Tuesday, March 10, 2026

အခန်း (၃၇)

နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးခဲ့သောဇေဒကိမင်း

 

               ဇေဒကိမင်းနန်းစံကိုးနှစ်တွင် ]ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့စစ်ချီကာ ဝန်းရံခဲ့ပါသည်}။ (၄ရာ ၂၅း၁)။ အ မြင်အားဖြင့် ယုဒပြည်ကားမလွယ်တော့ပါ။ မျှော်လင့်လျက် မရှိဖြစ်နေပါ၏။ ထာ၀ရ ဘုရားသခင်ကိုယ်တော်တိုင်က ပုရောဖက်ယေဇကျေလအားဖြင့် ]ငါသည် သင့်ကိုရန် ဘက်ပြုလျက်နေပြီ၊} ]သင့်အပေါ်သို့ ငါ့အမျက်တော်ကိုငါသွန်းလောင်းမည်။ ငါ့ဒေါသ မီးဖြင့် သင့်ကိုမှုတ်မည်။ ကြမ်းတမ်းသောသဘောရှိ၍ ဖျက်ဆီးတတ်သောသူတို့လက် သို့အပ်မည်} (ယေဇကျေလ ၂၁း၃၊ ၅၊ ၇၊ ၃၂) ဟု မိန့်တော်မူခဲ့ပြီးလေပြီ။

               အီဂျစ်တပ်မတော်သည်လည်း ယုဒပြည်ကို လာရောက်ကယ်တင်ရန် ကြိုးစား ကြပါ၏။ ထိုအခါ ခါလဒဲစစ်သည်တော်တို့သည် အခိုက်အတန့်ရှောင်သည့် သဘော နှင့်မြို့ကို ဝန်းရံထားရာမှ တပ်ဆုတ်ပေးလိုက်ပါသည်။ ဤသည်ကို ဇေဒကိမင်းက မျှော် လင့်ချက်ရောက်ခြည်သန့်သည်ဟု ထင်မှတ်ကာ ယေရမိပုရောဖက်ထံသို့ လူကိုစေ လွှတ်လျက် ဟေဗြဲလူမျိုးတို့အတွက် ထာ၀ရဘုရားသခင်ထံတော်မှာ ဆုတောင်းပေး ပါမည် အကြောင်း တောင်းပန်ခဲ့ပါသည်။

               ထိုတောင်းခံချက်အတွက် ပုရောဖက်က စိုးရိမ်စရာအဖြေကိုပေးလိုက်ပါ၏။ ]ထာ၀ရဘုရားသခင်မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ခါလဒဲလူတို့သည် ငါတို့ထံမှ ထွက်သွားကြလိမ့်မည်ဟုဆို၍ ကိုယ်ကိုကိုယ် မလှည့်စားကြနှင့်။ သူတို့သည်ထွက် ၍မသွားရကြ။ ထိုမျှမက သင်တို့ကို စစ်တိုက်သောခါလဒဲစစ်သူရဲအပေါင်းတို့ကို သင်တို့ သည် လုပ်ကြံသဖြင့် သူတို့တွင် ဒဏ်ချက်ထိသော သူသက်သက်ကြွင်းသော်လည်း သူတို့သည် အသီးသီးမိမိတို့တဲ၌ထ၍ ဤမြို့ကို မီးရှို့ရကြလိမ့်မည်။} (ယေရမိ ၃၇း၉၊ ၁၀)။ ယုဒလူမျိုးအကျန်အကြွင်းတို့သည် စစ်သုံ့ပန်းများအဖြစ် တစ်ပါးတိုင်းနိုင်ငံသို့ ဆင်းရဲပင်ပန်းလျက်ပါသွားရကြမည်။ ဖြစ်ရပ်မှန်ကား၊ ထိုယုဒလူမျိုးသည် ကောင်းသော အချိန်နှင့် အခြေအနေများအောက်မှာ သင်ခန်းစာကိုမဆည်းပူး၊ ငြင်းပယ်ခဲ့သဖြင့် ယခု လိုကြမ်းတမ်းခက်ထန်သော အခြေအနေများအောက်မှာ သင်ခန်းစာ ယူနေရခြင်းဖြစ် ပေသည်။

               ယေရုရှလင်မြို့တွင် ဤလိုအချိန်အခါမျိုးမှာ လူဖြောင့်မတ်တွေတော့ ကျန်ရှိ နေပါသေးသည်။ ထိုသူတို့သည် မိမိတို့တန်ဖိုးထားချစ်မြတ်နိုးသော ပညတ်တော်ဆယ် ပါး ကမ္ဗည်းထိုးရေးသားကာ ထည့်သိမ်းထားသည့် ပဋိညာဉ်သေတ္တာတော်ကိုသနားခြင်း ကရုဏာမဲ့၊ ရက်စက်သော စရိုက်ကြမ်းလူဆိုးသွမ်းတွေ၏ လက်ထဲမှာမရှိစေလို၍ မတွေ့မြင်နိုင်သော နေရာမှာ ဝှက်ထားမည်ဟု ဆုံးဖြတ်ကာ ငိုကြွေးမြည်တမ်းစွာဖြင့် သေတ္တာတော်ကို လှိုင်ဂူတစ်ခုထဲတွင် လျှို့ဝှက်စွာ သယ်ဆောင်ထားရှိခဲ့ပါသည်။ အပြစ် ကြီးလှပါသောကြောင့် ဣသရေလလူတို့သည် ပဋိညာဉ်သေတ္တာတော်နှင့် ဝေးနေရ ပြီကော။ နောင်ကိုလည်း ဘယ်သောအခါမျှ ပြန်လည်မြင်တွေ့ရရှိတော့မည်မဟုတ်ပါ။ ယခုတိုင် ထိုသေတ္တာတော်မှာ လူမြင်ကွင်းမှ ကွယ်ဝှက်ထားလျက်ရှိနေပါသေးသည်။

