အခန်း (၂၈)
ပျက်စီးရာများကို ပြုပြင်သော ဟေဇကိမင်းကြီး
ဟေဇကိမင်းကြီးသည် ယုဒပြည်ကိုပြုပြင်ဖို့ရန် နန်းတက်သည်ဟု ဆိုရပါမည်။ ထိုစဉ်အခါမှာ ယုဒပြည်ကို မြောက်ပိုင်းနိုင်ငံတော်ကို ဣသရေလတို့ စိုးမိုးခဲ့သည်။ ဖောက်ပြန်မှုကြီးလွှမ်းမိုးခဲ့၏။ ပုရောဖက်များစွာတို့လည်း အလီလီဆုံးမဩဝါဒပေးခဲ့ကြ သည်ကို နားမထောင်ခဲ့၍ ပြည်တော်မှာ စီရင်ခြင်းကို ခံရပေတော့မည်။ ဆုံးဖြတ် လုပ်ဆောင်အပ်သော ဘာသာတရားပြန်လည် ပြုပြင်ပြောင်းလဲရေးရှိမှသာလျှင် ထို စီရင်ခြင်း ဖြစ်ရပ်မှန်မှ လွှဲဖယ်သွားနိုင်မည် မဟုတ်ပါလား။
ထိုမင်းနန်းတက်သည်နှင့် မဆိုင်းမတွပင်ပြုပြင်ပြောင်းလဲရေး စီမံချက်များ ချမှတ်သည်။ ပထမဦးစွာ ဗိမာန်တော်အတွင်းဝတ်ကြီး ဝတ်ငယ် အသွယ်သွယ်ကို ပြန်လည်စတင်လုပ်ဆောင်စေ၏။ ထာ၀ရဘုရားသခင်ကို သစ္စာရှိနေဆဲယဇ်ပုရော ဟိတ်များနှင့် ယေဝိလူများတို့ကို ပြန်လည်ပေါင်းစည်းလုပ်ဆောင်စေ၏။ ထိုမင်းသည် မိမိ၏အပြစ်ကို ဖော်ပြဝန်ချတောင်းပန်၍ ပြောသလိုလုပ်ဆောင်ခဲ့ပေသည်။ ]ငါတို့ အဘများသည် ပြစ်မှား၍ ငါတို့၏ထာ၀ရဘုရားသခင်ရှေ့တော်၌ အပြစ်ကို ပြုကြပြီ။ ထာ၀ရဘုရားသခင်ကို စွန့်၍ ကျိန်းဝပ်တော်မူရာအရပ်မှ မျက်နှာလွှဲလျက် ကျောခိုင်း ကြပြီတကား။} ]ယခုမူကားပြင်းစွာသော အမျက်တော်သည် ငါတို့မှာ လွှဲသွားမည်အ ကြောင်း ဣသရေလအမျိုး၏ ဘုရားသခင်ထာ၀ရဘုရားနှင့် ပဋိညာဉ်ဖွဲ့မည်ဟု ငါအကြံရှိ၏။} (၆ရာ ၂၉း၆၊ ၁၀)။
ရှင်ဘုရင်သည် အခြေအနေအားလုံးကို ပြန်လည်သုံးသပ်လိုက်၏။ ဗိမာန် တော်တံခါးများပိတ်ထားသည်ကို ပြန်လည်ဖွင့်ပေးရမည်။ ရပ်စဲနေဆဲ ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်တို့သည်လည်း လက်ဝယ်ရောက်ရှိနေသော အလုပ်ဖြစ်သဖြင့် ဦးစားပေး လုပ်ဆောင်ရပေမည်။ ပြည်တွင်းမှာ အနှံ့အပြားရှိလမ်းထောင့် နတ်ကွန်းများစွာ ကို ပယ်ဖျက်ပစ်ရမည်။ လူပရိသတ်ကြီး၏ လွဲမှားနေသော တရားလမ်းစဉ်ကို သာသနာ သန့်စင်ရေးဆီသို့ရှေးရှုရပေမည်။ သို့မှသာလျှင် သစ္စာရှိကျန်ကြွင်းသူများအဖို့ ပုံပမာ ကောင်းဖြစ်မည် မဟုတ်လော။ အရာရာမှာ ကျဆုံးတိမ်ကောပပျောက်သွားသော နိုင်ငံတော်ကြီး၏အလှကို ပတ်ဝန်းကျင်တိုင်းနိုင်ငံများရှေးမှာ ပြန်လည်၍ စန်းပွင့် နာမည်ကြီးလာရန် ပြုပြင်ဖို့လိုအပ်နေလေပြီမဟုတ်လော။ များမကြာမီ မြောက်ပိုင်း နိုင်ငံတော်ကြီးသည် အာရှုရိပြည်သားတို့ လက်တွင်းသို့ကျရောက်ပေတော့မည်။ သူပြီး လျှင် ယုဒပြည်မဟုတ်ပါလား။ ထိုအဖြစ်ဆိုးမှ လွတ်မြောက်ရန် ရွေးချယ်ပြီး ဘုရား သခင်၏ ကိုယ်စားလှယ်များအားဖြင့်သာ ထာ၀ရဘုရားသခင်၏ ကြီးကျယ်သော လုပ်ဆောင်မှုများကို မျှော်လင့်ရပေမည်။
ဟေဇကိမင်းကြီးသည် ပြည်တွင်းသာသနာတော်ပြန်လည်ရှင်သန်လန်းဆန်း ရေးအတွက် မိမိနှင့် အတူပူးပေါင်းပါဝင်လုပ်ဆောင်ကြပါရန် ပုရောဟိတ်တို့ကို တောင်း ပန်ခဲ့ပါသည်။ ]ငါ့သားတို့၊ မဖင့်နွှဲကြနှင့်။ ထာ၀ရဘုရားသခင်ရှေ့တော်၌ ရပ်၍ ဝတ်ပြု ခြင်းအမှုတော်ကို စောင့်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်းအမှုကို ပြုစေခြင်းငှါ သင်တို့ကို ရွေးထားတော်မူပြီ။} ]ကိုယ်ကိုလည်းကောင်း၊ ထာ၀ရဘုရားသခင်၏ အိမ်တော်ကို လည်းကောင်း သန့်ရှင်းစေ၍ သန့်ရှင်းရာဌာနထဲက အမှိုက်ကိုသုတ်သင် ပယ်ရှင်း ကြလော့။} (ငယ် ၁၁၊ ၅)။
ထိုသို့နှင့်အညီ ယဇ်ပုရောဟိတ်တို့သည် ချက်ချင်းလုပ်ဆောင်ကြ၏။ ကိုယ် ကျိုးစွန့်လုပ်ဆောင်မည့်သူတို့၏ နာမည်စာရင်းကိုပြုစု၍ ဗိမာန်တော်အတွင်း အပြင်ကို သန့်ရှင်းစေကြပါသည်။ ဤအမှုတော်မြတ်သည် အံ့ဖွယ်အချိန်တိုလေး အတွင်းမှာပင် ပြီးစီးသွားလေ၏။ ဗိမာန်တော်တံခါးတို့ကို ပြန်လည်ပြုပြင်မွမ်းမံကြသည်။ ခွက်ဖလား တန်ဆာပလာတို့သည်လည်း မိမိတို့၏ နေရာအသီးသီးမှာထားရှိစေသည်။ ယခုတော့ ဗိမာန်တော်ကြီး၌ ပြုအပ်သော ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကို ဆက်လက်ထမ်း ဆောင်၍ ရနေပါလေပြီ။
ပထမဦးဆုံး ဗိမာန်တော်အတွင်းပြန်လည် ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်မှာ မြို့တော်ဝန်နှင့် အုပ်ချုပ်ရေးသမားတို့သည် ရှင်ဘုရင်နှင့်ပေါင်းစည်းကာ မိမိတို့နှင့် တကွ ပြည်တော်တစ်ခုလုံး၏အပြစ်များအတွက် ခွင့်လွှတ်ခြင်းရရှိဖို့ရန် ယဇ်ပုရောဟိတ် တို့အား ဆုတောင်းပေးပါရန် ပန်ကြားကြ၏။ ယဇ်ပလ္လင်ပေါ်မှာလည်း အပြစ်ဖြေရာ ယဇ်ကောင်ကို ပူဇော်ကြပါသည်။ ]ထိုသို့ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်ကို