Tuesday, March 10, 2026

 

အခန်း (၅၁)

ဝိညာဉ်ရေးပြန်လည်နိုးကြားမှုကိုထိန်လင်းမီးပွားစေသည့် ဧဇရ

 

               ဧဇရနှင့် အပေါင်းအဖော်များ ယေရုရှလင်မြို့သို့ ရောက်လာကြလေပြီ။ အ ခက်အခဲများစွာ ကြားထဲမှ တာရှည်စွာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းမှာ လုပ် ဆောင်နေကြသူများစွာတို့သည် ဝမ်းမြောက်ကြ၏။ ခွန်အားပြည့်၍ မျှော်လင့်ချက်ရှိ လာသည် မဟုတ်လော။ ပထမအသုတ် နေရင်းပြည်တော်သို့ ပြန်လာကြသူတို့၏ အ ချိန်ကစ၍ အပတ်တကုတ်ကြိုးစားလုပ်ဆောင်ခဲ့ကြသည်မှာ ယခုဆိုလျှင် များစွာပြီး မြောက်ခဲ့လေပြီ။ ဗိမာတော်ကြီးပြီးစီးပါပြီ။ မြို့တော်၏မြို့ရိုးတချို့တို့မှာ ပြုပြင်ရန် ကျန် နေသေး၏။ အလုပ်မှာ လက်စမသတ်ရသေးပါချေ။

               များစွာသော ဗာဗုလုန်ပြည်တော်ပြန်တို့သည် ထာ၀ရဘုရားသခင်၌ သစ္စာရှိရှိ နေထိုင်ခဲ့ကြပါ၏။ သို့ရာတွင် ထိုသူတို့၏ သားသမီးများနှင့် မြေးမြစ်တို့ကား ထာ၀ရ ဘုရားသခင်၏ ပညတ်တရား၏သန့်ရှင်းခြင်းကို မျက်ခြည်ပြတ်ခဲ့ကြပါသည်။ အသင်း တော်လူကြီးတာဝန်ရယူကြသူ တချို့မှာပင်လျှင် အများသိအပြစ်မကောင်းမှုမှာ ပွင့်ပွင့် လင်းလင်း နေထိုင်သက်ရှင်နေကြသည် မဟုတ်ပါလား။ ထိုသူတို့ကြောင့် ဘုရားသခင်၏ အမှုတော်မှာ ရှေ့သို့မတိုးတက်ဘဲရပ်တန့်နေရ၏။ ဘုရားသခင် ပညတ်ထားသည် များ ကို မဆုံးမဘဲနေခြင်းက ကောင်းကင်ဘုံ၏ကောင်းချီးမင်္ဂလာများကို လူတို့ထံသို့ မသက် ရောက်စေရန် ရပ်တန့်စေခြင်းပင် ဖြစ်ပါသည်။

               ဧဇရနှင့် ပြန်ရောက်လာကြကုန်သော သူတို့မှာ အထူးသဖြင့် ဘုရားသခင်ကို ရှာဖွေတွေ့ရှိသူများ ဖြစ်ကြရကား၊ ဗာဗုလုန်နိုင်ငံမှ ပြန်လာရာ ခရီးစဉ်တစ်လျှောက် လူ့အင်အားတန်ခိုးနှင့် ဘာကိုမျှ အကာအကွယ် အစောင့်အရှောက်ကို မခံယူခဲ့ခြင်းက ထိုသူတို့မှာ ဝိညာဉ်ရေးအင်အားမည်မျှ ကြွယ်၀စွာတည်ရှိကြောင်း သင်ခန်းစာယူနိုင် သည် မဟုတ်လော။ လူတို့သည် ယုံကြည်ခြင်းအရာမှာ ခွန်အားကြီးလာကြပါသည်။ ယေရုရှလင်မြို့တော်မှာရှိနှင့်ကြကုန်သော အားငယ်မှု၊ စိတ်ဓါတ်ကျသူ၊ မထူးခြားလို သူတွေနှင့် ရောနှောလာသောအခါတွင်မူကာ မကြာမီဘာသာတရားရေးမှာလည်း ပြုပြင် ပြောင်းလဲဖို့ လိုအပ်လာကြောင်းကို သူတို့သိမြင်လာကြပါသည်။

