အခန်း - ၄၁
သန့်ရှင်းရာဌာနနှင့် ဝတ်ပြုခြင်း
၁။ လူအားဖြင့် တည်ဆောက်သည့် မြေကြီးနှင့်ဆိုင်သော သန့်ရှင်းရာဌာနသည် အဘယ်ပုံကို ဆောင်၍လုပ်သနည်း။
မောရှေသည် တဲတော်ကို ဆောက်လုပ်အံ့သောအခါ တောင်ပေါ်မှာ
သင့်အားပြခဲ့ပြီးသော ပုံနှင့်ညီလျှော်စွာ အလုံးစုံကို လုပ်ခြင်းငှာသတိပြုရ
မည်ဟု ဗျာဒိတ်တော်ကို ခံရသည်ဖြစ်၍။ (ဟေဗြဲ၊ ၈း၅။)
၂။ မောရှေသည် သန့်ရှင်းဌာနကို မည်သည့်အကြံနှင့်တည်ဆောက်သနည်း။
ငါသည် သင်တို့တွင်ကိန်းဝပ်ရာဖို့ သန့်ရှင်းရာဌာနကိုလုပ်ကြစေ။ (ထွ၊ ၂၅း၈။)
၃။ ဤသန့်ရှင်းရာဌာနကိုတည်ဆောက်ခြင်း၌ ဘုရားသခင်သည် မောရှေအား အဘယ်သို့သတိပေးသနည်း။
တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသော ပုံနှင့်လျော်ညီစွာ လုပ်ခြင်းငှာ သတိပြုရမည်။ (ထွ၊ ၂၅း၄၀။)
မှတ်ချက်။ မြေကြီးသန့်ရှင်းရာဌာနသည် ကောင်းကင်သန့်ရှင်းရာဌာန၏ ပုံ
နှင့်အညီပြုလုပ်သည်။ ဘုရားသခင်သည် မောရှေအား ကောင်းကင်၌ရှိ
မူလအစစ်ဖြစ်သော သန့်ရှင်းရာဌာနကိုပြ၍ ထိုပုံတော်နှင့်အညီ
တည်ဆောက်ရမည်အကြောင်း မိန့်တော်မူသည်။ ထိုကြောင့် မြေကြီး
သန့်ရှင်းရာဌာနနှင့် ၎င်းနှင့်ဆိုင်သော ဝတ်ပြုခြင်းများကို သင်ကြား
လေ့ကျက်ပါလျှင် မူလအစစ်ဖြစ်သော ကောင်းကင်သန့်ရှင်းရာဌာနနှင့်
၎င်းဌာနတွင် ကယ်တင်သော အရှင်၏ယဇ်ပုရောဟိတ်မင်း အလုပ်တော်
အကြောင်းတို့ကို သိနိုင်လိမ့်မည်။
၄။ ဤသန့်ရှင်းရာဌာနတော်၌ အခန်းဘယ်နှစ်ခန်းရှိသနည်း။
အဖြေ။ နှစ်ခန်းရှိသည်။ သန့်ရှင်းသော အခန်းနှင့်အသန့်ရှင်းဆုံးအခန်း
ဖြစ်သည်။ ပထမတဲတော်၊ ဒုတိယတဲတော်ဟူ၍ လည်းခေါ်သည်။
၅။ သန့်ရှင်းရာဌာနတွင်ရှိ တန်ဆာများတို့ကို တစ်ခုစီဖေါ်ပြပါ။
အဖြေ။ ပထမတဲတော်တွင် အလက်ခုနစ်လက်ရှိသော ရွှေမီးခုံတိုင်၊ ရှေ့
တော်မုန့်စားပွဲ၊ နံ့သားပေါင်းရှို့သော ပလ္လင်ရှိ၏။ ဒုတိယတဲတော်တွင်
ပညတ်တော် (၁၀) ပါး ပါရှိသော ပဋိညာဉ် သေတ္တာရှိသည်။ (ထွ၊
၂၅း၁၀-၃၁။ ဟေဗြဲ၊ ၉။)
မှန်သော သန့်ရှင်းရာဌာနနှင့် ၎င်း၏တန်ဆာများ
