အခန်း (၅၇)
နေဟမိ၏
ခက်ခဲနာကျင်လျသောပြန်လည်ထူထောင်ရေးလုပ်ငန်း
ဤအခန်းကြီးသည်
(နေဟမိ ၁၃) ကို အခြေခံထားသည်။
ယုဒပြည်သားတို့သည် ထာ၀ရဘုရားသခင်၏ပညတ်တော်ကို လိုက်နာစောင့်
ရှောက်ပါတော့မည်ဟု ကတိဝံခန်ချက်ချထားခဲ့ကြပါပြီ။ သို့သော်လည်း ကျမ်းတတ်
ဆရာယဇ်ပုရောဟိတ်ဧဇရနှင့် ပြည်အုပ်မင်းနေဟမိတို့၏ ဩဇာတန်ခိုးမှေးမှိန် သွား ချိန်မှ
လူများစွာတို့သည် ထာ၀ရဘုရားသခင် အထံတော်မှထွက်ခွာခဲ့ကြ၏။ နေဟမိ သည်လည်း ပေရသိ
ပြည်သို့ ပြန်သွားလေပြီ။ ယေရုရှလင်မြို့တော်မှာ သူမရှိတော့သည့် နောက်ပိုင်း
တိုင်းပြည်ကို မကောင်းဆိုးဝါးတို့ ပြန်လည်နေရာယူရန် ခြိမ်းခြောက်မှုပြုလာ ကြပါသည်။
ဗိမာန်တော်မှာ ယဇ်နတ်ပူဇော်ခြင်းအမှု ကူးစက်လာပြန်၏။ တိုင်းတစ်ပါး သား ယဇ်နတ်ကိုးကွယ်သူတို့နှင့်
အပြန်အလှန်ထိမ်းမြားစုံဖက်မှုများ ပြုလာကြသည် တွင် ယဇ်ပုရောဟိတ်ဧလျာရှိပ်နှင့်
အမ္မုန် အမျိုးသားတောဘိတို့သည် ပေါင်းဖော် သူငယ်ချင်းတော်စပ်ကြ၏။
အမ္မုန်အမျိုးသားမည်သည်ကား ဣသရေလတို့၏ ခါးသီး သော ရန်သူဖြစ်သတည်း။ ဤကဲ့သို့သော
မသန့်ရှင်းသည့် မိတ်သဟာယဖွဲ့မှုကြောင့် တောဘိသည် ဗိမာန်တော်အတွင်း
အခန်းတစ်ခုကိုရ၏။ ထိုအခန်းထဲမှာ သူ့အစီအစဉ် နှင့် သူလုပ်ဆောင်နေသဖြင့်
ဆယ်ဖို့တစ်ဖို့နှင့် ပေးလÈထားသောပစ္စည်းဥစ္စာ၊
စားစရာ တို့ကို မထားရှိတော့။
အမ္မုန်အမျိုးသားတို့သည် ဣသရေလလူတို့ အီဂျစ်ပြည်မှ
ထွက်လာကြသော အခါ မုန့်နှင့်ရေကိုဆောင်၍ ခရီးဦးကြိုမလာကြ။ ကျိန်ဆဲခြင်းငှါ
ဗာလမ်းကိုငှါးကြ၏။ ထိုအမှုကြောင့် ထိုလူမျိုးသည် ထာ၀ရဘုရားသခင်၏ ပရိသတ်တော်၌
အပါအဝင်မ ဖြစ်ရ။ (တရားဟောရာ ၂၃း၃-၆) ကိုကြည့်ပါ။ ဤသည်ကို ဘာမထီ၊ ကလန်ကဆန် ပြု
သည့်အနေဖြင့် ယဇ်ပုရောဟိတ်မင်းက ယခင်ကအိမ်တော်မှာ ဆယ်ဖို့တစ်ဖို့နှင့် အလÈ တော်ငွေ၊ စားစရာဥစ္စာပစ္စည်းများ
သိုလှောင်ထားရာစတိုခန်းကိုပယ်ဖျက်၍ ဘုရား
သခင်နှင့်သူ့၏ အမှန်တရားကို ဆန့်ကျင်သောရန်သူအတွက် အခန်းတစ်ခုကို ဖန်တီး
ပေးလိုက်ပါ၏။ ဤမျှထက်မိုက်မဲကာ စက်ဆုပ်ရွံရှာဖွယ်သောအမှုသည် မရှိနိုင်တော့ ပါပြီ။
နေဟမိသည် ပါရှားပြည်၊ ပေရသိနိုင်ငံတော်မှ ပြန်ရောက်လာသောအခါ
ထို ဆိုးသွမ်းလူ၊ ချင်းနင်းဝင်ရောက်စော်ကားသူကို ဖယ်ထုတ်ပစ်ရန် လှုံ့ဆော်
