Chapter 7
1 The final desolation of Israel. 16 The mournful repentance of them that escape. 20 The enemies defile the sanctuary because of the Israelites’ abominations. 23 Under the type of a chain is shewed their miserable captivity.
အခန်းကြီး ၇
၁။ အစ္စရေးပြည် နောက်ဆုံး၌
လူဆိတ်ညံရာဖြစ်ခြင်း။ ၁၆။ လွတ်မြောက်သောသူတို့၏ ဝမ်းနည်းဖွယ် နောင်တရခြင်း။ ၂၀။
အစ္စရေးလူတို့၏ စက်ဆုပ်ရွံရှာဖွယ် အမှုများကြောင့် ရန်သူတို့သည်
သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေခြင်း။ ၂၃။ သံကြိုးပုံဆောင်ချက်အားဖြင့် ၎င်းတို့၏
ဆင်းရဲဒုက္ခရောက်ရသော သုံ့ပန်းဘဝကို ပြသခြင်း။
1.
The
word of the Lord. The repetition of this phrase (see on ch. 6:1) suggests that there has been another period of
silence, which is now followed by a fresh prophetic communication. The subject
of this chapter deals with the nearness and the completeness of the judgments
earlier predicted. The chapter is more poetic than preceding messages and may
be compared with a song of lamentation.
၁။ ထာဝရဘုရား၏ နှုတ်ကပတ်တော်။
ဤစကားစုကို ထပ်ခါတလဲလဲ ဖော်ပြခြင်းသည် (အခန်းကြီး ၆:၁ ဆိုင်ရာ မှတ်ချက်ကို
ကြည့်ပါ) နောက်ထပ် တိတ်ဆိတ်ခြင်းကာလတစ်ခု ရှိခဲ့ပြီးနောက်၊ ယခုအခါ အသစ်သော
ပရောဖက်ပြုချက်ဆိုင်ရာ ဆက်သွယ်မှုတစ်ခု ပေါ်လာခြင်းကို ညွှန်ပြသည်။ ဤအခန်းကြီး၏
အကြောင်းအရာသည် ယခင်က ပရောဖက်ပြုခဲ့သော တရားစီရင်ခြင်းများ၏ နီးကပ်လာခြင်းနှင့်
ပြည့်စုံလာခြင်းတို့အကြောင်းကို ဖော်ပြထားသည်။ ဤအခန်းကြီးသည် ယခင်သတင်းစကားများထက်
ပို၍ကဗျာဆန်ပြီး ညည်းတွားမြည်တမ်းခြင်း သီချင်းတစ်ပုဒ်နှင့် နှိုင်းယှဉ်နိုင်သည်။
2.
An
end. The repetition of this expression is doubtless for emphasis (see v. 6; cf.
ch. 12:21–28). This is the keynote of ch. 7.
၂။ အဆုံး။ ဤဖော်ပြချက်ကို ထပ်ခါတလဲလဲ
သုံးနှုန်းထားခြင်းမှာ သံသယဖြစ်ဖွယ်မရှိဘဲ အလေးအနက်ပြုလိုသောကြောင့် ဖြစ်သည်
(အပိုဒ်ငယ် ၆ ကို ကြည့်ပါ၊ အခန်းကြီး ၁၂:၂၁–၂၈ နှင့် နှိုင်းယှဉ်ပါ)။ ယင်းသည်
အခန်းကြီး ၇ ၏ အဓိကသော့ချက် ဖြစ်သည်။
Four
corners. Literally, “four wings.” The expression is similar to our “north,
south, east, and west” (see Isa. 11:12; Rev. 7:1). The end of Israel as a
nation is here foretold.
မြေကြီးလေးမျက်နှာ။ စာသားအရ
“အတောင်လေးခု” ဖြစ်သည်။ ဤဖော်ပြချက်သည် ကျွန်ုပ်တို့ သုံးနှုန်းလေ့ရှိသော “မြောက်၊
တောင်၊ အရှေ့၊ အနောက်” နှင့် ဆင်တူသည် (ဟေရှာယ ၁၁:၁၂၊ ဗျာဒိတ်ကျမ်း ၇:၁ ကို
ကြည့်ပါ)။ အစ္စရေးလူမျိုး၏ နိုင်ငံတော်အဖြစ် အဆုံးသတ်ခြင်းကို ဤနေရာ၌ ကြိုတင်ဟောထားခြင်း
ဖြစ်သည်။
3.
Will
judge thee. Verses 3, 4 are repeated almost exactly in vs. 8, 9. These passages
represent a kind of refrain in the song of lamentation, which lends greater
force to the denunciations.
၃။ သင့်ကို ငါစီရင်မည်။ အပိုဒ်ငယ် ၃၊ ၄
ကို အပိုဒ်ငယ် ၈၊ ၉ တွင် အနီးစပ်ဆုံး ထပ်မံဖော်ပြထားသည်။ ဤကျမ်းချက်များသည်
ညည်းတွားမြည်တမ်းခြင်း သီချင်းထဲမှ အလှည့်ကျ သီဆိုရသော အပိုဒ်တိုမျိုးကို
ကိုယ်စားပြုပြီး၊ ပြစ်တင်ရှုတ်ချခြင်းများကို ပိုမိုပြင်းထန် ထိရောက်စေသည်။
According to thy ways. Compare Rev. 22:12. Some
psychologists have claimed that man is not responsible for his actions. They
assert that he is the victim of glandular disorders, or an unstable nervous
system, or a bad environment. The religion of the Bible affirms and
demonstrates that the power of the gospel is greater than every hereditary and
cultivated tendency to evil.
သင်၏အကျင့်တို့နှင့်အညီ။ ဗျာဒိတ်ကျမ်း
၂၂:၁၂ နှင့် နှိုင်းယှဉ်ပါ။ အချို့သော စိတ်ပညာရှင်များက လူသည် မိမိ၏
လုပ်ဆောင်ချက်များအတွက် တာဝန်မရှိဟု ပြောဆိုခဲ့ကြသည်။ ၎င်းတို့က လူသည်
ဂလင်းဆိုင်ရာ ချို့ယွင်းမှုများ၊ သို့မဟုတ် မတည်ငြိမ်သော အာရုံကြောစနစ်၊ သို့မဟုတ်
ဆိုးညစ်သော ပတ်ဝန်းကျင်၏ သားကောင်ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသည်။ သမ္မာကျမ်းစာ၏
ဘာသာတရားကမူ ဧဝံဂေလိတရား၏ တန်ခိုးတော်သည် မျိုးရိုးလိုက်လာသော အကျင့်နှင့်
ပြုစုပျိုးထောင်ထားသော မကောင်းသော အလားအလာရှိသမျှတို့ထက် သာလွန်ကြီးမြတ်ကြောင်း
အတည်ပြု သက်သေပြလျက်ရှိသည်။
4.
