Tuesday, March 10, 2026

 

အခန်း (၂၅)

မျှော်လင့်ခြင်းသတင်းစကားနှင့် ပြည်၀သောပုရောဖက်

 

               ဩဇိမင်းကြီးသည် နှစ်ပေါင်းများစွာပင် ယုဒပြည်နှင့် ဗင်္ယာမိန်ခရိုင်တို့ကို ပညာသတိရှိရှိ၊ ကိုယ်နှုတ်စောင့်စည်းကာ အုပ်ချုပ်မင်းလုပ်ခဲ့ပါသည်။ မြို့ကြီးများစွာ ကိုလည်း ပြန်လည်မွမ်းမံတည်ဆောက်၍ ခိုင်ခံ့စေပါ၏။ တိုင်းပြည်၏ ကြွယ်၀ချမ်းသာမှု တို့သည်လည်း မြို့တော်ယေရုရှလင်ကို ကျော်ကြားစေပါသည်။ ဩဇိမင်း၏နာမည် သည်လည်း ကျမ်းမှတ်တမ်းအရ ] ထိုသို့တန်ခိုးကြီးအောင် အထူးသဖြင့်မစခြင်း ကို ခံရသည်ဖြစ်၍ သိတင်းတော်သည် အနှံ့အပြားကျော်စော၏။} (၆ရာ ၂၆း၁၅)။

               အပြင်သဏ္ဌာန်အားဖြင့် ချမ်းသာကြွယ်၀မှုရှိပါသော်လည်း ဝိညာဉ်ရေးဆိုင်ရာ တန်ခိုးဩဇာမှာကား တိုးတက်၍မလာပေ။ ဗိမာန်တော်လုပ်ငန်းမှာကား ယခင်က ကဲ့သို့ပင် နေသားမပျက်လုပ်ဆောင်နေဆဲ။ လူပရိသတ်ကြီးမှာလည်း အသက်ရှင်သော ထာ၀ရဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုကြဆဲ။ သို့ရာတွင် မာန်မာနတရားနှင့် အများ ကြိုက်ဓလေ့ထုံးစံများကား စိတ်နှလုံးနှမ့်ချခြင်းနှင့် ရိုးသားတည်ကြည်မှု နေရာမှာ စိုးမိုးလျက်နေ၏။ ဩဇိမင်းနှင့် ပတ်သတ်ပြီးရေးသားထားသည်မှာ ]ဩဇိမင်းသည် တန်ခိုးကြီးသောအခါ ကိုယ်အကျိုးနည်းအောင်ထောင်လွှားသော စိတ်ထသဖြင့် မိမိ ထာ၀ရဘုရားသခင်ကို ပြစ်မှား၍ နံ့သာပေါင်းကို မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နံ့သာ ပေါင်းကို မီးရှို့ခြင်းငှါ ထာ၀ရဘုရားသခင်၏ ဗိမာန်တော်ထဲသို့ ဝင်လေ၏။} ထို အမှုအရာကို တွေ့မြင်သော ယဇ်ပုရောဟိတ်မင်းအာဇရိသည် ရဲရင့်ခြင်းသတ္တိရှိသော ထာ၀ရဘုရားသခင်၏ အမှုတော်ထမ်း ယဇ်ပုရောဟိတ်တို့နှင့်တကွ ဩဇိမင်းအာဆီး တားကာ ]ကိုယ်တော်သည် ပြစ်မှားပြီ။ ထာ၀ရဘုရားသခင်ရှေ့တော်၌ ကိုယ်တော် အသရေပျက်လိမ့်မည်ဟု ဆိုကြပါသည်} (ငယ် ၁၆၊ ၁၈)။

