အခန်း (၃၆)
ယုဒပြည်၏
နောက်ဆုံးရှင်ဘုရင်ဇေဒကိ
ယုဒရှင်ဘုရင်ဇေဒကိ၏ နန်းစံပထမနှစ်ဦးပိုင်းမှာ မင်းကြီးသည်
ဗာဗုလုန် ရှင်ဘုရင်၏ ယုံကြည်အားကိုးမှုကိုအပြည့်အဝခံခဲ့ရပါ၏။ အကြံပေးသူအဖြစ် ယေရမိ
ပုရောဖက်ကိုလည်းရရှိထားလေသည်။ သို့ဖြစ်၍မင်းကြီးသည် ဩဇာတန်ခိုးကြီးမြင့်သူ များ၏
လေးစားမှုကိုခံရ၍ ၎င်းတို့နှင့်လည်း မှန်သောဘုရားသခင်အကြောင်းကို သက်
သေခံခွင့်ရရှိနိုင်သည်။ ဤသို့လျှင် ဗာဗုလုန်ပြည်မှာရှိသောသုံ့ပန်းတို့သည် များစွာ
လွတ်လပ်မှုကိုရရှိကြပေမည်။ ထာတရဘုရားသခင်၏နာမတော်သည်လည်း ချီးမြှောက် ခြင်းကို
ခံရလေဦးမည်။ ယုဒပြည်မှာကျန်ရစ်သော မျက်နှာမွဲအကြောင်းသူဆင်းရဲတို့ သည်လည်း ကြောက်စရာကောင်းသော
ဘေးဥပဒ်များမှ လွှတ်ကင်းခွင့်ရနိုင်သည် မ ဟုတ်ပါလား။
ယေရမိအားဖြင့် ဇေဒကိမင်းနှင့် ယုဒပြည်လုံးသည် သူတို့ကို
ခေတ္တခဏသာ လျှင် အုပ်စိုးသောဧက္ကရာဇ်မင်းကြီးကိုငြိမ်သက်စွာဖြင့်
ဝန်ခံလိုက်ရန်အကြံပြုခြင်းခံရ ပေသည်။ သုံ့ပန်းအဖြစ်ပါသွားလေသောသူတို့သည်လည်း
တစ်ပါးနိုင်ငံမှာ ငြိမ်းချမ်းစွာ နေရဖို့ကို လိုလားကြပါသည်။ သို့သော်လည်းစာတန်သည်
ထိုအခြေအနေမျှနှင့် မကျေ နပ်သောကြောင့် အကျိုးရှိရန်ဦးတည်ချက်ဖြင့်
ယေရုရှလင်မြို့တော်အတွင်းမှာနှင့် ဗာဗု လုန်နိုင်ငံအတွင်းမှာ
မှားသောပုရောဖက်များကိုပေါ်ထွန်းစေ၏။ ထိုသူတို့က ဗာဗုလုန် ထမ်းပိုးသည်
များမကြာမီမှာပင် ယုဒတို့၏ပုခုံးပေါ်မှကျိုးသွား၍ နိုင်ငံတော်သည် ယခင် ကကဲ့သို့
ပြန်လည်တည်ဆောက်ခြင်းရှိလာပါလိမ့်မည်ဟု ဟောပြော၏။
ဤပေါ့ပြက်ပြက်ဆန်၍ မြှောက်ထိုးပင့်ကော်သဘောပါသော
ပုရောဖက်ပြု ဟောထားချက်ကို သတိချပ်သူတို့သည် ရှင်ဘုရင်ကိုပုန်ကန်စေ၏။
တစ်ပါးတိုင်းပြည်မှာ သုံ့ပန်းအဖြစ်နေရသော သူတို့ကိုလည်း အနေကျဉ်းကျပ်စေမည်
မဟုတ်ပါလား။ ဤ တွင် ထာ၀ရဘုရားသခင်သည် မဖြစ်သင့်သည်များ မဖြစ်ရလေအောင် ယေရမိကို
ရှင်ဘုရင်အားသွားတွေ့ရန် အမိန့်တော်ချမှတ်ခဲ့၏။ ရှင်ဘုရင်သည်လည်း ဗာဗုလုန်
မင်းကြီးကို မပုန်ကန်ရန်ဖြစ်လေသည်။ တိုင်းတစ်ပါးမှာရှိသော သုံ့ပန်းတို့အားလည်း
ကယ်တင်သူမှာပေါ်ထွန်းရန် နီးကပ်လာပြီဆိုသော မမှန်မကန်သတင်းကို မယုံကြည် ရန်
သတင်းပို့စေပါသည်။ ]သင်တို့တွင်ရှိသောပုရောဖက်ဆရာ၊ အနာဂတ်ဆရာတို့ သည်
သင်တို့ကိုမလှည့်စားကြစေနှင့်။ သင်တို့မြင်စေသော အိမ်မက်တို့ကိုလည်း မယုံ
မမှတ်စေနှင့်} ဟုယေရမိနှိုးဆော်ခဲ့ပါသည်။
(ယေရမိ ၂၉း၈)။ ဘုရားသခင်၏အကြံ တော်ကား သုံ့ပန်းအဖြစ်နေရသော နှစ် (၇၀)
