Tuesday, March 10, 2026

 

အခန်း (၄၉)

မိဖုရားဖြစ်လာသော ဟေဗြဲအပျိုစင်ဧသတာ

 

               ဗာဗုလုန်နိုင်ငံမှ မိမိတို့၏ နေရင်းပြည်တော်ယုဒသို့ ပြန်လာရန် အခွင့်အရေးကို ရယူကြသူ သုံ့ပန်းများကား ငါးသောင်းခန့်မျှရှိပါသည်။ ဤသူတို့ကား အမှန်တကယ် အကျန်အကြွင်းလူတစ်ခုမျှသာ ဖြစ်ချေ၏။ သို့ရာတွင် သိန်းနှင့်ချီ၍ မေဒိ- ပေရသိနိုင်ငံ တွင် ကျန်နေရစ်ရန် ရွေးချယ်သောသူများလည်းရှိကြပါသည်။ ထိုသူတို့သည် မိမိတို့၏ နေအိမ်၊ မိမိတို့၏ ပျက်စီးနေသော ပြည်တော်ရှိမြို့ကြီးများကို ပြန်လည်တည်ဆောက် ပြုပြင်မွမ်းမံရာ၌ ကြုံတွေ့ရမည့် ခဲရာခဲဆစ်များစွာတို့ကို မခံယူလိုကြ။ အေးအေးဆေး ဆေးသာ နေထိုင်လိုကြသူများဖြစ်ပေသည်။

               ထိုစဉ်က အင်ပါယာကြီးကို စိုးစံနေသော သက်ဦးဆံပိုင် ဧက္ကရာဇ်မင်းကြီးဒါရိ (Hပျအasစနျ) ကထပ်မံ၍ ယုဒသုံ့ပန်းများနေရင်းပြည်သို့ပြန်လိုက်ပြန်ကြစေ ဟူ သော အမိန့်တော်ကို ထုတ်ပြန်ပြီးသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့လေပြီ။ ဤသို့ လျှင် ဘုရားသခင်သည် မိမိ၏ဣသရေလလူမျိုးတို့ကို သနားခြင်းကရုဏာဖြင့် ထပ်မံ၍ အခွင်အရေးပေးပြန်ပါသည်။ ဤသို့ပြုခြင်းကား ထာ၀ရဘုရားသခင်သည် နောက်နောင် ဆက်ခံမည့်မင်း ဌနမထနျ (အာရွှေရု) လက်ထက်တွင် ဖြစ်ပေါ်လာမည့် ဒုက္ခဆင်းရဲ ခြင်း ကာလကို ကြိုမြင်ထား၍ဖြစ်သည်မဟုတ်လော။ ထိုကြောင့် ဘုရားသခင်သည် ပု ရောဖက်ဇာခရိအားဖြင့် မိမိလူမျိုးကိုနေရင်းပြည်သို့ ပြန်သွားရန် တောင်းပန်စေခဲ့ပါ သည်။ ]ဗာဗုလုန်မြို့ သမီးထံမှာနေသာ အချင်းဇိအုန်သတို့သမီး၊ အလွတ်ပြေးလော့။ ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားသခင် မိန့်တော်မူသည်ကား၊ သင်တို့ကို ဖျက် ဆီးသော လူမျိုးတို့ရှိရာသို့ ဘုန်းထင်ရှားပြီမှ ငါ့ကိုစေလွှတ်တော်မူ၏။  သင်တို့ကို ထိ သောသူသည် မျက်ဆံတော်ကို ထိသောသူဖြစ်၏။ သူတို့ကိုငါတိုက်၍ သူတို့၏ ကျွန် များသည် လုယူဖျက်ဆီးကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာ၀ရဘုရား သခင် သည် ငါ့ကိုစေလွှတ်တော်မူသည်ကို သင်တို့သိရကြလိမ့်မည်။} (ဇာခရိ ၂း၆-၉)

 

 

