Tuesday, March 10, 2026

 

အခန်း (၄၁)

မီးလျှံပြင်းသော မီးဖိုထဲမှဟေဗြဲလူငယ်သုံးဦး

 

ဤအခန်းကြီးသည် (ဒံယေလ ၃) ကို အခြေခံထားသည်။

 

 

               နေဗုခဒ်ုနေဇာ ဧက္ကရာဇ်မင်းကြီးမြင်မက်သော အိပ်မက်အရ သူ့နိုင်ငံကို ကောင်းကင်နိုင်ငံတော်က စောင့်ရှောက်နေကြောင်း သိမှတ်အပ်ပေသည်။ ထိုအိပ် မက်၏ အနက်ကိုပြန်ဆိုရာ၌လည်း ထာ၀ရဘုရားသခင်သည် မိမိ၏ထာ၀ရနိုင်ငံ တော်ကို တည်ထောင်မည်အကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းစွာ ဖော်ညွှန်းထားပြီး ဖြစ်၏။

               ဤသည်ကို ရှင်ဘုရင်ကြီးက ထာ၀ရဘုရားသခင်သည် စိုးစံတော်မူကြောင်းကို အသိအမှတ်ပြုခဲ့လေသည်။ ]ကိုယ်တော်သည် ဤနက်နဲသော အရာကို ဖွင့်ပြ နိုင်သည်ဖြစ်၍ အကယ်စင်စစ် ကိုယ်တော်၏ဘုရားသခင်သည် ဘုရားသခင်တို့၏ ဘုရားသခင်၊ ဘုရင်တို့၏ ဘုရင်၊ နက်နဲသော အရာကို ဖွင့်ပြတော်မူသော သခင် ဖြစ်တော်မူ၏ဟု ဒံယေလအားမိန့်တော်မူခဲ့သည် မဟုတ်ပါလား။ ပထမပိုင်းမှာတော့ နေဗုခဒ်နေဇာမင်းကြီးသည် ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ခဲ့၏။ သို့သော် မိမိ ကိုယ်ကို ချီးမြှင့်လိုသောဆန္ဒသဘောကား သူ၌မကုန်စင်သေးပေ။ မာန်မာနနှင့် ယစ်မူး သဖြင့် စိတ်နေမြင့်သည်အလျှောက် ဒံယေလမြွက်ဆိုသော စကားများတွင် ]ကိုယ်တော် သည် ရုပ်တု၏ရွှေဦးခေါင်းဖြစ်တော်မူ၏} ဟူသောအချက်က ထိုမင်းကြီး၏ စိတ်အာရုံကို လွန်စွာမှပင်ဆွဲဆောင်ကာ ပီတိဖြစ်နေတော့၏။ ဤအခြင်းအရာကို တွေ့မြင်ကြကုန် သော မာကုပညာရှိများက အခွင့်ကောင်းယူကာ ထိုမြင်မက်ခဲ့သည်အတိုင်း မင်းကြီး၏ ရုပ်တုတစ်ခုလုံးကိုရွှေချကာ တိုင်းသူပြည်သားအပေါင်းတို့အား ဦးချစေရန် စီမံစေခဲ့ လေသည်။ (ဒံ ၂း၄၄၊၄၅)။

               ဤအဆိုကို မင်းကြီးက လွန်စွာမှပင် သဘောကျလေရကား မိမိ၏ပုံရိပ်ရုပ်တု တော်ကို ဦးခေါင်းမှသည် ခြေဖဝါးတိုင်းအောင် ရွှေချရမည်အကြောင်း အမိန့်တော် ရှိခဲ့လေသည်။ (ငယ် ၃၈)။ရွှေအတိဖြစ်စေသည့် အဓိပ္ပါယ်မှာ မပျက်စီးနိုင်သော အနှိုင်းမဲ့ တန်ခိုးအာဏာနှင့် ပြည့်စုံသော နိုင်ငံတော်တစ်ခုအလား ပုံဆောင်နေခြင်းပင် ဖြစ်ပါသည်။

 