ဣသရေလ အမျိုးသားအပေါင်းတို့အဖို့ ပူဇော်မည်အကြောင်း၊ ရှင်ဘုရင်အမိန့်တော် ရှိပြီ။} ဤသို့လျှင် ဗိမာန်တော်ပရဝဏ်မှာ ဘုရားသခင်၏နာမတော်ကို ချီးမွမ်းကြ ကုန်၏။ ဒါဝိဒ်၏ သီချင်းများကိုလည်း ဝမ်းမြောက်စွာ သီဆိုကျူးအေးကြပါသည်။ ဤသို့ ဝတ်ပြုကိုးကွယ်နေကြသူတို့သည် မိမိတို့၏ အပြစ်ကျေးကျွန်နှင့် ဖောက်ပြန်လမ်းလွဲ ခြင်းဘ၀မှ လွတ်မြောက်ပြီဖြစ်ကြောင်းကို ခံစားသိမှတ်လာကြသည်။ အကျိုးကျေးဇူး ကြီးလှသည့်ဖြစ်ခြင်း၊ ]ထိုအမှုလျင်မြန်သော်လည်း ဘုရားသခင်သည် လူများကိုပြင် ဆင်တော်မူသောကြောင့် ဟေဇကိနှင့် လူအပေါင်းတို့သည် ဝမ်းမြောက်အားရကြ၏။} (ငယ် ၂၄၊ ၂၉၊ ၃၆)။
ထာ၀ရဘုရားသခင်သည် ယုဒမင်းတို့၏ စိတ်နှလုံးကို ပြင်ဆင်ပေးသောကြောင့် ဘာသာဝတ်ပြုကိုးကွယ်မှု ပြုပြင်ပြောင်လဲရေး လှုပ်ရှားမှုကဏ္ဍများမှာ စိတ်ဝင်စားမှု ရှိလှ၍ ဖောက်ပြန်သင်းခွဲမှုကို ဖယ်ရှားကာ နိုးထမှုကိုအဓိကထားလုပ် ဆာင်လာ ကြပါသည်။ ဤသတင်းစကား လှုံ့ဆော်မှုများကို မြောက်ပိုင်း ဣသရေလနိုင်ငံက ငြင်းပယ်ခဲ့ပါသော်လည်း တောင်ပိုင်းနိုင်ငံယုဒပြည်မှာကား ကောင်းသောကျန်ကြွင်းသူ လူတစ်စု ရှိနေသေးလေရာ ထိုသူများသို့ပုရောဖက်ကြီးသည် ဆက်လက်၍ တောင်း ပန်စကားဖြင့် နှိုးဆော်ခဲ့ပါသေးသည်။ ]အိုဣသရေလအမျိုးသားတို့၊ သင်တို့သည် အလွန်လွှဲရှောင်ပယ်ထားသော ဘုရားသခင်ထံတော်သို့ပြန်လာကြလော့။} (ဟေရှာယ ၃၁း၆)။ ဤသဘောမျိုးကို ပုရောဖက်မိက္ခာသည်လည်း စိတ်ချမှုအပြည့်နှင့် ကြွေး ကြော်ခဲ့ပါသေးသည်။ ငါသည်ထာ၀ရဘုရားသခင်ကို ပြစ်မှားသောကြောင့် အမျက် တော်ကိုခံရ၏။ ငါ့အမှုကို စစ်ကြော၍ တရားဆုံးဖြတ်တော်မမူမိတိုင်အောင် ငါခံရ၏။ ငါ့ကိုအလင်းထဲသို့ထုတ်၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ်ခြင်း ပါရမီကို ငါမြင်ရလိမ့်မည်။ (မိက္ခာ ၇း၇၊ ၉)။
ဤသတင်းစကားသည် ဗိမာန်တော်တံခါးပိတ်ထားရာ အမှောင်နှစ်များအတွင်း လူများစွာကို မျှော်လင့်ခြင်း ပေးနိုင်စွမ်းရှိခဲ့ပါသည်။ ယခုတော့ ခေါင်းဆောင်များတို့ လည်းပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများစွာကို စတင်လုပ်ကိုင်နေကြပြီဖြစ်သော ကြောင့် လူထုပရိသတ်တစ်ရပ်လုံးက အပြစ်ကျေးကျွန်ဘ၀မှာ ငြီးငွေ့ပင်ပန်းခဲ့ရကား ဘာသာရေးနိုးကြားမှုကို တုံ့ပြန်ရန် အသင့်ဖြစ်နေကြပါသည်။
