အခန်း - ၄၆
အသက်ရှင်ခြင်း၌လူဇာတိအဖြစ်
၁။ လူကိုမည်သူ၏ ပုံသဏ္ဌာန်နှင့် မည်သည့်အခါ၌ ဖန်ဆင်းတော်မူသနည်း။
ထိုသို့ဘုရားသခင်သည် မိမိ ပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင် . . . . ညဉ့်ဦးနှင့်နံနက်သည် ဆဌမနေ့ရက်ဖြစ်လေ၏။ (က၊ ၁း၂၇-၃၁။)
၂။ ထိုသို့မဖန်ဆင်းမီ လူသည်ရှိနေနှင့်သလော။
ကျမ်းစာလာသည်ကား၊ ရှေးဦးစွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်၏။ (၁ကော၊ ၁၅း၄၅။ မူရင်းနှင့် အင်္ဂလိပ်ကျမ်းမှာကြည့်ပါ။ ဖန်ဆင်းသောကြောင့် ဖြစ်သည်။)
၃။ လူကိုမည်သည့်အရာနှင့်ဖန်ဆင်းတော်မူသနည်း။
မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍။ (က၊ ၂း၇။ ၁ကော၊ ၁၅း၄၇။)
၄။ လူ၏နှာခေါင်းထဲသို့ မည်သည့်အရာကိုမှုတ်သွင်းတော်မူသနည်း။
ဇီ၀အသက်ကို။ (က၊ ၂း၇။ ယောဘ၊ ၂၇း၃။)
၅။ ထိုဇီ၀အသက်ကို မှုတ်သွင်းသောအခါ လူသည်မည်ကဲ့သို့ဖြစ်လာသနည်း။
လူသည် အသက်ရှင်သောသတ္တဝါဖြစ်လေ၏။ (က၊ ၂း၇။)
မှတ်ချက်။ ထိုဇီ၀အသက်သည် လူထဲသို့မမှုတ်သွင်းမီ သိနားလည်၍ ပိုင်းခြားနိုင်တတ်သော ပုဂ္ဂိုလ်လွတ်လွတ်တစ်ဦးဖြစ်သလော။ မဟုတ်ချေ။ ကျွန်ုပ်တို့ ရှင်လျက်နေရသော အသက်၏ အခြေခံမျှသာဖြစ်သည်။ ထိုဇီ၀အသက်ရှိသော အရာဟူသမျှတို့သည် ရှင်လေသည်။ ထိုဇီ၀အသက်မရှိချေက အသေဖြစ်သည်။ (ဆာ ၁၀၄း၂၉။) ဇီ၀အသက် မှုတ်သွင်းသောအားဖြင့် လူသည် မသေတတ်သော ဝိညာဉ်ရသည်မဟုတ်။ ဝိညာဉ်ဆိုသော အရာသည် ကိုယ်ကာလမရှိဘဲမဖြစ်နိုင်။ ဘုရားသခင်သည် အသက်ကိုရုပ်သိမ်းသောအခါ လူသည် သေသည်။
၆။ လူသည်အပြစ်မပြုမီ ဆက်လက်၍ ရှင်နေခြင်းငှာ အသက်ပင်ကို မှီ၍နေရသလော။
ထိုမြေထဲက အဆင်းလှ၍ စားဖွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာ၀ရအရှင် ဘုရားသခင်၏ ပေါက်စေတော်မူ၏။ ထိုဥယျာဉ် အလယ်၌ အသက်ပင်လည်းရှိ၏။ (က၊ ၂း၉။ ၃း၂၂-၂၄။)
၇။ လူအားပေးသောထိုဇီ၀သက်ကို အခြားအသက်ရှင်သောသတ္တဝါတို့ အားလည်းပေးသလော။
အဖြေ။ အသက်ရှိသောသတ္တဝါအပေါင်းတို့အား ပေးတော်မူ၏။ (ဒေ၊ ၃း၁၈။ က၊ ၇း၁၅၊ ၂၁၊ ၂၂။ မူရင်းနှင့် အင်္ဂလိပ်ကျမ်းမှာကြည့်ပါ။)
၈။ ထိုတိရစ္ဆာန်တို့ကိုအသက်ရှင်သော ဝိညာဉ်ဟူ၍ လည်းခေါ်သလော။
အဖြေ။ ခေါ်သည်။ (ဗျာ၊ ၁၆း၃။ က၊ ၁း၂၀၊၃၀။ တော၊ ၃၁း၂၈။ မူရင်းနှင့် အင်္ဂလိပ်ကျမ်းမှာကြည့်ပါ။)
၉။ တိရစ္ဆာန်ဖြစ်စေ၊ လူဖြစ်စေ အသက်တစ်မျိုးတည်း၌တည်နေသလော။
တစ်ဦးသေသကဲ့သို့ တစ်ဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တစ်မျိုးတည်း ရှိကြ၏။ (ဒေ၊ ၃း၁၉။ ယောဘ၊ ၁၂း၇-၁၀။)
၁၀။ အသက်ထွက်သောအခါ လူသည်မည်ကဲ့သို့ဖြစ်သနည်း။
သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။ (ဆာ၊ ၁၄၆း၄။ ယောဘ၊ ၃၄း၁၄၊ ၁၅။ က၊ ၃း၁၉။ ဆာ၊ ၁၀၄း၂၉။ ဒေ၊ ၁၂း၇။)
No comments:
Post a Comment