ကာလပြီးဆုံးကာမှ ဣသရေလတို့သည် ပြန်လည်တည်ဆောက်ခြင်းအခွင့်ကို ရကြမည်မဟုတ်ပါလား။
မိမိ၏သုံ့ပန်းအဖြစ်ခံလူတို့ကို ပုရောဖက်အတုအယောင်များက
သွားရောက် နှောက်ယှက်ကာ ကယ်တင်ခြင်းသည် မနှေးအမြန်ရောက်ရှိပါတော့မည်ဟု လှည့်ဖြား
မည်ကို ထာ၀ရဘုရားသခင်သိနှင့်ထားပါပြီ။ ဤသို့လျှင်ဗာဗုလုန်မှာ ရှိသောသူတို့၏
အခြေအနေမှာ အလွန်ဆိုးဝါးသွားနိုင်၏။ တော်လှန်ပုကန်မှုဟူသမျှသည် ထိုသူတို့၏
လွတ်လပ်မှုကို ခြိမ်းခြောက်နေသည့်သဘောရှိနိုင်ပါ၏။ မလိုအပ်ဘဲနှင့်လည်း ဆင်းရဲ
ခြင်းဒုက္ခနှင့် ကပ်ဆိုးများ သက်ရောက်နိုင်သည် မဟုတ်ပါလား။
ဝန်ခံအပ်နှံခြင်းသည်အဘယ်ကြောင့်အလွန်မှပင်အရေးကြီးကြောင်း
ဘုရားသခင်သည်
မိမိ၏အပြစ်ပေးဆုံးမခံသုံ့ပန်းလူတို့ကို အရာရာမှာဘုရားသခင်၏ အလိုတော်နှင့်အညီ
ဝန်ခံအပ်နှံခြင်းဖြင့် မိမိတို့၏ဩဇာခံကျေးကျွန်ဘ၀ကို အဖြစ်နိုင်
ဆုံးပျော်ရွင်မှုရရှိစေနိုင်ရန် အလိုတော်ရှိပါသည်။ ထိုကြောင့်ကိုယ်တော်သည် ဤသို့
လျှင်အကြံပြုပါ၏။ ]အိမ်တို့ကိုဆောက်၍ နေရာချကြလော့။ ဥယျာဉ်တို့ကိုစိုက်ပျိုး၍
အသီးကိုစားကြလော့။ ငါသည်သင်တို့ကို သိမ်းသွားစေသောမြို့သည်လည်း ငြိမ်သက်
ခြင်းရှိမည်အကြောင်းကိုပြုစု၍ ထိုမြို့အဖို့အလိုငှါ ထာ၀ရဘုရားသခင်အားမေတ္တာပို့ကြ
လော့။ ထိုမြို့၏ငြိမ်သက်ခြင်းအားဖြင့် သင်တို့သည်လည်းငြိမ်သက်ခြင်း ရှိကြလိမ့်
မည်။} (ငယ် ၅-၇)။
ဗာဗုလုန်ပြည်မှာ အယောင်အဆောင်ဆရာနှစ်ဦးရှိပါသည်။
သူတို့၏အသက် တာမှာညစ်ညမ်းသည်။ ထိုအန္တရာယ်ဘေးကိုကြိုမြင်သောယေရမိက သူတို့အားဆုံးမ
သတိပေးခဲ့ပါပြီ။ ဤသည်ကိုစိတ်ဆိုး၍ သူတို့က ဘ၀တူ ပြည်သူပြည်သားတို့အား
ဗာဗုလုန်ရှင်ဘုရင်ထံအညံ့မခံရန် ဘုရားသခင်၏အကြံပြုချက်ဖြစ်သော ]ဝန်ခံအပ်နှံပါ} ဆိုသည်ကို ဆန့်ကျင်ကြရန် သွေးထိုးပေးခဲ့ကြပါသည်။ ဤအမှုကား
နွားရှေ့ထွန်းကျူး ရုံမျှမက ပုန်ကန်မှုသဘောဆောင်သောကြောင့် ထာ၀ရဘုရားသခင်သည် ယေရမိ
အားဖြင့် ထိုဆရာတုဆရာယောင်နှစ်ယောက်အား နေဗုခဒ်နေဇာလက်သို့ အပ်ကာ
ကွပ်မျက်စေမည်အကြောင်းကို ဖော်ပြလေရာမကြာမီမှာပင် ထိုဟောကိန်းမှာ ပြည့်စုံခဲ့
ပါသည်။
ကပ်ကမ္ဘာအဆုံးမှာလည်း လူတို့သည် ထာ၀ရဘုရားသခင်၏
ကိုယ်စားလှယ် များဟု ခေါ်ဆိုသောသူတို့တွင် ရှုပ်ထွေးခြင်းနှင့်ပုန်ကန်မှုများကို
နိုးထစေပါလိမ့်မည်။ မုသားသုံး၍ ပုရောဖက်ပြုသူတို့ကလည်း အပြစ်ကိုပေါ့သေးသေးအရာဟု
လူတို့အား မြင်တွေ့စေပါလိမ့်မည်။ မကောင်းမှုအပြစ်ကြောင့် ခက်ခဲမှုများရှိသည်ကို