               ထိုအခါ ဩဇိမင်းသည် သူအားဆုံးမပြစ်တင်ရကောင်းလားဟူ၍ ဒေါသစိတ်ရှိ၍ မိမိနှင့်မဆိုင်သော နံ့သာပေါင်းကို မီးရှို့ခြင်းအမှုကိုပြုရန် စိုင်းပြင်းနေဆဲမှာပင် ယဇ် ပုရောဟိတ်တို့ရှေ့မှာ နူနာသည် ရှင်ဘုရင်၏နဖူး၌ပေါ်လေ၏။ ဤကားဗိမာန်တော် ကို ညစ်ညူးစေခြင်း သဘောပေတည်း။ ဤသို့လျှင် ရှင်ဘုရင်သည် မိမိကံကုန်တော် မူသည်တိုင်အောင် နူနာစွဲ၍ ခြားနားသောနန်း၌နေရ၏။ ဗိမာန်တော်သို့ဝင်သော အခွင့်ကိုရ။ ]ထာ၀ရဘုရား မိန့်တော်မူသည်ကား} ဟူသောပညတ်ကို မထီမဲ့မြင် ပြုခြင်း၏ သင်ခန်းစာယူအပ်ဖွယ်ပုံပမာ တစ်ခုပင်ဖြစ်ပါသည်တကား။ မိမိ၏လုပ်သက် မည်မျှရင့်၍ ရာထူးအဆင့်မည်မျှ ကြီးသည်နှင့် မဆိုင်တော့ပါ။လူ့အထင် အမြင်အတိုင်း ရဲရင့်စွာလုပ်၍ဖြစ်သောအပြစ်သည် ကောင်းကင်ဘုံ၏တရားစီရင်ခြင်းကို ဝန်ခံရပေ မည်။ အကြောင်းရင်းမှာ ထာ၀ရဘုရားသခင်သည် လူ့မျက်နှာကို မှတ်တော်မမူပါ။ (တောလည်ရာ ၁၅း၃၀) ကိုကြည့်ပါ။

               ဩဇိမင်းသည် ဘိုးဘေးတို့နှင့် အိပ်ပျော်သည်နောက် သားတော်ယောသံသည် ခမည်းတော်အရာ၌ နန်းထိုင်ပါသည်။ ]ထိုမင်းသည် ခမည်းတော်ဩဇီကျင့်သမျှအ တိုင်း ထာ၀ရဘုရားသခင်ရှေ့တော်၌ တရားသောအမှုကိုပြု၏။ သို့ရာတွင် မြင့်သော အရပ်တို့ကို မပယ်ရှားသောကြောင့် လူတို့သည် ထိုအရပ်တို့၌ယဇ်ပူဇော်၍ နံ့သာ ပေါင်းကို မီးရှို့ကြ၏။} (၄ရာ ၁၅း၃၄၊ ၃၅)။

               ဩဇိမင်း၏ ထီးနန်းသက်နှောင်းပိုင်းကာလမျာ မင်းမျိုးမင်းနွယ်မှ လူငယ် ဟေရှယသည် ပုရောဖက်အရာမှာ အမှုတော်ထမ်းဆောင်ရန် ဖိတ်ခေါ်ခြင်းကို ခံခဲ့ ရပါသည်။ ထိုလူငယ်သည် ယုဒပြည်ကို ဣသရေလလူမျိုးနှင့် ရှိုရိတပ်မဟာတို့ ပူး ပေါင်း၍ စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ပုံကို ကိုယ်တိုင်မြင်တွေ့ခဲ့သူဖြစ်၏။ နိုင်ငံ တော်၏ အရေးပါသော မြို့ကြီးများရှေ့မှာ အာရှုရိတပ်မတော်ကြီးစခန်းချ တဲထိုးခဲ့သည်များ ကိုလည်း သက်သေတွေ့မြင်ခဲ့ရ သူပါတည်း။ ရှမာရိမြို့တော်ကြီးကျဆုံးရတော့မည်။ ဣသရေလ မျိုးနွယ်ဆယ်စုတို့သည်လည်း တိုင်းတစ်ပါးနိုင်ငံများမှာ လှည့်လည်ကာ ပြန့်ကျဲ နေထိုင်ကြရပေတော့မည်။ ယုဒပြည်သည်လည်း အာရှုရိတပ်မဟာကြီး၏ ချင်းနင်းဝင်ရောက်တိုက်ခိုက်မှုကြောင့် ယေရုရှလင်မြို့တော်ကြီး ကျဆုံးလုနီးနီအချိန် မှာ ထာ၀ရဘုရားသခင်သည် အံ့ဩဖွယ်ရာ ကြားဝင်ကယ်နုတ်ခဲ့သည်ကိုလည်း ဟေရှယလူငယ်လေးတွေ့မြင်ခဲ့ရပါသည်။ အကယ်၍သာ ထာ၀ရဘုရားသခင်၏ ကာ ကွယ်ပေးမှုကို ဘုရားသခင်သည် ရုတ်သိမ်းလိုက်မည်ဆိုက အာရှုရိစစ်သည် ရဲမက် အပေါင်းတို့သည် ယုဒပြည်တစ်လျောက်လုံးမှာပျံ့နှံ့ကာ နေရာယူကြမည် ကားမလွဲ ဧကန်တည်း။