               ထာ၀ရဘုရားသခင်သည် မိမိ၏ အပေါင်းအသင်းဝင် လူတို့အားဖြင့် မိမိ၏ နာမတော်ဘုန်းထင်ရှားခြင်းရှိရန် အကြံတော်ရှိနေဆဲပါတည်း။ သို့ဖြစ်၍ မိမိအထံတော် သို့ ပြန်လာရန်  အခွင့်အရေးများစွာကိုပေးထားလေ၏။ တချို့လည်း စကားတော်ကို နားထောင်ကြ၍ တချို့သည်လည်း ဒုက္ခဆင်းရဲခြင်းခံနေစဉ်မှာပင် ကယ်တင်ခြင်း ဆု ကျေးဇူးကို တွေ့မြင်ခံစားရကြပါသည်။ အားလုံးကတော့ ကျန်ကြွင်းသော လူတစ်စု ဟု ဆိုရလိမ့်မည်။

               ]ဘုရားသခင်နှိုးဆော်တော်မူသော အပေါင်းတို့}သည် ယေရုရှလင်မြို့၌ ရှိ တော်မူသော ထာ၀ရဘုရားသခင်၏ အိမ်တော်ကို တည်ဆောက်ခြင်းငှါ ကုရုမင်း (စိုင်းရပ်စ်) အမိန့်တော်ချမှတ်ပြီးလျှင် ပြီးချင်းပြန်သွားခဲ့ကြလေ၏။ သို့သော်လည်း  ဘုရားသခင်သည် မိမိတို့၏ ဆန္ဒသဘောအလိုအတိုင်း သုံ့ပန်းပြည် ဗာဗုလုန်မှာ ကျန် ရစ်နေသူများကို ၎င်းတို့၏ ပြည်တော်ရင်းသို့ ပြန်သွားဖို့ရန် အခွင့်အရေးလမ်းထွင် ပေးသလို၊ အနူးအညွတ်မပြတ်တောင်းပန်ခဲ့ပါသည်။ မည်သို့ပင် ဖြစ်စေအများစုသည် အလိုအလျောက် မိမိတို့ဆန္ဒသဘော အတိုင်းကျန်ရစ်ရန် ရွေးချယ်ခဲ့၏။ ဇာခရိကိုယ် တိုင်ကလည်း ဗာဗုလုန်နိုင်ငံမှ အလွတ်ထွက်ပြေး တိမ်းရှောင်ရန်သတိပေးသည်ကိုပင် ထိုသူတို့သည် တုတ်တုတ်မျှမလှုပ်၊ ဖိတ်ခေါ်ချက်ကို ဂရုမစိုက်ဘဲ ရှိ နခဲ့ကြပါသည်။ (ယေဇကျေလ ၁၇:၂၂၊ ၂၃)။

 

ဘုရားသခင်၏လူတို့ကို သေမိန့်ချခြင်း

               ဤအတွင်းမှာ မေဒိ- ပေရသိ န်ိုင်ငံတော်၏ အတွင်းရေးအခြေအနေသည် လျင်မြန်စွာ ပြောင်းလဲနေ၏။ ဒါရိမင်းကြီး (Hပျအasစနျ) နေရာမှာ ဌနမထနျ အ့န Gမနအေ (အာရွှေရု) နန်းတက်သည်။(ဧဇရ ၁:၅)။  ထိုမင်းလက်ထက်မှာ နေရင်းပြည်သို့ မပြန် သွား လိုကြသော ဂျူးလူမျိုးတို့ကြီးစွာသော ဘေးကိုကြုံတွေ့ခဲ့ရသည်။ ထာ၀ရဘုရား သခင်၏ စီမံချက်ဖြစ်သည့် လွတ်ရာကို ပြေးလော့ဟူသော ဖိတ်ခေါ်ချက်ကို ဂရုမစိုက် သော သူတို့သည် ယခုမှာတော့ သေမင်းနှင့် ရင်ဆိုင်နေကြရပြီမဟုတ်ပါလော။

 