               မကြာပါ။ ဣသရေလအကြီးအကဲတို့သည် ဧဇရထံချဉ်းကပ်လာ၍ ညဉ်းတွားမှု ကို ပြကြပါသည်။ ဧဇရမှတ်စာအရ၊ ]အကြီးအကဲတို့သည် ငါထံသို့လာ၍ ယဇ်ပုရော ဟိတ်၊ လေဝိသားအရှိသော ဣသရေလအမျိုးသားတို့သည် ဤပြည်သားရင်းတို့နှင့် ပေါင်းဘောသဖြင့် ခါနနိလူ၊ ဟိတ္တိလူ၊ ယေဗုသိလူ၊ အမ္မုန်လူ၊ မောဘလူ၊ အီဂျစ်လူ၊ အာမောရိလူတို့ ရွံရှာဖွယ်သောအကျင့်ကို ကျင့်ကြပါ၏။ အကြောင်းမူကား၊ သူတို့သမီး များကို ကိုယ်ဖို့လည်းကောင်း၊ ကိုယ်သားဖို့လည်းကောင်း သိမ်းယူသဖြင့် သန့်ရှင်းသော အမျိုးသည် ဤပြည်သားရင်းအမျိုးနှင့် ရောနှောလျက်ရှိ၍ အကြီးအကဲနှင့် မင်းအရာ ရှိတို့သည် ဤအပြစ်အမှုကို အဦးပြုကြပြီတကားဟု ကြားပြောကြ၏။} (ဧဇရ ၉း၁၊ ၂)။ ဤသို့လျှင် ယေဟောဝါဘုရားသခင်၏ သန့်ရှင်းသောအမိန့်တော်များကို ရဟူဒီသာ သနာ့ခေါင်းဆောင်တို့သည် ဂရုမစိုက်ဘဲနေခဲ့ကြလေသည်။

               ဤသို့လျှင် သာသနာခရီးကိုဆက်ချေက ဣသရေလူတို့၏ ဖောက်ပြန်လမ်း လွှဲခြင်းသည် ပိုမို၍တိုးကာ ဆိုးဝါးလာမည်အကြောင်းကို ဧဇရသည်သတိပြုမိပါ၏။ ယခု အချိန်မှာ ခွဲပစ်မည်ဆိုက များစွာသောဝမ်းနည်းစရာအတွေ့အကြုံကို တားဆီးနိုင်မည် ဟု သူမြင်ပါသည်။ အထူးသဖြင့်အမှုတော်မှာ တာဝန်ရှိသူများကဦးဆောင်၍ ဘုရား သခင်၏ ပညတ်တရားတော်များကို ချိုးဖောက်ဖျက်ဆီးနေသည်ကို ဧဇရမြင်တွေ့ရ သောအခါ သူ၏နှလုံးမှာ နာကြည်း၍လာ၏။ သူ့တွင်ဖြောင့်မတ်မှန်ကန်သော အမျက် ဒေါသကလွှမ်းမိုး လာလေပြီကော။ ]ထိုစကားကို ငါကြားလျှင်၊ အတွင်းအဝတ်၊ ပြင်အ ဝတ်ကိုဆုတ်၍ ဆံပင်နှင့် မုတ်ဆိတ်ကို နုတ်ပစ်လျက်၊ မိန်းမောတွေဝေလျက်ထိုင်နေ၏။ ထိုအခါ ဣသရေလအမျိုး၏ ထာ၀ရဘုရားသခင်အမိန့်တော်ကို ကြောက်ရွံ့သော သူ အပေါင်းတို့သည် သိမ်းသွားခြင်းကို ခံရသော သူတို့ပြစ်များသောအပြစ်ကြောင့် ငါထံမှာ စည်းဝေး၍ညဉ့်ဦးယံယဇ်ပူဇော်ချိန်တိုင်အောင် ငါသည် မိန်းမောတွေဝေလျက်နေ၏။} (ငယ် ၃၊ ၄)။

