အခန်း (၄၄)
ခြင်္သေ့တွင်းထဲမှာရှိသောဒံယေလ
ဤအခန်းကြီးသည်
(ဒံယေလ ၆) ကို အခြေခံထားသည်။
မေဒိလူမျိုးဒါရိမင်းကြီးသည်
ချက်ချင်းပင်အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်၏။ သူသည်
]နိုင်ငံတော်အမူအရေးအလုံးစုံတို့ကို စီရင်ရသောမြို့ဝန် တစ်ရာ့နှစ်ဆယ်တို့ ကို
လည်းကောင်း၊ အကျိုးတော်ကို မယုတ်မလျော့စေခြင်းငှါ ထိုမြို့ဝန်အပေါင်းတို့ကို
အုပ်ချုပ်စစ်ကြောရသော ဝန်ကြီးသုံးပါးကိုလည်းကောင်း အလိုတော်ရှိသည်အတိုင်း ခန့်
ထားတော်မူ၏။ ထိုဝန်ကြီးသုံးပါးတွင် ဒံယေလသည်ဝန်ကြီးအရာကို ရသည်သာမက
ထူးဆန်းသောဉာဏ်နှင့် ပြည့်စုံ၍ မြို့ဝန်တကာ၊ ဝန်ကြီးတကာ တို့ထက်လွန်ကဲ့သော ကြောင့်
နိုင်ငံတော်တစ်နိုင်ငံလုံးကို သူ၌အပ်နှင်းမည်ဟု ရှင်ဘုရင်သည် အကြံရှိတော် မူ၏။}
ဤသို့ဒံယေလကို ရှေ့တန်းတင်ဖူးဖူးမှုတ်ကာ ဂုဏ်ပြုသောကြောင့်
အခြား နိုင်ငံခေါင်းဆာင်တို့သည် ဒံယေလကိုမကျေနပ်ကြ။ သဝန်တိုကြပေသည်။ သို့သော် လည်း
ထိုသူတို့သည် ဒံယေလ၌ အဘယ်အပြစ်ကိုမျှ ရှာ၍မတွေ့နိုင်ကြပေ။ အကြောင်း မူကား၊
]ဒံယေလသည် သစ္စာနှင့်ပြည့်စုံ၍ အပြစ်တစ်စုံတစ်ခုမျှ မရှိသောကြောင့် အ
ပြစ်တင်ခွင့်ကို ရှာ၍မတွေ့ကြသည်ရှိသော် ဘုရားသခင်၏ဘာသာမှုမှတစ်ပါး အခြား
သောအမှုတွင် ဒံယေလ၌ အပြစ်တင်ခွင့်ကို ငါတို့မတွေ့နိုင်ကြဟု တိုင်ပင်ပြောဆိုပြီးမှ} နိုင်ငံတော်ဝန်ကြီး၊ မြို့ဝန်၊ စော်ဘွား၊ တိုင်ပင်မÈ;မတ်၊ စစ်ကဲအပေါင်းတို့သည် ဒါဝိတ် မင်းကြီးထံတော်သို့
လာရောက်စည်းဝေးကာ ကိုယ်တော်မြတ်မှတစ်ပါး အခြား သော လူကိုဖြစ်စေ၊
ဘုရားသခင်ကိုဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသော သူမည်သည်ကို
ခြင်္သေ့လှောင်သော တွင်းထဲသို့ချပစ်ရမည်ဟု မဖောက်ပြန်နိုင်သော
အမိန်တော်မြတ်တစ်ခုကို ထုတ်ပြန်ကြေညာစေခဲ့ လေသည်။
ဤအမိန့်တော်ကို အတည်ပြုခြင်းအားဖြင့် ရှင်ဘုရင်၏အမိန့်တော်
အာဏာ စက်သည် တိုးပွားလာ၏ဟု သတို့တတွေသွေးဆောင်ခဲ့နိုင်သောကြောင့် ရှင်ဘုရင်သည်
လည်း ထိုအမိန့်တော်ကိုပေး၍ တံဆိပ်ခတ်တော်မူ၏။