               ယခုမှာ ကံဆိုးမိုးမှောင်ကျရောက်တော့မည့် ရွှေမြို့တော် ယေရုရှလင်သည် ကန္တာရလူကြမ်းတိုင်းတစ်ပါးသားတို့၏ လက်ထဲသို့ မရှုမလှသက်ရောက်ရပေတော့မည်။ ယေရမိကား မိမိပြုရမည့်အလုပ်ကိုပြုခဲ့ပြီဟု မှတ်ယူလျက် တစ်နေရာသို့ ထွက်ခွါ သွားရန် ကြိုးစားသည်တွင် တစ်ဦးသောသူက ယေရမိသည် သစ္စာဖောက်ကာ ဗာဗုလုန် စစ်သူရဲများနှင့် ပူးပေါင်းရန်ကြံစည်နေသည်ဟု သတင်းကိုထုတ်လွှင့်လေသည်။ ထို မမှန်မကန်သတင်းကြောင့် ယေရမိသည် မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် စွပ် စွဲချက်ကို ငြင်းပယ်ပါသော်လည်း ]မင်းများတို့သည်အမျက်ထွက်၍ ယေရမိကို ရိုက် ပြီးမှာ စာရေးတော်ယောနသန်၏အိမ်၌ လှောင်ထားကြ၏။} (ငယ် ၁၅)။

               ထိုအချိန်မှာ နေဗုခဒ်နေဇာဧက္ကရာဇ်မင်းကြီး၏ စစ်သူရဲတို့သည် အီဂျစ်တပ် မဟာတို့ကို ရင်ဆိုင်မည်ဟု ထိုးစစ်ဆင်သောအခါတွင်မူကား ယုဒလူတို့မျှော်လင့်ခဲ့ ရသည်များ သဲထဲရေသွန်ဖြစ်ခဲ့ရပါသည်။ ကျမ်းမှတ်တမ်းကိုဖတ်ပါ။ ]ဗာဗုလုန်ရှင်ဘုရင် ၏ လက်ရုံးတို့ကိုငါခိုင်မာစေမည်။ ဖာရောဘုရင်၏ လက်မူကား အောက်သို့ကျလိမ့်မည်။ ငါ့ဓါးကို ဗာဗုလုန်ရှင်ဘုရင်လက်၌ငါအပ်၍ သူသည် အီဂျစ်ပြည်ကို ထိုဓါးနှင့်ခုတ် သောအခါ ငါသည် ထာ၀ရဘုရားသခင်ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။} (ယေဇကျေလ ၂၉း၃၊ ၆၊ ၃ဝး ၂၅)။

 

ရှင်ဘုရင်၏အထူးလျှို့ဝှက်စွာ ချိန်းတွေ့ခြင်း

               ယုဒမင်းတို့သည် အီဂျစ်ပြည်မှာအကူအညီကို မျှော်လင့်၍မရတော့ပြီ။ ဇေဒကိ မင်းမူကား ထောင်ချအကျဉ်းခံနေရသော ဘုရားသခင်၏ပုရောဖက်ကို သတိရနေသည်။ ရက်ပေါင်းများစွာကြာလတ်သော် ရှင်ဘုရင်သည် လူကိုစေလွှတ်၍ ယေရမိကိုနုတ်ပြီးမှာ လျှို့ဝှက်စွာ တွေ့ဆုံ၍ ]ထာ၀ရဘုရားသခင်၏ နှုတ်ထွက်စကားတော်ရှိသလောဟု နန်းတော်၌ တိတ်ဆိတ်စွာမေးမြန်းလျှင် ယေရမိက နှုတ်ထွက်စကားတော်ရှိပါ၏။ ကိုယ် တော်သည် ဗာဗုလုန်ရှင်ဘုရင်လက်သို့ ရောက်ပါလိမ့်မည်ဟု ပြန်လျှောက်၏။