               အာဂတ်အမျိုးဟာမန်သည် ရှင်ဘုရာအာရွှေရုချီးမြှောက်ခြင်းကို ခံရသောသူ ဖြစ်၏။ မေဒိ- ပေရသိနိုင်ငံတော်မှာ အာဏာတန်ခိုးကြီးသူ တစ်ဦးလည်းဖြစ်ပါသည်။ စာတန်နတ်ဆိုးမင်းသည် သူ့အထဲမှာဝင်ပူး၍ ဘုရားသခင်၏အကြံတော်များကို ဖျက် ဆီးတိမ်းမှောက်ရန် ဆောင်ရွက်လေသည်။ ဟာမန်သည် ယုဒလူမျိုးနန်းတော် တံခါးမÈ; မော်ဒကဲကိုကြည့်၍မရ၊ အပြစ်မြင်မုန်းတီးသူဖြစ်၏။ မော်ဒကဲသည် ဟာမန်အား အ ဘယ်ဘေးဥပဒ်ကို မျှပေးခဲ့သူမဟုတ်ပါ။ သို့သော်ဟာမန်ကိုဦးမချ၊ ရှိမခိုးဘဲနေသည်။ အများက သူ့အားရှိခိုးဦးချကာ အရိုအသေပေးနေပါလျက် မော်ဒကဲသည် အဘယ် ကြောင့် ထူး၍နေရပါသနည်းဟု မကျေမနပ်ဖြစ်၍နေ၏။ စိတ်ကွက်ထားပြီမို့ ]မော်ဒကဲ တစ်ယောက်တည်းကို ကွပ်မျက်လျှင်၊ စိတ်မပြေလောက်ဟု ဟာမန်သည် အောက် မေ့လျက်၊ မော်ဒကဲအမျိုးသားချင်းတည်းဟူသော အာရွှေရုနိုင်ငံ အရပ်ရပ်၌ ရှိသော ယုဒလူအပေါင်းတို့ကို ဖျက်ဆီးခြင်းငှါ ရှာကြံလေ၏။} (ဧသတာ ၃း၆)

               ဟာမန်သည် ပရိယာယ်ကြွယ်၀သူဖြစ်ရကား၊ ရှင်ဘုရင်ကို လှည့်စားနိုင်သဖြင့် ရှင်ဘုရင် အာရွှေရုသည် မိမိ၏အင်ပါယာ ]နိုင်ငံတော်အတွင်းတိုင်း သူပြည်သာ အ မျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသော လူမျိုးတစ်မျိုး} ဖြစ်သည့် ဂျူးအားလုံးကို အစုလိုက်အပြုံလိုက် လုပ်ကြံသတ်ဖြတ်ရန် အမိန့်တော်ကို ချမှတ်ခဲ့ပါသည်။ (ငယ် ၈) ။ ဂျူးရှိသမျှကို လုပ်ကြံသတ်ဖြတ်ရန်နှင့် သူတို့၏ဥစ္စာပစ္စည်းရှိသမျှကို ဘုရင့်ပိုင်ပစ္စည်း အဖြစ်သိမ်းဆည်းရန် နေ့ရက်တစ်ရက်ကို သတ်မှတ်လိုက်လေပြီ။ စာတန်နတ်ဆိုး မင်းသည် ဤကမ္ဘာမြေကြေးပေါ်မှာ မှန်သောဘုရားသခင်ကို သိကျွမ်းသူတို့အား အ မြစ်ပါမကျန်အောင် နုတ်ယူပယ်ရှင်းဖို့ ကြိုးစားနေပါသည်။

               ]ရှင်ဘုရင်အမိန့်တော် စာရောက်လေသော အပြည်ပြည်တို့၌ ယုဒလူတို့သည် အလွန်ညည်းတွားခြင်း၊ အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းကိုပြု၍ လူများတို့သည် ပြာနှင့် လျှော်တေအဝတ်၌အိပ်ကြ၏။} ဧသတာ ၄း၃၆။