မည်သူမဆို အပြစ်လွှတ်ခြင်းတရားနှင့် အံ့ဩဖွယ်ရဲဝံ့ဆေးကို ရှာဖွေသော် ကျန်းစာတော်မြတ်မှာတွေ့ရှိနိုင်ပါသည်။ ဤကား မောရှေပြောသောစကားပေတည်း။ ]သင်တို့သည်နောင်ကာလ၌ ဒုက္ခဆင်းရဲကိုခံ၍ ဤအမှုအလုံးစုံတို့နှင့် တွေ့ကြုံသော အခါ သင်တို့၏ဘုရားသခင် ထာ၀ရဘုရားထံတော်သို့ ပြန်လာ၍ စကားတော်ကို နားထောင်လျှင် သင်တို့၏ဘုရားသခင်ထာ၀ရဘုရားသည် သနားတတ်သောဘုရား သခင်ဖြစ်တော်မူသောကြောင့် သင်တို့ကိုစွန့်ပစ်ဖျက်ဆီးတော်မမူ။ သင်တို့ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရာကို မေ့လျော့တော်မမူ။} (တရားဟော ၄း၃၀၊ ၃၁)။
ရှောလမုန်မင်းကြီးအားဖြင့် တည်ဆောက်ပြီးစီးသော ထာ၀ရဘုရားသခင်၏ ဗိမာန်တော်ကို ဆက်ကပ်အနုမောဒနာတင်ပွဲမှာ ရှောလမုန်မင်းကြီးဆုတောင်းခဲ့ပုံကို သတိရပါ။ ]ကိုယ်တော်၏ လူဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှား သောအပြစ်ကြောင့် ရန်သူရှေ့မှာ ရှုံးရသောအခါ ကိုယ်တော်ထံသို့ပြန်လာ၍ နာမ တော်ကိုဝန်ခံလျက်၊ ဤအိမ်တော်ကိုမှီခိုလျက် ဆုတောင်းပတ္ထနာပြုလျှင် ကောင်းကင် ဘုံ၌နားထောင်၍ ကိုယ်တော်၏လူဣသရေလအမျိုးသားတို့ကို အပြစ်မှ လွှတ်တော် မူပါ။} (၃ရာ ၈း၃၃၊ ၃၄)။ ထိုမင်းကြီး၏ ဆုတောင်းချက်ကို ထာ၀ရဘုရားသခင်သည် ညဉ့်အခါမှာ မိမိကိုယ်ကို ထင်ရှား၍ အဖြေပေးသည်ကား ]ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကိုနှိမ့်ချသဖြင့် ငါ့မျက်နှာကို ရှာလျက် ဆုတောင်းပတ္ထနာပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံကနားထောင်မည်။ သူတို့ အပြစ်ကိုဖြေ၍ သူတို့ပြည်ကိုချမ်းသာပေးမည်။}(၆ရာ ၇း၁)။ ဤကတိတော်မြတ် တို့သည် ဟေဇကိမင်းကြီးလက်ထက် ဘာသာဝတ်ပြုကိုးကွယ်မှုပြုပြင် ပြောင်းလဲရေး ကာလအတွင်းမှာ အထူးသဖြင့် ပြည့်စုံခဲ့ပါသည်။
ပသခါပွဲကို ကျင်းပခြင်း
