ရေးသားသူ- Pastor PL Biakchhawna
အမေး။ ။ ဘာကြောင့် သတ္တမနေ့ အသင်းသား တွေဟာ စနေနေ့ကို
ဥပုသ်အဖြစ်စောင့် နေကြတာလဲ။
အဖြေ။ ။ စနေနေ့ကို စောင့်တာမဟုတ်ဘဲ၊ ဥပုသ်နေ့ (Sabbath) ကို စောင့်တာပါ။ စနေနေ့လို့ သတ်မှတ်တဲ့နေ့ဟာ သမ္မာကျမ်း
စာက ]ဥပုသ်နေ့ကိုစောင့်ပါ} လို့ပြောတဲ့နေ့
ဖြစ်လို့ အဲ့ဒီနေ့ကို စောင့်နေတာပါ။
အမေး။ ။ ဒီလိုလား။ ဒါဆိုရင် ကျွန်တော်တို့က ]စနေနေ့} လို့ခေါ်တဲ့နေ့ကို ဘုရားသခင်ရဲ့ ဥပုသ်တော်နေ့ (Sabbath) ဖြစ်ကြောင်း ဘယ်လိုသိနိုင် မလဲ။
အဖြေ။ ။ သမ္မာကျမ်းစာမှာ ဘုရားသခင်က သတ္တမနေ့ဟာ ဥပုသ်နေ့ (Sabbath) လို့ ပြောပါတယ် (ထွက် ၂ဝး၈-၁၁။ ၁၆း၂၃-၃၀။ ၂၃း၁၅။ ၃၄း၂။
၃၅း၂။ ဝတ် ၂၃း၃။ က ၂း၁-၃။ တရား ၅း၁၄ ကို ကြည့်ပါ။)
အမေး။ ။ ဒါဆိုရင် ဥပုသ်နေ့ (Sabbath) ဟာ
သတ္တမနေ့ဖြစ်ကြောင်း ဘယ်လိုသိနိုင် မလဲ။ တနင်္ဂနွေနေ့လည်း တနင်္လာနေ့ကနေစပြီး
ရေတွက်ရင် သတ္တမနေ့ဖြစ်သွား တာပဲလေ။ အဲ့ဒီလိုပဲ ဘယ်နေ့ကိုမဆို
စရေတွက်တဲ့နေ့အပေါ်မူတည်ပြီး သတ္တမနေ့ ဖြစ်နိုင်တာချည်း ပဲ မဟုတ်လား။
အဖြေ။ ။ ဘယ်နေ့ကိုမဆို စပြီးရေတွက်တဲ့နေ့အပေါ်မူတည်ပြီး
သတ္တမနေ့တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မိမိကြိုက်တဲ့ နေ့ရက်ကနေ စရေတွက်ရင်
မှန်နိုင်မှာ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ သမ္မာကျမ်းစာမှာ ပြောတဲ့အတိုင်း
ရေတွက်ဖို့လိုပါ တယ်။ မဟုတ်ရင် ကျွန်တော်တို့ရဲ့ သတ္တမနေ့နှင့်ကျမ်းစာရဲ့
သတ္တမနေ့ဟာ ကိုက်ညီမှာ မဟုတ်ပါ။ ဘုရားသခင်က ]သတ္တမနေ့} လို့ သတ်မှတ်တဲ့နေ့ကို သိနိုင်ဖို့
ဘုရားသခင်ကိုယ်တိုင် စပြီးရေတွက်တဲ့ ပထမနေ့ကနေ ကျွန်တော်တို့လည်း စရေ
တွက်ရမှာဖြစ်တယ်။ ဥပမာ- ကန္တာရတောမှာ မန္နမုန့်ချပေးတဲ့အခါ ခြောက်ရက်
ပတ်လုံးကျလာပြီး သတ္တမနေ့မှာ မကျလာပါဘူး (ထွက် ၁၆း၄-၃၅)။ သူတို့ကြိုက်
တဲ့နေ့ကစရေတွက်လို့ ကျမ်းစာရဲ့သတ္တမနေ့မှာ ကျမလာတာ မကဘဲ ဘုရားသခင် ရေတွက်တဲ့
သတ္တမနေ့မြောက်မှာတောင် ကျမလာတော့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိမိကြိုက်တဲ့ နေ့ကနေ
စမရေတွက်ဘဲ ဘုရားသခင် စရေတွက်တဲ့နေ့ မှသာ ကျွန်တော်တို့လည်း စရေတွက်ရမယ်ဆိုတာ ထင်ရှားစေပါတယ်။
အမေး။ ။ ဒါဆိုရင် ဘုရားသခင်က စရေတွက်တဲ့နေ့ကို
ကျွန်တော်တို့ ဘယ်လိုသိနိုင် မှာလဲ။
အဖြေ။ ။ အဲ့ဒါကို သိနိုင်ဖို့ သမ္မာကျမ်းစာကိုပဲ ကြည့်ဖို့
လိုအပ်ပါတယ်။ သမ္မာကျမ်း စာမှာ အခု ကျွန်တော်တို့က တနင်္ဂနွေနေ့လို့ သတ်မှတ်တဲ့
ခရစ်တော် ရှင်ပြန် ထမြောက်တဲ့နေ့ဟာ(ရက်သတ္တပတ် ကို စရေတွက်တဲ့နေ့၊ ပထမနေ့ [The
First Day of the Week] ဆိုပြီး ဓမ္မသစ်ကျမ်းမှာ ရှစ်ကြိမ်ဖော်ပြထား ပါတယ်။
ဒါကြောင့် တနင်္ဂနွေနေ့ဟာ ရက်သတ္တပတ်ရဲ့ ပထမနေ့၊ စရေ တွက်ရမယ့်နေ့ဖြစ်ကြောင်း
သိနိုင်ပါ တယ် (မ ၂၈း၁။ လု ၂၄း၁။ မာ ၁၆း၂၊
၉။ ယော ၁ဝး၁၉။ တ ၂ဝး၇။ ၁ကော ၁၆း၂)။
အမေး။ ။ ဒါဆိုရင် ကျွန်တော်တို့က တနင်္လာနေ့ကနေစပြီး ရေတွက်တာမမှန်ဘူးပေါ့။
အဖြေ။ ။ သမ္မာကျမ်းစာမှာ ဘုရားသခင်ပြောသလိုဆိုရင်
မမှန်ဘူးလေ။
အမေး။ ။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေက ]တမန်တော်တွေကလည်း
ယေရှုရဲ့ ရှင်ပြန်ထမြောက်တဲ့နေ့ကို
ပိုပြီးအလေးထားလာပြီး မုန့်ကိုဖဲ့ပြီး မိတ်သဟာယဖွဲ့ဖို့ အဲ့ဒီနေ့ကို စောင့်ခဲ့ကြတယ်} ဆိုပြီး ပြောကြတာဟာ အမှန်လား။
အဖြေ။ ။ မမှန်ပါဘူး။ ကျမ်းစာထဲမှာ တမန်တော်တွေက
တနင်္ဂနွေနေ့ကို စောင့်ခဲ့ကြ တယ်ဆိုတဲ့ ကျမ်းချက်တစ်ခုမျှမရှိပါဘူး။ တမန်တော် ၂း၄၆
မှာ နေ့တိုင်းမုန့်ဖဲ့ပြီး စားတယ်ဆိုတာ တွေ့ရတယ်။ ဒါဆိုရင် နေ့ရက်တိုင်းကို
ဥပုသ်အဖြစ်စောင့်ရမယ်လို့ ပြောချင်တာဖြစ်သွားမှာ။ သင်တို့ရဲ့ခေါင်းဆောင်တွေကအသိလွဲသွားတာဖြစ်ပါ
လိမ့်မယ်။ အဲဒီလိုမှန်မယ်ဆိုရင် နေ့တိုင်းမုန့်ဖဲ့တဲ့အတွက် နေ့တိုင်းဥပုသ်စောင့်
ရတော့မှာပေါ့။
အမေး။ ။ ]တနင်္ဂနွေနေ့ဟာ သန့်ရှင်းသော ဝိညာဉ်တော်
သွန်းလောင်းတဲ့နေ့ (Pentecost) ဖြစ်တဲ့အတွက် အဲ့ဒီနေ့ကို ကျွန်တော်တို့
စောင့်ရတော့မယ်} လို့ သင်ပေး ကြတယ်၊
အဲဒါ အမှန်လား။
အဖြေ။ ။ မမှန်ပါဘူး။ Pentecost ဆိုတာ ]ငါးဆယ်မြောက်} လို့ အဓိပ္ပာယ်ရှိတယ်။ ]ငါးဆယ် မြောက်နေ့ကို
စောင့်ရမယ်ဆိုတာ ကျမ်းစာမှာ မ တွေ့ ပါဘူး။ သန့်ရှင်းသော ဝိညာဉ်တော် ကျရောက် လာတဲ့
အခြားနေ့တွေဟာ တနင်္ဂနွေနေ့ မဟုတ်ကြ ပါဘူး။ သန့်ရှင်းသောဝိညာဉ်တော် ကျတဲ့နေ့ မှန်
သမျှစောင့်ရမယ်ဆိုရင် စောင့်ရမယ့် နေ့တွေများ နေမှာပဲ၊ ဒါဟာ မှားယွင်းတဲ့ သွန်သင်ချက်ပါ။
အမေး။ ။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေ၊ BD ဘွဲ့ရရှိတဲ့သူတွေကလည်း ]တနင်္ဂနွေနေ့ဟာ ဘုရားသခင်နေ့၊
သန့်ရှင်းသောဝိညာဉ်တော် ကျရောက်တဲ့နေ့၊ အပြစ်အားလုံးကို အောင်မြင်ပြီး သချိူင်းမှ ထမြောက်တဲ့ နေ့ထူးနေ့မြတ် လည်းဖြစ်တယ်။
ဒါကြောင့် ထမြောက်ခြင်းကို အသိအမှတ်ပြုတာဖြစ်တယ်။ သခင်ဘုရားနေ့ဖြစ်တယ်} ဆိုပြီး ပြောကြ တာကို လက်ခံလား။
အဖြေ။ ။ လက်မခံနိုင်ပါဘူး။ တနင်္ဂနွေနေ့ကို စောင့်လို့
သူ့ရဲ့ ထမြောက်ခြင်းကို အသိမှတ်ပြုတာ မဟုတ်ပါဘူး။ သူ့ရဲ့သေခြင်းနှင့်
ထမြောက်ခြင်းကို အသိအမှတ် ပြုတယ်ဆိုတာ ယုံကြည်ခြင်းအားဖြင့် နောင်တရပြီး
ရေနှစ်ခြင်းခံတဲ့အပေါ်မှာ မူတည်နေပါတယ်။ ရောမ ၆း၄ ကြည့်ပါ။ သမ္မာကျမ်းစာထဲမှာ
အင်္ဂလိပ်စကားနှင့် သခင်ဘုရားနေ့ဆိုတာ စကားအသုံး အနှုန်း နှစ်မျိုး The day of the Lord နှင့် The Lord's day ဆိုပြီး သုံးထားပါတယ်။ The day of the Lord ကို
ယေရှုပြန်ကြွလာတဲ့နေ့တို့၊ အဲဂုတ္တုလူများနှင့် ဗာဗုလုန် လူများကို ဒဏ်ခတ်တဲ့နေ့၊
ရန်သူတွေကို အောင်မြင်တဲ့နေ့ကို ပြောတဲ့အခါမှာ သုံးပါတယ်။ Lord's day ကို ဘုရားသခင်အတွက်
သီးသန့်သတ်မှတ်တဲ့နေ့ကိုပြောဖို့ အသုံးပြုပါတယ်။ အဲ့ဒီနေ့ဟာ ဥပုသ်နေ့ (Sabbath) ကိုပြောဖို့
အသုံးပြုထားပါတယ်။ ကျမ်းစာမှာ ]သခင်ဘုရားနေ့} လို့ပြောတာ၊ ဘုရားကိုယ်တိုင်ရဲ့နေ့၊ သူ့အတွက်သတ်မှတ်တဲ့နေ့
]ငါသန့်ရှင်းသောနေ့} ဆိုတာသတ္တမနေ့ဥပုသ်ကိုဆိုလိုပါတယ်(ဟေရှာ
၅၈း၁၃၊ ၁၄)။ ဒါပေမဲ့ တနင်္ဂနွေနေ့ကို ]သခင်ဘုရားနေ့} လို့စတင်ပြီး ခေါ်ဝေါ်ခြင်း အကြောင်းကတော့ Sabbath ဥပုသ်နေ့အစား၊
တနင်္ဂနွေနေ့ကို အစားထိုးပြီး စောင့်လာခဲ့တဲ့အတွက် အေဒီ ၃၂၅ ခုနှစ်မှာ Roman Catholic Bishop ဖြစ်တဲ့
Silvester
တနင်္ဂနွေနေ့ကို ]သခင်ဘုရားနေ့} ဆိုပြီးသတ်မှတ်ခဲ့လို့
ဖြစ်ပါ တယ်။ အဲ့ဒီခေတ်မတိုင်မီ ယုဒလူမျိုးတွေနှင့် ခရစ်ယာန်တွေထဲမှာ ဒီလိုခေါ်ဆို
တဲ့ အချက်တစ်ချက်မှ မတွေ့ပါဘူး။ (Ecclesiastical
History by Ludoricumlucium, cent. 4, chap.
10, page 739-740 edition p. 124).
အမေး။ ။ ]သမ္မာကျမ်းစာမှာ သတ္တမနေ့ဥပုသ်ဟာ ယုဒလူမျိုးတွေ
အတွက်သာဖြစ်ပြီး၊ ကျွန်တော်တို့အတွက် မဟုတ်တော့ဘူး} ဆိုပြီး ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေ ပြောတဲ့ အချက်ဟာ
မှန်ပါသလား။
အဖြေ။ ။ မမှန်ပါဘူး။ သတ္တမနေဥပုသ် (Sabbath) ဟာ
ယုဒလူမျိုးတွေအတွက်သာ ဖြစ်တယ်ဆိုတာ ကျမ်းစာ ဘယ်နေရာမှာမှ မရှိပါဘူး။ ယေရှုက (မာ
၂း၂၇) မှာ ]ဥပုသ်နေ့ သည် လူအဘို့ဖြစ်၏} လို့ပဲ ပြောထားပါတယ်။ ယူဒလူ တွေသာ လူဖြစ်တယ် ဆိုရင် ယုဒ
လူတွေ အတွက်သာ ဖြစ်တယ် ဆိုတာမှန်မှာပါ။ ဒါပေမဲ့ ယုဒ လူမျိုး မပေါ်မှီ
နှစ်ပေါင်းများစွာက တည်းက ကမ္ဘာကြီးကို ခြောက် ရက်ပတ်လုံး ဖန်ဆင်းပြီး
သတ္တမနေ့ဥပုသ်ကို လူသားတွေအတွက် သတ်မှတ် ပြီးသားဖြစ်ပါတယ်။ သင်တို့ရဲ့ခေါင်းဆောင်တွေဟာ
လူမဟုတ်ဘူးလား။ လူဖြစ်လို့ ရှိရင် သူတို့အတွက်လည်း ဥပုသ်နေ့အဖြစ်
ဖန်ဆင်းပေးတဲ့အတွက် သူတို့လည်း အဲ့ဒီနေ့ကို စောင့်ရမှာဖြစ်တယ်။
အမေး။ ။ သတ္တမနေ့ဥပုသ်စောင့်ဖို့ ယုဒလူတွေဆီမှာ
ပြောခဲ့ပါတယ်။ ကျွန်တော်တို့ မပါ ပါဘူးလို့လည်း ပြောကြသေးတယ်လေ။
အဖြေ။ ။ ဒီလို အဓိပ္ပာယ် ယူမယ်ဆိုရင် ]သူ့အသက်ကို
မသတ်နှင့်။ သူ့ဥစ္စာ မခိုးနှင့်။ မမှန်သောသက်သေမခံနှင့်။ သူ့မယားကို
မပြစ်မှားနှင့်။} ]ယုံကြည်သောသူ
အပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်မည်} ဆိုတာတွေဟာ ယုဒလူမျိုးတွေ ဆီမှာသာ ပြောခဲ့ပါတယ်။
ယုံကြည်သောအားဖြင့် ကယ်တင်ခြင်းရမယ်ဆိုတဲ့ အချက်တွေဟာ ကျွန်တော်တို့ဆီမှာ
သီးသန့်လာပြောတာမရှိဘူးဆိုတော့ ကျွန်တော်တို့အတွက်တော့ သူ့အသက်ကို သတ်တာတို့၊
သူ့ဥစ္စာခိုးတာတို့၊ မမှန်တဲ့ သက်သေခံတာတို့ကို လုပ်လို့ရတာပေါ့။
ယုံကြည်တဲ့သူအပေါင်း ကယ်တင်ခြင်း ရတဲ့သူထဲမှာ ကျွန်တော်တို့မပါဘူးပေါ့။ သူတို့ယူဆပုံဟာ
လွဲနေပါတယ်။ ဘာပဲဖြစ် ဖြစ် ယေရှုက ]သင်တို့အား ငါဆိုသည်အတိုင်း
ခပ်သိမ်းသောသူတို့အား ငါဆိုသည်} လို့ပြောတယ်
(မာ ၁၃း၃၇) ဒါကို ယုံကြည် လိုက်တာပဲ။ သမ္မာကျမ်းစာက ယုဒလူ တွေအတွက်သာဖြစ်ကြောင်း
မပြောပါဘူး။
အမေး။ ။ ဒါဆိုရင် ]ယေရှုမွေးဖွားပြီးတဲ့နောက်ပိုင်း
ဓမ္မသစ်ကျမ်မှာ သတ္တမနေ့ ဥပုသ် စောင့်တဲ့အကြောင်းမပြောဘူး} လို့ ပြောကြတာကောမှန်လား။
အဖြေ။ ။ မမှန်ပါဘူး။ ဓမ္မသစ်ကျမ်းထဲမှာ ဥပုသ်နေ့ (Sabbath) ဆိုတဲ့ စကားလုံးဟာ
အကြိမ်ပေါင်း ၆၀-လောက်ပါပါတယ်။ အဲ့ဒီကျမ်းချက်တွေမှာ သတ္တမနေ့ဥပုသ်
ဆက်လက်စောင့်ကြတဲ့ အကြောင်း နှင့်စောင့်ဖို့ယေရှုက အရေးတကြီး ထားကြောင်း ပါပါ တယ်။
ဒီကျမ်းချက် တွေကိုကြည့်ပါ (မ၂၄း၂၀။ လု ၄း၁၆။ ၂၃း၅၄။ ၂၄း၁။ တ ၁၃း၁၄၊၂၇၊၄၂၊ ၄၄။
၁၆း၁၃။ ရေး၂။ ၁၈း၄။ ဟော ၁၉း၃၁။ ဗြဲ ၄း၄၊၉၊၁၀)။ ]ဘုရားသခင် ၏ လူတို့အဘို့အလိုငှါ
(ဥပုသ်နေ့၌) ငြိမ်ဝပ်ခြင်းချမ်းသာ တစ်မျိုးသည် ကျန်ရစ်သေး၏။ အင်္ဂလိပ်ကျမ်းစာ King James
Version မှာ ဒီ ငြိမ်ဝပ်ခြင်းဟာ အနားယူခြင်း (Rest) လို့ရေးထားတယ်။ ဒီအနားယူခြင်းဟာ (Sabbath) ဥပုသ်နေ့မှာ အလုပ်ရပ်နားခြင်းကို ဆိုလိုပါတယ်။ New
International Version မှာ ]ဘုရားသခင်၏ လူများအတွက် ဥပုသ်နေ့ (Sabbath) မှာ နားခြင်းရှိကြောင်းပြောပါတယ်။ “There remain then,
a Sabbath Rest for the people of God,” ]ဘုရားသခင်သည်
မိမိ၏အမှုအရာ (ဖန်ဆင်းခြင်းလုပ်ငန်း) တို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာနေတော်မူသည်
(အနားယူသည်) နည်းတူ၊ ထိုချမ်းသာ (ဘုရားသခင်၏ အနားယူခြင်း) ထဲသို့ ဝင်ရသော သူသည်
လည်း မိမိအမှုအရာ (အလုပ်) တို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာနေ (အနားယူ) ရ၏။} “For
anyone who enters God's rest also rests from his own work just as God did from
his” လို့ ပြောထားပါတယ်။ ဒီအနားယူတဲ့နေ့ဟာ သတ္တမနေ့ဖြစ်ပါတယ်။
(ဗြဲ ၄း၄ နှင့် နှိုင်းယှဉ်ပါ)။ တချို့က သခင်ယေရှုမှာ အနားယူပြီဆိုရင် ဥပုသ်နေ့မှာ
အနားယူဖို့ မလိုတော့ပါဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ ဒီအထက်ပါ ကျမ်းချက်တွေကတော့
ဘုရားသခင်ရဲ့ချမ်းသာထဲသို့ (ယေရှု၌) ဝင်နား ရတဲ့သူတွေဟာ ဘုရားသခင် သတ္တမနေ့မှာ
အနားယူသလို သူတို့လည်း မိမိတို့ရဲ့ အလုပ်တွေကနေရပ်နားပြီးအနားယူရတယ်၊
သူတို့အတွက်ဥပုသ် (Sabbath) နေ့
မှာ အနားယူဖို့ ကျန်ရှိပါသေးတယ်လို့ ပြောခြင်းဖြစ်ပါတယ်။
အမေး။ ။ လူတချို့က ]သတ္တမနေဥပုသ်ဟာ လက်ဝါးကပ်တိုင်မှာ
ပြီးဆုံးသွားပြီ} လို့ ပြောကြ တယ်။ ဒါ
မှန်ပါသလား။
အဖြေ။ ။ လက်ဝါးကပ်တိုင်မှာ ဥပုသ်နေ့ပြီးဆုံး
သွားတဲ့အကြောင်း ကျမ်းစာမှာမရှိပါဘူး။ ပြီး ဆုံးဖို့နေနေသာသာ ဥပုသ်နေ့တွေ
ပိုပြီးများ လာတယ် မဟုတ်လား။ အခု ဥပုသ်နှစ်ရက် တောင် ရှိတယ်မဟုတ်လား။
အမေး။ ။ ဒါဆိုရင် ပေါလုက ]ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော
ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကိုချေ၍၊ လက်ဝါးကပ် တိုင်မှာ ရိုက်ထားလျက်၊
ငါတို့ စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ} (ကော ၂း၁၄) လို့ ပြောတာ၊ ဒီပညတ်တော် ဆယ်ပါးနှင့် ဥပုသ်နေ့ကို
ပယ်ရှင်းတာ မဖြစ်နိုင်ဘူးလား။
အဖြေ။ ။ ဒီကျမ်းချက်ထဲမှာ ပညတ်တော် (၁၀)ပါး ပယ်ရှင်းကြောင်း တစ်ခုမှ
မရှိပါဘူး။ ဝိနည်းအထုံးအဖွဲ့ မောရှေရေးထားတဲ့ ဘာသာရေး အထုံးအဖွဲ့ပဲဖြစ်ပါတယ်။
ကျောက်ပြားပေါ်မှာ ဘုရားသခင်ရေးသား ထားတဲ့ ဘုရားသခင်ရဲ့ပညတ်တော်ကို ပြောချင်တာ မဟုတ်ပါဘူး
(တရား ၅း၂၂။ ၁ဝး၄။ ထွက် ၃၁း၁၈။ ၃၂း၁၆ တို့ကို ကြည့်ပါ။) မောရှေရေးသားထားတဲ့
ပညတ်တရားများကို စာစောင်ပေါ်မှာ ရေးထားပါတယ် (တရား ၃၁း၉၊၂၄)။ ဒီပညတ်တရားတွေဟာ
ဓမ္မဟောင်းအချိန်မှာ ဣသရေလလူမျိုးတွေအတွက် ပေးထားတဲ့ ဘာသာရေး
ဝိနည်းအထုံးအဖွဲ့တွေကို ဆိုလိုပါတယ် (ထွက် ၂၅း၁၆။ တရား ၃၁း၂၆)။ ]ဆန့်ကျင်ဘက်} Greek
စကားနှင့် Kath
hemon ရဲ့အဓိပ္ပာယ်မှာ ဆန့်ကျင်သည်^ဖိနှိပ်သည်လို့ ဆိုလိုတယ်။ ]ပယ်ရှင်း} ဆိုတာ “Exaleipsa” ဖျက်ပစ်သည်၊ လျှော်ပစ်သည်၊ မလိုအပ် တော့ပါလို့
အဓိပ္ပာယ်ရှိတယ်။ ယုဒလူတွေရဲ့ ပညတ်တရားတွေ၊ လက်ဝါးကပ်တိုင်မှာ
ပြီးဆုံးမယ့်အရာတွေဟာ ကားတိုင်ရဲ့အရိပ်တွေ သာဖြစ်တယ်။ ဒါကြောင့် ဒီနေ့ရာမှာ ပေါလုက
]ပယ်ရှင်းတော်မူပြီ} လို့ပြောတာက မောရှေရဲ့
ပညတ်လို့ခေါ်တဲ့ စာလိပ်ပဲဖြစ်ပါတယ်။ ကားတိုင်ရဲ့အရိပ်ဖြစ်တဲ့
ဝိနည်းထုံးဖွဲ့တရားတွေ (Cere-monial Laws)-
ဘာသာရေးပွဲနေ့တွေ၊ ပွဲဥပုသ်နေ့တွေ၊ အစားအသောက် ပွဲတွေအကြောင်းကို
ရေးမှတ်ထားတဲ့စာလိပ်ကို ကားတိုင်မှာ ပယ်ရှင်းကြောင်း ပြောတာဖြစ်တယ်။ ကော ၂း၁၆၊ ၁၇
မှာ၊ ]ထို့ကြောင့် စားသောက် ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို
စောင့်ခြင်းအမှုတွင် သင်တို့ကိုအဘယ်သူမျှ မစစ်ကြော မစီရင်စေနှင့်။ ထိုအရာတို့သည်
နောက်ဖြစ်လတံ့သောအရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ကိုယ်ဖြစ်၏} လို့ပြောတဲ့အရာတွေလည်း ဒီပညတ်တရား စာစောင်ထဲက
ယဇ်ပူဇော်ခြင်းနှင့် ပွဲဥပုသ်နေ့၊ လဆန်းဥပုသ်နေ့၊ ပွဲနေ့အစား အသောက် တွေဟာ
လက်ဝါးကပ်တိုင်ရဲ့အရိပ်တွေပဲ ဖြစ်ပါတယ်။
အမေး။ ။ မောရှေရဲ့ပညတ်နှင့် ဘုရားသခင်ရဲ့ ပညတ်တရားတွေဟာ
အတူတူပဲလို့ ကျွန်တော် ထင်ပါတယ်။ တခြားစီ သီးသန့်ရှိနေကြတယ်လို့ ဆိုလိုတာလား။
အဖြေ။ ။ သီးသန့်တခြားစီ ဖြစ်ကြတာပေါ့။ နီးစပ်မှု
ရှိပေမဲ့ တခြားစီဖြစ်နေတယ်။ မတူကြတဲ့ အချက် တွေလဲ တစ်ခါတည်းရှင်းပြပေးလိုက်မယ်။
၁။ ဘုရားသခင်ရဲ့ပညတ်တော်ဟာ
ဘုရားသခင် ကိုယ်တိုင် သူ့လက်တော်နဲ့ရေးသားခဲ့ပါတယ် (တရား ၅း၂၂။ ၉း၁၁။ ၁ဝး၁-၄။ ထွက်
၃၁း၁၈။ ၃၄း၂၈။ ၃၂း၁၆)။ မောရှေရဲ့ပညတ်ကိုတော့ မောရှေကိုယ်တိုင် သူ့လက်နဲ့
ရေးသားခဲ့ပါတယ် (တရား ၃၁း၉၊၂၄)။
၂။ ဘုရားသခင်ရဲ့ပညတ်ကို
ကျောက်ပြားပေါ်မှာ ရေးသားထားပါတယ် (တရား ၅း၂၂။ ၁ဝး၄။ ထွက် ၃၁း၁၅၊၁၆၊၁၈)။
မောရှေရဲ့ပညတ်ကိုတော့ စာလိပ်ပေါ်မှာ ရေးထားပါတယ် (တရား ၂၈း၅၈။ ၃၁း၂၆။ နေ ၈း၁။
ကော၂း၁၄)။
