အခန်း - ၂၈
မြေကြီးသစ်
ဖြောင့်မတ်သူများနေထိုင်ကြမည့်မြေကြီးသစ်တွင် ဘုရားသခင်သည်
ရွေးနုတ်ခံသူတို့
အတွက်ထာ၀ရအိမ်တော်နှင့် ကိုယ်တော်၏ရှေ့တွင် ထာ၀ရအသက်၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ လေ့လာဆည်းပူးခြင်းတို့အတွက် ပြည့်စုံသောပတ်ဝန်းကျင်ကိုပြင်ဆင် လိမ့်မည်။ ဤနေရာတွင် ဘုရားသခင်ကိုယ်တိုင် မိမိလူတို့နှင့်အတူစိုးစံမည်ဖြစ်သောကြောင့်၊ ဆင်းရဲဒုက္ခနှင့်သေခြင်းတို့သည်
ကွယ်ပျောက်သွားလိမ့်မည်။ မဟာတိုက်လှန်မှုကြီးသည်
ဆုံးခန်းတိုင်၍၊ အပြစ်လည်းရှိတော့မည်မဟုတ်ချေ။ သက်ရှိသက်မဲ့အရာ ခပ်သိမ်းတို့က
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်ကြောင်းကို ထုတ်ဖော်ကြေညာကြ လိမ့်မည်။ ထို့နောက်
ကိုယ်တော်သည် အစဉ်အမြဲစိုးစံလိမ့်မည်။ အာမင်၊ (ဟေရှာ ၃၅။ ၆၅း၁၇-၂၅။ မ ၅း၅။ ၂ပေ
၃း၁၃။ ဗျာ ၁၁း၁၅။ ၂၁း၁-၇။ ၂၂း၁-၅။)
သေခြင်းမှပွတ်ကာသီကာ လွတ်မြောက်ပြီးနောက်
ယောက်ျားလေးတစ်ယောက်က၊
စိတ်သက်သာရာအနေအထားဖြင့်၊ “ကျွန်တော့်အိမ်ကကောင်းကင်မှာရှိတယ်၊
ဒါပေမဲ့ ကျွန်တော်အိမ်မလွမ်းဘူး” ဟုဆိုခဲ့သည်။
သူ့လိုပင်၊ များစွာသောသူတို့သည် သေချိန် ရောက်လာသောအခါ၊ ကောင်းကင်သည်
အခြားရွေးစရာနေရာများထက် ပိုမိုနှစ်သက် ဖွယ်ဖြစ်သည်
ဟုခံစားကြသည်။ သို့သော်၊ ယခုအချိန်၊ ဤနေရာတွင်မူ ဒုတိယနေရာတွင် သာရှိသည်။ များစွာသောသူတို့၏အနာဂတ်ကာလအကြောင်း အမြင်များသည်
မှန်ကန်ခဲ့လျှင်၊ ဤခံစားချက်ကိုနားလည်ပေးနိုင်သည်။ သို့သော်၊ ရွေးနုတ်ခံသူတို့အတွက် ဘုရားသခင်ပြင်ဆင်ပေး နေသောအရာကို
သမ္မာကျမ်းစာ၏အရိပ်အမြွက်ဖော်ပြချက်သည် ယခုလူတချို့က မစွန့်လွှတ်ချင်သော
ကျွန်ုပ်တို့နေထိုင်သည့်လက်ရှိအသက်တာထက် ထူးကဲသာလွန်သည်။
မြေကြီးသစ်၏သဘောသဘာ၀
လက်ဆုပ်လက်ကိုင်ပြနိုင်သောအမှန်တရား။ သမ္မာကျမ်းစာ၏ပထမအခန်းကြီး နှစ်ခုသည်
ဘုရားသခင်ဖန်ဆင်းသောလူသားများအတွက် နေအိမ်အဖြစ်ပြည့်စုံသောကမ္ဘာကို
ဘုရားရှင်ဖန်ဆင်းကြောင်းဖော်ပြသည်။ သမ္မာကျမ်းစာ၏နောက်ဆုံးအခန်းကြီး နှစ်ခုသည်လည်း
ရွေးနုတ်ခံလူသားများအတွက် ပြည့်စုံသောကမ္ဘာကို ဘုရားသခင်ဖန်ဆင်းကြောင်းဖော်ပြသည်။ သို့သော်၊ ဤအချိန်တွင်မူ၊
အပြစ်ကရုပ်ပျက်ဆင်းပျက်ဖြစ်စေခဲ့သော
ကမ္ဘာမြေကို ပြန်လည်အသစ်ဖန်ဆင်းခြင်းဖြစ်သည်။
ဤရွေးနုတ်ခံသူတို့၏ ထာ၀ရအိမ်တော်သည် အမှန်တကယ်
ရှိသောနေရာဖြစ်၍၊ စဉ်းစား၊ မြင်တွေ့၊ စကားပြော၊ နားကြား၊ ထိတွေ့၊ အရသာခံ၊ အနံ့ခံ၊
တိုင်းတာ၊ ပုံဖော်၊ စမ်းသပ်၊ အပြည့်အဝတွေ့ကြုံတတ်သော လူသားစင်စစ်တို့
နေထိုင်ရာနေရာဖြစ်ကြောင်း သမ္မာကျမ်းစာကထပ်တလဲလဲအလေးအနက်ဆိုသည်။ ဘုရားသခင်သည်
ဤကောင်းကင်အစစ်ကို အခြေစိုက်မည့်နေရာမှာ ဤမြေကြီးသစ်ပေါ်တွင်ဖြစ်သည်။
ရှင်ပေတရုဩဝါဒစာဒုတိယစောင် အခန်းကြီး ၃ သည် ဤသဘောတရား၏
နောက်ခံကို တိုတောင်းစွာဖော်ပြသည်။ ပေတရုသည် ရေမလွှမ်းမိုးမီကကမ္ဘာကို “ဖြစ်ဖူးသော လောကဓာတ်” ဟုခေါ်ဆိုပြီး၊ ၎င်းသည် ရေဖြင့်ဖျက်ဆီးခြင်းခံရသည်။ ဒုတိယကမ္ဘာသည် မီးဖြင့် ဆေးကြောသန့်စင်မည့် “ယခုရှိသောမြေကြီး” ဖြစ်သည်။ တတိယကမ္ဘာမှာ “ဖြောင့်မတ်ခြင်းတရားတည်နေရာ၊ မြေကြီးသစ်” ဖြစ်သည် (၂ပေ
၃း၆၊ ၇၊ ၁၃)။ တတိယကမ္ဘာမြေသည် ပထမနှင့် ဒုတိယကမ္ဘာမြေကဲ့သို့ ဧကန်မုချ ရှိလိမ့်မည်။
ဆက်လက်ရှိသောအရာနှင့်ခြားနားချက်။ “မြေကြီးသစ်” သည် လက်ရှိကမ္ဘာမှ ဆက် လက်ရှိသောအရာနှင့် ခြားနားချက်တို့ကို ပြသသည်။ ပေတရုနှင့်ယောဟန်တို့သည် ရှေးမြေကြီးမှ ညစ်ညမ်းမှုအားလုံးကို
မီးဖြင့်ဆေးကြော၍၊ အသစ်ပြုပြင်သည်ကို ရူပါရုံ၌ မြင်ခဲ့ကြသည် (၂ပေ ၃း၁၀-၁၃။ ဗျာ
၂၁း၁)။ ထို့ကြောင့်၊ မြေကြီးသစ်သည် အခြားသော နေရာမဟုတ်ဘဲ၊ ဤကမ္ဘာမြေပင်ဖြစ်သည်။
အသစ်ပြုပြင်သော်လည်း၊ နေထိုင်ရာ နေရာအဖြစ် ဆက်လက်ရှိနေလိမ့်မည်။ ကောင်းလှစွာတကား။
ဘုရားသခင်သည် မြေ ကြီးပေါ်မှ အပြစ်အနာအဆာဟူသမျှဖယ်ရှားပစ်မည် ဖြစ်သောကြောင့် မြေကြီးသစ် ဖြစ်လာသည်။
ယေရုရှလင်မြို့သစ်
ယေရုရှလင်မြို့သစ်သည် ဤမြေကြီးသစ်၏မြို့တော်ဖြစ်သည်။
ဟေဗြဲဘာသာစကားတွင် ယေရုရှလင်မြို့သည် “ငြိမ်းချမ်းသောမြို့”
ဟူ၍အဓိပ္ပါယ်ရသည်။ ကမ္ဘာပေါ်က ယေရုရှလင်မြို့သည် ၎င်း၏နာမည်နှင့်မကိုက်ညီချေ။ သို့သော်၊ ယေရုရှလင်မြို့သစ်သည်
၎င်း၏နာမည်အတိုင်း အတိအကျဧကန်အမှန် ရှိလိမ့်မည်။
