အခန်း (၄၈)
ထာ၀ရဘုရားသခင်၏
အမှုတော်မြတ်တွင်အောင်မြင်ခြင်၏ လျှို့ဝှက်ချက်
ယဇ်ပုရောဟိတ်မင်းယောရှုနှင့် ထာ၀ရဘုရားသခင်၏
ကောင်းကင်တမန်တို့ အပြန်အလှန် စကားပြောခြင်းမြင်ကွင်းကျယ်ရုပ်ရှင်ကို ဇာခရိသည်
မြင်တွေ့ပြီးသည် နောက်ပိုင်းမှာ ဇေရုဗဗေလနှင့် ပတ်သက်၍ သတင်းတစ်ခုကို
ပုရောဖက်ရရှိခဲ့ပါသည်။ ]ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ပြန်လာ၍ အိပ်ပျော်သောသူကို
နှိုးသကဲ့သို့ ငါ့ကို နှိုးလျက်၊ ငါက အကျွန်ုပ်သည်ကြည့်ရှု၍ ရွှေအတိပြီးသော
ဆီမီးခုံကိုမြင်ပါ၏။ ဆီအိုးနှင့် မီးခွက်ခုနုစ်လုံးဆက်သော ပြွန်တံခုနစ်တံရှိပါ၏။
မီးခုံကို လွှမ်းမိုးသောသံလွင် ပင်နှစ်ပင်ရှိပါ၏ ဟုဆိုပြီးမှ ငါနှင့်ပြောဆိုသော
ကောင်းကင်တမန်အား အကျွန်ုပ်သခင်၊ ဤအရာတို့ကား အဘယ်အရာဖြစ်သနည်းဟုမေးသော်၊
ကောင်းကင်တမန်ကလည်း၊ ဇေရုဗဗေလသို့ ရောက်လာသော ထာ၀ရဘုရားသခင်၏ နှုတ်ထွက်စကားတော် ဟူ
မူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့
ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေထာ၀ရဘုရားသခင် မိန့်တော်မူ ၏။} ]ငါကလည်း၊ ဆီညှစ်ရာ ရွှေစက်နှစ်ခုအားဖြင့် မိမိတို့ဆီကို
သွန်းလောင်းသော ထို သံလွင်ကိုင်းနှစ်ကိုင်းကာ အဘယ်သို့နည်းဟုမေးလျှောကေ်သာ်၊
ကောင်းကင်တမန်က လည်း၊ ထိုအကိုင်းတို့သည် မြေကြီးတစ်ပြင်လုံးကို
အစိုးပိုင်တော်မူသော အရှင်၏ ရှေ့ တော်၌ ရပ်နေသော ဘိသိက်ခံသူနှစ်ပါး ဖြစ်သည်ဟု
ဆို၏။} (ဇာခရိ ၄း၁-၆၊ ၁၁-၁၄)။
ထာ၀ရဘုရားသခင်၏ ရှေ့တော်မှောက်မှာ မတ်တတ်ရပ်နေသော ဘိသိက်ခံ
သူနှစ်ပါးတို့ထံမှအလင်း၊ ချစ်ခြင်းကရုဏာနှင့် တန်ခိုးတော်တို့သည် ဘုရားသခင်၏ လူ
တို့အပေါ်ဝေမျှသက်ရောက်သဖြင့် ထိုသူတို့မှတစ်ဖန် အခြားသောသူတို့သည်လည်း အ လင်း၌
ဝမ်းမြောက်ရွှင်လန်းခြင်း ရှိနိုင်ရန်ဖြစ်ပါသည်။ မိမိ၌ ကြွယ်၀ပြည့်စုံလာပြီဟု
ဆိုလျှင်လည်း တစ်ပါးသူတို့အား ဘုရားသခင်၏ ချစ်ခြင်းကရုဏာတော်နှင့် လက်ဆင်း
ကမ်းဖြည့်ဆည်း ပေးရန်ဖြစ်ပါသည်။
ထာ၀ရဘုရားသခင်၏ အိမ်တော်ကို ပြန်လည်တည်ဆောက်ခြင်း အမှုတွင် ဇေရုဗဗေလသည် များပြားလှစွာသော
အခက်အခဲကြီးငယ်အသွယ်သွယ်နှင့် ကြုံတွေ့ ခဲ့ရပါသည်။ အပြစ်ရှာနှိပ်ကွပ်လိုသော
