Wednesday, March 19, 2025



 အခန်း - ၄၇

သေခြင်း၌လူဇာတိအဖြစ်


၁။ သမ္မာကျမ်းစာသည် သေခြင်းကိုမည်ကဲ့သို့ရေးထားသနည်း။

        ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့လည်းကောင်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင်ထံသို့လည်းကောင်း ပြန်သွားရလိမ်မည်။ (ဒေ၊ ၁၂း၇။ ယောဘ၊ ၂၇း၁-၃။ ၃၄း၁၄၊ ၁၅။)

၂။ ဘုရားသခင်ဖန်ဆင်းတော်မူသော သတ္တဝါအပေါင်းတို့သည် ဤကဲ့သို့ သေတတ်ကြသလော။

        လူသားတွေ့ကြုံသော အမှုကို တိရစ္ဆာန်တွေ့ကြုံတတ်၏။ ထိုနှစ်ဦးတို့သည် တစ်ပါးတည်းသော အမှုကိုတွေ့ကြုံလျက် တစ်ဦးသေသကဲ့သို့ တစ်ဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တစ်မျိုးတည်းရှိကြ၏။ (ဒေ၊၃း၁၉၊ ၂၀။ က ၃း၁၉။ ၁ကော၊ ၁၅း၄၇။)

၃။ သေခြင်း၌ဘုရားသခင်ကိုသိကျွမ်းနိုင်သလော။

        အကြောင်းမူကား၊ သေလျက်နေစဉ်တွင် ကိုယ်တော်ကိုအောက်မေ့ခြင်းမရှိပါ။ မရဏာနိုင်ငံတွင် ကျေးဇူးတော်ကို အဘယ်သူချီးမွမ်းပါမည်နည်း။ (ဆာ၊ ၆း၅။ ၁၀၅း၁၇။ ဟေရှာ၊ ၃၈း၁၈။)

၄။ သေသောသူတို့သည် ထောမနာသီချင်းကိုအဘယ်ကြောင့်မဆိုနိုင်သနည်း။

        သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။ (ဆာ၊ ၁၄၆း၄။)

၅။ သေပြီး နောက်သတိရှိသေးသလော။

        အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။‌ (ဒေ၊ ၉း၅-၁၀။)


လူသည်သေပြီးမှ သင်္ချိုင်းတွင်းရှိလျက် အိပ်ပျော်နေသော
သူကဲ့သို့ ဘာမျှမသိ

၆။ သေသောသူတို့သည် ကမ္ဘာပေါ်တွင် ဖြစ်နေပျက်နေသမျှတို့ကို သိသလော။

        သူ၏သားတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သော်လည်း သူသည်မသိရပါ။ နှိမ့်ချခြင်းသို့ရောက်သော်လည်း ထိုအမှုကို ပင်မရိပ်မိပါ။ (ယောဘ၊ ၁၄း၂၁။)

၇။ မည်သူသာလျှင် ဘုရားသခင်ကိုထောမနာပြုနိုင်သနည်း။

        အသက်ရှင်သောသူ၊ အသက်ရှင်သောသူသာလျှင် ယနေ့အကျွန်ုပ်ပြုသကဲ့သို့ ဂုဏ်တော်ကို ချီးမွမ်းရပါလိမ့်မည်။ (ဟေရှာ၊ ၃၈း၁၉။ ဒေ၊ ၉း၇-၁၀။)

၈။ ကျမ်းစာသည် ဒါဝိမ်မင်းအကြောင်းမည်ကဲ့သို့ရေးသနည်း။

        ညီအစ်ကိုတို့၊ အမျိုး၏အဘဖြစ်သော ဒါဝိဒ်၏အကြောင်းကို ငါသည်သင်တို့အား အတိအလင်းပြောပါရစေ။ ထိုဒါဝိဒ်သည် သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင်ငါတို့၌ရှိ၏. . . . ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး။ (တ၊ ၂း၂၉၊၃၄။)

၉။ အာဗြဟံသေသောအခါ မည်သည့်အရပ်သို့ရောက်သနည်း။

        ထိုနောက်အာဗြဟံသည် အသက်ကြီးရင့်၍ အိုမင်းခြင်း၊ နေ့ရက်ကာလ ပြည့်စုံခြင်းနှင့်တကွ အသက်ပေါင်း တစ်ရာ့ခုနစ်ဆယ်ငါးနှစ်ရှိသော် အသက်ချုပ်၍ဖြစ်သဖြင့် မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။ (က၊၂၅း၇၊၈။)

