ဒါက ချာလီ ကပ် (Charlie Kirk) ရေးတဲ့ “Stop in the Name of God” စာအုပ်ထဲမှာ သမ္မာကျမ်းစာရဲ့ အဓိကသွန်သင်ချက်နဲ့ တိတ်တဆိတ် ကွဲလွဲသွားတဲ့ နေရာတစ်ခုပါ။ ဒါဟာ ရည်ရွယ်ချက် ဒါမှမဟုတ် စိတ်နှလုံးကောင်းမကောင်းနဲ့ မဆိုင်ပါဘူး။ ဒါဟာ အဓိပ္ပာယ်ဖွင့်ဆိုမှု အကြောင်းပါ။ အဓိပ္ပာယ်ဖွင့်ဆိုမှုဟာ အရေးကြီးပါတယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မှားယွင်းစွာ နားလည်မိလျှင် သမ္မာတရားဟာ အားကောင်းလာမည်မဟုတ်ဘဲ အားနည်းသွားမှာပါ။
ဒီလို ကွဲလွဲမှုအထင်ရှားဆုံးနေရာတစ်ခုကတော့ ဘုရားသခင်ရဲ့ ပညတ်တော်များကို မဖြစ်မနေ လိုက်နာရမည့်အစား “ရွေးချယ်လို့ရတယ်” ဆိုပြီး ဆက်ဆံတဲ့နေရာပါ။ ကျေးဇူးတော်ကြောင့် အပြစ်ကျူးလွန်ခွင့်ရသွားတယ်လို့ ထင်မှတ်ကြတာပါ၊ တကယ်တော့ မရပါဘူး။
သတ္တမနေ့အနားယူစရာမလို၊ ပညတ်တော်ကို စောင့်ထိန်းရန်မလိုတော့ဘူးလို့ ငြင်းခုံဖို့ မကြာခဏ အသုံးပြုတတ်တဲ့ ကျမ်းချက်တစ်ခုက ရောမ ၁၄:၅ ပါ။
ဒါကြောင့် ဖြေးဖြေးလေးနဲ့ ကျမ်းစာကို ဖွင့်ပြီး ကျမ်းစာကိုယ်တိုင် ပြောခွင့်ပေးကြည့်ရအောင်။
အဲဒီလို ငြင်းခုံသူတွေရဲ့ ပုံမှန်ပြောချင်တာက ဒီလိုပါ။ ရောမ ၁၄:၅ မှာ “နေ့ရက်တရက်ထက်တရက် သာ၍မြတ်သည်ဟု လူအချို့ထင်တတ်၏။ လူအချို့မထင်။ လူတိုင်းမိမိ စိတ်သဘောကျပါစေ။” လို့ ရှိတယ်တဲ့။ ဒီတစ်ခွန်းတည်းနဲ့ပဲ သတ္တမနေ့ ပညတ်တော်ဟာ မရှိမဖြစ်မဟုတ်တော့ဘူး၊ ဘယ်နေ့ဖြစ်ဖြစ်ရတယ်၊ မဆိုင်တော့ဘူး၊ ကိုယ်ပိုင်အသိစိတ်က ပညတ်တော်နေရာမှာ အစားထိုးလိုက်ပြီလို့ နိဂုံးချုံးကြတယ်။
ပထမတစ်ချက်ကြည့်လိုက်ရင် ဟုတ်သလိုလိုပဲ။ ဒုတိယတစ်ချက်ပြန်ကြည့်လိုက်ရင် ပြိုကျသွားပြီ။ တတိယတစ်ချက် ဂရုတစိုက် ကြည့်လိုက်ရင်တော့ ရိုးရှင်းတဲ့ ကျမ်းစာစစ်ဆေးမှုကိုတောင် မခံနိုင်တော့ဘူး။
ဒီမှာ ဘယ်တော့မှ မေ့လို့မရတဲ့ အခြေခံစည်းမျဉ်းတစ်ခုရှိတယ်။ ကျမ်းချက်တစ်ခွန်းကို ကျန်တဲ့ ကျမ်းစာတစ်အုပ်လုံးနဲ့ ဆန့်ကျင်အောင် ဘယ်တော့မှ အဓိပ္ပာယ်ဖွင့်လို့ မရဘူး။
သတ္တမနေ့အနားယူခြင်း ပညတ်တော်နဲ့ ပတ်သက်ပြီး ကျမ်းစာက အတိအလင်း ပြောထားတယ်။
- ကမ္ဘာဦး ၂ မှာ အပြစ်မရှိခင်၊ ယုဒလူမျိုးမရှိခင်၊ ပညတ်တော်ကျောက်ပြားပေါ်မှာ မရေးရသေးခင် ဘုရားသခင်က သတ္တမနေ့ကို ကောင်းကြီးပေးပြီး သန့်ရှင်းစေခဲ့တယ်။ အနားလည်းယူခဲ့တယ်။
- ထွက်မြောက်ရာ ၂၀ မှာ ဘုရားသခင်က ကိုယ်တော်လက်ညိုးတော်နဲ့ ပညတ်တော် ၁၀ ပါးထဲက သတ္တမနေ့ ပညတ်တော်ကို ကျောက်ပြားပေါ်မှာ ရေးထားခဲ့တယ်။
- ဟေရှာယ ၆၆ မှာ ကောင်းကင်သစ်ကမ္ဘာသစ်မှာလည်း သတ္တမနေ့ ပညတ်တော်ကို ဆက်လက်စောင့်ထိန်းကြမယ်။
