အခန်း - ၅၇
ရိုသေထိုက်သော မင်းအာဏာ
၁။ အစိုးရသောမင်းအားဏာစက်ကို မည်သူတို့သည် ဝန်ခံရကြမည်နည်း။
အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ၊ အကြောင်းမူကား ဘုရားသခင်၏ အခွင့်မရှိလျှင် မင်းအာဏာစက်မရှိ။ (ရော၊ ၁၃း၁။)
၂။ မင်းအာဏာကိုဆန်သောသူသည် မည်သည့်အရာကို ဆန်သောသူဖြစ်သနည်း။
ထိုကြောင့်မင်းအာဏာကိုဆန်သောသူသည် ဘုရားသခင်စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝင်ကို ခံရမည်။ (ငယ်၊ ၂။)
၃။ မည်သူအဖို့ပညတ်တရားထားသနည်း။
ပညတ်တရားကို တရားသဖြင့်ကျင့်သော သူအဖို့မထား။ မတရားသဖြင့် ကျင့်သောသူ၊ နားမထောင်သော သူတို့အဖို့ ပညတ်တရားကို ထားသည်။ (၁တိမောသ၊ ၁း၈-၁၀။)
၄။ အစိုးရသောမင်းအာဏာကိုရိုသေရန် ခရစ်ယာန်များအား မည်ကဲ့သို့ သွန်သင်ဩဝါဒပေးထားသနည်း။
လူသည် အထွတ်အမြတ်အာဏာစက်၏ အုပ်စိုးခြင်းကို ဝန်ခံစေခြင်းငှာ လည်းကောင်း၊ မင်း၏စကားကို နားထောင်စေခြင်းငှာ လည်းကောင်း၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြု၍ အသင့်ဖြစ်စေခြင်းငှာလည်းကောင်း သတိပေးလော့။ (တိတု၊ ၃း၁။) ဘုရားသခင်၏ မျက်နှာတော်ကိုထောက်လျက် အထွတ်အမြတ်တည်းဟူသော ရှင်ဘုရင်ဖြစ်စေ၊ လူဆိုးတို့ကို ဒဏ်စီရင်စေခြင်းငှာလည်းကောင်း၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းငှာလည်းကောင်း ရှင်ဘုရင်ခန့်ထားသော ဝန်မင်းဖြစ်စေ၊ လူတို့တွင် စီရင်ခန့်ထားသမျှသောမင်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ ခပ်သိမ်းသော သူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကိုချစ်ကြလော့။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်းရှိကြလော့။ (၁ပေတရု၊ ၂း၁၃-၁၇။) ထိုအကြောင်းကြောင့်အခွန်အတုတ်ကို ပေးကြလော့။ မင်းတို့သည် ဘုရားသခင်၏ အမှုစောင့်ဖြစ်၍ အမှုတော်ကို အမြဲထမ်းကြ၏။ ထိုကြောင့် လူအသီးသီးခံထိုက်သည် အတိုင်းပေးကြလော့။ အခွန်ကိုခံထိုက်သော သူအားအခွန်ကိုလည်းကောင်း၊ အကောက်ကိုခံထိုက်သော သူအားအကောက်ကိုလည်းကောင်း ပေးကြလော့။ ကြောက်ထိုက်သောသူကို ကြောက်ကြလော့။ ရိုသေထိုက်သော သူကိုရိုသေကြလော့။ (ရောမ၊ ၁၃း၆၊၇။)
၅။ ဝတ်ပြုကိုးကွယ်မှုနှင့်ပတ်သက်၍ တစ်ခါကနေဗုခဒ်နေဇာမင်းကြီးသည် မည်ကဲ့သို့အမိန့်ထုတ်သနည်း။
ထိုအခါသံတော်ဆင့်တစ်ယောက်က အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူအမျိုးမျိုးတို့၊ တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တူရိယာမျိုးတီးမှုတ်ခြင်းအသံကိုကြားသောအခါ နေဗုခဒ်နေဇာမင်းကြီး တည်ထားတော်မူသော ရွှေရုပ်တုကို ပျပ်ဝပ်ကိုးကွယ် ရကြမည်။ မပျပ်ဝပ်မကိုးကွယ်ဘဲ နေသောသူ မည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ချင်းချပစ်စေဟု အမိန့်တော်မြတ်ရှိသည် ဟစ်ကြော်၏။ (ဒံယေလ၊ ၃း၄-၆။)
