုကိုဖျက်မည်ဟု တညီတညွတ်တည်း တိုင်ပင် ကြ၏။} တချိန်တည်းမှာပင် အားမကိုးရသော ယုဒခေါင်းဆောင်တချို့တို့သည်
နေဟ မိကို စိတ်ဓါတ်ကျဆင်းအောင် ရှာကြံလုပ်ဆောင်ပြောဆိုကြ၏။ မှတ်တမ်းအရ၊ ]ယုဒလူ
တချို့ကလည်း၊ ဝန်ထမ်းသောသူတို့သည် အားကုန်ကြီးပြီ။ အမှိုက်များလှ၏။ မြို့ရိုးပြီး
စီးအောင် မတတ်နိုင်ကြဟု ဆိုကြ၏။}
ထိုထက်ပို၍ ဆိုးဝါးသည်ကား ]သူ (ရန်သူ) တို့အနားမှာနေသော
ယုဒလူတို့ သည်လည်းလာ၍ ရန်သူတို့သည်နေရာအရပ်ရပ်တို့က သင်တို့ကို တိုက်လာကြလိမ့်
မည်ဟု ငါတို့အားအထပ်ထပ်ဆိုကြ၏။} ထိုယုဒလူတို့သည်
မကူညီဘဲနှင့် စိတ်ဓါတ်ကျ အောင်အမျိုးမျိုးလုပ်ကြံ ပြောဆိုနေကြပေသည်။ ဤသို့နေဟမိသည်
ပြောင်လှောင်၊ ခြိမ်းခြောက်ခံနေရပါသော်လည်း ပိုမို၍ပင် ဘုရားသခင်ကို အားကိုး၍
မိမိအလုပ်ကို အာ ရုံစိုက်လုပ်ဆောင်၏။ သူ၏ရဲဝံ့မှုကား မဆုတ်မနစ်သွားပါ။ ဦးလည်
မသုန်ရွပ်ရွပ်ချွံချွံသ ဘောထားမှာ ]လှေခွက်ချည်းကျန်၊ အလံမလှဲ} ဟူသော စိတ်ဓါတ်ပေတည်း။ ]ထို ကြောင့် မြို့ရိုးနောက်၊
နိမ့်သောအရပ်၊ ရှင်းလင်းသောအရပ်တို့၌ ဓါး၊ လှံ၊ လေးလက် နက်ပါသောလူများကို
အဆွအမျိုးအလိုက် ငါခန့်ထား၏။ ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှ မÈ;မတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အားခေါ်၍ ရန်သူတို့ကို
မကြောက် ကြနှင့်။ ကြီးမြတ်၍ ကြောက်မက်ဖွယ်ဖြစ်သော ထာ၀ရဘုရားသခင်ကို အောက်မေ့
ကြလော။ ညီအစ်ကို၊ သားမယား၊ အိမ်ရာအဖို့တိုက်ကြလော့ ဟုဆို၏။}
]ငါတို့ရှိသမျှသည် အသီးသီးလုပ်ရာအရပ်မြို့ရိုးသို့ ပြန်၍
လုပ်ဆောင်ကြ၏။ နောက်မှ ငါကျွန်တစ်ဝက်သည် အလုပ်လုပ်ကြ၏။ တစ်ဝက်သည် လှံ၊ ဒိုင်း၊
လေး၊ သံချပ်တို့ကို ကိုင်ကြ၏။ မင်းတို့သည်ယုဒအမျိုးသားနောက်မှာ နေကြ၏။
မြို့ရိုးတည် သောသူ၊ ဝန်ထမ်းသောသူ၊ ဝန်ကို တင်သောသူအပေါင်းတို့သည် လက်တစ်ဖက်နှင့်
လုပ်ကြ၏။ လက်တစ်ဖက်နှင့် လက်နက်ကိုကိုင်ကြ၏။}
မြို့ရိုး၏ တစ်ဖက်တစ်ချက်နေရာများမျာ ယဇ်ပုရောဟိတ်တို့သည်
နေရာယူ၍ ကင်းစောင့်ကြရ၏။ သူတို့မှာ တံပိုးရှိ၏။ ဘေးရန်နီးလာလျှင်
အချက်ပေးမှုတ်ရန်ဖြစ်၏။ ]ထိုသို့ငါတို့သည် အလုပ်လုပ်ကြ၏။ လူတစ်ဝက်သည်
မိုးလင်းသည်မှစ၍ ကြယ်ပေါ် သည် တိုင်အောင် လှံလက်နက်တို့ကို ကိုင်ကြ၏။}
ယခင်ကယေရုရှလင်မြို့ အပြင်ဘက်မှာနေသော ယုဒလူတို့သည်
မြို့တွင်းသို့ ဝင်နေရ၏။ နေ့မှာ အလုပ်လုပ်၍ ညမှာကင်းစောင့်ရန်ဖြစ်သတည်း။
ဤသို့စီရင်ရခြင်းမှာ ရန်သူတို့သည် လူတို့တွင် ရောနှောသွားလာသဖြင့်
ဘေးရန်ပေးလိုသူကို ဘေးရန်မ ပြုနိုင်ရန် ကြိုတင်ကာကွယ်ခြင်းဖြစ်၏။ နေဟမိနှင့် သူ၏