အရေးယူခဲ့ ပါသည်။ ]ထိုအခါ ငါသည် အလွန်နာကြည်းသောစိတ်ရှိ၍ တောဘိ၏ ဥစ္စာပစ္စည်း
ရှိသမျှကို အခန်းထဲကထုတ်ပစ်ပြီးမှ အခန်းများကို စင်ကြယ်စေခြင်းငှါ စီရင်၍ တစ်ဖန်
ဘုရားသခင်၏ အိမ်တော်တန်ဆာများ၊ ဘောဇဉ်ပူဇော်သကာ၊ နံ့သာပေါင်းကိုဆောင်ခဲ့၍ သိုထား၏။}
ထိုကာလမတိုင်မီကဆိုလျှင် ဗိမာန်တော်မှာ ညစ်ညူးခြင်းကိုခံရ၍
လÈဖွယ် ပစ္စည်းများတို့ကို
အလွဲလွဲအမှားမှားသုံးစွဲကြ၏။ ဤသို့ပြုသဖြင့် အလÈရှင်တို့သည် ရက်
ရောစွာ မလÈကြတော့။ စိတ်ပျက်ကာ
တွန့်ဆုတ်ကြကုန်၏။ ဗိမာန်တော်၏ ဘဏ္ဍာရေးမှာ အခြေအနေမကောင်း၊ ဆုတ်ယုတ် ကျဆင်းသဖြင့်
ရိက္ခာထောက်ပံ့မှုမှာ အားနည်းရ၏။ ဗိမာန်တော်မှာ အမှုတော်ထမ်းများစွာကို
ခန့်အပ်ထားရှိသလောက် လုံလောက်စွာ မပံ့ပိုး နိုင်သောကြောင့် ထိုလေဝိသားတို့သည်
မိမိတို့၏ စားဝတ်နေရေးဖူလုံမှုအတွက် ဘုရား သခင်၏ အမှုတော်ကို ချန်လှပ်ထားကာ
အလားလာကောင်းသောနေရာများမှာ အ လုပ်လုပ်ကိုင်ကြပါသည်။
ဤစော်ကားရှုတ်ချမှုကို နေဟမိသည် အချိန်မီပြန်လည်
ပြင်ဆင်စီမံပေး၏။ ယုဒပြည်သားတို့သည် ယုံကြည်အားကိုးလာစိတ် ရှိကြသဖြင့်
ယုဒတစ်ပြည်လုံးရှိ ]လူအ ပေါင်းတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ ဆယ်ဖို့တစ်ဖို့ကို
ဘဏ္ဍာတော်တိုက်သို့ ဆောင် ခဲ့ပြန်ကြ၏။} ]သစ္စာစောင့်ခြင်း
အသရေရှိသောသူ} တို့အားလည်း
ဘဏ္ဍာတော်တိုက် စိုးအရာ၌ နေဟမိခန့်ထား၏။ ထိုသူတို့သည်
မိမိတို့၏အမျိုးသားချင်းတို့အား ဝေခြမ်း မျှဝေရကြပါသည်။
အခြားအပြစ်မကောင်းမှုတစ်ခုကား ယုဒလူတို့သည်
နတ်ကိုးကွယ်ကြသူတို့နှင့် ပေါင်းသင်းကာ ဥပုသ်တော်နေ့ကို ရှုတ်ချခြင်းဖြစ်သည်။
တုရုမြို့သားနိုင်ငံခြားမှလာ သော ကုန်သည်ပွဲစားကြီးတို့သည်
ယေရုရှလင်မြို့သို့လာရောက်၍ ဣသရေလလူတို့ အား ဥပုသ်တော်နေ့မြတ်မှာ
အရောင်းအဝယ်ပြုစေကြ၏။ ယုဒလူတချို့ကို သွေးမ ဆောင်နိုင်ခဲ့ပါသော်လည်း အများစုမှာ
ဥပုသ်တော်မြတ်နေ့မှာ ရောင်းဝယ်ဖောက်ကား ခြင်း အမှုကြီးကို ပြုဝံ့ကြပေသည်။ နေဟမိ၏
မှတ်တမ်းစာကို ဖတ်ကြည့်ပါ။ ]ထိုကာလ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့၌
စပျစ်သီးကိုနယ်လျက်၊ ကောက်လှိုင်းကို သွင်း လျက်၊ မြည်းပေါ်မှာ ဝန်ကိုတင်လျက်
လုပ်ဆောင်ကြသည်ကိုလည်းကောင်း၊ ဥပုသ်နေ့၌ စပျစ်ရည်၊ စပျက်သီး၊ သင်္ဘောသဖန်းသီး