ဤကဲ့သို့ မင်းညီမင်းသားတို့ မနာလိုဖြစ်အောင် စာတန်သည်
လှုံ့ဆော်ခဲ့သည် မဟုတ်ပါလား။ ဒံယေလ၏ပျက်စီးရာပျက်စီးကြောင်းကို
သူတို့တတွေကြံစည်ကြ၏။ စာ တန်၏ ဆိုးဝါးသောအသုံးတော်ခံများအဖြစ် ထိုသူတို့သည်
မိမိတို့ကိုယ်ကို ရောင်းစား ခဲ့လေပြီတကား။ ပထမအဆင့် စီမံကိန်းအောင်မြင်ခဲ့လေပြီ။
ပုရောဖက်ဒံယေလ၏ ခိုင်မာသော မူစည်းကမ်းများကာ ယခုတွင်
ဘယ်လိုရှိစဟူ၍ မေ့ငေါ့ကာ သူတို့စီမံချက်အောင်မြင်ပြီဟု တစ်ဖက်ရန်သူ တို့သည်
ယူဆကြပေ၏. ဤသဘောဆိုးယုတ်မှုများကို ဒံယေလမြင်ပါသည်။ သို့သော်လည်း သူ၏
လုပ်ထုံးစရိုက်များကိုမူ မပြောင်းလဲလိုက်ပါချေ။ ယခုလိုဆုတောင်းရန် အလွန်မှ
အရေးကြီးနေချိန်မှာ အဘယ်ကြောင့်ဆုတောင်းရန် ရပ်ဆိုင်းလိုက်ရပါမည်နည်း။ သူ သည်
ဝန်ကြီးချုပ်တာဝန်ဝတ္တရားများကို ဆက်လက်လုပ်ဆောင်နေရင်း အချိန်ရောက် တိုင်း
မိမိ၏အခန်းငယ်တွင်းသို့ ဝင်၍ကောင်းကင်ဗိုလ်ခြေ ထာ၀ရဘုရားသခင်ကို ဆု
တောင်းလေ့ရှိပါသည်။ ထိုထုံးစံကို ဒံယေလမပျက်မကွက် ထမ်းရွက်ပါ၏။ အသက်သေ ရလျှင်
သေရပါစေ၊ ထာ၀ရဘုရားသခင်နှင့် အဆက်အသွယ်အပြတ်မခံနိုင်ပါပြီ။ ဤ သို့လျှင်
ပုရောဖက်ကြီးသည် အသက်ဝိညာဉ်နှင့် ဘုရားသခင်စပ်ကြားဆက်သွယ် မှု ကြီးကို အဘယ်မည်သော
လောကရှင်ဘုရင်ကမျှ ကြားဖြတ်ဝင်ရောက်နှောင့်ယှက် ခြင်းငှါ မစွမ်းသာကြောင်း
စိတ်နှလုံးနှိမ့်ချကာ ရဲရဲဝံ့ဝံ့ကြေညာခဲ့ခြင်းဖြစ်ပေသည်။ ဤ ကားတိုင်းတစ်ပါးရှိ
မိမိနှင့်ယုံကြည်ခြင်းမတူသော နန်းတွင်းသားများ၏ အကျင့်အမှောင် ထုအလယ်မှာ
ထွန်းတောက်ရောင်ခြည်သန်းစေခြင်းပင် မဟုတ်ပါလား။
တစ်နေ့လုံးပင် ထိုပရိယာယ်ထောင်ချောက်ဆင်ထားသော
မင်းညီမင်းသား၊ မÈ;မတ်ပညာရှိ အပေါင်းတို့သည်
ဒံယေလကိုစောင့်ကြပ်ကာ မျက်စိထောင့်ထောက် ကြည့်ကြကုန်၏။ တစ်နေ့လျှင် သုံးကြိမ်ကျ
မိမိအခန်းတွင်းသို့ဝင်ကာ အသံမြှင့်၍ ဆု တောင်းခဲ့ကြောင်းမြင်တွေ့၊
ကြားနာခဲ့ရလေသည်။ ထိုမြင်တွေ့ချက်ကို နောက်တစ်နေ့ မှာ သူတို့သည် ရှင်ဘုရင်ကြီးထံ
တင်လျှောက်ထားကြ၏။ ဒံယေလသည် ရှင်ဘုရင်၏ အမိန့်တော်ကို မလှန်နိုင်ပါပြီ။ ဝန်ခံရပေ၏။