               ]တစ်ဖန်ယေရမိက ဗာဗုလုန်ရှင်ဘုရင်သည် သင်တို့နှင့် ဤပြည်ကို မတိုက် မလာရဟုဟောပြောသော သင်တို့၏ပုရောဖက်တို့သည် ယခုအဘယ်မှာ ရှိကြသနည်း။ သို့ဖြစ်၍ အကျွန်ုပ်သခင်မင်းကြီး၊ နားထောင်တော်မူပါ။ အကျွန်ုပ်ကို သေစေခြင်းငှါ စာရေးတော်ယောနသန်အိမ်သို့ ပြန်စေတော်မမူပါနှင့်ဟု ဇေဒကိမင်းကြီးကို လျှောက် ဆို၏။ ထိုအခါ ဇေဒကိမင်းကြီးအမိန့်တော်ရှိ၍ ယေရမိကို ထောင်ဝင်း၌ ထားကြ၏။ မြို့တွင် မုန့်မကုန်မီတိုင်အောင် မုန့်သည်တန်းမှ မုန့်တစ်လုံးကို နေ့တိုင်းအစဉ်ပေးရ၏။ ထိုသို့ ယေရမိသည် ထောင်ဝင်းထဲမှာနေလေ၏။} (ယေရမိ ၃၇း ၁၇-၂၁)။

               ရှင်ဘုရင်သည် ယေရမိကိုအားကိုးကြောင်း ပွင့်လင်းစွာမဖော်ပြဝံ့ပေ။ ဤသို့ နှစ်ဦးချင်းဆုံတွေ့၍ သတင်းအလုံးစုံကို မေးမြန်းသည်ကိုပင် ဘုရင်သည် စိုးရိမ်နေ မိသည်။ အကြောင်းမူကား၊ ဤသို့ပြုသည်ကို ယုဒမင်းများနှင့် လူအပေါင်းတို့သည် အလို မတူ၊ မသင့်လျော်ဟု မှတ်ယူကြပါသသည်။ ပုရောဖက်ပြောသလို ထာ၀ရဘုရားသခင် ၏ အလိုတော်ကိုဝန်ခံ၍ လက်နက်ချလော့ဟူသည်မှာ ယုဒ မင်းညီမင်းသားတို့၏ ပေါ်လစီမူစည်းကမ်းနှင့် မကိုက်ညီပါချေ။

               သို့ပါသော်လည်းယေရမိသည် ဗာဗုလုန်ရှင်ဘုရင်ထံအညံ့ခံရန်ကိုပင် ဆက် လက်ကာ အကြံပြုပေသည်။ ]ထာ၀ရဘုရားသခင် မိန့်တော်မူသည်ကား၊ ဤမြို့ထဲမှာ နေသောသူသည် ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့် သေသိမ့်မည်။ ခါလဒဲလူတို့ဘက်သို့ ထွက်သွားသောသူသည် အသက်ချမ်းသာရလိမ့်မည်။} (ယေရမိ ၃၈း၂၊ ၃)။

               ဤအကြံကို ယုဒမင်းညီမင်းသား၊ နန်းတော်သားအပေါင်းတို့သည် သဘော မတူကြ။ မိမိတို့၏ ဒူးမထောက်အရှုံးမပေးပေါ်လစီမူနှင့် ဆန့်ကျင်နေရကား ကြီးစွာသော အမျက်ဒေါသထွက်ကြ၏။ ရှင်ဘုရင်ရှေ့မှာလည်း ဆန့်ကျင့်မှုကြီးပြုကြရုံမျှမက ယေရ မိသေရမည်ဟု ကြိမ်းမောင်းကြပါသည်။

 

ယေရမိအသက်ကို သူ့မိတ်ဆွေများက ကယ်တင်လိုက်ခြင်း

               သူရဲဘောကြောင်သောရှင်ဘုရင်ကြီးသည် ယေရမိအပေါ်မှာတင်သော စွဲချက် သည် မှားကြောင်းကို သိနေပါသော်လည်း တိုင်းပြည်မှာ ဩဇာလွှမ်းမိုးနေသာ  အထက် တန်းလွှာတို့၏ အမျက်ပြေရာပြေကြောင်း ရည်ရွယ်ချက်နှင့် ယေရမိကိုသူတို့စိတ်ကျေ နပ်မည် ထင်သလိုလုပ်ရန် သူတို့လက်ထဲသို့အပ်နှင်းလိုက်လေသည်။ ]ထိုအခါပုရော ဖက်ကိုယူ၍ ထောင်ဝင်းထဲမှာရှိသော သားတော်မာလခိ၏မြေတွင်း၌ ကြိုးနှင့်လျှော်ချ ကြ၏။  ထိုမြေတွင်း၌ ရေမရှိ၊ ရွှံ့သာရှိ၍ ယေရမိသည် ရွှံ့၌ကျွံလျက်နေ၏။} (ငယ် ၆)။