               ညဉ့်ဦးယံယဇ်ပူဇော်ချိန်ရောက်လာပြီ။ ဧဇရသည် ဒူးထောက်ကာ ကောင်းကင် ဘုံသို့ လက်ဝါးတို့ကိုဖြန့်လျက် မိမိ၏ခံစားချက်များကို တင်ပြလေပါတော့သည်။ ]အိုအကျွန်ုပ်ဘုရားသခင်၊ ကိုယ်တော်ကို မမျှော်မကြည့်ဝံ့၊ ရှက်ကြောက်၍ ပါးနီပါ၏။} ]ဘိုးဘေးလက်ထက်မှစ၍ ယနေ့တိုင်အောင် အလွန်ပြစ်မှားပါပြီ။ ကိုယ့်အပြစ်ကြောင့် ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်မှစ၍ အကျွန်ုပ်တို့သည် ယနေ့တိုင်အောင်ခံသကဲ့သို့ တစ်ပါးအမျိုးသား ရှင်ဘုရင်လက်သို့အပ်ခြင်း၊ အသေသတ်ခြင်း၊ သိမ်းသွားခြင်း၊ လု ယက်ခြင်း၊ မျက်နှာပျက်ခြင်းကိုခံရပါ၏။} ]ထိုသို့ကျွန်ခံလျက် နေရသော်လည်း အ ကျွန်ုပ်တို့၏ ဘုရားသခင်သည် စွန့်ပစ်တော်မမူ။ အကျွန်ုပ်တို့ အသက်လွတ်ခြင်းငှါ လည်းကောင်း၊ အကျွန်ုပ်တို့ ဘုရားသခင်၏အိမ်တော်ကို ထူထောင်၍ ပြိုပျက်ရာတို့ကို ပြုပြင်ခြင်းငှါလည်းကောင်း၊ ယုဒပြည်ယေရုရှလင်မြို့၌ ခိုလှုံရာအရပ်ကို အကျွန်ုပ်အား ပေးခြင်းငှါလည်းကောင်း ပေရသိရှင်ဘုရင်တို့သည် အကျွန်ုပ်တို့၌  ကျေးဇူးပြုခြင်းသော စေတနာစိတ်ကို ပေးသနားတော်မူပြီ။} ]အကျွန်ုပ်တို့သည် ပညတ်တရားတော်တို့ကို တစ်ဖန်လွန်ကျူး၍ ဤရွံရှာဖွယ်အမှုတို့ကို ပြုတတ်သောလူမျိုးနှင့် ပေါင်းဖော်လျှင် တစ် ယောက်မျှမလွတ်၊ မကျန်ကြွင်းစေခြင်းငှါ အမျက်တော်ထွက်၍ အကျွန်ုပ်တို့ကိုဖျက်ဆီး တော်မူမည် မဟုတ်လော။} (ငယ် ၇၊ ၉၊ ၁၄)။

              

ဘာသာတရားနိုးကြားမှုစတင်ခြင်း

               ဧဇရနှင့်သူ၏ အသိုက်အဝန်းတို့၏ ဝမ်းနည်းကြေကွဲခြင်းသည် သိမ်းသွားခြင်း ကို ခံခဲ့ရသော သူတို့အားနောင်တရခြင်းကို ဖြစ်စေပါသည်။

အပြစ်လုပ်ခဲ့မိသူများ ပြန်လည်၍ သတိသံဝေဂတရားရရှိလာသောအခါ လွန်စွာမှပင် စိတ်ထိခိုက်ကြ၏။ ]ထိုသို့ဧဇရသည် ဘုရားသခင်၏အိမ်တော် ရှေ့မှာပျက်ဝပ်လျက်၊ မျက်ရည်ကျလျက် တောင်းပန်၍ ဆုတောင်းပြုသောအခါ အလွန်များစွာသော ပရိသတ်၊ ဣသရေလအမျိုးယောက်ျား၊ မိန်းမ၊ အခါအလွန်များစွာသောပရိသတ်၊ ဣသရေလအ မျိုးယောက်ျား၊ မိန်းမ၊ သူငယ်တို့သည် ဧဇရထံမှာစည်းဝေး၍ အလွန်ငိုကြွေးကြ၏။} (ဧဇရ ၁ဝး ၁)။ ထိုသူတို့သည် သိနာတောင်ပေါ်မှာ မိန့်တော်မူသော ပညတ်တော် ဆယ်ပါး၏ သန့်ရှင်စင်ကြယ်ခြင်းကိုတွေ့မြင်လာရကား မိမိတို့ကျူးလွန်မိသော အပြစ် များစွာတို့အတွက် တွေးမိတိုင်း ကြက်သီးမွေးညင်းထ၍ ကျော်ချမ်းကာ နေကြလေ သည်။