 

                              ထာ၀ရဘုရားသခင်၏ အကြံတော်ပျက်လုနီးပါးရှိချိန်မှာ                                                        ဟေရှာယကိုစေလွှတ်ခြင်း

               ပြင်ပအန္တရာယ်ထက် အတွင်းအန္တရာယ်မှာ ကြီးမားလှ၏။ လူတို့သည် ဘာသာ တရားဘက်မှာ လွဲမှားဖောက်ပြန်လာသည်နှင့်အမျှ ပုန်ကန်လိုစိတ်ပွားများလာရကား တိုင်းတစ်ပါးတို့အား အလင်းဆောင်ရန် ခန့်အပ်ခြင်းခံရသောလူမျိုးသည် ထာ၀ရ ဘုရားသခင်၏ တရားစီရင်ခြင်းကို ဖိတ်ခေါ်နေသလိုဖြစ်ပါ၏။ မြောက်ပိုင်းနိုင်ငံမှ စရိုက် ဆိုးများသည် တောင်ပိုင်းနိုင်ငံ ယုဒပြည်ကို အလျင်အမြန်ပင်ကူးစက်လာသည်။ ဒါကို ပုရောဖက်ဟောရှေနှင့် အာမုတ်တို့က အထပ်ထပ်သတိပေးပြောကြားခဲ့၏။ လူတို့သည် ရယူလိုသော ရမ္မက်မှာကြီး၍နေ၏။ အိမ်ကိုတစ်အိမ်ပြီးတစ်အိမ်၊ လယ်မြေကို တစ်ကွက် ပြီးတစ်ကွက် ပိုင်ဆိုင်လိုကြ၏။ အလိုရမ္မက်တို့ကိုလည်း မတရားသောနည်းမျိုးစုံဖြင့် ဖြည့်ဆည်းကြကုန်သည်။ (ဟေရှာယ ၅း၈) ကိုကြည့်ပါ။ ဖြောင့်မတ်မှန်ကန်ခြင်းဟူသော အဓိပ္ပါယ်ကို အလွဲကောက်ကြလေသည်။ ဆင်းရဲသားလူတန်းစားတို့ကိုလည်း သနား ကြင်နာရမှန်းမသိဖြစ်နေ၏။ ထိုသို့ဖြစ်သောကြောင့် ထာ၀ရဘုရားသခင်သည် ဤ သို့လျှင် မိန့်တော်မူခဲ့ပါသည်။ ]သင်တို့သည် ဆင်းရဲသောသူတို့၏ ဥစ္စာကိုလုယူ၍ မိမိတို့အိမ်၌ သိုထားကြပြီ။} (ဟေရှာယ ၃း၁၄)။ တရားသူကြီးနှင့် အမှုအခင်းဖြေရှင်း ပေးကြသူများပင်လျှင် သူဆင်းရဲအညတြ လူတန်းစာ၊ မုဆိုးမများ၊ မိဘမရှိသောသူတို့၏ ငိုကြွေးသံတို့ကို ပင်လျှင် မကြားချင်ယောင်ဆောင်၊ နားပိတ်ထားကြကုန်လေပြီ။ (ဟေရှာယ ၁ဝး၁၊၂ ကို ကြည့်ပါ)။

 

                                            

 

               တစ်ဖက်မှာလည်း ချမ်းသာကြွယ်၀မှုက လူကိုပေါ်ကျော့နေစေ၍ သေရည် သေရက်သောက်စား မူးယစ်ပျော်ပါးခြင်းနှင့်သာ အချိန်ကုန်စေ၏။ (ဟေရှာယ ၂း၁၁၊ ၁၂။၃း၁၆၊၁၈-၂၃။ ၅း၂၂၊ ၁၁၊ ၁၂ ကို ကြည့်ပါ)။ သို့ဖြစ်၍ တိရစ္ဆာန်တစ်ပိုင်း၊ လူတစ်ပိုင်းရုပ်တုတို့သည် တိုးပွားလာ၍ အံ့ဩစရာမဟုတ်တော့။ ရိုး၍သာလာ၏။ စိတ်ဆိုးရမှန်းလည်းမသိ။ ထိုဇာတိသဘောနှင့် ပြီး၍သာနေ၏။ ထာ၀ရဘုရားသခင်၌ သစ္စာရှိမှန်ကန် သူများအနည်းငယ် သာစိတ်ပျက်၍ နေကြလေသည်။ အခြေအနေ အရပ်ရပ်ကိုခြုံငုံ၍ သုံးသပ်ရပါသော် ဣသရေလလူမျိုးတို့အတွက် ထာ၀ရဘုရားသခင် ၏ အကြံအစည်တော်သည် ပျက်သုန်းလုနီးပါးဖြစ်နေလေပြီကော။