               တစ်ဖန် ဇေဒကိမင်းကြီးသည် လူကိုစေလွှတ်၍ ယေရုရှလင်မြို့တော်နှင့်ပတ် သက်၍ ထာ၀ရဘုရားသခင်၏ အကြံတော်မည်သို့ ရှိသည်ကိုသိရန် ပြန်လည်မေးမြန်း ခဲ့လေသည်။ ]ယေရမိက၊ အကျွန်ုပ်လျှောက်လျှင်            အကျွန်ုပ်ကုမသတ်ဘဲ အမှန်နေ တော်မူမည်လော၊ အကျွန်ုပ်သည်အကြံပေးလျှင် အကျွန်ုပ်စကားကို နားထောင်တော် မူမည်လောဟု ဇေဒကိကိုမေးလျှောက်လေသည်။} ရှင်ဘုရင်သည်လည်း ယေရမိကို လိုရင်းတိုရှင်း ကတိကဝတ်ပြုလိုက်ပါသည်။ ]ထာ၀ရဘုရားသခင် အသက်ရှင်တော် မူသည်အတိုင်း သင့်ကိုငါမသတ်။ သင့်အသက်ကို ရှာသောထိုလူတို့လက်သို့ သင့်ကို ငါမအပ်ဟု ယေရမိအားတိတ်ဆိတ်စွာ ကျိန်ဆိုလေ၏။} (ငယ် ၁၅၊ ၁၆)။

               ဤတွင် ရှင်ဘုရင်ကြီးအတွက်သတိပေးချက်ကို သတိပြုတုံ့ပြန်ရန် အခွင့် အရေးကို ရရှိနေဆဲဖြစ်၏။ ထိုသို့ပြုလျှင် မြို့တော်နှင့်ပြည်တော်တစ်ခုလုံးသည် ဘုရား သခင်၏သနားခြင်း ကရုဏာတော်ကို ခံစားရကောင်းခံစားရမည်မဟုတ်ပါလား။ ယေရမိ ကလည်း၊ ဣသရေလအမျိုး၏ ကောင်းကင်ဗိုလ်ခြေထာ၀ရဘုရားသခင် မိန့်တော်မူ သည်ကား၊ ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင်၏ မÈ;မတ်တို့ထံသို့ အမှန်ထွက် သွားလျှင် အသက်ချမ်းသာရတော်မူမည်။ ဤမြို့သည်လည်း မီးရှို့ခြင်းနှင့် လွတ်လိမ့် မည်။ ကိုယ်တော်နှင့်တကွ ဆွေတော်မျိုးတော်တို့သည် အသက်ချမ်းသာရကြလိမ့်မည်၊ (သို့မဟုတ်) ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင်၏ မÈ;မတ်တို့ထံသို့ မထွက်မသွားလျှင် ဤမြို့ကို ခါလဒဲလူတို့လက်သို့အပ်၍ သူတို့သည်မီးရှို့ကြလိမ်မည်။ ကိုယ်တော်သည် လည်း သူတို့လက်နှင့် မလွတ်ရဟုဇေဒကိကို လျှောက်ဆို၏။} (ငယ် ၁၇၊ ၁၈)။

               မင်းကြီးမလည်း ]ခါလဒဲလူတို့ဘက်သို့ ကူးသွားသောယုဒလူတို့ကို ငါကြောက် ၏။ ငါ့ကိုသူတို့လက်သို့အပ်၍ ငါသည်ကဲ့ရဲ့ခြင်းကိုခံရမည် စိုးရိမ်သည်ဟုဆိုလျှင် ယေရမိက၊ ကိုယ်တော်ကိုမအပ်ရဟု ကတိပြုခဲ့ပါသည်။ ၎င်းနောက် မင်းကြီးအားစိတ် အားကြီးစွာဖြင့် အပူတပြင်းမရမက တောင်းပန်လိုက်သည်မှာ၊ ]အကျွန်ုပ်ဆင့်ဆိုသော ထာ၀ရဘုရားသခင်၏ အမိန့်တော်ကို နားထောင်တော်မူပါ။ ထိုသို့ပြုလျှင် ချမ်းသာရ၍ အသက်ရှင်တော်မူမည်။} (ငယ် ၁၉၊ ၂၀)။

               အကယ်၍သာ မင်းကြီးသည် ထာ၀ရဘုရားသခင်၏ စကားတော်ကို နားထောင် ခဲ့ပါမူ၊ လူများစွာ၏အသက်သည် ချမ်းသာရမည်မကသေးဘဲ မြို့တော်ယေရုရှလင် သည်လည်း ဟုန်းဟုန်းတောက်နေသော မီးတောက်မီးလျှံထဲမှာ ပျောက်ကွယ်သွား ရမည်မဟုတ်ပါချေ။ သို့သော်လည်း၊ မင်းကြီးသည် မိမိသဘောနှင့် လျှောက်လှမ်းခဲ့ သည်မှာ မိမိခြေကို ပြန်ရုတ်ယူ၍ မရနိုင်အောင်ဖြစ်ခဲ့ရလေပြီ။ သူသည် တစ်ပါးသူတို့၏ ရှေ့မှာ သရော်ဖွယ်ရာဖြစ်၍ ပြောင်လှောင်ကြမည်ကိုကြောက်၏။ မိမိ၌အသက်ဘေး လည်းရှိလေသည်။ ထာ၀ရဘုရားသခင်ကို ပုန်ကန်ခဲ့သည်မှာ နှစ်ပေါင်းများခဲ့ပြီဖြစ် ၍လည်း ဇေဒကိုသည် လူအပေါင်းတို့အား၊ ]ငါသည်ယခုတွင် ထာ၀ရဘုရားသခင်၏ နှုတ်တော်ထွက်စကားကို လက်ခံပါပြီ။ ပုရောဖက် ယေရမိအားဖြင့် မိန့်တော်မူသလိုပင် ငါသည် ဝန်ခံတော့အံ။ ရန်သူတို့အားလည်း ဖြစ်ချင်ရာဖြစ်အနေနှင့် စွန့်စွန့်စားစား စိတ်ဓါတ်ဖြင့်တိုက်ပွဲကို မဝင်နွှဲလိုတော့ပြီ။ ကြောက်လှပါ၏}ဟုဆိုရမည်မှာ ဇေဒကိ မင်းကြီးအဖို့ ယုတ်ညံ့သိမ်ဖျင်း၊ နိမ့်ကျလွန်သည်ဟု မှတ်ယူမိလေသည်။