               ဤအစုအဝေး၌ ပါဝင်သောသူများတွင် ရှေကနိဟု အမည်ရှိသော သူတစ် ယောက်သည် ဧဇရ၏ ပြောစကားမှန်ကြောင်းကို အသိအမှတ်ပြု၍ ]ငါတို့သည် ကိုယ့် ဘုရားသခင်ပြစ်မှား၍ ဤပြည်၌နေသော တစ်ပါးအမျိုးသာ မိန်းမတို့နှင့် စုံဖက်ကြပြီ} ဟု ဝန်ခံပြောဆိုသလို၊ ]သို့ဖြစ်၍ အရှင်ဘုရားသခင်အစရှိသော ငါတို့ဘုရားသခင်၏ ပ ညတ်တရားကို ကြောက်ရွံ့သော သူတို့သတိပေးသည်အတိုင်း အပြစ်ရှိသမျှကို စွန့်ပယ် မည်ဟု ငါတို့၏ဘုရားသခင်ရှေ့တော်၌ အဓိဌာန်ပြုကြကုန်အံ့။ ဤအမှုကို တရားရှိ သည်အတိုင်း စီရင်ကြကုန်အံ့} ဟု လမ်းခင်းပေးလိုက်ပါသည်။ ထို့အပြင် ဧဇရကိုလည်း ]ထတော်မူပါ။ ဤအမှုကိုကိုယ်တော်ဆိုင်ပါ၏။ အကျွန်ု့တို့သည်လည်း ဝိုင်း၍မစကြ ပါမည်။ ရဲရင့်သော စိတ်ရှိ၍ ပြုတော်မူပါဟု} ပြန်ပြောလိုက်ပါသည်။ (ငယ် ၂-၄)။

               အံ့ဖွယ်ကောင်းသော ဘာသာတရားပြုပြင်ပြောင်းလဲနိုးထမှုကြီး စတင်၍လာ ပါပြီ။ လူတစ်ဦးချင်းစီ၏အခွင့်အရေးနှင့် ဘက်စုံကျန်းမာရေးကို လိမ္မာပါးနပ်ကျွမ်းကျင် စွာဖြင့် ဧဇရနှင့်အပေါင်းအပါတို့သည် ဣသရေလလူတို့ကို လမ်းကြောင်းမှန်ပေါ်သို့ တင်ပို့ဆွဲဆောင်လျက်ရှိပါသည်။ သူတို့အထဲမှာ ပေါ်ပေါက်လာသော အခက်အခဲပြသ နာတိုင်းကိုလည်း ဧဇရသည် တစ်ဦးချင်းတာဝန်ယူဖြေရှင်းပေးလေ၏။ လူတို့သည် ပ ညတ်တရား၏ သန့်ရှင်းခြင်းနှင့် တရားတော်ကို နားထောင်လိုက်လျှောက်ခြင်းအားဖြင့် ကောင်းချီးမင်္ဂလာများစွာတို့ကို ရရှိခံစားနိုင်ကြောင်း ဧဇရသည် သူတို့အားသိမှတ်စွဲ လမ်းစေပါသည်။

               ဤသို့လျှင် ဧဇရသည် ပါဝင်လှုပ်ရှားတရားပေးတိုင်း လူတို့သည် ဝိညာဉ်ရေးမှာ နိုးထလာ၍ ကျမ်းစာကိုစေ့စေ့လေ့လာကြပါသည်။ ထာ၀ရဘုရားသခင်၏ ပညတ်တရား တော်မှာလည်း ချီးမြှောက်ခံရကာလူတို့သည် ဂုဏ်ယူတတ်လာကြပါပြီ။ ပုရောဖက် ဟောသည့် မေရှိယသခင် ပေါ်ထွန်းတော်မူမည် ဟုပြောဆိုသော ကျမ်းစာပိုဒ်များစွာတို့ သည်လည်း လူတို့၏ နှလုံးသားထဲမှာ မျှော်လင့်ချက်တစ်ခုဖြစ်လာပါ၏။

