Tuesday, March 10, 2026

 

အခန်း  (၃၂)

မနာရှေနှင့် ယောရှိ- အဆိုးဆုံးမင်းနှင့် အကောင်းဆုံးရှင်ဘုရင်

 

               ယုဒနိုင်ငံတော်သည် မင်းဆိုးကြီးတစ်ပါးဖြစ်သော မနာရှေလက်ထက်တွင် တစ်ကြိမ်ပြန်လည်၍ ကြီးစွာကျဆင်းရ၏။ နတ်ဘုရားစုံလင်စွာ ကိုးကွယ်ပသမှုသည် တစ်ကြိမ်ပြန်လည်၍ လန်းဆန်းလာပြီမဟုတ်ပါလော။ ]မနာရှေသည် ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို လမ်းလွဲစေ၏။ ဣသရေလအမျိုးသားတို့ရှေ့မှ ထာ၀ရ ဘုရားသခင် ဖျက်ဆီးတော်မူသော လူမျိုးတို့ပြုသည်ထက် သာ၍ဆိုးသောအမှုကို ပြုစေ၏။} (၆ရာ ၃၃း၉)။ မကောင်းမှုများသည် ဒါဇင်လိုက်နိုးထကာ ကြီးပွားတိုးတက် နေသည်။ တဦးတည်းအာဏာကို သုံးစွဲခြင်း၊ နှိပ်စက်ညှည်းပန်းခြင်း၊ ကောင်းမှု ကုသိုလ်မှန်သမျှကို မုန်းတီးမြင်ပြင်းခြင်း၊ တရားမျှတမှုကို ဘေးချိတ်ထားခြင်းတို့ ကြောင့် နေရာအနှံ့မှာ အတင်းအကျပ်၊ နိုင်လိုမင်းထက်၊ စော်ကား ရှုပ်ချအဓမ္မကျင့် မှုတို့သည် ရက်စက်ပြင်းထန်လှပါပေသည်။

               သို့တိုင်အောင်လည်း ဟေဇကိမင်းကြီးလက်ထက်မှာ တစ်ဖန်ပြန်လည်၍ အပြစ်မကောင်းမှုကို ကျော်ခိုင်းသဖြင့် တိုင်းပြည်မှာ ပြန်လည်၍ ကျန်းမာစိုပြည်လန်း ဆန်းမှုရှိလာခဲ့သည်ကို သူကောင်းမျိုးတချို့သည် သတိရကြောင့် မင်းကြီးအား သက် သေခံသတိပေးနှိုးဆော်ခဲ့သည်ကို မင်းကြီးသည် ကြီးစွာအမျက်ထွက်၏။ ထိုသို့သော ပြန်လည်ပြုပြင်နိုးထရေးအမှုတို့ကိုလည်း ဆန့်ကျင်တိုက်ခိုက်ခဲ့လေသည်။ ]မနာရှေ သည် အပြစ်မရှိသောသူအများတို့ကိုသတ်၍ ယေရုရှလင်မြို့ တစ်ဖက်မှတစ်ဖက် တိုင်အောင်  သူတို့အသွေးနှင့်   ပြည့်စေခြင်းငှါ ပြု၏။} (၄ရာ ၂၁း၁၆)။

               ဤသို့အပြစ်မဲ့သူတို့ အသက်စတေးခံသွားရသူတို့ထဲမှာ ရာစုနှစ်တစ်ဝက် ကျော်ကျော် နန်းတော်အတွင်းမှာ ယေဟောဝါဘုရားသခင်၏စေတမန်အဖြစ် ရွေး မြှောက်ခြင်းခံခဲ့ရသော ပုရောဖက်ဟေရှာယသည်လည်း ဦးဆုံးသောလူတစ်ယောက် အဝင်ဖြစ်ခဲ့ရပါသည်။ ]အချို့သော သူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည်နှောင်ခြင်း ကိုခံ၍ ထောင်ထဲမှာနေရသဖြင့် စုံစမ်းခြင်းကိုခံရပါ၏။ ကျောက်ခဲနှင့်ပစ်ခြင်း၊ လွှနှင့် အပိုင်းပိုင်းတိုက်ဖြတ်ခြင်း၊ စုံစမ်းနှောက်ယှက်ခြင်း၊ ဓါးလက်နက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏} (ဟေဗြဲ ၁၁း၃၆၊ ၃၇)။