ဆက်သွယ်ပေးသောကွင်းဆက်။ တစ်နည်းအားဖြင့် ဤမြို့တော်သည် ကောင်းကင်နှင့်
မြေကြီးသစ်ကိုချိတ်ဆက်ပေးသည်။ သမ္မာကျမ်းစာသည် ကောင်းကင်ကို (၁) လေထုရှိသော
မိုးမျက်နှာကြက် (က ၁း၂၀)၊ (၂) ကြယ်များရှိသောကောင်းကင် (က ၁း၁၄-၁၇) နှင့် ပရဒိသုဘုံတည်ရှိရာ “တတိယကောင်းကင်” (၂ကော ၁၂း၂-၄) တို့ကို ရည်ညွှန်းရန် အသုံးပြုသည်။
ဤသို့မိုးကောင်းကင်ကို ပရဒိသုဘုံနှင့်ဆက်သွယ်ခြင်းဖြင့်၊ မိုးကောင်းကင်သည် ဘုရားသခင်၏ပလ္လင်တော်ရှိသည့်နေရာနှင့်
ကိန်းဝပ်ရာနေရာ ပရဒိသုဘုံနှင့် တူညီသည်။
ထို့ကြောင့်၊ သမ္မာကျမ်းစာသည် ဘုရားသခင်၏အုပ်စိုးရာ နေရာ၊ အုပ်စိုးမှုနှင့်
သူ၏အုပ်စိုးမှုကို လိုလိုလားလားလက်ခံသောသူတို့ကို “ဘုရားသခင်၏
နိုင်ငံတော်” ဟူ၍ တစ်ဆင့်တိုးချဲ့ခေါ်
ဆိုသည်။
ဘုရားသခင်သည် ယေရုရှလင်မြို့သစ်ကို
ဤကမ္ဘာဂြိုဟ်၌ပြန်လည်တည်ထောင် သော အခါ (ဗျာ ၂၁း၁၊ ၂)။ “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်း ကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌ပြည့်စုံပါစေသော”
ဟူသော ခရစ်တော်၏ ဆုတောင်းချက်၌ တောင်းဆို၍
မျှော်လင့်သောအရာအားလုံးကို ပြည့်စုံစေလိမ့်မည်။ သူသည် ကမ္ဘာမြေကြီးကို
ပြင်ဆင်မွမ်းမံသည်သာမက၊ မြှင့်တင်ပေးသည်။ အပြစ်မဝင်မီ အခြေအနေကိုကျော်လွန်၍၊
၎င်းသည် စကြ၀ဠာ၏မြို့တော်ဖြစ်လာသည်။
ရုပ်ပိုင်းဖွဲ့စည်းပုံဖော်ပြချက်။ ယောဟန်သည် ယေရုရှလင်မြို့သစ်၏လှပ မှုနှင့် ထည်ဝါမှုကို နှစ်သက်ဖွယ်အသုံးအနှုန်းဖြင့်ဖော်ပြသည်။
ထိုမြို့တော်သည် “မိမိ ခင်ပွန်း အဖို့တန်ဆာ ဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့” ဖြစ်သည် (ဗျာ ၂၁း၂)။ မြို့တော် ၏ ရုပ်ပိုင်းသွင်ပြင် ကို ဖော်ပြချက်သည်
၎င်း၏အမှန်တကယ်ရှိခြင်းကို ပြသသည်။
၁။ ၎င်း၏အလင်း။ “သိုးသငယ်၏ခင်ပွန်းတည်းဟူသော မင်္ဂလာဆောင် သတို့ သမီး” သည်
ထိုမြို့၏အလင်းဖြစ်သည် (ဗျာ ၂၁း၉၊၁၁)။ ဘုရားသခင်၏ ဘုန်းတော်သည် ထိုမြို့ကို
အလင်းပေး၍၊ နေနှင့်လတို့၏အလင်းကိုမလိုအပ်တော့ချေ (ဗျာ ၂၁း၂၃၊ ၂၄)။ ယေရုရှလင်မြို့
သစ်တွင် မှောင်သောလမ်းကြားများမရှိ။ အဘယ်ကြောင့် ဆိုသော်၊ ၎င်း၏
နံရံနှင့်လမ်းမများကို အလင်းထိုးဖောက်နိုင်ပြီး၊ “ညမူကားမရှိ”
(ဗျာ ၂၁း၂၅)။ “ဆီမီးကိုအလိုမရှိ။
နေ၏ အရောင်ကို လည်းအလိုမရှိ။ အကြောင်းမူကား၊ ထာ၀ရ အရှင်ဘုရားသခင်သည် သူတို့၌
ရောင်ခြည်တော်ကိုလွှတ်တော်မူ၏” (ဗျာ ၂၂း၅)။
၂။ ၎င်း၏တည်ဆောက်ပုံ။ ဘုရားသခင်သည် မြို့တော်ကိုတည်ဆောက်ရာတွင် အ လွန် ကောင်းသောပစ္စည်းများကိုသာ အသုံးပြုထားသည်။
မြို့ရိုးသည် “အလွန်မြတ်သော” နဂါးသွဲ့ကျောက်ဖြစ်သည် (ဗျာ ၂၁း၁၁၊ ၁၈)။ အုတ်မြစ်များကို
နဂါးသွဲ့၊ နီလာ၊ မဟူရာ၊ မြ၊ ကြောင်၊ ကျောက်နီ၊
ခရုသုလိတ်၊ မျက်ရွဲ၊ ဥဿဖရား၊
ခရုသုပြတ်၊ ဝှါကိန္တု၊ ဂေါ် မုတ်ဟူသော အဖိုးတန်ကျောက် (၁၂) မျိုးဖြင့်တန်ဆာဆင်ထားသည်
(ဗျာ ၂၁း၁၉၊ ၂၀)။
သို့သော်ငြားလည်း၊ ဤကျောက်မျက်များသည်
အဖိုးတန်ဆုံးသောအစိတ်အပိုင်း မဟုတ်သေးပါ။ ဘုရားသခင်သည်
မြို့တော်၏အဆောက်အဦများနှင့်လမ်းမများကို၊ ယခု အချိန်တွင် လူတို့သည်
ကွန်ကရစ်ကိုဖေါဖေါသီသီသုံးသကဲ့သို့၊ ရွှေဖြင့်ပြုလုပ်သည်။ ဤ ရွှေ သည်
ရွှေအားလုံးထက်သာ၍ကောင်းသည်။ အကြောင်းမှာ ယောဟန်သည် ၎င်းကို “ကြည် လင်သောဖန်နှင့်တူသောရွှေစင်” (ဗျာ ၂၁း၁၈) ဟုခေါ်သည်။
ပုလဲလုံးတစ်ခုစီဖြင့်ပြုလုပ်သော ဂိတ်ပေါက်များအားဖြင့် မြို့ထဲသို့ဝင်နိုင်သည်။ “ပုလဲများသည် ဝေဒနာခံစားခြင်းမှဖြစ်လာသည်။
သေးငယ်သောအမှိုက်ကလေးသည် ကမာကောင်၏ အထဲသို့ဝင်သွားသည်။ ၎င်းသည်
ဝေဒနာခံစားလာသောအခါ၊ ထိုကသိ ကအောက် ဖြစ်စေသောအရာကို
အရောင်ထွန်းပြောင်သောကျောက်မျက်အဖြစ်ပြောင်း လဲ လိုက်သည်။ ဂိတ်များကို ပုလဲဖြင့်ပြုလုပ်သည်။
သင်နှင့်ကျွန်ုပ်တို့၏ဝင်ပေါက်ကို ဘုရားသခင်သည် မိမိနှင့်အရာ ခပ်သိမ်းကို
ခရစ်တော်၌ပြန်လည်သင့်မြတ်စေရာတွင် အလွန်အမင်းကိုယ်ပိုင် ဝေဒနာခံစားမှု အားဖြင့်
ပြင်ဆင်ပေးသည်။”
မြို့ရိုးတိုင်းတာသည်ကို ယောဟန်အားကောင်းကင်တမန်ပြသည်
ဟူသောအချက် က
မြို့တော်ကိုတည်ဆောက်သောပစ္စည်းများသည်လည်း အစစ်အမှန်ဖြစ်ကြောင်းကိုပြ သည်။ မြို့ရိုးကိုတိုင်းတာ၍ရနိုင်ခြင်း၊ အမြင့်၊ အလျားနှင့်
အကျယ် (ထု) ရှိခြင်းသည် လည်း၊ ယနေ့ အချက်အလက်ကို