အပေါင်းပါလုပ်သားတို့မှာ မိမိ ဝတ်သောအဝတ်ကိုပင် မချွတ်လဲနိုင်၊ လက်နက်ကိုလည်း
ဘေးမှာမချထားနိုင်အောင် ဖြစ်သတည်း။ အိပ်ပျော်ဖို့ဆိုလျှင်ကား ဝေးလှစွတကား။
နေဟမိအချိန်က မြို့တော်ပြန်လည်ပြုပြင်တည်ထောင်ရေး
အလုပ်သမားတို့ အား ဆန့်ကျင်တိုက်ခိုက်သူတွေထဲမှာ အပြင်က ပွင့်ပွင့်လင်းလင်း
ဆန့်ကျင်ကြသူ တွေရှိသလို အယောင်ဆောင်မိတ်ဆွေ များလည်းရှိ၏။ ယခုခေတ်ဘုရားသခင့်အမှု
တော်မြတ်တွင် ထိုကဲ့သို့သော သူများလည်းရှိကြသည်။ ပြောင်လှောင်ခြင်း၊ ကဲ့ရဲ့ရှုတ်
ချခြင်းတို့ကို တိုးတိုးတိတ်တိတ်နှင့် တစ်ဖုံ၊ ခုနစ်အိမ်ကြား ရှစ်အိမ်ကြားနှင့်
တစ်မျိုးအ ပြောခံကြရသည်လည်း ရှိ၏။ အခွင့်သာလျှင်သာသလို ထိုမျှမကသော ပိုမိုရက်စက်
ကြမ်းတမ်းယုတ်မာသော တိုက်ခိုက်မှုမျိုးဖြင့် ရန်သူတို့သည် လုပ်ဆောင်တတ်ပေသည်။
ထာ၀ရဘုရားသခင်၏ အမှုတော်မြတ်၌ ပံ့ပိုးကူညီကာပါဝင်ပါသည်
ဟုဆို သောသူ တချို့ပင်လျှင် ဘုရားသခင်၏ အခါးသီးဆုံးရန်သူတို့၏
တိုက်ခိုက်မှုများကို လမ်းဖွင့်ပေးသလို ဖြစ်၍နေ၏။ ထာ၀ရဘုရားသခင်၏
အမှုတော်မြတ်တိုးတက် စေလို ပါသည်ဟု ဆိုသောသူတချို့တို့သည်လည်းဘုရားသခင့်အစေခံတို့၏
ခွန်အားကို ဆုတ် ယုတ်စေသည်များလည်း ရှိ၏။ အကြောင်းမူကား ထိုသူတို့သည် မနာလိုသော
တစ်ပါး သူပြောဆိုသံများနှင့် ဘုရားသခင့်ရန်သူတို့၏
သွားပုပ်လေလွင့်ရှုတ်ချစကားတို့ကို တင်း ပြည့် မဟုတ်သော်လည်း
တစ်ဝက်ယုံခြင်းအားဖြင့် ဖြစ်သတည်း။ သို့သော်လည်း နေဟ မိကဲ့သို့ ဘုရားသခင်လူတို့သည်
ရန်သူတို့ကို ကြောက်ဖို့လည်း မဟုတ်ပါ။ ရွံမုန်းဖို့လည်း မလိုပါချေ။
ထာ၀ရဘုရားသခင်ကို ယုံကြည်စိတ်ချထား၍ ရှေကသို့မှန်မှန်တက်လှမ်း လုပ်ဆောင်ရန်ပင်
ဖြစ်ပါသည်။ သူတို့တစ်တွေသည် ယုံကြည်ချက်နှင့် ရပ်တည်နိုင်ရန် အလို့ငှါ ဘုရားသခင်၏
စီမံချက်မှာ လုံး၀ဥဿုံအပ်နှင်းထားရန် ဖြစ်လေသည် မဟုတ် ပါလား။
ခဲရာခဲဆစ်အချိန်တိုင်းမှာ ထာ၀ရဘုရားသခင်၏ လူတို့သည်
ဤသို့လျှင် ယုံ ကြည်စိတ်ချစွာဖြင့် ကြွေးကြော်ဖို့ရန် ဖြစ်လေသည်။ ]ဘုရားသခင်သည်
ငါတို့ဘက်၌ ရှိတော်မူလျှင် အဘယ်သူသည် ငါတို့တစ်ဖက်၌ နေနိုင်မည်နည်း။} (ရောမ ၈း၃၁)။ စာတန်နတ်ဆိုးမင်း၏ ပရိယာယ်ထောင်ချောက်များ
မည်မျှပင် လိမ္မာပါးနပ်ကာ စဉ်းလဲမှု ရှိပါစေ၊ ထာ၀ရဘုရားသခင်သည် ထိုအကြံအစည်များကို
အချည်းနှီးသက်သက် ဖြစ် စေနိုင်သည် မဟုတ်လော။ ထာ၀ရဘုရားသခင်သည် သူ၏အမှုတော်မြတ်တွင်
ဦးစီး ဦးဆောင်ပြနေပါသည်။ သို့ဖြစ်၍အဆုံး၌ အောင်မြင်ရပါလိမ့်မည်။ ထိုအမှုကို အဘယ်
လူသားမျှ မဟန့်တားနိုင်ကြောင်း ကျွန်ုပ်တို့သိမှတ်ရပေမည်။
No comments:
Post a Comment