မသမာသူတို့က ]အထံတော်သို့ဝင်၍ အ ရှင်မင်းကြိး၊ ကိုယ်တော်မြတ်မှတစ်ပါး၊
အခြားသောလူကိုဖြစ်စေ၊ ဘုရားသခင်ကို ဖြစ် စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူ
မည်သည်ကို ခြင်္သေ့လှောင် သောတွင်းထဲသို့ ချပစ်စေဟု
အမိန့်တော်ကိုတံဆိပ်ခတ်တော်မူလျက်ရှိပါသည် မဟုတ် လော} ဟု အမိန့်တော်အကြောင်းကို မေးလျှောက်ကြလျှင်
]ရှင်ဘုရင်ကလည်း မ ပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း မှန်ပေသည်ဟု
မိန့်တော်မူ၏။} ဤတွင်မိမိတို့၏ ဆင်ထားသော
ပရိယာယ်ထောင်ချောက်ထဲသို့ ဝင်ရောက်လာပြီဖြစ်ရာ အထူးရွှင်လန်းဝမ်းမြောက်စွာဖြင့်
ဒါရိမင်းကြီးအား သံတော်ဦးတင်သည်မှာ- ]အရှင် မင်းကြီး၊ ယုဒပြည်ကသိမ်းယူခဲ့သော
ယုဒလူမျိုးဒံယေလသည် အာဏာတော်ကို ပမာ ဏမပြု၊ တံဆိပ်ခတ်တော်မူသော အမိန့်တော်ကို ဆန့်ကျင်လျက်
တစ်နေ့သုံးကြိမ်တိုင် အောင် ဆုတောင်း၍ နေပါသည်ဟု လျှောက်ထားကြ၏။}
ရှင်ဘုရင်၏
အချည်းနှီးဖြစ်ခဲ့ရသော နောင်တသံဝေဂ
ယခုတော့ သက်ဦးဆံပိုင်ရှင်ဘုရင်ကြီးသည် ပရိယာယ်ထောင်ချောက်
ဖြစ်နေ ကြောင်း သိမြင်နေပါပြီ။ တကယ်တော့ ရှင်ဘုရင်ကို အမှန်တကယ် ချီးမြှောက်နေသည်
မဟုတ်ဘဲ ဒံယေလကို ဆန့်ကျင်လိုသောကြောင့်သာ ဤနန်းတွင်းထုတ်ဥပဒေကို ပြု
ရခြင်းဖြစ်သည် မဟုတ်ပါလား။ ထိုကြောင့် ]ရှင်ဘုရင်သည် အလွန်နောင်တရ၍ ဒံယေ
လကိုလွှတ်ခြင်းငှါ စိတ်အားကြီးသဖြင့် လွှတ်ရသောအခွင့်ကို နေဝင်သည်တိုင်အောင်
ကြိုးစား၍ ရှာတော်မူ၏။}
]တစ်ဖန်မÈ;မတ်အရာရှိတို့သည်
အထံတော်သို့ စည်းဝေး၍ အရှင်မင်းကြီး၊ တစ်ခါ ထုတ်ပြီးသော အမိန့်တော်မပျက်နိုင်ရာဟု
မေဒိ၊ ပေရသိဓမ္မသတ်၌ပါကြောင်းကို သတိထားတော်မူပါဟု လျှောက်ကြပြန်လျှင်} ထိုဓမ္မသတ်ပုဒ်မကို အမှန်တကယ် ထိ ရောက်စွာ
အရေးယူဆောင်ရွက်ရမည်သာ ဖြစ်ပါတော့သည်။
ဒံယေလကို
ခြင်္သေ့တွင်းထဲသို့ပစ်ချလိုက်ခြင်း
]တစ်ဖန်ရှင်ဘုရင်အမိန့်တော်ရှိသည်အတိုင်း ဒံယေလကိုခေါ်၍
ခြင်္သေ့တွင်း ထဲသို့ချပစ်ကြ၏။ ရှင်ဘုရင်ကလည်း သင်မပြတ်ကိုးကွယ်သော ဘုရားသခင်သည်