အစရှိသည်တိုကိုတင်၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြသည်ကိုလည်းကောင်း ငါမြင်၍
ဤမည်သောနေ့ရက်၌သာ စားစရာများကို ရောင်းအပ်သည်ဟု သူတို့အားကြားပြော၏။ ထိုအရပ်၌နေသော
တုရုမြို့သားတို့သည် လည်း ငါးအစရှိသည်တို့ကို ယေရုရှလင်မြို့သို့ဆောင်ခဲ့၍
ဥပုသ်နေ့၌ ယုဒအမျိုးသား တို့အား ရောင်းတတ်၏။}
ယုဒမင်းတို့မှားယွင်းမှုကို
မျက်နှာသာပေးကြခြင်း
မိမိတို့၏ အကျိုးအမြတ်ကိုသာ စိတ်ဝင်စားကြသော ယုဒမင်းတို့သည်
ဘုရား သခင်ကို မသိသည့်အဖြစ်မျိုးကို မျက်နှာလိုက်နေကြပါသည်။ သို့ဖြစ်၍ နေဟမိသည်
ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်၏။ သူ၏မှတ်တမ်းကိုဖတ်ပါ။ ]ထိုအခါ ငါက၊ သင် တို့သည်
ဥပုသ်နေ့ကို ဖျက်၍ပြုသောအပြစ်ကား အဘယ်သို့နည်း။ ဘိုးဘေးတို့သည်
ထိုသို့ပြုသောကြောင့် ဤမျှလောက် ကြီးစွာသောဆင်းရဲခြင်းကို ငါတို့နှင့် မြို့တော်၌
ဘုရားသခင် ရောက်စေတော်မူသည်မဟုတ်လော။ အဖိတ်နေ့တွင် နေရောင်ကွယ်၍
ဥပုသ်နေ့လွန်သည်တိုင်အောင် ယေရုရှလင်မြို့တံခါးတို့ကို ပိတ်ထားရမည် အကြောင်း
စီရင်၍ ဥပုသ်နေ့၌ ဝန်များကို မြို့ထဲသို့မသွင်းစေခြင်းငှါ မိမိကျွန်တို့ကို
တံခါးတို့၌ ခန့် ထား၏။ ထိုနောက်ကုန်သည်များ၊ ဥစ္စာမျိုးကို ရောင်းသောသူများတို့သည်
ယေရုရှလင် မြို့ပြင်မှာ တစ်ခါနှစ်ခါအိပ်ကြ၏။ ငါကလည်း၊ မြို့ရိုးပတ်လည်၌
အဘယ်ကြောင့် အိပ် ကြသနည်း။နောက်တစ်ဖန်လာ၍အိပ်လျှင် ဖမ်းဆီးမည်ဟု သူတို့အားသတိပေး၏။
ထို အခါမှစ၍ ဥပုသ်နေ့တွင် မလာဘဲနေကြ၏။}
ယခုတွင် နေဟမိသည် မယုံကြည်သူများနှင့် အပြန်အလှန်
ထိမ်းမြားစုံဖက် ကြသောအဖြစ်နှင့် နတ်ကိုးကွယ်ကြသူများနှင့် ပေါင်းသင်းဆက်ဆံ
ပျော်ပါးကြခြင်းအ ဖြစ်၏ ဘေးဥပဒ်အန္တရာယ်တို့ကို ပြောလာပါသည်။ ]ထိုကာလ၊
အာဇုတ်အမျိုး၊ အမ္မုန် အမျိုး၊ မောဘအမျိုးသမီးနှင့် စုံဖက်သောယုဒလူအချို့တို့ကိုငါမြင်၏။
သူတို့၏ သား သမီးတို့သည် ယုဒစကားကိုမပြောတတ်။ အာဇုတ်စကားတစ်ဝက်အစရှိသော အသီးသီး
ဘာသာစကားကို ပြောတတ်ကြ၏။ သူတို့ကို ငါအပြစ်တင်၍ ကဲ့ရဲ့၏။}
ဤကဲ့သို့ တရားမဝင်ပညတ်ထားသော မဟာမိတ်ဖွဲ့မှုကို ယုဒမင်းတို့
တချို့ သည် ပြုကြ၏။ ထိုသူတို့ကား အများက အကြံဉာဏ်နှင့် ပုံပမာယူကြရန် ဆီမီးတိုင်