               မှန်ပေသည်။ မင်းဆိုးကြီး မနာရှေလက်ထက်မှာ အထူးဆုံးမပဲ့ပြင်ရမည့် သတင်းကို ဆောင်ကြဉ်းရသူတို့အတွက် ဆင်းရဲဒုက္ခနှင့် နှိပ်စက်ကလူပြုမှုခံရသည်မှာ ရေးပြောစရာမလိုတော့ပါ။ ပုရောဖက်များသည် ထိုယုဒရှင်ဘုရင်နှင့် ပတ်သက်၍ ပြောနေသည်မှာ ]မနာရှေသည် သူ့ရှေ့မှာ ဖြစ်ဖူးသေ လူတို့ပြုသမျှထက်သာ၍ ရွံရှာဖွယ်သေ ဤမကောင်းမှုအပြစ်တို့ကို ပြုသောကြောင့်} (၄ရာ ၂၁း၁၁၊ ၁၄)။ ယုဒ ပြည်သူပြည်သားတို့သည် ဗာဗုလုန်တိုင်းပြည်သို့ စစ်သုံ့ပန်းအဖြစ်ပါသွားရလေ သည်။ သူတို့သည်လည်း ]ရန်သူအပေါင်းတို့၏ လုယက်နှိပ်စက်ရာဖြစ်ပေသည်။} (ငယ် ၁၄)။ သို့သော်လည်း တစ်ပါးသူတို့နေထိုင်ရာ တိုင်းတစ်ပါးမှာနေရသော်လည်း ထာ၀ရ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့နှင့် ရှာသောသူတို့မူကား လုံခြုံရာကိုသေချာပေါက် ရလိမ့်မည်ဟု ကတိတော်ရှိပါသည်။

               ပုရောဖက်တို့သည် မနာရှေနှင့်မိမိ၏ နောက်တော်လိုက်တို့အား သစ္စာရှိရှိ ဘုရားသခင်ပေးတာဝန်သိသိနှင့် ဆုံးမပဲ့ပြင်ခဲ့ပါသော်လည်း ထိုလမ်းဆုံးသို့ လွှဲမှား ရောက်ရှိနေသာ ယုဒမင်းတို့သည်ဂရုမစိုက်၊ စိတ်နှလုံးခိုင်မာ၍သာ နေကြ၏။ သို့ဖြစ် လေရာ ထာ၀ရဘုရားသခင်သည် နောင်တမရလိုသောသူကို ဆုံးမစီရင်ရလေသည်။ ]အာရှုရိရှင်ဘုရင်၏ ဗိုလ်မင်းများကို စစ်ချီစေသော်မူသဖြင့် သူတို့သည်မနာရှေကို ဆူးတော၌ဖမ်းမိ၍ သံကြိုးနှင့်ချည်နှောင်ပြီးမှ ဗာဗုလုန်မြို့သို့ ဆောင်သွားကြ၏။} (၆ရာ ၃၃း၁၁၊ ၁၃)။ ဤသို့မနာရှေသည် ဆင်းရဲဒုက္ခကို ခံရသောအခါ သတိသံဝေဂရရှိ၍ ]သူသည် မိမိထာ၀ရဘုရားသခင်ကို တောင်းပန်၍ ဘိုးဘေးတို့၏ ဘုရားသခင်ရှေ့မှာ ကိုယ်ကို အလွန်နှိမ့်ချလျက် ဆုတောင်းပတ္ထနာပြုသောစကားကို ဘုရားသခင်နား ထောင်နာယူ၍ မနာရှေအုပ်စိုးရင်းပြည်၊ယေရုရှင်လင်မြို့သို့ တစ်ဖန်ဆောင်တော်မူ၏။ ထိုအခါ ထာ၀ရဘုရားသခင်သည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေသိရ၏။] (ငယ် ၁၂၊ ၁၃)။ သို့သော်လည်း ထိုမင်း၏မိုက်နောင်တသည် မိမိ၏နိုင်ငံတော်ကို ကယ်တင်ဖို့ရန် လွန်စွာမှပင် အချိန်နှောင်းသွားခဲ့လေပြီ။ နှစ်ပေါင်းများစွာကသန္ဓေ တည်ဖွားမြင်ခဲ့သော နတ်ဘုရားကိုးကွယ်ပူဇော်ပသမှု ကျင့်ထုံးသည် ကူးစက်ပျံ့နှံ့ လွှမ်းမိုးမှုအရာမှာ မြန်ဆန်မင်းမှုသလောက် တိမ်ကောပျောက်ကွယ် သွားရန်မှာကား လွယ်လွယ်နှင့် ချက်ချင်းမပြောင်းလွှဲသွားချေ။