သင့်ကို ကယ်လွှတ်ပါစေဟု ဒံယေလကိုမိန့်တော်မူ၏}
ကျောက်ပြားကိုလည်းယူခဲ့၍
တွင်း၀ကို ပိတ်ပြီးလျှင် ]ဒံယေလအမှု၌ စီရင်ချက်ကို မတိုးမလျှော့စေခြင်းငှါ
ရှင်ဘုရင် တံဆိပ်နှင့် မÈ;မတ်တို့
တံဆိပိ်ကုခတ်တော်မူ၏။ ထိုနောက် ရှင်ဘုရင်သည် နန်းတော်သို့ ပြန်၍
တစ်ညလုံးစားတော်မခေါ်၊ အငြိမ့်တန်ဆာကို အထံတော်သို့မသွင်းစေဘဲ စက် တော်ခေါ်၍
မပျော်နိုင်} ဖြစ်ရလေသည်။
ဘုရားသခင်သည် နတ်ဆိုးများနှင့် လူဆိုးသွမ်းတို့ကို
၎င်းတို့၏ အကြံအစည် အတိုင်းပြီးပြည့်စုံစေရန် ခွင့်ပြုခဲ့ပါသော်လည်း တစ်ဦးသော
သူ၏အမှန်တရား အပေါ် သစ္စာစောင့်သိရိုသေမှုကြောင့် စာတန်နတ်ဆိုးမင်းသည်
ရှုံးနိမ့်ရပြီး ထာ၀ရဘုရားသခင် ၏ နာမတော်သည် ချီးမြှောက်ခြင်းကိုခံရလေသည်။
ရှင်ဘုရင်ဒါရိသည် နံနက်စောစောထ၍
ခြင်္သေ့တွင်းသို့အလျင်အမြန် သွား တော်မူ၏။ ရောက်လျှင်ငိုကြွေးသောအသံနှင့်
ဒံယေလကိုခေါ်၍ အသက်ရှင်တော် မူသော ဘုရားသခင်၏ ကျွန်ဒံယေလ၊ သင်မပြတ်ကိုးကွယ်သော
ဘုရားသခင်သည် သင့်ကို ခြင်္သေ့ဘေးမှ ကယ်လွှတ်နိုင်သဘောဟု မေးတော်မူ၏။}
ဘုရားသခင်သည်
ကယ်နုတ်ဖို့ရန် တတ်နိုင်တော်မူခြင်း
ထိုအခါ ပုရောဖက်ကြီးက ဤသို့လျှင် ပြန်လည်ဖြေကြားလိုက်ပါသည်။
]အရှင် မင်းကြီး၊ အကျွန်ုပ်၏ ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍
ခြင်္သေ့နှုတ်ကို ပိတ်ထားတော်မူတော်မူသဖြင့် အကျွန်ုပ်သည်
ခြင်္သေ့ဘေးနှင့်လွတ်ပါ၏။ အကြောင်း မူကား၊ ဘုရားသခင်ရှေ့၌အကျွန်ုပ်သည် အပြစ်ကင်းပါ၏။
ကိုယ်တော်မြတ်ကိုလည်း အလျှင်းမပြစ်မှားပါ။
]ထိုအခါ ရှင်ဘုရင်သည် အလွန်ဝမ်းမြောက်၍ ဒံယေလကိုတွင်းထဲက
ထုတ် ယူစေဟု အမိန့်တော်ရှိသည်အတိုင်း ဒံယေလကိုတွင်းထဲက ထုတ်ယူ၍ ဘုရားသခင်ကို
ယုံကြည်သောကြောင့် သူ၌ထိခိုက်သော အနာတစ်ခုမျှမရှိ။}
]ထိုနောက် ဒံယေလ၌အပြစ်တင်သောသူတို့ကို ရှင်ဘုရင်၏အမိန့်
တော်နှင့် ခေါ်၍ သားမယားနှင့်တကွ ခြင်္သေ့တွင်းထဲသို့ချပစ်ကြလျှင် မြေသို့မရောက်မီ
ခြင်္သေ့ တို့သည်နိုင်၍ သူတို့အရိုးရှိသမျှတို့ကို ချိုးဖဲ့ကြ၏။}