၃။ ဘုရားသခင်ရဲ့ပညတ်တော်ကို
ပဋိညာဉ်သေတ္တာထဲမှာ ထည့်ထားလေ့ရှိတယ် (တရား ၁ဝး၅။ ၁ ရာ ၈း၉)။ မောရှေရဲ့ပညတ်ကို
ပဋိညာဉ်သေတ္တာရဲ့ အပြင်ဘက်မှာ ထားလေ့ရှိ တယ် (တရား ၃၁း၂၆)။
၄။ ဘုရားသခင်ရဲ့ပညတ်တော်က
ထာ၀စဉ်အတွက်ဖြစ်တယ် (မ ၅း၁၇-၁၈။ ဆာ ၁၁၁း၈၊၉)။ မောရှေရဲ့ပညတ်မှာအကန့်အသတ်ရှိပြီး၊
ပြောင်းလဲဖို့လိုတယ် (ဟေဗြဲ ၇း၁၂။ ဂ ၃း၁၉-၂၅)။ ဒီပညတ်နှစ်မျိုးကို
နှိုင်းယှဉ်ချက်ကနေ ဘုရားသခင်ရဲ့ ပညတ် တော်(၁၀)ပါးနှင့် မောရှေရဲ့ပညတ်တရားတို့ရဲ့
မတူညီတဲ့အချက်တွေကို သိမြင်နိုင် မယ်လို့ မျှော်လင့်ပါတယ်။
မောရှေရဲ့ပညတ်တရားအချက်တွေက ရာပေါင်းများစွာရှိ ပြီး ဘုရားသခင်ရဲ့
ပညတ်တော်မှာ(၁၀)ပါးပဲ ရှိပါတယ်။ မောရှေရဲ့ ပညတ်ကို ထာ၀ရ ဘုရား၏
ပညတ္တိကျမ်းစာစောင်လို့လည်း ခေါ်ပါတယ် (၄ ရာ ၃၄း၁၄၊၁၅။ လု ၂း၂၄)။
အမေး။ ။ ဒါဆိုရင် ရောမ ၁ဝး၄ မှာ ပေါလုက- ]ယုံကြည်သောသူ အပေါင်းတို့သည်
ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ် တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏} လို့ပြောတာ ဘုရား သခင်ရဲ့ပညတ်တော်ကို
ပယ်ရှင်းတယ်လို့ ကျွန်တော်ယူဆခဲ့တာက မောရှေရဲ့ပညတ်စာစောင်က ကားတိုင်ရဲ့အရိပ်တွေကို
ပြောတာဖြစ် မယ်ပေါ့။
အဖြေ။ ။ ဟုတ်ပါတယ်။ အောက်မှာဆက်ပြီးဖတ်ရင် အခန်းငယ် ၅ မှာ
မောရှေရဲ့ ပညတ်အကြောင်း ပြောပါတယ်။ ဘုရားရဲ့လက်နဲ့ ရေးတာ မဟုတ်ကြောင်း ထင်ရှား
ပါတယ်။ မောရှေက ရေးသားထားတယ်လို့ ဒီမှာပြောတာက ဝတ်ပြုရာကျမ်း ၁၈း၅ကို ကောက်နှုတ်
ထားပါတယ် (နေဟမိ ၉း၁၉)။
အမေး။ ။ ဒါဖြင့်ရင်၊ မောရှေရဲ့ပညတ်တွေ လဲ ဘုရားသခင်ကပဲ
ပြောထားတဲ့အရာ တွေမဟုတ်ဘူးလား။ ဘုရားကပြော တာဆိုတော့ ဘုရားသခင်ရဲ့ ပညတ်ပဲ
မဟုတ်ဘူးလား။ ဘာထူးမှာ လဲ။
အဖြေ။ ။ ဘုရားသခင်ပြောထားတဲ့အရာ တွေတော့ဟုတ်ပါတယ်။ ဘုရားက
ပြောပြီး မောရှေကရေးပါတယ်။ ဘုရား သခင်ရဲ့ ပညတ္တိ ကျမ်းလို့လည်း
ခေါ်တယ်လို့ ပြောခဲ့ပါပြီ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ပညတ်တော် (၁၀) ပါးက ကမ္ဘာဖန်ဆင်းစ
အချိန် ကတည်းက ရှိခဲ့ပါ တယ်။ မောရှေရဲ့ ပညတ်လို့ပြောတဲ့ အရာတွေကတော့ သိနာတောင် မှာ
ပေးတဲ့အရာတွေ၊ လွန်ကျူး ခြင်းကြောင့်
ထပ်ဆင့်ပေးရတဲ့ ပညတ်တရားတွေပဲဖြစ်ပါတယ်။ အချိန်အကန့် အသတ်ရှိတယ်လို့
ပြောပြီးပါပြီ။
အမေး။ ။ ဒါဆိုရင် ဟေရှာယ ၁း၁၃၊၁၄ မှာ- ]လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေး
သောနေ့ကိုလည်း ရွံရှာ၏} ဆိုတာ ခင်ဗျားတို့
ဥပုသ်နေ့ကို အရေးတကြီးထား သလို ဘုရားသခင်က
ဒီလောက် အရေးမစိုက်တော့ကြောင်း ပြတာ မဖြစ်နိုင်ဘူးလား။
အဖြေ။ ။ ဟေရှာယ
၁း၁၃၊၁၄ ကိုဖတ်ရင် ဥပုသ်နေ့အကြောင်း သာမက အစည်းဝေး ပွဲတို့၊ ဘာသာရေးပွဲနေ့တို့၊
ပူဇော်တဲ့အလှူဒါန အားလုံးတို့ကို
မုန်းတဲ့အပြင် သူတို့ရဲ့ ဆုတောင်းခြင်းကိုလည်း ဘုရားကမုန်းပြီး နားမညောင်းကြောင်း
သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အခန်းငယ် ၁၅ ကနေ ဆက်ဖတ်ရင် လူ့အသက်သတ်ပြီး
ပညတ်ကျူးလွန်လျက်နဲ့ အပြစ်လုပ်ခြင်းကို မရပ် နားဘဲ
ဓမ္မအစည်းအဝေးပွဲတို့၊ ဥပုသ်နေ့စောင့်တာတို့ကို နှစ်သက်ကြ တယ်၊
အလှူပေးခြင်းနှင့် ယဇ်ပူဇော်ခြင်းမှာ နှစ်ခြိုက်အားရပေမဲ့ သူတို့ရဲ့လက်ဟာ
သွေးစွန်းခြင်းနဲ့ ပြည့်နှက်နေပါတယ်လို့ ပြောပါ တယ်။ ဒါကြောင့်
ဒီလိုအပြစ်လွန်ကျူးရင်းနဲ့ ယဇ်ပူဇော်ခြင်း၊ အလှူပေးခြင်းနှင့်
ဥပုသ်စောင့်ခြင်းတွေကို ဘုရားကလက်မခံနိုင်ပါ ဘူး။ အခုအချိန်အထိ
ခိုးယူလျက် နဲ့တရားအားပါးတရဟောတာတို့၊ သားမယားပြစ်မှားလျက်နဲ့ ဘုရားအမှုဆောင်ပြီး
တကျယ်ကျယ် ဆုတောင်းခြင်းတွေကိုသာ
ဘုရားသခင်က မနှစ်သက်တာ။ ဥပုသ် နေ့ကို မုန်းတာမဟုတ်ပါဘူး။ ဒါကြောင့်
ဒီကျမ်းချက်ကိုဖတ်ပြီး ဥပုသ်နေ့တစ်မျိုးပဲ ဘုရားက အထင်သေးသလို
ယူဆရင်မှန်မှာမဟုတ်ပါဘူး။ အစည်းဝေးပွဲလုပ်တာ ရော၊ အလှူငွေ ပေးတာရော
အားလုံးပဲမုန်းတာ၊ အပြစ်နောင်တမရဘဲ ဘာသာရေး ကိုင်းရှိုင်းဟန်ဆောင်ခြင်းနှင့်
အပြင်ပန်းမှာ ကောင်းဟန်ဆောင်ပြီး အတွင်းပိုင်းမှာ ဘာမှမဟုတ်တဲ့ သူကို ဘုရားသခင်က
မုန်းပါတယ်။ ဒါကြောင့် ဒီကျမ်းချက်ဟာ ဥပုသ်နေ့ကို ပျောက်သွားအောင် ပြောပြီး
အလိုမရှိတော့သလို ယူဆမယ်ဆိုရင် အစည်းပွဲကျင်းပတာတွေ၊ အလှူပေးခြင်းတွေ၊
ဆုတောင်းခြင်းတွေကိုလည်း မနှစ် သက်တော့ ဘူးလို့
ဆိုလိုတာဖြစ်မယ်။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ အသင်းတော်ကို စဉ်းစား ကြည့် လိုက်၊
အစည်းဝေးပွဲတို့၊ အလှူပေး ခြင်းတို့ကိုပြုလုပ်ဖို့ တိုက်တွန်းတာကိုအ
လွန်ကျင့်သုံးကြပါတယ်။ ဒါကြောင့် ဥပုသ် နေ့လည်း ချန်လှပ် မထားနိုင်ပါဘူး။ အပြစ်
ကနေ နောင်တရပြီး နားထောင်ခြင်းရှိလျက် ဥပုသ်နေ့စောင့်ပြီးတော့ အလှူဒါနတွေပေး
ခြင်း၊ ဓမ္မအစည်းအဝေးများ ကျင်းပခြင်းနှင့် ဆုတောင်းခြင်းတွေကို ယနေ့ တိုင်အောင်
ဘုရားသခင်နှစ်သက်တဲ့အရာတွေ ဖြစ်နေ ပါသေးတယ်။
အမေး။ ။ ဒါဆိုရင် ယေရမိမြည်တမ်း စကား ၂း၆
မှာ]မိမိပွဲသဘင်ကိုဖျက်ဆီးတော်မူပြီ။ ဇိအုန်မြို့၌ခံသော ဓမ္မပွဲနေ့၊
ဥပုသ်နေ့တို့ကို ထာ၀ရဘုရား မေ့စေတော်မူပြီ၊ အမျက် တော်အရှိန်ပြင်း၍ ရှင်ဘုရင်နှင့်
ယဇ်ပုရော ဟိတ်ကို မရှုမမှတ်ပြုတော်မူပြီ၊} ဆိုတာ ဥပုသ်နေ့ပယ်ဖျက်တဲ့ အကြောင်း မဟုတ် ဘူးလား။
အဖြေ။ ။ မဟုတ်ပါဘူး။ ယေရမိရဲ့မြည်တမ်းစကား ဖြစ်ပါတယ်။
ဘာကြောင့် ငိုကြွေးမြည်တမ်းသလဲဆိုတာ သိဖို့လိုပါတယ်။ အခြေအမြစ် ကနေ ဖြေကြားပါ့မယ်။
ဘုရားသခင်က ဣသရေလ လူမျိုးတွေကို အဲဂုတ္တုတိုင်းပြည်ကနေ
ခေါ်ထုတ် ခဲ့တဲ့ အချိန်မှာ သူ့ရဲ့လူမျိုးဖြစ်ဖို့၊ သူ့ရဲ့ အလိုတော် အတိုင်း
ပဋိညာဉ်ကို ထိန်းသိမ်းဖို့ တော ကန္တရမှာ သူ့အလိုတော်အတိုင်း နေ ထိုင်ဖို့
အကုန်အစင် ပြောပြခဲ့ပါ တယ်။ လုပ်ရမယ့် အရာတွေနှင့် မလုပ်ရမယ့် အရာတွေပါ ဖော်ပြပြီး
ပဋိညာဉ်ဖွဲ့ပြီး သူတို့ကို ကြီးပွားအောင် ပြုစုစောင့် ရှောက်ခဲ့ပါတယ်။ ဒါပေမဲ့
သူတို့ရဲ့ ကြီးပွားတိုးတက်ခြင်းကို ဘုရားသခင် မေ့ပျောက်ဖို့နှင့်
မိမိတို့ပျော်ပါးဖို့ အသုံးပြုခဲ့ကြပါတယ်။ (ယေဇ ၁၆း၇-၁၅)။ ပုရောဖက်များစွာကို
အသုံးပြုပြီး ဆုံးမလေ့ရှိသော်လည်း ဂရုမစိုက် နားမထောင်ခဲ့ကြပါဘူး။ ယေရမိကို လည်း
အသုံးပြုပေမဲ့ အကျိုးမရှိခဲ့ပါ ဘူး (ယေ ၁၇း၂၁)။ ယဇ်ပုရောဟိတ် တွေပါ ဥပုသ်နေ့နှင့်
စီရင်ထုံးဖွဲ့တွေကို အရေးမထားခဲ့ကြဘူး (ယေဇ ၂၂း၂၆)။ ဥပုသ်နေ့မှာ
ဝန်ထုပ်တွေမထမ်းဘဲ၊ သူ့ရဲ့ပညတ်တွေကို အရေးစိုက်ရင် ကောင်းကြီး
တွေခံစားရမှာဖြစ်ပြီး၊ အရေးမစိုက်ရင် ဘုရင်နန်းတော်တွေ မီးလောင်မယ်လို့
ပြောပြခဲ့ပါတယ် (ယေ ၁၇း၂၇)။ ဒါပေမဲ့ ဆုံးမစကားတွေကို မနာခံခဲ့ဘူး။ ဒါကြောင့်
နေဗုဒ်ခနေဇာမင်းက ယေရုရှလင်မြို့ကို လာရောက်သိမ်းပိုက်ပြီး၊ သူ့လက်ထဲကို
သူတို့တွေကိုအပ်ပေးပြီး၊ ဗာဗုလုန် နိုင်ငံသို့ ကျွန်အဖြစ် ဖမ်းသွားခဲ့ပါတယ်။
ကျွန်ဖြစ်လာကြတဲ့အတွက် မိမိတို့ရဲ့ ပွဲနေ့တွေနှင့် ဥပုသ်နေ့တွေကိုလည်း
မစောင့်နိုင်ကြတော့ဘဲ၊ မေ့သွားသလောက်ရှိနေကြပါ တယ်။ ဇိအုန် (ယေရုရှလင်) မြို့ဟာ
နေထိုင်သူမရှိဘဲ ပျက်စီးသွားတဲ့ အတွက် အလွန် ဝမ်းနည်းပြီး၊ ယေရမိက မြည်တမ်းစကားကို
ဒီလို ရေးသားခဲ့တာဖြစ်ပါ တယ်။
အချိန်
အတော်ကြာ ဥပုသ်နေ့ကို မစောင့်နိုင် ကြတော့ဘဲ ပစ်ပယ်ခဲ့ကြပါ တယ်။ ဒါပေမဲ့
ဥပုသ်နေ့ကို အစဉ် ပစ်ပယ် ဖို့ မဟုတ်ပါဘူး။ ကျွန်ဘ၀ကနေ လွတ်မြောက် လာကြတဲ့အခါမှာ
ဝမ်းမြောက်ဝမ်းသာစွာ သူတို့ဟာပွဲနေ့တွေနှင့် ဥပုသ်နေ့ကို ပြန် လည်
စောင့်နိုင်ခဲ့ကြပါတယ်။
အမေး။ ။ ဒါဆိုရင် (ဟော ၂း၁၁) မှာ- ]သူရွှင်လန်း စရာအကြောင်း
ရှိသမျှနှင့် ပွဲခံခြင်း၊ လဆန်းနေ့၊ ဥပုသ်စောင့်ခြင်း၊ ပရိသတ်
စည်းဝေးခြင်းအလုံးစုံတို့ကို ငါ ပြတ်စေမည်} ဆိုတဲ့ အချက်ဟာ ဥပုသ်နေ့ကို ပယ် ဖျက်တာမဖြစ်နိုင်ဘူးလား။
အဖြေ။ ။ ဒါဟာလဲ ရှေ့ကဖြေကြားခဲ့သလို ယေရမိမြည်းတမ်းစကား အမျိုးအစားပဲ
ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ပညတ်တော်ဆယ်ပါးထဲမှ သတ္တမနေ့ဥပုသ်ကို ပယ်ဖျက်ခြင်း
မဟုတ်ပါဘူး။ ]သူရွှင်လန်းစရာအ ကြောင်း} ဆိုပြီး
အင်္ဂလိပ်ကျမ်းစာ မှာ- (Her Sabbath)
ဆိုပြီး သုံးထားပါတယ်။ ]ငါ၏ဥပုသ်နေ့} လို့ မသုံးတဲ့ အတွက် ပညတ်တော် ဆယ်ပါးထဲက
သတ္တမနေ့ဥပုသ်မဟုတ်ကြောင်း ထင်ရှားပါ တယ်။ ဣသရေလလူမျိုးတွေက ပွဲနေ့တွေ၊
ပွဲဥပုသ်နေ့တွေ၊ လဆန်းဥပုသ် နေ့တွေ အများကြီးရှိခဲ့ပါတယ်။ ယုဒရှင်ဘုရင်တချို့နှင့်
ဣသရေလ ရှင်ဘုရင်များခေတ်မှာ
ဘုရားသခင်ရှေ့၌ အပြစ်များပြုခဲ့ကြပါတယ်။ တောင်ထိပ်တွေနှင့် သစ်ပင်စိမ်း
အောက်တွေမှာ ကျောက်တွေစိုက် ထူပြီး၊ အာရှရပင်တွေကို တည်ကြတယ် (၃ ရာ ၁၄း၂၃။ ၄ ရာ ၁၇း၁၀)။
ကောင်းကင်မှာ ရှိတဲ့အရာမှန်သမျှကို ကိုးကွယ် ကြပါတယ်။ ဒါကြောင့် ဘုရားသခင်က
သူတို့ကို မကာကွယ်ဘဲ အာရှုရိလက်ထဲကို အပ်ပြီး ကျွန်အဖြစ်ခေါ်သွားကြပါတယ်။
ကျွန်အဖြစ်မခေါ်သွားမီလေးမှာ
ဗေရိရဲ့သားဟောရှေဆီကို ဘုရားရဲ့အမျက် ဒေါသသတင်းရောက်လာပြီး၊ ဣသရေလလူတွေ အပြစ်ကနေနောင်တရပြီး မပြောင်းလဲရင် ဘုရားက
သူတို့ကို ဗလာနတ္တိ ဖြစ်စေမယ့်အကြောင်းဟောရှေ ၂း၂ ကဖော် ပြထားခြင်း ဖြစ်
ပါတယ်။ သတ္တမနေ့ကို ပယ် ဖျက်ခြင်း မပါရှိ ပါဘူး။
ဣသရေလတွေ
ဆက်လက်ပြီး ဘုရား စကားကို အရေးမစိုက်ရင် ရွေးချယ်တဲ့အမျိုး၊ ယဇ်ပုရောဟိတ်အမျိုး၊
သန့်ရှင်း တဲ့သူတွေ
ဖြစ်ကြတဲ့ အခြေအနေနှင့် ဧဝံဂေလိသတင်း ထိန်သိမ်းတဲ့ သူတွေအဖြစ်ကနေ အစအားလုံး
ကို ပိတ်ပင်ပေးမှာဖြစ်တယ်။ သူပြောခဲ့သလို တကယ်ဖြစ်လာပါတယ်။ အာရှုရိတိုင်းပြည်မှာ
ဖမ်းထားခြင်းခံရတဲ့ အချိန်ကာလပတ်လုံး ဣသရေလတိုင်း ပြည်မှာ
ဥပုသ်စောင့်တဲ့အကြောင်းမကြားရပါဘူး၊ သူတို့ရဲ့ပွဲနေ့တွေ၊ လဆန်းနေ့တွေ၊
သတ္တမနေ့အပါအဝင် ဘယ်ဥပုသ်ကိုမှ မစောင့်နိုင် ကြဘဲ ကျွန်အဖြစ်
ဖမ်းထားခြင်း ခံခဲ့ကြပါတယ်။ ဣသရေလတိုင်း ပြည်မှာ ပွဲနေ့တွေ၊ လဆန်းနေ့တွေ၊
ပွဲဥပုသ်နေ့တွေအားလုံး တိတ်ဆိတ်သွားခဲ့ပါတယ်။ အဲဒီ အကြောင်းကို
ပြောခြင်းဖြစ်ပါတယ်။ သတ္တမနေ့ဥပုသ်ကို အပြီးပယ်ဖျက်ပေးတာ မဟုတ်ဘူး၊ နှစ်ပေါင်း အတော်ကြာ
ဥပုသ်မစောင့်နိုင်အောင် အပြစ်ဒဏ်ခံခဲ့ရ ကြောင်း ဒီနေ ရာမှာ ပြောပြခြင်းဖြစ်ပါ
တယ်။
အမေး။ ။ ဓမ္မဟောင်းအချိန်မှာ ဣသရေလလူတွေအတွက်သာ သတ္တမနေ့
ဥပုသ် စောင့်ဖို့ ပဋိညာဉ်ဖွဲ့ထားတာမဟုတ်ဘူးလား။ တခြားလူမျိုးတွေနဲ့ ပဋိညာဉ်
မဖွဲ့ခဲ့ဘူး ဆိုတော့။
အဖြေ။ ။ သမ္မာကျမ်းစာမှာ ဒီလိုတွေ့နိုင်ပါတယ်-
]တစ်ပါးအမျိုးသားတို့ကို၎င်း၊ ဥပုသ်နေ့ကိုမရှုတ်ချ၊ စောင့်ရှောက်၍
ငါ၏ပဋိညာဉ်ကိုစွဲလမ်းသော သူအပေါင်းတို့ ကိုလည်းကောင်း၊ ငါ၏သန့်ရှင်းသောတောင်သို့
ငါဆောင်ခဲ့၍ ငါ၏ ပဌာနာအိမ်၌ ဝမ်းမြောက်စေမည်} (ဟေရှာ ၆၅း၆)။ တရား ၂၉း၁၄၊၁၅ မှာလည်း- ]ဤပဋိ ညာဉ်၊ ဤသစ္စာကို
သင်တို့နှင့်သာ ငါ ပြုသည်ထက်မက .... ယနေ့ မပါသော သူတို့နှင့်၎င်း ငါပြု၏} လို့တွေ့ရတယ်။ ဥပုသ်နေ့ဟာ ဣသရေလ လူမျိုးတို့ အတွက်
သတ်မှတ်တာမဟုတ်ပါဘူး။ သူတို့လူမျိုး မတိုင်မီ နှစ်ပေါင်းများစွာ ကတည်းက
ကမ္ဘာဖန်းဆင်းစ အချိန်က စပြီး ဘုရားသခင်ရဲ့ စကားကို နားထောင် ပြီး ယုံကြည်သူတိုင်း
ဥပုသ်နေ့ကို စောင့် ဖို့ သတ်မှတ်ဖန်ဆင်း ထားခဲ့တာ ဖြစ်ပါ တယ်။ ဘုရားသခင်ဟာ
အာဗြဟံနဲ့ ပဋိညာဉ်ဖွဲ့ခဲ့တဲ့အတွက် သူကနေ ဆင်းသက် လာကြတဲ့ဣသရေလလူမျိုးကို
မိမိရဲ့လူမျိုးအတွက် ရွေးချယ်ပြီးတော့ သူတို့ကို အဲဂုတ္တုပြည်ကနေ ခေါ်ထုတ်ပြီး
သူတို့နှင့်ပဋိညာဉ် ပြန်ဖွဲ့ခဲ့ပါတယ်။ ဘုရားရဲ့ ရွေးချယ်တဲ့ လူမျိုးဖြစ်တဲ့အနေနဲ့
ဥပုသ်နေ့ကိုလည်း သူတို့စောင့်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ဣသရေလလူမျိုးမဟုတ်တဲ့
အခြားသောလူမျိုးတွေလည်း ဘုရားကို ယုံကြည်ပြီး ဆက်သွယ်လာသူဖြစ်ရင်
သူတို့လည်းဥပုသ်နေ့ကို စောင့်ရမှာ ဖြစ်ပါတယ်။ ဥပုသ်နေ့ဟာ ဣသရေလတွေအတွက်သာမဟုတ်
ဘုရားကို ယုံကြည် တဲ့သူတိုင်းအတွက် ဖြစ်ပါတယ် (မာကု ၂း၂၇)။ သင်ဟာလည်း ယုံကြည်သူ၊
ဘုရားသခင်ရဲ့လူဖြစ်လို့ရှိရင် သူ့ရဲ့ ဥပုသ်နေ့ကို စောင့်လိုက်ပါ။ ]ဘုရားသခင်၏
လူတို့အဘို့အလိုငှါ ငြိမ်ဝပ်ခြင်းချမ်းသာ (ဥပုသ်နေ့၌ အနားယူရခြင်း- အင်္ဂလိပ်
ကျမ်းစာမှာကြည့်ပါ) တစ်မျိုးသည် ကျန်ရစ်သေး ၏} (ဟေဗြဲ ၄း၉၊၁၀)။
အမေး။ ။ ]အာဗြဟံတို့က ဥပုသ်နေ့စောင့်ခဲ့တယ်} ဆိုတဲ့ ကျမ်းချက်လဲရှိလို့လား။
အဖြေ။ ။ ]အာဗြဟံက သူ့ဥစ္စာကိုမခိုးပါ} ဆိုတဲ့ ကျမ်းချက်မရှိသလို ]ဥပုသ်နေ့စောင့် တယ်} ဆိုတဲ့ ကျမ်းချက်လည်းမရှိပါဘူး။ ]သူ့အသက်ကို မသတ်ဘူး} ]ရုပ်တု
ဆင်းတု မကိုးကွယ်ဘူး} ဆိုတဲ့ အချက်လည်း
မရှိပါဘူး။ ဒါပေမဲ့ သူဟာ သူ့အသက်ကို သတ်တယ်၊ ရုပ်တုကို ကိုးကွယ်တယ်၊ ခိုးတယ်၊
ဥပုသ်နေ့ကို ချိုးဖောက် တယ်လို့ မဆိုလိုပါဘူး။ ကမ္ဘာဦးကျမ်း ၂၆း၅ - ကိုကြည့်ရင်
]အာဗြဟံသည် ငါ့စကားကို နားထောင် ၍ငါစီရင်မှာထားသော ပညတ် တရားအမျိုးမျိုး တို့ကို
စောင့်ရှောက်သတည်း} ဆိုတဲ့ အချက် တွေ့ရပါ
တယ်။ ပညတ်တွေကို စောင့်တယ်ဆိုရင် ဥပုသ်နေ့ ပါမယ် မဟုတ်ဘူးလား။ ပညတ်တော် ၁၀ ပါးထဲက
စတုတ္တ တစ်ပါး တောင်ဖြစ်လိုက်သေးတယ်။
အမေး။ ။ ဥပုသ်နေ့အမှန်ကို အခုမသိနိုင်တော့ပါဘူး။ တချို့က
]ယောရှု ၁ဝး၁၃- မှာ နေဟာ သူ့နေရာမှာ ၂၄ နာရီ ရပ်တန့်ခဲ့တဲ့အတွက်
ကျွန်တော်တို့ရဲ့ရက် ရေတွက် နည်းကို ရှုပ်ထွေးစေကုန်ပါပြီ။ ဥပုသ်နေ့အမှန်
မသိနိုင်တော့ဘူးလို့ ပြောကြ တယ်။ ခင်ဗျားတို့လည်း ဥပုသ်နေ့အမှန်ကို ဘယ်သိနိုင်တော့မှာလဲ။
အခု ခင်ဗျားတို့က သတ္တမနေ့ (စနေနေ့) ဥပုသ်နေ့လို့ ထင်တဲ့နေ့ဟာ တနင်္ဂနွေနေ့များ
ဖြစ်နေ မလား။
အဖြေ။ ။ ယောရှုအချိန်မှာ နေရပ်တန့်ခဲ့တာ
တစ်ရက်တိတိဖြစ်ပါတယ်။ တကယ့် ရှုပ်ထွေး စရာတော့မဟုတ်ပါဘူး။ ဆယ်ရက်ရပ်တန့်ရင်လည်း
ရှုပ်စရာ မရှိပါဘူး။ နေလုံးကြီး (Sun)ဟာ နေ့နှင့်ညဖန်တီးပေးတဲ့ အဓိကအရာ မဟုတ်ပါဘူး။ ဘုရား
သခင်က နေ့နှင့်ည ဖန်ဆင်းတဲ့အရာနှင့် ကိုက်ညီအောင် နေကို စတုတ္တနေ့မှာပဲ ဖန်း
ဆင်းခဲ့ပါတယ်။ ကျမ်းစာမှာ နေကို မဖန်ဆင်းမှီ သုံးရက်အတွင်း နေ့နှင့်ည ရှိခဲ့ပါတယ်
(ကမ္ဘာဦး ၁း၁၄-၁၉)။ အလင်းကို အရင်ဖန်ဆင်းပြီး အလင်းကို နေ့လို့သတ်မှတ်ပြီး၊
အမှောင်ကိုညလို့ သတ်မှတ်တာပဲရှိပါတယ် (ကမ္ဘာ ၁း၂-၅)။
အဲ့ဒီနေ့နှင့်ညအပေါ်အုပ်စိုးဖို့ စတုတ္တနေ့မှာ နေနှင့်လကို ဖန်ဆင်းခဲ့ ပါတယ်။
ဒီလို ဆိုရင် နေလုံးကို ဖယ်ရှားလိုက်ရင်လည်း နေ့နှင့်ညတော့ရှိနေမှာပဲ။ နေမပါဘဲ တစ်
ရက်ဆိုတာမသိနိုင်ဘူးလို့ ငြင်းချင်ငြင်းနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ်
ယောရှုအချိန်နှင့် နောက်ပိုင်းအချိန်မှာ ဥပုသ်နေ့ကို ရေတွက်တဲ့အခါ ပြဿနာမရှိကြောင်း
သိနိုင် ပါတယ်။ ဘယ်လိုပဲဖြစ်စေ တစ်ရက်နေရပ်တန့်တာနဲ့ တစ်ရက်ကို နှုတ်ယူလိုက်
တာဖြစ်စေ၊ ပေါင်းထည့်တာဖြစ်စေ လုပ်တတ်ကြပါတယ်။ ဒီကိစ္စမှာ ဘုရားကို မယုံ
