အခန်း - ၁
ဘုရားသခင်၏နှုတ်ထွက်တရားတော်ပထမပိုင်း
၁။ သမ္မာကျမ်းစာရှိသမျှသည် အဘယ်နည်းအားဖြင့် ဖြစ်လာသနည်း။
ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖေါ်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏။ (၂တိ၊ ၃း၁၆၊ ၁၇။)
၂။ ကျမ်းစာသည် ဘုရားသခင်၏လူအား အဘယ်သို့သောအကျိုးကျေးဇူးကို ပြုသနည်း။
ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သော သူဖြစ်မည်အကြောင်း ... ကျေးဇူးများကိုပြုတတ်၏။ (၂တိ၊ ၃း၁၇။)
၃။ သမ္မာကျမ်းစာသည်ဘုရားသခင်၏ နှုတ်ကပါဌ်တရားတော်ဖြစ်ကြောင်းအဘယ်သို့ ခြားနားသောလက္ခဏာများ ထင်ရှားသနည်း။
ဘုရားသခင်၏နှုတ်ထွက်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက်ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ အသက်နှင့် စိတ်ဝိညာဉ်ကို လည်းကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီကိုလည်းကောင်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။ (ဟေဗြဲ၊ ၄း၁၂။)
၄။ နှုတ်ထွက်တရားတော်သည် အဘယ်မျှကာလပတ်လုံး တည်တော်မူမည်နည်း။
မဖေါက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပါဌ်တော်...။ (၁ပေ၊ ၁း၂၃။)
၅။ နှုတ်ထွက်တရားတော်ကိုခံယူဖို့ အဘယ်နည်းများရှိ၍ ထိုနည်းများအတိုင်းခံယူ လျှင်အဘယ်ကဲ့သို့သော အကျိုး ခံစားရမည်နည်း။
ငါတို့ဟောပြောသော ဘုရားသခင်၏နှုတ်ထွက်တရားကို သင်တို့သည် ခံယူကြသောအခါ လူ၏နှုတ်ထွက်စကားကို မခံမယူဘဲ ဘုရားသခင်၏နှုတ်ထွက်တရားတော် အမှန်ဖြစ်သည်နှင့်အညီ ယုံကြည်ခြင်း သို့ရောက်သောသင်တို့အထဲ၌ ပြုပြင်သော ဘုရားသခင်၏နှုတ်ကပါဌ် တရားကိုခံယူကြသည်အကြောင်းအရာကို ငါတို့သည်ထောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကိုအစဉ်မပြတ်ချီးမွမ်းကြ၏။ (၁သက်၊ ၂း၁၃။)
၆။ နှုတ်ထွက်တရားတော်သည် အဘယ်မျှလောက် သန့်ရှင်းစင်ကြယ်တော်မူပါသနည်း။
ထာ၀ရဘုရား မိန့်တော်မူချက်တို့သည် သန့်ရှင်းခြင်းရှိ၍ မြေနှင့်ကင်းစင်စေခြင်းငှာ မိုက်၌ခုနစ်ကြိမ် စစ်သောငွေကဲ့သို့ ဖြစ်ကြ၏။(ဆာ၊ ၁၂း၆။)(၁၁၉း၁၄၀။ သု၊ ၃ဝး၅၊၆။)
၇။ နှုတ်ထွက်တရားတော်သည် ဘယ်မျှလောက်ဟုတ်မှန်သနည်း။
ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော် မူပါ။ ကိုယ်တော်၏ နှုတ်ကပါဌ်သည် သမ္မာတရားဖြစ်ပါ၏။ (ယော၊ ၁၇း၁၇။)
၈။ ဘုရားသခင်၏ သက်သေခံချက် နှုတ်ထွက်တရားတော်သည် အစဉ်အမြဲတည်သလား။