၁၀။ (အာဗြဟံ)မိမိလူမျိုးဆိုသော် မည်သူနည်း။

အဖြေ။ မယုံကြည်သူများဖြစ်ကြသည်။ ယောရှု၊ ၂၄း၂ကိုကြည့်ရှုပါ။ ဘုရားသခင်သည် အာဗြဟံကိုရုပ်တုကိုးကွယ်သော သူတို့အထဲမှ ခေါ်၍ယုံကြည်သော သူတို့၏ အဘဖြစ်အံ့သောငှာ သူ့ကို အခြားပြည်သို့ စေလွှတ်သည်။ (က၊ ၁၂း၁-၃ ကိုကြည့်ပါ။)

၁၁။ ဖြောင့်မတ်သော သူနှင့် မတရားသောသူသည် တစ်နေရာတည်းနေ၍ စောင့်နေကြသလော။

        ယောဘ ၃း၁၇-၁၉။ ၃၄း၁၄၊၁၅။ ၁၇း၁၃-၁၆။ ၁၄း၁၂-၁၄။ ဟေရှာ၊ ၂၆း၂၀။ ကိုကြည့်ပါ။

၁၂။ ဤနေရာကိုကျမ်းစာသည် မည်ကဲ့သို့ရေးသနည်း။

        မှောင်မိုက်နှင့် သေခြင်းအရိပ်ဖုံးလွှမ်းသောပြည်၊ သေခြင်းအရိပ်ဖြစ်စေသာ ညဉ့်ကဲ့သို့တစ်ခဲနက်မိုက်သဖြင့် အလင်းပင်မှောင်မိုက် သက်သက်ဖြစ်၍ ရှင်းလင်းခြင်းအလျှင်းမရှိသောပြည်။ (ယောဘ၊ ၁ဝး၂၁၊၂၂။ ဆာ၊ ၈၈း၁၀-၁၂။)

၁၃။ သေခြင်းကိုကျမ်းစာသည် မည်ကဲ့သို့ပုံပမာပေးသနည်း။

အဖြေ။ သေခြင်းသည် အိပ်ပျော်ခြင်း ပုံပမာဖြစ်သည်။ (ဆာ၊ ၁၃း၃။ ယေ၊ ၅၁း၃၉။ ဒံ၊ ၁၂း၂။ ယော၊ ၁၁း၁၀-၁၄။ ၁ကော၊ ၁၅း၁၈၊၂၀။ တ၊ ၇း၆၀။ ကိုကြည့်ပါ။)

၁၄။ ဘယ်မျှကာလပတ်လုံး ဖြောင့်မတ်သော လူသေတို့သည် သင်္ချိုင်းထဲမှာ နေရမည်နည်း။

        အကျွန်ုပ်ပြောင်းလဲချိန် မရောက်မီ ပင်ပန်းစွာအမှုထမ်းရသော နေ့ရက်ကာလပတ်လုံး သည်းခံလျက်နေပါမည်။ အကျွန်ုပ်ကိုခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ (ယောဘ၊ ၁၄း၁၄၊၁၅။)

၁၅။ ပြောင်းလဲခြင်းသည် ဘယ်သောအခါဖြစ်မည်နည်း။

အဖြေ။ ခရစ်တော်ဒုတိယအကြိမ်ကြွလာတော်မူသောအခါဖြစ်မည်။ (၁သက်၊ ၄း၁၃၊ ၁၆၊ ၁၇။ ဗျာ၊ ၆း၁၄-၁၆။ ဆာ၊ ၁၇း၁၅ ကို ကြည့်ပါ။)

၁၆။ ထမြောက်သောနေ့၌ သေသောသူတို့သည် မည်သည့်အရပ်မှ ထွက်လာကြမည်နည်း။

        ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်၊ သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏ စကားသံကြား၍ ထွက်ရမည့် အချိန်ကာလရောက်လတ္တံ့။ (ယော၊ ၅း၂၈၊၂၉။ ဟေရှာ၊ ၂၆း၁၉။)

၁၇။ ထမြောက်သောအခါ သူတို့သည် ချက်ချင်းမည်ကဲ့သို့ပြောင်းလဲမည်နည်း။

        ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း နောက်ဆုံးသော တံပိုးမှုတ်သောအခါ တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ . . .ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သော အဖြစ်သို့ဝင်စားရမည်။ (၁ကော၊ ၁၅း၅၁-၅၃။)

၁၈။ ထိုနောက်သူတို့သည် အဘယ်သို့သွားမည်နည်း။

    ထိုအခါအသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှာ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသော အားဖြင့် သခင်ဘုရားနှင့်အတူအစဉ်မပြတ်နေရကြလိမ့်မည်။ (၁သက်၊ ၄း၁၇။)

မူလ မာတိကာသို့

No comments:

Post a Comment