သတိပေး သူအားတုံ့ပြန်၍ အခက်ကြုံစေပါလိမ့်မည်။ မိမိတို့၏မကောင်းမှု ဖြစ်ရပ်မှန်ရလဒ်
တို့ကြောင့် ယေရမိပုရောဖက်အား တရားစွဲသောဂျူးလူမျိုးများကဲ့သို့ပင် ဖြစ်နေပါ၏။
သို့သော်လည်း ရှေးခေတ်ကာလများကဲ့သို့ပင် ယနေ့မှာလည်း ထာ၀ရဘုရားသခင်၏ သတင်းစကားသည်
အမှန်တကယ်တည်တံ့ခိုင်မြဲနေမည် ဖြစ်ပါ၏တည်း။
ယေရမိပုရောဖက်သည် ဗာဗုလုန်နိုင်ငံသားတို့အား ဆက်လက်၍သာ အား
ကိုးအပ်နှံအကြံပြုခဲ့ပါပြီ။ ဧဒုံပြည်၊ မောဘပြည်၊ တုရုနိုင်ငံနှင့်
အခြားသောတိုင်းနိုင်ငံ များမှ သံတမန်တို့သည် ဇေဒကိမင်းထံသို့လာ၍
ဗာဗုလုန်နိုင်ငံကို ဆန့်ကျင်သည့် သူတို့နှင့် အတူပူးပေါင်းပါရန် သွေးဆောင်ဖိတ်ခေါ်လေသည်။
ဤကဲ့သို့ ထိုသံတမန် တို့သည် ယုဒရှင်ဘုရင်ထံတော်မှတုံ့ပြန်မှုကို
စောင့်ဆိုင်းနေစဉ်မှာပင် ထာ၀ရဘုရား သခင်၏ နှုတ်တော်ထွက်စကားတော်သည် ယေရမိထံသို့
ရောက်လာသည်ကား ]ကြိုးနှင့် ထမ်းပိုးများကိုလုပ်၍ သင်၏လည်ပင်း၌တပ်လော့။
ယုဒရှင်ဘုရင်ဇေဒကိထံ ယေရုရှလင်မြို့သို့ ရောက်လာသောသံတမန်တို့တွင်
ထိုကြိုးနှင့်ထမ်းပိုးတို့ကို ဧဒုံမင်း၊ မောဘမင်း၊ တုရုမင်းသို့ပေးလိုက်လော့
(ယေရမိ ၂၇း၂၊ ၃) ဟူ၍ဖြစ်တည်း။ ထာ၀ရ ဘုရားသခင်သည် ဤပြည်ရှိသမျှတို့ကို
မိမိကျွန်ဗာဗုလုန်ရှင်ဘုရင်၊ နေဗုခဒ်နေဇာ လက်သို့ အပ်ပေးလိုက်ချေပြီ။ ထိုသူတို့သည်
]သူ၏ အမှုနှင့် သူ၏ သားမြေးအမှုကို ဆောင်ရွက်ရကြမည်။ ဤကား
သူ၏နိုင်ငံဆုံးချိန်မရောက်မိတိုင်အောင်ဖြစ်သတည်း။} (ငယ် ၇)။
ဆက်လက်၍ ]ထာ၀ရဘုရားသခင် မိန့်တော်မူသည်ကား
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အစေကိုမခံ၊ သူ၏ထမ်းပိုးကိုမထမ်းလိုသော
တိုင်းနိုင်ငံရှိသမျှကို သူ၏ လက်၌ ဆုံးရှုံးစေခြင်းငှါ ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊
ကာလနာဘေးဖြင့် ငါအပြစ် ပေးမည်။ သို့ဖြစ်၍သင်တို့အား ပြောတတ်သော ပုရောဖက်၊
အနာဂတ်ဆရာ၊ အိမ် မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာဆရာ၊ ပြုစားတတ်သောဆရာတို့၏စကားကို
နားမထောင် ကြနှင့်။ ထိုသူတို့သည်သင်တို့ကို သင်တို့ပြည်မှအဝေးသို့
ရွှေ့သွားစေခြင်းငှါလည်း ကောင်း၊ သင်တို့ကို ငါနှင်ထုတ်၍
ဆုံးရှုံးစေခြင်းငှါလည်းကောင်း မုသားစကားကိုဟော ပြောတတ်ကြ၏။ ဗာဗုလုန်ရှင်ဘုရင်၏
ထမ်းပိုးကိုထမ်း၍ သူ၏အစေကိုခံသော လူမျိုး တို့အား မိမိတို့ပြည်၌နေရသော
အခွင့်ကိုငါပေးသဖြင့် သူတို့သည် မိမိတို့မြေ၌ လုပ်၍ နေရကြလိမ့်မည်ဟု