               မေဒိ- ပေရသိတို့၏ တစ်ခါထုတ်ပြန်ပြီးသော အမိန့်တော်သည် ပြန်၍မရုတ် သိမ်းနိုင်တော့ပါ။ သို့ဖြစ်၍ ဣသရေလလူတစ်မျိုးလုံး ဖျက်ဆီးဖို့ရန်သာ ရှိပေတော့ သည်။ သို့သော်လည်း ဘုရားသခင်၏ အကြံတော်စီမံချက်တွင် ဧသတာသည် မိဖုရား အဖြစ် ]က} ရလေသည်။ မော်ဒကဲသည် သူမ၏အနီးစပ်ဆုံးဆွေမျိုးဖြစ်ပါသည်။ သူတို့ ၏ လူမျိုးစုများအတွက် သူတို့သည် ရှင်ဘုရင် (ဌနမထနျ) အာရွှေရုထံအရဲစွန့်ကာ တိုး ဝင်ချဉ်ကပ် တောင်းပန်ရန် ဆုံးဖြတ်ချက်ချထားလိုက်ပါပြီ။ ဧသတာသည် ရှင်ဘုရင် ရှေ့တော်မှောက်မှာ အရဲစွန့်ကာ ဝင်ရောက်ကြားဖျန်ဖြေပေးသူတစ်ယောက် အဖြစ် လုပ်ဆောင်ရပေတော့မည်။ ]ယခုအမှုကိုဆောင်ဖိုရာ သင်သည် မိဖုရားအရာကို ရသည် ဟု ထင်စရာရှိသည် မဟုတ်လော} ဟုမော်ဒကဲက ဧသတာအား ပြန်ပြောစေခြင်း ငှါမှာလိုက်၏။ (ငယ် ၁၄)။

 

တန်ခိုးရှိသော ဆုတောင်းစည်းဝေးပွဲကြီး

               ဧသတာရင်ဆိုင်ရသော ပြဿနာအခက်အခဲသည် လျင်မြန်စွာ တုံ့ပြန်လုပ် ဆောင်ရန်လို၏။ သို့ပါသော်လည်း သူတို့တစ်တွေနှင့်အတူ ဘုရားသခင်မပါရှိပါက ]ခဲ လေသမျှသဲရေကျမည်} ပလိုင်းပေါက်နှင့် ဖားကောင်သလိုဖြစ်မည်။} လူမျိုးတစ်ခုလုံး ၏ကိုယ်စား သူတို့လုပ်ဆောင်ရသမျှမှာ အချည်းနှီးသက်သက်သာဖြစ်မည်ကို သူတို့သ တိထားမိကြပါသည်။ ထိုကြောင့်ဧသတာသည် ဘုရားသခင်နှင့် အချိန်ယူစကားပြော ဆက်သွယ်ရန် လိုအပ်ကြောင်းသိမြင်သဖြင့် မော်ဒကဲအား ဤသို့လျှင် ညွှန်ကြားလိုက် ပါသည်။ ]ဧသတာကလည်း၊ ရှုရှန်မြို့၌ရှိသော ယုဒလူအပေါင်းတို့ကို စုဝေးစေခြင်ငှါ သွားပါ။ နေ့ညမပြတ်သုံးရက်ပတ်လုံး မစားမသောက်ဘဲနေ၍ အကျွန်ုပ်အဖို့ အစာ ရှောင်ခြင်းအကျင့်ကိုကျင့်ကြပါ။ အကျွန်ုပ်သည်လည်း ကျွန်မတို့နှင့်တကွ အစာရှောင် ခြင်းအကျင့်ကိုကျင့်ပါမည်။ ထိုနောက် အာဏာတော်ကို ဆန့်ရသော်လည်း ရှင်ဘုရင် ထံတော်သို့ဝင်မည်။ သေလျှင်အသေခံပါမည်။} (ငယ်၁၅)။ ဟုမော်ဒကဲအား ပြန်ပြော စေခြင်းငှါ မှာလိုက်သမျှအတိုင်း မော်ဒကဲသည်သွား၍ ပြုလေ၏။

 

 