ရန်သူပြည်သားတို့သည် ]ယုဒလူမျိုးတို့ကို လက် အားပျော့စေ၍ တည်ဆောက်ခြင်းအမှုကို
နောင့်ယှက် ၏။} ထိုမျှနှင့်မကျေနပ်သေးပါ။
]ယုဒလူတို့၏ အလုပ်အကိုင်ကို အနိုင်အထက်ဆီးတားကြ၏။} (ဧဇရ ၄း၄၊၂၃)။
သို့ သော်လည်း ထာ၀ရဘုရားသခင်သည် ယခုတွင် မိမိတို့၏ပုရောဖက်အားဖြင့် ဇေရုဗ
ဗေလထံသို့ ပြောလာသည်မှာ၊ ]အိုတောင်ကြီး၊ သင်သည်အဘယ်သို့နည်း။ ဇေရုဗဗေ လရှေ့မှာ
ညီသောအရပ်ဖြစ်ရလိမ့်မည်။ လူများတို့က၊ ကျေးဇူတော် ရှိပါစေသော်၊ ကျေး
ဇူးတော်ရှိပါစေသော်ဟု ကြွေးကြော်လျက် ထိုမင်းသည် တိုက်ထောင့်အထွတ် ကျောက် ကို
တင်ထားရလိမ့်မည်။} (ဇာခရိ ၄း၇)။
သမိုင်းခေတ်အဆက်ဆက် ပြော၍မျှမကုန် နိုင်သော ဧရာမအခက်အခဲနှင့် ပုံဆောင်ထားသည့်
တောင်ကြီးတောင်ငယ် အသွယ် သွယ်တို့သည် ကောင်းကင်နိုင်ငံတော်၏စီမံချက်တို့ကို
အကောင်အထည် ဖော်ဆောင် သွားရန် ကြိုးစားအားထုတ်လုံ့လဝီရိယစိုက်သော် သူတို့ရှေ့မှာ
ကာဆီးစမြဲဖြစ်၏။ ထို ခဲရာခဲဆစ်၊ ခလုန်တံသင်းတို့သည် ယုံကြည်ခြင်းကို
စမ်းသပ်သည့်အနေဖြင့် ထာ၀ရ ဘုရားသခင်က ထားရှိခြင်းဖြစ်ပါသည်။ ဤလိုအချိန်မျိုးမှာ
ဘုရားသခင်ကို အားကိုး ခိုလှုံရပါမည်။အသက်ရှင်သောယုံကြည်ခြင်းကို လေ့ကျင့်ခြင်းသည်
မယိုင်မလဲနိုင်သော ယုံကြည်ကိုးစားမှုကို တိုးပွားစေသလို ဝိညာဉ်ရေးခွန်အားကိုလည်း
ကြီးမားစေပါသည်။ ထာ၀ရဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်လျှင် စာတန်ကာဆီးထားရှိသော
ခဲရာခဲဆစ် ခလုတ်တံသင်းတို့သည် ပျောက်ကွယ်သွားပါလိမ့်မည်။ ]သင်တို့သည်
ယုံကြည်ခြင်ရှိ လျှင် ထိုတောင်ကို နေရာမှရွေလော့ဟု ဆိုကြသော်၊
နေရာမှာရွေ့လိမ့်မည်။ ယုံကြည် ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှု။} (မဿဲ ၁၇း၂၀)။
လူ၏အလိုသည်
ဘုရားသခင်၏ လမ်းခရီးနှင့်
ကွာခြားမှုရှိခြင်း
လောကရေးလမ်းစဉ်တို့မည်သည် ပြစားနှင့်ကြွားဝါခြင်းအားဖြင့်
အစပြုလေ့ရှိ ပါ၏။ ထာ၀ရဘုရားသခင်၏ လမ်းခရီးမူကား သေးနပ်သောအမှန်တရား၏ ကျင့်စဉ်မှ
စတင်ပါသည်။ တစ်ခါတစ်ရံ ထာ၀ရဘုရားသခင်သည် မိမိ၏အစေခံအမှုတော် ဆောင် တို့အား
စိတ်ဓါတ်ကျဆင်းစရာများနှင့် ဆုံးရှုံးတော့မှာပဲဟူသော အခြေအနေမျိုးနှင့် လေ့
ကျင့်သင်တန်းပေးပါ၏။ ဤကား အခက်အခဲအတားဆီးများကို ပါရဂူပြုနိုင်ရန် ဘုရား သခင်၏