ဘုရားသခင်၏ အစေခံတို့ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသော
လူဆိုးသွမ်းတို့ သည် ယခုတွင် လုံး၀ပျက်စီးကြကုန်ပြီ။ ]ဒံယေလသည် ဒါရိမင်းကြီးလက်ထက်
၌ လည်းကောင်း၊ ပေရသိအမျိုး ကုရုမင်းကြီးလက်ထက်၌လည်းကောင်း၊ ပေရသိအမျိုး
ကုရုမင်းကြီး လက်ထက်၌လည်းကောင်း ကောင်းစားလျက်နေ၏။} ဤကဲ့သို့ ဒံယေလ
ကဲ့သို့လိုလူစားမျိုးနှင့် ဆက်ဆံရသဖြင့် တစ်ပါးအမျိုးသားမယုံကြည်သူ သက်ဦးဆံပိုင်
မင်းတို့သည်ပင် လျှင် ထာ၀ရဘုရားသခင်သည် ]အသက်ရှင်တော်မူသော ဘုရားသခင်၊
အစဉ်အမြဲနိစ္စထာ၀ရတည်တော်မူသော ဘုရားသခင်ဖြစ်တော်မူကြောင်း၊ နိုင်ငံတော် သည်
ပျက်စီးခြင်းသို့မရောက်နိုင်၊ အာဏာစက်တော်သည်လည်း အစဉ်အမြဲတည်လိမ့် မည်
ဖြစ်ကြောင်း} မှတ်သားစွဲလမ်းကြရကုန်၏။
ဒံယေလသည်
ဆင်းရဲခံရသည်ဖြစ်စေ၊ ချမ်းသာခံစားရသည်ဖြစ်စေ
သဘောထားမပြောင်းလဲခြင်း
ထာ၀ရဘုရားသခင်၌ စိတ်နှလုံးအကြွင်းမဲ့ခိုလှုံသောသူတို့သည်
ချမ်းသာသည် ဖြစ်စေ၊ ဆင်းရဲခံရသည်ဖြစ်စေ စိတ်သဘော ထားမပြောင်းလဲသွားပါချေ။
ထိုသူတို့၏ ယုံကြည်ခြင်းသည် ထာ၀ရဖြစ်ရပ်မှန်တို့ အပေါ်မှာသာ စွဲလမ်းနေ၏။
ခရစ်တော်သခင် သည် မိမိ၏ သစ္စာစောင့်သိရိုသေသောအပေါင်းအသင်းတို့နှင့်အတူ
ရေတွက်ဝင်ခဲ့ပြီ မဟုတ်လော။ ရွေးချယ်သော သူတို့နှင့်အတူ ထိုသခင်သည် ခံစားလျက်နေ၏။
သို့ဖြစ်၍ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဆင်းရဲဝေဒနာအခြေအနေဖြစ်ရပ်ဆိုး အပေါင်း
တို့ကို ခံစားနေရသည်တွင် ဘုရားသခင်၏ သားသမီးအစေခံတို့အတွက် သစ္စာရှိဖို့ရန်
ဖြစ်နိုင်ပေသည်။
ဒံယေလ၏ ဖြစ်ရပ်မှန်က ပုံနမူနာပြခဲ့ပြီမဟုတ်လော။
စီးပွားရေးသမားတစ် ယောက်ပင် ဖြစ်လင့်ကစား မူစနစ်နှင့်ပုံစံခွက်အတိုင်း
တစ်သမတ်တည်းနေသွားရန် မလိုအပ်ပါကြောင်း ဖော်ပြခဲ့လေပြီ။ လုပ်ငန်းအဆင့်တိုင်းမှာ
ဘုရားသခင်သည် လမ်းပြ သွန်သင်နိုင်၏။ ကျွန်ုပ်တို့လိုလောကဓံတရား၌ ကျင်လည်သောလူဒံယေလသည်
အ မှားမရှိသက်ရှင်နေထိုင်ခဲ့ကြောင်းကို သိရ၏။ သူ့ကို မနာလိုသောရန်သူ များပင်လျှင်