               ထိုဖြစ်ရပ်မှန်ဝတ္ထုတိုလေးမှာ- ဧသတာမိဖုရားသည် ရှင်ဘုရင်နှင့် တွေ့ဆုံခန်း၊ ဘုရင့်ရှေ့တော်မှောက်မှာ မျက်နှာရသဖြင့် ရှင်ဘုရင်၊ မိဖုရားနှင့်တကွ အထူးတစ်ဦး တည်းသော ဧည့်သည်တော်ဟာမန်တို့၏ စားသော်ပွဲကြီး၊ အိပ်၍မပျော်သော ရှင်ဘုရင် ၏အဖြစ်၊ လူထုရှေ့မှောက်မှာ ချီးမြှင့် ခံရသော မော်ဒကဲနှင့် နှိမ့်ချခံကာ ဆုံးရှုံးရရှာသော ဟာမန်၏ဖြစ်ရပ်မှန် စသည်တို့ပါဝင်ကြပါသည်။ ထာ၀ရဘုရားသခင်သည် မိမိ၏လူ တို့အတွက် အံ့ဩဖွယ်နိမိတ်လက္ခဏာများကို ပြုလျက်နေ၏။ ရှင်ဘုရင်၏ ထုတ်ပြန် သောအမိန့်တော်သည် မိမိတို့၏ အသက်လွတ်မြောက်ရေးအတွက် မိမိတို့သာလျှင် ဘုရားသခင်အားကိုးနှင့် တိုက်ပွဲဝင်ရန် ခွင့်ပြုထားခြင်းဖြစ်ပါသည်။ ဘုရားသခင်ကို အ ကြွင်းမဲ့ယုံကြည်အားကိုးသောသူသည် အောင်မြင်ရစမြဲဖြစ်၏။ နောက်ဆုံးပိုင်း ဖြစ်ရပ် မှန်သတင်းကောင်းမှတ်တမ်းတင်ထားရှိပုံကို ဖတ်ရှုပါ။ ]ထိုအမိန့်တော်စာကို ရှုရန် နန်း တော်၌ကြော်ပြီးမှ ရှင်ဘုရင်ကျပ်တည်းစွာ စီရင်သည်အတိုင်း စာပို့လုလင်တို့သည် အ လျင်အမြန် ပြေးသွားကြ၏။} ]ရှင်ဘုရင်အမိန့်တော်စာ ရောက်လေသောအပြည်ပြည် အမြို့မြို့၌ ယုဒလူတို့သည် ဝမ်းမြောက်ရွှင်လန်းခြင်း၊ ပွဲခံခြင်း၊ မင်္ဂလာနေ့စောင့်ခြင်းကို ပြု၍ ပြည်သူပြည်သားအများတို့သည် ယုဒလူတို့ကို ကြောက်ရွံ့သောကြောင့် ယုဒ ဘာသာကိုဝင်ကြ၏။} (ဧသတာ ၈း၁၄၊ ၁၇)။

               ယုဒလူတို့ကို လုပ်ကြံဖျက်ဆီးရသော ချိန်ချက်ထားသည့်နေ့ရက်မှာ- ]ရှင် ဘုရင်အာရွှေရု၏ နိုင်ငံတော်အပြည်ပြည်အမြို့မြို့၌ နေသောယုဒတို့သည် ညှဉ်းဆဲ လိုသောသူတို့ကို ဆီးတာခြင်းငှါစုဝေးကြ၏။ ပြည်သူပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့် အဘယ်သူမျှရန်မပြုဝံ့ဘဲနေကြ၏။}(ဧသတာ ၉း၂၊ ၁၆)။ အ စေခံ နံဝိညာဉ်ကောင်းကင်တမန်တို့သည်လည်း ဘုရားသခင်၏ လူတို့အား ကာကွယ် စောင့်ရှောက်ရန် ဘုရားသခင်၏ ခိုင်းစေခြင်းကို ခံရပါသည်။ ]နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်၌ရှိသော ယုဒလူတို့သည် မိမိတို့ အသက်ကိုစောင့်လျက် ရန်သူလက်သို့ မ ရောက်ဘဲ ချမ်းသာရမည်အကြောင်း၊ စုဝေး၍ရန်သူခုနစ်သောင်းငါးထောင် တို့ကို သတ် ကြ၏။} (ငယ် ၁၆)။

 

 