               ထိုသို့လူ့အသက်ဝိညာဉ်များ နတ်ဘုရား၏ဩဇာလွှမ်းမှုအောက်မှာ အမြဲနု နေရသူတို့တွင် မနာရှေ၏ကိုယ်တွင်းသားလည်းပါ၏။ သူသည် ထီးနန်းတက်သော အ ချိန်မှာ အသက် (၂၂) နှစ်ရှိပါပြီ။ ထိုမင်းအာမုန်သည်လည်း ]ခမည်းတော် လိုက် သမျှသော လမ်းသို့လိုက်၏။ ခမည်းတော်ဝတ်ပြုသော လူတစ်ပိုင်းတိရစ္ဆာန်တစ်ပိုင်း နတ်ဘုရားရုပ်တုတို့ကို ဝတ်ပြုကိုးကွယ်၏} (၄ရာ ၂၁း၂၁၊ ၂၂)။ ထိုမင်းဆိုးသည်လည်း တိုင်းပြည်ကို ကြာကြာမအုပ်စိုးခဲ့ရပါ။ နှစ်နှစ်စေ့သော် နန်းတွင်းသားမိမိကျွန်တို့သည် သင်းဖွဲ့၍ရှင်ဘုရင်အားနန်းတော်၌ လုပ်ကြံကြ၏။ ပြည်သူပြည်သားတို့သည်လည်းသား တော်ယောရှိကို  ခမည်းတော်အရာ၌  နန်းတင်ကြပါသည်} (၆ရာ ၃၃း၂၃၊ ၂၅)။

 

ယောရှိမင်းအားအပ်နှင်းထားသော အရာကိုသစ္စာရှိမည်ဟု သန္နိဌာန်ချထားခြင်း

               ယောရှိမင်းနန်တက်သည်မှာ တိုင်းပြည်တွင် အကျိုးကျေးဇူးဖြစ်လေ၏။ မိမိ၏ ထီးနန်းသက်သုံးဆယ့်တစ်နှစ်တွင် ခဲရာခဲဆစ်ကာလအတွင်း မိမိ၏ယုံကြည်ခြင်းကို သစ္စာရှိစွာ ထိန်းသိမ်းခဲ့သူတို့အတွက် မင်္ဂလာဖြစ်ခဲ့ရသည်။ ထိုမင်းသည်သက်တော် ရှစ်နှစ်အရွယ်မှာ နန်းတက်ခဲ့ပါသော်လည်း ]ထာ၀ရဘုရားသခင်ရှေ့တော်၌ တရား သောအမှုကိုပြု၍ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲ၊ အဘဒါဝိဒ်လိုက်သမျှသော လမ်းသို့လိုက်လေ၏။} (၄ရာ ၂၂း၂)။ လွန်ခဲ့သော မင်းဆက်များ၏ အမှားတို့ကို သူသည် သင်ခန်းစာယူကာ ကောင်းသောအရာကိုသာ ရွေးချယ် လုပ်ဆောင်ခဲ့လသည်။ ထိုနားထောင်မှုရှိခြင်းက ထာ၀ရဘုရားသခင်အတွက် ဂုဏ်ပြုအသုံးတော်ခံရန် တန်ဆာ ပလာတစ်ခုဖြစ်ခဲ့ရသည် မဟုတ်ပါလား။

