Tuesday, December 23, 2025

Discovery Bible Study: ခရစ်တော်၏ အမိန့်တော်များ Commands of Christ

ခရစ်တော်၏ အမိန့်တော်များ Commands of Christ
နိဒါန်း

ဘုရားသခင်သည် သင့်ဘဝကို စိတ်ဝင်စားသည်ဟု တစ်ခါလောက် တွေးတောဖူးပါသလား။ ယေရှုအကြောင်း ပိုမိုသိရှိလိုပါသလား။ သမ္မာကျမ်းစာတွင် မည်သို့ပြောထားသည်ကို သိလိုပါသလား။ သို့သော် ဘုရားကျောင်းတက်ရန် ဘယ်တော့မျှ အဆင်မပြေဖြစ်နေသလား။ ဤ"သမ္မာကျမ်းစာကို ရှာဖွေခြင်း"သည် သင့်သူငယ်ချင်းများနှင့်အတူ ဘဝ၏ ပိုမိုနက်ရှိုင်းသော မေးခွန်းများကို သင့်အိမ်တွင် သို့မဟုတ် အခြားတစ်နေရာရာတွင် အဆင်ပြေစွာ ရှာဖွေနိုင်သော နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။ ဤနည်းလမ်းသည် ကမ္ဘာတစ်ဝှမ်းရှိ လူများ၏ နေ့စဉ် ဘဝများကို ပြောင်းလဲပေးနေသည်။ သမ္မာကျမ်းစာတွင် ယနေ့ သင့်ဘဝအတွက် တစ်စုံတစ်ရာ ရှိမရှိ စမ်းကြည့်ပါ။

အောက်ပါတို့ကို ဘယ်လိုလေ့လာရမလဲ၊ ကြည့်ကြစို့။

Discovery Bible Study သည် သမ္မာကျမ်းစာတွင် ဘာပြောထားသည်ကို ကိုယ်တိုင် ရှာဖွေရန် လွယ်ကူသော နည်းလမ်းတစ်ခု ဖြစ်သည်။ မည်သို့ စတင်ရမည်နည်း။
    
 ကျွန်ုပ်တို့ တွေ့ရှိခဲ့သည်မှာ သူငယ်ချင်းအနည်းငယ်ကို စုစည်းပြီး လေ့လာမှုများကို အတူတကွ ပြုလုပ်ခြင်းသည် အကောင်းဆုံးနည်း ဖြစ်သည်။ လူ လေးယောက်မှ ရှစ်ယောက်ကြား အုပ်စုဖွဲ့လျှင် ကောင်း၏။ လူတိုင်းတွင် အနည်းငယ် ကွဲပြားသော ရှုထောင့်များ ရှိမည်ဖြစ်ပြီး လူတစ်ဦးချင်းစီက မိမိ၏ ထိုးထွင်းသိမြင်မှုများကို မျှဝေသည်နှင့်အမျှ အုပ်စုတစ်စုလုံး၏ နားလည်မှု တိုးတက်လာမည်။ ထို့ကြောင့် တွေ့ဆုံရန် အဆင်ပြေသော နေရာတစ်ခုကို ရှာဖွေပါ။

     -သမ္မာကျမ်းစာ ဇာတ်လမ်းကို ဖတ်ရှုခြင်း သို့မဟုတ် နားထောင်ခြင်းဖြင့် စတင်ပါ။     -ဇာတ်လမ်းကို ပိုမိုရင်းနှီးလာစေရန် အကြိမ်အနည်းငယ် ဖတ်ရှုပါ။         -အဆင်သင့်ဖြစ်သည်နှင့် အုပ်စုထဲမှ တစ်ဦးက ဇာတ်လမ်းကို မိမိ၏ စကားဖြင့် ပြန်လည်ပြောပြစေပါ။     -လုံးဝ မှန်ကန်တိကျနေအောင် လုပ်ရန် အလွန်စိုးရိမ်စရာ မလိုပါ။     -သူတို့ ပြီးဆုံးသည်နှင့် အခြားသူများက ပျောက်ဆုံးနေသော အစိတ်အပိုင်းများကို ဖြည့်စွက်နိုင်သည်။      -အုပ်စုကြီးနေပါက ဤအပိုင်းကို နှစ်ယောက်စီ လုပ်သင့်ပါသည်။

  XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

-လူတိုင်း ဇာတ်လမ်းကို ရင်းနှီးလာသည်နှင့် မေးခွန်းများကို စဖြေပါ။ -ကျွန်ုပ်တို့ အမြဲ တူညီသော မေးခွန်း လေးခုကို အသုံးပြုသည်။ -မှတ်မိရန် လွယ်ကူသော်လည်း ဇာတ်လမ်းကို ဖော်ထုတ်ရန် အံ့သြဖွယ် ထိရောက်သည်။ -လူတိုင်း ပြောဆိုခွင့် ရှိရန် အချိန်ယူပါ။ တစ်ဦးတစ်ယောက်က ပြောနေသော အရာသည် ဇာတ်လမ်းနှင့် မည်သို့ ဆက်စပ်နေသည်ကို မသေချာပါက “ထိုအရာကို ကျမ်းပိုဒ်တွင် မည်သည့်နေရာ၌ တွေ့မြင်ပါသလဲ” ဟု မေးပါ။ -နောက်ဆုံး မေးခွန်းနှစ်ခုအတွက် သင်တကယ် လုပ်ဆောင်ရန် ရည်ရွယ်သော “ကျွန်ုပ်လုပ်ဆောင်ပါမည်” ထုတ်ပြန်ချက်များကို ပြုလုပ်ရန် ကျွန်ုပ်တို့ အားပေးသည်။ (ဥပမာ “တစ်ဦးတစ်ယောက်ကို ဝေဖန်ခြင်း ရပ်တန့်ပါမည်” သို့မဟုတ် “ဤကျမ်းစာကို တစ်ယောက်ယောက်စီ ပြောမည်”။

နောက်တစ်အကြိမ် အစည်းအဝေး စတင်ချိန်မှာ ယခင်လေ့လာမှုကို ပြန်လည်သုံးသပ်ခြင်းဖြင့် စတင်ရမည်။ “ကျွန်ုပ်လုပ်ဆောင်ပါမည်” ဟုဆုံးဖြတ်ခဲ့သောအရာကို လုပ်ဖြစ်၊ မလုပ်ဖြစ်၊ မည်သို့ရလဒ်ရှိကြောင်းဆွေးနွေးပါ။ လူတိုင်း မည်သို့ လုပ်ဆောင်ခဲ့သည်ကို ကြည့်ပါ။ တစ်ဦးနှင့်တစ်ဦး အားပေးကြပါ။