               ထိုမင်းဆက်လက်ထက် အခြားမည့်သည့် နိုင်ငံတော်ကြီးသော်မျှ မရပ်တည် နိုင်ခဲ့ပါချေ။ ဝပ်တွားခယကြရသည်။ ကောင်းကင်ဘုံ၏ ထူးခြားစီမံပေးမှုများကိုပင် မေ့ပျောက်ကာ ရှင်ဘုရင်ကြီးနှင့် နန်းတွင်းသားအပေါင်းတို့သည် ဗာဗုလုန်နိုင်ငံတော ကြီးကို နိုင်ငံတကာတို့၏ အထွက်အမြတ်ဟု ချီးမြှောက်မော်ကွန်းတင်ရန် ကြိုးစားအား ထုတ်ခဲ့ကြလေပါပြီ။

               ဒံယေလ၏ အိပ်မက်အနက်အဖော်ပြချက်ကို ထိုမင်းကြီးတို့သည် မေ့ထားခဲ့ပြီ။ အမှန်တရားကို အလွဲလွဲအမှားမှားဖြစ်စေ၏။ ထိုပုံဆောင်မှုကြီးကား ကောင်းကင်ဘုံ၏ စီရင်ချက်ပုံစံတော်ဖြစ်၍ ကမ္ဘာမြေကြီးသားအပေါင်းတို့သည် ဖန်ဆင်းသူထာ၀ရဘုရား သခင်ကို သိသောစိတ်ရှိလာစေရန် ရည်ရွယ်ပါသည်။ ဤသဘောကို စာတန်သည် သိရှိ၍ အမှတ်တရားကိ မှာယွင်းချက်တစ်ခုဣှနှင့် ရောထွေးလိုက်စေခြင်းဖြင့် သက်ဦး ဆံပိုင် ထိုရှင်ဘုရင်သည် မိမိကိုယ်ကို မိမိချီးမြှောက်ခြင်း၏ မကောင်းဆိုးဝါးမှုအတွက် ကြီးမားသော အင်အားစုတစ်ခုကို ဖြစ်ထွန်းလာစေခဲ့ပါသည်။

 

                              ထာ၀ရဘုန်းပွင့်နေမည့် ဗာဗုလုန် (ရွှေရုပ်တုကြီး)

               နေဗုခဒ်နေဇာမင်းကြီးသည် မိမိမြင်မက်သည့် ရုပ်တုပုံစံအတိုင်း တစ်ခုလုံးကို ရွှေအတိသွန်းလောင်း၍ ဧရာမလွင်ပြင်ကျယ်မှာတည်ထားစေ၏။ ခါလဒဲလူတို့သည် ဤ မျှလောက်ကြီးကျယ်ထည်ဝါလှသော ရုပ်တုကို ယခင်က တစ်ခါမျှ မသွန်းလုပ်ဖူးကြ ပါချေ။ နတ်ဘုရားရုပ်တုတော်များ တည်ထားကိုးကွယ်ရာ တိုင်းပြည်နိုင်ငံများမှာ ဤ ကဲ့သို့သော တန်ဖိုးမဖြတ်နိုင်သည့် ရွှေရုပ်တုကြီးကို ဒုရလွင်ပြင်၌ တည်ထားရှိခိုး ဦးချစေခြင်း အမှုမှာမဆန်းပါ။ ထိုရုပ်တုကို သာဓုအနုမောဒနုာခေါဖို့လိုပေသည်။ သို့ ဖြစ်၍ ထိုပွဲနေ့မှာ အရပ်လေးမျက်မှာမှာ နိုင်ငံတော်အရာရှိ အပေါင်းတို့သည် စုဝေး ရောက်ရှိလာ၍ ဗာဗုလုန်နိုင်ငံတော်အပေါ်သစ္စာစောင့်သိရိုသေသော အားဖြင့် ရုပ်တု ရှေ့မှာ ဦးချဖို့ဖြစ်ပေသည်။ ထိုအမိန့်တော်ကို အတည်ပြုလိုက်လေပြီ။

 

 