ထာ၀ရဘုရားသခင်မိန့်တော်မူ၏။} (ငယ် ၈-၁၁)။
သနားခြင်း ကရုဏာစိတ်ရှိသော ဘုရားသခင်သည် ပုန်ကန်စိတ်အပြည့်ရှိသော လူမျိုးကို အပေါ့
ပါးဆုံးအပြစ်ပေးခြင်းဖြင့် ဆက်ဆံနေသည်တကား။ သို့ဖြစ်၍ထိုသူတို့သည် ဗာဗုလုန်
မင်း၏အုပ်ချုပ်မှုကို ဝန်ခံအပ်နှံသင့်ပေသည်။ ထိုသို့မပြုပါက ထာ၀ရဘုရားသခင် ၏
အပြစ်ဒဏ်ပေးဆုံးမခြင်းကို ထိုသူတို့ပြည့်၀စုံလင်စွာ ခံရဖို့သာရှိပေတော့သည် မဟုတ်
ပါလော။ ထာ၀ရဘုရားသခင်၏ အလိုတော်ကိုသိစေသော ယေရမိ၏စကား ကြောင့်
စုဝေးနေကြသောနိုင်ငံတကာမှ သံတမန်များကောင်စီသည် အံ့အားသင့်စွာဖြင့် တိတ်
ဆိတ်စွာနေလေတော့၏။
ယေရမိကို
ဆန့်ကျင်တိုက်ခိုက်သောမောက်မာသည့်
ပုရောဖက်အတုများ
ယေရမိသည် ဗာဗုလုန်ရှင်ဘုရင်၏ အာဏာတော်ကို မဖီဆန်၊
ဝန်ခံအပ်နှင်းပါ မည်ဟူသောမူဝါဒအပေါ်မှာ မားမားမတ်မတ်ရပ်တည်နေလေသည်။ ထာ၀ရဘုရား သခင်၏အကြံတော်ကို
ဆန့်ကျင်သောပုရောဖက်အတုများတွင် ထင်ရှားသောသူမှာ ဟာနနိပင်ဖြစ်၏။ ဟာနနိသည် နန်းတော်သားများထံမှ
မျက်နှာရမည်ဟု စိတ်ထင်နှင့် ဘုရားသခင်သည် ယုဒလူမျိုးတို့အတွက်
စိတ်ဓါတ်မြှင့်တင်ပေးသော သတင်းစကား သူ့အားပေးထားသည်ဟု ဆိုကာ ]ဣသရေလအမျိုး၏
ဘုရားသခင်၊ ကောင်းကင်ဗိုယ် ခြေ ထာ၀ရဘုရားသခင် မိန့်တော်မူသည်ကား၊
ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဤအရပ်မှ ဗာဗုလုန်မြို့သို့ယူသွားသော
ဗိမာန်တော်တန်ဆာအလုံးစုံတို့ကို နှစ်နှစ် အတွင်းတွင် ဤအရပ်သို့ငါဆောင်ခဲ့ဦးမည်။
ဗာဗုလုန်မြို့သို့သိမ်းသွားသော ယုဒပြည် သားအပေါင်းနှင့်တကွ
ယုဒရှင်ဘုရင်ယောယကိမ်သားယေခေါနိမင်း ကိုလည်း ဤ အရပ်သို့ ငါဆောင်ခဲ့ဦးမည်။
ဗာဗုလုန်ရှင်ဘုရင်၏ထမ်းပိုးကို ငါချိုးမည်ဟု ထာ၀ရဘုရား သခင်မိန့်တော်မူကြောင်းကို
ဗိမာန်တော်၌ ယဇ်ပုရောဟိတ်များ၊ လူများအပေါင်းတို့ ရှေ့မှာ ငါ့အားပြောဆို၏။} (ယေရမိ ၂၈း၂-၄)။
ထိုအခါယေရမိသည် ပုရောဖက်ဟောရှေ၊ ဟဗက္ကုတ်နှင့်ဇေဖနိတို့
ဟောထား သော စကားချက်တို့ကို ပြန်ရွတ်ပြလေသည်။ မိမိ၏သတင်းစကားနှင့် တူကြောင်းကို
လည်းပြော၏။ ထာ၀ရဘုရားသခင်သည် မိမိ၏အကြံတော်ရှိသည်အတိုင်း အချိန်စေ့ လျှင်
ပြည့်စုံရစမြဲတည်းမဟုတ်ပါလား။ ]ငြိမ်ဝပ်မည်အကြောင်းကို ဟောပြောသော
ပုရောဖက်ရှိလျှင် သူ၏စကားပြည့်စုံသောအခါ စင်စစ်ထာ၀ရဘုရားသခင် စေလွှတ် တော်မူသော
ပုရောဖက်ဖြစ်ကြောင်းထင်ရှားလိမ့်မည်ဟု ပြောဆို၏။} (ငယ် ၉)။
ထိုစကားကို ပုရောဖက်ဟာနနိသည် ရဲတင်းစွာ စိန်ခေါ်လိုက်လေသည်။