               တိုင်းပြည်ကို ယောရှိမင်းစတင်အုပ်စိုးသည့်အခါမှာ ယခင်မင်းဆက်များက ကဲ့သို့လိုစိတ်စေတနာမှန်သောသူတို့သည် ဣသရေလတို့အား ပေးထားသော ဘုရား သခင်၏ ကတိတော်မြတ်မျာသည် အမှန်တကယ်ပင် ပြည့်စုံခြင်းမှရှိပါလေ‌စေ ဟု မေးခွန်းထုတ်ခဲ့ကြလေ၏။ ယခင်ရာစုနှစ်များအတွင်း ဖောက်ပြန်မှုကြီးများသည်လည်း အားကြီးနေကြဆဲပင်။ ဣသရေလမျိုးနွယ်ဆယ်စု တို့သည်လည်း တိုင်းတစ်ပါးမှာ ပြန့်ကျဲကာ နေထိုင်ကြရဆဲပင်။ ယုဒနှင့် ဗင်္ယာမိန် မျိုးနွယ်စုနှစ်စုသာ ယုဒပြည်မှာ ကျန်ရစ်နေသည်။ သို့သော်လည်း ယခုလိုအချိန်မျိုးမှာ တိုင်းပြည်၏အဖက်ဖက်တွင် ကျဆင်းဆုံးရှုံးမှုသည် အစွန်းအဖျားသို့ ရောက်ရှိနေပုံရ၏။ ပုရောဖက်များသော်မှ မိမိတို့၏ လှပမြို့တော်မှာပျက်စီးရတော့မည်ဟု ဟောကိန်းထုတ်ကြလေပြီ မဟုတ် လော။ ရှောလမုန်တည်ဆောက်သော လှပ၍ဂုဏ်ယူစရာ ဗိမာန်တော်ကြီးကား ရန်သူ တို့၏ ခြေချရာဖြစ်ပေတော့မည်။ ထာ၀ရဘုရားသခင်သည် ယခုလိုအခြေအနေမျိုးမှာ မိမိထံပြန်လှည့်၍ အားကိုးခိုလှုံ သူတို့အားဂရုစိုက်ကာ ဆင်းရဲခြင်းဘေးမှကယ်နုတ် ပါလိမ့်မည်လော။ ကောင်းမွန်သော နေ့ရက်များတို့ကို ထာ၀ရဘုရားသခင်၌ သစ္စာ ရှိသူတို့ မှန်းမျှော်နိုင်ကြပါဦးမည်လား။ ဤသို့စိုးရိမ်သည့်မေးခွန်းမျိုးကို ပုရောဖက် ဟဗက္ကုတ်ပင်မေးခဲ့ပါသည်။ ]အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ကြားတော် မမူဘဲ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော် မမူဘဲ အကျွန်ုပ်သည် အဓမ္မအမှုကိုခံ၍ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံးအော် ဟစ်ရပါမည်နည်း။ လုယူခြင်း၊ အနိုင်အထက်ပြုခြင်းအမှုသည် အကျွန်ုပ်ရှေ့မှာ အ ဘယ်ကြောင့်ရှိရပါသနည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း အဘယ်ကြောင့် လူ ချင်းပြုရပါသနည်း။ သို့ဖြစ်၍ တရားလျော့ပါ၏။ တရားသဖြင့် စီရင်ဆုံးဖြတ်ခြင်းမရှိပါ။ မတရားသောသူတို့သည် ဖြောင့်မတ်သောသူတို့ကိုဝိုင်းသောကြောင့် မတရားသဖြင့် စီရင်ဆုံးဖြတ်ကြပါ၏။} (ဟဗက္ကုတ် ၁း၂-၄)။

 

                                            

 

               ထာ၀ရဘုရားသခင်သည် မိမိ၌သစ္စာရှိသောသူတို့၏ တောင်းပန်သံကို အဖြေ ပေးပါသည်။ မိမိ၏ပြောရေးဆိုခွင့်ရှိသူ ပုရောဖက်အားဖြင့် တစ်ပါးသူတို့၏ နတ် ဘုရားကိုးကွယ်ပသမှုကိုပြု၍ မိမိ၏သားသမီးတို့အား ယဇ်ပူဇော်သော လူမျိုးအား ဆုံးမပဲ့ပြင်ရန် ထာ၀ရဘုရားသခင်ဆုံးဖြတ်ထားသည်ကို သိမြင်စေပါပြီ။ ယုဒလူသည် မိမိတို့၏ရှေ့ရေးကို သိမြင်လိုသဖြင့် နတ်ဘုရားတို့အား မေးကြသူများကိုလည်း ယုဒ ပြည်သို့ ခါလဒဲလူတို့ကို ချဉ်းနင်းဝင်ရောက်စေခြင်းဖြင့် ကြာပွတ်နှင့် ရိုက်ဒဏ်ကို ခံစားစေခဲ့ပါသည်။ ပြည်တော်ရှိလှပအမျိုးသမီး၊ အမျိုးသား၊ မင်းညီမင်းသားတို့သည် လည်း ဗာဗုလုန်တိုင်းပြည်သို့ သုံ့ပန်းအဖြစ်သယ်ဆောင်ခြင်းကိုခံခဲ့ရ၏။ ယုဒမြို့ကြီးများ၊ ကျေးရွာဇနပုဒ်များ၊ ထွန်ယက်စိုက်ပျိုးရာ လယ်ယာမြေများတို့သည်လည်း လူသူမနေ၊ တောရိုင်းတိရစ္ဆာန်တို့ အိပ်စက်ရာနေရာ ဖြစ်ခဲ့ရပါသည်။