၆။ ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည် မည်သည့်သန့်ရှင်းရာဌာန၌ ဝတ်ပြုသနည်း။
ထိုသို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ရှိ၏။ ကောင်းကင်ဘုံ၌
တန်ခိုးအာနုဘော်၏။ ပလ္လင်လက်ယာဘက်မှာ ထိုင်နေတော်မူ၏။ လူမ
ဆောက်ဘဲ ထာ၀ရဘုရားဆောက်တော်မူသော တဲတော်စစ်တည်းဟူသော
သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကိုပြုသော သူဖြစ်တော်မူ၏။ (ဟေဗြဲ၊ ၈း၁၊၂။)
၇။ ယေရှုသည် ကောင်းကင်သို့ တက်ကြွတော်မူပြီးသည်နောက် ကောင်းကင်သန့်ရှင်းရာဌာနတွင် ဝတ်ပြု
လျက်နေသည်ကို ယောဟန်သည် ဗျာဒိတ်ရူပါရုံအားဖြင့် မြင်သလော။
ထိုအခါ ပလ္လင်တော်မှစသော သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့
အလယ်၌ အသေသတ်ပြီးသကဲ့သို့ သော သိုးသငယ်သည် ရပ်လျက်ရှိ
သည်ကိုငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီးတစ်ပြင်းလုံး၌လွှတ်သော
ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိနစ်လုံးနှင့် ချိုခုနစ်
ချောင်းရှိ၏။ (ဗျာ၊ ၅း၆။ ၄း၂။ ၁း၁၂၊ ၁၃။)
၈။ မြေကြီးသန့်ရှင်းရာဌာနတွင်ရှိသော အလက်ခုနစ်လက်ရှိ ရွှေမီးစုံတိုင်နေရာ၌ ကောင်းကင်သန့်ရှင်းရာဌာနတွင် ယောဟန်သည် ဘာမြင်သနည်း။
ပလ္လင်တော်ထဲကလျှပ်စစ်ပြက်၏။ စကားပြောသံ၊ မိုးကြိုးသံလည်း
မြည်၏။ ပလ္လင်တော်ရှေ့၌ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်း ဟူသော
မီးခွက်ခုနစ်လုံးတို့သည် ထွန်းလျက်ရှိကြ၏။ (ဗျာ၊ ၄း၅။)
၉။ မြေကြီးသန့်ရှင်းရာဌာနတွင်ရှိ နံ့သားပေါင်းမီးရှိ့ရာပလ္လင်နေရာ၌
ကောင်းကင်သန့်ရှင်းရာဌာနတွင် ဘာရှိသနည်း။
ကောင်းကင်တမန်တစ်ပါးသည်လာ၍ ရွှေလင်းပန်းကို ကိုင်လျက်
ယဇ်ပလ္လင်နားမှာ ရပ်နေ၏။ ပလ္လင်တော်ရှေ့၌ ရှိသော ရွှေယဇ်ပလ္လင်ပေါ်
မှာ သန့်ရှင်းသူအပေါင်းတို့၏ ပတ္ထနာနှင့်အတူ ဆက်ကပ်ခြင်းငှာ မီးရှို့သော
နံ့သာပေါင်းအများကို ထိုသူ၌ပေး၏။ (ဗျာ၊ ၈း၃။)
၁၀။ မြေကြီးသန့်ရှင်းရာဌာနတွင်ရှိသော ပဋိညာဉ်သေတ္တာတော်၏ နမူနာကြီးကို ဘယ်မှာမြင်ရသနည်း။