၆။ သူတို့သည် အမိန့်တော်အတိုင်း ရွှေရုပ်တုကိုအဘယ်ကြောင့် ဝတ်မပြုမကိုးကွယ်သနည်းဟု မင်းကြီးကမေးသောအခါ ဟေဗြဲလူသုံးယောက်ဖြစ်သော ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့က မည်ကဲ့သို့ပြန်ပြောကြသနည်း။
ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကလည်း၊ အရှင်မင်းကြီးနေဗုခဒ်နေဇာ၊ အကျွန်ုပ်တို့သည် ဤအမှု၌ ပြန်လျှောက်ရမည်အကြောင်းမရှိပါ။ အကျွန်ုပ်တို ကိုးကွယ်သောဘုရားသခင်သည် မီးလောင်လျက်ရှိသော မီးဖိုင်ထဲက အကျွန်ုပ်တို့ ကယ်လွှတ်နိုင်တော်မူ၏။ ကိုယ်တော်၏လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်။ (ဒံ၊ ၃း၁၆-၁၈။)
၇။ သူတို့သည် အံ့ဩဖွယ် ကယ်ဆယ်ခြင်းခံရပြီးနောက် နေဗုခဒ်နေဇာမင်းကြီးက မည်ကဲ့သို့အမိန့်ပေးသနည်း။
နေဗုခဒ်နေဇာမင်းကြီးကလည်း၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ မိမိတို့ဘုရားမှတစ်ပါး အခြားသောဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဘုရားသခင်ကို ယုံကြည်ကိုးစား၍ မင်းကြီးအမိန့်တော်ကို ဆန်လျက် မိမိတို့ကိုယ်တိုင်ပင် အပ်နှံသော ကျွန်တော်ရင်းရှိရာသို့ ထိုဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ကယ်တင်တော်မူပြီဟု မိန့်တော်မူ၏။ (ငယ်၊ ၂၈။)
မှတ်ချက်။ ဤလူတို့အား မီးထဲ၌ ကယ်ဆယ်လျက် ထိုနည်းအားဖြင့် မင်းကြီး၏ အမိန့်တော်ကို ဆန်စေခြင်းဖြင့် ဘာသာရေးနှင့် စပ်ဆိုင်သောပြဿနာတို့တွင် အစိုးရသော အာဏာစက်သည် ဘာမျှပြုလုပ်ပိုင်ခွင့်မရှိနိုင်ကြောင်း ကိုလည်းကောင်း၊ ဘာသာရေးသည် အစိုးရဥပဒေများနှင့် လုံး၀မသက်ဆိုင်ကြောင်းကိုလည်းကောင်း၊ လူတိုင်းသည် မိမိတို့၏ အသိဉာဏ်အတိုင်းကိုးကွယ်၊ သို့မဟုတ် မကိုးကွယ်ဘဲနေကြောင်းကို လည်းကောင်း ထိုအခါက ကြီးကျယ်ခမ်းနားသော ဤနိုင်ငံကြီးအားဖြင့် ဘုရားသခင်က လောကတစ်ဝန်းလုံးအား ထင်ရှားစွားဖေါ်ပြလျက် နေတော်မူ၏။ ဘုရားသခင်ခန့်ထားတော်မူသော်လည်း အစိုးရအာဏာစက်သည် ဘာသာရေးတွင် လူတို့အား သွန်သင်လမ်းပြရန် သို့မဟုတ် ညှဉ်းဆဲရန်အခွင့်မရနိုင်ဟူသောအချက်ကို ဤအကြောင်းအရာမှ သင်ရန်စာ ရရှိနိုင်သည်။
၈။ သခင်ခရစ်တော်သည် မိမိ၏တပည့်တော်များထဲမှ ခွဲခွာသွားတော်မမူမီမည်ကဲ့သို့ အမိန့်ပေးတော်မူခဲ့သနည်း။
သင်တို့သည် လောကနိုင်ငံအရပ်ရပ်ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။ (မာ၊ ၁၆း၁၅။)
၉။ များမကြာမီယုဒလွှတ်တော်က မည်ကဲ့သို့ဆန့်ကျင်ဘက်အမိန့်ကို သူတို့အားပေးသနည်း။
တမန်တော်တို့ကိုခေါ်၍ ယေရှု၏နာမကို အမှီပြုလျက် ဟောပြောသွန်သင်ခြင်းကို အလျှင်းမပြုနှင့်ဟု အမိန့်ရှိကြ၏။ (တမန်တော်၊ ၄း၁၈။)
၁၀။ တမန်တော်များက မည်ကဲ့သို့ပြန်၍ပြောကြသနည်း။
ပေတရုနှင့်အခြားသော တမန်တော်တို့ကလည်း လူ၏စကားထက် ဘုရားသခင်၏ စကားတော်ကို နားထောင်သင့်ပါ၏ဟု ပြောဆိုကြ၏။ (တမန်တော်၊ ၅း၂၉။)