               အချိန်စေ့သောအခါ ]အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူအမျိုးမျိုးတို့သည်} နေဗုခဒ်နေဇာမင်းကြီးတည်ထားတော်မူသော ရွှေရုပ်တုရှိရာ ဗာဗုလုန်ကျေးလက်ဒုရလွင်ပြင်မှာ စုဝေးနေကြသည် တံပိုး၊ ခရာ၊ စောင်း၊ ပလွေ၊ တယော၊ ပတ်သာအစရှိသော တူရိယာမျိုးတီးမှုတ်ခြင်း အသံကို ကြားသောအခါ လူမျိုးအပေါင်းတို့သည် ပျက်ဝပ်၍ နေဗုခဒ်နေဇာမင်းကြီး တည်ထားသောရွှေရုပ်တုကို ကိုးကွယ်ကြလေသည်။ ဤတွင် မှောင်မိုက်ကမ္ဘာကို အုပ်စိုးနေသော တန်ခိုးရှင်က အနိုင်ရနေပုံရှိ၏။ ထိုဝတ်ပြုကိုးကွယ်မှုက နိုင်ငံတော်၏ ဘာသာရေးအသွင်သို့ သက် ဝင်လာချေပြီ။ သို့ဖြစ်၍ ဗာဗုလုန်မှာရှိသော သုံ့ပန်းဘ၀နေ ဣသရေလူမျိုးတို့သည် ကမ္ဘာ့လူမျိုးအသီးသီးတို့အဖွဲ့ ကောင်းချီးမင်္ဂလာဖြစ်စေရန် ဘုရားသခင်၏ အကြံတော် ရှိသည်အရာမှာ ရှုံးနိမ့်သွာ ရလေအံ့သတည်းဟု စာတန်မင်းက မျှော်လင့်ထားခဲ့ပါသည်။

               သို့သော်လည်း ဘုရားသခင်၏ အမိန့်တော်သည် ထိုသို့မဟုတ်ပါလေ။ လူ့အာ ဏာတန်ခိုးရှိသမျှနှင့် ပုံဆောင်သော ယဇ်နတ်ဘုရားကိုးကွယ်ဦးချမှုကို မပြုတုံ့သော လူသားကြီးတို့သည် သက်ရှင်ထင်ရှားရှိနေကြပါသေး၏။ ထိုဟေဗြဲလူငယ်သုံးဦးတို့သည် ကောင်းကင်ဘုံက ဘုရားသခင်ကို မရှုတ်ချရန် ခိုင်မြဲစွာ သံန္နိဌာန်ချထားခဲ့ပြီးလေပြီ။ သူတို့ကိုးကွယ်သော ဘုရားသခင်သည် ဘုရင်တကာ့ဘုရင်ဖြစ်သည် မဟုတ်ပါလော။ သူတို့သည် အဘယ်အရောက် မျှဦးမချလိုတော့ပြီ။

               ထိုသတင်းသည် တစ်မုဟုတ်ချင်းမှာပင် သက်ဦးဆံပိုင်ဧက္ကရာဇ်မင်း နေဗုခဒ် နေဇာဆီသို့ ရောက်သွားလေ၏။ မိမိ၏အမိန့်တော်ကို နားမထောင်ရကောင်းလားဟူ၍ ဒေါသအိုးပေါက်ကွဲကာ အသက်နှင့် ကိုယ်အိုးစားကွဲစေတော့ချေအံ့ဟု ကြိတ်မှိတ်ကာ ပြစ်ဒဏ်ချမှတ်မည်ကို ရှုမြင်လိုကြသော သူတို့၏လုပ်ကြံမှု တစ်ခုပေတည်း။ ပညာရှိကြီး များတချို့သည် သစ္စာရှိသော ဒံယေလ၏ အဖော်သုံးယောက်ကို မကြည်ဖြူ၊ မနာ လိုကြသောကြောင့် ရှင်ဘုရင်ထံတော်သို့ ဤသို့လျှင်အပြစ်တင်၍ လျှောက်ထားကြ ပေသည်။ ]အရှင်မင်းကြီး၊ ကိုယ်တော်သည် ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၍ခန့်ထား တော်မူသော ယုဒလူရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါအမည်ရှိသော သူတို့သည် အာဏာတော်ကို ပမာဏမပြုပါ။ ကိုယ်တော်၏ ဘုရားသခင်တို့ကို ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်းမကိုးကွယ်ပါ။}

 

                              ထိုဟေဗြဲလူငယ်တို့ကို ရှင်ဘုရင်ဖိအားပေးခြင်း

               ရှင်ဘုရင်သည် ထိုလူငယ်တို့ကို မိမိထံသို့ ယူလာစေ၏။ ၎င်းနောက် မိမိ၏ အမိန့်တော်ကို ထပ်မံ၍ဖီဆန်ပါက မီးလျှံဟုန်းဟုန်းတောက်နေသော မီးဖိုထဲသို့ ချပစ် မညမိးပုံကြီးကို လက်ညိုးထိုး၍ခြိမ်းခြောက်လိုက်ပေသည်။ သို့ရာတွင် ဟေဗြဲလူငယ် တို့မှာကား စိတ်အေးတည်ငြိမ်စွာဖြင့် ကောင်းကင်ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ ထားခြင်းကို ဖြတ်တောက်လိုက်မည်မဟုတ်ကြောင်းကို သက်သေခံလျှောက်တင်ခဲ့ပေ သည်။