တစ်ဖန် ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကိုဖွင့်ထား၍
ဗိမာန်တော်ထဲမှာ ပဋိညာဉ်သေတ္တာတော် ထင်ရှားလေ၏။ (ဗျာ၊၁၁း၁၉။)
၁၁။ ပဋိညာဉ်သေတ္တာတော်တွင် မည်သည့်အရာကို ထည့်ထားသနည်း။
ငါသည်လည်း အကာရှသစ်သားဖြင့် သေတ္တာကိုလုပ်၍ အလျင်
ကျောက်ပြားနည်းတူ ကျောက်ပြားနှစ်ပြားကိုခုတ်ပြီးမှ . . .သင်တို့
စည်းဝေးသောနေ့၌ ထာ၀ရဘုရားသည် တောင်ပေါ်မှာမီးထဲက မိန့်မြွက်
တော်မူသော ပညတ်တော်ဆယ်ပါးတို့ကို အလျင်စာ၌လာသည်အတိုင်း
ထာ၀ရဘုရားသည်ရေးထား၍ငါ့အားပေးတော်မူ၏။ ငါ့သည်လည်း
လှည့်၍ တောင်ပေါ်က ဆင်းသဖြင့် လုပ်ပြီးသော သေတ္တာထဲ၌ ထို
ကျောက်ထဲ၌ ယခုရှိ၏။ (တရား၊ ၁ဝး၃-၅။)
မှတ်ချက်။ ကောင်းကင်သန့်ရှင်းရာဌာနတော်တွင်ရှိသော (ပညတ်တော်)
၁၀ပါးကို ဘုရားသခင်သည် မိမိကိုယ်တော်တိုင် ရေးကူး၍ မြေကြီးသား
တို့သည် ထိုပညတ်တော် ၁၀ ပါးကိုစောင့်ရှောက်ရသည်။ ဤပညတ်
တော်သည် ရွှေပညတ်ဖြစ်၍ စကြ၀ဠာအပေါင်းတို့ကို အုပ်ချုပ်တော်မူ
သော ဘုရင်၏ပညတ်တော်ဖြစ်သဖြင့် နောက်ဆုံးတရားစီရင်သော နေ့
ကြီး၌ ကျွန်ုပ်တို့အပြော အဆိုအပြုအကျင့်တို့ကို ထိုပညတ်တရားတော်
နှင့်စစ်ကြောစီရင်မည်။ ထိုပညတ်တော်အလယ်တွင် ထာ၀ရဘုရား၏
ဥပုသ်သည် ပါရှိလေသည်။ (ယာ၊ ၂း၈-၁၃။)
၁၂။ မြေကြီးသန့်ရှင်းရာဌာန၌ ယဇ်ပုရောဟိတ်၏ ဝတ်ပြုခြင်းသည် ဘာပုံပမာကို ပြသနည်း။
ပညတ်တရားအတိုင်း ပူဇော်သကာကို ဆက်ကပ်သော
ယဇ်ပုရောဟိတ်များ ရှိကြသည်ဖြစ်၍ ထိုသခင်သည် မြေကြီးပေါ်မှာ ရှိနေ
လျှင် ယဇ်ပုရောဟိတ်မလုပ်ရ။ မောရှေသည်တဲတော်ကို ဆောက်လုပ်အံ့
သောအခါတောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသော ပုံနှင့်ညီလျော်စွာအလုံးစုံ
တို့ကို လုပ်ခြင်းငှာ သတိပြုရမည်ဟု ဖေါ်ပြချက်ကိုခံရသည်ဖြစ်၍ ထို
ယဇ်ပုရောဟိတ်တို့သည် ကောင်းကင်အရာတို့၏ ပုံပမာအရိပ်နှင့်သာ ဆိုင်
လျက် ဝတ်ကိုပြုနေကြ၏။ (ဟေဗြဲ၊ ၈း၄၊၅။)
ပထမတဲတော်၌ နေ့စဉ်ဝတ်ပြုခြင်း၊ အပြစ်ကိုဝန်ချ၍ ၎င်းအပြစ်ကို
