အခန်း - ၅၉
လူ၏အစာ
၁။ သတ္တဝါအပေါင်းတို့သည် မိမိတို့အစာကိုဘယ်ကရသနည်း။
ဂရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍ ခပ်သိမ်းသောသတ္တဝါတို့ကို ကျွေးမွေးတော်မူသော (ဘုရား)။(ဆာ၊ ၁၃၆း၂၅၊ ၁၀၅း၄၀၊ ၁၄၅း၃၅။)
၂။ စားသောက်ခြင်းသည် ခရစ်ယာန်ဘာသာနှင့် စပ်ဆိုင်သလော။
သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမူကိုပြုသော်လည်းကောင်း ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမူကိစ္စကိုပြုကြလော။ (၁ကော၊ ၁ဝး၃၁။)
၃။ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို ဘယ်အရာများနှင့် စုပေါင်းထားသနည်း။
အဖြေ။ ကျွန်ုပ်တို့စားသောအစား၊ သောက်သောရေ၊ ရှူလေတို့နှင့် စုပေါင်းထား သည်။
၄။ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာသည် ဘယ်အရာဖြစ်သနည်း။
သင်တို့ကိုယ်ခန္ဓာသည် ......သန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်ဖြစ်ကြောင်းကို မသိကြသလော။ (၁ကော ၆း၁၉။)
၅။ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်အား မည်ကဲ့သို့ ဆက်ကပ်အပ်သနည်း။
အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်။ (ရော၊ ၁၂း၁။)
၆။ ဘုရားသခင်သည် ကိုယ်ခန္ဓာကို ဖျက်ဆီးသောသူအား မည်ကဲ့သို့ ပြုတော်မူသနည်း။
အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကိုဖျက်ဆီး၏ ထိုသူကိုဘုရားသခင် ဖျက်ဆီးတော်မူလိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း ထိုဗိမာန်တော်ဖြစ်ရကြ၏။ (၁ကော ၃း၁၇။)
၇။ ဖန်ဆင်းတော်မူသောအခါ လူအားဘယ်အစာကို ပေးတော်မူသနည်း။
ရေကိုများများသောက်ခြင်းဖြင့် ကိုယ်ခန္ဓာကလိုအပ်သော အရည်နှင့်ဓါတ်သဘာ၀ကို ရရှိနိုင်သည်ဘုရားသခင်ကလည်းကြည့်ရှုလော။ မြေတစ်ပြင်လုံး၌စပါးသီးကို ဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကို လည်းကောင်း ၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင်အမျိုးမျိုးတို့ကို လည်းကောင်း၊ သင်တို့စားစရာဘို့ ငါပေး၏။ (က၊ ၁း၂၉။) ရေကိုများများသောက်ခြင်းဖြင့် ကိုယ်ခန္ဓာကလိုအပ်သော အရည်နှင့်ဓါတ်သဘာ၀ကို ရရှိနိုင်သည်။
၈။ တိရစ္ဆာန်တို့အားဘယ်အစာကိုပေးတော်မူသနည်း။