လေ့လာမှု ပြီးဆုံးသည်နှင့် လူတိုင်း ယခုတစ်ပတ်သင်ခန်းစာတွင် မည်သည့်အချက်က ပျော်ရွှင်စေသနည်း၊ မည်သည့်အပိုင်းက ခက်ခဲသနည်း ဟု မေးပါ။ အုပ်စုအနေဖြင့် တစ်ဦးနှင့်တစ်ဦး ကူထောက်ပံ့နိုင်သော နည်းလမ်းများ ရှိပါသလား။

သင်တို့ သင်ယူနေသော အရာများကို အခြားသူများကို ပြောပြလျှင် အခြားသူများလည်း သင်တို့၏ အုပ်စုတွင် ပါဝင်ရန် တောင်းဆိုလာနိုင်သည်။ ကောင်းပေ၏။ သို့သော် သင်တို့၏ အုပ်စုကို ချဲ့ထွင်မည့်အစား သူငယ်ချင်းအနည်းငယ်ကို ရှာဖွေပြီး မိမိကိုယ်တိုင် အုပ်စုအသစ်တစ်ခု စတင်ချင်ပါသလားဟု မေးရန် ပိုကောင်းသည်။ သင်တို့ မြင်ခဲ့ပြီးဖြစ်သည့်အတိုင်း လုပ်ဆောင်ရန် အလွန်လွယ်ကူသည်၊ ဦးဆောင်ရန် ကျွမ်းကျင်သူ ဖြစ်ရန် မလိုအပ်ပါ။

အဆင့်ဆင့် လမ်းညွှန်ချက်

မစတင်မီ ယခင်တစ်ပတ်၏ အစည်းအဝေးနှင့် ထိုအချိန်မှ စတင်ပြီး မည်သို့ ဖြစ်ပျက်ခဲ့သည်ကို စဉ်းစားရန် အချိန်ယူပါ။ ထို့နောက် ဤမေးခွန်းများကို အတူတကွ ဖြေကြားပါ။

    • ယခုတစ်ပတ်တွင် မည်သည့်အချက်က သင့်ကို ပျော်ရွှင်စေသနည်း။     • ယခုတစ်ပတ်တွင် မည်သည့်အချက်က ခက်ခဲသနည်း။     • ယခင်အစည်းအဝေးမှ “ကျွန်ုပ်လုပ်ဆောင်ပါမည်" ကို တင်ပြရန်။     • မည်သူ့ကို ပြောခဲ့ပါသလဲ၊ မည်သို့ ဖြစ်ခဲ့ပါသလဲ။

အဆင့် ၁။ ကျမ်းချက်ပါ ဇာတ်ကြောင်းကို ဖတ်ရှုပါ။             ကျမ်းပိုဒ်ကို ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၂။ ဇာတ်ကြောင်းကို ပြန်လည်ပြောပြပါ။              ဇာတ်ကြောင်းကို မိမိ၏ စကားဖြင့် ပြန်လည်ပြောပြရန် အချိန်အနည်းငယ် ယူပါ။ ကျယ်ကျယ် ပြောဆိုချင်ပါ သို့မဟုတ် ရေးမှတ်ပါ။ မှတ်မိရန် အခက်အခဲရှိပါက ထပ်မံ ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၃။ ဇာတ်ကြောင်းကို ရှာဖွေပါ။ 
            ဇာတ်ကြောင်းကို ရင်းနှီးသည်ဟု ခံစားရသည်နှင့် အောက်ပါ မေးခွန်းများကို စဉ်းစားရန် သို့မဟုတ် ဆွေးနွေးရန် အချိန်ယူပါ။

• ဤကျမ်းချက်တွင် ဘုရားသခင်အကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤကျမ်းချက်တွင် လူတွေအကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤအကြောင်းသည် ဘုရားသခင်၏နှုတ်တော်ထွက်တကယ် ဖြစ်ပါက သင့်ဘဝတွင် မည်သည့် ပြောင်းလဲမှုများ ပြုလုပ်ရမှာလဲ။  • ဘယ်သူ့ကို ကျွန်ုပ် ပြောပြရမည်နည်း။

မာတိကာ (Table of Contents) သင်ခန်းစာ

သင်ခန်းစာ ၁။ နောင်တရပြီး ယုံကြည်ပါ
သင်ခန်းစာ ၂။ နှစ်ခြင်းခံပါ
သင်ခန်းစာ ၃။ အမိန့်သုံး
သင်ခန်းစာ ၄။ တပည့်ဖြစ်စေပါ
သင်ခန်းစာ ၅။ ဇွဲရှိပါ
သင်ခန်းစာ- ၆။ အချစ်
သင်ခန်းစာ - ၇။ ကျွန်တော့်ကိုမှတ်မိပါသလား
သင်ခန်းစာ - ၈။ ပေးသည် Give 
သင်ခန်းစာ - ၉။ စုဝေးပါ Gather