သူ သည် ယေရမိ၏လည်ပင်း(ဂုတ်) ပေါ်မှာတင်ထားသော ပုံဆောင်ထမ်းပိုးကို ယူ၍ချိုး လျက်
]ထာ၀ရဘုရားသခင်မိန်တော်မူသည်ကား၊ ထိုသို့လူအမျိုးမျိုးတို့၏ လည်းပင် ပေါ် မှာ
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာတင်သော ထမ်းပိုးကိုနှစ်နှစ်အတွင်းတွင် ငါချိုး
ပယ်မည်ဟု မိန့်တော်မူကြောင်းကို လူအပေါင်းတို့ရှေ့မှာပြောဆို၏။} (ငယ် ၁၁)။
ဤသို့ရှုပ်ထွေးနေစဉ် ရပ်ဆိုင်းခြင်းကအကောင်းဆုံးဖြစ်သည်မို့
ပုရောဖက် ယေရမိသည် ထွက်သွားခဲ့ပါသည်။ သို့သော်လည်းယေရမိသည် အခြားသောသတင်း
စကားတစ်ခုကိုပြောဖို့ရန် ထပ်မံစေခိုင်းခြင်းကိုခံရပြန်ပါသည်။ သင်သွား၍ ထာ၀ရ
ဘုရားသခင်၏အမိန့်တော်ကို ဟာနနိအားဆင့်ဆိုရမည်မှာ၊ သင်ချိုးသောသစ်သား ထမ်းပိုးအစား
သံထမ်းပိုးကိုငါလုပ်မည်။ ဤလူမျိုးရှိသမျှတို့သည် ဗာဗုလုန်ရှင်ဘုရင်
နေဗုခဒ်နေဇာ၏အစေကိုခံစေခြင်းငှါ သူတို့လည်ပင်းပေါ်မှာ သံထမ်းပိုးကိုငါတင်ပြီ။
ထိုသူတို့သည် ထိုမင်း၏အစေကိုခံရကြမည်။ ပုရောဖက်ယေရမိကလည်း၊ ဟာနနိ၊ နားထောင်လော့။
ထာ၀ရဘုရားသခင်သည်သင့်ကို စေလွှတ်တော်မမူ။ ဤလူမျိုးသည် မုသား၌
ခိုလှုံမည်အကြောင်းကိုသင်ပြုတတ်၏။ ထိုကြောင့်ထာ၀ရဘုရားသခင် မိန့် တော်မူသည်ကား၊
သင်သည်ထာ၀ရဘုရားသခင်ကို ပုန်ကန်စေခြင်းငှါ သွန်သင်သော ကြောင့်
သင့်ကိုမြေပြင်မှငါပယ်ရှင်းမည်။ ယခုနှစ်တွင်သင်သည်သေရမည်ဟု ပုရော ဖက်ဟာနနိအားပြောဆို၏။
(ငယ် ၁၃-၁၇)။ ထိုပုရောဖက်အတုသည် မိမိကိုယ်ကို ထာ၀ရဘုရားသခင်၏စေတမန်ဟု
ဆိုးညစ်စွာကြေညာလေသောကြောင့် ထိုပြစ်ကြွေး ကိုဆပ်ရသည့်အနေဖြင့် ထိုနှစ်တွင်
သတ္တမလ၌သေလေ၏။
ပုရောဖက်အတုအယောင်တို့၏ မနားမနေကြိုးစားလုပ်ဆောင်မှုကြောင့်
ဇေဒ ကိမင်းသည် သစ္စာမစောင့်ပုန်ကုန်လေပြီလောဟု ဗာဗုလုန်မင်းကြီးတို့ကို သံသယဝင်
စေခဲ့ပါသည်။ သို့ဖြစ်၍ဤအမှုကို အလျင်အမြန်စီရင်မှသာလျှင် ဇေဒကိသညရုပ်ပြ
ထီးနန်းသက်ရှည်မည် မဟုတ်ပါလား။ ထိုကြောင့် ရှင်ဘုရင်သည် မိမိနန်းစံလေးနှစ်တွင်
အတွင်းဝန်မင်းသား တစ်ဦးကို အဖော်ခေါ်၍ ဗာဗုလုန်မြို့သို့အလည်အပတ် ထွက်
ခွါသွားခဲ့ပါသည်။ (ယေရမိ ၅၁း၆၀) ကို ကြည့်ပါ။ ဤကဲ့သို့ ခါခဒဲနန်းတော်သို့ အလည်
တစ်ခေါက် ရောက်လာသော ဇေဒကိသည် ဧက္ကရာဇ်မင်းနေဗုခဒ်နေဇာနှင့် မဟာမိတ် ဖွဲ့ထားသော
ကျမ်းသစ္စာကို ပြန်လည်သစ်လွင်ခဲ့ပါသည်။
ဗာဗုလုန်နန်းတော်ကြီးတွင်ကား ဒံယေလနှင့်
အခြားဟေဗြဲသုံ့ပန်းတို့အားဖြင့် ဗာဗုလုန်သက်ဦးဆံပိုင်ဧက္ကရာဇ်မင်းကြီးသည်