 

အကျင့်ခံနိုင်ရည်စွမ်းအားမရှိသောဇေဒကိမင်း

               ပုရောဖက်ယေရမိသည်မျက်ရည်ကျလျက် ဇေဒကိမင်းကြီးအား မိမိ (ဘုရင်) ၏အသက်နှင့် တိုင်းသူပြည်သားတို့၏ အသက်ကို ကယ်တင်ပါရန် မရမကအသနား ခံတောင်းပန်ခဲ့ပါသည်။ ထပ်မံ၍သေသေချာချာ ပြောထားသည်မှာလည်း၊ အကယ် ၍သာ ရှင်ဘုရင်သည် ထာ၀ရဘုရားသခင်၏ ပေးသနားတော်မူသောအကြံတော်ကို ဂရုစိုက်၊ နားမထောင်ပါက ရှင်ဘုရင်အသက်နှင့် မိမိပိုင်ဆိုင်မှုအားလုံးတို့မှာ ဗာဗုလုန် စစ်သူရဲတို့၏ လက်ထဲသို့ ကျရောက်မည်ဖြစ်ကြောင် အတိအလင်းပြောခဲ့ပါလေပြီ။ သို့ သော်လည်း ရှင်ဘုရင်သည် နောက်ဆုတ်ရန်ခက်လှ၏။ ပုရောဖက် အတုအယောင် များတို့၏စကားကို နားထောင်မည်ဟုဆုံးဖြတ်လိုက်သည်။ ဤသို့လျှင်သူသည် လူထု ပရိသတ်တို့၏အကြံအစဉ်တို့ အောက်ဝယ်ခယလျှိုးဝပ်လျှို့တတ်သူ တစ်ယောက်ဖြစ် နေပြီကော။ ထိုမင်းသည် အပြစ်မကောင်းမှုကို ဆက်လက်လုပ်ဆောင်ရန် ကြိုတင် စီမံရည်ရွယ်ချက်မရှိဘဲဖြစ်သလို အမှန်တရားအတွက်ရဲဝံ့စွာ ရပ်တည်ပါတော့မည်ဟူ သော အဓိဌာန်နှင့်လည်း မဟုတ်ပါချေ။ ခက်လှချေ၏တကား။

               ရှင်ဘုရင်သည် မိမိနှင့် ပုရောဖက်ယေရမိတို့ တွေ့ဆုံစကားပြော ခဲ့သည်ကိုပင် ပြည်သူလူထုထားအား အသိမပေးလိုပါ။ ဤမျှလောက်ပင် အားနည်း၍နေပါ၏။ အ ကယ်၍သာ ဇေဒကိမင်းကြီးသည် ပုရောဖက်၏စကားတို့ကို ယုံကြည်ပါ၏ဟု ရဲဝံ့စွာ ကြေညာလိုက်ချေက အလုပ်မှာ တစ်ဝက်မျှပင် ပြီးစီးသွားပေမည်။ ပြည်တော်မှာ သူ့ကျွန်ဘ၀မှလွှဲဖယ်သွားနိုင်ပါ၏။ မင်းကြီးပြောဆိုသင့်သည်မှာ၊ ငါသည် ထာ၀ရဘုရား သခင်၏ စကားတော်ကိုနားထောင်၍ ပြည်တော်ကိုလုံး၀ပျက်စီးခြင်းဘေးမှ ကယ်နုတ် ရပါအံ့။ ငါသည်အမှန်တရားကို ချစ်မြတ်နိုး၏။ ငါသည်အပြစ်ကို ရွံရှာမုန်းတီးသဖြင့် တန်ခိုးရှိသူဣသရေလ၏ ထာ၀ရဘုရားသခင်၏ အကြံတော်နောက်သို့ လိုက်ပါရဟူ၍ ပြောဆိုအပ်သည် မဟုတ်လော။