ဟေဇကိမင်းကြီးသည် ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှု အစီအစဉ်များကို စိတ် အားကြီးစွာဖြင့် အမှန်တကယ် မင်္ဂလာတစ်ရပ်အဖြစ်ပြုလုပ်လျက်နေစဉ် ဣသရေလ လူတို့ကို စုစည်းသည့်အနေဖြင့် ပသခါပွဲကျင်းပသော်ကောင်းမည်ဟု ဆုံးဖြတ်ချက် ချလိုက်ပါသည်။ တိုင်းပြည်နှင့် အဝန်းထိုပွဲတော်ကို အကျင်းပခဲ့သည်မှာ နှစ်ပေါင်း များခဲ့ပြီ။ ရှောလမုန်မင်းကြီး နောက်ပိုင်းပြိုကွဲသွားသော နိုင်ငံတော်ကာလ အတွင်းမှာ ဤပွဲတော်မျိုးသည် မရှိတော့ပြီ။ သို့သော်လည်း နှိုးဆွလှုံ့ဆော်မှုတန်ခိုးနှင့် ပြည့်၀သော ပုရောဖက်တို့၏ သတင်းစကားများသည် အချည်းနှီးတော့ ဖြစ်မသွားပါ။ ထိုသတင်းကို နန်းတွင်းအမြန်စေတမန်များတို့မှ တစ်ဆင့် ယေရုရှလင်မြို့တော်မှာ ပသခါပွဲကျင်းပ မည်ဟူသော သံတော်ဆင့်ဖိတ်ခေါ်မှုသည် တောမီးသဖွယ်ပျံ့နှံ့သွားတော့၏။ မှတ်တမ်း အရ ]စာပို့လုလင်တို့သည် ဧဖရိမ်ခရိုင်၊ မနောရှေခရိုင်တစ်လျှောက်လုံး၊ ဇာဗုလုန် ခရိုင်တိုင်အောင် တစ်မြို့မှတစ်မြို့သို့ပြေးကြ၏။ ပြည်သားတို့သည် ပြက်ရယ်ပြု၍ ကဲ့ရဲ့ကြ၏။ သို့ရာတွင် အာရှခရိုင်သား၊ မနာရှေခရိုင်သား၊ ဇာဗုလုန်ခရိုင်သားအချို့ တို့သည် ကိုယ်ကိုနှိမ့်ချ၍ ယေရုရှလင်မြို့သို့လာကြ၏။} (၆ရာ ၃ဝး ၁၀၊ ၁၁)။
ဤဖိတ်ခေါ်မှုကို ယုဒပြည်ကလည်းဝမ်းမြောက်စွာ လက်ခံတုံ့ပြန်သည်။ ]ယုဒ ပြည်သားတို့သည် ထာ၀ရဘုရားသခင် အမိန့်တော်အတိုင်း၊ ရှင်ဘုရင်နှင့် မÈ;မတ် တို့စီရင်သည်အတိုင်း တညီတညွတ်တည်းပြုခြင်သော စေတနာစိတ်ကိုဘုရားသခင် တန်ခိုးတော်ကြောင့်ရကြ၏။} (ငယ် ၁၂)။ ဤသို့ဖြစ်ရန် ဘုရားသခင်ခိုင်းသော ပုရောဖက်များက ကြိုတင်ဟောထားခဲ့ပြီမဟုတ်လော။ ဘုရားသခင်၏ ပုရောဖက် စကားတို့ကို နားထောင်သော ဧကန်အမှန် အကျိုးထူးရနိုင်ပါသည်တကား။
အာခတ်မင်းလက်ထက်ယဇ်နတ်ပူဇော်ပသရာ ဇရပ်ဆောင်များတို့သည်လည်း မြို့တော်အတွင်း ရှိလမ်းများပေါ်မှာမရှိတော့ပြီ။ ပသခါပွဲကျင်းပသဖြင် လူပရိသတ် တို့သည် တစ်ပတ်တာလုံးထာ၀ရဘုရားသခင်အား ငြိမ်းချမ်းရေးယဇ်ကိုပူဇော်ကြကာ ဘုရားသခင် အလိုတော်မည်သိုရှိသည်ကို ဆည်းပူးကြပါသည်။ စိတ်နှလုံးအကြွင်းမဲ့နှင့် ထာ၀ရဘုရားသခင်ကို ရှာသောသူတို့သည်လည်း အပြစ်ဖြေလွှတ်ခြင်းအခွင့်ကို ရရှိ ခံစားကြရလေသည်။ လူပရိသတ်ကြီးသည်လည်း အတိုင်းထက်အလွန် ဝမ်းမြောက် ကြပေ၏။ ]ယဇ်ပုရောဟိတ်လေဝိသားတို့သည် အသံကျယ်သော တူရိယာမျိုးကို တီးမှုတ်လျက် နေ့ညမပြတ် ထာ၀ရဘုရားသခင်အား ထောမနာသီချင်းဆိုကြ၏။} လူအပေါင်းတို့သည် မိမိတို့ဆန္ဒရှိသည် အတိုင်းပူးပေါင်းလျက် ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ် ကြသည်မှာ သောင်းသောင်းဖြဖြပင် ဖြစ်နေလေပြီတကား။ (ငယ် ၂၁၊၂၂ )။
ဤသို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ပူဇော်ရာကာလခုနစ်ရက် လွန်မြောက် သွားချေပြီ။ ဝတ်ပြုကိုးကွယ်သူတို့သည် ထိုမျှလောက်နှင့် မလုံလောက်သေးရကား နောက်ထပ်ခုနစ်ရက်တိုး၍ ဘုရားသခင်၏အလိုတော်လမ်းခရီးကို ပိုမို၍ သိရှိနား လည်လာရန် ဆုံးဖြတ်ထားကြပါသည်။ စာချယဇ်ပုရောဟိတ်တို့သည်လည်း ပညတ် တရားပြကျမ်းစောင်များမှ သွန်သင်ချက်များကို လူတို့အားသွန်သင်ကြပါသည်။ လူ ပရိသတ်တို့သည်လည်း နေ့တိုင်းအစဉ်ကျေးဇူးတော်ကို ချီးမွမ်းဖို့ရန် စုဝေး၍နေကြ၏။ ဤအခြင်းအရာများသည် ယုဒပြည်မှာရှိသော အယူလွဲမှားဖောက်ပြန် သူများကိုပင် နောင်တရစေ၍ လမ်းမှန်သို့ ပြန်လည်လျှောက်နင်းရန် ဖြစ်စေသောဘုရားသခင်၏ အံ့ဩဖွယ်ရာ အမှုတော်မြတ်ဖြစ်ကြောင်းသက်သေ ထင်ရှားလျက်ရှိပါသည်။ ကျမ်း မှတ်တမ်းအရ ]ထိုသို့ ယေရုရှလင်မြို့၌ ကြီးစွာသော ဝမ်းမြောက်ခြင်းရှိ၏။ ဣသရေလ ရှင်ဘုရင်ဒါဝိဒ်သား ရှောလမုန်လက်ထက်မှသည် နောက်တစ်ဖန် ယေရုရှလင်မြို့၌ ထိုမျှလောက် ကြီးစွာသော ဝမ်းမြောက်ခြင်းမရှိ။} (ငယ် ၂၆)။
ဘာသာတရားနိုးထမှုကြီးပျံ့နှံ့သွားခြင်း
ဝတ်ပြုကိုးကွယ်ကြသူတွေမိမိတို့ နေအိမ်ရှိရာပြည်နယ် အသီးသီး ဆီသို့ ပြန်သွားပေတော့မည်။ ]ထာ၀ရဘုရားသခင်သည် ထိုသူတို့၏ ကျိုးပဲ့ကြေမွသော နှလုံး သားအိမ်မှ မိမိတို့၏ အပြစ်အတွက် ဖော်ပြဝန်ချတောင်းပန်ချက်များကို လက်ခံခဲ့လေ ပြီ။ (ငယ် ၂၇)။သို့ဖြစ်၍လည်း အပြစ်လွှတ်ခြင်းအခွင့် ကိုရရှိကြကုန်သော လူပရိသတ် ကြီးတို့သည် ပျော်ရွှင်ကြပေ၏။