သဖွယ် အလင်းထွန်းလင်းအပ်သူများပေတည်း။ ဤကဲ့သို့ ဆက်၍သာပြုနေချေက တိုင်းပြည်သည်
ပျက်စီးဆုံးပါးသွားမည်ကိုကြိုမြင်သဖြင့် နေဟမိသည် ရှောလမုန်မင်း ကြီး၏
ဖြစ်ရပ်မှန်များကိုတင်ပြခဲ့ပေသည်။ ]ဣသရေလရှင်ဘုရင်ရှောလမုန်သည် ထို သို့ပြု၍
ပြစ်မှားရာရောက်သည်မဟုတ်လော။ အတိုင်းတိုင်းအပြည်ပြည်၌ သူနှင့်တူ သော
ရှင်ဘုရင်မရှိ။ ဣသရေလရှင်ဘုရင်အရာ၌ ဘုရားသခင်ခန့်ထားသည် တိုင် အောင် စိတ်တော်နှင့်
တွေ့သောသူဖြစ်သော်လည်း၊ တစ်ပါးအမျိုးသားမိန်းမတို့သည် ပြစ်မှားစေသည် တကား။
ငါတို့သည် သင်တို့စကားကို နားထောင်၍ တစ်ပါးအမျိုးသား မိန်းမတို့နှင့် စုံဖက်သဖြင့်
ဤမျှလောက်ကြီးသော အပြစ်ကိုပြုလျက် ငါတို့၏ ဘုရား သခင်ကို ပြစ်မှားရမည်လောဟု
ဘုရားသခင်ကို တိုင်တည်၍ သူတို့ကိုကျိန်ဆိုစေ၏။}
ထိုအခါ သူတို့သည်
တရားအလင်းပွင့်လန်းလာကာ ဝိညာဉ်ရေးမှာ နိုးကြားလာသဖြင့် ထာ၀ရဘုရားသခင်
အထံတော်မှထောက်ခံချက်နှင့် ကောင်းချီးမင်္ဂလာကို စတင်ရ ရှိလာပါတော့သည်။
မြင့်မြတ်သန့်ရှင်းသော အမှုတော်မြတ်မှာ တာဝန်ယူလုပ်ဆောင်
နေကြသော သူတချို့မှာ မိမိတို့၏တစ်ပါးအမျိုးသား မိန်းမ၊
ဇနီးသည်တို့နှင့်မခွဲနိုင်ကြဟု ဆိုလာပါ သည်။ ဤတွင် တောင်းဆိုချက်ကပြင်းထန်သည်။
အဘယ်ရာထူး၊ အဆင့်ရှိသူမဆို ထိုကျင့်ထုံးကို လိုက်နာရမည်ဟုဆိုသောအခါ ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်၏
မြေးတစ် ယောက်သည် လူကြမ်းမင်းသား ဟောရနိလူသမ္ဘာလတ်၏ သားသမက်ဖြစ်သောကြောင့် သူ့အား
နေဟမိသည် အမှုတော်မြတ် လုပ်ငန်းရာထူးမှ ထုတ်ပစ်သည်မကသေး၊ ဣသရေလလူမျိုးစာရင်းမှာ
ပယ်ရှားပစ်လိုက်ပါသည်။
ဆန့်ကျင်ရာများနှင့်
မပြတ်ရင်ဆိုင်ရုန်းကန်နေရခြင်း
ဤကဲ့သို့သော ဖြစ်ရပ်မှန်များနှင့် ရင်ဆိုင်နေရသဖြင့်
တိမ်းဆောင်းမှုများကို တည့်မတ်စေမည်ဟူသော သဘောထားရှိသူဘုရားသခင်၏ သစ္စာရှိ
အစေခံကျွန်တစ် ယောက်၌ မည်မျှစိတ်နှလုံးနာကြည်းကာ ဝမ်းနည်းပူဆွေးနေမည်ကို
တရားစီရင်ခြင်း အမှုကို ပြုသောသူသာလျှင် မြင်တွေ့ပါလိမ့်မည်။ အစာရှောင်ခြင်း၊
စိတ်နှလုံးခန္ဓာကိုယ် နှိမ့်ချခြင်းနှင့်တကွ ဆုတောင်းခြင်းတို့အားဖြင့်သာလျှင်
ဤပြုပြင်မှုလုပ်ငန်းများ ကိုဖော် ဆောင် သွားနိုင်မည်ဖြစ်ပါသည်။
နတ်ကိုးကွယ်ကြသူများနှင့် အိမ်ထောင်ဖက်ပြုကြကုန်သော