သန့်ရှင်းရာဌာနထဲသို့သွင်းခြင်း
၁၃။ မြေကြီးသန့်ရှင်းရာဌာန ပထမတဲတော်၌ ဘာကို ဝတ်ပြုသနည်း။
အဖြေ။ ပထမတဲတော်တွင် တစ်ရက်မှတစ်ပါး တစ်နှစ်လုံးဝတ်ပြုသည်။
အဘယ်သို့ ဝတ်ပြုသနည်းဆိုသော် လူတစ်ယောက်သည် မိမိအပြစ်ကို
ဝန်ချသောအခါ တဲတော်တံခါးတွင်းရှိ ယဇ်ပုရောဟိတ်ထံသို့ ယဇ်ကောင်
ကို ယူဆောင်ခဲ့သည်။ ထိုနောက်အပြစ်ကို မိမိကိုယ်မှ ယဇ်ကောင်ပေါ်သို့
တင်ထားခြင်းကို ပြဖို့ရန် မိမိလက်ကို ယဇ်ကောင်၏ခေါင်းပေါ်သို့ တင်ပြီး
လျှင် အပြစ်များကို ယဇ်ပုရောဟိတ်အား ဝန်ချရမည်။ ဤနည်းအားဖြင့်
အပြစ်ကို လူမှရွှေ့ပြောင်း၍ ၎င်းယဇ်ကောင်ကိုသတ်လေ၏။
ယဇ်ပုရောဟိတ်သည် ယဇ်ကောင်၏ အသက်ဖြစ်သော အသွေးကို
သန့်ရှင်းရာဌာနထဲသို့ ယူဆောင်သွားပြီလျှင် ဘုရားသခင်ရှေ့တော်တွင်
ဖျန်းလေ၏။ ဤကဲ့သို့ ပြုလုပ်ခြင်းဖြင့် ဘုရားသခင်၏ပညတ်တော်ကို
လွန်ကျူးသော သူ၏အသက်အစား အပြစ်မပါသော ယဇ်ကောင်၏
အသက်ကို ပူဇော်ခြင်းသည် ပြစ်မှားသူ၏အပြစ်ကို ဘုရားသခင်၏
သန့်ရှင်းရာဌာနတော်ထဲသို့ သွင်းထားခြင်းဖြစ်သည်။ ဤကဲ့သို့ ဣသရေ
လ လူအပေါင်းတို့ တစ်နှစ်လုံးဝန်ချပြီးသော အပြစ်များတို့သည်
နေ့စဉ်ဝတ်ပြုခြင်းအားဖြင့် စုပုံလျက်ရှိနေလေသည်။ ဝတ်၊ ၄း၁၄ နှင့် ၎င်း
ပြင်တူသော ကျမ်းချက်များကိုကြည့်ပါ။
၁၄။ ဤတိရစ္ဆာန်များတို့၏ အသွေးသည် အပြစ်ကိုဧကန်အမှန် ပယ်နိုင်သလော။
ပညတ်တရားသည် နောက်ဖြစ်လတ္တံ့သော မင်္ဂလာအကျိုးတို့၏
သေချာသောပုံသဏ္ဌာန်ကိုမပြ၊ အရိပ်ကို သာပြသည်ဖြစ်၍ နှစ်စဉ်မပြတ်
ပူဇော်သောယဇ်အားဖြင့် အထံတော်သို့ချဉ်းကပ်သော သူတို့ကိုစုံလင်ခြင်း
အဖြစ်၌မတည်စေနိုင်ရာ။. . . . အကြောင်မူကား ၊ နွား၊ ဆိတ်၏အသွေး
သည့် အပြစ်ကိုမပယ်နိုင်ရာ။ (ဟေဗြဲ၊ ၁ဝး၁-၄)
၁၅။ ဤယဇ်ပူဇော်ခြင်းတရားတို့သည်ဘယ်အကြံနှင့်ထားသနည်း။
ထိုတဲတော်ကား၊ ပူဇော်သကာနှင့်ယဇ်များကို ပူဇော်သောကာလ
တည်းဟူသော မျက်မှောက်ကာလပတ်လုံး ပုံပမာဖြစ်၏။ ထိုပူဇော်သကာ
နှင့် ယဇ်မျာတို့သည် ကိုယ်ကိုကိုယ်သိသော စိတ်ကိုထောက်လျှင်လည်း