ဦးစားပေးသောခေတ်သစ်လူတို့အား မြို့၏အမှန် တကယ်ရှိခြင်းကို
သိရှိ စေသည်။
၃။ ၎င်း၏အစာနှင့်ရေထောက်ပံ့မှု။ မြို့၏အလယ်၌ရှိသော ဘုရားသခင်၏ ပလ္လင်တော်မှ “အသက်ရေ” စီးလာသည် (ဗျာ ၂၂း၁)။ ညောင်ခြေထောက်များစွာ ရှိသော
ညောင်ပင်ကဲ့သို့ အသက်ပင်သည် “မြစ်နှစ်ဖက်” ၌ရှိသည်။ ထိုအသက်ပင်သည် အသီး တစ်ဆယ့်နှစ်မျိုးကို သီး၍၊ အိုမင်းရင့်ရော်ခြင်း၊
မောပန်းနွမ်းနယ်ခြင်းအတွက် ဖြေဆေး ဖြစ်သည် (ဗျာ
၂၂း၂)။ ဤ အပင်၏အသီးကိုစားသောသူတို့သည် ညအချိန်တွင် နားရန်မလို အပ်ချေ (ဗျာ ၂၁း၂၅)။ အကြောင်းမှာ သူတို့သည် မြေကြီးသစ်တွင်
ဘယ်ခါမျှမောပန်းကြ တော့မည်မဟုတ်ချေ။
ကျွန်ုပ်တို့၏ထာ၀ရအိမ်တော်
ကယ်တင်ခြင်းကို ခံရသောသူတို့သည် အဆုံးတွင် ဤကမ္ဘာမြေကို
အမွေခံရမည် ဖြစ်ကြောင်း သမ္မာကျမ်းစာကရှင်းလင်းစွာဖော်ပြသည် (မ ၅း၅။ ဆ ၃၇း၉၊၂၉။
၁၁၅း၁၆)။ ယေရှု သည် သူ့နောက်လိုက်များအတွက် “နေစရာအရပ်ကို”
သူ့အဖခမည်းတော်၏ အိမ်တွင်ပြင်ဆင်ရန်
ကတိပေးခဲ့သည် (ယော ၁၄း၁-၃)။ ကျွန်ုပ်တို့လေ့လာခဲ့သကဲ့သို့၊ သမ္မာကျမ်းစာက
ဘုရားသခင်၏ပလ္လင်တော်နှင့် ဌာနချုပ်သည် ဤကမ္ဘာမြေပေါ်သို့ဆင်း လာမည့် ယေရုရှလင် မြို့သစ်၌ ရှိကြောင်းကိုဖော်ပြသည် (ဗျာ
၂၁း၂၊ ၃၊ ၅)။
မြို့တော်နေအိမ်။ ယေရုရှလင်မြို့သစ်သည် အာဗြဟံမျှော်လင့်ခဲ့သောမြို့ဖြစ်သည်
(ဟေဗြဲ ၁၁း၁၀)။ ထိုဧရာမမြို့တော်အထဲတွင် ခရစ်တော်သည် “နေစရာအရပ်”} ကို ပြင်ဆင်
နေသည် (ယော ၁၄း၂)။ မူရင်းစကားလုံးက ဤနေစရာအရပ်သည် အမှန်တကယ် နေအိမ်
များဖြစ်ကြောင်းကိုညွှန်ပြသည်။
ကျေးလက်အိမ်ရာများ။ သို့သော်ရွေးနုတ်ခံသူတို့သည် ယေရုရှလင်မြို့သစ်၏ မြို့ရိုး
အတွင်း ပိတ်လှောင်ခြင်းခံရကြမည်မဟုတ်။ သူတို့သည် ဤကမ္ဘာမြေကိုအမွေခံရ ကြမည်။
ရွေးနုတ်ခံသူတို့သည် မိမိတို့စိတ်တိုင်းကျအိမ်များကို ပုံစံဆွဲ၍တည်ဆောက်ရန်၊
ကောက်ပဲ သီးနှံများ ကိုစိုက်ပျိုးရန်၊ ရိတ်သိမ်း၍စားသုံးရန်
မြို့ပြင်သို့ထွက်ကြလိမ့်မည် (ဟေရှာ ၆၅း၂၁)။
အိမ်၌ဘုရားသခင်နှင့်ခရစ်တော်တို့နှင့်အတူရှိခြင်း။ မြေကြီးသစ်တွင်၊ ယေရှုသည် မိမိနောက်လိုက်တို့ကို “ငါရှိရာအရပ်၌သင်တို့ရှိစေမည်” (ယော ၁၄း၃) ဟူ၍ ပေးသော ကတိသည် ပြည့်စုံလိမ့်မည်။
ခရစ်တော်၏လူသားအဖြစ်ခံယူခြင်း၏ ရည်ရွယ်ချက်ဖြစ် သည့် “ငါတို့နှင့်အတူ
ရှိသောဘုရား” သည် နောက်ဆုံးတွင်
ပြည့်စုံလိမ့်မည်။ “ဘုရား သခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။
လူတို့နှင့်အတူကိန်းဝပ်တော်မူ၏။ သူတို့သည် ကိုယ်တော်၏ လူဖြစ်ကြလိမ့်မည်။
ဘုရားသခင်ကိုယ်တော်တိုင် သူတို့နှင့် အတူရှိနေ၍၊ သူတို့၏ ဘုရားသခင်ဖြစ်တော်မူမည်” (ဗျာ ၂၁း၃)။ ဤနေရာတွင် ကယ်တင်ခြင်းကို ခံရသောသူတို့သည် အဖခမည်းတော်နှင့် သားတော်တို့၏ရှေ့တော်၌
နေရသောအခွင့်၊ သူတို့နှင့်မိတ်သဟာယဖွဲ့ ရ သောအခွင့်တို့ကို ရရှိကြလိမ့်မည်။
မြေကြီးသစ်တွင်နေထိုင်မည့်အသက်တာ
မြေကြီးသစ်၌နေထိုင်မည့်အသက်တာသည် မည်သည့်အရာနှင့်တူမည်နည်း။
ဘုရားသခင်၊ ခရစ်တော်တို့နှင့်အတူစိုးစံခြင်း။ ဘုရားသခင်သည် သူ့နိုင်ငံ၏ အရေးများတွင်
ရွေးနုတ်ခံသူတို့ကိုပါဝင်စေလိမ့်မည်။ “ထိုမြို့၌
ဘုရားသခင်နှင့်သိုးသငယ် ၏ ပလ္လင်တော်ရှိ၍၊
ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကိုပြုကြလိမ့်မည်။ သူတို့ သည် ကမ္ဘာအဆက် ဆက် စိုးစံရကြလတ္တံ့” (ဗျာ ၂၂း၃-၅)။
ကျွန်ုပ်တို့သည် သူတို့အုပ်စိုးမှု၏အတိုင်းအတာကိုမသိကြပါ။
သို့ရာတွင်၊ နိုင်ငံတော်၌ သူတို့၏အရေးကြီးသောလုပ်ငန်းအဖြစ်၊ ရွေးနုတ်ခံသူတို့သည်
စကြ၀ဠာ အတွက် ခရစ်တော်၏
သံတမန်များအဖြစ်အမှုထမ်းပြီး၊ သူတို့၏ဘုရားသခင့်မေတ္တာ တွေ့ကြုံခံစားမှုကို သက်သေ ခံကြလိမ့်မည်ဟု
ကျွန်ုပ်တို့ယူဆနိုင်သည်။ သူတို့၏အကြီး မားဆုံးသော
ဝမ်းမြောက် ပျော်ရွှင်ခြင်းသည် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေရန် ဖြစ်သည်။
မြေကြီးသစ်၌ကာယလုပ်ဆောင်မှုများ။ မြေကြီးသစ်မှအသက်တာသည် ထာ၀ရ ကာလအတွက် အကြီးမားဆုံးသောရည်မှန်းချက်ကိုစိန်ခေါ်လိမ့်မည်။
ထိုနေရာတွင် ရွေး နုတ်ခံသူတို့
အတွက်ရနိုင်သောလှုပ်ရှားမှုများ၏ အမျိုးအစားများသည် သွားရည်ကိုပင် ယိုစေပြီး၊
ဖြစ်နိုင် ခြေ အလားအလာကို ဘောင်ခတ်မထားဘဲတိုးပွားလာမည်။
