Thursday, March 13, 2025


 အခန်း - ၁၅

ကမ္ဘာ၏ အနာဂတ်သမိုင်း


၁။ ဒံယေလအနာဂတ္တိကျမ်း၊ အခန်းကြီး (၂)၌ ဘာမှတ်သားစရာကောင်းသောအိပ်မက် ရေးထားသနည်း။

        အဖြေ။ (ဒံ။ ၂း၁-၄။)

မှတ်ချက်။ ဤဘုရား ကြည်ညိုသော ဆရာတို့သည် ဘုရားနှင့်ဆက်ဆံနိုင်ကြောင်း အထင်ရှားဟန်ဆောင်ကြသည်။ ထိုသူတို့သည် ဗာဗုလုန်နန်းတော်၌ ဘုရား၏ သံတမန်များ ဖြစ်ယောင်ဆောင်ကြ၍ နေ့စဉ်သူတို့သည် မိမိတို့ ရာထူးအလိုက် အိပ်မက်၏ အနက်အဓိပ္ပါယ်ကို မကြာမကြာ ဖေါ်ပြဟောပြော၍ အတုအယောင် ဘာသာ အမှုအရေးများကို ပြုလုပ်ဆောင်ရွက် ကြသည်။ ၎င်းအရာများတို့၏ လျှို့ဝှက်ချက်ခြင်းကို ဘုရားသခင်သည် ရှင်ဘုရင်အား ဤအိပ်မက်ဖြင့် ထင်ရှားစွာ ဖေါ်ပြသည်။ ၎င်းရှင်ဘုရင်သည် ငယ်စဉ်အရွယ်ကပင် လှည့်ဖြားခြင်းကို ခံခဲ့ရသော်လည်း ဖြောင့်မတ်သောသူ ဖြစ်၍ ယခုထိုသူတို့၏ လိမ်လှည်ခြင်းကို သည်းမခံနိုင်။

၂။ ၎င်းဗာဗုလုန်မြို့က ဘုရားတရား ကြည်ညိုသော ဆရားများတို့၏လျှို့ဝှက်ခြင်း ထင်ရှားသော အခါ ရှင်ဘုရင်သည် အဘယ်ကဲ့သို့ သဘောပိုက်၍ ဘာလုပ်သနည်း။

        အဖြေ။ (ဒံ၊ ၂း၅-၁၂။)

၃။ ဒံယေလသည် ဘာအသနားခံ၍ ဘာအခွင့်ကို ရသနည်း။

        အဖြေ။ (ဒံ၊ ၂း၁၄-၁၆။)

၄။ ထိုပညာရှိသော သူတို့ မတိုင်းမထွာ မဖေါ်မပြနိုင်သော ကောင်းကင်၏နက်နဲခြင်း အမှုအရာကို ဘုရားသခင်သည် ဒံယေလအား ဖေါ်ပြသလော။

        ညဉ့်အခါ ဖေါ်ပြချက်အားဖြင့် ထိုနက်နဲသောအရာကို ဒံယေလအားဘုရားသခင် ဖေါ်ပြတော်မူ၏။ (ဒံ၊ ၂း၁၉။)

"ဗာဗုလုန်နိုင်ငံ၏ ရှင်ဘုရင်ကြီး အိပ်မက်အတိုင်း နောင်လာလတ္တံ့သော

ကမ္ဘာ့နိုင်ငံကြီးများကို ပုံဆောင်ကာ ဖေါ်ပြထားသော ရုပ်တုကြီး"

၅။ ဒံယေလ၏ ကျေးဇူးတင်ခြင်း ပတ္ထနာ၌ ဘာကြီးကျယ်သော သမ္မာတရား အကြောင်းရေးထား သနည်း။

        ကာလအချိန် ဥတုများကို ပြောင်းလဲစေတော်မူ၏။ ရှင်ဘုရင်တို့ကို လည်းနှိမ့်ချ ချီးမြှောက်တော်မူ၏။..နက်နဲခက်ခဲသော အရာတို့ကို ထင်ရှားစွာပြတော်မူ၏။ မှောင်မိုက်၌ ရှိသမျှတို့ကို သိမြင်၍ အလင်း၏ တည်ရာဖြစ်တော်မူ၏။ (ဒံ၊ ၂း၂၁-၂၃။)