နိုင်လောက်အောင် သေးမွှားပါတယ်။ သူတို့ရဲ့ ရက်ရေတွက်နည်းမှာ ပြဿနာရှိရင်
လနှင့်နှစ် ရေတွက်တဲ့ပုံလဲ ပြဿနာဖြစ်ကုန်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ
ပြဿနာမရှိလို့ သူတို့ရဲ့မွေးနေ့တွေ၊ သေရက်နေ့တွေ၊ လနှင့် နှစ်တွေတောင်
မှတ်သားထားကြပါတယ်။
နောက်ပြီး
ဣသရေလလူတွေကလဲ ယနေ့တိုင်အောင် ဥပုသ်နေ့ကို စောင့်ခဲ့ကြ ပါတယ်။ ဥပုသ်နေ့ကို
ဖန်ဆင်းပေးတဲ့သခင်ယေရှုကိုယ်တိုင် လောကမှာသက် တော်ထင်ရှားတဲ့အချိန်မှာ
ယုဒလူတို့စောင့်တဲ့သတ္တမနေ့ဟာ မှားယွင်းကြောင်းမ ပြောခဲ့ပါဘူး။ ဥပုသ်နေ့
အမှန်ဖြစ်ကြောင်းသဘောတူပေးပါတယ်။ သူကိုယ်တိုင် ကလဲစောင့်ခဲ့ပါတယ် (လု ၄း၁၆)။
ဥပုသ်ကို ဖန်ဆင်းတဲ့အရှင် ဘုရားက မိမိဖန်ဆင်းတဲ့ဥပုသ်နေ့ကို မမှတ်မိဘဲနေမယ်လား။
မမှတ်မိဘဲ ဘယ်နေမလဲ။ ယခုအချိန်အထိ ]မှန်တဲ့ဥပုသ်နေ့မသိနိုင်တော့ဘူး} ဆိုတဲ့သူတွေက ယေရှုဟာ သူတို့လိုပညာမရှိ၊
အသိမရှိတဲ့သူအနေနဲ့ ထင်တာရှိမှာပဲ။ ဒါ့အပြင် ခက်ခဲရာ ကာလရောက်လာတဲ့အချိန်မှာ
ဆောင်းရာသီနှင့် ဥပုသ်နေ့မှာ မထွက်ပြေး ရအောင် မှာလိုက်သေးတယ်မဟုတ်လား။
ဘာပဲဖြစ်ဖြစ် ဓမ္မသစ်ကျမ်းမှာ ရက်သတ္တပတ် စရေတွက်ရမယ့်နေ့နှင့် သတ္တမနေ့ကိုသိနိုင်ရန်
ဒုနဲ့ဒေးရေးသား ထားရှိပါတယ်။ ဒီကျမ်းချက်တွေကနေ သတ္တမနေ့အမှန်ကို
ယနေ့တိုင်သိနိုင်ပါတယ်။ ပညာရှိ လူသားတွေထက် သခင်ယေရှုကို
ပိုပြီးအားကိုးယုံကြည်ထိုက်ပါ တယ်။
အမေး။ ။ ]ယောရှုအချိန်မှာ
နေရပ်တန့်ခဲ့တာတစ်ရက်တိတိဖြစ်ပြီး၊ နေ့ရက် ရေတွက် တာကို မရှုပ်ထွေးစေဘူးလို့
ခင်ဗျားပြော တယ်။ ဒါဆိုရင် ဟေဇကိမင်းရဲ့ရောဂါ ပျောက်ကင်းစေတာနဲ့ ပတ်သက်ပြီး ခြေ
လှမ်းတစ်ဆယ်အထိ နေ့အရိပ်ပြန် နောက်ဆုတ်တာကရော နေ့ ရေတွက် ရာမှာ အခက်အခဲမရှိပေဘူးလား။
အဖြေ။ ။ ဒီအချက်ကိုလည်း စောစောက ဖြေကြားခဲ့တဲ့အဖြေမှာ
ရှင်းသွားမယ်လို့ ထင်ပါတယ်။ ယနေ့တိုင်အောင် ဥပုသ်နေ့အမှန်ကို သိနိုင်တဲ့အချက်မှာ
သမ္မာ ကျမ်းစာကို ယုံကြည်လိုက်ခြင်းပဲဖြစ်ပါတယ်။ ကျမ်းစာက ပြောတဲ့အရာမမှန်ရင်
ကျွန်တော်တို့သိတာလဲ မှားသွားမှာပါ။ ကျမ်းစာပြောတာမှန်ရင် ကျွန်တော်တို့လဲ
မှန်မှာပါ။ ပထမဆုံးကျမ်းစာကို အတူတကွ ဖတ်ရအောင်။ ဆာလံ ၇၈း၁-၈ မှာ- ]ငါ၏
လူများတို့၊ ငါ့တရားကိုနာကြလော့။ ပုံစကားကို ငါမြွက်ဆို၍ ရှေးကာလ၏ နက်နဲသော
အရာများကို ဖော်ပြပေအံ့။ ဘိုးဘေးတို့သည်ပြော၍ ငါတို့သည် ကြားသိရသောထိုအရာများကို
သားမြေးတို့မှ မဝှက်မထား။ ထာ၀ရဘုရား၏
ဂုဏ်ကျေးဇူးတော်နှင့်တန်ခိုးတော်ကိုလည်းကောင်း၊ ပြုတော်မူသော အံ့ဩဘွယ်
အမှုတို့ကိုလည်းကောင်း၊ ဖြစ်လတံ့သော သူတို့အားဖော်ပြကြမည်။ ...ဣသရေလ အမျိုး၌
ပညတ်တရားကို ထားတော်မူ၏။ ... ငြင်းဆန်၍ ပုန်ကန်တတ်သော အမျိုးတည်းဟူသော
ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည်မဖြစ်၊ ဘုရားသခင်၏ အမှုတော်တို့ကိုမမေ့၊
ဘုရားသခင်ကိုယုံကြည် ကိုးစား၍ ပညတ်တော်တို့ကို စောင့်စေခြင်းငှါ၊ ထိုတရားကို
ဘိုးဘေးတို့သည် သားတို့အား ပြသ၍ ဖြစ်လတံ့သော အမျိုးတည်းဟူသော၊
ဘွားမြင်လတံ့သောသားတို့သည် သိနားလည်၍ နောက်တဖန်မြေးမြစ်တို့အား ပြသကြမည်အကြောင်းပညတ်ထားတော်မူပြီ} လို့ ပြောပါတယ်။ ကမ္ဘာဦးမှစ၍ ခေတ်အဆက်ဆက်
ဘုရားသခင်မှာ သူ့လူတွေရှိခဲ့ ပါတယ်။ စာအရေးအသား မတတ်မီကတည်းက သူတို့ဟာ
ဘုရားသခင်ရဲ့နှုတ် ထွက်စကားတွေကို ပါးစပ်နှင့် လက်ဆင့်ကမ်းခဲ့ကြပါတယ်။
ဒီဆာလံကျမ်းချက် ဖတ်တာနဲ့ နားလည်မယ်လို့ ထင်ပါတယ်။
ရှေးခေတ်မှ
မှတ်သားဖွယ်သတင်းတွေကို တစ်ခေတ်ကနေနောက်တစ်ခေတ် သို့
ဆင့်ကဲပြောပြထိန်းသိမ်းခဲ့ကြပါတယ်။ အပေါ်က ကျမ်းချက်အရ- ]ပညတ် တော်} လို့ ပြောထားပါတယ်။ ဥပုသ်နေ့ကို
မေ့ပျောက်ကြသလိုရှိပေမဲ့ ဘုရားသခင် ဟာ အရာခပ်သိမ်း ဖန်ဆင်းသူဖြစ်ခြင်း၊
သူ့ရဲ့တန်ခိုးတော်တို့ကို မေ့ပျောက်ခြင်း မရှိအောင်၊ နောင်လာနောက်သားတွေ၊
ကျွန်တော်တို့တိုင်အောင်သိနိုင်ဖို့ ဆင့်ကဲ ပြောပြခဲ့ကြပါတယ်။ ဖုံးကွယ်ထားခြင်း
မရှိပါဘူး။ ဓမ္မဟောင်းအချိန် ကတည်းက ယနေ့တိုင်အောင် ယုဒလူမျိုးတွေက ပြဿနာမရှိဘဲ
ဥပုသ်နေ့ကို စောင့်ထိန်း လာခဲ့ကြပါတယ်။ ဘုရားသခင်ရဲ့ လူတွေ ဆီမှာလည်း
ဆက်လက်ကြေညာပြီး ယနေ့တိုင် ထင်ရှားစွာ အဲ့ဒီနေ့ကို သိကြ ပါတယ်။ နောက်ပြီး
ယေရှုသေတဲ့နေ့ "Good Friday" ကိုလည်း ယနေ့တိုင်
နှစ်စဉ်ကျင်းပကြ ပါတယ်။ သိနေကြပါတယ်။ ယေရှုသေ တဲ့နေ့ကိုသိရင် အဲ့ဒီနေ့
ပြီးနောက်နေ့ဥပုသ်နေ့ကိုလည်း မသိနိုင်စရာအကြောင်း မရှိပါဘူး။ ဒီအတိုင်းပဲ
ယေရှုရှင်ပြန်ထမြောက်တဲ့နေ့၊ တနင်္ဂနွေနေ့ကို ယနေ့တိုင်လူတွေစောင့်နေကြ ပါတယ်။
ယေရှုထမြောက်တဲ့နေ့ကို သိနေသရွေ့ ဥပုသ်နေ့ကိုလည်း လွဲမှားစရာ မရှိပါဘူး။
ယေရှုရှင်ပြန်ထမြောက်တဲ့နေ့ (တနင်္ဂနွေနေ့) မတိုင်မှီနေ့ဟာ ဥပုသ်နေ့ ဖြစ်ပါတယ်။
]ဥပုသ်နေ့အမှန်ကို မသိနိုင်တော့ပါဘူး} ဆိုတဲ့သူတွေဟာ နှုတ်ကပတ် တော်ကို
ကောင်းမွန်စွာနားမလည်ကြောင်း ဖော်ပြ နေကြပါတယ်။
အမေး။ ။ ဒါဆိုရင် ဓမ္မသစ်ကျမ်းတစ်ခုတည်းကနေ
မှန်တဲ့ဥပုသ်နေ့ကို ပြောပြနိုင် မလား။
အဖြေ။ ။ ပြောပြနိုင်တာပေါ့။ စောစောကပြောခဲ့တဲ့အတိုင်း
ယေရှုခရစ်တော် သေခြင်းနှင့်ထမြောက်ခြင်းအကြောင်းမှာလည်း
ရိုးရိုးနှင့်ရှင်းရှင်းလေး သိနိုင်ပါ တယ်။ ယောဟန် ၁၉း၃၁၊ ၄၂ - မှာ ယေရှုဟာ
သောကြာနေ့ (အဖိတ်နေ့) မှာ သေဆုံးကြောင်း၊ အဲ့ဒီအဘိတ်နေ့ရဲ့ နက်ဖြန်နေ့ဟာ ဥပုသ်နေ့ဖြစ်ကြောင်း
ပြောပါ တယ်။ လုကာ ၂၃း၅၄-မှာ ]ဥပုသ်နေ့အချိန်နီးသတည်း} ဆိုပြီး ယေရှုရဲ့အလောင်း ဟာ ဥပုသ်နေ့မှာ
ကားတိုင်ပေါ်မှာ ချိတ်ဆွဲခြင်းမရှိအောင် ပိလတ်မင်းထံမှာ အလောင်းကိုချခွင့်ပြုဖို့
တောင်းခံကြပါတယ်။ အလောင်းကို ကားတိုင်ကနေလည်း ချခဲ့ကြပါတယ်။ ဆီမွှေးနံ့သာမျိုးတို့နှင့်
အလောင်းတော်ကို သုတ်လိမ်းပြီး ပိတ်ချော နှင့်ပတ်ရစ်ပြီး သချုØင်းကျောက်ဂူထဲသို့ ထည့်ခဲ့ကြပါတယ်။ သူ့ကို
ကားတိုင်တင်တဲ့ နေ့၊ နေမဝင်မှီလေးမှာ သချုØင်းထဲ ထည့်ခဲ့ကြပါတယ်။
အဲ့ဒီနေ့ဟာ
]ယုဒလူတို့၏အဘိတ်နေ့} ဆိုပြီး ရှင်ယောဟန်က
ရေးသားထားပါ တယ် (ယောဟန် ၁၉း၃၈၊၄၂)။ အဲ့ဒီနေ့ကို ရှင်မာကုက ဥပုသ်နေ့မတိုင်မီနေ့လို့
ပြောပါတယ်။ (That is the day before the
Sabbath) မာကု ၁၅း၄၂။ သချုØင်းမှာထားတဲ့ နေ့ အပြီး၊ နက်ဖြန်နေ့ဥပုသ်နေ့မှာ
အနားယူခဲ့ကြကြောင်း ပြောပါ တယ် (လုကာ ၂၃း၅၂-၅၆)။ အဲ့ဒီ နေ့ဟာ ရက်သတ္တပတ်ရဲ့
သတ္တမနေ့ ဖြစ်ပါတယ်။ ဥပုသ်နေ့ လွန်ပြီးနောက် ရက်သတ္တ ပတ်ရဲ့ နေ့တွေကို
စပြီးရေတွက်တဲ့နေ့၊ ပထမနေ့ရက် (Thန fငမျအ dပေ သ် အ့န တနနု)
မိုး မလင်းမီ အာရုဏ်တက်ချိန်မှာ မာရိတို့အဖွဲ့ဟာ သချိုင်းကို သွားကြပါ တယ်။ အဲ့ဒီနေ့မှာ ယေရှုဟာ ရှင်ပြန်ထမြောက်ကြောင်းသိရပါတယ်။
(မဿဲ ၂၈း၁-၆။ မာကု ၁၆း၁-၆)။ ဒီကျမ်းချက်တွေကိုကြည့်ရင် လွယ်လွယ်လေးနဲ့ ဥပုသ်နေ့
အမှန်ကို သိရှိနိုင်ပါတယ်။
ယေရှု
သေသွားတဲ့နေ့ဟာ သောကြာနေ့ (Friday)
ဖြစ်ပါတယ်။ အဲ့ဒီနေ့ကို အဘိတ်နေ့လို့ ဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ယုဒလူတွေက
သတ္တမ ဥပုသ်နေ့ကို စောင့်ကြတဲ့အတွက် ဥပုသ်နေ့အတွက်ပြင်ဆင်တဲ့နေ့ဖြစ်လို့ ဖြစ်ပါ
တယ်။ သောကြာနေ့ပြီးရင် ဥပုသ်နေ့ (Sabbath)လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က စနေနေ့ကို
အဘိတ်နေ့လို့ခေါ် ကြပါတယ်။ ဘာကြောင့်လဲဆိုရင် တနင်္ဂနွေနေ့ကို ဥပုသ်နေ့အနေနှင့်
စောင့်ခဲ့ကြလို့ ဖြစ်ပါတယ်။ သမ္မာကျမ်းစာမှာ ရက်သတ္တပတ်ရဲ့ပထမနေ့(တနင်္ဂနွေနေ့)မှာ
ယေရှုရှင်ပြန်ထမြောက်ကြောင်းပြော ပါတယ်။ ဒါကို ကျွန်တော်တို့က ]သခင်ဘုရားနေ့}လို့ ပြောကြတယ်။ ယေရှု သေ သွားတဲ့နေ့နှင့်
ရှင်ပြန်ထမြောက်တဲ့နေ့ကြားမှာရှိတဲ့နေ့ဟာ ဥပုသ်နေ့ ဖြစ်ပါတယ်။ သိဖို့မခက်ပါဘူး။
သေသွားတဲ့နေ့နှင့်ရှင်ပြန်ထမြောက်တဲ့နေ့ကို ယနေ့တိုင်သိရက် နဲ့
]ဥပုသ်နေ့အမှန်မသိနိုင်တော့ဘူး} လို့ပြောတာယုံနိုင်စရာကိုမရှိဘူးမဟုတ်လား။
အမေး။ ။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေက- ]ဓမ္မသစ်ခေတ်၊
ယေရှုရှင်ပြန် ထမြောက်တဲ့နောက်ပိုင်းမှာတော့ ရှေးဦးတမန်တော်တို့က ဥပုသ်နေ့ကို
မစောင့်ကြ တော့ပါဘူး။ အခုရှင်ပြန်ထမြောက်တဲ့နေ့ကို စောင့်ခဲ့ကြတော့တယ်} လို့ပြောကြ တယ်၊ ဒါဟာမှန်ပါသလား။ ဒါမှမဟုတ်
ဓမ္မသစ်မှာသတ္တမနေ့ဥပုသ်နေ့ကိုဆက်
လက်ပြီးတမန်တော်များကစောင့်ခဲ့ကြကြောင်းကျမ်းသက်သေရှိပါ သလား။
အဖြေ။ ။ ရှိပါတယ်။ ယေရှုရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းမှာ
တမန်တော် တွေက တနင်္ဂနွေနေ့ကို စောင့်ခဲ့ကြတယ်ဆိုတာ မမှန်ပါဘူး။
ယေရှုရှင်ပြန်ထမြောက်ပြီး နောက်ပိုင်းမှာ တမန်တော်များက သတ္တမနေ့ဥပုသ်ကိုပဲ
ဆက်လက်စောင့်ခဲ့ကြ ပါတယ်။ ဒီကျမ်းချက်များမှာ တွေ့နိုင်ပါတယ် (တ ၁၃း၁၄၊၄၂၊၄၄။
၁၆း၁၃။ ၁၇း၂။ ၁၈း၄)။ ရှင်ပေါလု၊ ရှင်ပေတရုတို့ဟာ သူတို့ထုံးစံအတိုင်း သတ္တမနေ့
ဥပုသ်ကို စောင့်ပြီး ဘုရားကျောင်းသွားတတ်ကြပါတယ်။ တနင်္ဂနွေနေ့ကို စောင့်တဲ့
အကြောင်း၊ အလုပ်မှ နားတဲ့အကြောင်း မတွေ့ရပါဘူး။ တနင်္ဂနွေနေ့မှာ အာရှိမြို့ကို
ခရီးထွက်ကြောင်း တမန်တော် ၂ဝး၇-၁၄ မှာ တွေ့ရပါတယ်။ ဒါကြောင့် ]ယေရှုရှင်
ပြန်ထမြောက်တဲ့နောက်ပိုင်းမှာ သတ္တမနေ့ဥပုသ်မစောင့်ကြတော့ဘူး} လို့ပြောတဲ့ သူတွေဟာ ပေါ်တင်လိမ်ပြောနေကြတာ
ဖြစ်ပါတယ်။
အမေး။ ။ ]ယေရှုဟာ သူ့ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း
ဥပုသ်နေ့ကို အလေး မထား၊ ဆက်စောင့်ရန် ပြောခဲ့တာမရှိပါ ဘူး} လို့ ပြော ကြတယ်၊ မှန်သလား။
အဖြေ။ ။ မမှန်ပါဘူး။ သူ ကောင်း ကင်ကို မတက်သွားခင်လေးမှာ
ထားခဲ့တဲ့ စကားမှာ သူကောင်းကင် ကို တက်သွားပြီးနောက် နှစ်ပေါင်း အတော်ကြာ
တဲ့အခါမှာ သူတို့ တွေ့ ကြုံရ မည့်အရာတွေ၊ ယေရုရှလင် ဖျက်ဆီးမည့် အကြောင်းတွေ၊
သူတို့ညှင်းပန်းနှိပ်စက်ခြင်း ခံရမည့် အကြောင်းတွေ အနာဂါတ်မှာ
ဖြစ်ပျက်မည့်အကြောင်းပြောတဲ့အခါ ]သင်တို့ပြေးရသော အချိန်သည် ဆောင်းကာ လ၌မကျ၊
ဥပုသ်နေ့၌မကျမည်အကြောင်း ဆုတောင်းလော့} (မ ၂၄း၂၀) လို့မှာ ထားခဲ့ပါတယ်။ ဒါထက်
ဥပုသ်နေ့ကိုအလေးထားပြောတာ ရှိဦးမှာလား။ ဥပုသ်နေ့ မှာ အသက်လုထွက်ပြေးဖို့တောင်
ခွင့်မပြုပါဘူး၊ ဥပုသ်ချိုးမှာစိုးလို့ပါ။ နှုတ်ကပတ် တော် ကိုဖတ်ပဲ ဖတ်ပြီး
အနက်အဓိပ္ပာယ်ကို မှန်မှန်နားလည် ဖို့ လိုအပ်ပါတယ်။
အမေး။ ။ မဿဲ ၁၂း၁-မှာတွေ့တဲ့အတိုင်း ယေရှုနှင့်
သူ့တပည့်တော်တွေလည်း ဥပုသ်နေ့ ကို ချိုးတာပဲ။ ဥပုသ်နေ့မှာ
လယ်ထဲဖြတ်သွားကြတယ်ဆိုတော့ သူတို့က အရေးမစိုက် တော့တာ မဟုတ်ဘူးလား။
အဖြေ။ ။ မဿဲ ၁၂း၁-မှာ ယေရှုနှင့် သူ့တပည့်တော်များက
ဥပုသ်နေ့ပညတ်ချိုးဖောက်တဲ့ အကြောင်းမတွေ့ပါဘူး။ လယ်တောဖြတ်သွားတာ ကို
ချိုးဖောက်တယ်လို့ယူဆတာ မှ အပ ဒီနေရာမှာ သူတို့ဥပုသ်ချိုးဖောက်ကြောင်း မတွေ့ပါဘူး။
ဖာရိရှဲတွေက အမြဲတမ်းသူတို့ ကို ချောင်းကြည့်ကြပါတယ်။ ဒါပေမဲ့
၎င်းအချိန်မျိုးမှာဥပုသ်ချိုးဖောက် ကြောင်း မပြောကြပါဘူး။ ချိုး
ဖောက်တယ်လို့စွပ်စွဲရင် ဖာရိရှဲ တွေလဲ ယေရှုနှင့်တပည့်တော် များလို လယ်ကို
ဖြတ်သွားကြ ပါတယ်။ အဲဒီအချိန်မှာ ဖာရိရှဲ တွေလည်း ယေရှုနှင့်တပည့် တော်တွေနှင့်အတူ
လယ်ကို ဖြတ်သွားကြတဲ့အတွက်ဥပုသ် နေ့မှာလယ်တောကို ဖြတ်ပြီးလျှောက်သွားတာဟာ
သူတို့အနေနဲ့လည်း အရေး မစိုက်ကြပါဘူး။ ဒါပေမဲ့ သူတို့အဓိက စွပ်စွဲတဲ့ အချက်က တပည့်
တော်တွေက စပါးနှံ တွေကို လက်နဲ့ခြွေပြီး စားကြတဲ့အခါ ဥပုသ် ချိုးဖောက်သလို
ခံယူခဲ့ကြလို့ ဖြစ်ပါ တယ်။ ဒါပေမဲ့ မောရှေရဲ့ပညတ်ကျမ်း မှာ ]အိမ်နီးချင်း၏စပါးလယ်ထဲသို့
ဝင် သောအခါ၊ စပါးနှံကို လက်နှင့်ဆွတ်ရသော်လည်း တံစဉ်နှင့်မရိတ်ရ} လို့ဆိုထားပါ တယ် (တရား ၂၃း၂၅)။ ပညတ်တရား ခွင့်ပြုတဲ့
အတိုင်း အတာအတွင်းမှာ ယေရှုနှင့် သူ့တပည့်တော်များဟာ လှုပ်ရှားသွားလာ လုပ်ဆောင်ကြ
ပါတယ်။ မောရှေရဲ့ ပညတ်တရားများ သို့မဟုတ် ဘုရားသခင်ရဲ့ပညတ်တော်ကို သူတို့
မချိုးဖောက် ကြပါဘူး။ ထမင်းဆာရင် ဥပုသ်နေ့မှာ ထမင်းတွေ၊ အသီးအနှံတွေ သူတို့
စားလို့ရ ပါတယ်။ ဒါကြောင့် စပါးနှံ ခူးဆွတ်ပြီး စားကြတာဟာ ဥပုသ်နေ့ကို
ချိုးဖောက်တာ မဟုတ်ပါ။ ပညတ်တရားရဲ့ ခွင့်ပြုတဲ့အတိုင်းအတာထဲမှာပဲ လုပ်ကြပါတယ်။
ဒါကြောင့် ယေရှုနှင့်တပည့်တော်များ စပါးလယ်တောကိုဖြတ်သွားကြတာ ဥပုသ်နေ့ လွန်ကျူး
တာ မဟုတ်ပါဘူး။
အမေး။ ။ ယေရှုက ဥပုသ်နေ့မှာ အနာရောဂါတွေကို ပျောက်ကင်းစေတာ
ဥပုသ်နေ့ချိုးဖောက်တာ မဟုတ်ဘူးလား။ မ ၁၂း၁၀-၁၃။ လု ၁၄း၁-၅။ ယော ၅း၅-၇ တွေကို
ဖတ်လိုက်ရင် ဥပုသ်နေ့ချိုးဖောက်သလို ပေါ်နေပါတယ်။ ယောဟန် ၅း၁၈-မှာ ]ဥပုသ်နေ့ကို
ဖျက်သည်သာမက ဘုရားသခင်ကို မိမိအဘဟုခေါ်၍ မိမိကိုဘုရားသခင်နှင့်
ပြိုင်နှိုင်းတော်မူသောကြောင့်} လို့ပြောတဲ့အတွက်
ခရစ်တော်က ဥပုသ်နေ့ကို ချိုးဖျက်တာ ရှင်းနေတယ် မဟုတ်လား။
အဖြေ။ ။ မဟုတ်ပါဘူး။ ဖာရိရှဲတွေက ယေရှုဟာ
ဥပုသ်နေ့ချိုးဖျက်တယ်လို့ စွပ်စွဲ တာ သမ္မာကျမ်းစာမှာ သို့မဟုတ် မောရှေ
ပညတ်တရားမှာ သို့မဟုတ် ပညတ် တော် ၁၀ ပါးမှာ အခြေအမြစ် မရှိပါဘူး။
သူတို့ရဲ့အရေးတကြီးယူဆတဲ့အရာများ နှင့် တိုင်းတာ ကြတာပါ။ ဥပုသ်နေ့မှာ
လူနာပျောက်ကင်းကျန်းမာစေတာ ဥပုသ်ချိုးဖျက်တယ်လို့ စွပ်စွဲကြတယ်။ ဥပုသ်နေ့မှာ
လူနာကျန်းမာစေခြင်းကို တားမြစ်တဲ့အချက် ဘုရားရဲ့ပညတ် တော် ၁၀ မှာဖြစ်ဖြစ်၊
မောရှေရဲ့ ပညတ်များမှာဖြစ်ဖြစ်၊ သမ္မာကျမ်း စာမှာဖြစ်ဖြစ် မရှိပါဘူး။ ရောမ
၄း၁၅-မှာ ဒီလိုဖတ်ရပါတယ်- ]ပညတ်တရား မရှိလျှင် လွန်ကျူးခြင်း အပြစ် မရှိ} တဲ့။
လူရဲ့အသက်
ကယ်တင်တာအမြဲတမ်းခွင့်ပြုထားပါတယ်။ ယေရှုက ဥပုသ်နေ့ ကိုချိုးဖျက်တယ်လို့
စွပ်စွဲတဲ့ လူတွေဟာ ဘုရားရဲ့ပညတ်တော် နှင့် သမ္မာကျမ်းစာ ဖြင့် မတိုင်းတာဘဲ
သူတို့ရဲ့ထင်မြင်ယူဆချက်နှင့် တိုင်းတာကြတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ထိုနည်းတူ
ယေရှုကိုဘုရားလွန်ကျူးသူ အနေဖြင့် လည်းစွပ်စွဲကြပါ တယ် (မ ၂၆း၆၅)။ ဘုရားနာမကို
လွန်ကျူးခြင်းမှာ အပြစ်အကြီးမားဆုံး ဖြစ်ပါတယ် (ဝတ် ၂၄း၁၆)။ ဒါပေမဲ့ ယေရှုဟာ
အပြစ်မရှိ၊ ပြည့်စုံသူ၊ ]အမျိုးမျိုး သောစုံစမ်း နှောင့်ရှက်ခြင်းတို့ကို
ခံဖူးသောသူ ဖြစ်တော်မူ၏။ သို့ရာတွင် ဒုစရိုက်အပြစ်နှင့် ကင်းလွှတ်တော်မူ} သူဖြစ်ပါတယ်(ဟေဗြဲ ၄း၁၅)။
ဒါကြောင့်
ယေရှုကို ဥပုသ်ချိုးဖျက်သူ၊ ဘုရား၏နာမတော်လွန်ကျူးပြစ်မှားသူ
အနေနဲ့စွပ်စွဲသူများဟာ ဘုရားသခင်ကို ဆန့်ကျင်တဲ့သူတွေဖြစ်ပါတယ်။ ]ငါ့ဘက်၌ မနေ သော
သူသည် ငါ့ရန်ဘက်ဖြစ်၏} လို့ပြောထားပါတယ် (လုကာ
၁၁း၂၃)။
ယေရှုက
အကယ်၍ ဥပုသ်ချိုးဖျက်မယ်ဆိုရင် ကယ်တင်ရှင်အရည်အချင်း ရှိတော့ မှာမဟုတ်ဘူး။
သူကိုယ်တိုင် ပညတ်လွန်ကျူးသူဖြစ်ပြီး၊ သူကိုယ်တိုင်ကယ် တင်ဖို့လိုအပ်မှာဖြစ်တယ်။
ဒါကြောင့် ယေရှုကို လက်ဝါးကပ်တိုင်မှာ သတ်ချင်တဲ့ သူတွေရဲ့ ထင်မြင်ယူဆချက်မျိုး