ရွေးနုတ်ခံသူတို့သည် “ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်”
ဟူသော ကျမ်း စာ၏ ကတိကို ကျွန်ုပ်တို့မြင်တွေ့ပြီးဖြစ်သည်။
အိမ်ဆောက်လုပ်ခြင်းသည် ဒီဇိုင်းဆွဲခြင်း၊
ဆောက်လုပ်ရေးနှင့်ပရိဘောဂခင်းကျင်းခြင်းတို့နှင့် ပြုပြင်မွမ်းမံခြင်းနှင့်
ပြန်လည်တည် ဆောက်ခြင်း
စသည်တို့ကိုညွှန်းဆိုသည်။ နေထိုင်သည်ဟုဆိုရာတွင် နေ့စဉ်အသက် တာနှင့် သက်ဆိုင် သော
လုပ်ဆောင်မှုအမျိုးမျိုးကိုဆိုလိုနိုင်သည်။
မြေကြီးသစ်တစ်ခုလုံးတည်ရှိနေခြင်း၏ နောက်ခံအကြောင်းရင်းမှာ
ဘုရားသခင် ၏ မူလဖန်ဆင်းခြင်းအတွက်
ရည်ရွယ်သည့်အရာကို အသစ်ပြုပြင်ခြင်းဖြစ်သည်။ ဧဒင်ဥ ယျာဉ်တွင် ဘုရားသခင်သည် ရှေးဦးလူသားတို့အား
ပြုစုစောင့်ရှောက်ရမည့်ဥယျာဉ်ကို ပေးခဲ့သည် (က
၂း၁၅)။ ဟေရှာယပြောခဲ့သကဲ့သို့၊ အကယ်၍သူတို့သည် မြေကြီးသစ်တွင် စပျစ်ဥယျာဉ်ကို
စိုက်မည်ဆိုခဲ့သော်၊ အဘယ်ကြောင့်သစ်သီးခြံ သို့မဟုတ် စပါးခင်း များကို မစိုက်ရမည်နည်း။ ဗျာဒိတ်ကျမ်း၌ဖော်ပြသကဲ့သို့၊
အကယ်၍သူတို့သည် စောင်း များကို
တီးကြမည်ဆိုလျှင်၊ အဘယ်ကြောင့်တံပိုးနှင့် အခြားတူရိယာများကို မတီးခတ် ဘဲနေမည်နည်း။
အမှန်မှာ၊ လူသား၌တီထွင်ဉာဏ်ကိုထည့်ပေး၍၊ အဆုံးမရှိသောအလား ရှိသည့်ကမ္ဘာ၌ သူတို့ကိုထား သော သူမှာ ဘုရားသခင်ပင်ဖြစ်သည်
(က ၁း၂၈-၃၁)။
မြေကြီးသစ်၌ပေါင်းသင်းဆက်ဆံရေး။ မြေကြီးသစ်တွင် ကျွန်ုပ်တို့သည် ပေါင်း သင်း ဆက်ဆံရေး၌ ထာ၀ရကာလပတ်လုံးဝမ်းမြောက်ကြလိမ့်မည်။
၁။ မိတ်ဆွေများနှင့်မိသားစု။ ကျွန်ုပ်တို့သည် ဘုန်းတော်ဝင်စား၍၊ ခရစ်တော်၏
ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲပြီးနောက်၊ ကျွန်ုပ်တို့၏မိတ်ဆွေများနှင့်
မိသားစုဝင် များ ကိုမှတ်မိကြမည်လော။
ခရစ်တော်ထမြောက်ပြီးနောက် တပည့်တော်တို့သည် သူ့ကို မှတ်မိ ကြသည်။ မာရိသည် သူ၏အသံကိုမှတ်မိသည် (ယော ၂ဝး၁၁-၁၆)။
သောမသည် သူ၏ ပုံပန်းကိုမှတ်မိသည် (ယော ၂ဝး၂၇၊၂၈)။
ဧမောက်ရွာသားတပည့်တော်တို့သည် သူ၏အမူအရာကိုမှတ်မိကြသည် (လု
၂၄း၃၀၊ ၃၁၊ ၃၅)။ ကောင်းကင်နိုင်ငံတွင် အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့သည် သူတို့၏
ကိုယ်ပိုင် နာမည်နှင့် ပင်ကိုလက္ခဏာတို့ကို ဆက်လက်သယ်ဆောင်ဦးမည် (မ ၈း၁၁)။
မြေကြီးသစ် တွင် ယခုကျွန်ုပ်တို့သိကျွမ်း၍၊ ချစ်ခင်သောသူများနှင့် ဆက်ဆံရေး
ဆက်လက်ရှိနေဦးမည်ဟု ကျွန်ုပ်တို့ယူဆနိုင်သည်။
အမှန်မှာ၊ ထိုနေရာတွင် ကျွန်ုပ်တို့၏မိသားစုများနှင့်
လက်ရှိမိတ်ဆွေများနှင့် သာ မကဘဲ၊ ကောင်းကင်ကို
မျှော်လင့်စေသော အရာများအားဖြင့်လည်း ဝမ်းမြောက်ရကြ လိမ့်မည်။ များစွာသော
ပစ္စည်းဥစ္စာအကျိုးအမြတ်များသည် “ခမည်းတော်ဘုရား၊ ကျွန်ုပ် တို့၏ ကယ်တင်ရှင်၊ သန့်ရှင်းသောဝိညာဉ်တော်၊
ကောင်းကင်တမန်များ၊ အမျိုးမျိုး သော
ဘာသာစကားကိုပြောသောလူမျိုးနွယ်ခပ်သိမ်းမှ သန့်ရှင်းသူများ၊ ကျွန်ုပ်တို့၏မိသားစု
များစသည် တို့ နှင့်အတူ ထာ၀ရဆက်ဆံခြင်း၏တန်ဖိုးကိုနှိုင်းယှဉ်သော်၊
အချည်းနှီးကဲ့သို့ ပင်ဖြစ်သည်။..... ပင်ကိုအရည်အသွေးကွဲကြေခြင်း၊ မိသားစုအတွင်းအက်ကြောင်းရှိခြင်း၊
ဖျက်ဆီးခံရသော ပေါင်းသင်းဆက်ဆံမှုမျိုးမရှိတော့ချေ။ ပြီးပြည့်စုံခြင်းသည် နေရာတ ကာ တွင်ရှိလိမ့်မည်။ ကာယနှင့်ဉာဏပေါင်းစည်းမှုသည်
ကောင်းကင်နှင့်ထာ၀ရကာလကို စုံးလင်သော ပြည့်စုံမှု ဖြစ်စေလိမ့်မည်။
“ဘုရားသခင်ကိုယ်တိုင်
စိတ်နှလုံးထဲတွင်စိုက်ပျိုးပေးသောချစ်ခြင်းမေတ္တာနှင့် သနားခြင်းကရုဏာကို
ထိုနေရာတွင်အမှန်ကန်ဆုံးနှင့် ချိုသာဆုံးစွမ်းဆောင်နိုင်လိမ့်မည်။ သန့်ရှင်း သော [ခမည်းတော်၊
သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်] သူများနှင့်စင်ကြယ် သော ပေါင်း ဖော်ခြင်း၊ မင်္ဂလာရှိသောကောင်းကင်တမန်များ၊
ခေတ်အဆက်ဆက်မှ သစ္စာရှိသော သူများ တို့နှင့် သဟဇာတရှိသောလူမှုရေးဆက်ဆံမှုတို့သည်
ရွေးနုတ်ခံသူတို့ ၏ ပျော်ရွှင်မှုကို
ဖြစ်စေ သည်။”
၂။ ထိမ်းမြားခြင်းရှိမည်လော။ ခရစ်တော်အချိန်ကလူတချို့သည် ယောက်ျား ခုနစ် ယောက်ကို
တစ်ယောက်ပြီး တစ်ယောက်ယူသော မိန်းမ၏အရေးကို ပြောခဲ့ကြသည်။ ထမြောက်ခြင်းပြီးနောက်
သူမသည် မည်သူ၏ဇနီးဖြစ်မည်ကို သူတို့မေးကြသည်။ ခရစ်တော်သည်
ပညာသားပါပါပြန်ဖြေခဲ့သည်။ “ထမြောက်ရာကာလ၌