               ဤခေတ်ဤအခါမှာ စာတန်နတ်ဆိုးမင်းသည် လူသားတို့အား ဘုရားသခင်၏ ပညတ်တရားကို ဂရုမစိုက်၊ ဥပက္ခာပြုရန် အမှောင်ချထားနေပါ၏။ ]သို့ဖြစ်၍ ငါတို့ ဘုရားသခင်၏ ပညတ်တရားကို ကြောက်ရွံ့}လာစေရန် ပြုပြင်နိုင်မည့်သူများစွာ လိုအပ် နေပါသည်။ (ငယ် ၃)။ သမ္မာကျမ်းစာကို နှိုက်နှိုက်ချွတ်ချွတ် သိမှတ်စွဲလမ်း၍ ယုံ ကြည်ခြင်းကို အားအင်တိုးပွားစေသောသူများစွာလည်း လိုအပ်နေ၏။ ချစ်ခြင်းမေတ္တာ ကို အခြေခံ၍ လူတို့သည် သမ္မာတရားကို ချစ်မြတ်နိုးလာစေမည့် ဆရာသမားများစွာ ကိုလည်း ခေတ်ကာလကတောင်းဆိုနေသည်မဟုတ်ပါလား။

 

ဘုရားသခင်၏ ပညတ်တော်ကို ဘေးဖယ်ထားသောကြောင့်

ယုတ်မာမှုများဖြစ်ပွားလာရခြင်း

               လူသည် ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ဘေးချိန်ထားသောအခါ အပြစ်ကို မြတ်နိုးလေ့ရှိသော လူ့သဘာ၀စိတ်သဘောသည် မကောင်းမှုတပ်မက်ရာ များကို တွန်းလှန်နိုင်စွမ်းမရှိတော့ပါချေ။ ဇာတိပကတိအကျင့်မျိုးစေ့ကိုစိုက်၍ ဇာတိ ပကတိအသီးများဖြစ်သော ယုတ်မာမှုတို့ကို ရိတ်သိမ်းရပေသည်။ လူသည် သမ္မာကျမ်း စာကို ဘေးဖယ်ထား၍ ဘုရားသခင်၏ ပညတ်တရားမှာ ကျောခိုင်းထွက်ခွာလာသော အခါ အကျင့်အရာမှာ အားနည်းလာ၍ အပြစ်ကျူးလွန်ခြင်းအမှု၌ တံခါးမရှိ၊ ဓါးမရှိ လွတ်လပ်စွာ ဆက်လက်ယုတ်မာဖို့သာရှိတော့သည်။ ဒီရေပမာဥပဒေမဲ့လုပ်ရပ်များ လွှမ်းမိုးပေတော့မည်။ နေရာအနှံ့မှာ ကြောင်သူတော်ကြက်သူခိုးများ၊ ရုန်းရင်ဆန်ခတ် ဖြစ်ရပ်မှန်များ၊ ကိလေသာတဏှာတပ်မက်မှုနှင့် လောဘရမ္မက်အားကြီးမှုများကို တွေ့ရ ပေမည်။ ဘာသာရေးစည်းမျဉ်း ဥပဒေစနစ်တစ်ခုလုံးနှင့်လည်း လူမှုအသက်ကို အခြေ ခံအုတ်မြစ်မရှိ၊ဘောင်မခတ်ထားကြသဖြင့် ပျက်စီးခြင်းငါးပါးသို့ဆိုက်ရောက်ရန် အသင့် အနေအထားတွင် ရှိနေသယောင်ဖြစ်ရပေတော့မည်။

               လူသည် ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်ဘက်ပြုရန် ဆုံးဖြတ်လိုက် သောအခါ အဘယ်မှာလျှင်သာ၍ ကြီးမြတ်သောတန်ခိုးအင်အားစုကို ရရှိနိုင်တော့မည် နည်း။ လူသည် ဘုရားသခင်ဖော်ပြသည်များကို ဆန့်ကျင်ရန် လူတို့တီထွင်သော သိပ္ပံ အတတ်ကို ချီးမြှောက်ကြပေသည်။ ဤသို့လျှင် ဘုရင်သခင်၏ ပညတ်တော်ကို မလို တော့ဟု ကြွေးကြော်ချင်ကြသည်။ သို့တိုင်အောင်လည်း ဘုရားသခင်၏ အမိန့်တော်မှာ အားအင်ကြီးစွာ ကြွေးကြော်နေဆဲဖြစ်ပါသည်။ ]သင်၏ ထာ၀ရဘုရားသခင်ကို ကိုး ကွယ်ရမည်။ ထိုဘုရားသခင်ကို သာဝတ်ပြုရမည် ကျမ်းစာလာသည်ဟု (ယေရှု) မိန့် တော်မူ၏။} (မဿဲ ၄း၁၀)။ ထာ၀ရဘုရားသခင်၏ပညတ်တော်ကို အားသစ်သွင်းရန် သော်လည်းကောင်း၊ အားနည်းစေရန်သော်လည်းကောင်း အဘယ်အရာကမျှမစွမ်း ဆောင်နိုင်ပါ။ ပညတ်တရားသည် အမြဲအစဉ်သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ကောင်း မြတ်ခြင်းရှိနေပါ၏။ ခေတ်အဆက်ဆက်ပြောင်းလဲခြင်းမရှိ၊ တည်တံ့နေမည်ဖြစ်ပါသည်။