ဝတ်ပြုသော သူအားစုံလင်ခြင်း အကျိုးကို ပေးနိုင်သည်ဖြစ်၍. . . .ယခုမှာ
လူလက်ဖြင့်မလုပ်၊ ဤလောကဓါတ်နှင့် မစပ်ဆိုင်၊ သာ၍ ကြီးမြတ်စုံလင်
သော တဲတော်၌ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်
သော ခရစ်တော်သည် ငါတို့အဖို့ထာ၀ရရွေးနုတ်ခြင်းကျေးဇူးကို ခံရ၍
ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့်
သန့်ရှင်းဌာနထဲသို့ တစ်ခါတည်းဝင်တော်မူ၏။ (ဟေဗြဲ၊ ၉း၉-၁၂။)
ဒုတိယတဲတော်၌ နှစ်စဉ်ဝတ်ပြုခြင်း၊ မိတ်သဟာယ
ဖွဲ့သောနေ့နှင့် အပြစ်ဖြေခြင်း
၁၆။ ဒုတိယတဲတော်၌ ယဇ်ပုရောဟိတ်မင်းသည် တစ်နှစ်လျှင် ဘယ်နှစ်ခါ သတ်ပြုသနည်း။
ဒုတိယတဲတော်၌ယဇ်ပုရောဟိတ်မင်း တစ်ပါးတည်းသာ မိမိအပြစ်
ကြောင့် လည်းကောင်း၊ လူအများအပြစ်ကြောင့်လည်းကောင်း ပူဇော်
သောအသွေးကိုဆောင်၍ တစ်နှစ်လျှင်တစ်ခါတည်းသာ ဝင်ရ၏။ (ဟေဗြဲ၊
၉း၇။)
၁၇။ ဤဝတ်ပြုခြင်းသည် ဘယ်နေ့၌ကျရောက်သနည်း။
သတ္တမလ၊ ဒဿမနေ့သည်လည်းအပြစ်ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်း
ကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံစွာကျင့်ရမည်။ (ဝတ်၊ ၂၃း၂၇-၃၂။)
၁၈။ ယဇ်ပုရောဟိတ်မင်းသည် မိမိအတွက်ယဇ်ကောင်ကိုပူဇော်ပြီးမှ ဆိတ်သငယ်နှစ်ကောင်ကို ဘာလုပ်သနည်း။
ဆိတ်နှစ်ကောင်ကိုလည်းယူ၍ ပရိသတ်စည်းဝေးရာ တဲတော်တံခါး
နား ထာ၀ရဘုရားရှေ့တော်၌ ဆက်ရမည်။ အာရုန်သည် ထိုဆိတ်နှစ်
ကောင်ကို ထာ၀ရဘုရားအဖို့စာရေးတံတစ်တံ၊ လွတ်လပ်လဟာအဖို့တစ်
တံ၊ စာရေးတံနှစ်တံချ၍။ (ဝတ်၊ ၁၆း၇၊၈။)
၁၉။ ထာ၀ရဘုရားအဖို့ စာရေးတံကျသော ဆိတ်သည် ဘယ်သူ့ကို ပုံဆောင်သနည်း။
အဖြေ။ ခရစ်တော်ကို ပုံဆောင်သည်။ (ဟေဗြဲ ၉း၂၃-၂၆။)
၂၀။ လွတ်လပ်လဟာအဖို့ဆိတ်သည် အဘယ်သူကိုပုံဆောင်သနည်း။
အဖြေ။ စာတန်မာရ်နတ်ကို ပုံဆောင်သည်။ (ဝတ်၊ ၁၆း၈။)
မှတ်ချက်။ လွတ်လပ်လဟာဆိုသောဟေဗြဲစကားအတိုင်း အာဇာဇ်လ်ဖြစ်၍ စာတန်ဟုခေါ်သည်။
(က) ထာ၀ရဘုရားအဖို့ စာရေးတံကျသောဆိတ်သည် အပြစ်ရှိသော သူ
နှင့်တစ်ကမ္ဘာလုံးကို စုံလင်စွာ ကယ်တင်၍ ရွေးနုတ်ဖို့ရန် ပုံပမာဖြစ်