               မောဒကဲမူကား ရှင်ဘုရင်အာရွှေရု၏ မင်းမြောက်တန်ဆာဖြင့် ရာထူးတင်ချီး မြှောက်ခြင်းကိုခံရပါသည်။ သူသည် ]ရှင်ဘုရင်အာရွှေရုံအောက်၌ အမြတ်ဆုံးသောအ ရာကိုရ၍ ယုဒလူတို့တွင် ဘုန်းကြီး၏။} (ဧသတာ ၁ဝး၃)။ ဣသရေလအမျိုး၏ အကျိုး စီးပွားကိုပြုစုလျက် လူသားချင်းအပေါင်းတို့အား မင်္ဂလာစကားကိုသာပြောလျက် လူအ ပေါင်းတို့တွင် မျက်နှာရသောသူဖြစ်သတည်း။ ဤသို့လျှင် ထာ၀ရဘုရားသခင်သည် မေဒိ-ပေရသိနန်းတွင်း ပရဝဏ်မှာ မိမိ၏ လူတို့ကို တစ်ဖန်ပြန်လည်ချီးမြှင့်ခဲ့ပေသည်။ သူတို့၏ နေရင်းပြည်သို့ သူတို့အားပြန်လည် ပို့ဆောင်ရန် အကြံတော်ရှိကြောင်းကို လည်း သိမြင်စေပါသည်။ သို့ပါသော်လည်း ပထမမြောက် အာ၀ဇေရစ်နန်းစံခုနစ်နှစ် တိုင်အောင် ဧဇရစာချဆရာတော် ဦးဆောင်မှုအောက်မှာ ကျေနပ်လောက်ဖွယ်သော လူအရေအတွက်ကို ယေရုရှလင်သို့ ပြန်သွားသည့်သူတွေမှာ မမြင်တွေ့ခဲ့ရသေးပေ။

               ဧသတာအချိန်တွင် ဘုရားသခင်၏သားသမီးများ ရင်ဆိုင်ကြုံတွေ့ ခဲ့ရသော ဗဟုတုတအတွေ့ အကြုံမျိုးသည် ထိုခေတ်ထိုအခါမှာ မဆန်းလှပါ။ နောင်ခေတ်အ ဆက်ဆက်မှာလည်း အလားတူစွာသော အခက်အခဲများ ရှိနိုင်ကြောင်းကို ပုရောဖက် များက ကြိုတင်ဟောထားသည်များလည်းရှိပါသည်။ ]နဂါးသည် မိန်းမကိုအငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်ကိုကျင့်၍ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလမ်း သော သူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသောအမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါသွား၏။} (ဗျာ ၁၂း၁၇)။ ဤလိုစကားမျိုး ပြည့်စုံသည်အချိန်သည် ရောက်လာပါလိမ့်ဦးမည်။ အတိတ်ကာလ ခေတ်အဆက်ဆက်က မှန်ကန်သော အသင်းတော်သဘောဆောင် သော  ဘုရားသခင်၏လူတစ်စုကို နှိပ်ကွပ်လိုသောဝိညာဉ်သည် ဘုရားသခင်၍ မှန် ကန်၍ သစ္စာစောင့်သိကြကုန်သော လူတို့တွင်အလားတူပြုလေဦးမည် မဟုတ်ပါလား။ ယခုအချိန်မှာပင် ထိုတိုက်လှန်ပွဲကြီးကို ပြင်ဆင်လျက်နေလေပြီတကား ထာ၀ရဘုရား သခင်၏ ကျန်ကြွင်းသောလူတစ်စုကို ဆန့်ကျင်တိုက်ခိုက်မည့် နောက်ဆုံးအပြီးပိုင် အ မိန့်တော်သည် ဘုရင်အာရွှေရု

 

 

လက်ထက်က ဂျူးလူမျိုးတို့ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော အမိန့်တော်ထုတ်ပြန်ချက် နှင့် ဆင်တူနေပါလိမ့်မည်။ စစ်မှန်သော အသင်းတော်၏ရန်သူတို့သည် ဥပုသ်တော် နေ့ပညတ်ကို စောင့်ရှောက်ကြသောလူတစ်စုကို တံခါးမÈ;မော်ဒကဲကဲ့သို့ မြင်တွေ့ကြ ပေသည်။ပညတ်တရားကို ရိုသေလေးစားကြသော ဘုရားသခင်၏လူတို့ကို ထာ၀ရ ဘုရားသခင်အား မကြောက်မရွံ့ကြသောသူတို့ကို မပြတ်ပြစ်တင်ရှုတ်ချကာ ဘုရား သခင်၏ ဥပုသ်တော်နေ့ကိုလည်း  ခြေဖြင့်နင်းကျော်ကြလေသည်။