- လုကာ ၄ မှာ ယေရှုကိုယ်တိုင် သတ္တမနေ့ကို ထုံးစံအတိုင်း စောင့်ထိန်းခဲ့တယ်။
- မဿဲ ၂၄ မှာ ယေရှုရဲ့ တပည့်တော်တွေ ယေရှုရှင်ပြန်ထမြောက်ပြီးနောက်မှာလည်း သတ္တမနေ့ကို ဆက်စောင့်ထိန်းကြဖို့ မိန့်တော်မူတယ်။
- ဟေဗြဲ ၄ မှာ ဘုရားသခင်ရဲ့လူမျိုးအတွက် သတ္တမနေ့အနားယူခြင်း တစ်ခု ကျန်ရှိနေသေးတယ်လို့ ဆိုတယ်။
- ဗျာဒိတ် ၁၄ မှာ ဘုရားသခင်ရဲ့ နောက်ဆုံးခေတ်လူမျိုးဟာ ဘုရားသခင်ရဲ့ ပညတ်တော်များကို စောင့်ထိန်းကြတယ်လို့ ဆိုတယ်။
ဒါကြောင့် ရောမ ၁၄ က သတ္တမနေ့ ပညတ်တော် ရွေးချယ်လို့ရတယ်လို့ သင်ပေးတယ်ဆိုရင် ပေါလုဟာ မောရှေ၊ ဟေရှာယ၊ ယေရှု၊ ဟေဗြဲ၊ ဗျာဒိတ်ကျမ်းတို့ နဲ့ ဘုရားသခင်ကိုယ်တိုင်ကို ဆန့်ကျင်နေတာ ဖြစ်သွားမယ်။ အဲဒီလို ဖြစ်လို့မရဘူး။ ဆိုလိုတာက အဓိပ္ပာယ်ဖွင့်ဆိုမှုက မှားနေပြီဆိုတာပါ။
ရောမ ၁၄ က တကယ်ပြောနေတာက ဘာလဲ။ သတ္တမနေ့ ပညတ်တော်အကြောင်း လုံးဝမဟုတ်ဘူး။ ပေါလုကိုယ်တိုင် အခန်းကြီးရဲ့ အကြောင်းအရာကို ရှင်းပြထားတယ်။ “ယုံကြည်အားနည်းသော သူတို့ကို လက်ခံကြလော့။ သို့ရာတွင် ယုံမှားဘွယ်သော ပြဿနာတို့ကို ထိုသူနှင့်မဆွေးနွေးကြနှင့်။” ပေါလုက အဲဒီ “ယုံမှားဘွယ်သော(ငြင်းခုံဖွယ်ရာများ)” ကို ဖော်ပြတယ်။ အသားစားတာ/ဟင်းသီးဟင်းရွက်စားတာ၊ ကိုယ်ပိုင်အစာရှောင်ရမည့် နေ့များ၊ ကိုယ်ပိုင်ဘာသာရေးအလေ့အကျင့်များ။ ဒါတွေဟာ ယုဒလူနဲ့ တပါးအမျိုးသားယုံကြည်သူတွေကြားမှာ ငြင်းခုံခဲ့ကြတဲ့ ကိစ္စတွေပါ။ ဒါတွေဟာ အကျင့်သီလဆိုင်ရာပညတ်တော် လုံးဝမဟုတ်ခဲ့ဘူး။
ပေါလုဟာ သတ္တမနေ့ ပညတ်တော်၊ ပညတ်တော် ၁၀ပါး၊ ဝတ်ပြုရာနေ့၊ ဘုရားသခင်က သန့်ရှင်းတဲ့အချိန်ကို ပြောင်းလဲတာတစ်ခွန်းမှ မပြောခဲ့ဘူး။ တစ်ခွန်းတစ်ပါဒ မှမဟပါ။
ရောမ ၁၄ မှာ သုံးထားတဲ့ စကားလုံးတွေက “ကိုယ်ပိုင်ဆုံးဖြတ်ချက်” နဲ့ “ကိုယ်ပိုင်ဆန္ဒအလျောက် စောင့်ထိန်းခြင်း” ပါ။ “နေ့တစ်နေ့ကို အထူးထားတယ်” ဆိုတာဟာ ပညတ်တော်ရဲ့ ဘာသာစကားမဟုတ်ဘူး။ ဘုရားသခင်က ယုံကြည်သူတွေကို သတ္တမနေ့နဲ့ပတ်သက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဘယ်တော့မှ မပေးခဲ့ဘူး။ “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့” လို့ပဲ မိန့်ထားတယ်။ လူသတ်မှု၊ အိမ်ထောင်ရေးဖောက်ပြန်မှု၊ ရုပ်တုကိုးကွယ်မှု၊ ဒါမှမဟုတ် သတ္တမနေ့နဲ့ပတ်သက်ပြီး “ကိုယ့်စိတ်ထဲမှာ အပြည့်အဝယုံကြည်ချက်ရှိရမယ်” လို့ ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။ အဲဒါတွေကို ဘုရားသခင်ကိုယ်တိုင် ဆုံးဖြတ်ပြီးသားပါ။