Neither will I have pity. That is,
God will not permit His pity, which is an integral attribute of His character,
to avert the judgments. Here the word for “pity” no longer refers to the
emotion of pity, but to that which one would do if he has pity. Another interesting
example of such a turn in meaning is the Hebrew word paqad, meaning basically,
“to visit.” It also takes on the meaning of that which one does as a result of
the visit, and so is frequently translated “to punish” (Isa. 13:11; Jer. 21:14).
၄။ ငါသည် သနားခြင်းစိတ်မရှိ။
ဆိုလိုသည်မှာ ဘုရားသခင်သည် ကိုယ်တော်၏ စရိုက်လက္ခဏာတွင် မရှိမဖြစ်ပါဝင်သော
သနားခြင်းကရုဏာတော်ကို တရားစီရင်ခြင်းများအား လွှဲဖယ်ရန် ခွင့်ပြုတော့မည်မဟုတ်ပါ။
ဤနေရာ၌ “သနားခြင်း” ဟူသော စကားလုံးသည် သနားခြင်းဆိုင်ရာ စိတ်ခံစားမှုကို ရည်ညွှန်းခြင်းမဟုတ်တော့ဘဲ၊
လူတစ်ဦးသည် သနားခြင်းစိတ်ရှိလျှင် ပြုလုပ်မည့် အပြုအမူကို ရည်ညွှန်းခြင်း ဖြစ်သည်။
ထိုကဲ့သို့ အဓိပ္ပာယ် ပြောင်းလဲသွားခြင်း၏ အခြားစိတ်ဝင်စားဖွယ် ဥပမာတစ်ခုမှာ
ဟေဗြဲစကားလုံး ပါကတ် (paqad)
ဖြစ်ပြီး၊
အခြေခံအားဖြင့် “အကြည့်အရှုကြွလာခြင်း” ဟု အဓိပ္ပာယ်ရသည်။ ယင်းသည်
အကြည့်အရှုကြွလာခြင်း၏ ရလဒ်အဖြစ် ပြုလုပ်သောအရာဟူသော အဓိပ္ပာယ်ကိုလည်း
ဆောင်သဖြင့်၊ မကြာခဏ “အပြစ်ပေးရန်” ဟု ဘာသာပြန်ဆိုလေ့ရှိသည် (ဟေရှာယ ၁၃:၁၁၊ ယေရမိ
၂၁:၁၄)။
5.
An only evil. Literally, “one evil,”
perhaps in the sense of “a unique evil,” or “a final evil,” one complete in
itself, requiring no repetition. Many Hebrew manuscripts, as well as the
Targums (Aramaic paraphrases of the Hebrew Scriptures), by a change of one
letter render the passage “evil after evil.” “Evil” (Heb. ra‘ah) signifies not
only moral evil but also “calamity” and “disaster.” These latter meanings apply
in this text. Calamity upon calamity was to come upon Judah.
၅။ ထူးခြားသော ဘေးအန္တရာယ်။ စာသားအရ
“ဘေးအန္တရာယ်တစ်ခု” ဖြစ်ပြီး၊ ဖြစ်နိုင်သည်မှာ “ထူးခြားသော ဘေးအန္တရာယ်” သို့မဟုတ်
“နောက်ဆုံးသော ဘေးအန္တရာယ်” ဟူသော သဘောဖြင့် မိမိဘာသာ ပြည့်စုံနေသဖြင့် ထပ်ခါတလဲလဲ
ပြုလုပ်ရန် မလိုအပ်သောအရာကို ဆိုလိုသည်။ များစွာသော ဟေဗြဲကျမ်းမူများနှင့်
တာဂမ်ကျမ်းများ (ဟေဗြဲကျမ်းစာ၏ အာရမိတ်ဘာသာပြန်ကျမ်းများ) တွင်မူ၊ အက္ခရာတစ်ခု
ပြောင်းလဲခြင်းအားဖြင့် ဤကျမ်းချက်ကို “ဘေးအန္တရာယ်တစ်ခုပြီးတစ်ခု” ဟု
ဘာသာပြန်ဆိုထားသည်။ “ဘေးအန္တရာယ်” (ဟေဗြဲဘာသာဖြင့် ရာအာ - ra‘ah) သည်
ကိုယ်ကျင့်တရားဆိုင်ရာ မကောင်းမှုကိုသာမက၊ “ကပ်ဘေး” နှင့် “ပျက်စီးခြင်းဘေး”
ကိုလည်း အဓိပ္ပာယ်ဆောင်သည်။ ဤနောက်ဆုံး အဓိပ္ပာယ်များသည် ယခုကျမ်းချက်၌
သက်ဆိုင်သည်။ ယုဒပြည်အပေါ်သို့ ကပ်ဘေးတစ်ခုပြီးတစ်ခု ကျရောက်လာတော့မည် ဖြစ်သည်။
6.
Watcheth.
Heb. quṣ, “to awake.” The word is thus translated in nearly every other
occurrence (see Ps. 3:5; 73:20; Dan. 12:2; etc.). The clause may be rendered
“it awaketh against thee.” There is a play on words in the Hebrew which cannot
be reproduced in the English, the word for “end” (qeṣ) having almost the same
sound as the verb for “watcheth” (quṣ). The predicted doom is rousing itself to
accomplish its errand of destruction.