သင်ခန်းစာ - ၁ 
ဖန်ဆင်းခြင်း၊ ဘုရားသခင်သည်ကမ္ဘာကြီးကိုဖန်ဆင်း၏ 

မဿဲ ၄:၁၇

17 ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏။
လုကာ ၇:၃၆-၅၀

36 ဖာရိရှဲတယောက်သည် အစာကို သုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော်ကို ခေါ်ပင့်လျှင်၊ ထိုဖာရိရှဲ၏ အိမ်သို့ကြွ၍ စားပွဲ၌လျောင်းတော်မူ၏။
37 ထိုသို့စားပွဲ၌လျောင်းတော်မူသည်ကိုထိုမြို့၌ဆိုးသောမိန်းမတယောက်သည် သိလျှင်၊ ဆီမွှေး ကျောက်ဖြူ ခွင်တလုံးကို ယူခဲ့၍၊
38 နောက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကြလျှင် မိမိဆံပင် နှင့်သုတ်လေ၏။ ခြေတော်ကိုလည်း နမ်း၍ ဆီမွှေးနှင့် လိမ်းလျက်နေလေ၏။
39 ကိုယ်တော်ကို ခေါ်ပင့်သော ဖာရိရှဲသည်မြင်လေသော်၊ ဤသူသည်ပရောဖက်မှန်လျင် ခြေတော်ကို ကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏ဟု ထင်မှတ်၏။
40 ယေရှုကလည်း၊ အချင်းရှိမုန်၊ သင့်အား ငါပြောစရာတခုရှိသည်ဟု မိန့်တော်မူလျှင်၊ အရှင်ဘုရား အမိန့်ရှိတော်မူပါဟု လျှောက်သော်၊
41 ယေရှုက၊ ဥစ္စာရှင်တဦး၌ ကြွေးစားနှစ်ဦးရှိ၏။ တယောက်၌ကား ဒေနာရိအပြားငါးရာ၊ တယောက်၌ ကား ငါးဆယ်ကြွေးရှိ၏။
42 သူတို့သည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကြွေးရှင်သည် ထိုသူနှစ်ယောက်တို့ကို အချည်းနှီးလွှတ်၏။ သို့ဖြစ်လျှင် ထိုသူနှစ်ယောက်တွင် အဘယ်သူသည် ကြွေးရှင်ကိုသာ၍ ချစ်လိမ့်မည်နည်းဟု မေးတော်မူ၏။
43 ရှိမုန်ကလည်း၊ သာ၍ကျေးဇူးကိုခံရသောသူသည် သာ၍ချစ်လိမ့်မည် အကျွန်ုပ်ထင်ပါ၏ဟု လျှောက် လျှင်၊ ယေရှုက၊ သင်ထင်သည်အတိုင်း မှန်ပေ၏ဟု မိန့်တော်မူပြီးမှ၊
44 ထိုမိန်းမကိုလှည့်၍ ရှိမုန်အားလည်း၊ သင်သည် ဤမိန်းမကိုမြင်သလော။ သင်၏အိမ်သို့ ငါဝင်သော် သင်သည် ခြေဆေးရေကိုမပေး။ ဤမိန်းမမူကား၊ ငါ့ခြေ ပေါ်သို့ မျက်ရည်ကျ၍ မိမိဆံပင်နှင့်သုတ်လေပြီ။
45 သင်သည် ငါ့ကိုမနမ်း၊ သူမူကား၊ အိမ်သို့ဝင်သောအချိန်မှစ၍ ငါ့ခြေကို နမ်းလျက်မစဲဘဲနေ၏။
46 သင်သည်ငါ့ခေါင်းကို ဆီနှင့်မလိမ်း။ သူမူကား၊ ငါ့ခြေကို ဆီမွှေးနှင့်လိမ်းလေပြီ။
47 ထိုကြောင့် ငါဆိုသည်ကား၊ သူသည် များစွာသောအပြစ်တို့နှင့်လွတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏။ အနည်းငယ်သောအပြစ်လွတ်သောသူသည် အနည်းငယ်မျှသာ ချစ်တတ်သည်ဟု မိန့်တော်မူ၏။
48 ထိုမိန်းမအားလည်း၊ သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ၏။
49 စားပွဲ၌လျောင်းသောသူတို့က၊ အပြစ်ကိုလွှတ်သော ဤသူကား အဘယ်သူနည်းဟု အောက်မေ့ကြ၏။
50 ယေရှုသည် ထိုမိန်းမအားသင်၏ ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလောဟု မိန့်တော်မူ၏။

အဆင့် ၁။ ကျမ်းချက်ပါ ဇာတ်ကြောင်းကို ဖတ်ရှုပါ။             ကျမ်းပိုဒ်ကို ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၂။ ဇာတ်ကြောင်းကို ပြန်လည်ပြောပြပါ။              ဇာတ်ကြောင်းကို မိမိ၏ စကားဖြင့် ပြန်လည်ပြောပြရန် အချိန်အနည်းငယ် ယူပါ။ ကျယ်ကျယ် ပြောဆိုချင်ပါ သို့မဟုတ် ရေးမှတ်ပါ။ မှတ်မိရန် အခက်အခဲရှိပါက ထပ်မံ ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၃။ ဇာတ်ကြောင်းကို ရှာဖွေပါ။ 
            ဇာတ်ကြောင်းကို ရင်းနှီးသည်ဟု ခံစားရသည်နှင့် အောက်ပါ မေးခွန်းများကို စဉ်းစားရန် သို့မဟုတ် ဆွေးနွေးရန် အချိန်ယူပါ။

• ဤကျမ်းချက်တွင် ဘုရားသခင်အကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤကျမ်းချက်တွင် လူတွေအကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤအကြောင်းသည် ဘုရားသခင်၏နှုတ်တော်ထွက်တကယ် ဖြစ်ပါက သင့်ဘဝတွင် မည်သည့် ပြောင်းလဲမှုများ ပြုလုပ်ရမှာလဲ။  • ဘယ်သူ့ကို ကျွန်ုပ် ပြောပြရမည်နည်း။ အောင်လက်မှတ်လိုချင်ပါက ဤနေရာတွင်ဖြေဆိုပါ။ ==> နှိပ်ပါ။

သင်ခန်းစာ- ၂
နှစ်ခြင်းခံပါ

မဿဲ ၂၈:၁၉

19 သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ တမန်တော်ဝတ္ထု ၈:၂၆-၃၉

26 တဖန် ထာဝရဘုရား၏ ကောင်းကင်တမန် သည် ဖိလိပ္ပုအား၊ သင်ထ၍ ယေရုရှလင်မြို့မှ ဂါဇမြို့ သို့သွားရာ တောလမ်းတွင် တောင်မျက်နှာသို့ သွားလော့ ဟု ဆိုသည်အတိုင်း၊ ဖိလိပ္ပုသည်ထ၍ သွားလေ၏။
27 ထိုအခါ အဲသယောပိပြည်ကိုအစိုးရသော မိဖုရားကန္ဒက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍတော်ရှိသမျှကို အုပ်စိုးရသော အဲသယောပိ ပြည်သား တယောက်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင် မြို့ သို့သွား၍၊
28 ပြန်စဉ်တွင် မိမိရထားပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ဘတ်လေ၏။
29 ဝိညာဉ်တော်ကလည်း၊ ထိုရထားသို့ ချဉ်းကပ်၍ မှီဝဲလော့ဟု ဖိလိပ္ပုအား ဗျာဒိတ်ပေးတော်မူသဖြင့်၊
30 ဖိလိပ္ပုသည် ရထားသို့ပြေး၍ ပရောဖက် ဟေရှာယ၏ ကျမ်းစာ၌ ဘတ်သည်ကိုကြားလျှင်၊ ဘတ်သောအရာကို နားလည်ပါ၏ လောဟု မေးမြန်း၏။
31 ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပြင်သော သူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်းဟု ဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက်၍ထိုင်နေ ပါမည်အကြောင်း တောင်းပန်၏။
32 ကျမ်းစာ၌ ဘတ်သောအချက်ဟူမူကား၊ အသေ သတ်ခြင်းငှါ ဆောင်သွားသော သိုးကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသငယ်သည် အမွေးညှပ်သောသူ ရှေ့မှာ မမြည်ဘဲ နေသကဲ့သို့ သူသည်နှုတ်ကိုမဖွင့် ဘဲနေ၏။
33 နှိမ့်ချခြင်းကိုခံစဉ်တွင် သူတပါးတို့သည် ထိုသူကို မတရားသ ဖြင့် စီရင်ကြ၏။ ထိုသူ၏အသက်ကို မြေကြီးကသိမ်းရုပ်သည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်းဟု ကျမ်းစာ လာသ တည်း။
34 ထိုအမတ်ကလည်း၊ ပရောဖက်သည် အဘယ် သူကို ရည်မှတ်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုတည်း ဆိုလိုသလော။ သူတပါးကိုတည်း ဆိုလိုသလောဟု တောင်းပန်လျက်၊
35 ဖိလိပ္ပုအား မေးမြန်းလျှင်၊ ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့်၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။
36 ထိုသို့လမ်း၌သွားကြစဉ် ရေရှိရာသို့ရောက်၍၊ အမတ်ကလည်း ဤအရပ်တွင်ရေရှိပါ၏။ အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှါ မည်သည့် အကြောင်းဆီးတား ပါသနည်းဟု ပြောဆိုလျှင်၊
37 ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လျှင် ခံရသည် ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ ကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊
38 ရထားကိုရပ်စေခြင်းငှါစီရင်ပြီးမှ၊ ဖိလိပ္ပုသည် ထိုအမတ်နှင့် တကွရေထဲသို့ဆင်း၍ ဗတ္တိဇံကိုပေး၏။
39 ရေထဲကတက်ကြလျှင်၊ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကို နောက်တဖန်မတွေ့မမြင်ရ။ ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်းကို သွားလေ၏။