စုံဖက်ခြင်းကို မပြု၊ ထိမ်းမြား ပေးစားခြင်းကိုမပြု” (မ ၂၂း၃၀)။
ထိုသို့ဆိုသော်၊ ရွေးနုတ်ခံသူတို့သည် ယခုထိမ်းမြားခြင်းနှင့်
ဆက်စပ်သော အကျိုး ကျေးဇူးများကို ခံစားခွင့်မရှိတော့ပြီလော။ မြေကြီးသစ်တွင်
ရွေးနုတ်ခံသူတို့သည် မည် သည့်
ကောင်းသောအရာတစ်ခုကိုမျှ ဆုံးရှုံးကြရမည်မဟုတ်ချေ။ “ဖြောင့်မတ်စွာကျင့် သော သူတို့အားကောင်းသောအရာကိုငြင်းတော်မမူ” (ဆာ ၈၄း၁၁) ဟူ၍ ဘုရားသခင် ကတိပေးခဲ့ပြီ။ ၎င်းသည်
ဤအသက်တာတွင်ပြည့်စုံလျှင်၊ နောင်လာမည့် အသက်တာ တွင် သာ၍ ပြည့်စုံ လိမ့်မည် မဟုတ်လော။
လက်ထပ်ထိမ်းမြားခြင်း၏အနှစ်သာရသည် ချစ်ခြင်းမေတ္တာဖြစ်သည်။
ထိုမေတ္တာ ကိုဖော်ထုတ်ခြင်းသည် ပျော်ရွှင်ခြင်း၏အနှစ်သာရဖြစ်သည်။ သမ္မာကျမ်းစာက “ဘုရား သခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏”
ဟူ၍လည်းကောင်း၊ “အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်း အခွင့်နှင့်
လက်ယာတော်နားမှာအစဉ်အမြဲပျော်ရွှင်ခွင့်ရှိပါ၏” ဟူ၍ လည်းကောင်း ဆိုသည် (၁ယော ၄း၈။ ဆာ ၁၆း၁၁)။
မြေကြီးသစ်တွင် မည်သူမျှချစ်ခြင်း မေတ္တာ သို့မဟုတ်
ပျော်ရွှင်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်းမချို့တဲ့ရချေ။ ထိုနေရာတွင် မည်သူမျှ
အထီးကျန်၊ ဟာတာတာ၊ သို့မဟုတ် မချစ်ခင်ခြင်းကို ခံစားလိမ့်မည်မဟုတ်ချေ။
လက်ရှိအချိန်တွင် ပျော်ရွှင်မှုကိုဆောင်ကြဉ်းပေးရန်
စီစဉ်သောချစ်ဖွယ်ဖန်ဆင်း ရှင် သည်
လာမည့်မြေကြီးသစ်တွင် လက်ထပ်ထိမ်းမြားခြင်းထက်သာလွန်သောအရာကို ဖန်တီး
ပေးနိုင်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။
မြေကြီးသစ်ကအသိဉာဏ်ရှိသောလူသားများ
စိတ်ကိုနဂိုအတိုင်းပြန်လည်ဖြစ်စေခြင်း။ အသက်ပင်၏ “အရွက်သည်လည်း လူအ မျိုးမျိုး တို့၏ အနာရောဂါငြိမ်းစရာဖို့ဖြစ်၏” (ဗျာ ၂၂း၂)။ ဤဗျာဒိတ်ကျမ်းကပြော သောအရာသည် အနာရောဂါငြိမ်းခြင်းထက်ပိုသည်။ ထိုနေရာတွင်
မည်သူမျှဖျားနာတော့ မည် မဟုတ်ပါ (ဟေရှာ
၃၃း၂၄၊၂၀)။ ထို့ကြောင့်၊ ၎င်းသည် နဂိုအတိုင်းပြန်လည် ဖြစ်စေခြင်း ကိုဆိုလိုသည်။ ရွေးနုတ်ခံသူတို့သည်
အသက်ပင်၏အသီးကိုစားသောအခါ၊ အပြစ်က ဖြစ်စေခဲ့သောရုပ်ခန္ဓာ နှင့်
စိတ်သေးနုပ်ခြင်းမှလွန်မြောက်၍ ကြီးထွားလာမည် ဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့် အညီ
ပြန်လည်ဖြစ်လာကြလိမ့်မည်။
အကန့်အသတ်မဲ့သောစွမ်းပကား။ ထာ၀ရကာလတွင် အသိဉာဏ်တိုးတက်မှု သည် အကန့်အသတ်မရှိချေ။
မြေကြီးသစ်တွင် “မပျက်စီးနိုင်သောစိတ်များသည်
ဖန်ဆင်းခြင်း တန်ခိုး၏ အံ့ဩဖွယ်ရာများ၊ ရွေးနုတ်သော မေတ္တာ၏ နက်နဲမှုများကို လေး လေးနက်နက် ဆင်ခြင်စဉ်စားကြလိမ့်မည်။
ဘုရားသခင်ကိုမေ့လျော့ရန်၊ စုံစမ်းသည့် ရက်စက်၍ လှည့်စား
တတ်သောရန်သူမရှိတော့ပြီ။ လုပ်ဆောင်နိုင်သောစွမ်းရည်တိုင်း သည် တိုးတက်များပြားလာ လိမ့်မည်။ အသိပညာကိုရှာမှီးသော
မနွမ်းလျသကဲ့သို့၊ အား အင်သည်လည်း ကုန်ခန်းမသွား
ချေ။ ထိုနေရာတွင် အကြီးကျယ်ဆုံးသောတီထွင်ကြံ ဆမှုကို သယ်ဆောင်သွားနိုင်သည်၊ အမြင့်ဆုံးသော
ရည်မှန်းချက်ကိုလည်း ရောက်ရှိနိုင် သည်။
ကျော်လွှားရန်အသစ်သော အထွတ်အထိပ်များ၊ ကြည်ညိုရန်အံ့ဖွယ်အသစ်များ၊
နားလည်ရန်သမ္မာတရားအသစ်များ၊ ခန္ဓာ၊ စိတ်၊ ဝိညာဉ်တန်ခိုးကိုအသုံးပြုရန် အသစ် သော အရာများရှိနေဦးမည်။”
မြေကြီးသစ်တွင်ဝိညာဉ်ရေးရာလိုက်စားမှုများ။ ခရစ်တော်မပါလျှင် ထာ၀ရ အသက်သည် အဓိပ္ပါယ်မဲ့နေလိမ့်မည်။
ထာ၀ရကာလတစ်လျှောက်၊ ရွေးနုတ်ခံသူတို့သည် ခရစ်တော်၏ အသက်တာနှင့်အလုပ်ကို
ပိုမိုနားလည်ရန်အတွက်၊ သူနှင့်အတူပေါင်း ဖော်ရန် အတွက်၊
သူ၏အနှိုင်းမဲ့မေတ္တာအကြောင်း မကျဆုံးသောကမ္ဘာများကိုသက်သေ ခံရန် အချိန်ပိုပေးရန် အတွက်၊ ခရစ်တော်ကို
ပိုမိုနီးကပ်စွာရောင်ပြန်ဟပ်သောစာရိတ္တ အတွက်၊
ယေရှုကိုအစဉ် ဆာလောင်ငတ်မွတ်နေကြလိမ့်မည်။ သူတို့သည် ကိုယ်တော်၌ အစဉ်အမြဲ နားနေ၍၊ ကျေနပ် မှုအပြည့်အဝရှိကြလိမ့်မည်။
ခရစ်တော်ကိုယ်တိုင်အမှုထမ်းရန် အသက်ရှင်ခဲ့ပြီး (မ ၂ဝး၂၈)၊
သူ၏ နောက် လိုက်များ သည်လည်း
အလားတူအသက်တာမျိုးရှိရန်ခေါ်ခဲ့သည်။ ယခုပင်သူနှင့် အတူ လုပ်ဆောင်ရ သည်မှာ အကျိုးခံစားရသည်။
ထိုမှပေါက်ဖွားလာသောဆက်ဆံရေးသည် မြေကြီးသစ်တွင်