မကြာမီ နှစ်အနည်းငယ် အတွင်းက သိပ်ပ္ပံပညာနှင့် ကျန်းမာရေးကိုအထူးသဖြင့် အကြောင်းပြု၍ စမ်းသပ်တွေ့မြင် သိရှိရသော အချက်များကိုထောက်ရှုလျက် အစားအသောက်တို့မှ အသားအားလုံးကိုပင် ပယ်ရှားဖို့ကောင်းပေသည်။ တိရိစ္ဆာန်အနည်းငယ်ကိုသာ ဘေးဖြစ်စေသော ပိုးမွှားတို့နှင့် ကင်းစင်လောက်အောင် တိရိစ္ဆာန်များတို့တွင် ရောဂါများတို့သည် အထူးသဖြင့် လွန်စွာတိုးပွားများပြားလာ သောကြောင့် ယခုအများသော တိရိစ္ဆာန်တို့ကို သန့်ရှင်းသည်ဟုခေါ်နိုင်စရာ အကြောင်းမရှိတော့ချေ။ (ဤအချက်ကို တိုး၍သိနားလည်လိုပါက ကျန်းမာခြင်းနှင့် အသက်ရှည်ခြင်း အမည်ရှိစာအုပ်ကိုဖတ်ပါ ။မြန်မာဘာသာဖြင့်ရေးထားသော ၎င်းစာအုပ်ကိုအလိုရှိပါက ဤစာအုပ်ကို ရိုက်နှိပ်သောတိုက်သို့ စာရေးအကြောင်းကြားပါ။ မြေသား၊ မိုးကောင်းကင်ငှက်၊တွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့စားစရာဖို့ မြက်ပင်အမျိုးမျိုးတို့ကို ပါပေး၏။ (ငယ်၊ ၃၀။)
၉။ အပြစ်ဝင်ပြီးနောက်လူတို့၏အစာအဘယ်သို့ ပြောင်းလဲသနည်း။
အဖြေ။ လူသည် တိရစ္ဆာန်စားသော အစာကိုစားသည်။ (က၊ ၃း၁၇၊ ၁၈။ ထိုနောက်တိရစ္ဆာန်အသားကိုပင်စားသည်။ (က၊ ၉း၃၊၄။)
မှတ်ချက်။ လူသည်အပြစ်ပြုမိသောအခါ ဝိညာဉ်နှင့်လည်းကောင်း၊ ကိုယ်ကာယနှင့်လည်းကောင်း ဆိုင် သောအကျိုးများပျက်စီးစပြုလာသည်။ ဘုရားသခင်နှင့်ကွာဝေးလာသည်အတိုင်း မိမိအစာသည်လည်း ယုတ်ညံ့လာလေသည်။ အချို့သောအရပ်တို့၌ လူတို့သည် ဘုရားနှင့်ကွာဝေးသောကြောင့် အစာတို့မှာ တိရစ္ဆာန်တို့ကိုသာ မဟုတ်ဘဲ လူကိုပင်စားကြသေးသည်။ ပထမဦးစွာ ဘုရားသခင်ပေးတော်မူသောအစာတို့မှာ သစ်သီး၀လံများဖြစ်၍ ၎င်းတို့သည် ကိုယ်ကာယအတွက်အထူးလိုအပ်သော အစာများဖြစ်ကြသည်။
၁၀။ ဘုရားသခင်သည် တစ်ခါတစ်ရံလူတို့အား မကောင်းသောအရာတို့ကိုပြုလုပ်ဖို့ရန် အခွင့်ပေးတော်မူသလော။
သူတို့တောင်းသော ဆုကိုပေးတော်မူ၏။ သို့သော်လည်း သူတို့၌ပိန်ကြုံခြင်းကို သွင်းပေးတော်မူ၏။ (ဆာ၊ ၁၀၆း၁၅။ ၇၈း၂၉။ ၁၉း၈။)
၁၁။ ကိုယ်တော်၏ လူမျိုးတို့အား ဘယ်အသားမျိုးကိုမစားရမည်အကြောင်း မြစ်တားတော်မူသနည်း။
အဖြေ။ ဝတ်၊ ၁၁။ တရား၊ ၁၄။
မှတ်ချက်။ ကျမ်းစာသည် မစင်ကြယ်ခြင်းနှစ်မျိုးပြသည်။ တစ်မျိုးမှာ၊ ခရစ်တော်ကိုညွှန်ပြသော အထုံးအဖွဲ့နှင့်ဆိုင်သည်။ အခြားတစ်မျိုးမှာ၊ ပကတိအတိုင်းမစင်ကြယ်သော တိရစ္ဆာန်တို့နှင့်ဆိုင်သည်။ အထက်ကျမ်းချက်အခန်းကြီး ၁၁နှင့် ၁၄တွင် အချို့တိရစ္ဆာန်တို့သည် ပကတိအတိုင်း မစင်ကြယ်သည်ဖြစ်၍ ဣသရေလလူတို့ မပေါ်မထွန်းမီနှစ်ပေါင်းငါးရာ၊ ခြောက်ရာအထက်က ၎င်းတို့ကို မစင်ကြယ်သော တိရစ္ဆာန်ဟူ၍ ခေါ်တတ်ကြသည်။ (က၊ ၇း၂။ ၈း၂၀။)
၁၂။ ရှင်ဘုရင်ပေးသောအစားအသောက်ကို ဒံယေလအဘယ်ကြောင့် ငြင်းပယ်သနည်း။
အဖြေ။ ထိုအစာတို့သည် ပကတိအတိုင်းမစင်ကြယ်။ သောက်ဖို့ရန် အလျှင်းမတော်။ ဒံ၊ ၁း၈ကိုကြည်ပါ။
၁၃။ ၎င်းအစားအသောက်နေရာ၌ ဘယ်အစား ဘယ်အသောက်မျိုးကို သူတောင်းသနည်း။