ယနေ့တိုင်အောင် လိုက်လျောက် လက်ခံတဲ့သူတွေ ဟာ ဒုတိယမွေးဖွားခြင်းကို
ခံယူစေချင်ပါတယ်။ ယေရှုက ဘယ်ပညတ်ကိုမှ မချိုးဖောက်ပါဘူး။ ဘုရားသခင်ရဲ့နာမကိုလည်း
မပြစ်မှား၊ မလွန်ကျူးပါဘူး။ ဒီခံယူချက်တွေက သူ့ကိုဆန့်ကျင်တဲ့သူတွေရဲ့
စွပ်စွဲချက်သာဖြစ် ပါတယ်။
အမေး။ ။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေက- ]ဘယ်နေ့ကိုမဆို
ဘုရားကို ချီးမွမ်းဘို့စောင့်ရင် အားလုံးသန့်ရှင်းတာပဲ။ နေ့အားလုံးဟာ အတူတူပါ။
ပိုပြီး အလေးထားဘို့မရှိပါဘူး။ ပေါလုက ရောမ ၁၄း၅-မှာ ]နေ့ရက်တစ်ရက်ထက်
တစ်ရက်သာ၍မြတ်သည်ဟု လူအချို့ ထင်တတ်၏။ လူအချို့မထင်။ လူတိုင်း မိမိစိတ်သဘောကျပါစေ။
နေ့ရက်ကို စောင့်သောသူသည် သခင်ဘုရားကို ထောက်၍စောင့်၏။ နေ့ရက်ကို
မစောင့်သောသူသည်လည်း သခင်ဘုရားကို ထောက်၍ မစောင့်ဘဲနေ၏။} ဒါဟာ တကယ်လား။ ရှင်းပြပေးလေ။
အဖြေ။ ။ကောင်းပြီ။ ရောမ ၁၄း၅ကို ဖတ်ရင် ရှင်းသွားမှာပါ။
]နေ့ရက် တစ်ရက်ထက် တစ်ရက်သာ၍မြတ်သည်ဟု လူအချို့ထင်တတ်၏။ လူအချို့မထင်။
လူတိုင်းမိမိစိတ်သဘော ကျပါစေ။ နေ့ရက်ကိုစောင့်သောသူသည် သခင်ဘုရားကို ထောက်၍
စောင့်၏။ နေ့ရက်ကို မစောင့်သောသူသည်လည်း သခင်ဘုရားကို ထောက်၍ မစောင့်ဘဲနေ၏။} ကျမ်းစာက ဒါပဲ ပြောပါတယ်။ ဒီနေရာမှာ ]နေ့ရက်
အားလုံးဟာ သခင်ဘုရားကိုချီးမွမ်းဘို့ အတူတူပါ} ဆိုတဲ့ အချက်မရှိပါဘူး။
အမှန်မှာ
ဒီစာကို ရှင်ပေါလုရေးသားတဲ့အချိန်မှာ ဥပုသ်နေ့နှင့် တနင်္ဂနွေစောင့် ခြင်းနှင့်
ပတ်သက်ပြီး ဘာပြဿနာမှ မရှိပါဘူး။ ခရစ်ယာန်အားလုံးက တညီတ ညွတ်တည်း သတ္တမ နေ့
ဥပုသ်ကိုပဲ စောင့်ခဲ့ကြပါ တယ်။ ဥပုသ်နေ့ စောင့် တဲ့ နေရာမှာ ပြဿနာ မရှိကြ ပါဘူး။
ဒါပေမဲ့ ဥပုသ်နေ့ကို စောင့်နေ ကြ တဲ့ အထဲမှာ လူ တ ချို့ က ရက်သတ္တပတ် အ တွင်း မှာ
ဥပုသ်နေ့မပါဘဲ အခြားနေ့ရက် တစ်ရက်ကို အစာရှောင်တဲ့ နေ့အတွက် သတ်မှတ်ခဲ့ကြ ပါတယ်။
ဒီလိုအစာရှောင်တဲ့ နေ့ သီးသန့် သတ်မှတ်စောင့်တဲ့နေရာမှာ တချို့က မိမိရဲ့ မွေး ရက်
နေ့ဖြစ်တဲ့ တနင်္လာနေ့၊ တချို့က မိမိတို့ရဲ့လက်ထပ်တဲ့နေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ စသည့်
ဖြင့် ရက်သတ္တပတ်ရဲ့နေ့ရက်တစ်ရက်ရက်ကို အစာရှောင်တဲ့နေ့အဖြစ် စောင့်တတ် ကြ ပါတယ်။
တချို့ကတော့ မိမိအားရက်တစ်ရက်ကို အစာရှောင်ဆုတောင်းဘို့ အသုံးပြုကြ ပါတယ်။
အထူးနေ့ရက်သတ်မှတ်ထားခြင်းမရှိကြပါ။ ၎င်းအရာမျိုးမှာ ရှင်ပေါလုက လိမ္မာပါးနပ်စွာ
ညှိနှိုင်းပြောဆိုခဲ့ပါတယ်။ ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့ အပေါ် ပြဿနာရှင်း ပေးတာ
မဟုတ်ပါဘူး။ သူတို့အားလုံးဟာ သတ္တမနေ့ဥပုသ်ကို ညီညွတ်စွာစောင့်တဲ့သူတွေ ဖြစ်ပါတယ်။
၎င်းဥပုသ်နေ့အပြင် အစာရှောင် ဆုတောင်းတဲ့နေ့ရက်မတူညီကြတဲ့အကြောင်း ဒီနေရာမှာ
ပြောခြင်းဖြစ်ပါတယ်။ ရက်အားလုံးအတူတူပဲဆိုတဲ့ အချက်တစ်ခုမှ မရှိပါဘူး။
ဥပမာနှင့် သူပြောလိုက်တယ်။ လူတစ်ယောက်က
ဘုရားသခင်ကိုချီးမွမ်းဘို့ ရက်သတ္တပတ် မှာတစ်ရက်ကို ရွေးချယ်သတ်မှတ်ထားပါတယ်။
အခြားတစ် ယောက်ကတော့ အထူးသတ်မှတ်တဲ့နေ့မရှိ၊ သူ့အတွက် နေ့ရက်အားလုံး အတူတူ
ပဲဖြစ်တယ်လို့ပြောတယ်။ နေ့ အားလုံး သန့်ရှင်း တယ်လို့ မပြော ပါဘူး။ သင်တို့ရဲ့
ခေါင်းဆောင်တွေက သမ္မာကျမ်းစာမှာ ရေးသားသလိုမပြောဘဲ၊ အနည်းငယ် ပြောင်းပြီး
မိမိတို့ကြိုက်တာနဲ့ကိုက်ညီသွားအောင် လိုရာဆွဲ ပြောကြတာပါ။ ဒီကျမ်းချက်က
ဥပုသ်စောင့်ခြင်း၊ မစောင့်ခြင်း အကြောင်းပဲပြောတယ်လို့ အတင်းယူဆမယ်ဆိုရင်
နေ့ရက်တစ်ရက် (ဥပုသ်နေ့) စောင့် တဲ့ သူက ဘုရားသခင်ဟာ အရာ ခပ်သိမ်းဖန်ဆင်းရှင် ဖြစ်
ကြောင်းသိပြီး ဘုရားကို ချီး မွမ်းဖို့စောင့်တယ်လို့ ဆိုလို မှာဖြစ်တယ်။ ဘုရားသခင်
ကို ချီးမွမ်းဖို့ နေ့ရက် ဘာမှ မသတ်မှတ်ဘဲ၊ နေ့တိုင်း အတူတူလို့ယူဆပြီး
နေထိုင်မယ်ဆိုရင် အမှန်မှာ သူ့ကို ဘယ် ခရစ်ယာန်အသင်း ကမှ ဒုတိယ မွေးဖွားခြင်းခံတဲ့သူအနေနဲ့
လက်ခံနိုင်ကြမှာ မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ ဓမ္မဆရာတွေလဲ ဘယ်နေ့ရက်မှမစောင့်ဘဲ
စီးပွားရေးအလုပ်လုပ် မယ်ဆိုရင် သူတို့ကို အသင်းအုပ်ဆရာများအနေနဲ့
ကြာကြာခန့်ချင်မှာမဟုတ်ဘူး။ ဒါကြောင့် ရောမ ၁၄က နေ့ရက်အားလုံး
သန့်ရှင်းအောင်စောင့်ထိန်းဘို့ပြောတာမဟုတ်ပါဘူး။
အမေး။ ။ ဒီကျမ်းချက်မေးလိုက်ဦးမယ်။ ကောလောသဲ ၂း၁၆၊ ၁၇-
]ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို
စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြောမစီရင်စေနှင့်။ ထိုအရာတို့သည်
နောက်ဖြစ် လတံ့သောအရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်ဖြစ်၏} လို့ပြော ပါတယ်။ ဒါကြောင့် ]အရိပ်}က ပုံဆောင်တဲ့အရာဟာ ယေရှုခရစ်ဖြစ်ပါတယ်။ ]ကိုယ်}ဖြစ်တဲ့ ခရစ်တော်ရှိပြီဆိုတော့ ယေရှုမှာ
ကျွန်တော်တို့အနားယူပါပြီ။ ဥပုသ်နေ့ဟာ အရိပ်ပဲဖြစ်တယ်။ စောင့်ဖို့၊ အရေး တကြီးထား
ဖို့မလိုတော့ဘူးလို့ ပြောကြပါတယ်။ လက်ခံရတာ အတော် အဆင်ပြေ ပါတယ်။ မှန်တယ်
မဟုတ်လား။ အဓိပ္ပာယ်ဘယ်လိုလဲ။
အဖြေ။ ။ ကောင်းတဲ့မေးခွန်းပါ၊ နည်းနည်းရှည်အောင်ပြောပေး၊
ဖြေပေးပါ့မယ်။ ဒီကျမ်းချက်ဟာ လူတော်တော်များများက အခြေပြုငြင်းပွားတတ်တဲ့အချက်ပါ။
ဒါပေမဲ့ ဒီကျမ်း ချက် အခြေခံပြီး ငြင်းတဲ့လူတွေက သေချာစွာမဖတ်တတ်ကြပါဘူး။
သမ္မာကျမ်းစာမှာ ဘွဲ့ (ဒီဂရီ) ရပြီး နာမည်ကျော်ကျမ်းတတ်ပုဂ္ဂိုလ် အတော်များများ က
ဖွင့်ဆိုခဲ့ကြတဲ့စာအုပ်တွေကို ကျွန်တော်ဖတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီ ကောလောသဲ ၂း၁၆၊ ၁၇
အချက်ကို မှန်အောင်ဖတ်ပြီး၊ ဖွင့်ဆို ရေးသားတဲ့ သူမတွေ့သေးဘူး။ ခုနက ခင်ဗျားပြောသလိုပဲပြောပြီး
ဟောသွား ကြတာပဲ။ နှုတ်ကပတ်တော်ဟာ စာလုံးတစ်လုံးကိုတောင် နဲနဲလွဲအောင်ဖတ်လိုက်မိရင်
ဆိုလိုချင်တဲ့ အဓိပ္ပာယ် တခြားစီ ဖြစ်သွားတတ်တယ် ဆိုတာ သိဖို့ လိုပါတယ်။ ထိုနည်းတူ
ဒီကျမ်းချက်မှာ လည်း စာလုံးတစ်လုံးနှစ်လုံးလေး ကျော် ကျန်ရစ်အောင်ဖတ်ကြတဲ့အတွက်
အဓိပ္ပာယ် လွဲသွားကြတာ ချည်းပဲဖြစ်ပါ တယ်။ အခုလည်း ဒီလိုပါပဲ။ အငယ် ၁၇-အဆုံးပိုင်းမှာ-
]ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏} ဆိုတဲ့ အချက်ကို ]ကိုယ်မူ ကား ခရစ်တော် ဖြစ်၏} လို့ပဲ ဖတ်ကြတယ်။ ]ခရစ်တော်ဖြစ်၏} ဆိုတာနဲ့ ]ခရစ်တော်၏ ကိုယ်ဖြစ်၏} ဆိုတာ ပြောချင်တာ တခြားစီ ဖြစ်ပါတယ်။
ဥပမာ- ]ဒီကျမ်းစာဟာ မောင်လှ၏ ဥစ္စာဖြစ်သည်} ဆိုတာနဲ့ ]ဒီကျမ်းစာဟာ မောင်လှ ဖြစ်သည်} ဆိုတာ ပြောချင်တဲ့ အဓိပ္ပါယ်က တခြားစီ ဖြစ်ကြောင်း
သိပါလိမ့်မယ်။ ဒါကြောင့် ဒီ ကောလောသဲ ၂း၁၆-၁၇ ကို သေချာမဖတ်ရင် ဆိုလိုတဲ့
အဓိပ္ပါယ်နဲ့ အများကြီး လွဲသွားမယ် ဖြစ်တယ်။ ကဲ့- ကျမ်းစာလှန်ပြီးဖတ်ကြစို့၊
ဆိုလို ရင်း အဓိပ္ပါယ်နားလည်သွား မှာပါ။ သေချာစွာ စကားလုံးတိုင်း
ဂရုစိုက်ဖတ်ကြပါစို့။
]ထို့ကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို
စောင့်ခြင်း အမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြော မစီရင်စေနှင့်။ ထိုအရာတို့သည်
နောက်ဖြစ် လတံ့သောအရာတို့၏အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ကိုယ်ဖြစ်၏} ရှင်းသလား။ အင်္ဂလိပ်ကျမ်းစာမှာ "Which are shadow of
things to come, but the body is of Christ" ဖြစ်ပါတယ်။
]နောက်ဖြစ်လတံ့သောအရာတို့၏အရိပ်} ဆိုတဲ့
အချက်ကို အရင်ရှင်းပြပါစို့။ ]အရိပ်} ဆိုတာက အရာဝတ္တု တစ်ခုခုရဲ့ အရိပ်၊ ပုံသဏ္ဍာန်၊
ပုံတူအရိပ်ကို ပြောခြင်း ဖြစ်ပါတယ်။ ဒီကျမ်းချက်မှာ ရှင်ပေါလုက ]အရိပ်} လို့ပြော တဲ့ အရာဟာ ပုံသဏ္ဍာန် တူကို ပြောခြင်း
ဖြစ်ပြီး၊ ]အပြစ်လွန် ကျူးခြင်း မှ ရွေးနှုတ်ခြင်း၏ ပုံ သဏ္ဍာန်တူအရိပ်}ဖြစ်ပါတယ်။
ဤလောကမှာ
ကျူးလွန် ခြင်းအပြစ်ဝင်လာတဲ့အတွက် သေခြင်းလည်း ရှိလာတယ်။ ၎င်း သေခြင်းကို
ရင်ဆိုင်မယ့် လူတွေကို ဘုရားသခင်က သားတော် ယေရှုရဲ့ အသွေးတော်ဖြင့် ပြန်လည်
ကယ်နှုတ်မှာဖြစ်ပါတယ်။ အဲ့ဒီရွေးနှုတ်ခြင်းအမှုကို လုပ်ဆောင်ရာမှာ အပြစ်လွတ်
ခြင်း၊ ဆေးကြောခြင်းနှင့် ကယ်တင်ခြင်းတွေကို လုပ်ဆောင်ရာမှာ နည်းလမ်း၊
လုပ်ဆောင်ချက်တစ်မျိုးတည်းဖြင့် လုပ်ဆောင်လို့မဖြစ်၊ ကယ်တင်ခြင်း အပြည့် အစုံကို
ဆောင်ရွက်ရာမှာ နည်းလမ်းအမျိုးမျိုးကို အသုံးပြုဖို့လိုအပ်ပါတယ်။ ၎င်းတို့ မှာ
ဘုရားသခင်၏သားတော် လူသားအနေနဲ့ ကြွလာခြင်းတွေ၊ လူသားအနေဖြင့် အစေခံ၊ ကျွန်အနေနှင့်
ဆောင်ရွက်ခြင်းတွေ၊ အပြစ်အတွက် သေခြင်းတွေ၊ သေခြင်းကိုအောင်မြင်ပြီး
ရှင်ပြန်ထမြောက်ခြင်းတွေ၊ ကြားဖျန်ဖြေအနေနဲ့ ကောင်းကင်သန့်ရှင်းရာဌာန၌
ဆောင်ရွက်ခြင်းတွေ၊ အပြစ်နှင့်မဆိုင်ဘဲ သူ့ရဲ့ ဒုတိယပြန်ကြွလာခြင်းတွေ- ဒီလက်တွေ့
လုပ်ငန်းတွေကို ခရစ်တော်၏ကိုယ်၊ လို့ခေါ်တဲ့ သူ့ရဲ့ လုပ်ငန်းတွေ ဖြစ် ပါတယ်။
ဒါပေမဲ့
ခရစ်တော်က ဒီလုပ်ငန်းတွေကိုဆောင်ရွက်ဖို့ မကြွလာမခြင်းအဲ့ဒီ ကိုယ်ထည်များရဲ့အရိပ်၊
ပုံဆောင်တဲ့အရာတွေကို လုပ်ဆောင်ရန် ဒီမြေကြီးမှာ ရှိကြတဲ့ ယဇ်ပု ရောဟိတ်များရဲ့
တာဝန်ဝတ္တရားများ ဖြစ်ပါတယ်။ ပူဇော်ရန် အတွက် ယဇ်ကောင် တိရိစ္ဆာန်တွေနှင့်
၎င်းတို့၏ သွေးတွေက ယေရှုရဲ့ ကိုယ်ခန္ဓာနှင့် အသွေး ကို ပုံဆောင်ထားပြီး၊
ထိုအရိပ်ဖြစ်တဲ့ လုပ်ငန်းတွေကတော့ ပွဲနေ့တွေနှင့် တိရစ္ဆာန် အသွေးနှင့်
ပူဇော်တဲ့အရာများဖြစ်ပြီး၊ ဧဒင်အချိန် အပြစ်ဝင်လာတဲ့အချိန်ကစပြီး အဲ့ဒီအရာတွေကို
ဖန်တီးပေးခဲ့ပါတယ်။ ဘုရားသခင်က ပွဲနေ့ အမျိုးမျိုးသတ်မှတ် ပေးခဲ့ပါတယ်။
အဲ့ဒီပွဲ့နေ့တွေကို နှစ်တိုင်း ပွဲနေ့အစဉ် အလိုက် ရောက်လာတဲ့အခါ ကျင်းပကြပါတယ်။
၎င်းပွဲနေ့တွေကတော့ အောက်ပါအတိုင်း ဖြစ်ကြတယ်။
၁။ ပသခါပွဲနေ့
(တဆေးမပါတဲ့ပွဲ) (ထွက် ၁၂း၁-၂၈။ ဝတ် ၂၃း၅။ လု ၂၂း၇)။
၂။ ကောက်လှိုင်းချီလွှဲရာနေ့
(ဝတ် ၂၃း၁၀-၁၄)။
၃။ ပင်တေကုတ္တေပွဲနေ့
(ရက်ပေါင်း ၅၀ မြောက်ပွဲ) (ဝတ် ၂၃း၁၅-၁၇)။
၄။ တံပိုးမှုတ်ပွဲ
(ဝတ် ၂၃း၂၄-၁၅)။
၅။ အပြစ်ဖြေရာနေ့
(ဝတ် ၂၃း၂၇-၃၃)။
၆။ သကေနေပွဲ
(တဲတော်ပွဲ) (ဝတ် ၂၃း၃၄-၄၄)။
ဒီပွဲနေ့တွေ၊
ပွဲဥပုသ်နေ့တွေနှင့် တဲတော်ဆိုင်ရာလုပ်ငန်းများအားလုံးဟာ လာမည့် ခရစ်တော်နှင့်
သူ၏ကယ်တင်ခြင်းလုပ်ငန်းများကို ပုံဆောင်တဲ့၊ ကိုယ် ထည်၏ အရိပ်များ ဖြစ်ကြပါ တယ်။
ဒီလုပ်ငန်းမှာ ခရစ်တော်၏ ကိုယ်ခန္ဓာ နှင့် အသွေးတော်ကို ပုံ ဆောင်တဲ့ စားသောက်ဖို့
ပူဇော်တဲ့ အရာ များလည်းရှိပါတယ် (ယေဇ ၄၅း၁၇)။ သောက်ဖို့ရန် ပူဇော်တဲ့ စပျစ်ရည်မှာ
သုံးလောဃဖြစ်ပြီး၊ တဆေးမပါ စားဖို့ရန် ပူဇော်တဲ့ မုန့်က နှစ်ဩမဲ ဖြစ်တယ် (ဝတ်
၂၃း၁၃)။ ဒီအရာတွေက အပြစ် မပါတဲ့ ယေရှုခရစ်၏ ပူဇော်ခြင်းကို ပုံဆောင် ထားပါတယ်။
အပြစ်အနာအဆာမပါတဲ့ သိုး၊ ဆိတ်၊ နွားတွေကိုလည်း ပူဇော်လေ့ ရှိပါတယ်။ ဒီအရာတွေကို
ယဇ်ပုရောဟိတ်တွေနှင့် သူတို့ရဲ့ သားသမီးတွေက စားရကြ ပါတယ်။ ဒါပေမဲ့ တိုင်းတပါး
လူကို လက်ထပ်သူတွေနှင့် တိုင်းတပါးသား လူတွေက ဒီအရာတွေကို မစားရပါဘူး။ (ဝတ် ၂၂း၁၀၊
၁၃)။ အသား တွေကိုလည်း သုံးရက်မြောက်တိုင်အောင်ထား တဲ့ စားကြွင်း စားကျန်
တွေကိုလည်း မစားရတော့ပါဘူး (ဝတ် ၇း၁၇)၊ မီးရှို့ရမှာဖြစ်တယ်။ ဒီအရာတွေဟာ
အစားအသောက်နှင့်ပတ်သက်တဲ့ ]နောက်ဖြစ်လတံ့သော အရာတို့၏အရိပ်} ဖြစ်ပါ တယ်။
]အရိပ်}ဖြစ်တဲ့ယဇ်ပူဇော်ခြင်းလုပ်ငန်းတွေအတွက်
မသန့်ရှင်းတဲ့တိရိစ္ဆာန် တွေ၊ တဆေးပါတဲ့မုန့်တွေနှင့်
စပျစ်ရည်များအသုံးပြုခွင့်မရှိပါဘူး။ ဒါကြောင့် တမန်တော် ရှင်ပေါလုက ကောလောသဲ
လူများထံမှာ- ]စားသောက်ခြင်းအမှု} ၌
အဘယ်သူမျှ မစစ်ကြောမစီရင်စေနှင့်လို့ပြောတဲ့ ]အရိပ်}ဟာ မသန့်ရှင်းတဲ့ အသား၊ သန့်ရှင်းတဲ့အသားအကြောင်းကို ပြောတာ
မဟုတ်ဘဲ၊ ယဇ်ပူဇော်တဲ့ အစားအသောက်များအကြောင်းကို ပြောတယ်ဆိုတာ သိရပါမယ်။
ဘာပဲဖြစ်ဖြစ် ဘယ်အချိန်မှာမှ မသန့်ရှင်းတဲ့အကောင် (အသား) တွေက လက်ဝါးကပ်တိုင်ရဲ့
အရိပ်ကို မပုံဆောင်ခဲ့ပါဘူး။ ပုံဆောင်မှာလည်း မဟုတ်ဘူး။
ပွဲနေ့အကြောင်းပြန်ပြီး
ဆက်ဆွေးနွေးကြပါစို့။ ပြောခဲ့တဲ့ပွဲနေ့တွေဟာ ခုနစ် ရက်၊ ရှစ်ရက်တောင် ကြာတတ်ပါတယ်။
ဒီပွဲနေ့များထဲမှာ ရက်သတ္တပတ်ရဲ့ သတ္တမနေ့ဥပုသ်မပါ၊ ပွဲ ဥပုသ်နေ့တွေပဲ ပြောခြင်း
ဖြစ်ပါတယ်။ ပွဲဥပုသ်နေ့များ ဆိုတာ ပွဲနေ့တွေထဲက ပထမနေ့နှင့် ရှစ်ရက် မြောက်နေ့များ
ဖြစ်ကြပါတယ်။ ၎င်း ပွဲဥပုသ် နေ့တွေကို အကြောင်းပြုပြီး ပေါလု က ကောလောသဲ
၂း၁၆၊၁၇-မှာ ]နောက် ဖြစ်လတံ့သောအရာတို့၏ အရိပ်} လို့ပြောတဲ့ ပွဲဥပုသ်နေ့တွေ ဖြစ်ပါတယ်။ ရက်သတ္တပတ်တိုင်းရဲ့
သတ္တမနေ့ဥပုသ်မှာတော့ ဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်ကြောင်း ကျွန်တော်တို့ကို
အမြဲတမ်းသတိရ စေမယ့် ဥပုသ်နေ့ဖြစ်ပြီး၊ အပြစ်မဝင်မီ ကာလကတည်းက
ရှိခဲ့ပြီးသားဖြစ်တဲ့ အတွက်အပြစ်အတွက် ပူဇော်ခြင်းအရိပ်ထဲမှာ မပါပါဘူး။
ထာ၀ရကာလတိုင် အောင်မပြောင်းလဲနိုင်၊ မပျောက်ဆုံးနိုင်တဲ့သန့်ရှင်းသော
ပညတ်တော်ဆယ်ပါး ထဲက တစ်ပါး ဖြစ်ပါတယ်။
ဒီပွဲနေ့တွေနှင့်
ပွဲဥပုသ်နေ့တွေ၊ ပွဲနေ့အစားအသောက်တွေဟာ လက်ဝါး ကပ်တိုင်မှာ ပယ်ဖျက်သွားကြတဲ့အတွက်
ငြင်းခုန်စရာအဖြစ် အသုံးပြုဖို့မလိုတော့ ပါဘူး။ ကိုယ်ဖြစ်တဲ့
ခရစ်တော်၏ယဇ်ပူဇော်ခြင်းက တိရိစ္ဆာန်ပူဇော်ခြင်း၊ ပွဲနေ့တွေ၊ တဲတော်လုပ်ငန်းတွေကို
ခရစ်တော်ကိုယ်တိုင် အစစ်ကနေရာယူလိုက်ပြီဖြစ်ပြီး၊ ပုံဆောင်တဲ့အရာကို အသုံးပြုတဲ့
အရိပ်လုပ်ငန်းတွေဟာ မလိုတော့ဘဲ၊ ပြီးဆုံးသွား တာဖြစ်ကြောင်း ရေးသားခြင်းသာ
ဖြစ်ပါတယ်။
အမေး။ ။ ဓမ္မဟောင်းအချိန်တုန်းက အရိပ်များဖြစ်ကြတဲ့
ပွဲနေ့ရက် အမျိုးမျိုးတွေက ပုံဆောင်ညွှန်ပြကြတဲ့ ]ကိုယ်} ]ခရစ်တော်၏ကိုယ်} တွေဟာ ဘာတွေလဲ။ ခရစ်တော်က ဘယ်လိုနည်းနဲ့
လက်တွေပြုမူကျင့်သုံးသွားခဲ့ပုံကို ပြောပြပါလား။
အဖြေ။ ။ ဟုတ်ကဲ့။ သေချာစွာနားထောင်ပြီး၊
ယင်းပွဲနေ့အမျိုးမျိုးက ပုံဆောင်ခဲ့ကြတဲ့ အရာတွေ လက်တွေ့ ပြည့်စုံလာ ပုံကို
ပြောပြပါ့မယ်။
၁။ ပသခါပွဲ-က
ယေရှု ကားတိုင် မှာ သေသွားခြင်းကို ကြိုတင် ညွှန်ပြ ပါတယ်။ ဒါဟာ အေဒီ ၃၁ ခုနှစ်
မှာ ခရစ်တော် သေခြင်းအားဖြင့် ပြည့်စုံ သွား ပါတယ် (၁ကော ၅း၇၊၈)။
၂။ ကောက်လှိုင်းချီလွှဲရာနေ့-က
ယေရှုသေတဲ့အချိန်မှာ သချုØင်းများ ပွင့်ကြပြီး၊
သူရှင် ပြန်ထမြောက် တဲ့ အချိန်မှာ သချုØင်းမှာရှိတဲ့သူတွေ ရှင်ပြန်ထမြောက်ကြပြီး၊
ဘုရားရှေ့မှာ အဦးသီး များ အနေနဲ့ ကောင်းကင်သို့ တက်သွားခဲ့ကြသူများကို ပုံဆောင်၍
ပြည့်စုံသွား ပါပြီ (မ ၂၇း၅၂)။
၃။ ပင်တေကုတ္တေပွဲ-က
ယေရှုရှင်ပြန်ထမြောက်တဲ့နေ့မှစရေတွက်၍ ရက် ပေါင်း ၅၀ မြောက်၌
သန့်ရှင်းသောဝိညာဉ်တော်ကျရောက်လာခြင်းကို ပုံဆောင်ပါ တယ် (တ ၂း၁၁)။
၄။ တံပိုးမှုတ်ပွဲ-က