ယုဒလူမျိုးများ စွာတို့သည် ယုဒပြည်မှာမနေကြတော့ဘဲ ရှမာရိလူတို့နှင့်
ပူးပေါင်းနေထိုင်ကြရန် ရွေး ချယ်ကြပါသည်။ အမှုတော်မြတ်မှာဖြစ်စေ၊
အုပ်ချုပ်ရေးမှာဖြစ်စေ ရာထူးကြီးကြီးရယူ ထားကြသူများပင်လျှင် မိမိတို့၏တာဝန်ကို
ပစ်ပယ်ကာ ရှမာရိလူတို့နောက်သို့ လိုက်ပါ သွားကြ၏။ ရှမာရိလူတို့ကလည်း
မိမိတို့ကိုးကွယ်သည့်ဘာသာရေးမှာ ယုဒလူတို့၏ ယုံ ကြည်ချကို
ပြည့်ပြည့်၀၀ဖြည့်ဆည်းသွားပါမည်ဟု ကတိပေးကြလေသည်။ ဤသို့လျှင်
ဖောက်ပြန်မှားယွင်းမှုကြီးသည် ယေရုရှလင်မြို့တော်မှာရှိသော ထာ၀ရဘုရားသခင်၏ အိမ်တော်နှင့်ယှဉ်လျက်
တောင်တော်ဂေရဇိန် (Gနမငဖငာ) မှာ ဗိမာန်တော်
တစ် ဆောင်အဖြစ်နှင့် တည်ထားဆောက်လုပ်ကြပါသည်။ သူတို့၏ ဘာသာတရားကာ ယုဒ ဘာသာနှင့်
တစ်ပါးအမျိုးသားယဇ်နတ်ပူဇော်ပသမှုများ နှင့် ရောထွေးကာ ဝတ်ပြုကိုး
ကွယ်ကြခြင်းဖြစ်သည်။ မိမိတို့ကိုယ်ကိုလည်း ဘုရားသခင်၏ လူပရိသတ်များဟု ခေါ်
တွင်ကြ၏။ ထိုလူမျိုးနှစ်စုကား လူမျိုးဆက်တစ်ခုနှင့်တစ်ခု စပ်ကြားအစဉ်အတိုင်း ရန်
စောင်ကာ နေကြလေသတည်း။
ယနေ့အသင်းတော်သာသနာကို နိုးကြားတက်ကြွစေရာ၌လည်း
ပြုပြင်ပြောင်း လဲသင့်သည့်အရာများကို ပြုပြင်တည်ဆောက်ရာ၌ ဧဇရနှင့်
နေဟမိတို့ကဲ့သို့ အပြစ်ကို ဆင်ခြင်မပေး၊ အမှားကိုမြင်လျှင် ငြိမ်သက်အေးဆေးစွာ
ကိုယ်နှင့်မဆိုင်ပါ ဟူသော သဘောကိုမထား၊ အပြစ်ကမှားယွင်းသော မေတ္တာတရားလုပ်ဆောင်မှုတစ်ခုနှင့်
မဖုံးဘဲ ရှိနေသင့်ပါသည် မဟုတ်လော။ အချို့လူတို့ကို စည်းကမ်းကိုင်ရာ၌ အများအမြင်မှာ
ကျပ်တည်းသဖြင့် ကရုဏာသက်ဖို့တော့ လိုအပ်မည်ဟု ဆိုဆရာရှိကောင်းရှိပါမည်။ ထို
သူတို့ကို အပြစ်ဖော်ပြဆုံးမပဲ့ပြင်ရာ၌ ခရစ်တော်၏စိတ်သဘောထားမျိုး အမြဲဖော်ပြ
ပေါ်လွင်သင့်ကြောင်းကိုတော့ သတိချပ်ရပါလိမ့်မည်။
ဧဇရနှင့် နေဟမိတို့သည် မိမိတို့၏အပြစ်များနှင့်
ပြည်သားတစ်ရပ်လုံး၏ အပြစ် များကို ဖော်ပြဝန်ချတောင်းပန်ရာ၌ မိမိတို့ကိုယ်နှိုက်က
အပြစ်ကျူးလွန်သူများဟု သ ဘောထားကြလေသည်။ ချွေးနှင့် ဝေဒနာဆင်းရဲခြင်းနှင့်
စိတ်ရှည်သည်းခံကာ အမှု တော်ကို ထမ်းရွက်ခဲ့ပါ၏။ အထူးသဖြင့် သူတို့ရင်ဆိုင်ခဲ့ရသော
အခက်ခဲဆုံးအလုပ်မှာ မိတ်ဆွေယောင်ဆောင်သော သူတို့၏ လျှို့ဝှက်ဆန့်ကျင်ဘက်