၆။ စောင့်ကြည့်နေ၏။ ဟေဗြဲဘာသာဖြင့်
ကုဒ်ဇ် (quṣ) ဖြစ်ပြီး
“နိုးထရန်” ဟု အဓိပ္ပာယ်ရသည်။ ဤစကားလုံးကို အခြားပါရှိသမျှ နေရာတိုင်းနီးပါးတွင်
ထိုသို့ပင် ဘာသာပြန်ဆိုထားသည် (ဆာလံကျမ်း ၃:၅၊ ၇၃:၂၀၊ ဒံယေလကျမ်း ၁၂:၂ စသည်တို့ကို
ကြည့်ပါ)။ ဤဝါကျပိုင်းကို “၎င်းသည် သင့်တစ်ဖက်၌ နိုးထလာပြီ” ဟု
ဘာသာပြန်ဆိုနိုင်သည်။ အင်္ဂလိပ်ဘာသာစကားဖြင့် ပြန်လည်ဖော်ပြ၍မရနိုင်သော
ဟေဗြဲစကားလုံး ကစားမှုတစ်ခု ရှိနေသည်မှာ၊ “အဆုံး” (qeṣ) ဟူသော စကားလုံးသည်
“စောင့်ကြည့်နေ၏” (quṣ) ဟူသော
ကြိယာစကားလုံးနှင့် အသံထွက်ချင်း အလွန်တူနေခြင်း ဖြစ်သည်။ ကြိုတင်ဟောထားသော
ပျက်စီးခြင်းဘေးသည် မိမိ၏ ဖျက်ဆီးခြင်း တာဝန်ကို ပြီးမြောက်စေရန် မိမိဘာသာ
နိုးထလာနေပြီ ဖြစ်သည်။
7.
Morning.
Heb. ṣephirah, the meaning of which is here
uncertain. It occurs only here, in v. 10, and in Isa. 28:5, where it is
translated “crown.” The root from which it may be derived means “to plait,” “to
interweave.” The translation “doom” (RSV) is a conjectural attempt at the
metaphorical meaning.
၇။ နံနက်။ ဟေဗြဲဘာသာဖြင့် ဆေဖီရာ (ṣephirah) ဖြစ်ပြီး၊
ယင်း၏ အဓိပ္ပာယ်မှာ ဤနေရာ၌ မရေရာပါ။ ယင်းသည် ဤနေရာ၊ အပိုဒ်ငယ် ၁၀ နှင့် ဟေရှာယ
၂၈:၅ တွင်သာ ပါရှိပြီး၊ ထိုနေရာ၌ “အထွတ်အမြတ်” သို့မဟုတ် “သရဖူ” ဟု
ဘာသာပြန်ဆိုထားသည်။ ယင်းကို ထုတ်ယူနိုင်သော အမြစ်စကားလုံးသည် “ကျစ်ရန်”၊
“ရက်လုပ်ရန်” ဟု အဓိပ္ပာယ်ရသည်။ (RSV ကျမ်းစာ၏) “ပျက်စီးခြင်းဘေး” (doom) ဟူသော
ဘာသာပြန်ဆိုချက်သည် တင်စားချက်ဆိုင်ရာ အဓိပ္ပာယ်ကို ခန့်မှန်းရန်
ကြိုးပမ်းချက်တစ်ခု ဖြစ်သည်။
Sounding again. Heb. hed, a word occurring only here
in the OT. Hed should probably read hedad, a shout of joy of those pressing
grapes (see Jer. 25:30; 51:14). In its place would be the discordantand
terrifying noise of battle and war.
ကြွေးကြော်သံ။ ဟေဗြဲဘာသာဖြင့် ဟက်ဒ် (hed) ဖြစ်ပြီး၊
ဓမ္မဟောင်းကျမ်းတွင် ဤနေရာ၌သာ ပါရှိသော စကားလုံး ဖြစ်သည်။ ဟက်ဒ် (Hed) အစား
စပျစ်သီးနယ်သောသူတို့၏ ရွှင်လန်းစွာ ကြွေးကြော်သံဖြစ်သည့် ဟေးဒတ် (hedad) ဟု
ဖတ်သင့်သည် (ယေရမိ ၂၅:၃၀၊ ၅၁:၁၄ ကို ကြည့်ပါ)။ ထိုအသံ၏ နေရာတွင် ဆူညံဆိုးဝါး၍
ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲနှင့် စစ်ပွဲ၏ အသံများ ရောက်ရှိလာလိမ့်မည်။
8.
I
will judge thee. Verses 8, 9 largely repeat vs. 3, 4. The last sentence is more
emphatic, “Ye shall know that I am the Lord that smiteth.”
၈။ သင့်ကို ငါစီရင်မည်။ အပိုဒ်ငယ် ၈၊ ၉ သည် အပိုဒ်ငယ် ၃၊ ၄ ကို အများအားဖြင့် ထပ်ခါတလဲလဲ ဖော်ပြထားခြင်း ဖြစ်သည်။ နောက်ဆုံးဝါကျသည် ပိုမိုပြင်းထန်လှသည်ကား၊ “ငါသည် ဒဏ်ခတ်သော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိကြလိမ့်မည်။”
10. The rod hath blossomed. Jewish interpreters have commonly understood the rod to refer to the Chaldean conqueror, as a rod of the Lord’s anger. Like a shoot, his power was growing, giving signs of vigorous vitality, rapidly taking form that would enable the conqueror to strike hard. The translation “injustice” (RSV) appears to be an attempt to give a metaphorical meaning to “rod,” thus to secure a better parallel with the abstract noun “pride.” The “pride” could also be applied to the Chaldeans, or else to Israel as working out her own punishment through her haughtiness.
၁၀။ လှံတံသည် ဖူးပွင့်လေပြီ။
ဂျူးအနက်ဖွင့်ဆိုသူများသည် အများအားဖြင့် ထိုလှံတံကို ထာဝရဘုရား၏
အမျက်တော်လှံတံဖြစ်သည့် ခါလဒဲ အောင်နိုင်သူကို ရည်ညွှန်းသည်ဟု နားလည်ခဲ့ကြသည်။
အညှောက်တစ်ခုကဲ့သို့ပင်၊ သူ၏ တန်ခိုးအာဏာသည် ကြီးထွားလာနေပြီး၊ ပြင်းပြသော
တက်ကြွမှု လက္ခဏာများကို ပြသလျက်၊ အောင်နိုင်သူအား ပြင်းထန်စွာ
ရိုက်ခတ်နိုင်စေမည့် ပုံသဏ္ဌာန်သို့ လျင်မြန်စွာ ကူးပြောင်းနေသည်။ (RSV ကျမ်းစာ၏)
“မတရားမှု” (injustice) ဟူသော
ဘာသာပြန်ဆိုချက်သည် “လှံတံ” ကို တင်စားချက်ဆိုင်ရာ အဓိပ္ပာယ်ပေးရန်
ကြိုးပမ်းမှုတစ်ခုဖြစ်ပုံရပြီး၊ သို့မှသာ နာမ်ကတ္တား ဖြစ်သည့် “ထောင်လွှားခြင်း”
နှင့် ပိုမိုကိုက်ညီသော အပြိုင်အဓိပ္ပာယ်ကို ရရှိစေရန် ဖြစ်သည်။ “ထောင်လွှားခြင်း”
ကို ခါလဒဲလူတို့အပေါ်တွင်လည်းကောင်း၊ သို့မဟုတ်ပါက မိမိ၏ မာနထောင်လွှားမှုကြောင့်
မိမိကိုယ်တိုင် အပြစ်စီရင်ခြင်းကို ခံရမည့် အစ္စရေးလူတို့အပေါ်တွင်လည်းကောင်း
သက်ရောက်စေနိုင်သည်။
11.