အပြစ်ဖြေလွှတ်ရာနေ့ရောက်လာမှာကို လူတိုင်းက သတိထားနိုင်ဖို့ ယဇ်ပုရောဟိတ်တွေက ၁၀
ရက်တိုင်တိုင် တံပိုးမှုတ်ခြင်းဖြင့် ကြေညာခဲ့သလို ၁၈၄၄-ခုနှစ်၌
ကောင်းကင်သန့်ရှင်းရာ ဌါနကို ဆေးကြော သုတ် သင် (တရားစီရင်) ခြင်း စမှာကို ၁၈၃၄ မှ
၁၈၄၄ အတွင်း၌ ဟော ပြောကြေညာခဲ့တာကို ညွှန်ပြ ပုံဆောင်ပါတယ် (ဗျာ ၁၄း၆)။
၅။ အပြစ်ဖြေရာနေ့-က
၁၈၄၄-ခုနှစ်၌ ယဇ်ပုရောဟိတ်မင်းအနေနဲ့ ယေရှုရှင်
ဟာကောင်းကင်သန်ရှင်းရာဌါန(တဲတော်)တွင် ကျွန်ုပ်တို့အတွက် ကြားဖျန်ဖြေ
ခြင်းအလုပ်ကို စတင်လုပ်ဆောင်၍ ယနေ့တိုင်အောင် ကျွန်ုပ်တို့ရဲ့အပြစ် ဆေးကြော
ဖျန်ဖြေခြင်းလုပ်ငန်း လုပ်နေခြင်းကို ပုံဆောင်ရည်ညွှန်းပါတယ် (ဒံ ၈း၁၅)။
ယခုအချိန်မှာ ခရစ်တော်ဟာ ကျွန်ုပ်တို့ရဲ့အပြစ်ဖြေရာတရားကို စီရင်လျက်ရှိပြီး
တရားစီရင်ခြင်းခံလျက်နေကြတယ်။
၆။ သကေနေ(တဲတော်ပွဲ)-က
ယေရုဆလင်မြို့သစ် ဤကမ္ဘာမြေကြီးပေါ် ဆင်း လာပြီး၊ မြေကြီးသစ်မှာ
ကျွန်ုပ်တို့နေထိုင်ကြမယ့် အခြေအနေကို ရည်ညွှန်း ပုံဆောင်ပါတယ် (ဗျာ ၂၁း၄)။
ဤ အရာတွေဟာ
]အရိပ်} များက
ပုံဆောင်ရည်ညွှန်းတဲ့ ]ခရစ်တော်၏ကိုယ်} များ ဖြစ်ပါတယ်။
ခရစ်တော်ကလက်တွေ့အကောင်အထည်ဖော်သွားခဲ့တဲ့အတွက် ဤကမ္ဘာမြေမှာ
လူသားယဇ်ပုရောဟိတ်များရဲ့လုပ်ငန်းဟာ ပြီးဆုံးသွားပါပြီ။ ဒါကြောင့်ပသခါပွဲနေ့
ကျင်းပဖို့ မလိုတော့ပါဘူး။ ယဇ်ပုရောဟိတ်အတွက် အစား အသောက် ပညတ်တွေလည်း မလိုတော့ပါ။
ပွဲနေ့၊ ပွဲဥပုသ်နေ့များကိုလည်း စောင့်ဖို့ မလို၊ ဒီအရာနှင့်ပတ်သက်ပြီး
အငြင်းပွားအပြစ်တင် ဝေဖန်စီရင်ကြဖို့လည်း မလိုတော့ပါဘူး။ ကောလောသဲ ၂း၁၆-၁၇ က
သတ္တမနေ့ဥပုသ်တို့၊ မသန့်ရှင်း သော^သန့်ရှင်းသော တိရိစ္ဆာန်အကောင်များရဲ့အကြောင်းတွေကို
မပြောဘဲ၊ နောင်လာ လတံ့သော အရိပ်များအ ကြောင်းကိုသာပြောခြင်း ဖြစ်ပါတယ်။
အမေး။ ။ ဒီနေရာမှာ တစိတ်လောက် မေးချင်ပါတယ်။ အခုနက
၁၈၄၄-ခုနှစ် မှစပြီး အပြစ်ဖြေရာနေ့၊ တရားစီရင်ရာ နေ့ အချိန်မှာ ကျွန်တော်တို့ အသက်
ရှင်နေကြတယ်လို့ ခင်ဗျားက ပြောတာ၊ ဘယ်လိုနည်းနဲ့ ၁၈၄၄-ခုနှစ်မှ စတင်ခဲ့ တယ်ဆိုတာ
ဘယ်လိုပြောနိုင် ပါသလဲ။
အဖြေ။ ။ ဟုတ်ကဲ့၊
အတိုချုပ်အရှင်းနိုင်ဆုံးဖြေဘို့ကြိုးစားပါ့မယ်။ စောစောကပြော ခဲ့သလို
ဣသရေလူမျိုးတွေက ပွဲနေ့များကို ကျင်းပတဲ့အခါ သူ့အချိန်အခါနဲ့ သူတစ်ခု
ပြီးတစ်ခုကျင်းပလေ့ ရှိပါတယ်။ ရှေးဦးစွာ သူတို့ယဇ်ပူဇော်သည့်ပုံစံနှင့်
ပုံဆောင်တဲ့ အရာ တွေကို အရင်သိဘို့ လိုအပ်တဲ့အတွက် အခြေခံမှစပြော လိုက်ပါ မယ်။
ဘယ်သူမဆို
အပြစ်လုပ်မိရင် အဲ့ဒီအပြစ်ကို ဖြေလွှတ်ဖို့ အနာအဆာမရှိတဲ့ သိုးသငယ်ကို ယူလာပြီး၊
သိုးရဲ့ဦးခေါင်းပေါ်မှာ သူ့ရဲ့လက်ကိုတင်ပြီး အပြစ်ကို ဝန်ချ တောင်းပန်ရတယ်။
ဒါနဲ့အပြစ်ရဲ့အခကို အဲ့ဒီသိုးသငယ်ကခံရပြီး အပြစ်ခံရသူဖြစ် သွားပါတယ်။ အဲ့ဒီသိုးကို
အပြစ်သားကိုယ်တိုင်ကသတ်ပြီး အသွေးကို ဇလုံနှင့် ခံယူပြီး ယဇ်ပုရောဟိတ်ဆီကို
ပေးအပ်ရပါတယ်။ ယဇ်ပုရောဟိတ်ကတခါ အဲ့ဒီ အသွေးကို
ဘုရားသခင်ရှေ့မှာအပြစ်ဖြေလွှတ်ပေးဖို့ သန့်ရှင်းရာဌါန(တဲတော်) ထဲသို့
ယူဆောင်သွားပြီး အပြစ်အတွက် တောင်းခံပေးလိုက်ပါတယ်။ ယင်းအသွေး က
လက်သန်းအဖျားနဲ့စွတ်ပြီး ယဇ်ပုလ္လင် ချိုတွေမှာ သုတ်လိမ်းပြီး၊ ကန့်လန့်ကာကို
ပက်ဖြန်းတဲ့အခါ အပြစ်သားဟာ ခွင့်လွှတ်ခြင်းရရှိ သွားပါတယ်။ ဒီအတိုင်းနေ့စဉ်
ပြုလုပ်တဲ့အခါမှာ အပြစ်တွေဟာ တဲတော်မှာစုပုံပြီး ပြန်လည်ဆေးကြော သုတ်သင်
ဖို့လိုအပ်လာပါတယ်။ ဒါကြောင့် တစ်နှစ်မှာ တစ်ကြိမ်ကျ၊ ခုနစ်လမြောက် ၁၀-ရက် နေ့မှာ
ထိုဆေးကြောခြင်းအလုပ်ကို လုပ်လေ့ရှိပါ တယ် (ဝတ် ၂၃း၂၇)။
၎င်းအပြစ်ဖြေရာနေ့မှာ
ယဇ်ပုရောဟိတ်မင်းကြီးက တဲတော်မှာစုပုံထားတဲ့ အပြစ် ဆေးကြောခြင်းအလုပ်၊
လေးနက်တဲ့အလုပ်ကို ဆောင်ရွက်လေ့ရှိပါတယ်။
ဒါဟာတဲတော်(သန့်ရှင်းရာဌါနတော်)ဆေးကြောခြင်းလို့ခေါ်ပါတယ်။ အပြစ်ဖြေရာ နေ့၊
တရားစီရင်ရာနေ့လို့လည်း ခေါ်ပါတယ်။ အဲ့ဒီအတိုင်းပဲ ကောင်းကင်သန့်ရှင်းရာ
ဌါနတော်ကို ဆေးကြောတဲ့နေ့၊ အပြစ်ဖြေရာနေ့၊ တကယ့်တရားစီရင်ရာနေ့
အစစ်အမှန်ရောက်လာမယ့်အရာကို ကြိုတင် ညွှန်ပြ ပုံဆောင်တဲ့ အနေဖြင့် အရိပ်ဆိုင်ရာ
လုပ် ငန်းကို ဆောင်ရွက်ခဲ့ကြပါတယ်။
ကောင်းကင်သန့်ရှင်းရာဌါန
(ဗိမာန်တော်) ဆေးကြောခြင်း၊ လက်တွေ့တရားစီရင်ခြင်းဖြစ် ပျက်မည့်အချိန်ကို
ရူပါရုံအားဖြင့် ဘုရားသခင် က ပရောဖက်ဒံယေလဆီမှာ ဒီလိုအသိပေး ခဲ့ပါ တယ်- ]ရက်ပေါင်း
နှစ်ထောင်သုံးရာတိုင်တိုင် တည်လိမ့် မည်။ ထိုနောက် သန့်ရှင်းရာဌါနကို တဖန်ဆေးကြော သုတ်သင်ကြလိမ့်မည်} (ဒံ ၈း၁၄)။
ရူပါရုံအတွက်
တစ်ရက်ဟာ တစ်နှစ်နဲ့ ညီမျှ ပါတယ် (တော ၁၄း၃၄။ ယေဇ ၄း၆)။ ဒါကြောင့် ရက်ပေါင်း ၂၃၀၀
ဟာ နှစ်ပေါင်း ၂၃၀၀ နဲ့ညီမျှ ပါတယ်။ အဲဒီ နှစ်ပေါင်း ၂၃၀၀ ပြီးမှ
ကောင်းကင်သန့်ရှင်းရာဌါနကို ဆေးကြောခြင်းစလုပ်မှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၃၀၀ ရဲ့
အဆုံးကို သိချင်ရင် အဲ့ဒီနှစ်တွေရဲ့အစကို သိဖို့လိုအပ်ပါတယ်။ အဲ့ဒီနှစ်ရဲ့ အစကို
ကောင်းကင်တမန်က ဒံယေလဆီမှာ ပြောပြလိုက်ပါတယ်- ]ယေရုရှလင်မြို့ကို တဖန်
တည်ထောင်ပြုစု စေခြင်းငှါ အမိန့်တော်ရှိသည့်နေ့မှစ၍} ဆိုပြီး ဖွင့်ပြော လိုက်ပါတယ် (ဒံ ၉း၂၅)။ ဒီအမိန့်ဟာ
သုံးကြိမ်ထုတ်ခဲ့ပါတယ်။ ပေရိသိဘုရင်ကုရုက ပထမဆုံး အမိန့်ထုတ် ပါတယ် (၂ ရာ
၃၆း၂၂၊၂၃။ ဧဇရ ၁း၁)။ နောက်ဘုရင် ဒါရိက ထုတ်ပြန်ပါတယ် (ဧဇရ ၆း၁၂၊၁၃)။ တတိယအကြိမ်ကို
ဘုရင် အာတဇေရဇ်က ဘီစီ ၄၅၇မှာ ထုတ်ပြန် ပါ တယ်။ ဒီ တတိယအကြိမ်ကို နှစ်ပေါင်း ၂၃၀၀
ရဲ့ အစအနေဖြင့် ယူရပါတယ်။ လူတချို့က ဘီစီ ၄၄၄-ဟာအစဖြစ်မယ်လို့ ထင်ကြတယ်။ ဘီစီ
၄၄၄-ခုနှစ်ဟာ အာတဇေရဇ် ဘုရင်ရဲ့ ဒုတိယအမိန့်ဖြစ်ပါတယ်။ ဒါပေမဲ့ ၎င်းနှစ်ဟာ အခြား
အဖြစ်အပျက်နှင့် မကိုက်နိုင်ပါ။ မေရှိယကို ဘိသိက်ပေးတဲ့ခုနှစ်နှင့် ကားတိုင်မှာ သေခြင်းနှင့်
၁၃နှစ်လောက် ကွာဟနေလို့ဖြစ်ပါတယ်။ ဒါကြောင့် ဘီစီ ၄၅၇-ခုနှစ်မှစရေတွက်ရင်
အခြားဖြစ်ပျက်မယ့် အနာဂါတ်ဟောထားချက်များနှင့် ကွက်တိကိုက်ညီတာကို တွေ့ရပါတယ်။
ဒါကြောင့် ဘီစီ ၄၅၇-ခုနှစ်မှစပြီး နှစ်ပေါင်း ၂၃၀၀- ရဲ့အဆုံးဟာ အေဒီ
၁၈၄၄-ခုနှစ်ဖြစ်သွားပါတယ်။ ပရောဖက်တွေ ဟော ထားခဲ့တဲ့အတိုင်း
ခုနှစ်တွေအားလုံးသိနိုင်ပါတယ်။
အမေး။ ။ ဒါဖြစ်ရင် အရိပ်ဖြစ်တဲ့သကေနေပွဲ(တဲတော်ပွဲ)က ဘာကို
ပုံဆောင် ရည် ညွှန်းသလဲ။ မည်သည့်အရာရဲ့ အရိပ်ဖြစ် သလဲ။
အဖြေ။ ။ ပြောခဲ့တဲ့အတိုင်း တဲတော်ပွဲက လာမယ့်အချိန်မှာ
ကောင်းကင်ကနေ ယေ ရုရှလင်မြို့သစ်ဆင်းလာတဲ့အခါ ကောင်း ကင်သစ်နှင့်မြေကြီးသစ်
ကျွန်ုပ်တို့ရဲ့ ထာ၀ ရနိုင်ငံတော် ဝင်စားကြမယ့် အချိန်ကို ရည်ညွှန်းပုံဆောင်ပါတယ်
(ဗျာ ၂၁း၂၊၃)။
အမေး။ ။ အဲဒါလက်တွေ့ အကောင်အထည် ဖော်ပြီးပြီလား။
ကောင်းကင်သစ်နှင့် မြေကြီး သစ်မှာ ယခုကျွန်တော်တို့ရှိနေပြီလား။
အဖြေ။ ။ နာခြင်းနှင့်သေခြင်း ရှိပါသေးတယ်။ အပြစ်ကြောင့်
ခံစားတဲ့ဝေဒနာတွေ ရှိနေသရွေ့ ကောင်းကင်သစ်နှင့် မြေကြီးသစ်မှာ မနေကြသေးကြောင်း
ထင်ရှား ပါတယ်။ အဲဒီအချိန် ကျရင် ဒီဒုက္ခတွေ၊ သေခြင်းတွေဟာ ရှိတော့မယ်မဟုတ်ပါဘူး။
အမေး။ ။ ဒါဆိုရင် ခင်ဗျားတို့အသင်းတော်က အခုချိန်အထိ
တဲတော်ပွဲကို ကျင်းပနေတုန်း ပဲလား။
အဖြေ။ ။ ဘယ်ကျင်းပမှာလဲ။ အရိပ်တွေအားလုံးပြီးဆုံးသွားပါပြီ။
မလိုအပ်တော့ ဘူးလို့ ပြောပြီးပြီ။
အမေး။ ။ စောစောက အရိပ်တွေဟာ ပုံဆောင်ရည်ညွှန်ထားတဲ့ ]ကိုယ်} မပေါ်လာ မချင်း ကျင်းပရမယ်လို့ ခင်ဗျားပြောတာ၊ ]ကိုယ်} မရောက်လာသေးရင် ကျင်းပရ အုံးမယ် မဟုတ်ဘူးလား။
ဘာကြောင့်တဲတော်ပွဲ မကျင်းပကြတာလဲ ပြောပြပါလား။
အဖြေ။ ။ ကောင်းပြီ။ မကျင်းပရတဲ့အကြောင်းတစ်ခုကတော့
အဲဒီပွဲနေ့များနှင့် ယဇ်ပူဇော် ခြင်းအကြောင်းရေးထားတဲ့စာအုပ်ကို ခရစ်တော်က
ကားတိုင်ပေါ်မှာ ရိုက်ထားပြီး၊ ပယ်ဖျက်ထားပြီးဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဒုတိယ အချက်မှာ အဲ့ဒီပွဲနေ့တွေကို တစ်ပြိုင်တည်းကျင်းပလို့မရပါဘူး။
ပြောခဲ့တဲ့အတိုင်း အခုမှာ ခရစ်တော်ရဲ့တရားစီရင်ပွဲကို ဆင်နွှဲ နေကြပါတယ်။
အဲ့ဒီတရားစီရင် ခြင်းမပြီးမချင်း တဲတော်ပွဲဟာ ကျင်းပချင်ပေမဲ့ ကျင်းပလို့ မရပါဘူး။
ကောင်းကင်မှာ ခရစ်တော်ရဲ့ တရားစီရင်ခြင်းပြီးဆုံးသွားတဲ့အခါ
ကောင်းကင်သန့်ရှင်းရာဌါနကနေ ထွက်လာပြီး၊ ရွေးနှုတ်ခြင်းခံသူတွေကောင်းကင်ကိုခေါ်ဆောင်သွားမှာဖြစ်ပါတယ်။
နှစ်ပေါင်းတစ်ထောင်ကောင်းကင်မှာ တရားစီရင်ပြီးရင် ယေရုရှလင်မြို့သစ် ဟာ
မြေကြီးပေါ် ဆင်းသက်လာမယ်။ အဲဒီအချိန်ကျရင် တဲတော်ပွဲဟာ လက်တွေ့
အကောင်အထည်ဖော်ကျင်းပကြမှာဖြစ်ပါတယ်။ အဲဒီအချိန်မတိုင်မီ အခုချိန်မှာ တဲတော်ပွဲ
ကျင်းပနေကြတဲ့သူတွေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော် အဓိပ္ပာယ် ကောင်းမွန်စွာ
မပေါက်ကြလို့ ဖြစ်ပါတယ်။
အမေး။ ။ အခုမှာတော့ အရိပ်ဆိုင်ရာအမှုလုပ်ငန်းရဲ့
ပုံဆောင်ရည်ညွှန်းတဲ့အရာ ပြည့်စုံလာတဲ့အကြောင်း မနည်းနားလည်လာပါပြီ။ ဒါပေမဲ့
ရက်သတ္တပတ်-အပတ်စဉ် ဥပုသ်နေ့ကို နည်း နည်း မရှင်းသေးပါဘူး။ ဒီအ ပတ်စဉ်
ဥပုသ်နေ့-သတ္တမနေ့ ဥပုသ်ဟာ ဘာအရိပ်မှ မဟုတ် ဘူးလို့ ခင်ဗျားပြောခဲ့တယ်။ ဒါဆိုရင်
ဘယ်အရာကို မှ ပုံဆောင်ထားခြင်း မရှိဘူး ပေါ့။ ဒီလိုဆိုရင် ဘာကြောင့်စောင့်ဖို့ လို
သလဲ၊ ရှင်းပြနိုင်မယ်လား။
အဖြေ။ ။ ဟုတ်ပါတယ်။ စောစောကပြောသလို ဥပုသ်နေ့က
နောက်ဖြစ်လတံ့ သောအရာ ဘာတစ်ခုမှ ပုံဆောင်ရည်ညွှန်းတာ၊ အရိပ်ဖြစ်တာ မရှိပါဘူး။
ဒါပေမဲ့ ဖြစ်ခဲ့ပြီးတဲ့အရာကို နောက်ပြန်ကြည့်စေတဲ့အရာဖြစ်ပါတယ်။ ဒါကြောင့်
ဥပုသ်နေ့ ကိုစောင့်ဖို့လိုနေတာ။ ]အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို
ဖန်ဆင်းတော်မူ၏} (ကမ္ဘာ ၁း၁)။ အရာခပ်သိမ်း
ခြောက်ရက်ပတ်လုံး ဖန်ဆင်းခဲ့ကြောင်း အစဉ်သတိရဖို့နှင့် ဘုရားသခင်ဟာ
ဖန်ဆင်းရှင်ဖြစ်ကြောင်း အထိန်းအမှတ်ဖြစ်ပါတယ်။ ဘုရားသခင်ဟာ အရာခပ်သိမ်း
ဖန်ဆင်းတဲ့အရှင် ဖြစ်နေသရွေ့ ဖန်ဆင်းရှင်ဖြစ်ကြောင်း အထိမ်းအမှတ်ဟာ ပျောက်ဆုံးမှာ
မဟုတ် ပါဘူး။ ဒါကြောင့် ဘုရားသခင်က ]ဥပုသ်နေ့ကောင်းကြီးပေး၍ သန့်ရှင်း စေတော်မူ} ပါတယ် (ထွက်
၂ဝး၁၁)။ ဘုရားသခင်သည် ]ကောင်းကြီးပေးတော်မူလျှင် ကောင်းကြီးမင်္ဂလာကို
အစဉ်အမြဲခံရံရပါလိမ့်မည်} (တော ၂၄း၁။ ၁ ရာ ၁၇း၂၇)။
ဒါကြောင့် အပတ်စဉ်ရဲ့ ဥပုသ်နေ့က ဘုရားဟာ ဖန်ဆင်းရှင်ဖြစ်ကြောင်း ဖော်ပြ တယ်။
ပြီးခဲ့တဲ့အချိန်၊ ကမ္ဘာဖန်ဆင်းစအချိန်ကို ပြန်၍ ညွှန်ပြပေးပါတယ်။
အမေး။ ။ ဒီလောက်တောင် ဥပုသ်နေ့ဟာ အရေးကြီးပြီး၊
မပယ်ဖျက်နိုင်ဘူးဆိုရင် ဘာကြောင့် ခရစ်ယာန်အများစုက တနင်္ဂနွေနေ့ကို
စောင့်နေကြတာလဲ။ အခြေ အမြစ်ကနေ ရှင်းပြပေးနိုင်မလား။
အဖြေ။ ။ ရှင်းပြပေးနိုင်တာပေါ့။
စုံစုံလင်လင်ရှင်းပေးဖို့ဆိုရင် အခြေအမြစ်မှစပြီး အသင်းသမိုင်း
အထောက်အထားတချို့လည်း ဖော်ပြဖို့လိုပါလိမ့်မယ်။ ကောင်းပြီ။ ခရစ်ယာန်အများစုက
တနင်္ဂနွေနေ့ကိုဥပုသ်နေ့အနေအဖြစ် စောင့်ခဲ့ကြရတဲ့ အကြောင်းက နံပါတ်တစ်အနေနဲ့
ဒံယေလတို့၊ ပေါလုတို့၊ ယောဟန်တို့ကို ဘုရားသခင်က နောက်ဆုံးကာလမှာ
မှားယွင်းတဲ့လမ်းသို့ လိုက်သွားကြမယ့် အကြောင်း ဟောထားချက်တွေ ပြည့်စုံလာလို့
ဖြစ်ပါတယ်။ ဒီအပြင် လူတွေက ဘုရားသခင်၏နှုတ်ထွက်စကားထက် လူတွေရဲ့ နှုတ်ထွက်စကားကို
အရေးထား လာကြလို့လည်းဖြစ်ပါတယ်။ ခရစ်ယာန်တွေက တနင်္ဂနွေနေ့မှာ အလုပ်မှ ရိုးရိုး
လေး ပထမဆုံးအနားယူကြတာ အေဒီ ၂၀၀ ပတ်ဝန်းကျင်မှာ ဖြစ်ကြောင်း Tertulian ရဲ့စာအုပ် "De Corona" စာမျက်နှာ ၂၃ မှာ
တွေ့နိုင်ပါတယ်။ တစ်နှစ်မှာ တစ်ကြိမ်ကျ ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကို
သတိရတဲ့အနေနဲ့ နံနက်ပိုင်းမှာတွေ့ဆုံပြီး မိတ်သဟာရဖွဲ့တတ်ခဲ့ကြပါတယ်။ ညနေပိုင်းမှာ
ပြန်သွား ကုန်ကြလေ့ ရှိပါတယ်။ အပတ်စဉ်မဟုတ်ပါ။ တစ်နှစ်မှာတစ်ကြိမ်၊ နှစ်ပတ်လည်
အဖြစ် စစောင့်ခဲ့ကြပါ တယ်။
နောက်တော့၊ ရောမနိုင်ငံအုပ်ချုပ်တဲ့
ဃသညျအညေအငညန ဟာခရစ်ယာန် ဘာသာမှာ ပြောင်းလဲ လာတဲ့အခါမှာ တနင်္ဂနွေနေ့မှာ
လူတိုင်းအလုပ်မှ အနားယူရန် အေဒီ ၃၂၁၊ မတ်လ ၇-ရက်နေ့မှာ အမိန့်ထုတ်ပြန် လိုက်ပါတယ်။
အေဒီ ၃၂၅ ခုနှစ် မှာ Roman Catholic Bishop-Sylvester
(I) က တနင်္ဂနွေနေ့ကို ]သခင်ဘုရားနေ့} လို့ အမည် မှည့် ပေးခဲ့ပါတယ်။ (Ecclesiastical History by
Ludoricumlu-cium, cent. 4, chap. 10, p. 739-740 edition p. 124).
အေဒီ
၃၆၄-ခုနှစ်မှာ လောဒိကိမြို့ အစည်းအဝေးက တနင်္ဂနွေနေ့ကို ခရစ်ယာန်တွေရဲ့ ဥပုသ်အဖြစ်
စောင့်ကြရတော့မယ့်အကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ အေဒီ ၅၃၈-ခုနှစ်မှာ
ပြင်သစ်ပြည်အော်လင်း(စ်)မြို့ အစည်းအဝေးဆုံးဖြတ်ချက်မှာ တိုင်းသူပြည်သားအားလုံး
တနင်္ဂနွေနေ့မှာ အလုပ်မလုပ်ကြဖို့တားမြစ်ထားပါ တယ်။ ဒါတင်မက၊
သတ္တမနေ့ဥပုသ်စောင့်သူတွေကို အပြင်းထန်ဆုံးဒဏ်ပေး နိုင်မယ့်ဥပဒေကိုဖန်တီးပြီး၊
၎င်း ဥပုသ်နေ့စောင့်ခြင်းကိုလည်း တားမြစ်ထားပါတယ် (Michael Geddes, Church
History, p.p. 311, 312).
]မည်သည့်အရာမဆို၊
ဥပုသ်နေ့ (Sabbath)
မှာလုပ်ရမယ့်အရာအားလုံး သခင်ဘုရားနေ့မှာလုပ်ဖို့ပြောင်းလိုက်ပါပြီ} ဆိုပြီး အာဏာကို ပြောင်းလိုက်ကြောင်း ဖော်ပြ ထားပါတယ်
((Robert Cox, Sabbath Laws and
Sabbath). Roman Catholic အမေး^အဖြေ စာအုပ်ထဲမှာ ဒီလိုရေးသားထားတာကို တွေ့နိုင်ပါတယ်။
အမေး။ ။ ]ဘာကြောင့် ဥပုသ်နေ့ (Sabbath) အစား တနင်္ဂနွေနေ့ (Sunday) ကို ကျွန်ုပ် တို့ စောင့်ကြရတာလဲ။}
အဖြေ။ ။ ]Roman အသင်းတော်က လောဒိကိမြို့အစည်းအဝေးမှာ ဥပုသ်နေ့ ရဲ့သန့်ရှင်းခြင်းကို တနင်္ဂနွေနေ့သို့ ပြောင်းရွှေ့ပေးတဲ့ အတွက်ကြောင့်ပါ} -တဲ့ (Convert's Catechism of Catholic Doctrine, p. 50. H. Canon Caffarata, The Cate-chism Simply Explained, New Revise and Enlarged Edition, 1935).
]Roman Catholic အသင်းက နားရက်နေ့ (ပွဲနေ့) များ ဖန်တီးနိုင်တဲ့အခွင့် ရှိ သလား၊ လို့မေးကောင်းမေးနိုင်ပါတယ်။ သူတို့ကိုယ်တိုင် ဒီမှာ ရေးသားထားပါတယ် ]ဒီလို အခွင့်အာဏာမရှိဘူးဆိုရင် အခုဘာသာအားလုံးက သဘောတူလက်ခံ ထားတဲ့အရာ၊ သမ္မာကျမ်းစာထဲမှာ မပါတဲ့ရက်သတ္တပတ်ရဲ့ သတ္တမနေ့ (Saturday) ဥပုသ်နေ့မှ ပထမနေ့ တနင်္ဂနွေနေ့ (Sunday) သို့ပြောင်းလဲလိုက်ခြင်းဟာ ဘယ်လို လုပ်နိုင်မှာလဲ} တဲ့။-Stephen Keenan, A Doctrinal Catechism, p. 174).
ကာသိုလိပ်ပုဂ္ဂိုလ်ဖြစ်တဲ့ Monsignor Louis Segur ကဒီလိုရေးသားခဲ့ပါ တယ်-]ပရိုတစ်စတန့်တွေက တနင်္ဂနွေနေ့ကို စောင့်ကြတာဟာ ကာသိုလိပ်တို့ရဲ့ အာဏာကို ရိုသေခြင်းပြတာ ဖြစ်ပါတယ်}လို့။- Plain Talk About Protestantism of Today, 1868), p. 213.