မှန်သောဖန်ဆင်းသူဘုရားသခင်၏ အ နှိုင်းမဲ့အာဏာ တန်ခိုးဩဇာကို သိနားလည်ကာ
ရင်းနှီး၍လာလေပြီ။ ဇေဒကိမင်းကို ပြန်လည်၍ မိမိ၏ သစ္စာစောင့်သိရိုသေပါမည်ဟူသော ကတိခံဝန်ချက်ကို
ပြည့်ရှင် ဧက္ကရာဇ်မင်းကြီးသည် ပြန်လည်ပြုလုပ်ဆောင်ရွက်ပေးရာ၌ ဣသရေလတို့၏ ထာ၀ရ
ဘုရားသခင်၏ နာမတော်ကို အကျိန်တိုက်စေခဲ့လေသည်။ အကယ်၍သာ ဇေဒကိသည်
မိမိ၏ဒုတိယသစ္စာကတိခံဝန်ချက်ကျမ်းကျိန်မှုကို လေးစားစွာစောင့် ထိန်းခဲ့မည်ဆိုပါက
ဟေဗြဲလူမျိုးတို့၏ ထာ၀ရဘုရားသခင်ကို ဂုဏ်ပြုချီးမြှောက်ပါသည် ဆိုသောဘေးမှ
စောင့်ကြည့်နေသူ လူများစွာတို့အပေါ်မှာ ကောင်းသောဩဇာလွှမ်းမိုးမှုသည် အဒွန့်
ရှည်မည်အမှန်ဖြစ်ပေသည်။ သို့သော်လည်း ကျမ်းမှတ်တမ်းအရ ]ဇေဒကိသည် ဘုရား
သခင်အကျိန်တိုက်ပြီးသော နေဗုခဒ်နေဇာမင်းကြီးကို ပုန်ကန်လေ၏။ ဣသရေလ အမျိုး၏
ထာ၀ရဘုရားသခင်ထံတော်သို့မပြန်မည်အကြောင်း မိမိလည်ပင်းကိုလည်း ကောင်း၊
မိမိစိတ်နှလုံးကိုလည်းကောင်း ခိုင်မာစေ၏။}
(၆ရာ ၃၆း၁၂၊ ၁၃)။
ဗိမာန်တော်အတွင်းရွံရှာဖွယ်သောမြင်ကွင်းကို
ယေဇကျေလမြင်တွေ့ရခြင်း
ယေရမိသည် ယုဒပြည်မှာ ထာ၀ရဘုရားသခင်အဖို့ သက်သေခံချက်များကို
ပြောကြားနေရသလို ပုရောဖက်ယေဇကျေလသည် ဗာဗုလုန်နိုင်ငံမှာ ယုဒပြည်သား
သုံ့ပန်းများအဖို့ သတိပေးတစ်ခါ၊ နှစ်သိမ့်တစ်လှည့်ပြုရန် ပြုစုပျိုးထောင်ခြင်း
ကိုခံ ရပါသည်။ ယေဇကျေလသည် အချိန်မစေ့သေးဘဲ စောစာစီးစီးယေရုရှလင်မြို့တော်သို့
ပြန်သွားရမည်ဟူသော ဟောကိန်းတို့ကို ယုံကြည်အားကိုးသူသည် အရူးငမိုက်သား
များသာဖြစ်ကြောင့် လယ်ပြင်မှာ ဆင်ပြောင်ကြီးသွားသကဲ့သို့ ကွက်ကွက်ကွင်းကွင်း
ထင်ထင်ရှားရှား ပြောထားနှင့်ပြီဖြစ်ပါသည်။ ထိုမျှမကသေးပါ။ ယေရုရှလင်မြို့ကိုဝိုင်း
ကာ၊ ဖြိုချဖျက်ဆီးပစ်မည့်အရာကို မြင်သဖြင့် ပုံဆောင်မှုအမျိုးမျိုးနှင့်
ကြိုတင်ဟော ပြောသွန်သင်ခဲ့ရသည် လည်းရှိပါသည်။
ဇေဒကိမင်းနန်းစံခြောက်နှစ်တွင် ထာ၀ရဘုရားသခင်သည်
ပုရောဖက်ယေဇ ကျေလအားဖော်ပြသည်မှာ၊ ရွံရှာဖွယ်သောတိရစ္ဆာန်အမျိုးမျိုးတို့နှင့်
၎င်းတို့၏ရုပ်တု များကိုးကွယ်ခြင်းအမှုသည် ယေရုရှလင်မြို့တို့မှာ သာမကသေး၊
ဘုရားသခင်၏ ဗိမာန် တော် တံတိုင်းရိုးအတွင်းပတ်လည်၌ပင်လျှင် နေရာယူကြပြီဖြစ်ကြောင်းကို
တွေ့မြင် ရပေသည်။ (ယေဇကျေလ ၈း၁၀ ကိုဖတ်ပါ)။ ဝိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်ကြီး
များဖြစ်ကြသော ]ဣသရေလအမျိုးအသက်ကြီးသူ} (ငယ် ၁၁)
အပေါင်းတို့သည် အသီးသီးလင်ပန်းကိုကိုင်လျက် ဗိမာန်တော်အတွင်း