သက်သေခံတော်မူချက်တို့ကို အစဉ်အမြဲထားတော်မူကြောင်းကို ရှေးဦးစွာမှစ၍ အကျွန်ုပ်သိပါ၏။ (ဆာ၊ ၁၁၉း၁၅၂။ ယော၊ ၁း၁)။
၉။ ဘုရားသခင်၏ နှုတ်ထွက်တရားတော်ကို ပြောင်းလဲစေနိုင်သလော။
အိုဣသရေလ အမျိုးသားတို့၊ သင်တို့သည် အသက်ရှင်၍ သင်တို့ဘိုးဘေး ကိုးကွယ်သော ဘုရားသခင်ထာ၀ရဘုရား ပေးတော်မူသောပြည်ကိုဝင်စားမည်အကြောင်း၊ သင်တို့ကျင့်စရာဖို့ ငါသွန်သင်သော စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။- ငါမှာထားသောစကား၌ သင်တို့သည်အသစ်မသွင်းရ၊ အလျှင်းမနုတ်မပယ်ရ။ ငါမှာထားသည် အတိုင်းသင်တို့ဘုရားသခင် ထာ၀ရဘုရား၏ ပညတ်တော်တို့ကို စောင့်ရှောက်ရကြမည်။ တရား၊ ၄း၁၊ ၂။ (၁၂း၃၂။ ဗျာ၊ ၂၂း၁၈၊ ၁၉။)
၁၀။ နှုတ်ထွက်တရားတော်၌ အဘယ်ကဲ့သို့သော တန်ခိုးအာနိသင်ရှိသနည်း။
မိုးရေနှင့်မိုးပွင့်တို့သည် မိုးကောင်းကင်မှ ဆင်းသက်၍နောက်တစ်ဖန်မပြန်၊ မြေသည်မျိုးစေ့ကြဲသော သူအားမျိုးစေ့ကိုလည်းကောင်း၊ အစာစားသောသူအား အစာကိုလည်းကောင်း ပေးမည်အကြောင်း မြေကိုစိုစေသဖြင့် အပင်ပေါက်စေ၍ အသီးကိုသီးစေသကဲ့သို့၊ ထိုအတူ ငါ၏နှုတ်ကပါဌ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌အောင်လိမ့်မည်။ (ဟေရှာ၊ ၅၅း၁၀၊၁၁။)
၁၁။ နှုတ်ထွက်တရားတော်ကိုခံယူသောသူတို့အား နှုတ်ကပါဌ်တရားတော်က အဘယ်သို့ပြုသနည်း။
ညီအစ်ကိုတို့၊ ယခုငါသည်သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ သင်တို့ကိုတည်ဆောက်ခြင်းငှလည်းကောင်း၊ သန့်ရှင်းသောသူအပေါင်းတို့နှင့်အတူ သင်တို့အား အမွေပေးခြင်းငှာလည်းကောင်း၊ တတ်နိုင်သော ဘုရားသခင်၏ ကျေးဇူးတော်တရား၌လည်း သင်တို့ကို ငါအပ်နှံ၏။ (တ၊ ၂ဝး၃၂ နှင့် ၂တိ၊ ၃း၁၅-၁၇) ကိုယှဉ်ကြည့်ပါ ။
၁၂။ နှုတ်ကပါဌ်တရားတော်သည် အဘယ်မျှလောက်မြဲမြံသနည်း။
အိုထာ၀ရဘုရား၊ နှုတ်ကပါဌ်တော်သည် ကောင်းကင်ဘုံ၌ အစဉ်အမြဲတည်ပါ၏။ (ဆာ၊ ၁၁၉း၈၉။ မ၊ ၂၄း၃၅။)
၁၃။ ဘုရားသခင်သည် နှုတ်ထွက်တရားတော်ကတိတော်ကို အဘယ်မျှလောက်ဂရုပြု၍ ထောက်ထားတော်မူသနည်း။
သန့်ရှင်းသောဗိမာန်တော်သို့ မျက်နှာပြုလျက် ပျပ်ဝပ်ကိုးကွယ်၍ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် နာမတော် ကိုချီးမွမ်းပါမည်။ အကြောင်းမူကား ကတိတော်ကိုသတင်းတော်ရှိသမျှထက် ချီးမြှောက်တော်မူပြီ။ (ဆာ၊ ၁၃၈း၂။)
မူလ မာတိကာသို့
No comments:
Post a Comment