အခန်း - ၄၄
ဆုတောင်းခြင်း
၁။ ဆုတောင်းရန် ကျွန်ုပ်တို့ကို တိုက်တွင်းနှိုးဆော်သလော။
လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူသည်ကား။ (လု၊ ၁၈း၁။ ၂၁း၃။ ၁၁း၉။ ဟေရှာ၊ ၅၅း၆။ ၆၂း ၆၊၇။)
၂။ ကျွန်ုပ်တို့ဆုတောင်းသောအခါ ဘုရားသခင်နားထောင်တော်မူမည်လော။
ငါမူကား ထာ၀ရဘုရားကိုမျှော်လင့်မည်။ ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကိုနားထောင်တော်မူမည်။ (မိ၊ ၇း၇။ ဟေရှာ၊ ၃ဝး၁၈၊၁၉။ ဆာ၊ ၄း၃။ ၁၇း၆။)
၃။ အဘယ်သူ၏သားကို မွေးဖွားသောအခါမှာ လူတို့သည် ဘုရားသခင်၏နာမတော်ကို အမှီပြု၍ ကိုးကွယ်စပြုသနည်း။
ရှေသသည်လည်းသားကိုရ၍ ဧနုတ်ဟူသောအမည်ဖြင့် မှည့်လေ၏။ ထိုကာလ၌ ထာ၀ရဘုရား၏ နာမတော်ကို အမှီပြု၍ ကိုးကွယ်စပြုကြလေ၏။ (က၊ ၄း၂၆။)
၄။ အဘယ်ကြောင့် ဆုတောင်းကြသနည်း။
တောင်းကြလော့၊ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူသည် လည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏။ သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမကကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကိုသာ၍ ပေးတော်မူမည်မဟုတ်လော။ (မ၊ ၇း၇၊၈၊၁၁။)
၅။ အဘယ်သူ၏နာမတော်ကို အမှီပြု၍ ကျွန်ုပ်တို့သည် ဆုတောင်းပတ္ထနာပြုရမည်နည်း။
သင်တို့သည် ငါ၏နာမကို အမှီပြုလျက် ဆုတောင်းသမျှအတိုင်းငါပြုမည်။ အကြောင်းမူကား ခမည်းတော်သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည် အကြောင်းတည်း။ သင်တို့သည် ငါ၏နာမကို အမှီပြု၍ တစ်စုံတစ်ခုသော ဆုကိုတောင်းလျှင် တောင်းသည်အတိုင်း ငါပြုမည်။ (ယော၊ ၁၄း၁၃၊၁၄။ ၁၅း၁၆။ ၁၆း၂၃၊၂၄။)
၆။ ဘုရားသခင်သည် ဆုတောင်းချက်ကို နားညောင်းဖို့ရန် ဘယ်အရာနှစ်ပါးမုချ ရှိရမည်နည်း။
သင်တို့သည် ငါ၌တည်၍ ငါစကားသည် သင်တို့၌တည်လျှင် သင်တို့သည် တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်။ (ယော၊ ၁၅း၇၊၁၅း၁၆။) ထိုကြောင့်ငါဆိုသည်ကား သင်တို့သည် ဆုကျေးဇူးကို ရမည်ဟုယုံကြည်သော စိတ်နှင့်ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။ (မာ၊ ၁၁း၂၄။ ယာ၊ ၁း၆၊၇။ ၁တိ၊ ၂း၈။)
၇။ အကျွန်ုပ်တို့တောင်းသောအရာများ အဘယ်ကြောင့် မရသနည်း။
ဆုတောင်းလျှင်လည်း လောကစည်းစိမ်ခံစားစရာဖို့ ရှိစေခြင်းငှါ အလွဲတောင်းသောကြောင့် မရကြ။ (ယာ၊ ၄း၃။)