အကျွန်ုပ်တို့စားသောက်စရာဖို့ ဟင်းသီးဟင်းရွက်နှင့် ရေကိုသာ ဆယ်ရက်ပတ်လုံးပေးပါ။ (ဒံ၊ ၁း၁၂။)
၁၄။ ဤအစာမျိုးသည် ပိန်၍အားနည်းစေသလော။
သူတို့မျက်နှာသည် ပွဲတော်မှကြွင်းသောအစာကို စားသောလူပျိုအပေါင်းတို့၏ မျက်နှာထက်အဆင်းလှ၍ ဖွံ့၀လျက်ရှိ၏။ (ဒံ၊ ၁း၁၅၊၁၇။)
၁၅။ ဣသရေလလူတို့သည် အဲဂုတ္တုပြည်၌ ကျွန်ခံနေစဉ် ဘယ်အစာစားကြသနည်း။
အဖြေ။ ထွ၊ ၁၆း၃။ တော၊ ၁၁း၅။
၁၆။ ဘုရားသခင်သည် သူတို့ကို ကျွန်အဖြစ်မှ ကယ်လွှတ်တော်မူသောအခါ ဘယ်အစာမျိုးကို ပေးတော်မူသနည်း။
ကောင်းကင်ဆန်စပါးကို ပေးတော်မူသည်ဖြစ်၍ ထိုသူအပေါင်းတို့သည် ကြီးမြတ်သော လူတို့၏ အစာကို သုံးဆောင်၍။ (ဆာ၊ ၇၈း၂၂-၂၅။ ထွ၊ ၁၆း၄။တော၊ ၁၁း၇-၉။)
၁၇။ သူတို့သည် ထိုအစာနှင့်စိတ်ကျေချမ်းသလော။
အဲဂုတ္တုပြည်၌ အလိုအလျောက်စားရသော ငါးသား၊ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်နီ၊ အဖြူ၊ အရိုင်း အမျိုးမျိုးတို့ကို အောက်မေ့၏။ တော၊ ၁၁း၄၊၅။ ၂၁း၅။
၁၈။ သူတို့လိုသော တိရစ္ဆာန်အသားကိုပေးတော်မူသလော။
သူတို့အပေါ်သို့အမဲသားကို မြေမှုန့်နှင့်အမျှ ပျံတတ်သောငှက်တို့ကို သမုဒ္ဒရာသဲလုံးနှင့်အမျှ မိုးရွာစေလျက်။ (ဆာ၊ ၇၈း ၂၆၊၂၇။တော၊ ၁၁း၃၁။)
၁၉။ စားခြင်းကြောင့် ဘာအကျိုးခံစားရသနည်း။
သူတို့တောင်းသော ဆုကိုပေးတော်မူ၏။ သို့သော်လည်းသူတို့၌ ပိန်ကြုံခြင်းကို သွင်းပေးတော်မူ၏။ (ဆာ၊ ၁၀၆း၁၄၊၁၅။ တော၊ ၁၁း၃၃။)
၂၀။ ဤအရာတို့သည် အဘယ်ကြောင့် သမ္မာကျမ်းစာ၌ ရေးမှတ်ထားသနည်း။
ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေဖြစ်အံ့သောငှာ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလ အဆုံးတွင်ဖြစ်သော ငါတို့ကို ဆုံးမစရာဖို့ ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း။ (၁ကော၊ ၁ဝး၆-၁၁။)
မှတ်ချက်။ အများသောဣသရေလလူတို့သည်ကောင်းကင်ဆန်စပါးကို သုံးဆောင်ခြင်း၌ စိတ်မကျေချမ်းကြ၍ (တော၊ ၂၁း၅) အဲဂုတ္တုပြည်သို့ ပြန်ချင်ကြ၏။ (တော၊ ၁၁း၄၊ ၅၊ ၁၈၊ ၂၀။) မြေကြီးသစ်၌ သတ်ဖြတ်၍ မစားရ။ဟေဗြဲ၊ ၁၁း၉။ ဘုန်းအသရေနှင့် ပြည့်စုံသော နိုင်ငံတော်မှာ မြေအသီးအနှံတို့သည် ကယ်တင်ခြင်းခံရသော သူတို့၏ အစာဖြစ်လိမ့်မည်။ (က၊ ၁း၂၉။ ဟေရှာ၊ ၄း၂။ ၆၅း၂၁။ ယေဇ၊ ၃၆း၂၉၊၃၀။ ဗျာ၊၂၂း၂။ ဟော၊ ၂း၁၈၊၂၁-၂၃။ ယောလ၊ ၃း၁၈။) ထိုကြောင့် ကျွန်ုပ်တို့သည် မြေကြီးသစ်၏ အစာနှင့်ကျေချမ်းလိုလျှင် ယခုကစ၍ ထိုသန့်ရှင်းသောအစာများကို သုံးဆောင်စားသောက်ဖို့ရန် သင့်အပ်ကြသည်မဟုတ်လော။
No comments:
Post a Comment