လုပ်ရပ်များ ဖြစ်ပါသည်။ ထိုသူတို့သည် အပြစ်လုပ်ရပ်များအတွက် ဩဇာလွှမ်းစေသော
လူများ၊ မိမိကိုယ်ကို ရောင်းစာသောသူများပင် ဖြစ်ကြလေ၏။ ဤသစ္စာဖောက်များတို့သည်
ဘုရားသခင်၏ လူများအား ဆန့်ကျင်တိုက်ခိုက်ဖို့ရန် လက်နက်တပ်ဆင်ပေးသော ဘုရားသခင်၏ရန်
သူများပင်ဖြစ်ကြ၏။ ထိုသူတို့၏ ပုန်ကန်တတ်သော သဘောသည် ထာ၀ရဘုရားသခင် ၏
တောင်းဆိုမှုများကို အမြဲထာ၀စဉ်တိုက်ပွဲဝင်နေမည်သာ ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ နေဟမိ၏အောင်မြင်မှုသည် ဆုတောင်းခြင်း
ဘုရားသခင်ကို ယုံကြည်စိတ်ချထားခြင်းနှင့် ပညာသတိရှိရှိလုပ်ဆောင်မှု
တို့ကြောင့်ဖြစ်သည်ကို မှတ် ယူရပါမည်။ နေဟမိသည် ယဇ်ပုရောဟိတ်လည်းမဟုတ်၊
ပုရောဖက်တစ်ပါးလည်းမ ဟုတ်ပါ။ ဘာသာတရားပြုပြင် ပြောင်းလဲသူတစ်ဦးသာဖြစ်ပါသည်။
သူ၏ရည်ရွယ် ချက် ကား၊ သူ၏ ပြည်သားတို့ကို ဘုရားသခင်နှင့်
သင့်မြတ်ရန်ပြုပြင်နေခြင်းသာဖြစ်၏။ သူ သည် မကောင်းဆိုးဝါးများနှင့်
ရင်ဆိုင်တိုက်လှန်ရာ၌ ထားရှိသော ဆုံးဖြတ်ချက်ကြောင့် ပြည်သားတို့သည်
သူ၏သစ္စာရှိတည်ကြည်မှု၊ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ရှိကြောင်း နှင့်
ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့နှင့် ချစ်မြတ်နိုးကြောင်းတို့ကိုသာ မြင်တွေ့ကြ
ရပေသည်။ ဤအချက်ကိုတွေ့မြင်ကြသူတို့သည် သူ၏ဦးဆောင်မူကိုအဘယ်မှာလျှင်
ဆန့်ကျင်ဝံ့ကြပါမည်နည်း။ နောက်လိုက်များသာဖြစ်လိုကြကုန်၏။
ဘုရားသခင် ပေးအပ်ထားသော လုပ်ငန်းတာဝန်တစ်ခုမှာ လုံ့လထုတ်လျက် ဆောင်ရွက်ခြင်းသည်
စစ်မှန်သောဘာသာတရား၏ အရေးကြီးသော အပိုင်းတစ်ပိုင်း ဖြစ်ပါသည်။ မှန်ကန်သောအချိန်မှာ ဆုံးဖြတ်လုပ်ဆောင်ခြင်းသည်
အောင်မြင်မူကို ရ လိမ့်မည်။ ထိုသို့မပြုရ၊ နှောင့်နှေးကြန့်ကြာစေရုံမျှမက
ဂရုမစိုက်လျစ်လျူရူခဲ့ပါသော် ဆုံးရူံးမူသာ အဖတ်တင်မည်။ ဘုရားသခင်ကိုလည်း
ရူတ်ချရာကျပေမည်။ အကယ်၍ ခေါင်းဆောင်နေရာမှာရှိ သူတို့သည် စိတ်အားထက်သန်မှုကိုမပြု၊
ထူးခြားလိုမူမရှိ၊ အေးတိအေးစက်ရှိနေပါမူ အသင်းတော်သည် နိုးကြားခြင်းမရှိ
ပျင်းရိနေ၍ အပျော် အပါးကိုသာ မြတ်နိုးနေပါမည်။ သို့သော်လည်း ထိုခေါင်းဆောင်တို့သည်
အကယ်၍သာ ဘုရားသခင်နှင့်ကိုယ်တော်မြတ်ကိုသာ ဝတ်ပြုကိုးကွယ်၍ အစေခံပါမည်ဟူသော သန့်