၆။ မိမိအား ဘုရားသခင် ဖွင့်ပြတော်မူသောအကြောင်းအရာကို ဒံယေလသည် ရှင်ဘုရင်အား ဘယ်ကဲ့သို့ လျှောက်သနည်း။

        နောင်ကာလ၌ ဖြစ်လတ္တံ့သော အရာတို့ကို … ကြားပြောတော်မူ သောဘုရာသခင်။ (ဒံ၊ ၂း၂၇၊၂၈။)

၇။ အိပ်မက်၏ အတ္ထုပတ္တိများကို ပြောပြလော့။

        အဖြေ။ (ဒံ၊ ၂း၃၁-၃၅။)

၈။ ထိုရွှေဦးခေါင်း၏ အနက်အဓိပ္ပါယ် ဘာကို ဆိုလိုသနည်း။

  ‌အဖြေ။ ဗုလုန်နိုင်ငံသည် နေဗုခဒ်နေဇာမင်းကြီး၏ နိုင်ငံဖြစ်၏။  (ဒံ၊ ၂း၃၇၊ ၃၈။ ၁း၁။)

၉။ ငွေနှင့် ကြေးဝါတို့သည် ဘယ်နိုင်ငံများကို အဓိပ္ပါယ်ဖေါ်ပြသနည်း။

        ကိုယ်တော်နောက်၌ ကိုယ်တော်၏ နိုင်ငံလောက် မမြတ်သော နိုင်ငံတစ်ခုသည် တည်ထောင်လိမ့်မည်။ ထိုနောက် မြေကြီးတစ်ပြင်လုံးကို အုပ်စိုးသောကြေးဝါနိုင်ငံ တည်းဟူသော တတိယနိုင်ငံ တည်ထောင် လိမ့်မည်။(ဒံ၊ ၂း၃၉။)

မှတ်ချက်။ ဗေလရှာဇာမင်းကြီး၏ ကျော်စောသော စားပွဲတော်ကြီး ညဉ့်၌ မေဒိပေရသိ လူတို့သည် ဗာဗုလုန်နိုင်ငံကို အောင်မြင်လေသည်။ (ဒံ၊ ၅း၁-၁၃။ ၆း၂၈။ ဧဇ၊ ၁း၁၊၂။) ဤကဲ့သို့ ရွှေဦးခေါင်းဟူ၍ ဖေါ်ပြသောနိုင်ငံသည် လွန်ခဲ့၍ မမြတ်သောနိုင်ငံ (မေဒိပေရသိလူမျိုး) အုပ်စိုးစပြုသည်။ ၎င်းနိုင်ငံသည် ခရစ်တော်မပေါ်မထွန်းမီ ၅၃၈-၃၃၁ အထိကမ္ဘာကို အုပ်စိုးခဲ့၍ မိမိအလှည့်ကျသောအခါ မြေကြီးတစ်ပြင်လုံးကို အုပ်စိုးရမည်ဖြစ်သော ကြေးဝါ၏ တတိယနိုင်ငံ (ဟေလသလူမျိုး)အားဖြင့် ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

၁၀။ သံခြေထောက်၏ အနက်ဓိပ္ပါယ် တည်းဟူသော စတုတ္ထနိုင်ငံသည် ဘာနိုင်ငံမျိုး ဖြစ်သနည်း။

        စတုတ္ထနိုင်ငံသည် သံကဲ့သို့ ခိုင်မာသော နိုင်ငံဖြစ်လိမ့်မည်။ သံသည် အခြားသော အရာရှိသမျှတို့ကို ချိုးဖဲ့၍ နိုင်သကဲ့သို့ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ့်စက်ခြင်းကို ပြုလိမ့်မည်။