အဆင့် ၁။ ကျမ်းချက်ပါ ဇာတ်ကြောင်းကို ဖတ်ရှုပါ။             ကျမ်းပိုဒ်ကို ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၂။ ဇာတ်ကြောင်းကို ပြန်လည်ပြောပြပါ။              ဇာတ်ကြောင်းကို မိမိ၏ စကားဖြင့် ပြန်လည်ပြောပြရန် အချိန်အနည်းငယ် ယူပါ။ ကျယ်ကျယ် ပြောဆိုချင်ပါ သို့မဟုတ် ရေးမှတ်ပါ။ မှတ်မိရန် အခက်အခဲရှိပါက ထပ်မံ ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၃။ ဇာတ်ကြောင်းကို ရှာဖွေပါ။ 
            ဇာတ်ကြောင်းကို ရင်းနှီးသည်ဟု ခံစားရသည်နှင့် အောက်ပါ မေးခွန်းများကို စဉ်းစားရန် သို့မဟုတ် ဆွေးနွေးရန် အချိန်ယူပါ။

• ဤကျမ်းချက်တွင် ဘုရားသခင်အကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤကျမ်းချက်တွင် လူတွေအကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤအကြောင်းသည် ဘုရားသခင်၏နှုတ်တော်ထွက်တကယ် ဖြစ်ပါက သင့်ဘဝတွင် မည်သည့် ပြောင်းလဲမှုများ ပြုလုပ်ရမှာလဲ။  • ဘယ်သူ့ကို ကျွန်ုပ် ပြောပြရမည်နည်း။ အောင်လက်မှတ်လိုချင်ပါက ဤနေရာတွင်ဖြေဆိုပါ။ ==> နှိပ်ပါ။

သင်ခန်းစာ- ၃

မဿဲ ၆:၅-၁၅

သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။ ငါအမှန်ဆို သည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ၏။

သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကိုဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့။
သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။
ထိုသူတို့နည်းတူမပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့ အလိုရှိသမျှတို့ကို သင်တို့မတောင်းမှီ သင်တို့ အဘသိတော်မူ၏။
ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။
10 နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။
11 အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။
12 သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ် တို့၏အပြစ်များကို လွှတ်တော်မူပါ။
13 အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင်ဟု ဆုတောင်းကြလော့။
14 သင်တို့သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။
15 သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော် မမူ။

အဆင့် ၁။ ကျမ်းချက်ပါ ဇာတ်ကြောင်းကို ဖတ်ရှုပါ။             ကျမ်းပိုဒ်ကို ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၂။ ဇာတ်ကြောင်းကို ပြန်လည်ပြောပြပါ။              ဇာတ်ကြောင်းကို မိမိ၏ စကားဖြင့် ပြန်လည်ပြောပြရန် အချိန်အနည်းငယ် ယူပါ။ ကျယ်ကျယ် ပြောဆိုချင်ပါ သို့မဟုတ် ရေးမှတ်ပါ။ မှတ်မိရန် အခက်အခဲရှိပါက ထပ်မံ ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၃။ ဇာတ်ကြောင်းကို ရှာဖွေပါ။ 
            ဇာတ်ကြောင်းကို ရင်းနှီးသည်ဟု ခံစားရသည်နှင့် အောက်ပါ မေးခွန်းများကို စဉ်းစားရန် သို့မဟုတ် ဆွေးနွေးရန် အချိန်ယူပါ။

• ဤကျမ်းချက်တွင် ဘုရားသခင်အကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤကျမ်းချက်တွင် လူတွေအကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤအကြောင်းသည် ဘုရားသခင်၏နှုတ်တော်ထွက်တကယ် ဖြစ်ပါက သင့်ဘဝတွင် မည်သည့် ပြောင်းလဲမှုများ ပြုလုပ်ရမှာလဲ။  • ဘယ်သူ့ကို ကျွန်ုပ် ပြောပြရမည်နည်း။ အောင်လက်မှတ်လိုချင်ပါက ဤနေရာတွင်ဖြေဆိုပါ။ ==> နှိပ်ပါ။

သင်ခန်းစာ- ၄

မဿဲ ၂၈:၁၉-၂၀

19 သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။
20 ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏။