ပေါလုဟာ ပေါလုကိုယ်တိုင်နဲ့ ဆန့်ကျင်တယ်လို့ မဆိုနိုင်ပြန်ဘူး။ ပေါလုက “ယုံကြည်ခြင်းအားဖြင့်ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေကြ၏” လို့ ရှင်းရှင်းပြောထားတယ်။ ရောမ ၁၄ ဟာ တရားတော်ကို ဖျက်ဆီးတာ မဟုတ်ဘူး။ မကောင်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုကသာ ဖျက်ဆီးတာပါ။
သတ္တမနေ့ ပညတ်တော်ဟာ ဘယ်တော့မှ ငြင်းခုံစရာမဟုတ်ခဲ့ဘူး။ ရောမ ၁၄ က ဘုရားသခင်က ဘယ်တော့မှ မပညတ်ခဲ့တဲ့ ကိစ္စတွေကိုပဲ ကိုင်တွယ်ထားတာ။ သတ္တမနေ့ ပညတ်တော်က “အောက်မေ့လော့” လို့ စတင်ထားတာ ဘုရားသခင်က လူတွေမေ့သွားမှာကို ကြိုသိလို့ပဲ ဖြစ်တယ်။
သတ္တမနေ့ကို “ကိုယ်ပိုင်ယုံကြည်ချက်” လို့ ခေါ်တာဟာ ခရစ်တော်၌ လွတ်လပ်ခြင်းမဟုတ်ဘူး။ ဓမ္မသစ်ကျမ်းဆိုင်ရာ မေ့လျော့ခြင်းပါပဲ။
ယေရှုရဲ့ စစ်ဆေးချက်ကို ကြည့်ရအောင်ပါ။ ယေရှုက “ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ” လို့ မိန့်တော်မူတယ်။ ကောင်းကင်ပျက်စီးသွားပြီလား။ မြေကုန်ဆုံးသွားပြီလား။ မသွားသေးဘူးဆိုရင် သတ္တမနေ့ ပညတ်တော်လည်း ပျက်စီးမသွားတာ မဟုတ်သေးဘူး။
တကယ့်ပြဿနာက ဒါပါ။ ရောမ ၁၄ နဲ့ မဆိုင်ဘူး။ အခွင့်အာဏာဆိုင်ရာ ပြဿနာပါ။ ဘာကို သန့်ရှင်းတယ်လို့ ဆုံးဖြတ်မလဲ။ ဘုရားသခင်လား၊ လူသားလား။ ကျေးဇူးတော်ဟာ နာခံမှုကို ဘယ်တော့မှ ဖျက်ဆီးမှာ မဟုတ်ဘူး။ ကျေးဇူးတော်က နာခံမှုကို ခွန်အားပေးပါတယ်။
နိဂုံးချုပ်ရရင်၊ ရောမ ၁၄ ဟာ သတ္တမနေ့ကို တစ်ခွန်းမှ မဖော်ပြထားဘူး၊ စတုတ္ထပညတ်တော်ကို ပယ်ဖျက်တာလည်း မဟုတ်ဘူး၊ ဘုရားသခင်ရဲ့ တရားတော်ကို ပြန်လည်သတ်မှတ်တာလည်း မဟုတ်ဘူး။
သတ္တမနေ့ ပညတ်တော်ဟာ အမြဲတမ်း ရှိခဲ့ရာနေရာမှာပဲ ရှိနေဆဲပါ။ ဖန်ဆင်းခြင်းမှာ ကောင်းကြီးပေးခံရပြီး၊ ကျောက်ပြားပေါ်မှာ ရေးထားပြီး၊ ခရစ်တော်က ဂုဏ်ပြုခဲ့ပြီး၊ ယုံကြည်သူများက စောင့်ထိန်းခဲ့ပြီး၊ ထာဝရဘုံမှာ ပြန်လည်ထူထောင်ခံရမယ်။ အဲဒါကို သတ္တမနေ့မြော်လင့်ခြင်း အသင်းတော် ဆရာတွေ ပြောလို့ မဟုတ်ဘူး။ သမ္မာကျမ်းစာကိုယ်တိုင်က သက်သေခံနေလို့ပါ။
မူရင်းကိုနားထောင်လိုပါက-Major Error in Charlie Kirk's Book "Stop, In The Name of God" - YouTube
This is where stop in the name of God, the book that Charlie Kirk wrote, subtly departs from what scripture actually teaches. This is not about motives. It's not about intention. It's about interpretation. And interpretation matters because when scripture is misunderstood, truth is weakened, not strengthened.