               ထိုသို့ပြုသော် ဇေဒကိ၏ ရဲဝံ့သောသတ္တိကို ပြည်သူတို့သည် လေးစားလာမည်။ ယုံကြည်ခြင်းနှင့် သံသယစပ်ကြားရှိနေကြသူများလည်း အမှန်တရားဘက်မှာ မားမား မတ်မတ်ရပ်တည်လာမည်။ ကြောက်ရွံ့ခြင်းမရှိဘဲ တရားမျှတမှုကို လူတို့သည်ခင်တွယ် မြတ်နိုးကာ တိုင်းပြည်အပေါ်သစ္စာရှိလာမည်။ ပြည်တော်မှာလည်း အစုလိုက်အပြုံလိုက် နေရာအနှံ့ ရက်စက်ကြမ်းကြုတ်စွာ သတ်ပြတ်ပစ်ခြင်းအဖြစ်မှလည်းကောင်း၊ အစာ ငတ်မွတ်ခြင်းဘေးနှင့် ကြောက်စရာမီးဘေးကြီးမှ လွတ်မြောက်ကြပေမည် မဟုတ် လော။

               ဇေဒကိမင်းကြီး၏ အားနည်းချက်သည် အပြစ်တစ်ခုဖြစ်လာ၍ ထိုအပြစ်အ တွက် ကြောက်စရာကောင်းသော ပြစ်ကြွေးဒဏ်ကို သူပေးဆပ်ခဲ့ရပါသည်။ ရန်သူ တို့သည် ဆီးတား၍မရနိုင်သော သံမုန်တိုင်းပမာမြို့တော်တွင်းသို့ ဝင်ရောက်လျက် ဘာမျှမကျန်အောင်ခြေမွှဖျက်ဆီးပစ်ကြလေ၏။ဟေဗြဲစစ်သူရဲတို့သည်လည်းတပ်ဆုတ်ကာ ရှုပ်ထွေးသွားရချေ၏။ ဇေဒကိကိုမူ စစ်အကျဉ်းသာ အဖြစ်ခေါ်ဆောင်သွား၍ မိမိ၏

 

                                            

 

သားတို့ကို မိမိ၏ရှေ့မှောက်မှာပင် ကွပ်မျက်ပစ်လိုက်ကြ၏။ ပြီးသော် ရှင်ဘုရင်၏ မျက်စိကိုလည်းဖောက်ပြီးမှ ရှင်ဘုရင်သည်ယေရုရှလင်မြို့တော်မှ စစ်သုံ့ပန်းဘ၀အဖြစ် ဗာဗုလုန်နိုင်ငံသို့ ဆောင်ယူခြင်းကိုခံရ၏။ ဗာဗုလုန်နိုင်ငံသို့ရောက်သော် မကြာမီအ တွင်းမှာပင် ရက်ရက်စက်စက်စိတ်ဆင်းရဲဖွယ် အဖြစ်မျိုးနှင့် အနိစ္စရောက်ခဲ့ရလေသည်။ ထိုသူတို့သည် ဇိအုန်တောင်ပေါ်မှာ ရာစုနှစ်ပေါင်းများစွာ လှပခန့်ညား၍ ဂုဏ်ယူဝင့် ကြွားစွာ တည်ရှိခဲ့ပါသောဗိမာန်တော်ကြီးကိုလည်း ချမ်းသာမပေးခဲ့ပါ။ ]ဗိမာန်တော် ကိုလည်းမီးရှို့၍ ယေရုရှလင်မြို့ရိုးကို ဖြိုဖျက်ကြ၏။ မင်းအိမ်ရှိသမျှတို့ကိုလည်း မီးရှို့၍ မြို့တန်ဆာအကောင်းအမြတ်ရှိသမျှတို့ကို ဖျက်ဆီးကြ၏။} (၆ရာ ၃၆း၁၉)။ ယဇ်ပုရော ဟိတ်ကြီးငယ်များ၊ မင်းမှုထမ်းကြီးငယ်များနှင့် မင်းညီမင်းသား၊ နန်တွင်းသားတို့ကို လည်း ဗာဗုလုန်ပြည်သို့ ခေါ်ဆောင်သွာကာ သစ္စာဖောက်များအဖြစ်စီရင်ကာ ကွပ်မျက် လိုက်ပါသည်။ တချို့ကိုကား နေဗုခဒ်နေဇာဧက္ကရာဇ်မင်းကြီးနှင့် သူ၏သားစဉ်မြေး ဆက်ကျွန်ခံဖို့ရာ ခေါ်ဆောင်သွားခဲ့လေသည်။

 

ဗာဗုလုန်ပြည်သားတို့သည် ယေရမိပုရောဖက်ကို အရိုအသေပေးကြခြင်း

               ပုရောဖက်ယေရမိနှင့် ပတ်သက်၍ကား ဤသို့မှတ်တမ်းရှိလေသည်။ ]ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရမိအမှု၌ ကိုယ်ရံတော်မÈ;နေဗုဇာရဒန်ကို မှာထား နှင့်သည်ကား၊ ယေရမိကိုယူ၍ ကောင်းမွန်စွာကြည့်ရှုလော့။ မညှဉ်းဆဲနှင့်။ သူပြော သည်အတိုင်း သူ့ကိုပြုလော့။} (ယေရမိ ၃၉း၁၁၊ ၁၂)။