               ထိုဟေဗြဲလူငယ်တို့သည် ရှင်ဘုရင်ရှေ့တော်မှောက်မှာ မတ်တတ်ရပ်နေကြ ပုံကား အခြားပညာရှိများတို့နှင့် မတူသောအခြင်းအရာကို ရှင်ဘုရင်ကိုယ်တိုင်ရိပ် စားမိလေသည်။ နောက်တစ်ကြိမ်စုံစမ်းပေမည်ဟု ရှင်ဘုရင်းအကြံတော်ရှိသဖြင့် စုံလင့် စွာသော တူရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသောအခါ ]သင်တို့သည် ငါလုပ်သော ရွှေရုပ်တုကို ပျက်ဝပ်ကိုးကွယ်အံ့သောငှါ အသင့်နေကြ။ (သို့မဟုတ်လျှင်) မီးလောင် လျက်ရှိသော မီးဖိုထဲသို့ချက်ချင်းချပစ်မည်} ဟု ကြိမ်းဝါးလိုက်ပါသည်။ မိမိ၏ ရွှေလက် တော်နှစ်ဖက်ကို မြှောက်ပင်လျက် အာဏာရှင်ဆန်သောအသံဖြင့် ]ငါ၏ လက်မှကယ် လွှတ်နိုင်သော ဘုရားသခင်ကား အဘယ်ဘုရားသခင်ရှိသနည်း} ဟု မိန့်တော်မူ၏။

               ရှင်ဘုရင်၏ ခြိမ်းခြောက်စကားကို ဟေဗြဲလူတို့မဖြုံပါ။ တည်ငြိမ်အေးချမ်းသော မျက်နှာအသွင်အပြင်နှင့် ထိုဟေဗြဲလူငယ်တို့က၊ ]အရှင်မင်းကြီးနေဗုခဒ်နေဇာ၊ အ ကျွန်ုပ်တို့သည် ဤအမှုကို ပြန်လျှောက်ရမည်အကြောင်းမရှိပါ။ အကျွန်ုပ်တို့ ကိုးကွယ် သော ဘုရားသခင်သည် မီးလောင်လျက်ရှိသောမီးဖိုထဲက အကျွန်ုပ်တို့ကို ကယ်လွှတ် နိုင်တော်မူ၏။ ကိုယ်တော်၏လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်} ဟု လျှောက် ဆိုခဲ့လေသည်။သူတို့၏ ယုံကြည်ခြင်းကားအားကြီးလှပေစွ။ ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေဖို့ သူတို့တတွေအလိုရှိကြပေသည်။ သို့ဖြစ်၍ မသိမ်ငယ်သော ဘုရား သခင်ကို ယုံကြည်အားကိုးခြင်း စိတ်အပြည့်နှင့် ဆက်၍ပြန်လျှောက်သည် မှာ၊ ]အကယ် ၍ ထိုသို့ကယ်လွှတ်တော်မမူသော်လည်း အရှင်မင်းကြီး၊ ကိုယ်တော်၏ (နတ်) ဘုရား တို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုး ကွယ်ပါ} ဟူ၍ ဖြစ်လေသည်။

               ရှင်ဘုရင်ကြီးကာ အတိုင်းထက် အလွန်ပြင်းစွာ ဒေါသထွက်၏။ ထိုကြောင့် လည်း အပယ်ခံ စစ်သုံ့ပန်းလူမျိုးနွယ်စု တစ်ခုလုံးကို ကိုယ်စားပြုနေသော ]ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ကြည့်ရှု၍ မျက်နှာတော်ပျက်လျက် မီးဖိုကို အရင်ထက် ခုနစ်ဆတိုး၍ ပူစေခြင်းငှါလည်းကောင်း၊ ခွန်အားကြီးသော စစ်သူရဲတို့သည် ဣသရေ လဘုရားသခင်ကို ကိုးကွယ်ကြကုန်သောရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို တုပ် နှောင်၍ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချပစ်စေခြင်းငှါ အမိန့်တော်ရှိလေသည်။