ပိုမိုကြီးမားသောကောင်းချီးနှင့်သူနှင့်အတူ လုပ်ဆောင်ရသောအခွင့်ထူး ကို ထပ်၍ပေးသည်။ ထိုနေရာတွင် ကြီးမားသောပျော်ရွှင်မှုနှင့်
စိတ်ကျေနပ်မှုဖြင့်၊ “ဘုရား သခင်၏ ကျွန်တို့သည် ဘုရားဝတ်ကိုပြုကြလိမ့်မည်” (ဗျာ ၂၂း၃)။
ရွေးနုတ်ခံသူတို့သည် ဘုရားသခင်ဖန်ဆင်းသော သဘာ၀တရား
ဘဏ္ဍာတိုက်ကို လေ့လာရမည့် အခွင့်ထူးရှိမည် ဖြစ်သော်လည်း၊ အဓိကဘာသာရပ်မှာ
လက်ဝါးကပ်တိုင် အကြောင်းဖြစ်လိမ့်မည်။ သူတို့ပိုင်ဆိုင်ရန်၊ ဘုရားသခင်ရည်ရွယ်သည့်
ထိုးထွင်းဉာဏ်ကို ပြန်လည်၍ဉာဏ်ပညာပေးရန်၊ အပြစ်၏ကန်းစေသောအရာကိုဖယ်ရှားခြင်းနှင့်အတူ၊
သူ တို့သည်
ဤနေရာတွင်လိုချင်ရုံမျှပြုနိုင်သောအရာဖြင့် ဝိညာဉ်ရေးသမ္မာတရားကိုသိရှိ နိုင်ကြ
လိမ့်မည်။ သူတို့သည် တွေးခေါ်မှုအားလုံးကိုကျော်လွန်သည့် အနက်၊ အမြင့်၊ အကျယ်ပါ ရှိသောကယ်တင်ခြင်းအကြောင်းကို ထာ၀ရကာလတစ်လျှောက် လေ့လာ သီဆိုကြမည်။ ဤ လေ့လာမှုအားဖြင့် ရွေးနုတ်ခံသူတို့သည်
ယေရှု၌ရှိသောသမ္မာတရား ကို အစဉ်သာ၍ မြင်တွေ့
ကြလိမ့်မည်။
တစ်ပတ်ပြီးတစ်ပတ်ကယ်တင်ခံသူတို့သည်
ဥပုသ်နေ့ဝတ်ပြုခြင်းအတွက် တွေ့ဆုံ ကြလိမ့်မည်။ “လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာကိုးကွယ်ခြင်းငှာ
လဆန်းနေ့နှင့် ဥပုသ်နေ့ အစဉ်အတိုင်းလာကြလိမ့်မည်ဟု ထာ၀ရဘုရားမိန့်တော်မူ၏”
(ဟေရှာ ၆၆း၂၃)။
မကောင်းမှုမရှိတော့ပြီ
မကောင်းမှုဟူသမျှကိုအမြစ်ဖြတ်သည်။ မြေကြီးသစ် အကြောင်း အားတက်စရာ အကောင်းဆုံးသော ကတိတစ်ခုမှာ
ထိုနေရာတွင် မရှိတော့မည့် အရာများနှင့်သက်ဆိုင် သည်။ “နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊
အော်ဟစ်ခြင်း၊ ပင်ပန်း ခြင်း လည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည်
ရွေ့သွားကြပြီ” (ဗျာ ၂၁း၄)။
ဘုရားသခင်သည် မကောင်းမှုအားလုံးကိုဖြစ်စေသော
အပြစ်ပုံစံအမျိုးမျိုးကို အမြစ် ဖြတ်မည်ဖြစ်သောကြောင့်၊ ဤမကောင်းမှုအားလုံးသည်
အစဉ်ကွယ်ပျောက်သွား လိမ့်မည်။ သမ္မာကျမ်းစာသည် မြေကြီးသစ်တွင် အသက်ပင်ရှိမည်
အကြောင်းပြော သော်လည်း၊ ကောင်းမကောင်းသိကျွမ်းရာအပင်ကိုမူ တစ်ကြိမ်မျှဖော်ပြခြင်းမရှိချေ။
အကြောင်းမှာ ကျွန်ုပ် တို့သည် ဤမြေကြီးပေါ်တွင်
ဘုရားသခင်ကိုလုံးလုံးသစ္စာခံ၍၊ အပြည့်အဝ
ယုံကြည်ကိုးစား သောကြောင့် ထိုစုံစမ်းခြင်းကိုအောင်နိုင်ခဲ့ပြီဖြစ်သည်။
ထိုပြည်တော်တွင်၊ ခရစ်ယာန်တို့ သည် လောကီအရာ၊ ဇာတိပကတိနှင့်ဆိုင်သောအရာ သို့မဟုတ်
စာတန်နှင့် ဘယ်ခါမျှ တိုက်ပွဲဝင်ကြရတော့မည်မဟုတ်ချေ။
အပြစ်အားဖြင့်ညစ်ညမ်းသော
ရှေးကမ္ဘာမြေမှရွှေ့ပြောင်းလာသူများ စုပြုံလာကြ သော်လည်း၊ မြေကြီးသစ်သည် “အသစ်” ပင်ဖြစ်မည်ဟူသောအာမခံချက်မှာ၊
ဘုရား သခင်သည် “စက်ဆုပ်ရွံ့ရှာဖွယ်သောသူ၊ လူအသက်ကိုသတ်သောသူ၊ မတရားသောမေ ထုန်ကိုမှီဝဲ သောသူ၊ ပြုစားတတ်သောသူ၊
ရုပ်တုကိုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့” (ဗျာ ၂၁း၈။ ၂၂း၁၅) ကိုဖယ်ထုတ်မည်ဟူသော အချက်တွင်တည်သည်။
အပြစ်ဝင်ရောက် သောနေရာတိုင်းတွင် ၎င်းသည်ဖျက်ဆီးသောကြောင့်၊ ဘုရားသခင် သည် မကောင်းမှုကို ဖယ်ရှားရမည်ဖြစ်သည်။
“ကျိန်ခြင်း၏သဲလွန်စဟူသမျှကိုဖယ်ရှင်းသည်။ အမှတ်ရစေသော
အရာတစ်ခုသာ ကျန်ခဲ့သည်။ ၎င်းမှာ ကျွန်ုပ်တို့၏ရွေးနုတ်ရှင်သည်
ကပ်တိုင်တင်သတ်ခြင်း၏ အမှတ် အသားများကိုအစဉ်အမြဲပါရှိလိမ့်မည်။
သူ၏ခေါင်းပေါ်၊ သူ၏နံဘေး၊ သူ၏ လက်နှင့် ခြေထောက်များမှ
ဒဏ်ချက်များသည် အပြစ်၏ရက်စက်သောလက်ချက်၏ လက္ခဏာ များသည် သာကျန်ခဲ့မည်။ ဘုန်းထွန်းသောခရစ်တော်ကိုကြည့်၍၊
ပုရောဖက်က ဤသို့ဆို သည်။ “အဆင်းအရောင် တော်သည် နေရောင်ကဲ့သို့ဖြစ်၏။ လက်တော်မှ
ရောင်ခြည် သည်ထွက်၍၊ ဘုန်းအာနုဘော်
တော်ကိုကွယ်ကာလေ၏” (ဟဗ ၃း၄)။ ထာ၀ရကာလ အဆက်ဆက် ကရာနိမှဒဏ်ချက်များသည် ကိုယ်တော်အားချီးမွမ်း
ထိုက်ကြောင်းကိုပြ သ၍၊
သူ၏တန်ခိုးကိုကြေညာသည်။”
ရှေးဖြစ်ဖူးသောအရာကိုမအောက်မေ့ရ။ ဟေရှာယက၊ မြေကြီးသစ်တွင်၊ “အ လျင်မိုးကောင်းကင်နှင့်မြေကြီးကို
မအောက်မေ့ရ။ နှလုံးမမှတ်မိရ” (ဟေရှာ ၆၅း၁၇)
ဟုဆိုသည်။ ရွေးနုတ်ခံသူများမေ့လျော့သွားကြမည့်အရာများမှာ ဘ၀ဟောင်းမှဆင်းရဲ
ဒုက္ခများဖြစ်ကြောင်း ကျမ်းချက်၏အထောက်အထားများကပြသသည် (ဟေရှာ ၆၅း ၁၆)။ သူတို့သည် ဘုရားသခင်ပြုလုပ်ခဲ့ပြီးသည့်ကောင်းသောအရာများ၊
သူတို့ကိုကယ် တင်သည့် ကြွယ်၀သော