 

ကျွန်ုပ်တို့သည် နောက်ဆုံးတိုက်လှန်ပွဲမှာ ပါဝင်နေခြင်း

               ကျွန်ုပ်တို့သည် ယခုတွင် အကောင်းနှင့်အဆိုး၊ အမှားနှင့် အမှန်စပ်ကြား နောက်ဆုံးတိုက်လှန်ပွဲကြီးမှာ ပါဝင်ဆင်နွဲနေရလေပါပြီ။ တိုက်လှန်ပွဲကြီးမှာ အခုမှပေါ် လာသော အသင်းတော်များစပ်ကြားဖြစ်ပွားသော ပြဿနာမဟုတ်ပါ။ သမ္မာကျမ်းစာ၏ အမှန်တရားနှင့် လူတို့စီရင်ထုံးဖွဲ့သော ဘာသာရေးတို့စပ်ကြား ဖြစ်ပါသည်။ ထာ၀ရ ဘုရားသခင်၏ သန့်ရှင်းသောနှုတ်တော်ထွက် စကားချက်များသည် သွေးနှင့် ချွေးနှင့် ဝေဒနာဆင်းရဲခြင်းများစွာနှင့် ခေတ်အဆက်ဆက်ကို ကျော်လွှားကာ ယခုတွင် ကျွန်ုပ် တို့ ထံသို့ရောက်ရှိလာပါပြီ။ သို့သော်ယခုခေတ်လူသားတို့ကို ထိုကျမ်းစာကို များစွာ တန်ဖိုးမထားကြပါ။ သန့်ရှင်းသော ဝိညာဉ်တော်မှုတ်သွင်းခြင်းကို ခံရသော ပုရောဖက် ကျမ်းပြုစုသူများက ဖန်ဆင်းခြင်း၊ လူသားတို့အပြစ်သို့ ကျဆုံးခြင်း၊ အပြစ်ဖြေရာယဇ် ပူခြင်း၊ အမြဲတည်တံ့နေမည့် ပညတ်တရားစသည့် သွန်သင်ချက်များကို စနစ်တကျ သွန်သင်ပါသော်လည်း ယခုခေတ်နာမည်ခံ ခရစ်ယောန်လောကသည် တကယ်လက် တွေ့မှာ ငြင်းပယ်နေကြပါပြီ။ ထောင်သောင်းမကသော လူတို့သည် သမ္မာကျမ်းစာကို ယုံကြည်စိတ်ချထားခြင်းမရှိတော့ပါ။ ကျမ်းစာ၏အရေးကြီးဆုံးအမှန်တရား သတင်းစ ကားတို့ကိုလည်း ပေါ့လျော့စေကြကုန်ပြီ။ ခေတ်သစ်ဝိညာဉ်ရေးရာ အတွေးအခေါ် တို့နှင့်ရောနှောပေါင်းစပ်ကာ သီအိုလိုဂျီလက်သစ်များကို ပေါ်ထွန်းစေပါပြီ။