Violence is risen up. The literary
construction indicates that the writer was deeply affected, for he speaks in
short, pointed statements, and leaves out some of the verbs, which style makes
the sense somewhat doubtful. Literally translated, the passage reads, “Violence
is risen up into a rod of wickedness, not from them, not from their multitude,
and not from [?; the meaning of the Hebrew word is uncertain] and not lamentation
[LXX, “ornament,” “beauty”] in them.” “Lamentation” is the Jewish
interpretation of the Heb. noah. Perhaps had one been present and had heard the
cadence of his voice, and seen his gestures and facial expression, the meaning
would have been plain. If “lamentation” is the proper interpretation, the sense
would be that the usual burial rites would be neglected. If “beauty” is the
meaning, then the passage emphasizes the fact that all attractiveness or
eminence would be consumed away.
၁၁။ လုယူဖျက်ဆီးခြင်း အမှုသည်
ပေါ်လာပြီ။ စာပေဆိုင်ရာ တည်ဆောက်ပုံအရ စာရေးသူသည် စိတ်နှလုံး
အလွန်ထိခိုက်နေကြောင်း ညွှန်ပြနေသည်၊၊ အကြောင်းမှာ သူသည် တိုတောင်း၍ ထိရောက်သော
ကြေညာချက်များဖြင့် ပြောဆိုထားပြီး၊ အချို့သော ကြိယာများကို
ချန်လှပ်ထားခဲ့သောကြောင့်၊ ထိုပုံစံသည် အဓိပ္ပာယ်ကို အတိုင်းအတာတစ်ခုအထိ
မရေရာစေပါ။ စာသားအတိုင်း ဘာသာပြန်ဆိုရလျှင်၊ ဤကျမ်းချက်သည် “လုယူဖျက်ဆီးခြင်း
အမှုသည် ဒုစရိုက်လှံတံဖြစ်ခြင်းငှာ ပေါ်လာပြီ၊ ၎င်းတို့ထဲမှမဟုတ်၊ ၎င်းတို့၏
အစုအဝေးထဲမှမဟုတ်၊ ၎င်းတို့၏ [?; ဤဟေဗြဲစကားလုံး၏ အဓိပ္ပာယ်မှာ မရေရာပါ]
ထဲမှလည်းမဟုတ်၊ ၎င်းတို့ထဲ၌ ငိုကြွေးမြည်တမ်းခြင်း [LXX ကျမ်းစာတွင်
“တန်ဆာ” သို့မဟုတ် “အလှအပ”] လည်း မရှိ” ဟု ဖတ်ရသည်။ “ငိုကြွေးမြည်တမ်းခြင်း” သည်
ဟေဗြဲစကားလုံး နိုအာ (noah)
အပေါ်
ဂျူးလူမျိုးတို့၏ အနက်ဖွင့်ဆိုချက် ဖြစ်သည်။ ဖြစ်နိုင်သည်မှာ လူတစ်ဦးသည် ထိုနေရာ၌
ရှိနေခဲ့ပြီး သူ၏ အသံနေအသံထားကို ကြားရကာ၊ သူ၏ အမူအရာနှင့်
မျက်နှာရိပ်မျက်နှာကဲကို မြင်တွေ့ခဲ့ရလျှင်၊ အဓိပ္ပာယ်သည်
ရှင်းလင်းသွားပေလိမ့်မည်။ အကယ်၍ “ငိုကြွေးမြည်တမ်းခြင်း” သည် မှန်ကန်သော
အနက်ဖွင့်ဆိုချက်ဖြစ်ပါက၊ ပုံမှန်ပြုလုပ်လေ့ရှိသော သင်္ဂြိုဟ်ခြင်းဆိုင်ရာ
ထုံးစံများကို လျစ်လျူရှုထားလိမ့်မည်ဟူသော သဘော ဖြစ်သည်။ အကယ်၍ “အလှအပ” ဟူသောအဓိပ္ပာယ်
ဖြစ်ပါက၊ ဤကျမ်းချက်သည် ဆွဲဆောင်မှုရှိသောအရာ သို့မဟုတ် မြင့်မြတ်သောအရာအားလုံး
ပျက်စီးဆုံးရှုံးသွားလိမ့်မည်ဟူသော အချက်ကို အလေးပေးဖော်ပြခြင်း ဖြစ်သည်။
12.
Let not the buyer rejoice. An
important feature of Israelitic activity was the buying and selling of land.
According to law (Lev. 25:14–16) the possession was in no case to extend beyond
the year of jubilee, at which time all land was to revert to its possessor by
inheritance. Real estate selling at low prices would naturally make the buyer
rejoice. On the other hand, men usually part with their estates grieving that
they must transfer their rights to others. With the siege imminent, Ezekiel now declares
that the buyer will have no reason to rejoice, because he will not enjoy what
he has bought. Nor will the seller have reason to mourn for the loss of his
possessions by sale. The approaching captivity would deprive him of his
property anyway.