ကာသိုလိပ် Bishop တစ်ယောက်ဖြစ်တဲ့၊ T. Enright C. SS. R. ရဲ့ စာစောင်၊ January 11, 1892, American
Sentinel ဆိုတဲ့ မဂ္ဂဇင်း၊ June 1, 1893 စာမျက်နှာ ၁၇၃-မှာ- ကျမ်းစာက
]ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှါ၊ ထိုနေ့ရက်ကို အောက်မေ့လော့} ဟု ပြောပါတယ်။ ကာသိုလိပ်အသင်းတော် ကတော့-
]မဟုတ်ပါဘူး၊ ငါရဲ့ကောင်းကင် အာဏာဖြင့် ဥပုသ်နေ့ကို ပယ်ဖျက် လိုက်ပြီ။
ရက်သတ္တပတ်ရဲ့ ပထမနေ့ရက်ကို သန့်ရှင်းစွာစောင့်ရန် ငါအမိန့် ပေးလိုက်ပါပြီ} လို့ပြောပါတယ်။ နားထောင်လော့။ ကမ္ဘာတစ်ဝန်းလုံးမှာ
ရှိတဲ့လူ တွေက သန့်ရှင်းတဲ့ ကာသိုလိပ်အသင်းတော်ရဲ့ အမိန့်ကို ရိုသေစွာဦးညွတ်ပြီး
လိုက် နာနေကြပါ ပြီ၊} လို့ရေးသားထားပါတယ်။ Roman Catholic ခေါင်းဆောင်ပုပ် ရဟန်းမင်း (Pope)
အကြောင်း ဒီလိုရေးသားထားပါတယ်။ ]ပုပ်ရဟန်းမင်းဟာ အလွန်ပဲ မြင့်မြတ်ပြီး၊
ရိုသေထိုက်ပါတယ်။ လူသားရိုးရိုးမဟုတ်ပါ။ ဘုရားသခင်လို၊ ဘုရားသခင်၏
ကိုယ်စားလှယ်ဖြစ်သည်} ဆိုပြီး သူတို့ရဲ့စာအုပ်- Source Book for Bible
Students, 409:4, 416:7 မှာပါရှိပါတယ်။
]ကာသိုလိပ်အသင်းတော်
တည်ထောင်သူက မမှားနိုင်သော အခွင့်အာဏာ နှင့် ဘုရားသခင်က
လုပ်ပိုင်ခွင့်သူ့ကိုပေးထားတဲ့အာဏာကို အသုံးပြုပြီး ဥပုသ်နေ့ (Sabbath) ကို တနင်္ဂနွေ (Sunday) သို့ အသင်းတော်က ပြောင်းလိုက်ပါပြီ။} - The Catholic Universe Bulletin,
August 14, 1942. ဒီအရာတွေဟာ
ခရစ်ယာန်အများစုက ဥပုသ်နေ့အစား တနင်္ဂနွေကိုစောင့်လာကြရတဲ့ အကြောင်း ရင်း တချို့
ဖြစ်ပါ တယ်။ ရှင်းတယ်လို့ ထင်ပါတယ်။
အမေး။ ။ ခင်ဗျားပြောတာတွေ တော့ယုံပါတယ်။ ဒါပေမဲ့ ကျွန်
တော်တို့ရဲ့ခေါင်းဆောင်၊ ပညာရှိတဲ့ သူတွေက ]ပုပ်ရဟန်းမင်းမပေါ် မီ ရှေးဦး
တမန်တော်တွေ ကလဲ တနင်္ဂနွေနေ့ကို စောင့်ခဲ့ကြပါပြီ} လို့ပြောကြတယ်။ တကယ်ပဲစောင့်ခဲ့ကြသလား။
အဖြေ။ ။ တမန်တော်များက ဥပုသ်နေ့အစား တနင်္ဂနွေနေ့ကို
စောင့်ကြတယ် ဆိုတဲ့ အချက် သမ္မာကျမ်းစာထဲမှာ တစ်ကြောင်းတောင်မရှိပါဘူး။
အလိမ်စကားပဲဖြစ် ပါတယ်။ ]တမန်တော်များက ဥပုသ်နေ့အစား တနင်္ဂနွေနေ့ကို
စောင့်ခဲ့ကြတဲ့ အကြောင်း သမ္မာကျမ်းစာ ထဲမှဖော်ပြပေးနိုင်ရင် ဒေါ်လာတစ်ထောင်ပေးမယ်} ဆိုတဲ့ကတိလည်း အခုထိရှိပါသေးတယ်။ အဲဒီဆုကို
အခုထိဘယ်သူမှ မဆွတ်ခူး နိုင်သေးပါဘူး။ ပညာရှိတဲ့ သူတွေပြောတဲ့ အရာမို့လို့
မယုံပါနှင့်။ လူသားများကို ယုံကြည်တာထက် ဘုရားကိုယုံကြည်တာ ပိုကောင်းပါတယ်။
]ထာ၀ရဘုရား၌ခိုလှုံ ခြင်းသည် လူကိုကိုးစားခြင်းထက် သာ၍ကောင်း၏} (ဆာ ၁၁၈း၈၊၉။ မိက္ခာ ၇း၅)။
အမေး။ ။ ကျမ်းတတ်ပုဂ္ဂိုလ်ဓမ္မဆရာတော်အမျိုးမျိုးက
ရေးသားတဲ့စာအုပ်တွေကို ဖတ်တဲ့အခါမှာ ဥပုသ်နေ့နှင့်ပတ်သက်ပြီး အတူတူပဲ
ရေးထားကြပါတယ်။ ]တမန်တော်များက တနင်္ဂနွေနေ့ ကိုပဲ စောင့်ခဲ့ကြပါတယ်} လို့ရေး သားကြပါတယ်။ အဲဒီနေ့မှာ မုန့် တွေဖဲ့တယ်။
အလှူငွေတွေ ကောက်ကြတယ်။ ဘုရားဝတ် ပြုကြတယ်။ ယေရှုလည်း အဲဒီနေ့
မှာတပည့်တော်များထံမှာ ကိုယ် ယောင်ထင်ရှား ပေါ်လာတယ်။ သန့်ရှင်းသောဝိညာဉ်တော်
ကျရောက်တဲ့နေ့လဲဖြစ်တယ်။ ဒီလိုပြောတဲ့သူတွေ လည်း နာမည်ထင်ပေါ်အားထားရတဲ့ သူတွေဖြစ်တဲ့အတွက်
သူတို့ပြောတာကို ယုံကြ ပါတယ်။ ဒါမမှန် ဘူးလား။ အကြောင်းစုံ ရှင်းပြ နိုင်မလား။
အဖြေ။ ။ ကောင်းပြီ။ ကျွန်တော်လည်း
သူတို့ရေးသားတဲ့စာအုပ်တွေကို ဖတ်ပါ တယ်။ ကျွန်တော့်ဆီမှာလည်း တချို့ရှိပါ တယ်။
သမ္မာကျမ်းစာနှင့် အားလုံးကို မ နှိုင်းယှဉ်ဘူးဆိုရင် ယုံစရာပါပဲ။ ခင်ဗျားပြောသလို
သူတို့ဟာ အားကိုးခံရတဲ့ သိက္ခာ တော်ရဆရာတော်ကြီး တွေဖြစ်ကြတယ်။ ဒါပေမဲ့
သူတို့ညွှန်းထားတဲ့ကျမ်းချက် တွေကို ကြည့်တဲ့အခါမှာ ကျမ်းစာကို သေချာစွာမလေ့လာဘဲ၊
သူတို့ စိတ်ကြိုက် တဲ့အတိုင်း ရေးသားနေကြတာတော့ အတော်ရှင်း တယ်။
ဓမ္မသစ်ကျမ်းမှာ
ရက်သတ္တပတ်နေ့ရက်ထဲမှ ပထမနေ့ဖြစ်တဲ့တနင်္ဂနွေနေ့ဟာ ]The First day of the week} ဆိုပြီး ရှစ်ကြိမ်ဖော်ပြပါတယ်။ ဒါတွေကို အားလုံး ဖတ်ရင်
သူတို့အခြေခံထားတဲ့ကျမ်းချက်တွေထဲမှာ တမန်တော်တွေက တနင်္ဂနွေ နေ့ကိုစောင့်ကြသလား၊
မစောင့်ကြဘူးလားဆိုတာ ရှင်းသွားမှာပါ။ ကျမ်းစာ ကြည့်ပြီး တဆင့်ပြီးတဆင့် ဖတ်ကြပါ။
(၁) မဿဲ ၂၈း၁- ]ဥပုသ်နေ့လွန်၍ ခုနစ်ရက်တွင် ပထမနေ့ရက်
မိုးလင်းအံ့ဆဲဆဲ အချိန်၌ မာဂဒလမာရိနှင့် အခြားသောမာရိသည် သချုØင်းတော်ကို အကြည့်အရှု သွားကြ၏။} ဒီနေရာမှာ သူတို့ဟာ ဘုရားရှိခိုးဖို့သွားတာမဟုတ်၊
ဥပုသ်နေ့ အပြီးသချုØင်းကို ကြည့်ဘို့
သွားတယ်လို့သာပြောပါတယ်။ ခင်ဗျားတို့ရဲ့ဆရာတွေက ဘုရားကျောင်းတက် သွားကြ တယ်လို့
ယူဆကြတယ်နဲ့ တူပါတယ်။
(၂) မာကု ၁၆း၁၊၂- ]ဥပုသ်နေ့လွန်မှ မာဂဒလ မာရိ၊ ယာကုပ်၏
အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည် သွား၍ အလောင်းတော်ကို လိမ်းခြင်းငှါ
နံ့သာမျိုးကို ဝယ်ပြီးလျှင် ခုနစ်ရက် တွင် ပထမနေ့ရက် နံနက်စောစောနေထွက်သော အချိန်၌
သင်္ချိုင်းတော်သို့ သွားကြ၏။} ဒီနေရာမှာလည်း
တနင်္ဂနွေနေ့ ]ပဌမနေ့ရက်} ကိုစောင့်တဲ့အကြောင်းမရှိပါဘူး။
ဥပုသ်နေ့လွန်မှ ယေရှုရဲ့အလောင်းကို လိမ်းဖို့ နံ့သာမျိုးသွားဝယ်တဲ့အကြောင်း
ပြောတာကို ဘုရားရှိခိုးဖို့သွားသလို ပြောတာ ကျမ်းစာကောင်းကောင်းမဖတ်ကြဘူးနဲ့
တူပြန်ပါတယ်။
(၃) မာကု ၁၆း၉- ]ကိုယ်တော်သည် ခုနစ်ရက်တွင်
ပဌမနေ့ရက်စောစောအချိန်၌ ထမြောက်ပြီးမှ အထက်ကနတ်ဆိုးခုနစ်ယောက်ကို
နှင့်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာကိုယ်ကိုပြတော်မူ၏} ဒီနေရာမှာလည်း တနင်္ဂနွေနေ့ စောင့်တဲ့ အကြောင်း
မရှိပါဘူး။ တနင်္ဂနွေနေ့မှာ တကယ်ရှင်ပြန်ထမြောက်တယ်လို့ ပြောပါတယ်။ မာဂဒလမာရိ က
ပထမဦးဆုံး ယေရှုကို တွေ့ခဲ့ကြောင်းပြောပါတယ်။ မာရိက ယေရှုရဲ့ အလောင်းကို
မတွေ့လို့ စိုးရိမ်ပြီးငိုကြောင်း၊ အလောင်းကို သူတစ်ပါးက အခြားနေရာမှာ
ယူသွားဖြစ်မယ် လို့ ထင်ခဲ့တယ်။ ဒါကြောင့် ယေရှုဟာတကယ်ထမြောက်ရှင်ပြန်ကြောင်း
သိစေရန် မာရိတွေ့မြင်ဖို့ ကိုယ်ရောင် ထင်ရှားတဲ့အတွက် စောင့်ရမယ့်နေ့များလွန်းပြီး
စောင့်နိုင်ကြ ပါ့ မလား။
(၄) လုကာ ၂၄း၁- ]ခုနစ်ရက်တွင် ပဌမနေ့ရက် အာရုဏ် တက်သော
အချိန်၌ ထိုမိန်းမများသည် အခြားသော မိန်းမတို့နှင့် တကွ မိမိတို့ ပြင်ဆင်သော
နံ့သာမျိုးကို ဆောင် လျက် သင်္ချိုင်းတော်သို့ သွားကြ၏။} ဒီကျမ်းချက် ရဲ့ အပေါ်က လုကာ ၂၃း၅၆ -
ကိုကြည့်လို့ရှိရင် ဥပုသ်နေ့ကို အရင်စောင့် ပြီးမှ နောက် တစ်ရက် တနင်္ဂနွေနေ့မှာပဲ
သချုØင်းကိုသွားကြ ကြောင်း
ပြောပါတယ်။
(၅) ယောဟန် ၂ဝး၁ - ]ခုနစ်ရက်တွင် ပဌမနေ့ရက်၊
မိုးမလင်းမှီစောစောအချိန်၌ မာဂဒလ မာရိသည် သချိုင်းတော်သို့သွား၍ တွင်း၀၌ ပိတ်သောကျောက်သည်
ရွေ့လျက်ရှိသည်ကိုမြင်လျှင်၊} ဒီနေရာမှာလည်း
မာရိသချုØင်းသွားတဲ့အကြောင်းပဲ
ပါတယ်။ အဲဒီနေ့ကို စောင့် တာ မရှိပါဘူး။
(၆) ယောဟန် ၂ဝး၁၉ - ]ခုနစ်ရက်တွင် ပဌမနေ့ရက်ဖြစ်သောထိုနေ့၌
ညအချိန် ရောက်သောအခါ၊ ယုဒုဒလူတို့ကိုကြောက်၍ တံခါးများပိတ်ထားလျက်၊
တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ကြွလာ၍ အလယ်မှာ ရပ်တော်မူ လျက်၊ သင်တို့၌
ငြိမ်သက်ခြင်းရှိစေသတည်းဟု မိန့်တော်မူ၏။}ဒါလည်း ဥပုသ်နေ့ မှာ ဘုရားရှိခိုးဝတ်ပြုတာ မဟုတ်ပါဘူး။
ယုဒလူတွေက ယေရှုနောက်လိုက် သူများကို လိုက်လံနှောင့်ယှက်ညှင်းဆဲ တတ်တဲ့အတွက်၊
ယေရှုကိုလည်း ကားတိုင်တင်ပြီးဖြစ်တဲ့အတွက်ကြောက်ကြလို့ တံခါးများပိတ်ပြီး
အိမ်ထဲမှာစုနေ ကြခြင်းဖြစ်ပါတယ်။ ထမြောက်ပြီးတဲ့အခါ ယေရှုဟာသူတို့အနားမှာ ပေါ်လာပြီး
ကောင်းကြီးပေးခဲ့ပါတယ်။ မယုံကြည်သူယုဒတွေကို ကြောက်ကြလို့ စုရုံးနေကြ
တာပဲဖြစ်ပါတယ်။ ဘုရားရှိခိုးကြတာမဟုတ်ပါဘူး။
(၇) တမန်တော် ၂ဝး၇- ]ခုနစ်ရက်တွင် ပထမနေ့ရက်၌
မုန့်ကိုဖဲ့ခြင်းငှါ စုရုံး ကြသောအခါ၊ ဗပါလုသုသည် နက်ဖြန်နေ့၌ထွက်သွားမည်ဖြစ်၍၊
သန်းခေါင်တိုင် အောင် ဟောပြောလျက် နေ၏} ဒီနေရာမှာ မုန့်ကိုဖဲ့တယ်ဆိုတာ ]ပွဲတော်မင်္ဂလာ
စားတဲ့မုန့်ကို ဖဲ့တယ်လို့ တချို့က ထင်မြင်ယူဆကြပါတယ်။ ဒါပေမဲ့ မဟုတ်ပါဘူး။
အခန်းငယ် ၁၁ ကိုကြည့်တဲ့အခါ ပေါလုက အိမ်ပေါ်ပြန်တက်ပြီး မုန့်ဖဲ့၍စားကြ
တယ်လို့ပြောပါတယ်။ မုန့်ဖဲ့ပြီးစားတိုင်း ပွဲတော်စားတာကိုပြောတာ မဟုတ်ပါဘူး။
သူတို့အနေနဲ့မုန့်ဟာ ထမင်းပဲဖြစ်ပါတယ်။ တမန်တော် ၂း၄၆ ကို ပြန်ကြည့်တဲ့အခါ မှာ
]နေ့တိုင်း} မုန့်ကိုဖဲ့ပြီး စားကြတာ
တွေ့ရတယ် ဆိုတော့ မုန့်ဖဲ့တဲ့ နေ့မို့လို့ စောင့်ရ မယ်ဆိုရင် ]နေ့တိုင်း} စောင့်ရမယ်ဖြစ်ပါတယ်။ အမှန်မှာ ရှင်ပေါလုဟာ မနက်ဖြန်
ခရီးသွားရမှာမို့လို့အတူတကွနှုတ်ဆက်တဲ့စားသောက်ပွဲလုပ်နေကြခြင်းဖြစ် တယ်။
(၈) ၁ကော ၁၆း၁ - ]ငါရောက်လာသောအခါ လှူဒါန်း၍
စုထားစရာမရှိစေခြင်းငှါ၊ ခုနစ် ရက်တွင် ပဌမနေ့ရက်၌ အသီးအသီးကောင်းစားသည်အတိုင်း၊
မိမိတို့ ဥစ္စာတဘို့ကို ထုတ် ၍ စုထားကြလော့။} ဒါဟာလဲ ဥပုသ်နေ့ အလှူငွေ မဟုတ်ပါဘူး။ အခန်းငယ်မှာ တွေ့တဲ့
အတိုင်း၊ ညှင်းဆဲခြင်း ခံရတဲ့ ခရစ်ယာန်များ၊ အထူးသဖြင့် ယေရုရှ လင်မြို့မှာ
ရှိကြတဲ့ ယုံကြည်သူများ အ တွက် ပေါလုဟာ ဂလာတိတိုင်းပြည်မှာ ခရီးသွား တုန်းက
အလှူဒါနများ ခံပေးခဲ့သလို၊ ဒီ ကောရိန်သုမြို့မှာရှိတဲ့ ယုံကြည်သူတွေ ကလည်း အလှူဒါန
များစုဆောင်း ထားနှင့်ဖို့ မှာထားခြင်းဖြစ်ပါတယ်။ ယုံကြည်သူများကိုမစရန်
အထူးပေးကမ်းစုဆောင်း ထားဖို့ ပြောတဲ့စကားဖြစ်ပါတယ်။ အခန်းငယ်-၃ မှာ ပြောသလို အထူး
စေတနာနဲ့ ပေးတဲ့ လှူဒါန်းခြင်း မျိုးဖြစ်ပါတယ်။ ဥပုသ်နေ့မှာ ကောက်ခံတဲ့ အလှူငွေ
ကောက်ခံခြင်းမျိုး မဟုတ်ပါဘူး။
အထက်ပါကျမ်းချက်များအပြင်သမ္မာကျမ်းစာမှာ
]ရက်သတ္တပတ်ရဲ့ ပထမနေ့ ရက်} (တနင်္ဂနွေနေ့)
ရေးသားတဲ့အချက်မရှိတော့ပါဘူး။ ဒီကျမ်းချက်တွေမှာ ဥပုသ်
နေ့လိုစောင့်တာမျိုးမရှိပါဘူး။ ရှင်းတယ်လားခင်ဗျား။ ဒါကြောင့် စောစောကပြောခဲ့
တဲ့အတိုင်းပဲ ]ခေါင်းဆောင်များနှင့်ပညာရှိများအပေါ် အားကိုးယုံကြည်ခြင်း မရှိပါ
နှင့်။} ]ထာ၀ရဘုရား၌
ခိုလှုံခြင်းသည် လူကိုကိုးစားခြင်းထက်သာ၍ ကောင်း၏။} (ဆာ ၁၁၈း၈၊၉)။ ]လမ်းပြသောသူကို အမှီမပြုနှင့်} (မိက္ခာ ၇း၅)။ ]ထာ၀ရဘုရားကို
စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်} (သုတ္တံ ၃း၅)။ ရှင်ယောဟန်က ]ခရစ်တော်၏ ဒေသနာ ၌မတည်ဘဲ လွန်ကျူးသော သူမည်ကား၊
ဘုရားသခင်ကို မသိ} လို့ဆိုထား ပါတယ် (၂ယော
၁း၉)။ ဘယ်သူမဆို၊ ဘာရာထူးပဲရှိရှိ၊ ဘယ်အခြေအနေမှာပဲနေနေ
ခရစ်တော်ရဲ့ဒေသနာသွန်သင်တဲ့ စကားအတိုင်း မတည်ဘဲလွန်ကျူးရင် ဘုရားသခင်နှင့်
အဆက်အသွယ်မရှိ ကြောင်း ထင်ရှား၍ ယုံကြည်ကိုးစားဖို့ မထိုက်ပါဘူး။
အမေး။ ။ တမန်တော် ၂ဝး၇-မှာ ပေါလု တို့ဟာ တနင်္ဂနွေနေ့မှာ
ခရီးမသွားဘဲ တနင်္လာ နေ့မှာ ခရီးသွားတာ မဟုတ်ဘူးလား။ တနင်္ဂနွေနေ့ မှာ
ဘုရားဝတ်ပြုပြီး ညသန်းခေါင်အထိ ပေါလုတရားဟောပြီး၊ တနင်္လာနေ့မှာ ခရီးသွားတာ
မဟုတ်ဘူးလား။ ]ခုနစ်ရက် တွင် ပဌမနေ့ရက်၌ မုန့်ကိုဖဲ့ခြင်းငှါ စည်း ဝေးကြသောအခါ
ပေါလုသည် နက်ဖြန်နေ့၌ ထွက်သွားမည် ဖြစ်၍၊ သန်းခေါင်တိုင်အောင် ဟောပြောလျက်နေလေ၏} လို့ပြောတာ။ ဒီ ]ခုနစ်ရက်တွင် ပဌမနေ့ ရက်} ဟာ အင်္ဂလိပ်လို- "The First day of the
week" ဆိုတော့ ရက် သတ္တပတ်ရဲ့ ပထမနေ့၊
တနင်္ဂနွေနေ့ (Sunday) ကို
ပြောခြင်းဖြစ်ပါတယ်။ ဒါကြောင့် တနင်္ဂနွေ နေ့ညမှာ ဝတ်ပြုခြင်းပြုလုပ်ပြီး၊
မနက်ဖြန် တနင်္လာနေ့ (Monday) နေ့မှာ ခရီး သွား မဟုတ်ဘူးလား။
အဖြေ။ ။ မဟုတ်ပါဘူး။ အင်္ဂလိပ်ကျမ်းစာဖတ်ရအောင်- "And upon the first day of the week, when the disciples came together
to break bread, Paul preach unto them, ready to depart on tomorrow; and
continue his speech until midnight." (KJV) လို့ပြောပါတယ်။ ဒီ KJV ကျမ်းစာက "The first day of the
week" လို့ပြောတဲ့ နေ့ဟာ ယနေ့ခေတ်ကျမ်းစာ၊ Today English Version- မှာ အရှိကိုအရှိတိုင်း တိတိ ကျကျ ပြောထားတယ်- "On Saturday evening we
gather together for the fellowship meal. Paul spoke to the people and kept on
speaking until midnight" (TEV) ဆိုပြီး Saturday evening ဆိုတာ စနေနေ့ညနေ
နေဝင်ပြီးချိန်ညကိုပြောကြောင်း ရှင်းလင်းစွာ သိနိုင်ပါတယ်။ ယုဒ
တွေရဲ့နေ့ရက်ရေတွက်ပုံမှာ နေ့ရက်တစ်ရက်ကို ညနေနေဝင်ချိန်မှစပြီး၊ နောက်
တစ်နေ့ရဲ့နေဝင်ချိန်အထိယူပြီး ရေတွက်လေ့ရှိပါတယ်။ သမ္မာကျမ်းစာအနက်ဖွင့်
ကျမ်းများကိုကြည့်တဲ့အခါ နေ့တစ်ရက်ကိုရေတွက်တဲ့အခါ ညသန်းခေါင်မှ နောက်နေ့ရဲ့
ညသန်းခေါင်အထိမဟုတ်ဘဲ၊ ညနေနေဝင်တဲ့အချိန်မှစ၍ နောက်တစ် နေ့ရဲ့ ညနေ နေဝင်တဲ့
အချိန်အထိဟာ တစ်ရက်လို့သတ်မှတ်ရေတွက်ပါတယ်။ ဥပုသ်နေ့ဟာ သောကြာနေ့ ညနေ
နေဝင်ချိန်မှစပြီး စနေနေ့ညနေနေဝင်တဲ့အထိ ဖြစ်ပါတယ် (ဝတ် ၂၃း၃၂)။ ]ခုနစ်ရက်တွင် ပထမနေ့ရက်} ဟာ စနေနေ့ နေဝင်ချိန်မှစပြီး ထမြောက်တဲ့နေ့
(တနင်္ဂနွေနေ့) နေဝင်တဲ့အချိန်အထိကို ပြောတာ ဖြစ်ပါတယ်။ ဒါကြောင့် ပေါလုနှင့်တကွ
နှုတ်ဆက်ပွဲ ညစာဟာ သတ္တမနေ့ဥပုသ် (စနေနေ့) နေဝင်ပြီးတဲ့ညကိုပြောတာဖြစ်ပါတယ်။
အဲဒါကို သမ္မာကျမ်းစာရဲ့နေ့ရက် ရေတွက်နည်းအရဆိုရင် တနင်္ဂနွေနေ့ရဲ့ အစပိုင်းည
ပဲဖြစ်ပါတယ်။ ဥပုသ်နေ့ဟာ စနေနေ့ညနေနေဝင်ချိန်မှာကုန်သွားပြီး၊ တနင်္ဂနွေနေ့
စတဲ့ညဖြစ်ပါတယ်။ စနေနေ့ ညနေ နေဝင်တာနဲ့ တနင်္ဂနွေနေ့စလာပါတယ်။ အဲ့ဒီစနေနေ့ညနေ နေဝင်
တာနဲ့ ခုနစ်ရက်ရဲ့ပထမ နေ့ (တနင်္ဂနွေနေ့) ဖြစ်နေပါတယ်။ အဲ့ညမှာပဲ နှုတ်ဆက်ပွဲ ညစာ
စားပြီး မနက်ဖြန်တနင်္ဂနွေနေ့မနက်ပိုင်းမှာ အာရှိမြို့ဘက်ဦးတည်ပြီး ပေါလုဟာ
ခရီးသွား ခဲ့ပါ တယ်။ ပိုပြီးရှင်းသွားအောင် ဒီလိုပြောကြပါစို့-
(၁)
တနင်္ဂနွေနေ့ညနေမှာတရော မြို့သို့ ရောက်ပြီး၊ ဥပုသ်နေ့အထိ နေခဲ့ပါတယ် (တ ၂ဝး၆)။
(၂) စနေနေ့ညနေနေဝင်ပြီးမှ အဲ့ ညမှာ နှုတ်ဆက်အစည်းဝေးပွဲ
ကျင်းပခဲ့ကြပါ တယ် (တ ၂ဝး၇)။
(၃) တနင်္ဂနွေနေ့မနက်ပိုင်းမှာ ခရီးစတင် ထွက်သွားပြီး
မိတုလင်မြို့သို့ရောက်ခဲ့ပါတယ် (တ ၂ဝး၁၅)။
(၄) တနင်္လာနေ့မှာ ခိအုကျွန်းနားရောက်တယ် (တ ၂ဝး၁၅)။
(၅) အင်္ဂါနေ့မှာ သာမုကျွန်းရောက်ပါတယ် (တ ၂ဝး၁၅)။
(၆) ဗုဒ္ဓဟူးနေ့မှာ မိလက်မြို့သို့ရောက်ကြတယ်။ ဒီနေရာမှာ
ခဏနေပြီး ဧဖက်မြို့ကို လူတွေစေလွှတ်ပြီး သင်းအုပ်တွေကို ခေါ်ခိုင်းတယ်။
သူတို့ရောက်လာရင် အမှာ စကားတွေပြောတယ်။ ပြီးမှပြန်ခွဲခွါကြတယ်။
လှေနှင့်လိုက်ပို့ကြတယ်။ ကောသ ကျွန်းကို ရောက်ကြတယ် (တ ၂ဝး၃၈)။
(၇) ကြာသပတေးနေ့မှာ ရောဒုကျွန်းသို့ရောက်ကြတယ်။
ဆက်သွားပြီး၊ ပါတရမြို့ ရောက် တယ်။ ဆက်သွားတယ်။ တုရုမြို့သို့ရောက်သွားပြီး
အဲဒီနေရာမှာ တစ်ပတ်- သောကြာ နေ့ မှ ကြာသပတေးအထိနေကြတယ် (တ ၂၁း၁-၄)။
(၈) သောကြာနေ့၌ဆက်ထွက်ခွာပြီး၊ ပတောလင်မြို့သို့ ရောက်တယ်
(တ ၂၁း၇)။
(၉) စနေနေ့၌ ဒီပတောလင်မြို့မှာ ဥပုသ်စောင့်ကြပါတယ် (တ
၂၁း၇)။
(၁၀) တနင်္ဂနွေနေ့မှာ ပတောလင်မြို့မှထွက်ခွာ၍
ကဲသရိမြို့သို့ရောက်လျှင် ဖိလပ္ပု၏ အိမ် မှာ ရက်ပေါင်းတော်တော်ကြာ
တည်းခိုခဲ့ကြပါတယ် (တ ၂၁း၈-၁၀)။
(၁၁) တနင်္ဂနွေနေ့မှာ ယေရုဆလင်သို့သွားတယ် (တ ၂၁း၁၅)။
(၁၂) တနင်္လာနေ့မှာ ယာကုပ်ရဲ့နေအိမ်သို့သွားတယ် (တ ၂၁း၁၈)။
(၁၃) အင်္ဂါနေ့မှာ မိမိကိုယ်ကို စင်ကြယ်ခြင်းပြုခဲ့တယ် (တ
၂၁း၂၆)။
(၁၄) ဥပုသ်နေ့ညနေပိုင်း၌ ဘုရားကျောင်းမှာ
ပေါလုကိုတွေ့ကြပြီး ဖမ်းကြပါတယ် (တ ၂၁း၂၇၊၂၈)။
ဤအချက်တွေဟာ