၈။ မတရားသောအမှုကို နှစ်ခြိုက်သောသူတို့၏ ဆုတောင်းပတ္ထနာကို သခင်နားညောင်းတော်မူသလော။
ငါသည် စိတ်နှလုံးထဲမှာ အပြစ်ကို ငဲ့ကွက်လျှင် ဘုရားသခင်သည် နားထောင်တော်မမူ။ (ဆာ၊ ၆၆း၁၈။)
၉။ ဘုရားသခင်ရှေ့တော်၌ လိုအပ်သောအရာများကို ကြပ်ကြပ်တောင်းဖို့ရန် ကျွန်ုပ်တို့ကို အဘယ်သို့ အားပေးနှိုးဆော်သနည်း။
တစ်ဖန်မိန့်တော်မူသည်ကား၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူ၏ အဆွေခင်ပွန်းရှိသည်ဖြစ်၍ သန်းခေါင်အချိန်တွင် ထိုအဆွေခင်ပွန်း၏ အိမ်သို့သွားပြီးလျှင် အဆွေ၊ အကျွန်ုပ်အဆွေခင်ပွန်းတစ်ယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံသို ရောက်ပါပြီ။ သူ့ကိုကျွေးစရာ မရှိသောကြောင့် မုန့်သုံးလုံးချေးနှင့် ပါဟုဆိုသော်၊ အိမ်ရှင်ကလည်း ငါ့ကို မနှောက်ယှက်နှင့်၊ တံခါးပိတ်လျက် ရှိ၏။ ငါသားသမီးတို့သည် ငါနှင့်အိပ်လျက်ရှိကြ၏။ ငါထ၍ သင့်အားမပေးနိုင်ဟု အိမ်ထဲကပြန်ပြောသည့်အရာမှာ၊ ငါဆိုသည်ကား အဆွခင်ပွန်းဖြစ်သည်ကို ထောက်၍ မထမပေးသော်လည်း အားမလျော့ဘဲတောင်း၍ နေသောကြောင့် ထ၍ လိုချင်သမျှကို ပေးလိမ့်မည်။ (လု၊ ၁၁း၅-၈။ ၁၈း၁-၈။ ဟေရှာ၊ ၆၂း၆၊၇။)
၁၀။ သူတစ်ပါးအဖို့ ဆုမတောင်းဘဲနေခြင်းကို အပြစ်ရှိသည်ဟု ရှမွေလထင်သလော။
ငါမူကား၊ သင်တို့အဖို့ ဆုမတောင်းဘဲနေသဖြင့် ထာ၀ရဘုရားကို ပြစ်မှားခြင်းအမှုသည် ငါနှင့် ဝေးပါစေသော။ ကောင်းမွန်ဖြောင့်မတ်သောလမ်းကိုလည်း သင်တို့အား ပြသဦးမည်။ (၁ရာ၊ ၁၂း၂၃။)
၁၁။ ကျွန်ုပ်တို့အား ဆုတောင်းသောသဘောကို အဘယ်သူသာလျှင်ပေးနိုင်သနည်း။
ကျေးဇူးတော်ကို ခံသောသဘော၊ ဆုတောင်းသောသဘောကို ဒါဝိဒ်မင်းမျိုး ယေရုရှလင်မြို့သားတို့ အပေါ်သို့ ငါသွန်းလောင်းသဖြင့်။ (ဇာ၊ ၁၂း၁၀။ ရော၊ ၈း၂၆၊ ၂၇။)
၁၂။ ခရစ်တော်၏ ကျင့်ဆောင်ပြုမူခြင်း၌ ကျွန်ုပ်တို့အဖို့ ဘာဆုတောင်းပတ္ထနာ ပုံပမာပေးထားသနည်း။
နံနက်အချိန်မိုးမလင်းမီး ကိုယ်တော်သည်ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော်မူ၏။ (မာ၊ ၁း၃၅။ လု၊ ၅း၁၆။)
၁၃။ မိမိအပေါ်၌လူများတို့သည် ဒေါသစိတ်နှင့် ယစ်မူသောအခါ ယေရှုဘာလုပ် သနည်း။
ထိုသူများတို့သည် ဒေါသစိတ်နှင့်ယစ်မူး၍ ယေရှုအား အဘယ်သို့ပြုရအံ့နည်းဟု အချင်းချင်းဆွေးနွေးကြ၏။ ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်းခြင်းငှါ တောင်ပေါ်သို့ကြွ၍ ဘုရားသခင်အား ဆုတောင်းလျက် တစ်ညဉ့်လုံးနေတော်မူ၏။ (လု၊ ၆း၁၁၊ ၁၂။)