မြေအောက်လျှို့ဝှက်အခန်းများ ထဲမှာရှိသော ရွံရှာဖွယ်ရုပ်ပုံသဏ္ဌာန်များရှေ့မှာ
နံ့သာပေါင်းကိုမီးရှို့ကြသဖြင့် မီးခိုး သည် ထူထပ်စွာတက်လျက်နေ၏။
ဤသို့မှောင်မိုက်ထဲမှာ ပုံရေးထားသောအခန်းတို့ ၌ပြုသောအမှုကို ]ထာ၀ရဘုရားသခင်မမြင်} ဟုလည်း သူတို့တတွေ စော်ကားသော စကားဖြင့်
ကြွေးကြော်နေကြလေသည်။ (ငယ် ၁၂)။
ဆက်လက်၍ပုရောဖက်သည် ]ထိုအရပ်၌မိန်းမတို့သည် တမ္မုဇနတ်အဖို့
ငို ကြွေးလျက်ထိုင်နေကြ} ပုံကိုလည်းကောင်း၊
]ဗိမာန်တော်တံခါး၀၊ ဗိမာန်တော်ဦးနှင့် ယဇ်ပလ္လင်ကြားမှာ
လူနှစ်ကျိပ်ငါးယောက်တို့သည် ဗိမာန်တော်ကိုကျောခိုင်းလျက်၊ အ
ရှေ့သို့မျက်နှာပြုလျက် အရှေ့မျက်နှာ၌ နေကိုကိုးကွယ်ကြ} ပုံတို့ကို သော်လည်း ကောင်း မြင်တွေ့ရလေသည်။ ယခုတွင်
ယေဇကျေလအား ဤမြင်ကွင်းများကို လိုက်လံ
ပြသ၍နေသောဘုန်းကြီးသောရှင်ဘုရင်ဘုရားသခင်သည်
ပုရောဖက်ကို မေးမြန်လေ တော့သည်။ ]ယုဒအမျိုးသည် ဤအရပ်၌
စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ပြုသော အပြစ်ပေါ့သလော။ သူတို့သည်အဓမ္မအမှုဖြင့်
တစ်ပြည်လုံးကိုပြည့်စေ၍ ငါ၏အမျက် ကို အထပ်ထပ်နှိုးဆော်ကြပြီ။ ထိုကြောင့်
ငါသည်နှမြောစုံမက်ခြင်းမရှိဘဲ ငါ၏အမျက် ကိုလွှတ်လိုက်မည်။ သူတို့သည်
ကျယ်သောအသံနှင့်အော်ဟစ်၍ တောင်းလျှောက် သော်လည်း ငါသည်နားမထောင်ဟု မိန့်တော်မူ၏။} (ငယ် ၁၇၊ ၁၈)။
ပုရောဖက်ယေရမိအားဖြင် ထာ၀ရဘုရားသခင်မိန့်တော်မူသည်ကား၊
]ပုရော ဖက်နှင့် ယဇ်ပုရောဟိတ်နှစ်ပါးတို့သည် ဘုရားသခင်ကို မရိုမသေပြုကြပြီ။
ငါ့အိမ်၌ပင် သူတို့ပြုသော အဓမ္မအမှုကိုငါတွေ့ပြီ။} (ယေရမိ ၂၃း၁၁)။
ဇေဒကိ၏နန်းသက် အဆုံး ပိုင်းကာလမှာလည်း ဤကဲ့သို့ပင် မှတ်တမ်းတင်ရေးထားလျက်ရှိ၏။
]ထိုမှတစ်ပါး ယဇ် ပုရောဟိတ်အကြီးများနှင့် ပြည်သူပြည်သားရှိသမျှတို့သည်
တစ်ပါးအမျိုးသား ရွံရှာ ဖွယ်ပြုသည်အတိုင်း အလွန်ပြစ်မှားကြ၏။ ယေရုရှလင်မြို့၌
ထာ၀ရဘုရားသခင် သန့် ရှင်းစေတော်မူသောဗိမာန်တော်ကို ညစ်ညူးစေကြ၏။} (၆ရာ ၃၆း၁၄)။
ယုဒနိုင်ငံတော်၏ နောက်ဆုံးနေ့ရက်သည်
လျက်မြန်စွာချဉ်းကပ်၍နေချေပြီ။ တစ်ဖန်ထာ၀ရဘုရားသခင်၏ နှုတ်တော်ထွက်စကားသည်
ယေဇကျေလဆီသို့ ရောက် လာ၍ ]အချင်းလူသား၊ နေ့ရက်ကာလရွေ့လျက်ရှိ၍ ခပ်သိမ်းသော
(ဗျာဒိတ်ရူပါရုံ) ဘုရားသခင်ဖော်ပြသော ရုပ်ရှင်မြင်ကွင်းလည်းပျက်ကြပြီဟု ဣသရေလပြည်၌
သုံး တတ်သောစကားပုံကား အဘယ်သို့နည်း။}( ယေရမိ ၂၅း၂၉)။