ပေါလုတို့ရဲ့ ခရီး စဉ်နှင့်လှုပ်ရှား နေထိုင်ပုံတွေ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့စောင့်တဲ့အကြောင်းတစ်ခုမှ သမ္မာကျမ်းစာထဲမှာ မတွေ့ပါဘူး။ ခရီးစဉ် စ
သွားတဲ့နေ့အတွက် အသုံးပြုတတ်ကြ ပါတယ်။ ဒါပေမဲ့ ခရီးသွားတဲ့အခါ
ကျွန်းတွေကျဲတဲ့အတွက် ပင်ထယ်ထဲ သဘောFပေါ် ပဲမှာနေကြတဲ့အခါများလည်းရှိပါတယ်။ ဥပုသ်နေ့၌
သင်္ဘောပေါ်မှာ နေတဲ့အချိန် တွေလည်း ရှိနိုင်ပါတယ်။ အဲဒီအခါမှာ ဥပုသ်နေ့
မစောင့်လို့ မဟုတ်ပါဘူး။ ကျွန်း သို့မဟုတ် မြို့ရွာတည်းခိုတဲ့နေရာမရှိလို့
ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ခရီးသွား တဲ့အခါ စီးတဲ့ယာဉ်တွေအဆင်မပြေ၊ နောက်ကျရင်
လမ်းခုလပ်မှာ ဥပုသ်နေ့ကျ ရောက်တတ်ပါတယ်။ ဒါမျိုးမှာ ချွတ်ယွင်းချက်ဖြစ်ပါတယ်။
ဒါပေမဲ့
ပေါလုတို့ဟာ ခရီးစဉ်ဆွဲတဲ့အခါ ဥပုသ်နေ့မှာ စထွက်ဖို့ အစီအစဉ်မဆွဲ ဖူးပါဘူး။
ပုံမှန်အနေဖြင့် ပေါလုတို့ဟာ အခြေအနေကပေးသမျှ ဥပုသ်နေ့ကိုကောင်း မွန်စွာ
စောင့်ကြလေ့ရှိတယ်ဆိုတာ သိရပါတယ်။
အမေး။ ။ အာမုတ် ၈း၅ မှာ - ]ငါတို့သည် စပါးကို
ရောင်းအံ့သောငှါ လဆန်းနေ့ လွန်ပါစေ} လို့ပြောပြီး၊ အခန်းငယ် ၉
- မှာလည်း- ]ထိုကာလအခါ မွန်းတည့် အချိန်၌ ငါသည် နေကို ဝင်စေမည်။ ကြည်လင်သောနေ့၌
မြေကြီးကိုမိုက်စေမည်} ဆိုပြီး ပြောပါတယ်။
မွန်းတည့် အချိန်မှာ နေဝင်တာက ယေရှုကားတိုင်ပေါ်မှာ သေတဲ့အခါ ]အမှုပြီးပြီ} လို့ပြောလိုက်တာနဲ့ နေမွန်းတည်၊ သာတဲ့အချိန်မှာ
မှောင်မိုက်ခဲ့တယ်လို့ပြောပါတယ်။ အဲဒီအချိန်ကနေစပြီး ဥပုသ်နေ့ဟာ ပျောက်
သွားပါပြီလို့ ပါစတာတွေ၊ တရားဟောဆရာ တွေကပြောကြပါတယ်၊ မှန်ပါသလား။ ဥပုသ်နေ့ဟာ
ကားတိုင်မှာ ယေရှုသေတာနဲ့ ပျောက်ပယ်သွားပြီ မဟုတ် ဘူးလား။
အဖြေ။ ။ မဟုတ်ပါဘူး။ ပြောခဲ့တဲ့အတိုင်း ဘုရားသခင်ဟာ
အရာခပ်သိမ်းဖန်ဆင်းသူဖြစ်ကြောင်း အမှတ်အသားနှင့်အစဉ်သတိရရန် သူက ဥပုသ်နေ့ကို
သီးသန့်ခွဲခြားသတ်မှတ် ထားပါတယ်။ ဘယ်နည်းနဲ့မျှ မဖျောက်ဖျက် နိုင်ပါဘူး။
နိုင်ငံတစ်ခုဟာ သူ့အတွက် မှတ်သားထားဖို့ အလံရှိပါတယ်။ အဲ့ဒီတိုင်း
ပြည်နိုင်ငံတည်သရွေ့ သူရဲ့အလံလည်းရှိရမယ် ဖြစ်ပါတယ်။ ထိုနည်းတူ၊ ထိုနည်းမ က
ဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်သရွေ့၊ ဖန်ဆင်းရှင်ရဲ့ အမှတ်အသား၊ ဖန်ဆင်း
ခြင်းအထိမ်းအမှတ်ဥပုသ်နေ့ဟာ ဘယ်နည်းနဲ့မျှ မပျောက်သွားနိုင်ပါဘူး။ ဘုရား
သခင်တည်ရှိနေသရွေ့ သူ့ရဲ့ဥပုသ်နေ့လည်း တည်ရှိနေမယ်လို့ ပြောခဲ့ပြီး သွားပါပြီ။
အာမုတ်
၈း၅-၈ မှာ ရေးထားတဲ့ဘုရားရဲ့နှုတ်ကပတ်တရားဟာ အဓိပ္ပာယ်မသိ လို့ ဖြစ်မှာပါ။
ဥပုသ်နေ့ဖျက်ပယ်ဘို့ ပြောတာမဟုတ်ပါဘူး။ ဥပုသ်နေ့ကို ကောင်းမွန် စွာ မစောင့်
ချင်တဲ့ဣသရေလလူမျိုးများ ကျွန်အဖြစ် ဖမ်းဆီး သွားမယ့်အကြောင်း ဖြစ်ပါတယ်။ အဲဒီ
တုန်းက ဣသရေလလူ တွေဟာ မိမိတို့ရဲ့စီးပွားရေးကိုသာ စဉ်းစား ကြတယ်။ ဥပုသ်နေ့မှာ
ဘုရား ဝတ်ပြုခြင်း ကို ပျော်မွေ့ခြင်းမရှိဘဲ၊ ဝန်ထုပ်အနေ နဲ့ ဥပုသ်နေ့ကို
ယူဆကြပါတယ်။ သူတို့ရဲ့ စီးပွားရေးကိုသာ သူတို့စိတ်ထဲမှာ ကြီးစိုး နေပါတယ်။
ဥပုသ်နေ့အချိန်ဟာ မြန်မြန်ကုန်သွားပါစေ။ ငါတို့စပါးတွေ၊ ဂျုံတွေမြန်
မြန်ရောင်းရပါစေဆိုပြီး စိတ်မှာတွေးကြပါတယ်။ ဥပုသ်နေ့ ကိုကောင်းစွာ မစောင့်
ချင်ကြဘဲ၊ စီးပွားရေးကိုသာ စဉ်းစားကြတဲ့အတွက် ဘုရားဟာ ဣသရေလလူမျိုး အပေါ်
အမြတ်တော်ထွက်ပြီး၊ ဥပုသ်နေ့ကို မစောင့်နိုင်လောက်အောင်သူတို့ရဲ့
ပျော်ရွှင်တဲ့အချိန်၊ ကောင်းစားတဲ့အချိန်မှာ ကျွန်အဖြစ် ဖမ်းသွားကြရန် ကြံစည်
တော်မူခဲ့ပါတယ်။ ဒါဟာသမ္မာကျမ်းစာအတိုင်းပဲ ဖြစ်ပါတယ်။ ဖတ်ကြည့်ကြစို့။
အာမုတ်
၈း၁-၁၀ မှာ - ]တဖန် အရှင်ထာ၀ရဘုရားသည် ငါ့အားပြတော်မူ သော ရူပါ ရုံ ဟူမူကား၊
နွေကာလအသီးပါသောတောင်သည် ထင်ရှား၏။ အာမုတ် သင်သည် ဘယ် အရာကို မြင်သနည်းဟု
မေးတော်မူလျှင်၊ နွေကာလအသီးပါသော တောင်းကို မြင်ပါသည်ဟု ငါလျှောက်သော်၊ ထာ၀ရဘုရားက
နောက်ဆုံးကာလ သည် ငါ၏ လူဣသရေလ အမျိုး၌ ရောက်လေပြီ။ နောက်တ်တဖန် သူတူတိုdYကို သည်းမခံ။ ထိုdကိကာလ၌ နန်းစဉ်ကခြေသည် တို့သည် မြည်တမ်းကြလိမ့်မည်။
အရပ်ရပ်တို့၌ များစွာသော အသေကောင်ရှိ၍၊ လူတို့သည် တိတ်ဆိတ်စွာ ပစ်ချကြ လိမ့်မည်ဟု
အရှင်ထာ၀ရဘုရား မိန့်တော်မူ၏။ ငါတို့သည် စပါးကို ရောင်းအံ့သောငှါ
လဆန်းနေ့လွန်ပါစေ။ ဂျုံကို ရောင်းအံ့သောငှါ ဥပုသ်နေ့လွန်ပါစေဟု ဆိုလျက်၊ ဧဖာ
လေးကို ငယ်စေခြင်းငှါ၎င်း၊ ကျပ်လေးကိုကြီးစေခြင်းငှါလုပ်၍၊ စဉ်းလဲသော ချိန်ခွင်
ကိုသုံးလျက် ဆင်းရဲသောသူကို ငွေနှင့်၎င်း၊ ငတ်မွတ်သောသူကို ခြေနင်းတရံနှင့်
၎င်းဝယ်၍၊ ညံ့သောဂျုံဆန်ကို ရောင်းလျက်၊ ငတ်မွတ်သောသူတို့ကို နှိပ်နင်း၍ ဆင်းရဲသော
ပြည်သားတို့ကို ဖြတ်ခြင်းငှါ အလွန် အလိုကြီးသောသူတို့၊ ဤစကားကို နားထောင်ကြလော့။
ထာ၀ရဘုရားသည် ယာကုပ်၏ဘုန်းကို တိုင်တည်၍ ကျိန်ဆို တော်မူသည်ကား၊
အကယ်စင်စစ်သူတို့ကျင့်ကြံပြုမူသမျှတို့ကို ငါသည်အစဉ် မပြတ် မမေ့လျော့။ ထိုအပြစ်
ကြောင့် မြေတုန် လှုပ်လိမ့်မည်မဟုတ်လော့။ မြေသားအပေါင်း တို့သည်
ညည်းတွားကြလိမ့်မည် မဟုတ် လော့။ မြစ်ကဲ့သို့ တပြည်လုံးထပြီးလျှင်၊ တဖန်
အဲဂုတ္ထုပြည်မြစ်၌ မြုပ်သကဲ့သို့ ပါသွား ၍မြုပ်လိမ့်မည်မဟုတ်လော။ အရှင်ထာ၀ရ ဘုရား
မိန့်တော်မူသည်ကား၊ ထိုကာလအခါ မွန်းတည့်အချိန်၌ ငါသည် နေကို ဝင်စေမည်။ ကြည်လင် သောနေ့၌
မြေကြီးကို မိုက်စေမည်။ သင်တို့
ပွဲခံခြင်းကို ညည်းတွားခြင်းဖြစ်စေမည်။ သီချင်းဆိုခြင်းရှိသမျှကို
ငိုကြွေးခြင်းဖြစ်စေမည်} လို့ပဲ ပြောပါတယ်။
ဒီနေရာမှာ ]မွန်းတည့်အချိန်၌ ငါသည် နေကိုဝင်စေမည်။ ကြည်လင် သောနေ့၌ မြေကြီးကို
မိုက်စေမည်} ဆိုတဲ့ အချက်ဟာ
လက်ဝါးကပ်တိုင်ပေါ် ယေရှုသေတဲ့ အချိန်မှာ ဖြစ်ပျက်တဲ့နေမိုက်ခြင်းနဲ့ ရောတွဲဖို့
မသင့်ပါဘူး၊ ဒါနဲ့ ဆက်စပ်မှုလည်းမရှိပါဘူး။
ဒီကျမ်းချက်တွေရဲ့အဓိပ္ပာယ်ကတော့-
ဘုရားသခင်နှင့်သူ့ရဲ့ ပညတ်တရား (ဥပုသ်နေ့အပါအဝင်) အရေးမစိုက်၊ မစောင့်ချင်ဘဲ
လောကချမ်းသာမှု၊ ငွေကြေး နှင့် အပျော်အပါးလိုက်ကြတာ ဘုရားသခင်ရဲ့စိတ်ကို
နာကြည်းစေတယ်၊ ဣသရေ လလူမျိုးများ ကောင်းစားချိန်၊ ပျော်မွေ့ချိန်၊ ပွဲလုပ်ချိန်မှာ
ဒီပွဲကို ငိုကြွေးမြည်တမ်း ခြင်းဖြစ်မယ်။ လူအပေါင်းတို့ကို
လျှော်တေအဝတ်နှင့်ခါးကို စည်းစေခြင်းငှါ၎င်း၊ ဆံပင်ကိုရိတ်စေခြင်းငှါ၎င်း
ငါစီရင်မည်ဆိုပြီး ဥပုသ်နေ့မစောင့်ချင်ဘဲ၊ မိမိစီးပွားရေး ကိုပဲစဉ်းစားတဲ့အတွက်
ဘုရားသခင်ရဲ့ အမြတ်ဒေါသဖြင့် ဖျက်ဆီးခြင်းခံရမယ့် အကြောင်းပြောတာ ဖြစ်ပါတယ်။
တချို့တွေဆိုရင် ဥပုသ်နေ့ကို နေဝင်တဲ့အထိ မစောင့်ကြဘဲ စီးပွားရေးလုပ်ကြပါတယ်။
ဒါကြောင့် အာမုတ်ကို အသုံးပြုပြီး ဘုရား သခင်က သူ့ရဲ့အကြံအစည်ကို
ဖော်ပြခြင်းဖြစ်ပါတယ်။ ဥပုသ်နေ့ပယ်ဖျက် ရပ်တန့် စေခြင်းအကြောင်းမဟုတ်ဘဲ၊
ဥပုသ်နေ့ကိုကောင်းစွာမစောင့်ချင်ကြတဲ့ ဣသရေ လလူမျိုးရဲ့ပျော်မွေ့ခြင်းကို
ရပ်တန့်စေမယ့်အကြောင်းဖြစ်ပါတယ်။ ]နောက်ဆုံး ကာလသည် ငါ၏ဣသရေလအမျိုး၌ ရောက်လေပြီ၊} လို့ပဲပြောပါတယ် (အာ ၈း၂)။
]ဥပုသ်နေ့လွန်ပါစေ} ဆိုတဲ့အချက်ဟာ ဥပုသ်နေ့ပယ်ဖျက်ဖို့ပြောတာ မဟုတ်
ပါဘူး။ ဥပုသ်နေ့ကုန်လွန်သွားကြောင်းပြောတာဖြစ်ပါတယ်။ ရှင်းသွားအောင် နေဟမိ
၁၃း၁၅-၁၉ ဖတ်ရအောင်- ]ထိုကာလ၊ ယုဒပြည်မှာ အချို့dUတိုdYdYသည် ဥပုသ်နေ့၌ စပါးသီးကို
နယ်လျက်၊ ကောက်လှိုင်းကိုသွင်းလျက်၊ မြည်းပေါ်မှာ တင်လျက် လုပ်ဆောင်ကြသည်ကို၎င်း၊
ဥပုသ်နေ့၌ စပျစ်ရည်၊ စပျစ်သီး၊ သဘောF သဖန်းသီးအစရှိသည်တို့ကိုတင်၍ ယေရုဆလင် မြို့သို့
ဆောင်ခဲ့ကြသည်ကို၎င်း ငါမြင်၍၊ ဤမည်သောနေ့ရက်၌သာ စားစရာများကို ရောင်းအပ်သည် ဟု
သူတို့အား ငါကြားပြော၏။ ထိုအရပ်၌နေသော တုရုမြို့သားတို့သည် လည်း၊ ငါးအစရှိသည်
တို့ကို ယေရုဆလင်မြို့သို့ဆောင်ခဲ့၍၊ ဥပုသ် နေ့၌ ယုဒအမျိုးသားတို့ အား ရောင်းတတ်ကြ
၏။ ထိုအခါ ငါက သင်တို့သည် ဥပုသ်နေ့ကို ဖျက်၍ ပြုသောဒုစရိုက်ကား အဘယ် သို့နည်း။
ဘိုးဘေးတို့သည် ထိုသို့ပြုသော ကြောင့် ဤမျှလောက်ကြီးစွာသော ဆင်းရဲ ခြင်းကို
ငါတို့၌ ၎င်း၊ ဤမြို့၌၎င်း ဘုရားသခင် ရောက်စေတော်မူသည် မဟုတ်လော။ သင်တို့သည်
ဥပုသ်နေ့ကို ဖျက်သော အား ဖြင့် သာ၍ပြင်းစွာသော အမျက်တော်ကို ဣသရေလ
အမျိုး၌ရောက်စေဦးမည်လောဟု ယုဒုမှူးမတ်တို့ကို အပြစ်တင် လျက်၊- အဘိတ်နေ့တွင်
နေရောင်ကွယ်၍ ဥပုသ်နေ့လွန်သည်တိုင်အောင်၊ ယေရုရှလင်မြို့ တံခါး တို့ကို
ပိတ်ထားရမည်အကြောင်း စီရင်၍ ဥပုသ်နေ့၌ ဝန်များကို မြို့ထဲသို့ မသွင်းစေခြင်းငှါ
မိမိကျွန်အချို့တို့ကို တံခါးတို့၌ ခန့်ထား၏။}
ဒီနေရာမှာ
]ဥပုသ်နေ့လွန်တယ်} ဆိုတာ ဥပုသ်နေ့ ညနေ
နေဝင်သွားတာကို ပြောခြင်းဖြစ်ပါတယ်။ ကျမ်းစာမှာ နေ့ရက်တစ်ရက်ကို ဖော်ပြတဲ့အခါ
နေဝင်တဲ့ အချိန်မှ နောက်တစ်နေ့ရက်နေဝင်တဲ့အချိန်အထိကို တစ်ရက်လို့ ရေတွက်ပါတယ်။
ဥပုသ်နေ့ (Sabbath) ဟာ
သောကြာနေဝင်တဲ့အချိန်မှစပြီး စနေနေ့နေဝင်တဲ့ အချိန်၌ ကုန်သွား ပါတယ်။ ဒါကြောင့်
အာမုတ် ၈း၄-၆ မှ - ]ဥပုသ်နေ့လွန်ပါစေ} ဆိုတဲ့စကားဟာ လက်ဝါး ကားတိုင်မှာ ဥပုသ်နေ့ပယ်ဖျက်တာကို
ပြောတာမဟုတ်။ ]ငါတို့ စပါးကိုရောင်းဖို့ ဥပုသ်နေ့ မြန်မြန်လွန်သွားပါစေ၊
မြန်မြန်နေဝင်ပါစေ။ ငါတို့ ကုန်ပစ္စည်းတွေ နေဝင်တာနဲ့ ရောင်းချင်ပါပြီ} ဆိုပြီးပြောကြခြင်းပဲဖြစ်ပါတယ်။ ဥပုသ်နေ့မှာ
ဘုရားနှင့်အတူ မိတ်သဟာယ ပျော်ရွှင်စွာဖွဲ့ရတာထက် ဈေးမှာသွားပြီး
ကုန်ပစ္စည်းတွေရောင်းထွက်ဖို့ပဲ အလိုရှိနေကြပါတယ်။ ဒါကို ဘုရားသခင်က
မကြိုက်မနှစ်သက်တဲ့အတွက် သူတို့ဟာ ဥပုသ်နေ့ကောင်းစွာ မစောင့်နိုင်အောင် ကျွန်အဖြစ်
ဖမ်းဆီးသွားမယ့်အကြောင်း ပြောပြခြင်းဖြစ်ပါတယ်။
ကျမ်းစာ
စာပိုဒ်များ အသုံးပြုရှင်းပြတဲ့အခါမှာ ၎င်းကျမ်းပိုဒ်ရဲ့အပေါ်ပိုင်းနှင့်
အောက်ပိုင်း အားလုံးခြုံပြီး ဖတ်ရပါတယ်။ နောက်ပြီး ကျမ်းပိုဒ်ရဲ့အခြေအမြစ်ကနေ
ဖတ်ပြီး ၎င်းကျမ်းပိုဒ်ရဲ့ အပေါ်အောက် (Context) ကိုဖတ်ပြီး၊ ၎င်းအချက်က
ဘာကိုဆိုလိုသလဲ ဆိုတာ သိအောင် ဖတ်ရပါတယ်။ ဒီ့အပြင် ကျမ်းချက်တစ်ခုနှင့်
တစ်ခုတိုက်လဲ မတိုက်ဆိုင်၊ မပတ်သက်တဲ့အချက်တွေကို စုစည်းပြီး မိမိထင်သလို
အဓိပ္ပာယ်ဖော်ရှင်းပြခြင်းဟာ အင်မတန် ကြောက်စရာကောင်းပါတယ်။ ယေရှုခရစ်
တော်သေတဲ့အချိန်မှာ မှောင်ခဲ့တဲ့ အရာနဲ့ အာမုတ် ၈ ဟာ ဘာမှပတ်သက်မှု မရှိပါဘူး။ နောက်ပြီး
]မွန်းတည့်အချိန်၌ ငါသည် နေကိုဝင်စေမည်} ဆိုတာနဲ့ ယေရှုသေတဲ့ညနေပိုင်းရဲ့မှောင်လာခြင်းနဲ့
တွဲပေးရန်လည်း ကိုက်ညီမှုမရှိပါဘူး။ အဲဒီ နေ့မှာ နေဝင်တာမဟုတ်၊ သုံးနာရီလောက်
အမှောင်ကျ လာတာ ပဲရှိပါတယ်။ ဒါပြီးရင် ပြန်လင်းလာပါတယ်။ ယေရုရှလင်မြို့မှာ တော့
ညနေ၈နာရီ လောက်မှပဲ နေဝင်ပါတယ်။ ၎င်းယေရှုသေတဲ့နေ့ မွန်းတည့်အချိန်မှာ နေမဝင်ဘဲ
ညနေမှာပဲ နေဝင်သွားပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဆက်ပြောဘို့မရှိပါဘူး။
ဒါကြောင့်
အာမုတ် ၈- ဟာ ဥပုသ်နေ့ ပယ်ဖျက်တဲ့အကြောင်း ဘုရားကပြောတာ မဟုတ်ပါ။ ဣသရေလလူတွေက
ဥပုသ်နေ့ကို ကောင်းစွာ မစောင့်ချင်ကြတဲ့အပြင်၊ ဥပုသ်နေ့မှာ စီးပွားရေးလုပ်ငန်း
လုပ်ကြတဲ့အတွက် ဘုရားသခင်က အမျက်ထွက်ပြီး၊ သူတို့ကောင်းစားချိန်၊ ပျော်မြူး
ချိန်မှာ မကောင်းသည့်ဘေးဒုက္ခရောက်စေတော်မူမယ်ဖြစ်တဲ့ အကြောင်းပြောခြင်း
ဖြစ်ပါတယ်။ ထို့နည်းတူ ဥပုသ်နေ့ကို စောင့်လို့မရအောင် သူတို့ကို အဆီးရီးယားနှင့်
ဘာဘီလုန်နိုင်ငံတွေရဲ့ကျွန်အဖြစ် ဖမ်းသွားဖို့ ပြောခဲ့ခြင်းဖြစ်ပါတယ်။ ဘုရားသခင် က
သူ့ရဲ့ဥပုသ်နေ့ကို အထူးကာကွယ်အရေးထားကြောင်း ပို၍နားလည်နိုင် ပါတယ်။ အာမုတ် ၈
ကိုသေချာစွာ ဖတ်ရင်နားလည်ကြမှာပါ။
အမေး။ ။ ဒါဆိုရင် အခုကျွန်တော်တအမေရိကန်နိုင်ငံမှာ
နေ့လည်အချိန်ဟာ မြန်မာနိုင်ငံမှာ ညဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့ ဥပုသ်နေ့ကို
မှန်ကန်စွာ စောင့်နိုင် ကြမှာလဲ။ ဥပုသ်နေ့ စောင့်တဲ့အချိန် ဘယ်လိုလုပ်
တူနိုင်ကြမှာလဲ။
အဖြေ။ ။ များစွာသောသူတွေဟာ ကျမ်းစာရဲ့ဥပုသ်နေ့သိပြီး၊
ငြင်းစရာမရှိပေမဲ့ ဘုရားရဲ့ သမ္မာတရားကိုလိုက်နာရန် စိတ်ဓာတ်မရှိကြပါဘူး။
ပုန်ကန်ဖို့နည်းလမ်း ရှာပြီး ဒီလိုမေးခွန်း မျိုးများကို မေးတတ်ကြတယ်။ ဒါပေမဲ့
အရာခပ်သိမ်းဖန်ဆင်းရှင် ဘုရားက ပထဝီကို ကျွန်တော်တို့ထက် ပိုပြီးသိကျွမ်းပါတယ်။
ဒါကြောင့် တစ်ကမ္ဘာ လုံးမှာရှိတဲ့လူအားလုံးက ဥပုသ်နေ့ကို
ပြဿနာမရှိဘဲစောင့်နိုင်ကြောင်းကို ကြိုတင် သိရှိပြီး၊ ဒီဥပုသ်နေ့ကို စောင့်ကြရန်
မပြောင်းလဲနိုင်တဲ့သူ့ပညတ်တော်မှာ ထားရှိခြင်းဖြစ်ပါတယ်။
အတိုနိုင်ဆုံး၊
အရိုးရှင်းဆုံးဖြစ်အောင်ဖြေကြားပါ့မယ်။ ကျွန်ုပ်တို့မှီတင်းနေ ထိုင်ရတဲ့ ကမ္ဘာဟာ
ပညာရှင်များတွေ့ရှိတဲ့အတိုင်း လုံးဝိုင်းပြီး၊ နေကိုပတ်တဲ့သူ့ လမ်းကြောင်း (Orbit)
အပေါ်မှာ သွားလျက်နေကို လှည့်ပတ်နေပါတယ်။ ၂၄ နာရီ အတွင်း တစ်ကြိမ်ကျ ဤကမ္ဘာဟာလည်း
လည်ပတ်နေပါတယ်။ အဲဒီအချိန်မှာ နေ့နှင့်ညတစ်ခါစီရှိပါတယ်။ ဒီလိုလည်ပတ်ရင်းနေကို
တစ်နှစ်မှာ တစ်ကြိမ်လှည့် ပတ်နေပါတယ်။ သခင်ယေရှုက ]တစ်နေ့တွင် (နေ့ခင်းပိုင်းတွင်)
တစ်ဆယ့် နှစ်နာရီရှိသည် မဟုတ်လော့} လို့ ပြောတယ် မဟုတ်လား (ယော ၁၁း၉)။ ၂၄-နာရီ တစ်ရက်မှာ
နေ့တစ်ခါညတစ်ခါ ရှိပါတယ်။ နံနက်နေထွက်ချိန် မှ ညနေ နေဝင် ချိန် အထိဟာ တစ်ရက်မဟုတ်
ပါဘူး။ တစ်ညလုံးနှင့် တစ်နေ့လုံး နှစ်ခုပေါင်း- နေဝင်ချိန် မှ နောက်
တစ်နေ့နေဝင်ချိန် အထိဟာတစ်ရက်လို့ ဆိုလိုချင်ပါတယ် (ဝတ် ၂၃း၃၂)။ နေ့တစ် ရက်
အတိုင်းအတာ နှင့် စပြီး ရေတွက်နည်းကို ပညာရှင်တွေက တွေ့ရှိကြ ပါတယ်။ Gမနနညတငခ့ မြို့ မှ ၁၈၀ ဒီဂရီကို ကြည့်ပြီး နေဝင်
နေထွက်ကို တိုင်းတာကြပါတယ်။ ဒီ ၂၄-နာရီအတွင်းမှာ ကမ္ဘာရဲ့ ဘယ်နေရာ၌မဆို လူတိုင်းက
တစ်ညနှင့် တစ်ရက်စီ ရရှိခံစားကြပါတယ်။ ပိုပြီးအချိန်ရရှိတာတို့၊ လျော့တာတို့
မရှိကြပါဘူး။ မြန်မာနိုင်ငံ မှာ ၂၄-နာရီ တစ်ရက်ရှိတဲ့အချိန်မှာ
အခြားတိုင်းနိုင်ငံမှာ ၂၅-နာရီတို့၊ ၂၆-နာရီတို့ မရှိပါဘူး။ ရှိတဲ့နေရာ တိုင်းမှာ
၂၄-နာရီ ရရှိ ကြပါတယ်။ နေရရှိတဲ့ ဘက်က နေ့ဖြစ်ပြီး၊ နေမရရှိတဲ့ဘက်ဟာ ညပဲ
ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီး ဟာ လုံးဝန်းနေလို့သာ နေ့နှင့်ညတာ
မတူညီကြတာပါ။ ဒါပေမဲ့ ၂၄-နာရီ အသုံးပြုတာ က တော့ အတူတူပဲဖြစ်ပါတယ်။
နောက်ပြီး
အခုသုံးနေတဲ့ပြက္ခဒိန်ဟာ တစ်မျိုးတည်းအသုံးပြုကြပါတယ်။ အားလုံးက ဒီပြက္ခဒိန်ကိုပဲ
သုံးကြပါတယ်။ ဥပမာ- အမေရိကနိုင်ငံမှာ ဒီဇင်ဘာ ၂၅-ရက် ခရစ္စမတ် နေ့မှာနေဖို့
မြန်မာပြည်ပြက္ခဒိန်မှာ ဒီဇင်ဘာ ၂၅-ရက်နေ့၌ ထွက်သွားရင် အမေရိက မှာလည်း ဒီဇင်ဘာ
၂၅-ရက်ပဲ ဖြစ်ပါတယ်။ ဥပုသ်နေ့မက တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ စသည်ဖြင့်
အခြားနေ့အားလုံးလဲ တစ်ကမ္ဘာလုံး အတူတူ ပင်ဖြစ်ပါတယ်။ ဒါပေမဲ့ မတူတာ တစ်ခုကတော့
စောစောကပြောခဲ့တဲ့အတိုင်း နေ့နှင့်ညသာဖြစ်ပါတယ်။ ၂၄-နာရီ အချိန် ရရှိတာ
အတူတူဖြစ်ပါတယ်။ ဘုရား သခင်က မောရှေထံမှာ- ]ခြောက်ရက်ပတ်လုံး အလုပ် လုပ်ရမည်။
သတ္တမနေ့ရက် သည် ငြိမ်ဝပ်စွာနေရသောနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုရသောနေ့ ဖြစ်၏} လို့ပြော ပါတယ် (ဝတ်ပြုရာ ၂၃း၃)။ ဒါကြောင့်
ကျွန်ုပ်တို့အသီးသီး မိမိ တို့ရှိတဲ့နေရာတိုင်းမှာ ဥပုသ်နေ့ကို
စောင့်ဖို့သာဖြစ်ပါတယ်။ ဘာမှ ရှုပ်ထွေးစရာမရှိပါဘူး။
အမေး။ ။ ခင်ဗျားပြောတာမှန်မယ့်ပုံပေါ်ပါတယ်။
အတော်ရှင်းသွားပါတယ်။ ဒါပေမဲ့ နား မလည် တဲ့အချက် နည်းနည်းရှိပါသေးတယ်။ တချို့က-