မှတ်ချက်။ ခရစ်တော် မပေါ်ထွန်းမီ သက္ကရာဇ် ၃၃၁-၁၆၈ တိုင်အောင် ဟေလသနိုင်ငံသည် မိမိတို့ဘုရင် အသီးသီးတို့လက်အောက်၌ ကမ္ဘာကို အုပ်စိုးခဲ့လေသည်။ ထိုနောက် သံနိုင်ငံ တည်းဟူသော ရောမနိုင်ငံသည် ဟေလသနိုင်ငံအစားဝင်၍ ကမ္ဘာကို အုပ်စိုးလေသည်။

၁၁။ ရုပ်တု၏ ခြေနှင့်ခြေချောင်းတို့သည် သရွက်တစ်ပိုင်းသံတစ်ပိုင်းရှိသည်ကို ဘာဆိုလိုသနည်း။

        ရုပ်တု၏ ခြေနှင့်ခြေချောင်းတို့သည် သရွက်တစ်ပိုင်း သံတစ်ပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်။ သို့သော်လည်း ဖုတ်သော သရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်ဖြစ်၍ သံသည် ခိုင်မာခြင်း သတ္တိရှိလိမ့်မည်။ (ဒံ ၂း၄၁။)

၁၂။ ခြေတွင် သရွက်နှင့် သံရောနှော၍ ရှိခြင်းသည် နိုင်ငံများတို့တွင် အဘယ်အကြောင်းအရာကို အစဉ်အဆက် မဖြစ်စေခြင်းငှာ တားမြစ်သနည်း။

        ဖုတ်သော သရွက်နှင့် သံရောနှောသည်ကို မြင်တော်မူသည်နှင့်လျော်စွာ နိုင်ငံသားတို့သည် အခြားသော လူမျိုးသားတို့နှင့် ပေါင်းဖေါ်ကြလိမ့်မည်။ သို့သော်လည်း သရွက်နှင့် သံမရောနှောနိုင်သကဲ့သို့ သူတို့သည် အချင်းချင်းပေါင်းဖေါ်၍ မသင့်နိုင်ကြ။ (ဒံ၊ ၂း၄၃။)

မှတ်ချက်။ ရောမနိုင်ငံသည် ကမ္ဘာပေါ်တွင် ရှိနိုင်ငံများတို့ကို အုပ်ချုပ်ခြင်း၌ နောက်ဆုံးနိုင်ငံ ဖြစ်သည်။ တန်ခိုးကြီးသော ရှင်ဘုရင်များနှင့် စစ်ဗိုလ်ကြီးများတို့သည် နိုင်ငံများတို့ကို ဘုရင်တစ်ပါးတည်း လက်အောက်၌ ရှိစေခြင်းငှာ ကြိုးစားကြသော်လည်း မထမြောက်နိုင်ကြ။ "နိုင်ငံသားတို့သည် အခြားသော လူမျိုးသားတို့နှင့် ပေါင်းဖေါ်ကြလိမ့်မည်" ဆိုသော စကားသည် နိုင်ငံတို့ကိုအုပ်စိုးသော ဘုရင်အသီးအသီး မိမိတို့၏ သားသမီးများကို အချင်းချင်း တစ်ဦးနှင့်တစ်ဦး ထိမ်းမြားပေးစားခြင်း ပြုလုပ်ခြင်းကို ဆိုလိုသည်။

၁၃။ "ထိုမင်းကြီးများ လက်ထက်" ဘာဖြစ်မည်ဟု ဘုရားသခင် မိန့်မြွတ်တော်မူသနည်း။

        ပျက်စီးခြင်းသို့ မရောက်နိုင်သော တစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ..အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကိုချိုးဖဲ့ဖျက်ဆီး၍ အစဉ်မြဲ တည်လိမ့်မည်။ (ဒံ၊ ၂း၄၄၊ ၄၅။)