ကျေးဇူးတော်တို့ကိုမူ မေ့သွားကြမည်မဟုတ်ချေ။ ဤအရာများ ကိုမေ့သွားခဲ့လျှင် ဤ အပြစ်၌ ရုန်းကန်မှုတစ်ခုလုံးသည်
အချည်းနှီးဖြစ်သွားလိမ့်မည်။ ခရစ်တော်၏ ကယ်တင်သော ကျေးဇူးတော်ကို
သန့်ရှင်းသူတို့၏တွေ့ကြုံခံစားမှုသည် ထာ၀ရကာလ တစ်လျှောက် သူတို့
သက်သေခံခြင်း၏အနှစ်သာရဖြစ်သည်။
ထို့ပြင်မက၊ အပြစ်၏ရာဇဝင်သည် “တစ်ဖန်နှိမ်နင်းစရာအကြောင်းမရှိ” (နာ ၁း၉) ဟူ သောအရေးကြီးသော အာမခံချက်ကိုဖြစ်စေသည်။
အပြစ်၏ဝမ်းနည်းဖွယ် ရလဒ်များ ကို
စဉ်းစားခြင်းသည် မိမိကိုယ်ကိုသေကြောင်းကြံသောလမ်းကို တစ်ဖန်လိုက်ရန် စုံစမ်း ခြင်းမှ မည်သူကိုမဆို ထာ၀ရဟန့်တားပေးလိမ့်မည်။ သို့သော်၊
အတိတ်ကဖြစ်ရပ် များသည် အရေးကြီးသော ရည်ရွယ်ချက်ကို ပေးနိုင်သော်လည်း၊ ကောင်းကင်၏
ပတ်ဝန်း ကျင်သည်
သူတို့၏နာကျင်မှုများ၊ ကြောက်မက်ဖွယ်အမှတ်တရများကို ဆေးကြော ပေးလိမ့်မည်။ ကတိတော်မှာ သူတို့၏အမှတ်ရနေခြင်းသည်
ရွေးနုတ်ခံသူတို့၌ နောင်တ၊ စိတ်ထိခိုက်မှု၊ စိတ်ပျက်မှု၊ ဝမ်းနည်းမှု သို့မဟုတ်
စိတ်အနှောင့်အယှက်ဖြစ်မှုစသည်တို့ကို ဖြစ်ပေါ် စေမည် မဟုတ်ဟူသောအရာဖြစ်သည်။
အသစ်ဖန်ဆင်းခြင်းကိုယုံကြည်ခြင်း၏တန်ဖိုး
မြေကြီးသစ်ဆိုင်ရာယုံကြည်ချက်ကို ယုံကြည်ခြင်းသည်
ရွေးနုတ်ခံသူတို့အတွက် များ စွာ သောလက်တွေ့ကျသည့်အကျိုးများကို ယူဆောင်လာပေးသည်။
၎င်းသည်ခံနိုင်ရည်ရှိရန်အားပေးသည်။ ခရစ်တော်ကိုယ်တိုင် “မိမိရှေ့၌ ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့်၊
ရှက်ကြောက်သောအရာကိုမမှတ်ဘဲ၊ လက်ဝါးကပ် တိုင်၌ ခံခဲ့သည်
(ဟေဗြဲ ၁၂း၂)။ ပေါလုသည် အနာဂတ်ဘုန်းတော်ကို အာရုံပြုလျက် မိမိ၏ သတ္တိကို
ပြန်လည်အားသစ်လောင်းသည်။ “ထို့ကြောင့် ငါတို့သည်
အားလျော့စိတ်ပျက် ခြင်းနှင့်
ကင်းလွတ်ကြ၏။..... ယခုခဏခံရ၍ ပေါ့ပါးသောဆင်းရဲခြင်း ဒုက္ခသည် အတိုင်း ထက် အလွန်ကြီး မြတ်လေးလံသော နိစ္စထာ၀ရဘုန်းအသေရေကို ငါတို့
အဖို့ဖြစ်စေ တတ်၏” (၂ကော ၄း၁၆-၁၈)။
၎င်းသည်ပျော်ရွှင်မှုနှင့်ဆုလာဘ်ရရန်သေချာမှုကိုပေးသည်။ ခရစ်တော်ကိုယ်တိုင် ဤ သို့ဆိုသည်။ “ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊
ကောင်းကင် ဘုံ၌သင်တို့၏ အကျိုးသည်
ကြီးလှပေ၏” (မ ၅း၁၂)။ ပေါလုကလည်း
ထပ်လောင်းပြော ဆိုသည်။ “အကြင်သူ၏အလုပ်သည်မြဲ၏။ ထိုသူသည် အကျိုးကိုခံရ လိမ့်မည်” (၁ကော ၃း၁၄)။
၎င်းသည်စုံစမ်းခြင်းကိုတွန်းလှန်ရန်ခွန်အားပေးသည်။ မောရှေသည် “နောင် ရလတ္တံ့
သောအကျိုးကိုထောက်စာမျှော်လင့်လျက်” “အပြစ်ရှိသောကာမဂုဏ်ကိုခဏခံ စားခြင်း” နှင့် “အဲဂုတ္တုပြည်၏စည်းစိမ်” တို့မှရုန်းထွက်နိုင်ခဲ့သည်
(ဟေဗြဲ ၁၁း၂၆)။
၎င်းသည်ကောင်းကင်၏အရသာကိုမြည်းစမ်းစေသည်။ ခရစ်ယာန်တို့၏ ဆုလာဘ်သည် အနာဂတ်၌သာမရှိပါ။
ခရစ်တော်ကိုယ်တိုင်သည် သန့်ရှင်းသောဝိညာဉ် တော်အားဖြင့်
ခရစ်ယာန်တို့ထံသို့ကြွမြန်း၍၊ လာမည့်ကောင်းချီးများကို အာမခံချက် ပေး၍ လက်ငင်းပေးချေ သည့်အနေဖြင့်
သူတို့၌ကိန်းဝပ်လျက်ရှိသည် (၂ကော ၁း၂၂။
၅း၅။ ဧ ၁း၁၄)။ ယေရှုက ဤသို့ဆိုသည်။ “အကြင်သူသည်
ငါ၏အသံကိုကြား၍၊ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍၊ သူနှင့်အတူစားသောက်မည်”
(ဗျာ ၃း၂၀)။ “ခရစ် တော်ဤသို့ကြွလာသောအခါ၊ အမြဲတမ်း သူနှင့်အတူ ကောင်းကင်ဘုံကို
ဆောင်လာ သည်။” သူနှင့်အတူ ပေါင်းဖော်ခြင်းသည် “စိတ် နှလုံးထဲ၌ ကောင်းကင်ဘုံရောက်ရှိနေခြင်း ဖြစ်သည်။
၎င်းသည် ထည်ဝါသော အစပြုခြင်း ဖြစ်သည်။ ၎င်းသည် စောင့်စားနေသော
ကယ်တင်ခြင်းပင်ဖြစ်သည်။”
၎င်းသည်ပိုမိုကြီးမားသောထိရောက်မှုကိုဖြစ်စေသည်။ လူအချို့ကခရစ်ယာန် တို့သည် ကောင်းကင်ကိုသာ
အာရုံစိုက်သောကြောင့် မြေကြီးပေါ်တွင် တန်ဖိုးမရှိကြဟူ၍ ရှုမြင်ကြသည်။ သို့သော်
ထိုအနာဂတ်ကိုယုံကြည်ချက်ကသာ သူတို့ကိုလှုပ်ရှားစေနေ ခြင်းဖြစ်သည်။ “လက်ရှိဤကမ္ဘာအတွက် အများဆုံးလုပ်ဆောင်သောသူတို့သည် အနာ ဂတ်ကမ္ဘာကို အများ ဆုံးစဉ်းစားသော
ခရစ်ယာန်များဖြစ်ကြကြောင်းကို တွေ့ရလိမ့်မည်။ ခရစ်ယာန်တို့သည်
အခြားကမ္ဘာကိုမစဉ်းစားတော့သည့်အခါ၊ သူတို့သည် ဤကမ္ဘာတွင် ထိရောက်မှုမရှိသော
သူများဖြစ်လာကြသည်။” ကောင်းကင်ကိုရည်မှန်းပါ၊
ထိုအခါ သင် သည် အသုံးဝင်သူဖြစ်လိမ့်မည်။
မြေကြီးကိုရည်ရွယ်လိုက်ပါ၊ ထိုအခါ သင်သည် ဘာမျှ ရလိမ့်မည်မဟုတ်။”