ယောဟန် ၄:၄-၄၂

ရှမာရိပြည်အလယ်၌ ရှောက်သွားရ၏။
ယာကုပ်သည် မိမိသားယောသပ်အား ပေးသောမြေအကွက်နှင့်အနီး၊ ရှမာရိနယ်၊ ရှုခါအမည်ရှိသော မြို့သို့ ရောက်တော်မူ၏။
ထိုအရပ်၌ယာကုပ်၏ ရေတွင်းရှိ၏။ ယေရှုသည် ခရီးသွား၍ ပင်ပန်းသောကြောင့် ရေတွင်းနားမှာ ထိုင်တော်မူ၏။ ထိုအချိန်သည် ခြောက်နာရီအချိန်ဖြစ်၏။
ရှမာရိမိန်းမတယောက်သည် ရေခပ်ခြင်းငှါ လာ၍၊ ယေရှုက၊ ငါသောက်ဘို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။
အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှါ မြို့ထဲသို့သွားကြသည် အခိုက် ဖြစ်သတည်း။
ထိုမိန်းမကလည်း၊ သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကိုအဘယ်ကြောင့် သောက်ဘို့တောင်းသနည်းဟုဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့်ပေါင်းဘော်ခြင်း မရှိ။
10 ယေရှုကလည်း၊ ဘုရားသခင်ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဘို့ရေပေးပါဟုဆိုသော သူကား အဘယ် သူဖြစ်သည်ကို၎င်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည် ဟုပြန်၍ မိန့်တော်မူသော်၊
11 မိန်းမက၊ သခင်၌ရေခပ်စရာမရှိ ရေတွင်းလည်း နက်သည်ဖြစ်၍၊ အသက်ရေကို အဘယ်သို့ရပါ မည်နည်း။
12 ဤရေတွင်းကို ငါတို့အဘ ယာကုပ်သည် ငါတို့အား ပေး၏။ သူ့ကိုယ်တိုင်မှစ၍၊ သားသမီး၊ တိရိစ္ဆာန် များတို့သည် ဤတွင်းရေကိုသောက်ကြပြီ။ သခင်သည် ထိုသူထက်ကြီးမြတ်သလောဟုဆို၏။
13 ယေရှုကလည်း၊ ဤရေကိုသောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည်။
14 ငါပေးသောရေကိုသောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေး သော ရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလိုငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
15 မိန်းမကလည်း၊ သခင်၊ ကျွန်ုပ်သည်ရေငတ်ခြင်းနှင့်၎င်း၊ သည်ကိုလာ၍ရေခပ်ခြင်းနှင့်၎င်း ကင်းလွတ် မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင်၊
16 ယေရှုက၊ သွားလော့။ သင်၏လင်ကိုခေါ်၍ သည်ကိုလာဦးလော့ဟု မိန့်တော်မူ၏။
17 မိန်းမကလည်း။ အကျွန်ုပ်၌လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသောစကားသည်မှန်၏။
18 အကြောင်းမူကား၊ သင်၌လင်ငါးယောက်ရှိဘူးပြီ။ ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်။ ဤအရာ၌ သင်သည်မှန်သော စကားကိုပြောပြီဟု မိန့်တော်မူ၏။
19 ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။
20 အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ် ရမည်ဟု သင်တို့သည်ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊
21 ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့ မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်း တော်ကိုကိုးကွယ်ရမည် အချိန်ကာလရောက်ဆဲရှိ၏။
22 သင်တို့သည်ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည်ကိုယ်သိသောအရာကို ကိုးကွယ်ကြ ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။
23 ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း၊ ကိုးကွယ် ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။
24 ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့် ၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။
25 မိန်းမကလည်း၊ မေရှိကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့ အား အလုံးစုံတို့ကိုဘော်ပြတော်မူမည်ဟု လျှောက်ပြန်၏။ မေရှိအနက်ကား၊ ခရစ်တော်ဟု ဆိုလိုသတည်း။
26 ယေရှုကလည်း၊ သင်နှင့်စကားပြောသော ငါသည် မေရှိပင်ဖြစ်သည်ဟု မိန့်တော်မူ၏။
27 ထိုအခါတပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့်စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏၊ သို့သော်လည်း၊ အဘယ်အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့်အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ။
28 ထိုမိန်းမသည်လည်းရေအိုးကိုထားခဲ့၍ မြို့ထဲသို့ သွားပြီးလျှင်၊
29 အကျွန်ုပ်ပြုဘူးသမျှသော အမူအရာတို့ကို ထုတ်ဘော်သောသူကိုလာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊
30 သူတို့သည် မြို့ထဲမှထွက်၍ အထံတော်သို့ သွားကြ၏။
31 မရောက်မှီတွင်တပည့်တော်တို့က၊ အရှင်ဘုရား၊ အစာကိုသုံးဆောင်တော်မူပါဟုတောင်းပန်ကြလျှင်၊
32 သင်တို့မသိသော စားစရာသည် ငါ့၌ရှိသည်ဟု မိန့်တော်မူ၏။
33 ထိုကြောင့်တပည့်တော်တို့က၊ တစုံတယောက်သောသူသည် စားစရာကို ပို့ပြီလောဟု အချင်းချင်း မေး မြန်းကြလျှင်၊
34 ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာဖြစ်၏။
35 ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်သည်မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့။
36 စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရအသက်ရှင်ခြင်းအလိုငှါ အသီးအနှံကိုစုသိမ်း၏။ သို့ဖြစ် လျှင် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်။
37 တဦးကားပျိုးကြဲ၏။ တဦးကားစပါးရိတ်၏ဟူသော စကားသည် ဤအရာ၌အမှန်ကျသတည်း။
38 သင်တို့သည် လယ်မလုပ်သောအရပ်၌ စပါးရိတ်စေခြင်းငှါ သင်တို့ကိုငါစေလွှတ်၏။ အခြားသော သူတို့သည် လယ်လုပ်ကြ၍၊ သင်တို့သည် ထိုသူတို့၏ အလုပ်ထဲသို့ ဝင်ရကြ၏ဟု မိန့်တော်မူ၏။
39 ရှမာရိမိန်းမက၊ အကျွန်ုပ်ပြုဘူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဘော်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှုကိုယုံကြည်ကြ၏။
40 ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌နေတော်မူမည်ကြောင်း တောင်းပန်၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။
41 အခြားသောသူအများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍၊
42 ထိုမိန်းမအား၊ ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော် ကို ကိုယ်တိုင်ကြားနာရ၍၊ ဤသူသည်လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော် အမှန်စင်စစ်ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ၏။

အဆင့် ၁။ ကျမ်းချက်ပါ ဇာတ်ကြောင်းကို ဖတ်ရှုပါ။             ကျမ်းပိုဒ်ကို ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၂။ ဇာတ်ကြောင်းကို ပြန်လည်ပြောပြပါ။              ဇာတ်ကြောင်းကို မိမိ၏ စကားဖြင့် ပြန်လည်ပြောပြရန် အချိန်အနည်းငယ် ယူပါ။ ကျယ်ကျယ် ပြောဆိုချင်ပါ သို့မဟုတ် ရေးမှတ်ပါ။ မှတ်မိရန် အခက်အခဲရှိပါက ထပ်မံ ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၃။ ဇာတ်ကြောင်းကို ရှာဖွေပါ။ 
            ဇာတ်ကြောင်းကို ရင်းနှီးသည်ဟု ခံစားရသည်နှင့် အောက်ပါ မေးခွန်းများကို စဉ်းစားရန် သို့မဟုတ် ဆွေးနွေးရန် အချိန်ယူပါ။

• ဤကျမ်းချက်တွင် ဘုရားသခင်အကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤကျမ်းချက်တွင် လူတွေအကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤအကြောင်းသည် ဘုရားသခင်၏နှုတ်တော်ထွက်တကယ် ဖြစ်ပါက သင့်ဘဝတွင် မည်သည့် ပြောင်းလဲမှုများ ပြုလုပ်ရမှာလဲ။  • ဘယ်သူ့ကို ကျွန်ုပ် ပြောပြရမည်နည်း။ အောင်လက်မှတ်လိုချင်ပါက ဤနေရာတွင်ဖြေဆိုပါ။ ==> နှိပ်ပါ။

သင်ခန်းစာ- ၅

မဿဲ ၁၀:၂၂

22 လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင် အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ တမန်တော်ဝတ္ထု ၅:၂၇-၄၂