               ]ထိုသူသုံးယောက်တို့ကို ဘောင်းဘီ၊ အင်္ကျီ၊ ဝတ်ရုံအစရှိသည်တို့နှင့် တကွ တုပ်နှောင်၍ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချပစ်ကြလေသည်။ မီးဖိုသည် အလွန် ပူသောကြောင့် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကိုဆွဲချသော သူတို့သည် မီးလျှံ အရှိန်ကြောင့်သေကြ၏။}

 

မီးဖိုထဲမှာဘုရားသခင်ရှိသည်

               ဘုရားသခင်၏ သက်သေခံတို့သည် မီးဖိုထဲသို့ပစ်ချခြင်းကိုခံရလေပြီ။ မီးဖို အတွင်းမီးလျှံထဲမှာ ကယ်တင်ပိုင်သူ ဘုရားသခင်ကိုယ်တော်တိုင်က ပေါ်ထွန်း၍ သူတို့ နှင့် အတူလမ်းလျှောက်နေပါသည်။ အပူနှင့် အအေးတို့၏အရှင်သခင် မျက်မှောက် တော်မှာ မီးတောက်မီးလျှံရှိသမျှတို့သည် ဘာကိုမျှလောင်ကျွမ်း ပြာကျစေခြင်းငှါ မ တတ်နိုင်ပါပြီ။( ဟေရှာယ ၄၃:၂)။

               ထိုမြင်ကွင်းကို ရှင်ဘုရင်သည် မိမိသလွန်တော်ပေါ်မှနေ၍ ကြည့်ရှုနေပါသည်။ သူ့အမိန်နှင့် ပစ်ချလိုက်ခြင်းကို ခံရလေသောသူတို့ မီးလောင်ပြာကျသွားသည်ကို သူ မြင်လိုလှပါသည်။ သို့ပါသော်လည်း ထူးဆန်းသော ပြောင်းလဲမှုမြင်ကွင်းကြောင့် သက်ဦး ဆံပိုင်ဧက္ကရာဇ်မင်းကြီးမှာ သလွန်မှထ၍ မီးလျှံထဲကို စေ့စေ့ကြည့်ရှုနေပါပြီ။ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွား၏။ သတိလက်လွှတ်မဖြစ်သွားစေရန် မိမိကိုယ်၊ စိတ်တို့ကို ထိန်း ကာ အံ့ဩမိန်းမောသံဖြင့် ]လူသုံးယောက်တို့ကို တုပ်နှောင်၍ မီးထဲသို့ ချပစ်သည် မ ဟုတ်လောဟု တိုင်ပင်မÈ;မတ်တို့အားမေးတော်မူ၏။ ကြည့်ပါ။ လူလေးယောက်တို့သည် မတုပ်မနှောင်ဘဲ မီးထဲသွားလာ၍ ဘေးဥပဒ်နှင့် ကင်းလွတ်သည်ကို ငါမြင်သည်တကား။ စတုတ္ထလူသည် ဘုရားသခင်သားတော်၏ အဆင်းသဏ္ဌာန်ရှိသည်ဟု မိန့်တော်မူ၏။}

               တစ်ပါးအမျိုးသားရှင်ဘုရင်က ဘုရားသခင့်သားတော်နှင့် အဆင်းသဏ္ဌာန်တူ ကြောင်းမည်ကဲ့သို့ သိပါသနည်း။ ဟေဗြဲသုံ့ပန်းများက ဗာဗုလုန်နိုင်ငံတော်ကြီးမှာ အ မှန်တရားအတွက် သက်သေခံခဲ့ကြသော ကြောင့်ပေတည်း။ ယုံကြည်ခြင်းနှင့်ပတ်သက် ၍ မေးမြန်းလာသောအခါတိုင်း ထိုဟေဗြဲလူငယ်တို့သည် မဆိုင်းမတွ မိမိတို့ကိုးကွယ် ယုံကြည်သော ဖန်ဆင်းရှင် ဘုရားသခင်အကြောင်းကို ပြောပြသွန်သင်လေ့ရှိပါသည်။ ခရစ်တော်အကြောင်း၊ ထိုသခင်သည် လာမည့်ကယ်တင်ရွေးနုတ်ရှင်ဖြစ်ကြောင်း၊ ထို သူတို့သည် ပြောဆိုသက်သေခံခဲ့သောကြောင့် စတုတ္ထလူသည် ဘုရားသခင့်သားတော် ဖြစ်ကြောင်း ရှင်ဘုရင်သည် အတတ်ပြောနိုင်ခြင်းဖြစ်ပေသည်။

               ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် မိမိ၏ဂုဏ်သိက္ခာကြီးမြတ်မှုကို မေ့ပျောက် လျက် ]အမြင့်ဆုံးသောဘုရားသခင်၏ ကျွန်ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ ထွက် ၍လာကြလော့} ဟု ဟစ်ခေါ်အမိန့်ပေးလိုက်သောကြောင့် ထိုသူတို့သည် လူ့ပရိသတ် ကြီးရှေ့မျောက်ရှိမီးထဲက ထွက်လာကြ၏။ ထိုသူတို့သည် လူထူဆန်းပင်ဖြစ်ကြလေပြီ။ သူတို့၏ ဆံခြည်တစ်ပင်မျှမမြိုက်၊ ဝတ်ရုံလည်းခြားနားခြင်းမရှိ၊ မီးလောင်သော အနံ့ လည်းကင်းလွတ်သဖြင့် မီးမလောင်နိုင်သည့် လူများဖြစ်ကြပေသည်။ သူတို့နှင့်အတူ ကယ်တင်ပိုင်ရှင် ဘုရားသခင်ရှိသဖြင့် အဘယ်ဘေဥပဒ်မျှ မသက်မရောက်၊ သူတို့ကို ဆွဲချသောသူတို့သာလျှင် မီးလောင်သဖြင့် သေကြရပေသည်။

 

 

               ရှင်ဘုရင်ကြီးသည် မိမိ၏မဟာရုပ်တုကြီးကို မေ့၍ ]ရှာဒရက်၊ မေရှက်၊ အဗေ ဒနေဂေါတို့၏ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း} ဟု ပြောဆိုကာ အသိ အမှတ်ပြုခဲ့ပါသည်။ ]မိမိတို့၏ ဘုရားသခင်မှတစ်ပါး အခြားသော ဘုရားသခင်ကို ဝတ် ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဘုရားသခင်ကို ယုံကြည်ကိုးစား၍ မင်း ကြီးအမိန့်တော်ကို ဆန့်လျက် မိမိတို့ကိုယ်ကိုပင်အပ်နှံသော ကျွန်တော်ရင်းရှိရာသို့ ထိုဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ကယ်တင်တော်မူပြီ။ အကြောင်း မူကား၊ ထိုမျှလောက်သောကယ်တင်ခြင်းကို ထိုဘုရားသခင်မှတစ်ပါး အဘယ်ဘုရား သခင်မျှမပြုနိုင်။}

               ဗာဗုလုန်ရှင်ဘုရင်သည် ကမ္ဘာ့လူမျိုးအပေါင်းတို့အား ဟေဗြဲလူမျိုးတို့၏ ဘုရား သခင်သည် ဝတ်ပြုကိုးကွယ်ထိုက်ပါကြောင်း သတင်းဖြန့်ရန် ကြိုးစားခဲ့ပေသည်။ ဤ သည်ကို ထာ၀ရဘုရားသခင်ကလည်း စိတ်တော်နှင့်တေ့Gလေ၏.

               ဘုရားသခင်သည် မိမိ၏ သစ္စာရှိအစေခံများတို့အား ကယ်နုတ်ခြင်းဖြင့် ဖိနှိပ် ညှည်းဆဲခံအပယ်ရတနာများတို့နှင့်အတူ ဘုရားသခင်ရှိကြောင်းနှင့် ကောင်းကင်ဘုံ၏ အာဏာတော်ကိုဖီဆန်သော လောကတန်ခိုးရှိသမျှကို ထိုသခင်သည် ဆုံးမပဲ့ပြင် မည် ဖြစ်ကြောင်း သက်သေထင်ရှားဖြင်း ဖြစ်ပေသည်။

               ဟေဗြဲလူငယ်သုံးဦးတို့သည် ဒုက္ခဆင်းရဲစမ်းသပ်ခြင်းကို ခံရာ အချိန်ကာလမှာ ဘုရားသခင်၏ ကတိတော်ကို သတိရခဲ့ပေသည်။ ]သင်သည် ရေကိုလျှောက်သွားသော အခါ သင်နှင့်အတူငါရှိ၏။ မြစ်တို့ကို လျှောက်သွားသောအခါ မနစ်မမွန်းရ။ မီးကိုချင်း နင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်းမညှိရ။} ဤကဲ့သို့သော ကြီးမားသက်သေ မြင်ကွင်းစုံကို အနုတင်မောဒနာတင် အခမ်းအနားလာ နိုင်ငံတကာမှာ ဧက္ကရာဇ်မင်း ကြီး၏ ဖိတ်ခေါ်မှုကိုခံရသော ကိုယ်စားလှယ်တော်တို့သည် တစ်ဖန်လက်ဆင့်ကမ်းမ ပြောဘဲ မနေနိုင်ခဲ့ပါချေ။ ဤသို့လျှင် ဘုရားသခင်၏ဘုန်းတန်ခိုးတော်သည် ချီးမြှောက ၏်ခြင်းကို ခံရပေသည်။