၁၂။ ဝယ်သောသူသည် ဝမ်းမမြောက်စေနှင့်။
အစ္စရေးလူတို့၏ အရေးပါသော လုပ်ဆောင်ချက်တစ်ခုမှာ မြေယာများကို အရောင်းအဝယ် ပြုလုပ်ခြင်း
ဖြစ်သည်။ ပညတ်တရားတော်အရ (ဝတ်ပြုရာကျမ်း ၂၅:၁၄–၁၆) ပိုင်ဆိုင်ခွင့်သည်
မည်သည့်အခြေအနေမျိုးတွင်မျှ ယုဘိလနှစ်ထက် ကျော်လွန်ခွင့်မရှိဘဲ၊ ထိုအချိန်တွင်
မြေယာအားလုံးသည် မိမိတို့၏ အမွေခံပိုင်ရှင်ထံသို့ ပြန်လည်ရောက်ရှိရမည် ဖြစ်သည်။
အိမ်ခြံမြေများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချရခြင်းသည် ဝယ်ယူသူအား
သဘာဝအတိုင်း ဝမ်းမြောက်စေလိမ့်မည်။ အခြားတစ်ဖက်တွင်မူ၊ လူတို့သည် မိမိတို့၏
အခွင့်အရေးများကို အခြားသူများထံ လွှဲပြောင်းပေးရသည့်အတွက် ဝမ်းနည်းလျက် မိမိတို့၏
ပိုင်ဆိုင်မှုများကို စွန့်လွှတ်လေ့ရှိကြသည်။ မြို့ကို ဝန်းရံတော့မည့် ဘေးဆိုး
နီးကပ်လာသည်နှင့်အမျှ၊ ယေဇကျေလက ယခုအခါ ဝယ်ယူသူသည် ဝမ်းမြောက်ရန်
အကြောင်းမရှိကြောင်း ကြေညာသည်၊၊ အကြောင်းမှာ သူသည် မိမိဝယ်ယူထားသောအရာကို
ခံစားရလိမ့်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ရောင်းချသူသည်လည်း အရောင်းအဝယ်ကြောင့်
မိမိ၏ ပိုင်ဆိုင်မှုများ ဆုံးရှုံးရသည့်အတွက် ဝမ်းနည်းရန် အကြောင်းမရှိပါ။
ချဉ်းကပ်လာနေသော သုံ့ပန်းဘဝသည် မည်သို့ပင်ဆိုစေကာမူ သူ့ထံမှ ပိုင်ဆိုင်မှုများကို
လုယူသွားမည် ဖြစ်သည်။
13.
Shall
not return. The seller was doubtless at such an age that he could scarcely
expect to live till the 70 years’ captivity ended. Nor would the year of
jubilee be any advantage to him in captivity.
၁၃။ ပြန်၍မရနိုင်ရာ။ ရောင်းချသူသည်
အနှစ် ၇၀ ကြာမည့် သုံ့ပန်းဘဝ အဆုံးသတ်သည်အထိ အသက်ရှင်ရန် ခဲယဉ်းလှသော
အသက်အရွယ်တွင် ရှိနေသည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ ယုဘိလနှစ်သည်လည်း သုံ့ပန်းဘဝသို့
ရောက်နေသော သူ့အတွက် မည်သည့်အကျိုးကျေးဇူးမျှ ရှိလိမ့်မည်မဟုတ်ပါ။
14.
None
goeth. A picture of a demoralized spirit, perhaps due to a consciousness of
guilt that has at last led them to realize that they cannot expect to receive
help from God.
၁၄။ အဘယ်သူမျှမသွား။
စိတ်ဓာတ်ပျက်ပြားနေသော စိတ်ဝိညာဉ်၏ ပုံရိပ်တစ်ခု ဖြစ်ပြီး၊ ဖြစ်နိုင်သည်မှာ
မိမိတို့၌ အပြစ်ရှိကြောင်း သိရှိနားလည်ခြင်းကြောင့် နောက်ဆုံးတွင် ဘုရားသခင်ထံမှ
ကူညီမစမှုကို ရရှိရန် မျှော်လင့်၍မရနိုင်ကြောင်း ၎င်းတို့ သိရှိသွားကြခြင်းကြောင့်
ဖြစ်သည်။
16.
Like
doves. Some few would escape and find refuge in the mountains, but their
condition would be one of extreme hardship.
၁၆။ ဂျိုးငှက်ကဲ့သို့။ လူအနည်းငယ်မျှသာ
လွတ်မြောက်ပြီး တောင်ပေါ်တွင် ခိုလှုံခွင့် ရကြလိမ့်မည်ဖြစ်သော်လည်း၊ ၎င်းတို့၏
အခြေအနေသည် အလွန်တရာ ခက်ခဲပင်ပန်းလှလိမ့်မည်။
Mourning.
Heb. hamah, a word used of the growl of bears (Isa. 59:11), the barking of dogs (Ps. 59:6, 14), the tumult of nations
(Ps. 46:6). When sin brings forth its bitter results there are often poignant
regrets. Unfortunately these regrets are over the hard consequences of sin
rather than over the fact that sin has dishonored God. Men long for the removal
of the consequences rather than for deliverance from sin’s guilt and power, but
the latter must precede the former.
ညည်းတွားမြည်တမ်းခြင်း။ ဟေဗြဲဘာသာဖြင့်
ဟာမာ (hamah) ဖြစ်ပြီး၊
ဝံသတ္တဝါတို့၏ ဟောက်သံ (ဟေရှာယ ၅၉:၁၁)၊ ခွေးတို့၏ ဟောင်သံ (ဆာလံကျမ်း ၅၉:၆၊ ၁၄)၊
လူမျိုးတို့၏ ရုန်းရင်းဆန်ခတ်ဖြစ်သံ (ဆာလံကျမ်း ၄၆:၆) တို့တွင် သုံးနှုန်းသော
စကားလုံး ဖြစ်သည်။ အပြစ်တရားသည် မိမိ၏ ခါးသီးသော ရလဒ်များကို ဖြစ်ထွန်းစေသောအခါ၊
စူးရှသော နောင်တရခြင်းများ မကြာခဏ ရှိတတ်သည်။ စိတ်မကောင်းစရာမှာ
ဤနောင်တရခြင်းများသည် အပြစ်ကြောင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထိခိုက်စေခဲ့သည်ဟူသော
အချက်ထက်၊ အပြစ်၏ ခက်ခဲသော အကျိုးဆက်များအပေါ်တွင်သာ ဖြစ်နေတတ်သည်။ လူတို့သည်
အပြစ်၏ အပြစ်ရှိခြင်းနှင့် တန်ခိုးတော်မှ လွတ်မြောက်ခြင်းထက်၊ အကျိုးဆက်များကို
ဖယ်ရှားပေးရန်သာ တောင့်တတတ်ကြသော်လည်း၊ နောက်ဆုံးအချက်သည် ပထမအချက်၏ ရှေ့၌ ရှိရမည်
ဖြစ်သည်။
In the second part of the verse the LXX reads, “I will
put all of them to death, each one in his iniquities.” The Syriac reads, “all
of them will die,” as though the Hebrew manuscript from which the translation
was made read muth instead of hamah.