27 ထိုသို့ခေါ်ဆောင်ပြီးလျှင်၊ လွှတ်အရာရှိတို့ ရှေ့မှာထား၍ ယဇ်ပုရောဟိတ်မင်းက၊
28 ထိုနာမကို အမှီပြု၍မဆုံးမ မသွန်သင်မည် အကြောင်း ငါတို့သည်သင်တို့အား၊ ကျပ်တည်းစွာ စီရင် မှာထားသည်မဟုတ်လော။ ယခု ကြည့်ကြ။ ယေရုရှလင် မြို့ကို သင်တို့အယူဝါဒနှင့် ပြည့် စသည်ဖြစ်၍၊ ငါတို့ အပေါ်သို့ ထိုသူ၏အသွေးကိုရောက်စေခြင်းငှါ သင်တို့ ကြံစည် ပါသည် တကားဟုမေးမြန်းပြောဆိုကြ၏။
29 ပေတရုနှင့် အခြားသော တမန်တော်တို့ကလည်း၊ လူ၏စကားထက်ဘုရားသခင်၏ စကားကို နားထောင်သင့်ပါ၏။
30 သင်တို့သည် သစ်တိုင်၌ဆွဲ၍ ကွပ်မျက်သော ယေရှုကို ငါတို့ ဘိုးဘေးများ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ။
31 ဣသရေလ လူတို့အား နောင်တတရားနှင့် အပြစ်လွှတ်ခြင်း အခွင့်ကိုပေးစေခြင်းငှါ၊ ထိုသူကို အစိုးရသော အရှင်အရာ၌၎င်း၊ ကယ်တင်သော သခင် အရာ၌၎င်း၊ ဘုရားသခင်ခန့်ထား၍ မိမိလက်ျာ လက်တော်နှင့် ချီးမြှင့်တော်မူပြီ။
32 ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏ စကားတော်ကို နားထောင်သော သူတို့အား ပေးသနား တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ၏။
33 ထိုစကားကိုကြားလျှင်၊ ထိုသူတို့နှလုံးသည် ကွဲပြတ်မတတ်ဖြစ် ၍၊ တမန်တော်တို့ကို ကွပ်မျက်ခြင်းငှါ အချင်းချင်းတိုင်ပင်ပြောဆိုကြ၏။
34 ထိုအခါလူအပေါင်းတို့ရိုသေသောသူ၊ ဂါမလျေလအမည် ရှိသောနိဿရည်းဆရာ၊ ဖာရိရှဲ တယောက်သည် လွှတ်တော်ပေါ်၌ထ၍၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင်၊
35 ဣသရေလ လူတို့၊ ဤသူတို့အား အဘယ်သို့ပြုမည်အရာကို သတိနှင့်ဆင်ခြင်ကြလော့။
36 အကြောင်းမူကား၊ အထက်က သုဒအမည် ရှိသောသူတယောက် သည်ထသဖြင့်၊ ငါသည်လူ သာမည မဟုတ်ဟု ဆိုသည်ဖြစ်၍၊ သူ၌ လူလေးရာမျှ လောက်ဆည်းကပ်ကြ၏။ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်၍ သူ့ကိုယုံကြည်သမျှသော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ၏။
37 ထိုသူနောက်ငွေတော်ခွဲစဉ်ကာလ၊ ယုဒအမည် ရှိသော ဂါလိလဲ လူတယောက်သည်လည်းထ၍၊ မိမိ နောက်သို့လူများကိုသွေးဆောင်လေ၏။ ထိုသူသည်လည်း ပျက်စီးခြင်းသို့ရောက်၍၊ သူ့ကိုယုံကြည်သမျှ သောသူ တို့သည် ပျောက်လွင့်ကြ၏။
38 ယခုလည်းဤသူတို့ကို ရှောင်ရှား၍ အလို အလျောက်ရှိကြ ပါစေဟု ငါဆို၏။ ဤအကြံဤအမှုသည် လူ၏အကြံလူ၏အမှုဖြစ်လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
39 ဘုရားသခင်၏အကြံအမှုဖြစ်လျှင် သင်တို့သည် မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူမဖြစ် မည်အကြောင်း သတိပြုကြ လော့ဟု ပြောဆို၏။
40 ထိုစကားကို နားထောင်ကြသဖြင့်၊ တမန်တော် တို့ကိုခေါ်၍ ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကို အမှီပြုလျက် မဟောမပြောမည်အကြောင်း တားမြစ်ထား၍ လွှတ်ကြ ၏။
41 တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက် ကြသည်ဟု မှတ်တော်မူသော ကြောင့်ဝမ်းမြောက်သော စိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။
42 ဗိမာန်တော်၌၎င်း၊ အိမ်၌၎င်း နေ့တိုင်းအစဉ် ဆုံးမသွန်သင် လျက်၊ ယေရှုသည်ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟော ပြောလျက်နေကြ၏။

အဆင့် ၁။ ကျမ်းချက်ပါ ဇာတ်ကြောင်းကို ဖတ်ရှုပါ။             ကျမ်းပိုဒ်ကို ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၂။ ဇာတ်ကြောင်းကို ပြန်လည်ပြောပြပါ။              ဇာတ်ကြောင်းကို မိမိ၏ စကားဖြင့် ပြန်လည်ပြောပြရန် အချိန်အနည်းငယ် ယူပါ။ ကျယ်ကျယ် ပြောဆိုချင်ပါ သို့မဟုတ် ရေးမှတ်ပါ။ မှတ်မိရန် အခက်အခဲရှိပါက ထပ်မံ ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၃။ ဇာတ်ကြောင်းကို ရှာဖွေပါ။ 
            ဇာတ်ကြောင်းကို ရင်းနှီးသည်ဟု ခံစားရသည်နှင့် အောက်ပါ မေးခွန်းများကို စဉ်းစားရန် သို့မဟုတ် ဆွေးနွေးရန် အချိန်ယူပါ။

• ဤကျမ်းချက်တွင် ဘုရားသခင်အကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤကျမ်းချက်တွင် လူတွေအကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤအကြောင်းသည် ဘုရားသခင်၏နှုတ်တော်ထွက်တကယ် ဖြစ်ပါက သင့်ဘဝတွင် မည်သည့် ပြောင်းလဲမှုများ ပြုလုပ်ရမှာလဲ။  • ဘယ်သူ့ကို ကျွန်ုပ် ပြောပြရမည်နည်း။ အောင်လက်မှတ်လိုချင်ပါက ဤနေရာတွင်ဖြေဆိုပါ။ ==> နှိပ်ပါ။

သင်ခန်းစာ- ၆

မဿဲ ၂၂:၃၇-၃၉

37 ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊
38 ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။
39 ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။ လုကာ ၁၀:၂၅-၃၇