မှတ်ချက်။ "ထိုမင်းကြီးများ လက်ထက်၌" ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ကျောက်နိုင်ငံကို တည်ထောင်မည်ဆိုသောကြောင့် ခရစ်တော် ပထမ ပေါ်ထွန်းသော လက်ထက်၌ ထိုနိုင်ငံကို မတည်ထောင်နိုင်။

၁၄။ သခင်ဘုရား၏ ဆုတောင်းချက်တွင် ဘယ်အပိုင်း၌ ဤနိုင်ငံတော်သည် မတည်ထောင်သေးကြောင်းကို ဖေါ်ပြသနည်း။

        နိုင်ငံတော် တည်ထောင်ပါစေသော။ (မ၊ ၆း၉၊ ၁၀။)

၁၅။ ခရစ်တော်၏ နိုင်ငံတည်ထောင်သောအခါ အခြားနိုင်ငံတို့သည် အဘယ်ကဲ့သို့ ဖြစ်ကြလိမ့်မည်ကို ဘုရားသခင်သည် အဘယ်သို့ မိန့်မြွတ်ထားတော်မူသနည်း။

        အဖြေ။ (ဒံ၊ ၂း၄၄။ ဗျာ၊ ၁၉း၁၁-၂၁။ ယေ၊ ၂၅း၃၀-၃၃။)

၁၆။ ဤကဲ့သို့ အကြောင်းအရာ ဖြစ်ခဲ့ပြီလော။

        အဖြေ။ မဖြစ်သေး။

မှတ်ချက်။ ကျေးဇူးတော် နိုင်ငံနှင့်ဘုန်းတော်နိုင်ငံ( ၂) ပါးရှိသည်။ ယခုကျွန်ုပ်တို့သည် ကျေးဇူးတော်နိုင်ငံတွင် ရှိနေကြသည်။ "လူအသွေးအသားသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်"(၁ကော၊ ၁၅း၅၁။) ဟုပါသောကြောင့် ဘုန်းတော်နိုင်ငံ တည်ထောင်သေး။ဘုရားသခင်၏လူတို့သည် ထိုဘုန်းတော်နိုင်ငံ၏အမွေခံ အမွေစားသာ ဖြစ်ကြသေးသည်။ (ယာ ၂း၅။) 

                 ထိုဘုန်းတော်နိုင်ငံ မတည်ထောင်သေးကြောင်း   သခင်ဘုရားဥပမာအားဖြင့်ဖေါ်ပြလေသည်။ (လု ၁၉း၁၁၊ ၁၂။) သခင်ဘုရား ဒုတိယအကြိမ်ကြွလာ တော်မူသောအခါမှတည်ထောင် လိမ့်မည်။ (၂တိ၊ ၄း၁။)

၁၇။ ထိုဘုန်းတော်နိုင်ငံ တည်ထောင်သောအခါ မည်မျှတာရှည်စွာ တည်ထောင်မည်နည်း။

        သူ၏ နိုင်ငံသည် အဆုံးမရှိရ။ (လု၊ ၁း၃၁၊ ၃၃။ ဗျာ၊ ၂၁း၁-၄။)

၁၈။ ၎င်းနိုင်ငံကို မည်သူအား ပေးမည်နည်း။

        ကောင်းကင်အောက်၌ နိုင်ငံတကွ အာဏာစက် ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသောအမျိုးသားတို့သည် ရကြလိမ့်မည် ထိုဘုရားသခင်၏ နိုင်ငံတော်သည် ထာ၀ရနိုင်ငံဖြစ်၏။ မင်းကြီးအပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြလိမ့်မည်။ (ဒံ၊ ၇း၂၇။)

၁၉။ ထိုနိုင်ငံကို ဝင်စားနိုင်ရန် ကျွန်ုပ်တို့ ဘာပြုလုပ်ရမည်နည်း။

        အဖြေ။ (၂ပေ၊ ၁း၅-၁၁။)

မူလ မာတိကာသို့

No comments:

Post a Comment