ဤအပိုဒ်ငယ်၏ ဒုတိယပိုင်းတွင် LXX ကျမ်းစာ၌
“ငါသည် ၎င်းတို့အားလုံးကို မိမိတို့၏ ဒုစရိုက်အပြစ်များထဲ၌ အသေခံစေမည်” ဟု
ဖတ်ရသည်။ ဆီးရီးယားကျမ်းစာတွင်မူ “၎င်းတို့အားလုံး သေကြလိမ့်မည်” ဟု ဖတ်ရပြီး၊
ဘာသာပြန်ဆိုခဲ့သော ဟေဗြဲကျမ်းမူတွင် ဟာမာ (hamah) အစား မွတ်သ် (muth) ဟု
ဖတ်ခဲ့သကဲ့သို့ ဖြစ်သည်။
17.
Weak as water. A figure of the
weakness and general helplessness of the fugitives. The hands that should have
been strong to hold weapons of war and to build fortifications failed to
function. The knees that should have been strong to stand in battle, or to flee
from the drawn sword, refused to respond.
၁၁။ ရေကဲ့သို့ အားနည်းလိမ့်မည်။ ထွက်ပြေးတိမ်းရှောင်ရသူတို့၏
အားနည်းခြင်းနှင့် ယေဘုယျအားဖြင့် ကိုးကွယ်ရာမဲ့ဖြစ်ခြင်းဆိုင်ရာ ပုံဆောင်ချက်
ဖြစ်သည်။ စစ်လက်နက်များကို ကိုင်စွဲရန်နှင့် ရံတံတိုင်းများကို တည်ဆောက်ရန်
သန်မာသင့်သော လက်များသည် အလုပ်မလုပ်နိုင်တော့ပါ။ စစ်တိုက်ရာတွင် မတ်တပ်ရပ်ရန်
သို့မဟုတ် ထိုးထုတ်ထားသော ဓားဘေးမှ ထွက်ပြေးရန် သန်မာသင့်သော ဒူးများသည်
တုံ့ပြန်ရန် ငြင်းဆန်ခဲ့ကြသည်။
18.
With sackcloth. In the East a common
sign of sorrow, humiliation, and misery. The horror sprang from the dreadful
apprehension of growing evils, the shame from disappointments, conscious guilt,
and disillusionment.
၁၈။ လျှော်တေအဝတ်ကို ဝတ်၍။
အရှေ့ဖျားဒေသတွင် ဝမ်းနည်းခြင်း၊ နှိမ့်ချခြင်းနှင့် ဆင်းရဲဒုက္ခရောက်ခြင်းတို့၏
အများသုံး လက္ခဏာရပ် တစ်ခု ဖြစ်သည်။ ထိတ်လန့်ခြင်းသည် ကြီးထွားလာနေသော
ဘေးဆိုးများအပေါ် ကြောက်ရွံ့စွာ သိရှိနားလည်ခြင်းမှ မြစ်ဖျားခံပြီး၊
အရှက်ရခြင်းသည် စိတ်ပျက်ရခြင်းများ၊ မိမိ၌ အပြစ်ရှိကြောင်း သိရှိခြင်းနှင့်
မျှော်လင့်ချက် ပျက်ပြားခြင်းတို့မှ လာသည်။
Baldness.
Baldness was often self-inflicted as a token of great mourning (see Isa. 15:2;
Jer. 7:29; 48:37; Amos 8:10).
ကတုံးဖြစ်ခြင်း။ ကတုံးဖြစ်ခြင်းသည်
ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်း၏ အထိမ်းအမှတ်အဖြစ် မိမိကိုယ်တိုင်
ပြုလုပ်လေ့ရှိသော အရာ ဖြစ်သည် (ဟေရှာယ ၁၅:၂၊ ယေရမိ ၇:၂၉၊ ၄၈:၃၇၊ အာမုတ် ၈:၁၀
တို့ကို ကြည့်ပါ)။
19.
Their
silver. Probably a reference to the casting away of valuables in flight, or to
the idols, which proved worthless in the day of calamity.
၁၉။ မိမိတို့ ငွေ။ ဖြစ်နိုင်သည်မှာ
ထွက်ပြေးစဉ်အတွင်း အဖိုးတန်ပစ္စည်းများကို စွန့်ပစ်ခဲ့ခြင်းကိုလည်းကောင်း၊
သို့မဟုတ် ဘေးဒုက္ခရောက်သောနေ့တွင် အသုံးမဝင်ကြောင်း သက်သေပြခဲ့သည့်
ရုပ်တုများကိုလည်းကောင်း ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။
Shall
be removed. Better, “shall be accounted an unclean thing.” The Hebrew word
occurring here is used in Lev. 15:19–33.
ပယ်ရှားခြင်း ခံရလိမ့်မည်။
“မစင်ကြယ်သောအရာအဖြစ် မှတ်ယူခြင်း ခံရလိမ့်မည်” ဟု ဘာသာပြန်လျှင် ပိုကောင်းသည်။
ဤနေရာ၌ ပါရှိသော ဟေဗြဲစကားလုံးကို ဝတ်ပြုရာကျမ်း ၁၅:၁၉–၃၃ တွင် အသုံးပြုထားသည်။
20.
His
ornament. The Syriac and Symmachus read “their ornament.” The people had used
their riches, their silver and gold, to set up their detestable idols, which
God abhorred.