 

ဟဗက္ကုတ်သည် ထာ၀ရဘုရားသခင်ကို ဦးညွှတ်အပ်နှံလိုက်ခြင်း

               ]အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ ဘုရားသခင်၊ သန့်ရှင်းတော်မူသော ဘုရားသခင်၊ ကိုယ်တော်သည် နိစ္စထာ၀ရတည်တော်မူသည် မဟုတ်လော} ဟု ဟဗက္ကုတ်က ကြွေးကြော်ခဲ့ပါသည်။ ထိုနောက်သူသည် ဘုရားသခင်ပေးသနားတော် မူသော ကတိတော်မြတ်တို့ကိုမှီးလျက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို ဖော် ကျူးကာ ]အကျွန်ုပ်တို့သည် သေခြင်းနှင့် ကင်းလွတ်ကြပါမည်} ဟု ထပ်ဆင့် ကာကြွေးကြော်ခဲ့ပါ၏။ (ငယ် ၁၂)။ ဤယုံကြည်ခြင်း ကြွေးကြော်သံနှင့်အတူ ပုရော ဖက်သည် ယုံကြည်သူ ဣသရေလတို့အားသနားခြင်း ကရုဏာအရာမှာ ကြွယ်၀လှ စွာသော ထာ၀ရဘုရားသခင်၏ လက်တော်တွင်းသို့ ကိစ္စရပ်တစ်ခုလုံကို အပ်နှင်း လိုက်ပါသည်။

               ဤသို့ ယုံကြည်ခြင်းကို ကြီးမားလာအောင် လေ့ကျင့်ပေးရာ၌ ဟဗက္ကုတ် အတွက် တစ်ခုတည်းသော အတွေ့အကြုံသာမဟုတ်သေးပါ။ တစ်ခုသောအကျိုး ဆက်ကို ရယူခံစားနေချိန်မှာ ပုရောဖက်သည် ဤသို့ပြောခဲ့ပေသည်။ ]ငါသည် ငါ့လင့် စင်ပေါ်မှာရပ်လျက်၊ ရဲတိုက်၌ အမြဲနေလျက် ငါ့အားအဘယ်သို့ မိန့်တော်မူမည် ကိုလည်းကောင်း၊ အပြစ်တင်လျှင် အဘယ်သို့ ပြန်လျှောက်ရမည်ကိုလည်းကောင်း ငါစောင့်၍နေစဉ်တွင်} ထာ၀ရဘုရားသခင်သည် ဖြည်းညင်းစွာ အဖြေပေးသည်ကာ ]ဖတ်သောသူသည် ပြေးလျက်ဖတ်နိုင်အောင် (ဗျာဒိတ်ရူပါရုံ) ထာ၀ရဘုရားသခင် ဖော်ပြတော်မူသော မြင်ကွင်းကို သင်ပုန်းပေါ်မှာ အက္ခရာတင်၍ ရေးမှတ်လော။ ထိုမြင်ကွင်းသည် ချိန်ချက်သော အချိန်နှင့် ဆိုင်၍ အမှုကုန်ရသော ကာလကို ဆိုလို၏။ မုသားနှင့် ကင်းလွတ်၏။ ဆိုင်းသော်လည်း မျှော်လင့်လော့။ နောက်မကျဘဲ ဧကန် အမှန်ရောက်လိမ့်မည်။ စိတ်မြင့်သောသူသည် သဘောမဖြောင့်။ ဖြောင့်မတ်သော သူမူကား မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။} (ဟဗက္ကုတ် ၂း၁-၄)။

 