ရှင်းစိတ်သဘောဦးတည်ရည်ရွယ်ချက်နှင့်ပြည့်၀နေပါက လူထုပရိသတ်တို့သည် လည်း အတူတကွပေါင်းစည်းမူရှိလာ၍ စိတ်အားကြီးခြင်း၊
မျှော်လင့်ချက်ထားရှိခြင်း တို့ ဖြင့် ပြည့်၀လာမည်ဖြစ်ပါသည်။ မုန်းတီးရွံ့ရှာမူ၊
မှားယွင်းမူနှင့်သစ္စာမရှိ ဖေါက်ပြန် မူတို့သည်
သမ္ဘာလတ်နှင့်တောဘိတို့မှာရှိကြောင်း ဘုရားသခင်၏နူတ်တော်ထွက် စကားမှတ်တမ်း
(နှုတ်ကပါဌ်တော်) က ဖေါ်ပြထားဘိသကဲ့သို့ ဧဇရနှင့်နေဟမိတို့၏ မိမိကိုယ်ကိုအပ်နှံမူ နှင့်
ဘုရားသခင်အားကြည်ညိုမူတို့ကိုလည်း ဖေါ်ပြထားပါသည်။ ဤလူစားနှစ်မျိုးတွင်
ကျွန်ုပ်တို့သည် ကြိုက်ရာတစ်မျိုးကို ရွေးချယ်၍ အတုယူပါမည် မဟုတ်လော။
ဥပုသ်ပြုပြင်ပြောင်းလဲမှုများကို
ဦးဆောင်နေသာယနေ့ ]နေဟမိများ}
ဇေရုဗဗေလ၊ ဧဇရနှင့် နေဟမိတို့ ဦးဆောင်ခဲ့သော ဘာသာတရား
ပြုပြင် ပြောင်းလဲမှု လုပ်ရပ်မျိုးကု ယနေ့ကမ္ဘာ့သမိုင်း၏ နှောင်ပိုင်းကာလတွေမှာ
ဝိညာဉ်ရေး ဆိုင်ရာ ပြန်လည်တည်ဆောက်ရေးအလုပ်ရှိနေမည်ကို ဖော်ပြပါသည်။ ဣသရေလ၏
ကျန်ကြွင်းသော လူတစ်စုအားဖြင့် ကမ္ဘာ့လူသားတစ်နွယ်လုံးတို့ကို ဘုရားသခင်ကို သိရှိ
ခံစားတိုင်အံ့သောငှါ ဘုရားသခင်မှာ အကြံတော်ရှိပါသည်။ ထိုသူတို့သည် စစ်မှန်သော
ဝတ်ပြုကိုးကွယ်ခြင်းအမှုကို စောင့်ရှောက်ကြရသူများ၊ သန့်ရှင်းသော ကျမ်းစာပညတ်
များကို စောင့်ထိန်းရသူများဖြစ်ချေ၏။ ထိုကြောင့် ကြီးမားသောဆန့်ကျင်ဘက် တရား ကိုလည်း
ထိုသူတို့ရင်ဆိုင်ရ၏။ ခေါင်းဆောင်များမှာလည်း လေးသောဝန်ကို ထမ်းရွက် နေရပါပေသည်။
သို့သော်လည်း ထိုခေါင်းဆောင်တို့သည် ဘုရားသခင်ကို လုံးလုံး
လျားလျားအားကိုးမှီခိုကြ၏။ ထိုသခင်၏ အမှန်တရားသည် အောင်မြင်ဝင့်ကြွားခြင်း ရှိရန်
ထိုသခင်သည် လုပ်ဆောင်မည်ကို ထိုသူတို့ ယုံကြည်စွဲလမ်းကြပါသည်။
နေဟမိလက်ထက်က
ဝိညာဉ်ရေးရာ ပြန်လည်တည်ဆောက်ခြင်းအလုပ်သည် ပုရော ဖက်ဟေရှာယ၏
ဟောကြားချက်ကျောရိုးပင်ဖြစ်၏။ ]သင်၏အမျိုးအနွယ်သည် ရှေးပြို ပျက်ရာတို့ကို
ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌တည်ဖူးသော တိုက်မြစ်များအပေါ်မှာ ထပ်ဆင့်၍
တည်ဆောက်ကြလိမ့်မည်။ သင်သည်လည်း ပြိုပျက်သောမြို့ရိုးကို ပြုပြင် သောသူ၊
လူနေရာလမ်းများကို ပြင်ဆင်သောသူဟူ၍ သမုတ်ခြင်းကိုခံရလိမ့်မည်။} (ဟေရှာယ ၆၁း၄)။ (ဟေရှာယ ၅၈း ၁၂)။