 

 

တစ်ကြိမ်တစ်ခါမျှ မဖြစ်ဖူးခဲ့သော ဒုက္ခဆင်းရဲကာလ

               ဒုရလွင်ပြင်အတေ့Gအကြုံမျိုးမှ သင်ခန်းစာများစွာ ရယူရန်ရှိပါသည်။ ယခုခေတ်ကာလမှာ ဘုရားသခင်၏ အစေခံများစွာတို့သည် မနာလိုဝန်တိုမှု များစွာရှိသူ ဘာသာရေးအရေခြုံသမားတို့၏ နှိပ်ကွပ်စော်ကားခြင်းကို ခံရပေလိမ့်မည်။ အထူးသဖြင့် စတုတ္ထပညတ်ဖြစ်သော ဥပုသ်နေ့ကိုသန့်ရှင်းစေသောသူတို့အား ဆန့်ကျင်ဒေါသထွက် မည့်သူများရှိပါလိမ့်မည်။ နောက်ဆုံးမှာအပြည်ပြည်ဆိုင်ရာ ဥပဒေတစ်ခုကို ပြု၍ကြေ ညာကာ မလိုက်လျှောက်သူတို့အား သေပြစ်ပေးမည်အထိဖြစ်ပါသည်။ ထိုအခါမျိုးမှာ ဘုရားသခင်၏ ချစ်သားသမီးတို့သည် မှားယွင်းသောဝတ်ပြုကိုးကွယ်မှုကို ရှောင်ရှား ကာ ထာ၀ရဘုရားသခင်၏ စကားတော်ကို စိတ်နှလုံးအကြွင်းမဲ့နှင့် ယုံကြည်နားထောင် ခြင်းဖြင့် သစ္စာရှိကြောင်းသက်သေပြရပေမည်။ သေပြစ်အမိန့်ချပါသော်လည်း အမှန် တရားအပေါ်သစ္စာစောင့်သိ ရိုသေကြသူများလည်း ရှိပါလိမ့်မည်။

               သို့ဖြစ်၍ အမှန်တရားဘက်မှာ မားမားမတ်မတ်ရပ်တည်နေကြသူများနှင့် အတူ ထာ၀ရဘုရားသခင်သည် ကြီးမားစွာသောအမှုတော်ကို ပြုလုပ်ပါလိမ့်မည်။ မီးလောင် နေသောမီးဖိုထဲမှာ ဟေဗြဲလူငယ်သုံးဦးတို့နှင့် အတူလမ်းလျှောက်ခဲ့သော ဘုရားသခင် သည် ယခုတွင်မိမိ၏အစေကို ခံနေသောမည်သူကိုမဆို နေရာမရွေဘဲ အတူခရီးသွား ပါလိမ့်မည်။ ဒုက္ခဆင်းရဲစမ်းသပ်ရာကာလမျိုးမှာ ထိုသခင်၏ ရွေးချယ်ခံတပည်တော် စုတို့သည် တုတ်တုတ်မျှမလှုပ်၊ သခင့်အတွက်အသက်စွန့်ရပါလေ့စေ၊ မားမားမတ်မတ် သာလျှင် ရပ်တည်ဝံ့ကြပေလိမ့်မည်။ ထိုသူတို့အားဖြင့် ယေဟောဝါဘုရားသခင်သည် မိမိကိုယ်ကိုမိမိ ]ဘုရားတကာတို့၏ ဘုရား} ဟူ၍ ထင်ရှားဖော်ကျူးလေမည် မဟုတ် ပါလော။ ဧကန်စင်စစ် ထိုသခင်အား ယုံကြည်ကိုးစားကြသူတို့ကို ထိုသခင်သည် ကယ် မတော်မူနိုင်ပါသည်။

 

 

No comments:

Post a Comment