               ထိုအချိန်အခါမျိုးမှာ ထာ၀ရဘုရားသခင်၏ ဆုံးမပြစ်တင်ရမည့် သတင်းစကား ကို သယ်ပိုးကြွေးကြော်ရမည့်တာဝန်ကို ထမ်းဆောင်ရမည်ဟု ဟေရှာယအားဖိတ် ခေါ်လိုက်သောအခါ ထိုလူငယ်မှာ တွန့်ဆုတ်၍နေသည်မှာ အံ့ဩစရာ မဟုတ်ပါလေ။ သူ့ကို တွေ့ဆုံတိုက်ခိုက်ဆန့်ကျင်မည်ကို သူသိသည်။ ထိုလူတို့၏ နှလုံးသားမှာခိုင်မာ၍ မယုံကြည်မှုတို့ကို စဉ်းစားမိတိုင်း လုပ်ဆောင်လေသမျှ သဲရေကျဘိနှယ်ဖြစ်မည်ကို မြင်ယောင်မိ၏။ ထိုနတ်ဘုရားရုပ်တုတို့ကို ကိုးကွယ်နေကြသူများထံမှ စိတ်ညစ်စွာ ရှောင်ပြေးသဖြင့် သူတို့ကို အနှောင့်အယှက်မပေးမူကာ ပို၍ကောင်းမည်လောဟု သူစဉ်းစားမိသေးသည်။ ထိုသို့ဆိုလျှင် နိနေဝေမြို့ကြီး၏ နတ်ဘုရားတို့သည် ကောင်း ကင်ဘုံဘုရားသခင်ကို ကလန်ကဆန်လုပ်၍ အမိန့်တော်ကို မနာခံငြင်းဆန်သည်ကို ဒီလိုပဲကြည့်နေတော့မည်လား။

               ဤသို့လျှင် ဟေရှာယသည် ဗိမာန်တော်ဆင်ဝင်အောက်မှာရပ်နေရင်း အတွေး နယ်ချဲ့ကာ စဉ်းစားမိပါသည်။ ထိုစဉ်အခါ သူ့ရှေ့မှာ ရုတ်တရက်ပေါ်ပေါက်လာသော မြင်ကွင်းအရ ထာ၀ရဘုရားသခင်သည် အလွန်မြင့်မြတ်သောပလ္လင်ပေါ်မှာ ထိုင်တော် မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာသည် ဗိမာန်တော်ကိုဖြည့်လေ၏။ ပလ္လင် တော်၏ တစ်ဖက်တစ်ချက်မှာ ကောင်းကင်တမန်သရပ်တို့သည် ရပ်လျက်နေကာ ]ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်း တော်မူ၏။  မြေကြီးတစ်ပြင်လုံးသည် ဘုန်းတော်နှင့်ပြည့်လေ၏ဟု ကြွေးကြော်၍ ကြွေး ကြော်၍ မြွက်ဆိုကြ၏။} ထိုကြွေးကြော်သံကြောင့် ဗိမာန်တော်တိုင်နှင့် စီဒါသစ်နှင့် ပြီးသော ဂိတ်တံခါးတိုင်တို့သည်တုန်လှုပ်ကာ အိမ်တော်တစ်ခုလုံးသည် ချီးမွမ်းခြင်း မီးခိုးနှင့် ပြည့်နေပါတော့်သည်။ ( ဟေရှာယ ၆း၃)။