သူ၌အပြစ်ရှာ၍ မတွေ့ကြောင်း မှတ်တမ်းရှိခဲ့လေသည်။ သို့ဖြစ်၍ စိတ်နှလုံးပြောင်း
လဲသော တာဝန်ဝတ္တရားနှင့်လူမှန်သမျှသည် ဒံယေလကို အတုယူ၍ ဖြစ်နိုင်ကြောင်း
မှတ်သားရပေမည်။
ဒံယေလ၏ မယိမ်းယိုင်သောမြင့်မြတ်သိက္ခာ၊ သမာဓိ၊
ဂုဏ်အသရေတို့ကြောင့် ငယ်ရွယ်စဉ်လူငယ်ဘ၀ပင် ဖြစ်လင့်ကစား မိမိအားခန့်အပ်ထားသော
တာဝန်ရှိနေရာ မှာ တိုင်းတစ်ပါးသူကောင်းမျိုးတို့ ရှေ့မှောက်၌ မျက်နှာရ၍
]အလွန်ချစ်သနား} ခြင်း ကို ခံရလေ၏။ (ဒံယေလ
၁း၉)။ ဗာဗုလုန်နိုင်ငံတော်ကြီးမှာ ဒံယေလသည် ဝန်ကြီးချုပ်ရာ ထူးအဆင့်ကို
အလျင်အမြန်ဆွတ်ခူးခဲ့ပုံကို ကြည့်ပါ။ သူ၏ ဉာဏ်ပညာနှင့် ယဉ်ကျေး သိမ်မွေ့မှု၊
စည်းကမ်းကြီးမှုတို့ကြောင့် သူ၏ မနာလိုဝန်တိုတတ်သော လုပ်ဖော်ဆောင်
ဘက်ချင်းရန်သူတို့သည်ပင်လျှင် ]ဒံယေလသည် သစ္စာနှင့်ပြည့်စုံ၍ အပြစ်တစ်စုံ တစ်ခုမျှ
မရှိသောကြောင့် အပြစ်တင်ခွင့်ကို ရှာ၍ မတွေ့ကြသည် ရှိသော်} ဟု အတင်း အကျင်ဝန်ခံခဲ့ကြရသည် မဟုတ်ပါလား။
ဒံယေလသည် ထာ၀ရဘုရားသခင်၏ သံတမန်အဖြစ် ဂုဏ်ပြုခြင်းကို
ခံခဲ့ရ သည်။ ရှေ့မှာ ဖြစ်ပေါ်လာမည့်ခေတ်ကာလ၏ နက်နဲရာများစွာတို့ကိုလည်း
ကြိုတင်မြင် တွေ့ခွင့်ရရှိခဲ့လေသည်။ ဒံယေလအခန်းကြီး ၇ မှ ၁၂ အတွင်းရှိ ဘုရင်းသခင်၏
ဖော်ပြသော မြင်ကွင်းကျယ်ရုပ်ရှင်များ၏ အနက်ကို ပုရောဖက်ကိုယ်တိုင်ပင်လျှင်
ပြည့်ပြည့်စုံစုံ မသိနားမလည်ဘဲရှိခဲ့ရပါသည်။ သို့သော်လည်း ကမ္ဘာသမိုင်း၏
နှောင်းပိုင်း ကာလများမှာ ပြန်လည်၍နားလည်နိုင်မည် အကြောင်းကိုတော့ ကတိအာမခံချက်
ရရှိခဲ့လေသည်။ ]သင်ဒံယေလမူကား အမှုကုန်ရသည်ကာလတိုင်အောင် ဤစကား တော်တို့ကို ပိတ်၍
စာစောင်ကိုတံဆိပ်ခတ်ထားလော့} (ဒံယေလ ၁၂း၄)
ဟူသော ညွှန်ကြားမှုကို ထောက်သော် သိနားလည်နိုင်ပေသည်။
ဒံယေလ၏ ပုရောဖက်ပြုဟောကြားချက်များသည် ကျွန်ုပ်တို့ကို
အထူးဂရု ပြုအာရုံစိုက်ရန် တောင်းဆိုနေပါသည်။ အကြောင်းမူကား ကျွန်ုပ်တို့
သက်ရှင်နေထိုင် သော ခေတ်ကာလသည် ကမ္ဘာသမိုင်း၏
နှောင်ပိုင်းကာလဖြစ်သောကြောင့်ပေတည်း။ သို့ဖြစ်၍ ဒံယေလကျမ်းနှင့်