သဖြင့် ၎င်းပုံပမာ၌ပြည့်စုံ၊ စုံလင်လျက်ရှိသည်။ အပြစ်အတွက်နောင်တရ
သောသူသည် ဤတိရစ္ဆာန်၏ ပုံပမာဖြစ်သော မိမိကိုယ်စားကို မြင်
သောအခါ အပြစ်ဖြေလွှတ်သည်။ အပြစ်ပြုသော သူ၏အလိုကို
ပြီးမြောက်စေခြင်းငှာ အပြစ်ဖြေရာယဇ်သည် လုံလောက်ပေသည်။
(ခ) "အသွေးမသွန်းလောင်းဘဲ အပြစ်ဖြေလွှတ်ခြင်းမရှိ" (ဟေဗြဲ၊၉း၂၂။
ဝတ် ၊၁၆း၁၅။) ထာ၀ရဘုရား၏ ဆိတ်၌ရှိသည့် မှန်သောတန်ခိုးသည်
အသွေးသွန်းလောင်ခြင်းနှင့် ဖျန်းခြင်းဖြစ်သည်။ ယဇ်ကောင်၏
အသက်ဖြစ်သောအသွေးသည် အပြစ်ဖြေရာပူဇော်သကာဖြစ်၏။ (ဝတ်၊
၁၇း၁၁။) အာဇာဇ်လ်ဖို့ ၊ ယဇ်ကောင်၏ အသွေးသွန်းလောင်းခြင်း အသွေး
ဖျန်းခြင်းတစ်စုံတစ်ရာမရှိ ထိုယဇ်ကောင်းဖြစ်သော ဆိတ်ကိုတော်လျော်
သော လူအားဖြင့် တောသို့စေလွှတ်လေသည်။ (ဝတ်၊ ၁၆း၂၁၊၂၂။) ၎င်း
ဆိတ်ကို တောင်စောက် ပေါ်မှအောက်သို့ ချပစ်လိုက်သည်ဟု ယုဒဆရာ
များ ပြောဆိုကြသည်။
(ဂ) စုံလင်သော မိတ်သဟာယဖွဲ့ခြင်းဆိုသော်လည်း စကြ၀ဠာ၌ အပြစ်မ
ဝင်မီရှိသော ညီညွတ်ခြင်း၊ တစ်လုံးတစ်၀တည်းဖြစ်ခြင်းတို့ကို ပြန်ရ
သောအခါကိုဆိုသည် စကြ၀ဠာတွင် ပုန်ကန်ခြင်းရှိသည် ကာလ ပတ်လုံး
ညီညွတ်ခြင်းမရှိနိုင်။ မိတ်သဟာယဖွဲ့ခြင်းအမှုသည် အကုန်အစင်
ထမြောက်ခြင်းသို့ မရောက်နိုင်။ မိတ်သဟာယဖွဲ့ဖို့ရန် ပူဇော်သော ယဇ်
ကောင်သည် လက်ဝါးကပ်တိုင်ပေါ်၌ စုံလင်သည်။ သာ၍စုံလင်းခြင်းငှာ၊
အခြားတစ်စုံတစ်ခုသော ယဇ်ကောင်မရှိ၊ လိုလည်းမလို။ သို့သော်
လက်ဝါးကပ်တိုင်ပေါ်မှာ ယဇ်ပူဇော်ခြင်းအားဖြင့် တတ်နိုင်စေသော
ညီညွတ်စေခြင်း အလုပ်သည် မိမိကိုယ်တိုင်ဖို့ခံယူသော ယုံကြည်သူ၏
အပြုအကျင့်၌ ထင်ရှားစေရမည်။ မခံမယူသော သူတို့မှာ ယေရှုသည်
လက်ဝါးကပ်တိုင်ပေါ်၌ မိတ်သဟာယဖွဲ့ သကဲ့သို့ဖြစ်၍ မိမိအပြစ်
အတွက် ပျက်စီးခြင်းခံရမည်။ အပြစ်ဒုစရိုက်နှင့် မညီညွတ်ခြင်းတို့ကို
စကြ၀ဠာမှ ထာ၀ရပယ်ရှင်းခြင်းသည် မိတ်သဟာယပြုလုပ်ခြင်း၌ ပါဝင်
သည်။ ထိုကြောင့်ဝန်ချသော အပြစ်များ၊ အပြစ်ကို ဖြစ်စေသော စာတန်