၁၄။ ယေရှုသည် ဆုတောင်းနေစဉ်တွင် တပည့်တော်တစ်ယောက်က ဘာတောင်း လျှောက်သနည်း။
တစ်ရံရောအခါ ကိုယ်တော်သည် တစ်စုံတစ်ခုသောအရပ်တွင် ဆုတောင်းတော်မူပြီးလျှင် တပည့်တော်တစ်ယောက်က သခင်၊ ဆုတောင်းစေခြင်းငှာ ယောဟန်သည် မိမိတပည့်တို့အား နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား နည်းပေးတော်မူပါဟု လျှောက်သော်။ (လု၊ ၁၁း၁။)
၁၅။ အဘယ်သို့ဆုတောင်းရမည်အကြောင်း ကယ်တင်တော်မူသောအရှင်သည် မိမိတပည့်တော်များကို ဘာသင်ပေးသနည်း။
ကိုယ်တော်ကသင်တို့သည် ဆုတောင်းလျှင် မြွက်ဆိုရမည်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော၊ နိုင်ငံတော်တည်ထောင်ပါစေသော၊ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော၊ အသက်မွေးလောက်သော အစာကို အကျွန်ုပ်တို့အား နေ့ရက်အစဉ်အတိုင်း ပေးသနားတော်မူပါ။ အကျွန်ုပ်တို့ကို ပြစ်မှားသောသူ ရှိသမျှတို့၏အပြစ်ကို အကျွန်ုပ်တို့သည် လွှတ်သောကြောင့် အကျွန်ုပ်တို့၏ အပြစ်များကို လွှတ်တော်မူပါ၊ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသော အမှုအရာမှလည်း ကယ်နုတ်တော်မူပါဟုဆုတောင်းကြလော့ဟု မိန့်တော်မူ၏။ (လု၊ ၁၁း၂-၄။)
၁၆။ ဘာအဖို့ ကျွန်ုပ်တို့ဆုတောင်းအပ်သနည်း။
အဖြေ။ - သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုး။ (ဧ၊ ၃း၁၆။)
- ဆုတောင်းပတ္ထနာပြုသောသဘော။ (ဇာ၊ ၁၂း၁၀။)
- သန့်ရှင်းသောသူအပေါင်းတို့။ (ဧ၊ ၆း၁၈။)
- ဘုရားသခင်၏လူတို့သည် လောကီစည်းစိမ်နှင့်ကင်း လွတ်ခြင်း။ (ယော၊ ၁၇း၁၁၊၁၅၊၁၆)
- တစ်လုံးတစ်၀တည်း ဖြစ်ခြင်း။ (ယော၊ ၁၇း၂၃။)
- ဓမ္မဆရာများဖြင့် အမှုတော်ဆောင်များတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးသက်ရောက်ခြင်း။ (ရော၊ ၁၅း၃၀။ ၂ကော၊ ၁း၁၀၊၁၁။)
- ဘုရားသခင်၏စောင့်မပဲ့ပြင်ခြင်း။ (၁ရာ၊ ၂၃း၂-၄း၁၁၊၁၂။ ၂ရာ၊ ၂း၁၂။)
- အမှုတော်ဆောင်သောသူတို့ကို တိုးပွားခြင်း။ (မ၊ ၉း၃၈။)
- လူများတို့သည် အပြစ်ဒုစရိုက်များကို ထင်ရှားစွာသိခြင်း။ (ယော၊ ၁၆း၇၊၈။)
- ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူအမျိုးမျိုးဖို့။ (၁တိ၊ ၂း၁၊၂။)
- ဘုရားသခင်၏ငြိမ်သက်ခြင်း။ (၁တိ၊ ၂း၁-၃။)
No comments:
Post a Comment