25 ငါသည်လူတို့တွင်ခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်းခြင်းငှါ ငါ့ကို ကြည့်ရှု တော်မူစဉ်တွင်၊ ဤကျေးဇူးတော်ကို ပြုတော်မူပြီဟုဆိုလျက်၊ ငါးလပတ်လုံး အိမ်တွင်း၌အောင်း၍ နေလေ၏။
26 ငါးလလွန်သောအခါ၊ ဂါလိလဲပြည်နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင့်၍၊
27 မရှက်တင်သေးသော သတို့သမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလကို စေ လွှတ်တော်မူ၏။ သတို့သမီးကညာကား၊ မာရိအမည်ရှိ၏။
28 ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေ သတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို၏။
29 မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆတ်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင်၍နေ၏။
30 ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာ ရပြီ။
31 သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရ မည်။
32 ထိုသားသည်ကား၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်သခင်သည် သူ့အားပေးတော်မူ မည်။
33 ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံး ခြင်းမရှိရဟုပြောဆို၏။
34 မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်ယောက်ျားနှင့် မဆက်ဆံ ပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။
35 ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော် မူ၍၊ အမြင့်ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။
36 ထိုမှတပါး၊ အမြုံမဟူ၍ခေါ်ဝေါ်သောသင်၏ အဆွေအမျိုးဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခု ခြောက်လအဝင်ရှိပြီ။
37 ဘုရားသခင်တတ်နိုင်တော်မမူသောအမှုမရှိဟု ပြောဆိုလျှင်၊

အဆင့် ၁။ ကျမ်းချက်ပါ ဇာတ်ကြောင်းကို ဖတ်ရှုပါ။             ကျမ်းပိုဒ်ကို ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၂။ ဇာတ်ကြောင်းကို ပြန်လည်ပြောပြပါ။              ဇာတ်ကြောင်းကို မိမိ၏ စကားဖြင့် ပြန်လည်ပြောပြရန် အချိန်အနည်းငယ် ယူပါ။ ကျယ်ကျယ် ပြောဆိုချင်ပါ သို့မဟုတ် ရေးမှတ်ပါ။ မှတ်မိရန် အခက်အခဲရှိပါက ထပ်မံ ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၃။ ဇာတ်ကြောင်းကို ရှာဖွေပါ။ 
            ဇာတ်ကြောင်းကို ရင်းနှီးသည်ဟု ခံစားရသည်နှင့် အောက်ပါ မေးခွန်းများကို စဉ်းစားရန် သို့မဟုတ် ဆွေးနွေးရန် အချိန်ယူပါ။

• ဤကျမ်းချက်တွင် ဘုရားသခင်အကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤကျမ်းချက်တွင် လူတွေအကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤအကြောင်းသည် ဘုရားသခင်၏နှုတ်တော်ထွက်တကယ် ဖြစ်ပါက သင့်ဘဝတွင် မည်သည့် ပြောင်းလဲမှုများ ပြုလုပ်ရမှာလဲ။  • ဘယ်သူ့ကို ကျွန်ုပ် ပြောပြရမည်နည်း။ အောင်လက်မှတ်လိုချင်ပါက ဤနေရာတွင်ဖြေဆိုပါ။ ==> နှိပ်ပါ။

သင်ခန်းစာ- ၇

မဿဲ ၂၆:၂၆-၂၈

26 ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တို့အား ပေးတော်မူ၏။
27 ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ သင်တို့ရှိသမျှသည် သောက် ကြလော့။
28 ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။ လုကာ ၂၂:၇-၂၀

ပသခါသိုးသငယ်ကို သတ်ရသောနေ့တည်းဟူသော အဇုမပွဲနေ့ရောက်သောအခါ၊
ကိုယ်တော်က၊ ငါတို့ စားဘို့ရာ သင်တို့သည်သွား၍ ပသခါပွဲကို ပြင်ဆင်ကြလော့ဟု ပေတရုနှင့် ယောဟန်ကို စေလွှတ်တော်မူ၏။
သူတို့ကလည်း၊ အဘယ်အရပ်၌ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊
10 ကိုယ်တော်က၊ သင်တို့သည် မြို့ထဲသို့ဝင်သောအခါ ရေအိုးဆောင်သောသူကိုတွေ့လိမ့်မည်။ ထိုသူ နောက်သို့ လိုက်၍ သူဝင်သောအိမ်သို့ ဝင်ပြီးမှ၊
11 ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။
12 ထိုသူသည် ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။
13 တပည့်တောတို့သည် သွား၍ စကားတော်အတိုင်းတွေ့လျှင်၊ ပသခါပွဲကို ပြင်ဆင်ကြ၏။
14 အချိန်ရောက်မှ တမန်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူ၍၊
15 ငါသည် အသေမခံမှီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှါ အလွန်အလိုရှိလေပြီ။
16 ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်၌ ပသခါပွဲမပြည့်စုံမှီတိုင်အောင် ယခုမှစ၍ ဤပွဲကို တဖန် ငါမစားရဟု မိန့်တော်မူလျက်၊
17 ခွက်ဖလားကို ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ ဤခွက်ကို ယူ၍ အချင်းချင်းဝေကြလော့။
18 ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မှီတိုင်အောင် ယခုမှစ၍ စပျစ်ရည်ကိုတဖန် ငါ မသောက်ရဟု မိန့်တော်မူ၏။
19 ထိုအခါ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဘို့ အလိုငှါ စွန့်သော ငါ၏ကိုယ် ဖြစ်၏။ ငါ့ကို အောက်မေ့ဘို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။
20 ထိုနည်းတူညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား သင်တို့အဘို့အလိုငှါ သွန်းသော ငါ၏ အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။

အဆင့် ၁။ ကျမ်းချက်ပါ ဇာတ်ကြောင်းကို ဖတ်ရှုပါ။             ကျမ်းပိုဒ်ကို ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၂။ ဇာတ်ကြောင်းကို ပြန်လည်ပြောပြပါ။              ဇာတ်ကြောင်းကို မိမိ၏ စကားဖြင့် ပြန်လည်ပြောပြရန် အချိန်အနည်းငယ် ယူပါ။ ကျယ်ကျယ် ပြောဆိုချင်ပါ သို့မဟုတ် ရေးမှတ်ပါ။ မှတ်မိရန် အခက်အခဲရှိပါက ထပ်မံ ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၃။ ဇာတ်ကြောင်းကို ရှာဖွေပါ။ 
            ဇာတ်ကြောင်းကို ရင်းနှီးသည်ဟု ခံစားရသည်နှင့် အောက်ပါ မေးခွန်းများကို စဉ်းစားရန် သို့မဟုတ် ဆွေးနွေးရန် အချိန်ယူပါ။