ဘုရားသခင်ဖော်ပြသော ကျမ်း (Rနလနူအေငသည)
တို့ကို ဆက်နွယ်၍ လေ့လာသင့်ပါ၏။ ထိုပုရောဖက်ပြုချက်များကို လေ့လာမှတ်သားခြင်းဖြင့်
အထူးသော မင်္ဂလာတိုးပွာမှာဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြခဲ့လေပြီ မဟုတ်လော။
ဒံယေလက ]ပညာရှိသောသူတို့မူကား နားလည်ကြလိမ့်မည်} (ငယ် ၂၀)
ဟုဆိုသကဲ့သို့ ခရစ်တော်ဘုရားသခင်က ချစ်တပည့်တော်ယောဟန်ကို ကတိပေးဖော်ပြခဲ့သည် အ
တိုင်း ]ကာလအချိန်ရောက်လုနီးပြီဖြစ်၍ ဤပုရောဖက်ပြုအနာဂတ္တိကျမ်းစကားကို
ကြည့်ရှုဖတ်ရွတ်နားထောင်၍ ရေးထားသမျှတို့ကို စောင့်ရှောက်သော သူတို့သည်မင်္ဂ
လာရှိကြ၏} (ငယ် ၁း၃) ဟုဖတ်ရှုရပေသည်။
ဒံယေလကျမ်းနှင့် ယေရှုဘုရား၏ ဖော်ပြကျမ်း (Rနလနူအေငသည ) တို့ကို လေ့လာမှတ်သားသော်
ဤကမ္ဘာမြေကြီးပေါ်မှာရှိသော ဘုန်းစည်းစိမ်သည် အချည်းနှီး ဖြစ်ကြောင်းလေ့လာရပေသည်။
တစ်ချိန်ကတန်ခိုးဩဇာကြီးမား၍ အံ့ဖွယ်သရဲလှပ တင့်တယ်ခဲ့သော
ဗာဗုလုန်နိုင်ငံတော်ကြီးသည် ကွယ်ပျောက်ခဲ့ရပြီမဟုတ်လော။ ထို နည်းတူ
မေဒိ-ပေရသိနိုင်ငံ၊ ဂရိနိုင်ငံနှင့် ရောမနိုင်ငံတော်တို့သည်ဖြစ်ကြ၏။ ထိုသို့
နှင့်အညီ ထာ၀ရဘုရားသခင်၌အုတ်မြစ်မချသော အရာမှန်သမျှတို့သည် ပျက်စီးကြ
ရမည်ချည်းဖြစ်လေသည်။
သို့ဖြစ်၍ ကမ္ဘာတိုင်းနိုင်ငံတို့၏သမိုင်းစဉ်ကို
သေချာဂနစွာလေ့လာခြင်းအား ဖြင့် ဘုရားသခင်၏အကြံတော်ကို သံရပေသည်။ ကျွန်ုပ်တို့၏
အသက်တာ၏ အမှန် အကန်ဦးတည်ချက်ကိုလည်း နားလည်ရပေသည်။ ထာ၀ရထွန်းလင်းနေသည့် လင်း
ရောင်ခြည်အားဖြင့် အချိန်ကာလ၏ဖြစ်ရပ်မှန်တို့ကို လေ့လာကြည့်ရှုမှတ်သားခြင်းဖြင့်
ကျွန်ုပ်တို့သည် ဒံယေလကဲ့သို့စစ်မှန်၍ ရှည်ကြာခံသောအသက်တာဖြင့် သက်ရှင်
နေထိုင်နိုင်ကြမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏အရှင်သခင်နှင့် ကယ်တင်ပိုင်ရှင်၏ နိုင်
ငံတော်စည်းမျဉ်းဥပဒေသတို့ကို ဆည်းပူးလေ့လာကျင့် သုံးခြင်းဖြင့် အရှင်သခင်ပြင်
ဆင်ထားရှိသော နိုင်ငံတော်သို့ ဝင်စားကြပါစို့လား မိတ်ဆွေ။
No comments:
Post a Comment