ယုံကြည်ခြင်းသည် ယနေ့ဘုရားသခင်၏ လူတို့ကို

စောင့်ထိန်းလိမ့်မည်ဖြစ်ခြင်း

               ပုရောဖက်ဟဗက္ကုတ်ကို ခဲရာခဲဆစ်ကာလများမှာ ခွန်အားနှင့် ပြည့်စေသော ယုံကြည်ခြင်းမျိုးသည် ယနေ့ထာ၀ရဘုရားသခင်၏ လူတို့မှာလည်း လိုအပ်နေ၏။ ထိုယုံကြည်ခြင်းသည်သာ ကျွန်ုပ်တို့ကို စောင့်ထိန်းပေးလိမ့်မည် မဟုတ်ပါလား။ အခက်ခဲဆုံးအခြေအနေမျိုးမှာ ယုံကြည်သူ ကျွန်ုပ်တို့သည် အလင်းနှင့် စွမ်းအားတို့၏ ဇစ်မြစ်သခင် အပေါ်မှီခိုအားထားရပါမည်။ သို့ပြုမှသာ ထိုသူ၏ ရဲစွမ်းသတ္တိသည် ပြန်လည်ဆန်းသစ်လာမည် ဖြစ်၏။ ]ဖြောင့်မတ်သောသူသည် မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။} ]ထာ၀ရဘုရားသခင်ကို အားကိုးခိုလှုံလျက် အမြင့်ဆုံးသို့ ကြံ စည်ကျင့်ဆောင်ကြပါစို့။ ထိုသခင်သည် ကျွန်ုပ်တို့လိုအပ်သလို ဉာဏ်ပညာ ကိုပေး ပါလိမ့်မည်။}

               ထာ၀ရဘုရားသခင်၏ ကတိတော်ကို တောင့်တလျက် ယုံကြည်ခြင်းကို ပျိုး ထောင်ကာ ထိုသခင်၏ ချိန်ချက်ရာ အချိန်နှင့် ခရီးလမ်းကို ကယ်တင်ခြင်းအတွက် စောင့်မျှော်ကြပါစို့။ ကျွန်ုပ်တို့၏ ကယ်တင်ပိုင်သူသည် ဘုရင်တကာ့ဘုရင်၊ သခင် တကာ့သခင်အဖြစ်ကြွဆင်းလာတော်မူသောအခါ နှုတ်ကပတ်တော်က ပြောထားသော ပုရောဖက်စကားသည် အပြီးပိုင်ပြည့်စုံလာပါလိမ့်မည်။ စောင့်မျှော်ချိန်မှာ ကြာကောင်း ကြပါလိမ့်မည်။ သို့သော်လည်း စိတ်ဓါတ်မကျစေနှင့်။ ယုဒပြည်မှာ ဖောက်ပြန်မှု များခေတ်စားခဲ့ချိန်က ပုရောဖက်တို့ကြိုးစား၍ ရဲတင်းစေဖို့ တိုက်တွန်းခဲ့သကဲ့သို့ ကျွန်ုပ် တို့သည်လည်း ]ထာ၀ရဘုရားသခင်သည် သန့်ရှင်းသော ဗိမာန်တော်၌ ရှိတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့} ဟု ကြွေးကြော်ကြပါစို့ လား။ (ငယ် ၂၀)။

 

               အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ ဖော်ပြချက်အသံ တော်ကိုကြား၍ ကြောက်ရွံ့ပါပြီ။ အိုထာ၀ရဘုရားသခင်၊ ယခုနှစ်များအတွင်းတွင် ထင်ရှားစေတော်မူပါ။ ယခုနှစ်များအတွင်းတွင် အမှုတော်ကို ပြုပြင်တော်မူပါ။ အမျက် ထွက်တော်မူသော်လည်း ကရုဏာတရားကို အောက်မေ့တော်မူပါ။ (ဟဗက္ကုတ် ၃း၂)။

 

               သင်္ဘောသဖန်းပင်မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မျှော်လင့် ၍ မခံရ၊ လယ်တို့သည် အသီးအနှံကိုမပေးရ၊ သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌နွားမရှိရ။ သို့သော်လည်း ထာ၀ရဘုရားသခင်၌ ငါဝမ်းမြောက်၍ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြုလျက်ရွင်လန်းမည်။ ထာ၀ရဘုရားသခင်သည် ငါ၏အစွမ်း သတ္တိဖြစ်တော်မူ၏။ (ဟဗက္ကုတ် ၃း၁၇-၁၉)။

 