အမြဲတမ်းအသက်ရှင် နေထိုင်ရန် ကြံစည်သော ခရစ်ယာန်တို့သည်
မိမိတို့ကိုယ်ကို တစ်ခါသုံးအဖြစ် ယူဆကြသောသူများထက် ပင်ကိုအားဖြင့်
မိမိတို့ကိုယ်ကိုပိုမိုဂရုစိုက် တည်ဆောက်ကြပြီး၊
လူမှုအသိုက်အဝန်းကိုအပြုသဘောအားဖြင့် အကျိုးသက်ရောက်မှု ရှိသည်။
“ကောင်းကင်ဆိုင်ရာအရာများသည်
စိတ်နှလုံးကိုသိမ်းပိုက်၍၊ သန့်ရှင်းသော ဝိညာဉ် တော်သည် ဆက်လက်အားပေးသောအခါ၊
ကောင်းကင်နှင့်သဟဇာတဖြစ်အောင် အားကြီး သောတန်ခိုးကိုပေးသည်။ ၎င်းသည်
စိတ်ဝိညာဉ်ကိုမြှင့်တင်ပေး၍၊ မြင့်မြတ် စေသည်။ ၎င်း၏ နယ်ပယ်နှင့်
၎င်း၏အမြော်အမြင်ကိုတိုးချဲ့ကြီးမားလာစေပြီး၊ မြင်နိုင်သော အရာနှင့်မမြင်နိုင် သော
အရာများကို ပိုမိုတန်ဖိုးထားလာစေသည်။”
၎င်းသည်ဘုရားသခင်၏ဂုဏ်တော်ကိုဖော်ပြသည်။
ယနေ့ကျွန်ုပ်တို့မြင်ရသော လော က ကြီးသည် ဘုရားသခင်၏ဂုဏ်တော်နှင့်
ဤကမ္ဘာဂြိုဟ်အတွက် သူ၏မူလ အစီအစဉ်ကို ပုံပျက်ပန်းပျက်သရုပ်ဖော်သည်။ အပြစ်သည်
ကမ္ဘာမြေ၏ရုပ်ပိုင်းဂေဟ စနစ်ကို အကြီး အကျယ်ဖျက်ဆီးသောကြောင့်၊ ဤကမ္ဘာနှင့်
ကမ္ဘာဦးကျမ်း ၁ နှင့် ၂ က ပုံဖော်သော ပရဒိသုဘုံ အကြားဆက်စပ်မှုကို
စဉ်းစား၍ပင်မရနိုင်တော့ချေ။ ယခုတွင် အသက်ရှင်နေနိုင်ရေးအတွက် ရုန်းကန်မှုသည် အသက်တာကိုပုံဖော်ပေးနေသည်။
လော က၊ ဇာတိပကတိ၊ စာတန်စသည်
တို့နှင့်တိုက်ပွဲဝင်နေရသည့် ယုံကြည်သူ၏ အသက်တာ သည်ပင်လျှင် ဘုရားသခင်၏ မူလအစီအစဉ်ကို
တိတိကျကျပုံမဖော်နိုင်ချေ။ ရွေးနုတ် ခံသူတို့အတွက်
ဘုရားသခင်ကြံစည် ထားသည့် စာတန်၏ဩဇာလွှမ်းမိုးမှုက မတို့မထိ သောကမ္ဘာ၊ ဘုရားသခင်၏ ရည်ရွယ်ချက် ကသာ စိုးမိုးသောကမ္ဘာတွင်
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဂုဏ်တော်ကို ပိုမိုမှန်ကန် အောင် သရုပ်ဖော်နိုင်ကြမည်။
၎င်းသည်ကျွန်ုပ်တို့ကိုဘုရားသခင်ထံသို့ဆွဲယူသည်။ နောက်ဆုံးတွင်၊ သမ္မာကျမ်း စာသည် ဘာသာရေးစိတ်မဝင်စားသောသူတို့အား
ခရစ်တော်ထံသို့ဆွဲဆောင်ရန် မြေကြီး သစ်အကြောင်းကိုဖော်ပြသည်။
“ဘာသာရေးနှင့်၎င်း၏နောက်ဆုံးရလဒ်သည် လောကီ သားများက လိုချင်၍မရနိုင်သောအရာဖြစ်သည်ဟု
များစွာသောသူတို့ကစဉ်းစား ဟန်ရှိ သည်။ ထို့ကြောင့်
ပျော်ရွှင်မှုတစ်ခုခုကို အတိအကျပြောသောအခါ၊ လူသား၏ ကျရှုံး သောအခြေအနေဖြင့် အမှန်တကယ်လိုချင်သော်လည်း၊ ၎င်းသည်
စစ်မှန်သော ဘာသာ ရေး၏ အစိတ်
အပိုင်းမဖြစ်နိုင်ဟုထင်မှတ်ကြသည်။” မည်သည့်အရာမျှအမှန်တရားနှင့်
မဝေးကွာနိုင် ဟုဆို ကြ ခြင်းဖြစ်သည်။
သူ့ကိုချစ်သောသူတို့အတွက် သူပြင်ဆင်ထားသောအရာကိုသိစေရာတွင်
ဘုရား သခင်၏ အဓိကရည်ရွယ်ချက်မှာ
ဤလောကကိုစွဲလမ်းခြင်းမှ လူတစ်ဦးချင်းစီကို ဆွဲဆောင်ရန်ဖြစ်သည်။ ၎င်းသည်
ဘုရားသခင်၏ချစ်သောစိတ်နှလုံးအားဖြင့်ပြင်ဆင် သောလှပသည့်အရာများကို ခဏမျှမြင်တွေ့စေရန်နှင့်
နောင်လာမည့်အရာကို တန်ဖိုးထား နိုင်ရန်ကူညီပေးသည်။
အစဉ်အမြဲအသစ်ဖြစ်ခြင်း
ဤကမ္ဘာအိုကြီးတွင် “ကောင်းသောအရာအားလုံးပြီးဆုံးသွားပြီ”
ဟုမကြာမကြာ ပြောတတ်ကြသည်။
မြေကြီးသစ်နှင့်ဆိုင်သော အကောင်းဆုံးသတင်းကောင်းမှာ ၎င်း သည် ဘယ်ခါ မျှဆုံးခန်းတိုင်မည်မဟုတ်ဟူသောအချက်ဖြစ်သည်။
ထိုအခါ “ဤလောကီ နိုင်ငံသည်
ကျွန်ုပ်တို့၏သခင်ဘုရား၊ ခရစ်တော်၏နိုင်ငံတော်ဖြစ်လာသည်။ သူသည် အစဉ်အမြဲ
စိုးစံလိမ့်မည်” ဟူသောသီချင်းစာသားသည်
ပြည့်စုံလာလိမ့်မည်။ ထိုအခါ အသက်ရှင်သောသတ္တဝါ အားလုံးသည်
သံပြိုင်သီချင်းကိုဝင်ရောက်သီဆိုကြလိမ့်မည်။ “ပလ္လင်တော်ပေါ်မှာ
ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက် ကောင်း ချီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊
အစွမ်းသတ္တိရှိတော်မူစေသတည်း” (ဗျာ ၅း၁၃)။
မဟာတိုက်လှန်ပွဲကြီးသည် ပြီးဆုံးသွားလေပြီ။
အပြစ်နှင့်အပြစ်သားများလည်း မရှိကြ တော့ပြီ။ စကြ၀ဠာတစ်ခုလုံးသည်
စင်ကြယ်လျက်ရှိသည်။ ဖန်ဆင်းသောအရာ တစ်ခုလုံးသည် တစ်သဘောတည်းရှိသည်။
အရာခပ်သိမ်းကိုဖန်ဆင်းသောသူထံမှ အသက်၊ အလင်း နှင့်ဝမ်းမြောက်ခြင်းသည်
စကြ၀ဠာတစ်ခုလုံးတွင်စီးဆင်းလိမ့်မည်။ အသေးငယ်ဆုံးသော မြူမှုန်မှစ၍
အကြီးဆုံးသောကမ္ဘာအထိသက်ရှိသက်မဲ့အရာအား လုံးက “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုကြွေးကြော်ကြသည်။
-၀-
No comments:
Post a Comment