               ယေရမိသည် ဗာဗုလုန်မင်းအရာရှိကြီးများ၏ အကျဉ်းသားဘ၀မှလွတ်ငြိမ်း ချမ်းသာခွင့်ကို ရရှိသောအခါမှာ ပုရောဖက်သည် ခါလဒဲလူတို့ ]စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ်စေခြင်းငှါ} မြို့တော်မှာချန်ထားသော ဆင်းရဲသောလူမွဲစု အကျန်အကြွင်း တို့နှင့် နေထိုင်ရန် ရွေးချယ်ခဲ့ပါသည်။(ယေရမိ ၅၂း၁၆)။ ဤလူစုများအဖို့ ဗာဗုလုန် စစ်သူရဲတို့က ဂေဒလကို မြို့ဝန်မင်းအဖြစ်ခန့်အပ်ကာ အုပ်စိုးစေခဲ့လေသည်။ (Gနိalah)

               ထိုမြို့ဝန်မင်းသည် တပ်ပျက်ဗိုလ်ပမာ မာနထောင်လွှားသော သူအပေါင်းတို့ကို အုပ်ချုပ်ရသော်လည်း လပေါင်းအနည်းငယ်ကြလတ်သော် သစ္စာဖောက်ကြီးဟူ၍ လုပ် ကြံမှုခံခဲ့ရလေသည်။ လူတို့သည်လည်း အခက်အခဲ မျိုးပေါင်းစုံလင်စွာနှင့် ရင်ဆိုင် ကြရသည်ဖြစ်သောကြောင့် အီဂျစ်ပြည်မှာ သွားရောက်ခိုလှုံနေက မကောင်းပေဘူ လားဟူ၍ သွေးဆောင်ကြသူများလည်းရှိလာပါသည်။ ဤလုပ်ရပ်ကို ယေရမိကသ ဘောမတူ။ ]အီဂျစ်ပြည်သို့ သွား၍မတည်းခိုရ} ဟူ၍ ကြီးသောအသံနှင့် ကြွေးကြော်၍ တောင်းပန်ရှာ၏။ သို့သော်လည်း ထိုသူတို့သည် ဝိညာဉ်တော်အားဖြင့် အကြံပေး သည်ကိုဂရုမစိုက်၊ ]လူအပေါင်းတို့သည် ယုဒပြည်၌နေရမည်ဟူသော ထာ၀ရဘုရား သခင်၏အမိန့်တော်ကို နားမထောင်ဘဲ အီဂျစ်ပြည်သို့သွား၍ တာပနက်မြို့သို့ ရောက် ကြ၏။} (ယေရမိ ၄၂း၂၊ ၅၊ ၇)။

               ပုရောဖက်ယေရမိသည် ပြော၍မျှမကောင်းလှသော စဉ်းလဲဖောက်ပြန်မှုကြီးမှာ စုံးစုံးမြုပ်နေသည့် မိမိ၏ လူမျိုးချင်းအတွက် လွန်စွာမှပင် ဝမ်းနည်းကြေကွဲမိပါသည်။ ထိုသူတို့သည် အမှန်အားဖြင့် ထာ၀ရဘုရားသခင်က ဤလောက၏ အလင်းအိမ် သ ဖွယ်ဖြစ်စေရန် ရွေးချယ်ထားသူများဖြစ်ကြသည် မဟုတ်လော။ ဇိအုန်မြို့တော်ကြီး သည်လည်း ပျက်စီးရ၏။ ပြည်သားအပေါင်းတို့သည်လည်း လွင့်ပျံ့လျက်နေရ၏။ ကောင်းမြတ်သည်ဟူသမျှ လူရောပစ္စည်းများပါမကျန် ဗာဗုလုန်နိုင်ငံသို့ သုံ့ပန်းအဖြစ် ပါသွားရ၏။ ဤမျှလောက် ရင်ကွဲဖွယ်ရာဇာတ်လမ်းကို ကိုယ်တွေ့ဗဟုတုတကြုံနေရသူ ယေရမိအဖို့ ညည်းညူမြည်တမ်းခြင်း မပြုဘဲနေနိုင်ပါမည်လော။ ဤကားယေဟောဝါ ဘုရားသခင်၏ အကြံတော်ကိုဂရုမစိုက်၊ လျစ်လျူရှုလျက်၊ တမျိုးဖြစ်သော လူပညာ တတ်တို့၏ စိတ်ထင်သည်အတိုင်း လုပ်ရဲဝံ့သော ရူးမိုက်ခြင်၏ အထိမ်းအမှတ်တစ်ခုပင် ဖြစ်ချေတော့သည် မဟုတ်ပါလား။ ဤခံစားတင်ပြချက်ကို ယေရမိမြည်တမ်းစကား အဖြစ်မှတ်တမ်းတင်ရစ်ခဲ့လေသည်။ ပျက်စီးဆုံးရှုံးခြင်းအလယ်မှာ ယေရမိသည် ဤ သို့ကြွေးကြော်နိုင်ဆဲဖြစ်ခဲ့ပါသည်။ ]ထာ၀ရဘုရားသခင်သည် သနားတော်မူ၍ ကရု ဏာတော်သည် မကုန်သောကြောင့် ငါတို့သည်ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏} ဆက်လက်၍မပြတ်ဆုတောင်းနေသည်မှာလည်း၊ ]ငါတို့သည် ကိုယ်လိုက်သောလမ်း တို့ ကို စစ်ကြောစုံစမ်း၍ ထာ၀ရဘုရားသခင်ထံတော်သို့ ပြန်သွားကြကုန်အံ့။} (မြည်တမ်း စကား ၃း၂၂၊ ၄၀)။