မာရ်နတ် ၎င်းပြင်နောင်တမရသော သူတို့ကို မီးအိုင်ထဲ၌ ဖျက်ဆီး
သောအခါ မိတ်သဟာယပွဲတော်သည် ပြည့်စုံ၊ စုံလင်ခြင်းသို့ ရောက်
လိမ့်မည်။
၂၁။ ထာ၀ရဘုရားအဖို့ စာရေးတံကျသော ဆိတ်ကို ဘာလုပ်သနည်း။
ထာ၀ရဘုရားအဖို့ စာရေးတံကျသောဆိတ်ကို ဆောင်ခဲ့၍ အပြစ်ဖြေရာယဇ်ဖို့ ပူဇော်ရမည်။ (ဝတ်၊ ၁၆း၉-၁၈။)
၂၂။ ဤကဲ့သို့အသွေးကို ဖျန်ခြင်းအားဖြင့် ဘယ်အရာသည် အထမြောက်သနည်း။
ယဇ်ပလ္လင်အပေါ်၌လည်း ထိုအသွေးကိုလက်ညှိုးနှင့် ခုနစ်ကြိမ်တိုင်အောင်ဖျန်း၍ ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သောအပြစ်မှာ စင်ကြယ်သန့်ရှင်းစေရမည်။ (ဝတ်၊ ၁၆း၁၉။)
၂၃။ ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာဌာနနှင့် တန်ဆာများတို့ကို စင်ကြယ်သန့်ရှင်းစေပြီးသည်နောက် အသက်ရှင်လျက်ရှိသော ဆိတ်ကို ဘာလုပ်သနည်း။
အဖြေ။ ဝတ်၊ ၁၆း၂၀-၂၂။
မှတ်ချက်။ သန့်ရှင်းရာဌာန၌ ဣသရေလလူတို့၏ အပြစ်များသည် တစ်
နှစ်ပတ်လုံးစုပုံလျက်ရှိ၍ တစ်နှစ်ကုန်သောအခါ ဤသီးသန့်ထားသော
ဝတ်ပြုခြင်းအားဖြင့် အပြစ်များတို့ကို သန့်ရှင်းရာဌာနထဲမှယူ၍ ထို
ဆိတ်(အပြစ်ကို ဖြစ်စေသော စတန်မာရ်နတ်) ပေါ်သို့ တင်ပြီးလျှင် ၎င်း
အပြစ်များတင်ထားသော ၎င်းဆိတ်ကို ထာ၀ရချေဖျက်ခြင်းထဲသို့ ယူဆောင်သွားလေ၏။
၂၄။ ကောင်းကင်သန့်ရှင်းရာဌာနသည် စင်ကြယ်သန့်ရှင်းမည်လော။
ထိုကြောင့်၊ ကောင်းကင်ဘုံ၌ရှိသော အရာတို့၏ ပုံများကို (မြေကြီး
သန့်ရှင်းရာဌာန) ထိုသို့သော ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရသည်
(တိရစ္ဆာန်အသွေးနှင့်) ဖြစ်၍ ကောင်းကင်အရာတို့ကိုသာ၍ မြတ်သော
ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။ (ဟေဗြဲ၊ ၉း၂၃။)
၂၅။ ကောင်းကင်သန့်ရှင်းရာဌာနသည် အဘယ်အရာမှ စင်ကြယ်သန့်ရှင်းရမည်နည်း။
အဖြေ။ သခင်ယေရှုကို ယုံကြည်သော သူတို့သည် နောင်တရ၍ဝန်ချသောအားဖြင့် တင်ကူးပို့ထားသော အပြစ်တို့မှ စင်ကြယ်သန့်ရှင်း ရမည်။ (တ၊ ၃း၂၀။ ၁ယော၊ ၁း၉။ ၁တိ၊၅း၂၄။)
No comments:
Post a Comment