အကြံတော်ပေတည်း။
လူသည် များသောအားဖြင့် ရှုပ်ထွေးမှုများနှင့်
အတားအဆီးခဲရာခဲဆစ်များ ကိုမရင်ဆိုင်မီကပင် အရှုံးပေးဖို့ရန် သွေးဆောင်မှုကို
ခံရလေရှိပါသည်။ စစ်မတိုက် မီမြားကုန်ပြီဟူသော သဘောပေတည်း။ သို့သော်လည်း
ထိုသူတို့သည် အကယ်၍သာ မိမိတို့၏ ဦးတည်ရည်ရွယ်ချက်မှာ စိတ်ချယုံကြည်လျက်
မြဲမြ့ခိုင်ခံ့နေပါက ထာ၀ရ ဘုရားသခင်သည် ထိုသူတို့၏လမ်းခရီးကို
ရှင်းလင်းပေးပါလိမ့်မည်။ အဆုံးတွင် အောင် မြင်ရပါလိမ့်မည်။
အခက်အခဲတောင်ကြီးများတို့သည် လွင်ပြင်အဖြစ်သို့ ကူးပြောင်း သွားပေမည်။
ဤအိမ်တော်အမြစ်ကိုချထားသော ထိုသခင်၏လက်တို့သည် ထိုအမှု တော်ကို ]လက်စသတ်ပေးလိမ့်မည်။} (ဇာခရိ ၄း၉၊ ၇)။
ဘုရားသခင်၏ အသင်းတော်ကို လူ့တန်ခိုးအင်အားဖြင့်
မတည်ထောင်ခဲ့ပါ။ လူ့အင်အားပြကျောက်ဆောင်အပေါ်မှာမတည်ပါ။ ခေတ်ကာလအဆက်ဆက် တည်မြဲ
လျက်နေသည့် ကျောက်တည်းဟူသော ယေရှုခရစ်တော်၏ အပေါ်မှာ အသင်းတော်ကို
တည်ဆောက်ထားပါသည်။ ]ထိုအသင်းတော်ကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင် ရာ} (မဿဲ ၁၆း၁၈)။ ထာ၀ရဘုရားသခင်၏ ဘုန်းကြီးတော်မူသော
လုပ်ဆောင်မှု မည် သည် ဘယ်သောအခါမျှ အချည်းနှီးသက်သက်ဖြစ်သွားလိမ့်မည်မဟုတ်ပါ။
(ဆာလံ ၁၄၆း၃) အမှုတော် သည် ရှေ့ဆက်ကာ အသက်ဝင်လှုပ်ရှားနေပါမည်။ ]ဤအမှုသည်
ဗိုလ်ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့်ဖြစ်လိမ့်
မည်ဟု ကောင်းကင်ဗိုလ်ခြေထာ၀ရဘုရားသခင် မိန့်တော်မူ၏။} (ဇာခရိ ၄း၆)။
ဇေရုဗဗေလကို ပေးသော ကတိတော်မြတ်သည် လက်တွေ့အမှန်တကယ်
ပြည့်စုံခဲ့ပါ၏။ အငယ် ၉ ကို ကြည့်ရှုပါ။ ]ယုဒအမျိုးအသက်ကြီးသူတို့သည် ပုရောဖက်
ဟဂ္ဂဲနှင့် ဇာခရိဟောသောအားဖြင့် အကြံထမြောက်ကြ၏။ ဣသရေလအမျိုး၏ ဘုရား
သခင်အမိန့်တော်နှင့် ပေရသိရှင်ဘုရင်ကုရုမင်း (စိုင်းရပ်စ်)၊ ဒါရိမင်းအမိန့် တော်အ
တိုင်းတည်ဆောက်၍ (ပေရသိရှင်ဘုရင် အာရွှေရုလက်ထက်၌) လက်စသတ်ကြ၏။
အာဒါလသုံးရက်နေ့တွင် အိမ်တော်သည် ပြီးပြည့်စု့၏။} (ဧဇရ ၆း၁၄၊ ၁၅)။
ဒုတိယအကြိမ်ဆောက်လုပ်ပြီးစီးသော ဗိမာန်တော်သည်
ပထမဗိမာန်တော် ဖြစ်သည့် ရှောလမုန်မင်းကြီးတည်ဆောက်ခဲ့သော ဗိမာန်တော်ကို မမီပါ။
လှပတင့်တယ် ခန့်ညားတည်ဝါသည့်အရာမှာရော၊ ဗိမာန်တော်အတွင်း ဝတ်ကြီးဝတ်ငယ်ပြုရန်