• ဤကျမ်းချက်တွင် ဘုရားသခင်အကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤကျမ်းချက်တွင် လူတွေအကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤအကြောင်းသည် ဘုရားသခင်၏နှုတ်တော်ထွက်တကယ် ဖြစ်ပါက သင့်ဘဝတွင် မည်သည့် ပြောင်းလဲမှုများ ပြုလုပ်ရမှာလဲ။  • ဘယ်သူ့ကို ကျွန်ုပ် ပြောပြရမည်နည်း။ အောင်လက်မှတ်လိုချင်ပါက ဤနေရာတွင်ဖြေဆိုပါ။ ==> နှိပ်ပါ။

သင်ခန်းစာ - ၈
ပေးသည် Give

မဿဲ ၆:၁-၄

လူများတို့ မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြ လော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။
ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုရကြပြီ။
သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ျာလက်ပြုသည် အမှုကို လက်ဝဲလက်မျှမသိစေနှင့်။
မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတံ့။

မာကု ၁၂:၄၁-၄၄

41 ထိုနောက်ယေရှုသည် ဘဏ္ဍာတိုက်ရှေ့မှာ ထိုင်တော်မူစဉ်တွင်၊ လူများတို့သည် ကြေးငွေကို ဘဏ္ဍာ တိုက်ထဲသို့ သွင်းချသည်ကို ကြည့်ရှုတော်မူ၏။ ငွေရတတ်သော သူအများတို့သည် များစွာသွင်းချကြ၏။
42 ဆင်းရဲသော မုတ်ဆိုးမတယောက်သည်လာ၍ တပဲလောက်တန်သောကြေးနီဒင်္ဂါးနှစ်ပြားကို သွင်းချ၏။
43 ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်၍ ငါမှန်ဆိုသည်ကား၊ ဘဏ္ဍာတိုက်ထဲသို့ သွင်းချသော သူ အပေါင်းတို့ထက် ထိုဆင်းရဲသားမုတ်ဆိုးမသည်သာ၍ သွင်းချခဲ့ပြီ။
44 အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ်၍သွင်းချကြ၏။ ထို မိန်းမမူကားအလွန်ဆင်းရဲလျက်ပင်၊ မိမိအသက် မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီဟုမိန့်တော်မူ၏။

အဆင့် ၁။ ကျမ်းချက်ပါ ဇာတ်ကြောင်းကို ဖတ်ရှုပါ။             ကျမ်းပိုဒ်ကို ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၂။ ဇာတ်ကြောင်းကို ပြန်လည်ပြောပြပါ။              ဇာတ်ကြောင်းကို မိမိ၏ စကားဖြင့် ပြန်လည်ပြောပြရန် အချိန်အနည်းငယ် ယူပါ။ ကျယ်ကျယ် ပြောဆိုချင်ပါ သို့မဟုတ် ရေးမှတ်ပါ။ မှတ်မိရန် အခက်အခဲရှိပါက ထပ်မံ ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၃။ ဇာတ်ကြောင်းကို ရှာဖွေပါ။ 
            ဇာတ်ကြောင်းကို ရင်းနှီးသည်ဟု ခံစားရသည်နှင့် အောက်ပါ မေးခွန်းများကို စဉ်းစားရန် သို့မဟုတ် ဆွေးနွေးရန် အချိန်ယူပါ။

• ဤကျမ်းချက်တွင် ဘုရားသခင်အကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤကျမ်းချက်တွင် လူတွေအကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤအကြောင်းသည် ဘုရားသခင်၏နှုတ်တော်ထွက်တကယ် ဖြစ်ပါက သင့်ဘဝတွင် မည်သည့် ပြောင်းလဲမှုများ ပြုလုပ်ရမှာလဲ။  • ဘယ်သူ့ကို ကျွန်ုပ် ပြောပြရမည်နည်း။ အောင်လက်မှတ်လိုချင်ပါက ဤနေရာတွင်ဖြေဆိုပါ။ ==> နှိပ်ပါ။

သင်ခန်းစာ- ၉
စုဝေးပါ Gather

မဿဲ ၁၈:၂၀

20 အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။

ဟေဗြဲ ၁၀:၂၄-၂၅

24 တပည့်သည် ဆရာထက်မသာ။ ကျွန်သည် သခင်ထက်မသာ။
25 တပည့်သည် ဆရာကဲ့သို့၎င်း၊ ကျွန်သည်သခင် ကဲ့သို့၎င်းဖြစ်လျှင် သင့်လောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုဟုခေါ်ဝေါ်ကြလျှင်၊ အိမ်သူအိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။

တမန်တော်ဝတ္ထု ၂:၃၆-၄၇

36 ထို့ကြောင့် သင်တို့သည်လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သောယေရှုကိုဘုရားသခင်သည် ခရစ်တော်၌ ၎င်း၊ အစိုးရသောအရှင်အရာ၌၎င်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန် သိမှတ်ကြလော့ဟု ပေတရုဟောလေ၏။
37 ထိုသိုတို့သည်ကြားရလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှစ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ၏။

အဆင့် ၁။ ကျမ်းချက်ပါ ဇာတ်ကြောင်းကို ဖတ်ရှုပါ။             ကျမ်းပိုဒ်ကို ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၂။ ဇာတ်ကြောင်းကို ပြန်လည်ပြောပြပါ။              ဇာတ်ကြောင်းကို မိမိ၏ စကားဖြင့် ပြန်လည်ပြောပြရန် အချိန်အနည်းငယ် ယူပါ။ ကျယ်ကျယ် ပြောဆိုချင်ပါ သို့မဟုတ် ရေးမှတ်ပါ။ မှတ်မိရန် အခက်အခဲရှိပါက ထပ်မံ ဖတ်ရှုပါ သို့မဟုတ် နားထောင်ပါ။

အဆင့် ၃။ ဇာတ်ကြောင်းကို ရှာဖွေပါ။ 
            ဇာတ်ကြောင်းကို ရင်းနှီးသည်ဟု ခံစားရသည်နှင့် အောက်ပါ မေးခွန်းများကို စဉ်းစားရန် သို့မဟုတ် ဆွေးနွေးရန် အချိန်ယူပါ။

• ဤကျမ်းချက်တွင် ဘုရားသခင်အကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤကျမ်းချက်တွင် လူတွေအကြောင်း မည်သို့ ပြောပြပါသလဲ။ • ဤအကြောင်းသည် ဘုရားသခင်၏နှုတ်တော်ထွက်တကယ် ဖြစ်ပါက သင့်ဘဝတွင် မည်သည့် ပြောင်းလဲမှုများ ပြုလုပ်ရမှာလဲ။  • ဘယ်သူ့ကို ကျွန်ုပ် ပြောပြရမည်နည်း။ အောင်လက်မှတ်လိုချင်ပါက ဤနေရာတွင်ဖြေဆိုပါ။ ==> နှိပ်ပါ။

No comments:

Post a Comment