One of the clearest places this happens is in how the Bible is used to treat God's commandments as optional rather than authoritative. That somehow grace gives us the license to sin when it doesn't. One passage often used to argue that point against keeping the Sabbath is Romans 14:5. So let's slow down, open the Bible, and let scripture speak for itself. The claim is often made and goes like this. Romans 14:5 says, "One person esteems one day above another, another esteems every day alike. Let each be fully convinced in his own mind." From that single verse, many conclude that the Sabbath no longer matters, that the day doesn't matter, and conscience replaces commandment.
At first glance, it sounds reasonable. At second glance, it collapses. At third glance, it can't even survive a basic biblical scrutiny. Here's a foundational rule we cannot ignore. You never interpret one verse in a way that contradicts the rest of scripture.
And scripture speaks clearly about the Sabbath. Genesis 2, God blessed and sanctified the seventh day before sin, before Jews, before the law is written. Exodus 20, God writes the Sabbath into the Ten Commandments with his own finger. Isaiah chapter 66, the Sabbath is kept in the new heavens and the new earth. Luke 4, Jesus kept the Sabbath as his custom. Matthew 24, Jesus speaks of his followers keeping the Sabbath after his resurrection. Hebrews 4, there remains a Sabbath rest for the people of God. Revelation 14, God's end-time people keep the commandments of God.
So if Romans 14 teaches that the Sabbath commandment is optional, then Paul contradicts Moses, Isaiah, Jesus, Hebrews, Revelation, and God himself. And that doesn't happen, which means the interpretation is wrong.
What Romans 14 actually addresses, Romans 14 is not a Sabbath chapter. Paul tells us what the chapter is about. Just read it. receive one who is weak in the faith, but not to dispute over doubtful things. Paul then identifies those doubtful things. Eating meat or vegetables, optional fasting days, and personal devotional practices. These were disputed matters among Jewish and Gentile believers. They were never moral.
Paul never once mentions the Sabbath commandment, the Ten Commandments, worship days, or God changing holy time. Not once. The language that ends the argument, Romans 14, uses the language of personal judgment and voluntary observance. Esteem one day is not the language of command. God never tells believers to decide the Sabbath for themselves.
You do not esteem the Sabbath. You remember it. Remember the Sabbath day to keep it holy. No one is told to be fully convinced in their own mind about murder, adultery, idolatry, or the Sabbath. God already settled those. Paul does not contradict Paul. Paul clearly says, "Do we make void the law through faith?" Certainly not. On the contrary, we establish the law.
Romans 14 does not tear down the law. Bad interpretation does. The Sabbath was never disputable. Romans 14 deals with things God never commanded. The Sabbath is the only commandment that begins with the word remember because God knew it would be forgotten.
Calling the Sabbath a personal conviction is not freedom in Christ. It is theological amnesia. Here's the Jesus test. Jesus said, "Till heaven and earth pass away, not one jot or tittle will pass from the law." Has heaven passed away? Has Earth passed away? No. Then neither has the Sabbath.
Here's the real issue. This is not really about Romans 14. It's about authority. Who decides what holy, God, or man is? Grace never erases obedience. Grace empowers it. The bottom line, Romans 14 does not mention the Sabbath, does not cancel the fourth commandment, and does not redefine God's law. The Seventh Day Sabbath stands exactly where it always has. Blessed at creation, written in stone, honored by Christ, kept by the faithful, restored in eternity. Not because Seventh Day Adventists say so, but because scripture does.
Source: ADS25 Holiday YT PS Noco Mike 16x9 US CA UK AUS v1 Video 11826

No comments:
Post a Comment