               ယခုတွင် ဘုရားသခင်သည် ဘာသာတရားပြန်လည် ပြုပြင်ပြောင်းလဲရေး နှင့် ဝိညာဉ်ရေးရာနိုးထရေးကို လိုလားနေပါသည်။ တရားပလ္လင်ပေါ်မှာ သမ္မာကျမ်းစာ၏ အမှန်တရားသတင်းစကားများကိုသာ ကြားနာစေရပါမည်။ ယနေ့များစွာသော တရား ဟောချက်တို့တွင် အသက်ဝိညာဉ်အသိစိတ်တ်ို့ကို အားသစ်လောင်းနိုးကြားစေသော ဘုရားသခင်ပေး သက်သေပြချက်တို့သည် မရှိတော့ပေ။ ကြားနာသူတို့သည်လည်း ယေရှု၏တပည့်တော်များကဲ့သို့ ]လမ်းခရီးဦး ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ ငါတို့စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လောဟု အချင်းချင်းပြောဆိုကြ}ခြင်းမရှိပါ။ (လုကာ ၂၄း၃၂)။ ဘုရားသခင်၏ နှုတ်တော်ထွက် စကားသည် လူတို့၏နှလုံးသားကို တို့ထိပါစေသော်။ လူတို့စီရင်ထုံးဖွဲ့သော သီအိုရီများ ကိုသာ ကြားနာနေကြသူတို့သည် ထာ၀ရအသက်ဆီသို့ ပို့ဆောင်ပေးနိုင်သော ဘုရား သခင်၏ အသံတော်ကို ကြားနာနိုင်ခွင့်ရှိကြပါစေသော်။ (ယောဟန် ၁၁:၂၅)။

               ဘာသာရေးပြုပြင်ပြောင်းလဲရေးသမားတို့သည် ပရိုတက်စတင့် ဟူသော နာ မည်ကို ချန်လှပ်ထားရစ်ကာ ဤလောကကမ္ဘာကြီးကို ဧဝံဂေလိတရားအလင်း ပေးခဲ့ပါ သည်။ ဤအမှုကိုပြုရန် ဘုရားသခင်၏ ဖိတ်ခေါ်ချက်ကို ခံရသည်ဖြစ်၍ ထိုသူတို့သည် မိမိတို့ပိုင်ဥစ္စာပစ္စည်းများ၊ လွတ်လပ်မှုနှင့် အသက်ကိုပင်ဆက်ကပ်အပ်နှံရန် အသင့် ရှိသူများဖြစ်ကြပါသည်။ ထိုသူတို့သည် နှိပ်စက်ညှဉ်းဆဲခြင်းနှင့်  သေမင်းကိုသော်မှရင် ဆိုင်ဝံ့ကာဘုရားသခင်၏နှုတ်တော်ထွက်စကားတို့ကို လူ့အဆင့်အလွှာအသီးသီးဆီသို့ ဆောင်ကြဉ်းသွားခဲ့ကြပေသည်။ သူတို့အဖို့ ဇာတ်နိမ့်-ဇာတ်မြင့်၊ ဆင်းရဲ-ချမ်းသာ၊ ပ ညာရှိ-ပညာမဲ့ တို့ဟူ၍ မခွဲခြားပါ။ မရှိပါ။ ထိုသို့ဆိုသော် ကျွန်ုပ်တို့သည်လည်း ယခု လိုကမ္ဘာ့နောက်ဆုံးပိုင်းဆိုင်ပြိုင် တိုက်လှန်မှုကြီးကို ရင်ဆိုင်နေကြရာ၌ ရှေဦးဘာသာ ရေးပြုပြင်ပြောင်းလဲရေးသမားများ ကဲ့သို့ သစ္စာမရှိအပ်ပါသလော။

               ]ဇိအုန်တောင်ပေါ်မှာ တံပိုးကိုမှုတ်ကြလော့။ ထာ၀ရဘုရားသခင်၏ အမှုတော် စောင့်၊ ယဇ်ပုရောဟိတ်တို့သည် အိမ်တော်ဦးနှင့် ယဇ်ပလ္လင်စပ်ကြားမှာ ငိုကြွေးလျက်၊ အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏လူများကို သနားတော်မူပါ။ တစ်ပါးအမျိုးသား (ဘုရားမဲ့) တို့သည် အစိုးရ၍ အမွေတော်လူတို့ကို ကဲ့ရဲ့စေခြင်းငှါ အပ်နှံတော်မမူပါနှင့်။ သူတို့ဘုရားသခင်ကား အဘယ်မှရှိသနည်းဟု တစ်ပါးအမျိုးသာတို့သည် အဘယ် ကြောင့် ဆိုရပါသနည်းဟု လျှောက်ကြစေ။} (ယောလ ၁၂း၁၅-၁၇၊ ၁၂၊ ၁၄)။

 

 

No comments:

Post a Comment