               ထိုမြင်ကွင်းကိုတွေ့လိုက်ရသော ဟေရှာယအဖို့ ထာ၀ရဘုရားသခင်၏ သန့်ရှင်းစင်ကြယ်ခြင်းအဖြစ်ကို ခံစားလိုက်ရှာသောအခါမှာ ]ငါကလည်း ငါ၌အ ကျိုးမရှိပြီ။ ငါအကျိုးနည်းရှိပြီ။ အကြောင်းမူကား ငါသည် ညစ်ညူးသောနှုတ်ခမ်း ရှိလျက် ညစ်ညူးသော နှုတ်ခမ်းရှိသောလူမျိုးတွင် နေလျက်နှင့် ကောင်းကင်ဗိုလ် ခြေအရှင် ထာ၀ရဘုရားသခင်တည်းဟူသော ရှင်ဘုရင်ကို ကိုယ်မျက်စိနှင့် မြင်လေ ပြီတကားဟုဆို၏။} (ငယ် ၅)။ ဟေရှာယသည် မိမိ၏ အားနည်းချက်မထိရောက်မှု တစ်ခုတည်းနှင့်သာဆိုလျှင် ဤအမှုတော်မြတ်ကြီးကို မည်သည့်အခါမျှ ပြီးပြည်စုံ စေနိုင်မည် မဟုတ်ကြောင်းကိုသူသိပါသည်။ သို့ဖြစ်၍ ကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့်ယူသောမီးခဲတစ်ခဲကို လက်နှင့်ကိုင်လျက် ငါရှိရာ သို့ ပြန်လာ၍ ငါ့နှုတ်ကိုတို့ပြီးလျှင် ဤ ]မီးခဲသည် သင်၏နှုတ်ခမ်းကိုတွေ့ပြီ။ သင် မကောင်းမှုကို သုတ်သင်ပြီ။ သင်၏အပြစ်လည်းဖြေရှင်းပြီးဟု ဆို၏။} ထိုအခါ ထာ၀ရ ဘုရားသခင်က ]ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း။ ငါတို့အဖို့ အဘယ်သူ သွားမည်နည်း} ဟု မေးတော်မူသံကို ဟေရှာယသည် ကြားရသောအခါ ]အကျွန်ုပ် ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ} ဟု တုံ့ပြန်အဖြေပေးလိုက်ပါသည်။(ငယ် ၇း၈)။

 

နောက်ဆုံးမှာ အောင်မြင်မှုကို ရရှိခဲ့ခြင်း

               ပုရောဖက်၏တာဝန်မှာ ရှင်လင်းပီသလှပါ၏။ သူသည် အောင်မြင်ခေတ်စား နေသောမကောင်းမှုများကို ဆန့်ကျင်ကြွေးကြော်ရမည်မဟုတ်ပါလား။ သို့သော်လည်း သူသည် မျှော်လင့်မှုပေးနိုင်သော အာမခံချက်ကိုမရရှိဘဲနှင့် ထိုအလုပ်ကို စိုးရွံ့ ထိတ်လန့်စွာနှင့်လုပ်ခဲ့သည်။ လုပ်ကိုင်ရင်းနှင့်သူသည် ထာ၀ရဘုရားသခင်ကို မေး လျှောက်ခဲ့သည်မှာ ]အဘယ်မျှ ကာလပတ်လုံး ကြာပါလိမ့်မည်နည်း။} (ငယ် ၁၁)။ ကိုယ်တော်ဘုရားသခင်၏ ရွေးချယ်ခံလူမျိုးတို့သည် ဘယ်သောအခါမှ နောင်တရ၍ အနာမှ ပျောက်ကင်းပါလိမ့်မည်နည်း။

               သူ၏ လုပ်ဆောင်မှုသည် အသီးမဲ့တော့ လုံး၀ဖြစ်မသွားပါလေ။ သို့တိုင် အောင်လည်း ရှေးဦးယခင် ခေတ်အဆက်ဆက်မှတိုးပွားများပြားလာခဲ့သော မကောင်း မှုများသည် သူ့အချိန်မှာ တစ်ခါတည်းနှင့်တော့ အလုံးစုံပပျောက်သွားမည်မဟုတ်ပါ။ သူသည် စိတ်ရှည်သည်းခံရပါမည်။ ရဲဝံ့စွာ သွန်သင်ပြောဆိုရပါမည်။ မျှော်လင့်ချက် ပေးသော ပုရောဖက်အဖြစ်ရပ်တည်ရမှာ ဖြစ်သလိုပျက်စီးဆုံးပါမှု အခြေအနေကို ပြသောသူလည်းဖြစ်ရပါမည်။ ကျန်ကြွင်းသောလူတစ်စုသာ ကယ်တင်ခြင်းသို့ရောက်ရ ပါလိမ့်မည်။ ဤသို့လျှင် ပုန်ကန်တတ်သော ပြည်သူပြည်သားအပေါင်းတို့အား ဟေရှာယသည် အပူတပြင်းတောင်းပန် အသနားခံရသော သတင်းစကားတို့ကို ကြွေးကြော်ဟောပြောရပါသည်။