]လေယာဉ်နဲ့ပဲဖြစ်ဖြစ်၊ သင်္ဘောနဲ့ ပဲဖြစ်ဖြစ် အခြားနိုင်ငံကိုသွားတဲ့အခါ
ဥပုသ်နေ့ကို မှန်ကန်စွာ စောင့်လို့မရဘူး။ မြန်မာနိုင်ငံ ကနေ အနောက်ဘက်ကို
မျက်နှာမူပြီး တနင်္လာနေ့ မှာ နေရဲ့သွားနှုန်းနဲ့ လေယာဉ်ဖြင့် ခရီးသွားရင် အမေရိက
ရောက်တဲ့အခါ တနင်္လာနေ့ပဲ ဖြစ်ပါသေး တယ်။ ဒါကြောင့် ခရီးသွား တဲ့သူများအတွက်
မှန်ကန်စွာဥပုသ်နေ့ကို စောင့်လို့မရပါဘူး} လို့ပြောကြ တာ မှန်ပါ သလား။
အဖြေ။ ။ မမှန်ပါဘူး။ ကျွန်တော်လည်း
ကမ္ဘာ့နိုင်ငံအမျိုးမျိုးကို လည်ပတ်ခရီး သွားခဲ့ဖူး ပါတယ်။ အရှေ့အလယ်ပိုင်းနှင့်
အနောက်နိုင်ငံတွေကို ရောက်ဖူးပါတယ်။ အမေရိကနိုင်ငံကိုလည်းအခေါက်ခေါက်
ရောက်သွားဖူးပါတယ်။ ဥပုသ်စောင့်တဲ့ နေရာမှာဖြစ်စေ၊ တနင်္ဂ နွေနေ့နဲ့ ပတ်သက်၍ ဖြစ်စေ
ဘာပြဿနာမှ မကြုံဖူးပါဘူး။
တချို့က
အရှေ့ဘက်မျက်နှာမူပြီး ကမ္ဘာကိုပတ်တဲ့အခါ နေ့တစ်ရက်ပိုရတယ်။ အနောက်ဘက်သို့
မျက်နှာမူပြီး ကမ္ဘာကိုပတ်ရင် တစ်ရက်ပျောက်သွားတယ်လို့ ပြောကြတာ မှန်သလိုထင်ရပေမဲ့
မမှန်ပါဘူး။ အချိန်နေ့ရက်ပိုတာ လျော့တာ တကယ်တော့ မဖြစ် နိုင် ပါဘူး။
ဒီလိုရှင်းပြကြစို့။
ဥပမာ-
အမွှာပူး တစ်ညထဲမွေးဖွားလာတဲ့သူ မောင်ဖြူနှင့် မောင်မဲရှိတယ် ဆိုပါစို့။
သူတို့နှစ်ဦးဟာ ဇန္နဝါရီလ ၁-ရက် နေ့မှစ၍ ကမ္ဘာကိုလှည့်ပတ်ရန် ခရီးသွား ကြတယ်။
မောင်ဖြူဟာ အရှေ့ဘက်သို့မျက်နှာမူ၍ ခရီးထွက်ပြီး၊ မောင်မဲဟာ အနောက်ဘက်သို့
မျက်နှာမူ၍ ခရီးထွက်သွားတယ်။ လပေါင်းများစွာ ကမ္ဘာကိုပတ်
ပြီးနောက်ဆုံးမိမိတို့နေရာသို့ ပြန်ရောက်လာကြပါတယ်။ အရှေ့ဘက်ကို ခရီးထွက် သူဟာ
နေကိုရင်ဆိုင်၍ ဆန့်ကျင်လျက် သွားသည့်အတွက် တစ်ရက်အတွက်
နောက်ထပ်တစ်ရက်ပေါင်းထည့်ဖို့လိုသလိုပေါ်နေပါတယ်။ အနောက်ဘက်သို့ ခရီး
ထွက်သူဟာနေနှင့်အတူယှဉ်၍ သွားတဲ့အတွက် နေ့ရက် တစ်ရက်နှုတ်ဖို့လိုသလို ပေါ်နေတယ်။
သူတို့စထွက်လာတဲ့မြို့နေရာသို့ အတူတကွ ပြန် ရောက်လာတဲ့အခါ မှာ
အရှေ့ဘက်ကိုထွက်တဲ့မောင်ဖြူဟာ အနောက်ဖက်ကို ထွက်တဲ့ မောင်မဲထက်
အသက်ပိုကြီးမယ်လို့ထင်သလား။ တကယ်ပဲ သူတို့ရဲ့ခရီးစဉ်ကြောင့် အသက်ကွာ ကြမလား။
ဒီလိုနေ့ရက်ပိုတာ လျော့တာတကယ်ရှိနိုင်ရင် အသက်ကွာကြမှာ ဖြစ်ပါတယ်။
ထိုသို့
ခဏခဏခရီးထွက်ကြမယ်ဆိုရင် အရှေ့ဘက်ကို ခရီးထွက်တဲ့ မောင်ဖြူ ဟာ အနောက်ဘက်ကို
ခရီးထွက်တဲ့ မောင်မဲရဲ့ဖခင်အရွယ်လောက်ဖြစ်လာနိုင် မှာဖြစ်ပါတယ်။ ဒါပေမဲ့
ဒီအမွှာညီအကို ဟာ ကမ္ဘာကိုပတ်ပြီး ခရီးသွားတဲ့ အတွက် ကြောင့်တော့ ဘယ် နည်း နဲ့မျှ
အသက်ကွာနိုင် စရာအကြောင်း မရှိပါ ဘူး။ ဒါကြောင့် ဒီဥပမာက အချိန်ဟာ ပိုရ တာ၊
ပိုလျော့တာ မရှိနိုင်ဘူးဆိုတာ ရှင်းလင်း စွာသိနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့
ကမ္ဘာမြေကြီးဟာ တစ်ကြိမ်လည်ပတ်တိုင်း ဘယ်နေ ရာဒေသ၌နေသည်ဖြစ်စေ ၂၄-နာရီအချိန်ကို လူ
အား လုံး က ရရှိပါတယ်။ ကမ္ဘာကို အရှေ့ဖက်ကနေဖြစ်စေ၊ အနောက်ဖက်ကနေဖြစ်စေ
ခရီးသွားရင် တစ်ရက်အတွင်း ရှိတဲ့အချိန်နာရီကို ရေတွက်ပြီး မိမိတို့နေရာတိုင်းမှာ
အချိန်ကို ညှိလို့ရပါတယ်။
ဥပမာ
တစ်ခုပြန်ပေးပါစို့။ ရန်ကုန်ကနေ လူတစ်ယောက်ဟာအရှေ့ဘက်သို့ ခရီးထွက်၍ ဆယ်ရက်အတွင်း
ကမ္ဘာကိုတစ်ပတ်ပတ်လိုက်သည်။ အရှေ့ဘက်သို့ ခရီးသွားသည့်အတွက်
မြေကြီးလည်ပတ်တဲ့အတိုင်းခရီးသွားပါတယ်။ ကမ္ဘာကို တစ်ပတ်ပတ်ပြီး
ရန်ကုန်သို့ပြန်ရောက် လာတဲ့အခါမှာ ရန်ကုန်မှာနေတဲ့ သူများက လည်း ဆယ်ရက်အချိန်
ရခဲ့ကြပါတယ်။ သူခရီးသွား တဲ့အချိန်နဲ့အတူတူပဲ ဖြစ်ပါ တယ်။ ဒါပေမဲ့ ဆယ်ရက်အတွင်း
မြေကြီးကိုတစ်ခါပတ်ခဲ့ ပါတယ်။ ရန်ကုန်မှာ နေတဲ့ သူတွေထက် တစ်ရက်ပိုရသလား။ မရပါဘူး။
ထိုနည်းတူ အနောက် ဘက်သို့ ခရီးသွားလျှင်လည်း ကမ္ဘာလည်ပတ်တာကို ဆန့်ကျင်ပေမဲ့ တစ်ရက်ရှုံးမသွား
ပါဘူး။
အခြားဥပမာပြန်ပေးပါစို့။
မီးရထားတစ်စီးဟာ တစ်မိုင်အရှည်ရှိတယ်ဆိုပါစို့။ လူရဲ့ သွားနှုန်းနှင့်
တစ်မိုင်ခရီးသွားလိုက်ပါတယ်။ ဆိုလိုတာက ၎င်းရထားရဲ့ဦးခေါင်း ဆိုက်တဲ့ နေရာကို
အမြီးဖျားဟာစိုက်လာပါတယ်။ အဲဒီလိုသွားတဲ့အခါ ရထားဦး ခေါင်းမှာ ရပ်တဲ့ လူတစ်ယောက်ဟာ
၎င်းရထားသွားနှုန်းနဲ့ပဲ ရထားရဲ့ အမြီးဖျားသို့ ဦးတည်ပြီး လမ်းလျှောက်လိုက်ပါတယ်။
တစ်ချိန်တည်းမှာ ရထားမြီးဖျားမှာရှိတဲ့ အခြားလူတစ်ယောက်လည်း ၎င်းရထားသွားနှုန်းနဲ့
ရထားဦးခေါင်းဘက်သို့ လျှောက်သွားပါတယ်။ ဒီလူနှစ်ယောက်ဟာ ရထားသွားနှုန်းနဲ့
အတူတူသွားကြတဲ့ အတွက် ရထားရပ်တဲ့အခါ သူတို့ဟာ တစ်မိုင်စီခရီးသွားကြပါတယ်။
နောက်ပြီး ရထားရဲ့အစွန်ဖျားတစ်ခုစီကိုလည်း အတူတူရောက်သွားကြပါတယ်။ ရထားက
ငါးမိနစ်အချိန်သွားသလို သူတို့နှစ်ဦးလည်း ငါး
မိနစ်စီ အချိန်သွားကြပါတယ်။ ရထားရဲ့အမြီးပိုင်း မှစ၍
လျှောက်လာတဲ့သူဟာ သူစထွက်တဲ့ နေရာ မှ ရပ်သွားတဲ့နေရာအထိ နှစ်မိုင်ခရီးသွားခဲ့ပါ
တယ်။ ဒီလူနှစ်ယောက်ဟာ သူတို့သွား ခဲ့တဲ့ ခရီး
အရှည်နှင့်သွားတဲ့အချိန်အတူတူဖြစ်သော်လည်း တစ်ယောက်က ရထားဦးတည်တဲ့ နေရာဘက်ကို
သွားတဲ့အတွက် သူစထွက်တဲ့ နေရာနှင့် ဆုံးတဲ့နေရာဟာ နှစ်မိုင်ရှိပါတယ်။
အခြားတစ်ယောက်ကတော့ ရထားနှင့် ဆန့်ကျင်ဘက်သွားတဲ့အတွက် သူခြေ လှမ်းသွားသော်လည်း
မိမိနေရပ်၌သာရှိ နေသေးတယ်။ ဒါဆိုရင် ခရီးအဝေးကို ရွေ့သွားတဲ့ သူဟာအချိန်ကို
ပိုရရှိပြီး၊ မရွေ့ သွားတဲ့သူဟာ အချိန်ဆုံးရှုံးသွားသလား။ ဟုတ်မှန်ပုံပေါ်
သော်လည်း မဟုတ် မမှန် ပါဘူး။
အခြားဥပမာ
ကိုအသုံးပြုပြီး ရှင်းသွားအောင် ဆက်ရှင်းကြပါစို့။ ရန်ကုန်မြို့က နေ တနင်္လာ
နေ့မနက်မှာ ကမ္ဘာလည်ပတ်နှုန်းနှင့် အနောက်ဘက် မျက်နှာမူပြီး ကမ္ဘာကိုပတ်၍
ခရီးသွားတယ် ဆိုပါစို့။ ကမ္ဘာလည်ပတ်နှုန်းနှင့်သွားတဲ့အတွက် ကမ္ဘာကိုတစ်ပတ်ပတ်ပြီး
ရန်ကုန်မြို့ကိုပြန်ရောက်လာပေမဲ့ တနင်္လာနေ့ မနက်ပဲ ထင်နေ မယ်ဖြစ်ပါတယ်။ နေဝင် တာ
မတွေ့ရလို့ဖြစ်ပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့မှာ ရှိတဲ့လူတွေ အတွက် နေ့ပိုင်းနှင့်
ညပိုင်း ၂၄ နာရီ အသုံးပြုခဲ့ကြတဲ့အတွက် အင်္ဂါနေ့ နံနက်အချိန် ဖြစ်သွားပါပြီ။
ကျွန်တော်တို့ လေယာဉ်နှင့် ခရီးသွားတဲ့သူတွေ အတွက် တနင်္လာနေ့မနက်လို့
ထင်ရတဲ့နေ့ဟာ သူတို့ အတွက် အင်္ဂါနေ့ဖြစ် နေပါပြီ။ ဒါဆိုရင် ကျွန်တော်တို့
ခရီးသွားတဲ့ သူတွေက တစ်ရက်ဆုံးရှုံး သွားတာလား။ မရှုံးသွား ပါဘူး။ သူတို့က ၂၄
နာရီအချိန်သုံးခဲ့သလို ကျွန်တော်တို့ကလည်း ၂၄-နာရီပဲ သုံးခဲ့ပါ တယ်။
ရှုံးသွားတဲ့အချိန်မရှိပါဘူး။ အချိန်ပို၍မြတ်တာလဲ မရှိပါဘူး။ ဒါပေမဲ့ခရီးသွား ရာမှ
ရန်ကုန် ရောက်လာတဲ့အခါ ကျွန်တော်တို့က အင်္ဂါနေ့ကို လက်ခံရမှာဖြစ်ပါ တယ်။
ကမ္ဘာ့ဘယ်နေရာမှာမဆိုနေတဲ့အခါ
ကမ္ဘာမြေကြီးတစ်ခါလည်ပတ်တိုင်း ၂၄-နာရီအချိန်ကို အားလုံးက အတူတူအသုံးပြုကြပါတယ်။
အချိန်ကို ပို၍မြတ်တယ်၊ ပို၍ရှုံးတယ်ဆိုတာမရှိပါဘူး။ ကမ္ဘာကိုသင်္ဘောများနှင့်
ပတ်တဲ့လူများကလည်း အခက်အခဲ၊ ပြဿနာ မတွေ့ကြပါဘူး။ သူတို့အသုံးပြုတဲ့ပြက္ခဒိန်ကိုလည်း
မထိခိုက် ပါဘူး။ ကမ္ဘာပတ်ကြရင်လဲ သူတို့ရောက်တဲ့နေရာမှာ ရှိကြတဲ့လူတွေအသုံးပြု
တဲ့နေ့ရက်တွက်ပုံကို လက်ခံပြီး နေ့ရက် အတူတူ အသုံးပြုကြပါတယ်။ ဒါကြောင့်
သမ္မာကျမ်းစာက ]သင်တို့ရှိတဲ့နေရာတိုင်းမှာ ဥပုသ်စောင့်ရကြမည်} လို့ပဲပြောပါ တယ်။
ကျွန်တော်တို့အားလုံးမိမိရှိနေကြတဲ့ နေရာမှာပဲ ဥပုသ်နေ့ကိုစောင့်ကြရင် ဘာမှ
ပြဿနာမရှိပါဘူး။ ထိုနည်းတူ တနင်္ဂနွေနေ့ကိုစောင့်တဲ့ သူတွေအတွက် လည်း
ပြဿနာမရှိပါဘူး။ သဘောပေါက်ပြီလား။
အမေး။ ။ သဘောပေါက်ပါပြီ။ ဒါပေမဲ့ မေးစရာရှိပါသေးတယ်။
ကျွန်တော် တို့ရဲ့ပညာရှင်များက မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းများမှာ
ခြောက်လ လုံးလုံးနေမဝင်ဘဲ ခြောက်လလုံးလုံးနေကို မတွေ့ရဘူးလို့ ပြောကြပါတယ်။ ဒါဆို
ရင်အဲဒီနေရာတွေမှာ နေထိုင်ကြတဲ့ လူတွေကဥပုသ်နေ့ကို မှန်ကန်စွာ စောင့်နိုင်ကြ
မှာလား။
အဖြေ။ ။ မေးသင့်တဲ့မေးခွန်းထုတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒီမေးခွန်းမျိုး က မေးလေ့ရှိကြပါတယ်။ ဒါပေမဲ့ ရှင်းပြခဲ့တဲ့အတိုင်းပဲ
နေ့ရက်တစ်ရက်ကို ၂၄-နာရီနှင့် ခွဲထားပါတယ်။
အဲဒီဝင်ရိုးစွန်းလူနေနိုင်တဲ့နေရာတွေမှာ သတ္တမနေ့ အသင်း သားများရှိကြ ပါတယ်။
နောက်တနင်္ဂနွေကို စောင့်ကြတဲ့သူတွေလဲ ရှိကြပါတယ်။ သူတို့နှင့် တယ်လီဖုန်း တို့၊ (Internet) တို့ကိုအသုံးပြု၍ မကြာခဏ
စကားပြောအသက်ရှင်ကြပါတယ်။ အစိုးရ အမှုထမ်းများနှင့် ပုဂ္ဂလိက အလုပ်တွေကို
လုပ်ကြတဲ့သူတွေဟာ နေ့စားနဲ့အလုပ်လုပ် ကြပြီး၊ လုပ်အားခ ကိုလည်း တွက်လေ့
ရှိကြပါတယ်။ လစာလည်း အခု ကျွန်တော်တို့ သုံးတဲ့ ပြက္ခဒိန်ကိုပဲ အသုံးပြုပြီး၊
ရေတွက်တဲ့ အတွက် ဥပုသ်နေ့စောင့်တဲ့အခါ ပြဿနာမရှိကြ ပါဘူး။ ဘုရားသခင်က ဒါတွေကို
အားလုံးကြိုတင်ပြင်ဆင် သိထားခဲ့ပါပြီ။ ဒါကြောင့် ဘယ်သူမှ ဥပုသ်နေ့စောင့်ခြင်း
အရာမှာ ပြဿနာမရှိကြရန် အပြည်ပြည်ဆိုင်ရာ နေ့ရက်စည်းမျဉ်း (Interna- tional Date Line) ကို လည်း ကြိုတင်သတ်မှတ် ပေးထားခဲ့ ပါတယ်။ ကျွန်တော်
တို့ ရှိတဲ့နေရာတိုင်း မှာ ပြဿနာ မရှိဘဲ ဥပုသ်နေ့ကို စောင့်နိုင် ကြပါတယ်။ ထို
နည်း တူ တနင်္ဂနွေနေ့ စောင့်တဲ့ သူများက လည်း ပြဿနာ မရှိကြပါဘူး။ သုံးတဲ့
ပြက္ခဒိန် ဟာ အတူတူပါပဲ။ သဘောပေါက်ပြီလား။
အမေး။ ။ကျွန်တော်တို့ခေါင်းဆောင်တွေက သတ္တမနေ့ဥပုသ်ဟာ
ရှေးခေတ်တုန်း ကတော့ ဥပုသ်နေ့အမှန်ဖြစ်ပါတယ်။ ပညတ်တော် ၁၀ပါးမှာလည်း ပါဝင်ပါတယ်။
ဒါပေမဲ့ အခုဓမ္မ သစ်ခေတ်မှာ ဥပုသ်နေ့ကို တနင်္ဂနွေနေ့နှင့် ဘုရားကအစားထိုး
ပေးခဲ့ပါပြီ။ ]ထို့ကြောင့်၊ အချို့တို့သည် ဝင်ရကြ၏။ ဝမ်းမြောက်စရာသတင်းကို ရှေ့
ဦးစွားကြားရသော သူတို့သည် မယုံကြည်သောကြောင့် မဝင်ရကြပြီ။}
]တဖန်တုံ၊
ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည် ဖြစ်၍
ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်ဟု ဆိုသည်ဖြစ်၍၊ ဤမျှလောက်ကာလကြာ ပြီးမှ၊ ယနေ့ ဟု
ဒါဝိတ်ကျမ်းစာ၌ လာသောအခါ၊ တစ်စုံတစ်ခုသောနေ့ရက်ကို အဘယ်ဆိုဘွယ်ရှိ သနည်း။} လို့ပေါလုက ပြောသလို (ဟေဗြဲ ၄း၆-၇)၊ အခြား နေ့ရက်ကို
ဘုရားက သတ်မှတ် ပါတယ်၊ အဲဒီနေ့ဟာ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။ နောက်ပြီး၊ ]Sun} ဆိုတာ
]နေ} ကို ပြောတာ ဖြစ်ပါတယ်။
အဲဒါဟာ ယေရှုကို ပြောတာဖြစ်ပါတယ်။ မာလခိ ၄း၂- မှာ ]ငါ၏ နာမတော်ကို ကြောက်ရွံ့သော
သင်တို့၌ကား၊ တရားတော်နေမင်းသည် အနာပျောက်စေသော အတောင်တို့နှင့်
ပေါ်ထွန်းတော်မူမည်} လို့ပြောသလို
]တရားတော်နေမင်း} (Sun of Righteous-ness) ဟာယေရှု ဖြစ်ပါတယ်။ ဆိုတော့
တနင်္ဂနွေနေ့ဟာ သူရှင်ပြန် ထမြောက်တဲ့ နေ့လည်းဖြစ်တယ်။ ယေရှုရဲ့
သန့်ရှင်းတဲ့နေ့မို့လို့ ခရစ်ယာန်တွေက ဥပုသ်နေ့အစား စောင့်ရတော့မယ်လို့ ပြောကြတာ
မှန်ပါသလား။
အဖြေ။ ။ စောစောကပြောခဲ့သလို
ဒါဟာမှားတဲ့သွန်သင်ချက်ဖြစ်ပါတယ်။ ဘုရား သခင်က သူ့ရဲ့သန့်ရှင်းတဲ့ပညတ်တော်
၁၀-ပါးထဲမှာ သူရေးသားထည့်သွင်းတဲ့ ဥပုသ်နေ့ကို ပြောင်းလဲဘို့ မလုပ်နိုင်
တော့ပါဘူး။ ဒီပညတ်ထဲက စာလုံး ဗန္ဓု တစ်လုံးတောင်မှ ပယ်ဖျက် ပြောင်းလဲလို့ မရပါဘူး။
နောက်ပြီး ဟေဗြဲ ၄း၇ မှာ - ]ယနေ့} ဆိုပြီး
]တစ်စုံတစ်ခုသော နေ့ ရက်ကို သေချာစွာ မှတ်သားသတည်း} ဆိုတာ ဥပုသ် နေ့အစား တနင်္ဂနွေနေ့ကို မှတ်သားတာ မဟုတ်ပါဘူး။
ဣသရေလ လူမျိုးများနှင့် ယောရှုက ကာနန်တိုင်းပြည်မှာ ချမ်းသာ (အနားယူ)
မယ့်အကြောင်း၊ သူတို့ဟာ မယုံကြည်၊ စကားနားမထောင်တဲ့အတွက် ယောရှုက သူတို့ကို
ကာနန်သို့ မခေါ်ဆောင်နိုင်တဲ့ အကြောင်း၊ ဒါကြောင့် သူတို့ဟာ ယေရှု၌
ချမ်းသာခြင်းမရနိုင် ကြောင်း ပြောတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လူတချို့ ၎င်းချမ်းသာ
အနားယူခြင်းမှာ ဝင်သွားကြမှာ ဖြစ်ကြောင်း ၎င်းတို့အတွက် အခြားသောနေ့ရက် အချိန်
(အခွင့် အလမ်း) ပြန်ပေးကြောင်းကိုပြောတာ ဖြစ်ပါတယ်။ အခြားဥပုသ်နေ့ကို ပေးတာ
မဟုတ်ပါဘူး။ ဆက်ပြီး ဖတ်ရင် ပိုရှင်းလာပါတယ်။
]ယနေ့သင်တို့သည်
ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည်ဖြစ်၍ ခိုင်မာ သော စိတ်နှလုံးမရှိကြနှင့်ဟု
ဆိုသည်ဖြစ်၍ ယေရှုသည် ထိုသူတို့ကို ချမ်းသာပေး သည် မှန် လျှင်၊ ထိုနောက်
အခြားသောနေ့ရက်ကို အဘယ်ဆိုဘွယ်ရှိသနည်း။ ထို့ကြောင့် ဘုရားသခင်၏
လူတို့အဘို့အလိုငှါ ငြိမ်ဝပ် (အနားယူ)ခြင်း ချမ်းသာတစ် မျိုးသည် ကျန်ရစ် (ရှိ)
သေး၏} လို့ပြောပါတယ် (ဟေဗြဲ
၄း၇-၉)။ အင်္ဂလိပ်ကျမ်းစာ မှာ ပိုရှင်းပါတယ် (So Then, a Sabbath rest still
remains for the people of God) (Revised Standard Version.
Catholic Edition). (There remains, then a Sabbath
rest for the people of God) (New International Version) အရ အခြားသောဥပုသ်နေ့ကို ဆိုဘွယ်ရာမရှိပါဘူး။
Tသိပေ နညါlငျ့ ဠနမျငသည မှာ ပိုရှင်း ပါ တယ်- (As it is, however, there
still remains for God's people a rest like God's resting on the Seventh day) ဆိုပြီး ]ဘုရားသခင်သည် သတ္တမနေ့ ဥပုသ်နေ့ မှာ
နားသလို ဘုရား၏ လူများတွက် နားရန် ရှိပါသေးတယ်} လို့ ပြောထားပါတယ်။
နောက်ပြီးနေ
(Sun) ဟာ မယုံကြည်သူများရဲ့ဘုရားဖြစ်ပါတယ်။
မဖြောင့်မှန် ခြင်း နှင့် အပြစ်အားလုံးအခြေခံတဲ့အရင်းအမြစ်ဖြစ်ပါတယ်။ ဒါပေမဲ့
လောကသား အတွက် အကြီး မားဆုံးသောဘုရား၊ ဘယ်သူမှမနိုင်တဲ့ဘုရား (Invincible god) လို့ ပြောတဲ့အရာဖြစ်ပါတယ်။ အဲဒီနေဟာ ဘုရားမဟုတ် ယေရှုက
ဖန်ဆင်း ထားတဲ့ အရာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ကို စောင့်ခြင်းဟာလည်း ယေရှုတည်ထောင်တဲ့
အရာလည်း မဟုတ်ပါ။ ပြောခဲ့သလို တနင်္ဂနွေ နေ့ကိုစောင့်တာဟာ ရောမမြို့မှစတင် လာပြီး
တဖြေးဖြေးခရစ်ယာန်အထဲကို ဝင်လာတာ ဖြစ်ပါတယ်။ သူ့အသက်ကို သတ်တဲ့သူများမှ
စတင်ခဲ့ပါတယ်။ အင်မတန် ညစ်ညူးပါတယ်။ ဒါကြောင့် နေကို ကိုးကွယ်တဲ့သူအတွက်
နေကိုဖြောင့်မှန်တဲ့ဘုရား၊ အကြီးမားဆုံးလို့ထင်ပေမဲ့ တရားတော်နေမင်းအစစ်အမှန်ဟာ
သခင်ယေရှုပါပဲဆိုပြီး မာလခိကရေးသား ထားခဲ့ ပါတယ်။ နေကိုကိုးကွယ်သူများကို
ရှုတ်ချရန်ပြောတဲ့စကားပါ။
ယေရှုဟာ
ဥပုသ်နေ့မှာ သချုØင်း၌အနားယူခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာတော့ လုပ်ငန်းပြန်စဘို့ သေခြင်းကိုအောင်မြင်ပြီး
ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ မယုံကြည် သူများရဲ့ ဘုရားကို ကိုးကွယ်တဲ့နေ့ (Sunday) မှာ အလုပ်စဘို့ ရှင်ပြန်ထမြောက် ခဲ့ပါတယ်။
ယေရှုရှင်ပြန် ထမြောက်တဲ့နေ့ကိုစောင့်ရမယ်ဆိုရင် တပည့်တော်များက စောင့်ခဲ့ကြမှာ
ဖြစ်ပါတယ်။ ယေရှုကလည်း စောင့်ဘို့ပြောမှာသေချာပါတယ်။ ဒါပေမဲ့ ကျမ်းစာထဲမှာ
တနင်္ဂနွေနေ့ကို စောင့်ဖို့ ၎င်းနေ့မှာ အလုပ်မှအနားယူဖို့၊ ဝတ်ပြုခြင်းလုပ်ဖို့
ကျမ်းစာကတစ်ချက်မှ မသွန်သင် ပေးပါဘူး။ ဘုရားသခင် ရဲ့လူများ၊ သားသမီးများအတွက်
သတ္တမ နေ့ဥပုသ်မှာသာ အနားယူ ငြိမ်သက်ချမ်း သာခြင်း၊ ဘုရားသခင်ကို ချီးမွမ်း ဝတ်ပြု
ကိုးကွယ်ခြင်း လုပ်ဖို့ ဆက်လက်ရှိ နေပါ တယ်လို့ သမ္မာကျမ်းစာက ပြောပါတယ်။
နားလည်ရှင်းသွားပြီး၊ သင်သည်လည်း ထိုနည်းစွာ ဘုရားသခင်ရဲ့ နှုတ်ထွက်ကို ယုံ ကြည်
လိုက်နာမယ် လို့ မျှော်လင့်ပါတယ်။
(ဤစာဖတ်၍နားထောင်သူအားလုံး ဘုရားသခင်ကောင်းကြီးချပေးပါစေ။
အာမင်။)
Myanmar 3AM မှပြန်လည်ထုတ်ဝေသည်။
.jpg)
No comments:
Post a Comment