               ဤသို့လျှင် စာတန်သည် လူတို့၏ ခေတ်မီရေပန်းစားသော စီရင်ထုံးဖွဲ့မှု များကို ငြင်းပယ်သော လူနည်းစုအား သိက္ခာချ၏။ လူရာမသွင်းဘဲ ဘေးချိန်ထားစေပါသည်။ ရာထူးဂုဏ်အသရေကြီးမြင့်သော သူတို့သည်လည်း ဘုရားသခင်၏လူတို့ကို ဆန့်ကျင် သော တရားဥပဒေမဲ့မုန်းတီးစရာကောင်းသည့်အရာများနှင့် ပူပေါင်းဆက်သွယ်ကြပေ မည်။ ချမ်းသာကြွယ်၀သူ၊ မွေးရာပါ ဉာဏ်စွမ်းရည်ကြီးမာသူနှင့် ပညာတတ်သူတို့ သည်လည်း ထိုသူတို့ကို အထင်အမြင်သေးကြပေမည်။ ညှဉ်းပန်းတတ်သော အစိုးရ မင်း၊ သာသနာပြုဆရာနှင့် အသင်းသူအသင်းသားများတို့သည်လည်း ထိုသူတို့ကို မ ကောင်းလျှို့ဝှက်ကြံစည်ကြပေသည်။ ဩဇာအာဏာရှိ၊ အပြေးကောင်းသူ၊ ကလောင် ရှင်များတို့သည်လည်း ]ခြိမ်းခြောက်တစ်ခါ၊ မြှောက်ထိုးပင့်ကော် တစ်လှည့်} နှင့်သူတို့ အား မိမိတို့၏ယုံကြည်ခြင်းကို စွန့်လွတ်စေရန်ကြိုးစားကြ၏။ ပုံမှားကိုယ်စားပြု၍ ဒေါသ ကြီးသော အသွင်အပြင်ဖြင့် လူတို့၏မကောင်းမှုပြုရန် ဆန္ဒဇောကို နှိုးဆွကြ၏။ သမ္မာ ကျမ်းစာ၏ ဥပုသ်တော်နေ့ကို ]ကျမ်းစာလာသည်ကား} ဟူသော စံနှုန်းဖြင့်မချိန်ကိုက် ဘဲ မှားနေသည့်အရာကို ဖိအားပေးလုပ်ဆောင်ရန်ကိုသာ တိုက်တွန်းကြလေသည်။ တရားဥပဒေပြုသူ ပညာရှင်များသည်လည်း တနင်္ဂနွေနေ့ဥပဒေ၏ တောင်းဆိုချက် များအတိုင်း လိုက်လျောရန် ဆန္ဒပြုနေကြပါသည်။ ဤဖြစ်ရပ်မှန်ကာ ခရစ်ယာန်နိုင်ငံ များတွင် ဖြစ်တတ်ပေသည်။ သို့ပါသော်လည်း ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့သော သူတို့သည် ပညတ်တော်ဆယ်ပါး၏ ကျင့်စဉ်တစ်ခုစီကို ကျောခိုင်းပစ်ပယ်၍ မိမိတို့ သဘောအတိုင်း ကျမ်းစာကိုဆွဲယူလျက် လက်ခံကြလိမ့်မည်မဟုတ်။ ဤကား နောက် ဆုံး ကမ္ဘာသမိုင်းအပြီးပိုင်နိဂုံးချုပ်ခါနီးမှာ မြင်တွေ့ရမည့် တိုက်ပွဲခင်းပေတည်း။ သို့ပါ သော်လည်း ဧသတာနှင့် မော်ဒကဲခေတ်ကာလနေ့ရက်များကိုပင် ထာ၀ရဘုရားသခင် သည် မိမိ၏အမှန်တရားနှင့် အပေါင်းအသင်းဝင် လူသားတို့အား ပေါ်လွင်ထင်ရှားလျက် အောင်ပွဲခံယူမည် ဖြစ်ပါကြောင်း ဝမ်းမြောက်စရာ သတင်းကောင်းကို ကြားနာဖတ်ရှုရ ပေသည်။

 

No comments:

Post a Comment