               မြောက်ပိုင်းနိုင်ငံတော်နေ ဣသရေလမျိုးနွယ်ဆယ်စုတို့သည် မကြာမီမှာပင် တစ်ပါးနိုင်ငံများမှာ အရပ်ရပ်သို့ကွဲပြားကာ နေထိုင်ကြရပေတော့မည်။ မျိုးဖျက်သော ရန်သူတပ်မဟာတို့သည်လည်း ပြည်တော်ကို ထပ်ခါတလဲလဲ ဝင်ရောက်ဖျက်ဆီးကြ၏။ ယေရုရှလင်မြို့တော်ကြီးသည်ပင်လျှင် နောက်ဆုံးမှာကျဆုံး၍ ယုဒလူမျိုးသည် သုံ့ပန်း အဖြစ်ခေါ်ဆောင်ခြင်းကို ခံရပေတော့မည်။ သို့တိုင်အောင်လည်း ကတိတော်ထား ရာပြည်တော်သည် ထာ၀ရစဉ်ကျောခိုင်းပစ်ပယ်သွားမည်တော့မဟုတ်ပါ။ ဤကောင်း ကင်ဘုံမှ အာမခံပေးချက်ကို ဟေရှာယက ဤသို့ဖော်ပြသွားပေသည်။

 

               ထိုပြည်၌ ဆယ်ဖို့တွင်တစ်ဖို့ ကြွင်းသေးသော်လည်း ထိုအကြွင်းသည် အထပ်ထပ်ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ သို့ရာတွင် ထင်းရÈ;ပင်နှင့်သပိတ်ပင်တို့ကို ခုတ်လှဲ၍ သစ်ငုတ်သည်ကြွင်းသကဲ့သို့ သန့်ရှင်းတောအနွယ်သည် ထိုပြည်၌ အငုတ် ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏} (ငယ် ၁၃)။

 

                                            

 

               ဤအာမခံချက်စကားက ဟေရှာယကို စိတ်အားဖြည့်ပေးပါသည်။ သူသည် ဘုရင်တကာ့ဘုရင်၊ ဗိုလ်ခြေအပေါင်းတို့၏ ဘုရားသခင်ကို တွေ့မြင့်ခဲ့ပြီ မဟုတ်ပါလား။ ]မြေကြီးလုံးသည် ဘုန်းတော်နှင့်ပြည့်လေ၏} ဟုကြွေးကြော်သော ကောင်းကင် တမန်သရပ်တို့၏ သီချင်းသံကိုသူကြားခဲ့ရပြီ။ (ငယ် ၃)။ ယေဟောဝါ ဘုရားသခင်၏ သတင်းစကားတို့သည် ပြောင်းလဲစေနိုင်သော တန်ခိုးကိုပေးသည့် သန့်ရှင်းသော ဝိညာဉ်တော် အဖော်ပြုမည်ဟူသောကတိတော်ကို သူရရှိထားလေပြီ။ သူလုပ်ဆောင် ရသော အလုပ်ကြီးအတွက် သူသည် ကြက်သီးမွေးညင်းထရသည်အထိ တုန်လှုပ်ခဲ့ မိပါ၏။ မိမိ၏ကြိုးကြိုးပမ်းပမ်း အမှုတော်မြတ်ထမ်းဆောင်ခဲ့ရာ ကာလတစ်လျှောက် လုံးမှာလည်း ထိုဖိတ်ခေါ်တော်မူခြင်း အတွေ့အကြုံ (မြင်ခြင်း) ကို အမြဲမပြတ် သတိ ရစေခဲ့ပါသည်။ ဤသို့လျှင် ပုရောဖက်ဟေရှာယသည် နှစ်ပေါင်း (၆၀) ကျော် အသင်းတော်၏ }ရှေ့မှာအောင်ပွဲရှိသည်} ဟူသောဟောကိန်းကို ကြွေးကြော်ရသည့် မျှော်လင့်ချက်ပေးသော ပုရောဖက်တစ်ပါးအဖြစ် သခင့်အစေကို ခံခဲ့လေပါပြီ။

 

 

No comments:

Post a Comment