မှတ်ချက်။ ဘုရားသခင်၏အလိုတော်နှင့်ညီလျှင် လူတို့၏အုပ်စိုးခြင်းအာဏာစက် အပေါင်းတို့ကို နားထောင်ရကြမည်။ ဤအုပ်စိုးခြင်းအာဏာစက်တို့သည် ဖြစ်ပျက်သော အမှုအခင်းတို့၏ အခြေအနေလိုက်၍ ရှိသင့်ရှိအပ်သော အရာများဖြစ်ကြ၏။ ၎င်းပြင် ဘုရားသခင်၏ အလိုတော်ညီညွတ်အားဖြင့် ရှိသင့်ကြောင်း ထင်ရှား၏။ ထိုကြောင့် အစိုးရဥပဒေများကို အစဉ်သဖြင့် လိုက်နာရကြမည်ဟု ထင်မှတ်ခဲ့ကြ၍ အကျင့်စရိတ္တနှင့် သက်ဆိုင်လျက် ဤဥပဒေတစ်စုံတစ်ခုကိုပြစ်မှား၍ နားမထောင်လျှင် အပြစ်ဒုစရိုက်ဖြစ်လိမ့်မည်။ လူတို့၏ ဥပဒေကိုနားထာင်ခြင်းသည် မကြာခဏဘုရားသခင်နှင့် လူကိုပြစ်မှားခြင်းနှင့်လည်း သက်ဆိုင်သည်မှာမှန်ပေသည်။ ၎င်းတို့ကိုနာမထောင်သင့်ကြောင်း မငြင်းဆိုနိုင်လောက်အောင် ထင်ရှားသော အကြောင်းအရာများရှိပေသည်။ ကာလအဆက်ဆက်နှင့် အရပ်ရပ်တို့တွင် ဤကဲ့သို့အကြောင်း အရာများပေါ်ပေါက်ခဲ့ပြီ။ ဘုရားသခင်၏ ပညတ်တော်တည်းဟူသော မေတ္တာတရားကြီးသည် အမြတ်ဆုံးဖြစ်၍ လူ၏ဥပဒေနှင့် ဘုရား၏ပညတ်တို့စပ်ကြားတွင် ငြင်းခုံမှုဖြစ်ရာ၌ လူ၏ စကားထက် ဘုရားသခင်စကားကို နာထောင်းဖို့ သင့်သည်ဟူသော အချက်ကို ဆွေးနွေးငြင်းခုံနေစရာ အထူးသဖြင့် မလိုပါ။ Moral Philosophy of James H. Fairchild pages 176-181.
၁။ အစိုးရသော မင်းတို့ထက်မြင့်မြင်သော သူသည် မည်သူဖြစ်သနည်း။
ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍ မတရားသဖြင့် အနိုင်အထက်စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင် ထိုသို့သောအကြံရှိသည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သော သူတစ်ယောက်ကိုတစ်ယောက်ကြည့်မှတ် သကဲ့သို့အကြီးဆုံး၊ အမြင့်ဆုံးသောသူသည် ကြည့်မှတ်လျက် ရှိတော်မူ၏။ (ဒေသနာ၊ ၅း၈။)
မှတ်ချက်။ တရားဥပဒေအားဖြင့် ဘာသာရေးကိစ္စများကို အတင်းအကျပ်စောင့်ရှောက်စေရာ၌ အစိုးရအာဏာ၏ အခွင့်အရေးကို ကာကွယ်ခုခံလိုသော သဘောနှင့် အချို့တို့က ရိုသေထိုက်သော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို ကျွန်ုပ်တို့ ဝန်မခံသင့်သလောဟု မေးတက်ကြ၏။ မှန်ပါသည်၊ သာ၍မြင့်မြတ်သော ကောင်းကင်အာဏာစက်နှင့် ညီညွတ်လျှင် ဝန်ခံသင့်သည်ဟု ကျွန်ုပ်တို့ပြောဆိုလိုပါသည်။ ဘုရားသခင်သည် စကြ၀ဠာတစ်ဝန်းလုံးလိုက် နာစေရန် မိမိ၏ပညတ်တော် ကိုထားတော်မူ၏။ ဘုရားသခင်သည် လူကိုဖန်ဆင်းတော်မူ၏။ သဘာ၀တွင်လိုအပ်သော အရာများကို ကြွယ်၀စွာချပေးတော်မူ၏။ ကျွန်ုပ်တို့၏ ထွက်သက်ဝင်သက်နှင့်တကွ ကျွန်ုပ်တို့၏အသက်တာကို လက်တော်ထဲတွင် ကိုင်ထားတော်မူ၏။ ထင်ရှားကျော်စောသောသူ လောက၌ အမြင့်မြတ်ဆုံးသော မင်းအပေါင်းတို့ရှေ့တွင် ဘုရားသခင်ကို အသိအမှတ် ပြုရကြမည်။ ဘုရားသခင်၏ပညတ်တော်ကို ရိုသေရကြမည်။
No comments:
Post a Comment