၂၀။ မိမိ၏ တန်ဆာ။ ဆီးရီးယားနှင့်
ဆင်းမားကပ်စ် ကျမ်းမူများတွင် “၎င်းတို့၏ တန်ဆာ” ဟု ဖတ်ရသည်။ လူတို့သည် မိမိတို့၏
စည်းစိမ်ချမ်းသာ၊ မိမိတို့၏ ငွေနှင့် ရွှေများကို ဘုရားသခင်
စက်ဆုပ်ရွံရှာတော်မူသော ၎င်းတို့၏ စက်ဆုပ်ဖွယ် ရုပ်တုများကို တည်ဆောက်ရန်
အသုံးပြုခဲ့ကြသည်။
Majesty. Heb. ga’on, here, better, “pride,” as in Lev.
26:19; Job 35:12; Ps. 59:12; etc. Obviously a reference to the sanctuary,
sacredly guarded from all intrusion, the center of the religious and national
life of Israel.
ဘုန်းအသရေ။ ဟေဗြဲဘာသာဖြင့် ဂါအုန် (ga’on) ဖြစ်ပြီး၊
ဤနေရာ၌ ဝတ်ပြုရာကျမ်း ၂၆:၁၉၊ ယောဘဝတ္ထု ၃၅:၁၂၊ ဆာလံကျမ်း ၅၉:၁၂ စသည်တို့၌
ပါရှိသည့်အတိုင်း “ထောင်လွှားခြင်း” ဟု ဘာသာပြန်လျှင် ပိုကောင်းသည်။ ယင်းသည်
ကျူးကျော်ဝင်ရောက်မှုအားလုံးမှ သန့်ရှင်းစွာ ကာကွယ်စောင့်ရှောက်ထားသော၊
အစ္စရေးလူတို့၏ ဘာသာရေးနှင့် အမျိုးသားရေး ဘဝ၏ ဗဟိုချက်ဖြစ်သော
သန့်ရှင်းရာဌာနတော်ကို ထင်ရှားစွာ ရည်ညွှန်းခြင်း ဖြစ်သည်။
23.
Chain.
Heb. rattoq, the meaning of which is uncertain. Rattoq occurs only here in the
Bible, although a feminine form, rethuqoth, is
translated “chains” in Isa. 40:19. The LXX translates the opening phrase, “and
they shall work disorder.” If “chain” is the correct reading here, the prophet
was probably foretelling events by actions. As Jeremiah was commanded to make
bonds and yokes (Jer. 27:2), so Ezekiel may here have been bidden to make a
chain to symbolize the approaching captivity, when king and people should be
carried in chains to Babylon (2 Kings 25:7; Jer. 40:1).
၂၃။ သံကြိုး။ ဟေဗြဲဘာသာဖြင့် ရတ်တော့ခ်
(rattoq) ဖြစ်ပြီး၊
ယင်း၏ အဓိပ္ပာယ်မှာ မရေရာပါ။ ရတ်တော့ခ် ဟူသောစကားလုံးသည် သမ္မာကျမ်းစာတွင်
ဤနေရာ၌သာ ပါရှိသော်လည်း၊ ဣတ္ထိလိင်ပုံစံ ဖြစ်သည့် ရေသူကုတ် (rethuqoth) ကို
ဟေရှာယ ၄၀:၁၉ တွင် “သံကြိုးများ” ဟု ဘာသာပြန်ဆိုထားသည်။ LXX ကျမ်းစာကမူ
အစပြုသော စကားစုကို “၎င်းတို့သည် ရှုပ်ထွေးမှုကို ပြုလုပ်ကြလိမ့်မည်” ဟု
ဘာသာပြန်ဆိုသည်။ အကယ်၍ ဤနေရာ၌ “သံကြိုး” ဟူသောအဖတ်သည် မှန်ကန်ပါက၊ ပရောဖက်သည်
ဖြစ်ရပ်များကို အပြုအမူအားဖြင့် ကြိုတင်ဟောညွှန်နေခြင်း ဖြစ်နိုင်သည်။ ယေရမိသည်
ဖွဲ့နှောင်ခြင်းနှင့် ထမ်းပိုးများကို ပြုလုပ်ရန် မိန့်တော်မူခြင်း ခံရသကဲ့သို့
(ယေရမိ ၂၇:၂)၊ ယေဇကျေလသည်လည်း ဤနေရာ၌ ချဉ်းကပ်လာနေသော သုံ့ပန်းဘဝကို
ပုံဆောင်ရန်အတွက် သံကြိုးတစ်ချောင်း ပြုလုပ်ရန် မိန့်တော်မူခြင်း ခံရခြင်း
ဖြစ်နိုင်သည်၊၊ ထိုအချိန်တွင် ရှင်ဘုရင်နှင့် လူတို့သည် ဗာဗုလုန်ပြည်သို့
သံကြိုးများဖြင့် ချည်နှောင်ခြင်းခံရလျက် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံကြရမည် ဖြစ်သည်
(ဓမ္မရာဇဝင်စတုတ္ထစောင် ၂၅:၇၊ ယေရမိ ၄၀:၁)။
24.
Worst
of the heathen. That is, the Chaldeans.
၂၄။ လူမျိုးတို့တွင် အဆိုးဆုံးသောသူ။
ဆိုလိုသည်မှာ ခါလဒဲလူများ ဖြစ်ကြသည်။
Their
holy places. The pronoun indicates that God does not regard the Israelites as
His. The plural may denote the Temple with respect to its holy places. This
plural form for the sanctuary meets us repeatedly in
the book of Hebrews and is there not always consistently translated. But in
every instance the reference is to the heavenly sanctuary, consisting of the
two apartments. Some think the reference is not to the Temple but to private
sanctuaries erected on housetops and in gardens.
၎င်းတို့၏ သန့်ရှင်းရာဌာနများ။
နာမ်စားသည် ဘုရားသခင်က အစ္စရေးလူတို့ကို ကိုယ်တော်၏လူများအဖြစ်
မှတ်ယူခြင်းမရှိတော့ကြောင်း ညွှန်ပြနေသည်။ အများကိန်းပုံစံသည် ဗိမာန်တော်၏
သန့်ရှင်းသော နေရာများကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ သန့်ရှင်းရာဌာနတော်အတွက်
ဤအများကိန်းပုံစံကို ဟေဗြဲဩဝါဒစာတွင် အကြိမ်ကြိမ် တွေ့ရှိရပြီး၊ ထိုကျမ်း၌
အမြဲတမ်း တစ်သမတ်တည်း ဘာသာပြန်ဆိုထားခြင်းမရှိပါ။ သို့သော်လည်း အခြေအနေတိုင်းတွင်
ယင်းသည် အခန်း ၂ ခန်းဖြင့် ဖွဲ့စည်းထားသော ကောင်းကင်သန့်ရှင်းရာဌာနတော်ကို
ရည်ညွှန်းခြင်း ဖြစ်သည်။ အချို့ကမူ ဤရည်ညွှန်းချက်သည် ဗိမာန်တော်ကို မဟုတ်ဘဲ၊
အိမ်မိုးပေါ်နှင့် ဥယျာဉ်များတွင် တည်ဆောက်ထားသော သီးသန့်ဝတ်ပြုရာ နေရာများကို
ရည်ညွှန်းခြင်းဖြစ်သည်ဟု ယူဆကြသည်။
25.