               ဤသို့သော မျှော်လင့်စရာ သတင်းစကားနှင့် လတ်တလောတရားစီရင်ခြင်း အမှုမှာ အောင်ပွဲခံရသော အဖြစ်ကို ပုရောဖက်ဟဗက္ကုတ်တစ်ဦးတည်း အားဖြင့်သာ ထာ၀ရဘုရားသခင်ဖော်ကျူးစေသည် မဟုတ်ပါ။ ရှင်ဘုရင်ယောရှိ လက်ထက်မှာလည်း ထာ၀ရဘုရားသည် ပုရောဖက်ဇေဖနိအားဖြင့် ဖောက်ပြန်လမ်းလွဲခြင်း၏ ဆိုးကျိုးတစ် ဖက်ကမ်းမှာ ဘုန်းရောက်ထွန်းတောက်သော အလားလာကောင်းများရှိနေကြာင်းကို ဖော်ကျူးစေပါသည်။ ထိုစဉ်အခါက ဖော်ပြခဲ့သော တရားစီရင်ခြင်းဖြစ်ရပ်မှန် ပုရော ဖက်စကားချက်များသည် ခရစ်တော်ယေရှု ဒုတိယအကြိမ် ပြန်လည်ကြွဆင်းလာ မည့်အချိန် ဤလောကကမ္ဘာကြီးအား တရားစီရင်မည့်ဖြစ်ရပ်မှန် ပုရောဖက်စကား ချက်နှင့် ထပ်တူထပ်မျှ ညီညွတ်နေသည်ကို ကျွန်ုပ်တို့ သတိချပ်နိုင်ကြပါသည်။

 

               ထာ၀ရဘုရားသခင်၏နေ့ကြီးနီးပြီ၊ နီးပြီ။ အလျင်အမြန်လာ၏။ ထာ၀ရဘုရား သခင်၏နေ့သတင်းသည် နား၌ခါး၏။ ထိုနေ့၌ သူရဲသည်  အော်ဟစ်လိမ့်မည်။

               ထိုနေ့သည် အမျက်ထွက်သော နေ့၊ ဆင်းရဲပူပန်ခြင်းကို ခံရသောနေ့၊ သုတ် သင်ပယ်ရှင်းဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောက်မိုက်သောနေ့၊ မိုးအုံ့၍ ထူထပ်သော မှောင်မိုက်ဖုံးလွှမ်းသောနေ့၊ ခိုင်ခံသောမြို့၊ မြင့်သောရဲတိုက်တို့တစ်ဖက်၌ တံပိုးမှုတ်၍ ကြွေးကြော်ရာ နေ့ဖြစ်၏။ (ဇေဖနိ ၁း၁၄-၁၆)။

 

               ]ထာ၀ရဘုရားသခင် အမျက်တော်ထွက်တော်မူသောနေ့၌ သူတို့ ရွှေ၊ ငွေသည် သူတို့ကို မကယ်တင်နိုင်ရာ။ ဒေါသအမျက်တော်မီးသည် တစ်ပြည်လုံးကို လောင် လိမ့်မည်။ ပြည်သူပြည်သားအပေါင်းတို့ကို အလျင်အမြန်စီရင်၍ အကုန်အစင်သုတ် သင်ပယ်ရှင်းတော်မူလိမ့်မည်။} (ငယ်  ၁၇၊ ၁၈)။

 

               တရားတော်အတိုင်းကျင့်၍ စိတ်နှိမ့်ချသော ပြည်သူပြည်သားအပေါင်းတို့၊ ထာ၀ရဘုရားသခင်ကို ရှာကြလော။ ဖြောင့်မတ်ခြင်းနှင့် စိတ်ချခြင်းကိုလည်း ရှာကြ လော့။ ထာ၀ရဘုရားသခင်အမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာ ကို တွေ့ကောင်းတွေ့ကြလိမ့်မည်။ (ဇေဖနိ ၂း၁၊ ၃)။

မစိုးရိမ်နှင့်ဟ ယေရုရှင်မြို့အားလည်းကောင်း၊ လက်အားမလျှော့စေနှင့်ဟု ဇိအုန်တောင်အားလည်းကောင်း ထိုအခါဆိုရ၏။ သင်၏ဘုရားသခင်ထာ၀ဘုရားသည် သင့်အလယ်၌ရှိ၍ တန်ခိုးကြီးသောဘုရားသခင်သည်သင့်ကို ကယ်တင်တော်မူလိမ့် မည်။ ချစ်ခြင်းမေတ္တာ၌ကျိန်ဝပ်၍ သီချင်းဆိုခြင်းနှင့်တကွ သင်၌ဝမ်းမြောက်တော်မူ လိမ့်မည်။ (ဇေဖနိ ၃း၁၆၊ ၁၇)။

 

 

                                                                          

No comments:

Post a Comment