အသုံး တော်ခံတန်ဆာပလာအဆောင်အယောင်တို့မှာပါ၊ ထာ၀ရဘုရားသခင် တည်ရှိကိန်း
အောင်းနေတော်မူသည် ဟူသော သန့်ရှင်းသည့်လက္ခဏာမျိုးမပေါ်ပါ။ ဗိမာန်တော်ကို
ဆက်ကပ်ရာ၌ ထွန်းတောက်နေသော မိုးတိမ်ကိုလည်းမတွေ့ရ။ ယဇ်ပလ္လင်ပေါ်မှာ ယဇ်
ပူဇော်သောအခါ ကောင်းကင်မှမီးမကျ၍ ယဇ်ကောင်ကိုလည်းမလောင်။ အသန့်ရှင်း ဆုံးဌာနမှာ
ကောင်းကင်တမန်ရှေကိန်းသည်လည်း မကိန်းဝပ်တော့ချေ။ သေတ္တာတော်၊ ကရုဏာပလ္လင်နှင့်
သက်သေခံကျောက်ပြားတို့သည်လည်း ထိုနေရာမှာ မရှိ၍ မတွေ့မြင် ရပါချေ။
ဒုတိယဗိမာန်တော်၏ စစ်မှန်သောဘုန်းတော်
သို့တိုင်အောင်လည်း ဤဗိမာန်တော်အဆောက်အအုံနှင့် ပတ်သက်၍
ထာ၀ရ ဘုရားသခင် မိန့်မြွက်တော်မူသည်ကား၊ ]နောက်တည်သော ဤအိမ်တော်သည် အရင်
အိမ်တော်ထက်
ဘုန်းသာ၍ကြီးလိမ့်မည်။} ]လူမျိုးအပေါင်းတို့
နှစ်သက်ဖွယ်သောအရာ သည် ရောက်၍ ဤအိမ်ကိုဘုန်းနှင့်ငါပြည့်စုံစေမည်။] (ဟဂ္ဂဲ ၂း၉၊
၇)။ လူမျိုးအပေါင်း တို့နှစ်သက်ဖွယ်သောသူ သခင်ယေရှုသည် ထိုဗိမာန်တော်ထဲမှာ
ကိုယ်တိုင်းရှိနေခဲ့ ခြင်းဖြင့် ဗိမာန်တော်ကို သန့်ရှင်းစေခဲ့ပါသည်။
သို့တိုင်အောင်လည်း လူများစွာတို့သည် ထိုသခင်၏
အထူးအဆောင်အယောင်ကင်းမဲ့စွာကြွဆင်းလာပုံကို မမြင်လို၊ ငြင်းဆန် ခဲ့၏။
ပုရောဖက်ဟောသော စကားချက်များ၏ အမှန်အကန်အနက်အဓိပ္ပါယ်ကို သူတို့
တတွေမမြင်တွေ့နိုင်ဘဲရှိနေခဲ့ပြီကော။
ဒုတိယအိမ်တော်သည် ဂုဏ်ပြုခြင်းကို ခံရသည်အရာမှာ
ထာ၀ရဘုရားသခင်၏ ဘုန်းတန်ခိုးတော်ပြမိုးတိမ်ကြောင့်မဟုတ်။ ]ဘုရားသခင်၏
ဇာတိအဖြစ်တော်၏ ပြည့်စုံ ခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍
ကျိန်းဝပ်တော်မူ၏။} တစ်နည်းဆိုရ သည်ရှိသော်
]ဘုရားသခင်သည် ကိုခန္ဓာ၌ပေါ်ထွန်းတော်မူပြီ။}
(ကောလောသဲ ၂း၉။
၁တိ ၃း၁၆)။ ဤဖြစ်ရပ်မှန်သတင်းကောင်းတစ်ခုတည်းကြောင့်သာ ဒုတိယအိမ်တော် သည်
ပထမအိမ်တော်ထက် ဘုန်းကြီးသည်ဟု ဆိုရလိမ့်မည်။ ]လူမျိုးအပေါင်းတို့နှစ် သက်ဖွယ်သော
သူ၊} ထိုယေရှုသည်
ဧကန်အမှန်မိမိ၏ ဗိမာန်တော်မှာ ကြွရောက်ခဲ့လေ ပြီ။ ထိုနာဇရက်မြို့သားယေရှုသည်
ထိုသန့်ရှင်းသောဗိမာန်တော်ပရဝဏ်မှာ တရားပေး ၍ အနာရောဂါငြိမ်းစေခြင်း အမှုကို
ပြုခဲ့သည်မဟုတ်ပါလား။
No comments:
Post a Comment