               သို့သော်လည်း ယခုတွင် ဇိအုန်မြို့ကားလုံး၀ပျက်စီးခဲ့လေပြီ။ ဘုရားသခင်၏ လူတို့သည်လည်း သုံ့ပန်းဘ၀နှင့် ဗာဗုလုန်နိုင်ငံသို့ ပါသွားကြရပြိ။ စိတ်ဝေဒနာကြီး မားစွာဖြင့် ပုရောဖက်သည် အော်ဟစ်မြည်တမ်းသည်မှာ-]စည်ပင်ခဲ့သောမြို့သည် လူဆိတ်ညံလျက်ထိုင်လေသည်တကား။ လူမျိုးတို့တွင် ကြီးမြတ်ဖူးသော သတို့သမီး သည် မုဆိုးမကဲ့သို့ဖြစ်၏။ အပြည်ပြည်တို့၏ သခင်မသည် အခွန်ပေးရ၏။

ညဉ့်အခါပြင်းစွာငိုကြွေး၍ သူ၏ပါးသည် မျက်ရည်နှင့်စိုစွတ်လေ၏။ ရည်စား အပေါင်းတို့တွင် နှစ်သိမ့်စေသော သူတစ်ယောက်မျှမရှိ၊ အဆွေခင်ပွန်းတို့သည် သစ္စာ ပျက်၍ ရန်သူဖြစ်ကြပြီ။ယုဒသတို့သမီးသည် သာသနာပလူတို့အထဲမှာ နေလျက်ချမ်း သာမရ။ သူ၏မြို့တံခါးရှိသမျှတို့သည် လူဆိတ်ညံလျက်ရှိကြ၏။ သူ၏ ယဇ်ပုရောဟိတ် တို့သည်လည်း ညည်းတွားကြ၏။ သူ၏သတို့သမီးကညာတို့သည်လည်း နာကြည်းသော စိတ်ရှိ၍သူသည်ကိုယ်တိုင်ညိုးငယ်လျက်နေရ၏။သူနှင့်ဆန့်ကျင်ဘက်ပြုသောသူတို့သည် အစိုးရ၍ သူ၏ရန်သူတို့သည် ကောင်းစားကြပြီ။ထာ၀ရဘုရားသခင်သည် ဇိ အုန်သတို့သမီးကို အမျက်တော်မိုးတိမ်ဖြင့် ဖုံးအုပ်တော်မူပြီ။ ဣသရေလအမျိုး၏ ဂုဏ်အသရေ ကောင်းကင်မှ မြေကြီးတိုင်အောင်ချတော်မူပြီ။ အမျက်တော်ထွက် ချိန်၌ ခြေတော်တင်ရာခုံကို မအောက်မေ့ဘဲ နေတော်မူပါပြီတကား။

 

ရန်သူကဲ့သို့လေးကိုတင်လျက်၊ ရန်ဘက်ပြုသောသူကဲ့သို့ လက်ျာလက်ကို ချီကြွလျက် တင့်တယ်ခြင်းအသရေရှိသော သူအပေါင်းတို့ကို သတ်တော်မူပြီ။ ဇိအုန်သတို့သမီး၏ နေရာတဲပေါ်မှာ မီးကဲ့သို့ အမျက်တော်ကို သွန်းလောင်းတော်မူ၏။

 

အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့၌ ရောက်သောအမှုကို အောက်မေ့တော်မူပါ၊ ဘိုး ဘေးတို့သည် ပြစ်မှား၍သေပြီးမှ အကျွန်ုပ်တို့သည် သူတို့အပြစ်များကို ခံရပါ၏။ သူ့ ကျွန်တို့သည် အကျွန်ုပ်တို့ကို အုပ်စိုးကြပါ၏။ သူတို့လက်မှ အဘယ်သူမျှ မကယ် မနုတ်ပါ။အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့ကို အထံတော်သို့လှည့် စေတော်မူပါ။ သို့ ပြုလျှင် အကျွန်ုပ်တို့သည်ပြန်၍လာကြပါမည်။ ရှေးကာလကဲ့သို့ အကျွန်ုပ်တို့ကာလ ကိုအသစ် ပြုပြင်တော်မူပါ။ (မြည်တမ်းစကား  ၁း၁၊ ၅၊ ၂း၁၊ ၄၊ ၁၃)။  (မြည်တမ်းစကား ၅း၁၊ ၃၊ ၇၊ ၈၊ ၁၇၊၁၉၊ ၂၁)။

 

 


No comments:

Post a Comment