ယခုမှာ ထိုသူတို့သည် မိမိတို့၏ နေရာဌါနေမှာ ဤကဲ့သို့သော အရေးကြီးပြုပြင် ပြောင်းလဲရေးလုပ်ငန်းဖြစ်သော သာသနာတော်သန့်စင်ရေး တာဝန်ကို အလျှိုလျှိုထမ်း ရွက်ကြရပေတော့မည်။ အောင်မြင်သည်ဟု ဆိုရလိမ့်မည်။ ကျမ်းမှတ်တမ်းအရ ]ထို အမှုလက်စသတ်သော အခါ စည်းဝေးသော ဣသရေလလူအပေါင်းတို့သည် ယုဒမြို့ များသို့ထွက်သွား၍ ယုဒပြည်၊ ဗင်္ယာမိန်ပြည်၊ မနာရှေပြည်၊ အရပ်ရပ်၌ရှိသော ရုပ်တု (ယဇ်နတ်ဘုရား)၊ အာရှရပင်၊ မြင့်သောအရပ်၊ ယဇ်ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက် ဆီးမီတိုင်အောင် ချိုးဖဲ့၊ ခုတ်လှဲဖြိုချကြ၏။ ထိုနောက်မှ ဣသရေလအမျိုးသားအပေါင်း တို့သည် အသီးသီး ပိုင်ထိုက်သောနေရာ မြို့ရွာတို့ သို့ ပြန်သွားကြ၏။} (၆ရာ ၃၁း၁)။
]ထိုသို့ဟေဇကိသည် ယုဒပြည်တစ်လျှောက်လုံးတွင် စီရင်၍ မိမိဘုရားသခင် ထာ၀ရထာ၀ရဘုရားရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မတ်သော အမှု၊ သမ္မာတရား အမှုတို့ကို ပြုတော်မူ၏။ မိမိဘုရားသခင်ကို ဆည်းကပ်လျက် ပညတ်တော်တို့အဖို့ အမှုစောင့်စပြုလေရာရာ၌ စိတ်နှလုံးအကြွင်းမဲ့ ပြု၍ အကြံထမြောက်တတ်၏။} (ငယ် ၂၀၊ ၂၁)။(၄ရာ ၁၈း၅၊ ၇)။
ဣသရေသမျိုးနွယ်ဆယ်စုတို့၏ အကျန်အကြွင်းကို တစ်ပါးနိုင်ငံသားများ ရှေ့ မှောက်မှာ စင်ပြန့်ကျဲစေသော ရှုရိတပ်မဟာ၏။ အောင်မြင်မှုက ဟေဗြဲလူတို့၏ တန်ခိုး ကြီးဘုရားသခင်ကို မေးခွန်းထုတ်စရာဖြစ်ခဲ့ရပါသည်။ အာရှုနိုင်ငံ နိနေဝေမြို့သားတို့ သည်လည်း မိမိတို့၏အောင်မြင်မှုများအတွက် ရဲတင်းလာသည်မှာ ယောန၏သတင်း စကားကို ဘေးဖယ်ထားခဲ့ချိန်မှစ၍ ဖြစ်ပါသည်။ နောင်သောအခါ ကောင်းကင်ဘုံ
ထာ၀ရဘုရားသခင်ကို ထင်ထင်ရှားရှားအန်တုဆန့်ကျင်လာသည် အထိဖြစ်ပါသည်။ ရှမာရိမြို့တော်ကို ရရှိပြီးသည်နောက် မကြာမီမှာပင် ထိုသူတို့သည် ယုဒပြည်ခံတပ် မြို့ကြီးများကို ဆန်ကျင်ဖို့ ကြိုးစားခဲ့ကြပါသေးသည်။ သို့သော်လည်း မိမိတို့၏ နိုင်ငံ အတွင်း နယ်နိမိတ်အငြင်းပွားမှုကိစ္စနှင့် ပတ်သက်ပြီး အခြားသော ရန်ငြိုးရန်စွယ် များကို ချေမှုန်းရန်ဟူ၍ တပ်ခေါက်ခဲ့ကြပါသည်။ ဤသို့လျှင် ထာ၀ရဘုရားသခင်သည် ဟေဇကိမင်းကြီးလက်ထက်မှာ ဖန်ဆင်းသူဘုရားသခင်မှလွဲ၍ တစ်ပါးအမျိုးသားတို့ ကိုးကွယ်သောဘုရားတို့သည် နောက်ဆုံးတွင် အောင်နိုင်သည်၊ မအောင်နိုင်သည်ကို ကမ္ဘာ့လူသားတို့ ရှေ့မှောက်မှာသက်သေတည်ဖော်ပြခဲ့သည် အရာမှာထင်ရှားလျက် ရှိပါပေသည်။
No comments:
Post a Comment