ပညတ်တော်ဆယ်ပါးတွင် ပြိုပျက်ရာတစ်ခုရှိသည်။ ဘုရားသခင်၏
ပညတ်တ ရားသည် မိမိ၏ ရွေးချယ်ခံနားထောင်သူ သားသမီးတို့ကိုအကာအကွယ်ပေးထားသော
အုတ်တံတိုင်းနံရံကြီးနှင့်တူပါသည်။ ထိုသူတို့သည် တရားမျှတခြင်း၊ မှန်ကန်ဖြောင့်မတ်
ခြင်းနှင့် စင်ကြယ်ခြင်းရှိရပါမည်။ ထိုဂုဏ်အင်္ဂါများက ထိုသူတို့၏
မပြောင်းလဲနိုင်သော ကာကွယ်မှု ပြုပစ္စည်းဖြစ်၏။ ဤအုတ်နံရံတံတိုင်းကြီးကို
တည်ဆောက်ကြသော ကျန် ကြွင်းသည့် လူတစ်စု၏ အထူးလုပ်ဆောင်ချက်ကို ပုရောဖက်က
ပြညွှန်းထားပါ၏။ ]သင် သည် ဥပုသ်နေ့ကိုမရှုတ်ချ၊ ငါ၏သန့်ရှင်းသောနေ့မှာ
ကိုယ်အလိုသို့မလိုက်၊ ဥပုသ် နေ့ကို မွေ့လျော်ရာနေ့၊ ထာ၀ရဘုရားသခင်အဖို့
သန့်ရှင်းသောနေ့၊ ရိုသေဖွယ်သော နေ့ ဟူ၍ ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊
ကိုယ်အလိုသို့မလိုက်၊ ကိုယ်စကားကို မပြောဘဲ နေ၍ ထိုနေ့ကိုရိုသေလျှင် သင်သည်
ထာ၀ရဘုရားသခင်၌ ပျော်မွေ့ရလိမ့်မည်။ မြေ ကြီးပေါ်မှာ မြင့်သောအရပ်တို့ကို ငါစီးစေ၍
သင့်အဘယာကုပ်၏ အမွေဥစ္စာနှင့် ငါ ကျွေးမည်ဟု ထာ၀ရဘုရားသခင်၏
နှုတ်တော်ထွက်အမိန့်တော်ရှိ၏။} (ဟေရှာယ ၅၈း၁၃၊
၁၄)။
ကမ္ဘာ့သမိုင်း၏ နှောင်းပိုင်းကာလမှာ ဘုရားသခင်နှင့်ဆိုင်သော
အရာတိုင်းကို ပြန်လည်တည်ဆောက်ပြုပြင်ရပါမည်။ လူသည် ဥပုသ်နေ့ကို
ပြောင်းလဲပစ်လိုက်သဖြင့် ပညတ်တော်မှာ ပြိုပျက်လျက် ရှိပေရာ လူသာလျှင်
ထိုပြိုပျက်ရာကို ပြန်လည်တည် ဆောက်ပြုပြင်ရပေမည်။ ဤတွင် ဘုရားသခင်၏ကျန်ကြွင်းသော
လူတစ်စုက ဘုရား သခင်၏ ပညတ်တရားသည် ပြန်လည်ပြုပြင်တည်ဆောက်ခြင်း အမှုအပေါင်းတို့၏
အုတ်မြစ်ဖြစ်ကြောင်းကို ပြသရပါမည်။ ပညတ်တော်ဆယ်ပါးကို နားထောင်ကျင့်သုံးရန်
လိုအပ်ကြောင်း ထိုသူတို့သည် ထင်ရှားရှင်းလင်းစွာ တင်ပြဖို့လိုအပ်၏။ ထိုသူတို့သည်
ခရစ်တော်သခင်၏ ချစ်ခြင်းမေတ္တာတော် ဆွဲဆောင်မှုအားဖြင့် ဘုရားသခင်နှင့် ပူးပေါင်း
ပါဝင်လျက် ပြိုပျက်ရာဟင်းလင်းပြင်အရပ်များကို ပြင်ဆင်ပြုပြင်ရန် ဖြစ်ပါသည်။ ထိုသူ
တို့သည် ဧကန်စင်စစ်ပြိုပျက်ရာများကို ပြန်လည်တည်ဆောက်သူများ၊ နေစရာအရပ် ကို
ညွှန်းသောလမ်းများကို ပြန်လည်တ်ညဆောက်ဖော်ဆောင်သော ဘုရားသခင့်အစေ ခံများပင်
ဖြစ်တော့၏တကား။
No comments:
Post a Comment