Destruction.
Heb. qephadah, a word occurring only here. It comes
from a verb root that means “to roll together.” Hence qephadah may refer to the
contortions caused by fear. The reference is doubtless to the horror and dismay
accompanying great judgments, such as our Lord vividly described in His phrase,
“Men’s hearts failing them for fear” (Luke 21:26).
၂၅။ ပျက်စီးခြင်း။ ဟေဗြဲဘာသာဖြင့်
ကေဖာဒါ (qephadah) ဖြစ်ပြီး၊
ဤနေရာ၌သာ ပါရှိသော စကားလုံး ဖြစ်သည်။ ယင်းသည် “အတူတကွ လိပ်ရန်” ဟု အဓိပ္ပာယ်ရသော
ကြိယာအမြစ်စကားလုံးမှ ဆင်းသက်လာသည်။ ထို့ကြောင့် ကေဖာဒါ သည်
ကြောက်ရွံ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ရုန်းကန်လှုပ်ရှားမှုများကို ရည်ညွှန်းခြင်း
ဖြစ်နိုင်သည်။ ဤရည်ညွှန်းချက်သည် ကျွန်ုပ်တို့၏ သခင်က “လူတို့သည် ကြောက်လန့်သဖြင့်
စိတ်ပျက်ကြလိမ့်မည်” ဟူသော စကားစုဖြင့် ကွက်ကွက်ကွင်းကွင်း ဖော်ပြခဲ့သည့်အတိုင်း၊
ကြီးစွာသော တရားစီရင်ခြင်းများနှင့်အတူ ပါလာမည့် ထိတ်လန့်တုန်လှုပ်ခြင်းကို
သံသယဖြစ်ဖွယ်မရှိဘဲ ရည်ညွှန်းခြင်း ဖြစ်သည် (လုကာကျမ်း ၂၁:၂၆)။
26.
Rumour. Compare the expression, “wars
and rumours of wars” (Matt. 24:6; cf. Luke 21:9). The currency of uncertain
reports at the time of an invasion and war intensifies the wretchedness. In
this period of trouble the three principal sources of instruction, the
prophets, the priests, and the elders, are all represented as resorted to in
vain (see 1 Sam. 28:6; Jer. 5:31; 6:13; 23:21–40; 28:1–9; Lam. 2:9; Amos 8:11; Micah 3:6).
၂၆။ သိတင်းစကား။
“စစ်တိုက်ခြင်းအကြောင်း၊ စစ်တိုက်အံ့သော သိတင်းစကား” ဟူသော ဖော်ပြချက်နှင့်
နှိုင်းယှဉ်ပါ (မဿဲကျမ်း ၂၄:၆၊ လုကာကျမ်း ၂၁:၉ နှင့် နှိုင်းယှဉ်ပါ)။
ကျူးကျော်ဝင်ရောက်ခြင်းနှင့် စစ်ပွဲဖြစ်ပွားချိန်အတွင်း မရေရာသော အစီရင်ခံစာများ
ပြန့်ပွားနေခြင်းသည် ဆင်းရဲဒုက္ခကို ပိုမိုပြင်းထန်စေသည်။ ဤဘေးဒုက္ခကာလအတွင်း
သွန်သင်ခြင်းဆိုင်ရာ အဓိက အရင်းအမြစ် ၃ ခု ဖြစ်သည့် ပရောဖက်များ၊
ယဇ်ပုရောဟိတ်များနှင့် လူကြီးများသည် အားလုံး အချည်းနှီးသာ ကိုးစားရာဖြစ်ကြောင်း
ဖော်ပြထားသည် (ဓမ္မရာဇဝင်ပထမစောင် ၂၈:၆၊ ယေရမိ ၅:၃၁၊ ၆:၁၃၊ ၂၃:၂၁–၄၀၊ ၂၈:၁–၉၊
ယေရမိညည်းတွားရာကျမ်း ၂:၉၊ အာမုတ် ၈:၁၁၊ မိက္ခာ ၃:၆ တို့ကို ကြည့်ပါ)။
27. The king shall mourn. The king, the prince (at times synonymous with “king,” as in chs. 12:12; 19:1; here perhaps the heir to the throne), and the common people—all classes of the population—suffer alike.
၂၇။ ရှင်ဘုရင်သည်
ညည်းတွားငိုကြွေးလိမ့်မည်။ ရှင်ဘုရင်၊ မင်းသား (အခန်းကြီး ၁၂:၁၂၊ ၁၉:၁ တို့၌
ပါရှိသကဲ့သို့ အချို့သောအချိန်များတွင် “ရှင်ဘုရင်” နှင့်
အဓိပ္ပာယ်တူတူပင်ဖြစ်သည်၊ ဤနေရာ၌မူ ရာဇပလ္လင်ကို ဆက်ခံမည့် အိမ်ရှေ့မင်းသား
ဖြစ်နိုင်သည်) နှင့် သာမန်အရပ်သားပြည်သူများ—လူထုအတွင်းရှိ လူတန်းစားအားလုံး—သည်
တန်းတူရည်တူ ဆင်းရဲဒုက္ခခံစားကြရလိမ့်မည်။
29. They shall know. See on ch. 6:7.
30.
သူတို့သည်
သိကြလိမ့်မည်။ အခန်းကြီး ၆:၇ ဆိုင်ရာ မှတ်ချက်ကို ကြည့်ပါ။
31.
ellen
g. white comments
32.
အဲလင် ဂျီ ဝှိုက်၏
မှတ်ချက်များ
33.
19
3T 549
34.
၁၉ ၃တီ ၅၄၉
No comments:
Post a Comment