]သို့ဖြစ်၍ ထာ၀ရဘုရား သခင်၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊
ငါ၏စကားပြည့်စုံချိန်မရွေ့ရ။ ငါပြောသည fအတိုင်းလည်း
ပြည့်စုံစေမည်ဟု ထာ၀ရဘုရားသခင်မိန့်တော်မူ၏။}
(ယေဇကျေလ
၁၂း၂၁၊၂၂၊ ၂၈)။
နိုင်ငံတော်ပျက်စီးဖို့
လျင်မြန်စွာပို့ဆောင်ပေးသည့်အရာများတွင် ပထမနေရာ မှာရှိသူကား
ပြည်တော်၏ရှင်ဘုရင်ဇေဒကိပင်ဖြစ်ချေ၏။ သူသည် ထာ၀ရဘုရားသခင် ၏
ပေးသနားတော်မူသောအကြံတော်ကို ငြင်းပယ်ခဲ့သူပါတည်း။ နေဗုခဒ်နေဇာမင်း ကြီး၏
ကျေးဇူးကိုလည်းမသိ၊ မေ့ပျောက်လိုက်၏။ ဣသရေလတို့၏ ဘုရားသခင်၏ နာမတော်ကို
ဦးထိပ်ထားကာ အကျိန်နှင့်နောင်တွင် မပုန်ကန်တော့ပါ။ အမြဲအစဉ်
မိတ်သဟာယဖွဲ့ပါမည်ဟူသည့် ကတိခံဝန်ချက်ကိုလည်း သူသာလျှင်ချိုးဖောက်ခဲ့၏။ ဘုရားသခင်၏
ပုရောဖက်တို့ကိုလည်း ကလန်ကဆန်ပြုကာ မချေမငံဆက်ဆံခဲ့၏။ နောက်ဆုံးတွင်
မိမိ(ရှင်ဘုရင်)၏ အကျိုးကိုကြည့်သော ထာ၀ရဘုရားသခင်ကိုပင်
ဆန့်ကျင်တိုက်ခိုက်ခဲ့ပါပြီ။ သူသည် မိမိအသိဉာဏ်ကိုအားကိုးကာ ဣသရေလလူမျိုး တို့၏
ရန်သူဟောင်းကြီးဆီသို့ ဦးလှည့်၍ ] မြင်းများ၊ လူများတို့ကိုတောင်းခြင်းငှါ သံတ
မန်ကို အီဂျစ်ပြည်သို့စေလွှတ်၍ ပုန်ကန်လေပြီ။}
]ထိုသို့ပြုသောသူသည်
ကောင်းစား ရမည်လော၊ ဘေလွတ်ရမည်လော၊ သစ္စာဖျက်ပြီးမှလွတ်ရမည်လော။} (ယေဇကျေလ ၁၇း၁၅) ဟု ထာ၀ရဘုရားသခင်မေးတော်မူ၏။
]ဖာရောဘုရင်သည်လည်း လူများတို့ကို သတ်ခြင်းငှါအားကြီးသော
ဗိုလ်ပါအလုံးအရင်များနှင့်အတူ မြေရိုးတို့ကိုဖို့၍ ရဲတိုက် တို့ကိုဆောက်သော်လည်း
သူ့အဖို့ စစ်တိုက်၍မနိုင်ရာ။ အကြောင်းမူကား ယေရုရှလင် မင်းသည် လက်ချင်းရိုက်ပြီးမှ
သစ္စာတော်ကို မရိုမသေပြု၍ ငါ၏ပဋိညာဉ်ကိုဖျက်သော အပြစ်ကို သူ၏ခေါင်းပေါ်သို့
ငါသက်ရောက်စေမည်။} (ငယ် ၁၅-၁၈)။ သို့ဖြစ်၍
ထာ၀ရ ဘုရားသခင်အမိန့်တော် ရှိသည်အတိုင်း ]ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကို ချွတ် လော့။
နိုင်ငံတော်ကိုဆုံးစေခြင်းငှါလည်းကောင်း၊ အစိုးပိုင်သောသူ (ခရစ်တော်)
မရောက်မီတိုင်အောင်လည်းကောင်း ငါမှောက်လှန်မည်။ မှောက်လှန်မည်၊ မှောက်လှန် မည်။
အစိုးပိုင်သောသူ (ခရစ်တော်) ၌ငါအပ်မည်ဟု ထာ၀ရဘုရားသခင်မိန့်တော်မူ၏။} (ယေဇကျေလ ၂၁း ၂၆၊ ၂၇)။ ဤကား ထီးနန်းနှင့်ပတ်သက်၍ ဘုရားသခင်၏
အမိန့် တော်ပေတည်း။ ယေရှုခရစ်တော်ကိုယ်တော်တိုင် မိမိနိုင်ငံတော်ကို မတည်ထောင်မ
ချင်း ယုဒပြည်တွင် နောက်တစ်ဖန် ရှင်ဘုရင်စနစ်မရှိရဟု ဆိုလိုခြင်းပေတည်း။
No comments:
Post a Comment